နတ်ဆိုးသားရဲတစ်ဝက်တစ်ပျက်အရှင်သခင်
Vol. 52 Ch. 709
"ဘာလို့ ငါက ကူညီသင့်တာလဲ"လီဖူချန်းက မေးလိုက်တယ်။
ချူချင်းယန်က ပြောလိုက်တယ်"တကယ်တော့ မင်းက ငါ့ကို ကူညီယုံတင်မကဘူး၊မင်းကိုယ်မင်းလည်း ကူညီတာပါပဲ။တစ်သက်လုံး မင်းက မင်းရဲ့ဧကရာဇ်တိုက်ကြီးမှာပဲ နေမယ်ဆိုရင် မင်းက သူတော်စင်နယ်ပယ်ကို ရောက်လိမ့်မယ်လို့ မင်းထင်လား"
မသေချာဘူး"လီဖူချန်းက ပြန်ဖြေလိုက်တယ်။
အချက်ကျကျပြောရရင်တော့ လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာပဲ နေမယ်ဆိုရင်တောင် သူက သူတော်စင်နယ်ပယ်ကို ရောက်ရှိဖို့အတွက် ယုံကြည်ချက်ရှိပါတယ်။ဒါပေမယ့် သူက အချိန်အများကြီး လိုအပ်မယ်လို့တော့ တွက်ဆထားပါတယ်။
ချူချင်းယန်က ခေါင်းခါလိုက်တယ်"မသေချာဘူးဆိုတာက အခြေခံအားဖြင့် မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ။အဆင့်မြင့်တိုက်ကြီးတစ်ခုမှာဆိုရင် သူတော်စင်နယ်ပယ်ကို ခြေချနိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။အံ့အားသင့်ဖွယ်ကောင်းတဲ့အရည်အချင်းတွေအများကြီးရှိတဲ့ ပါရမီရှင်ကလေးတွေကသာ ပြုလုပ်နိုင်လိမ့်မယ်။အလယ်အလတ်အဆင့်တိုက်ကြီးတွေမှာဆိုရင် ကြယ်ကိုးပွင့်အရိုးတည်ဆောက်ပုံရှိသူတွေတောင်မှ သူတော်စင်နယ်ပယ်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး။သူတို့အားလုံးက အသက်တစ်ဖြည်းဖြည်းကြီးပြီး နောက်ဆုံးတော့ သေဆုံးသွားရမှာပါပဲ"
လီဖူချန်းက ဘာမှမပြောဘဲ ဆက်ကာ နားထောင်နေလိုက်တယ်။
"ငါက ဓားဧကရာဇ်ကို ဘာမှ မဖုံးကွယ်ချင်ပါဘူး၊တကယ်တော့ ငါက ဧကရာဇ်ကောင်းကင်တိုက်ကြီးက မဟုတ်ဘူး၊အဆင့်မြင့်တိုက်ကြီးဖြစ်တဲ့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကပဲ။အထူးအကြောင်းပြချက်တွေကြောင့် လွန်ခဲ့တဲ့နှစ်အများကြီးကတည်းက ငါက ဧကရာဇ်ကောင်းကင်တိုက်ကြီးကို ရောက်ရှိခဲ့ရတာပဲ။နှစ်ပေါင်းများစွာကြာပြီးနောက် ငါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ပြန်သွားဖို့ နည်းလမ်းကို ရှာဖွေနေခဲ့တယ်။ရှေးဟောင်းကျမ်းစာတွေကနေ ကျိန်စာဘုရားကျောင်းက သူတော်စင်စိတ်ဝိညာဉ်တိုက်နဲ့ ချိတ်ဆက်နေတာကို ငါက တွေ့ရှိခဲ့တယ်။ဒါကြောင့် ဓားဧကရာဇ်က ငါနဲ့အတူ ကျိန်စာဘုရားကျောင်းကို ဝင်ရောက်လိမ့်လို့ ငါ မျှော်လင့်တယ်"ချူချင်းယန်က တက်ကြွစွာ ပြောလိုက်လေတယ်။
လီဖူချန်းက တုံ့ပြန်လိုက်တယ်"အလယ်အဆင့်တိုက်တစ်ခုက အဆင့်မြင့်တိုက်တစ်ခုနဲ့ ပို့ဆောင်ရေးအခင်းအကျင်းကို မချိတ်ဆက်နိုင်ဘူးမလား"
ချူချင်းယန်က ပြောလိုက်တယ်"တိုက်ကြီးစွမ်းအားရဲ့ပိတ်ဆို့တားဆီးမှုအရ ပို့ဆောင်ရေးအခင်းအကျင်းကို တည်ဆောက်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ဒါပေမယ့် ဒါက ကျိန်စာဘုရားကျောင်းအတွက်ဆိုရင်တော့ ခြားနားတယ်။ဒဏ္ဍာရီအရ ဒါက ကျိန်စာကောင်းကင်ဘုရားသခင်ရဲ့ဘုရားကျောင်းပဲ။ကျိန်စာကောင်းကင်ဘုရားရဲ့ချီနဲ့ ရင်ဆိုင်သွားရမယ်ဆိုရင် အဆင့်မြင့်တိုက်ကြီးစွမ်းအားတစ်ခုကတောင် ယာယီအားဖြင့် ဆုတ်ခွာရလိမ့်မယ်"
"ဆိုလိုတာက တစ်စုံတစ်ယောက်က စွမ်းအားအလုံအလောက်ရှိရင် ဒါတွေအားလုံးက ပြဿနာမဟုတ်ဘူးပေါ့"လီဖူချန်းက မှတ်ချက်ချလိုက်မိတယ်။
"ဒါပေါ့။မင်းသာ စွမ်းအားအလုံအလောက်ရှိရင် မဖြစ်နိုင်ဘူးဆိုတာတွေက ဖြစ်နိုင်လာလိမ့်မယ်"ချူချင်းယန်က ပြန်ဖြေလိုက်တယ်။
လီဖူချန်းက အကြောင်းပြန်ဖို့ အလျင်စလို မဖြစ်နေပါဘူး"အရင် စဉ်းစားခွင့်ပြုပါအုံး"
သဘာဝအားဖြင့် လီဖူချန်းက အဆင့်မြင့်တိုက်တစ်ခုကို သွားချင်ပေမယ့် သူက ကျိန်စာဘုရားကျောင်းကိုတော့ အသုံးမပြုလိုပါဘူး။
"ကောင်းပြီလေ"ချုချင်းယန်က ခေါင်းညိတ်လိုက်ပါတယ်။
ပြီးနောက် လီဖူချန်းက ထိုအကြောင်းအားလုံးကို ရန်ချင်းဟူကို ပြောပြလိုက်တယ်။
ရန်ချင်းဟူက ပြောလိုက်တယ်"ကျိန်စာကောင်းကင်ဘုရားက နက်ပြာရောင်နယ်မြေတစ်ခုလုံးရဲ့ ဒဏ္ဍာရီပုဂ္ဂိုလ်တစ်ယောက်ပဲ။ဘုရားကျောင်းကသာ ကျန်စာကောင်းကင်ဘုရားသခင်ကို အမှန်တကယ် ပိုင်ဆိုင်တယ်ဆိုရင် သူတော်စင်စိတ်ဝိညာဉ်တိုက်ကို ချိတ်ဆက်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်"
ထိုအချိန်မှာ ဓားဝိညာဉ်က ပြောလိုက်တယ်"ကျိန်စာကောင်းကင်ဘုရားသခင်က ထူးခြားတဲ့ပုံရိပ်တစ်ခုပဲ။နက်ပြာရောင်ကိုထား၊စကြာဝဠာတစ်ခုလုံးမှာတောင် သူက ဘုရားအဆင့်တည်ရှိမှုတစ်ခုပဲ။သူ့ရဲ့ကျိန်စာခန္ဓာကိုယ်က သူ့ကို ထာဝရရှင်သန်စေဖို့ ခွင့်ပြုတယ်လို့ ပြောကြတယ်။ဒါက မှန်လားမှားလားဆိုတာကတော့ မသေချာဘူး"
"ဒါဆိုရင် ကောင်းကင်အဆင့်မြင့်ဓားရဲ့အရင်ပိုင်ရှင် ဒါမှမဟုတ် သူတော်စင်ကျောက်တိုင်ရဲ့ပိုင်ရှင်တို့နဲ့ နှိုင်းယှဉ်မယ်ဆိုရင်ရော ဘယ်လိုလဲ"လီဖူချန်းက မေးလိုက်တယ်။
ဓားဝိညာဉ်က ပြန်ဖြေလိုက်တယ်"သူတို့က အဆင့်တူညီတဲ့တည်ရှိမှုတွေပါပဲ။အသက်ရှင်သန်နိုင်မှုအရဆိုရင်တော့ ကျိန်စာကောင်းကင်ဘုရားသခင်က တိတိကျကျ ပိုသန်မာတာပေါ့။အနည်းဆုံးတော့ သူက အသက်ရှင်နေသေးတယ်လေ"
လီဖူချန်းက လက်ခံလိုက်ပါတယ်။အသက်ရှင်သန်ခြင်းက အရာအားလုံးထက် ပိုအရေးကြီးတယ်ဆိုတာ အမှန်ပဲလေ။
ပန်းပေါင်းစုံပွဲတော်က ပြီးခါနီးနေပါပြီး။ထိုအချိန်အတောအတွင်းမှာ ချူချင်းယန်က လူတော်တော်များများနဲ့ ဆက်သွယ်ပြီးပြီဆိုတာကို လီဖူချန်းက ခံစားမိပါတယ်။
ဒါကို ကြည့်ရရင်တော့ သူတို့နှစ်ယောက်ထဲနဲ့ဆိုရင် အာမခံချက်တစ်ခုမရှိလောက်ဘူးလို့ ချူချင်းယန်က ခံစားမိပုံပေါ်ရတယ်။ဒါကြောင့် သူမက ကျိန်စာဘုရားကျောင်းကို ဝင်ဖို့ နောက်ထပ်လူအများကြီးကို ဖိတ်ခေါ်နေတာပေါ့။
ဒါပေမယ့်လည်း ဘယ်သူတွေကများ ဝင်ရောက်ရဲလဲဆိုတာကတော့ မသိသေးပါဘူးလေ။
ခဏကြာပြီးနောက် ပန်းပေါင်းစုံပွဲတော်က ပြီးဆုံးသွားပါတော့တယ်။ပွဲတော်ပြီးဆုံးကြောင်း မကြေငြာခင်၊လူတိုင်းက မထွက်သွားခင် ချူချင်းယန်က ထရပ်ပြီး လုပ်ရုံးလုပ်စဉ်စကားတွေကို ပြောလိုက်ပါတော့တယ်။
သက်တံ့ဥယျာဉ်က ထွက်လာပြီးနောက် ဧည့်သည်တော်တော်များများက ချက်ချင်း မထွက်ခွာသွားကြသေးပါဘူး။အဲအစား သူတို့က လေထဲမှာ ရပ်နေလေရဲ့။ကောင်းကင်တံပိုးဧကရာဇ်က ဓားဧကရာဇ်ကို ခွင့်လွှတ်ပေးလိမ့်မယ်လို့တော့ သူတို့က မယုံကြည့်ထားဘူးလေ။
ကောင်းကင်တံပိုးဧကရာဇ်ရဲ့စရိက်အရဆိုရင် သူ့ရဲ့မကျေနပ်ချက်တွေကို နေ့ချင်းညချင်း မေ့ပျောက်ပစ်တယ်ဆိုတာ့ ဘယ်တော့မှ မရှိဘူးလေ။
ဓားဧကရာဇ်ကလည်း ကောင်းကင်တံပိုးဧကရာဇ်နဲ့ ငြိမ်းချမ်းရေးရယူဖို့ မရှိလောက်ဘူးဆိုတာ သိသာပါတယ်။ဒါကြောင့် တိုက်ပွဲတစ်ခုကတော့ မလွဲဧကန် ဖြစ်လာမှာပါ။
မကြာမီမှာတော့ ကောင်းကင်တံပိုးဧကရာဇ်နဲ့လီဖူချန်းတို့က သကံဥယျာဉ်မှ ထွက်လာပါတော့တယ်။
""ဓားဧကရာဇ်၊မင်းရဲ့အသက်ကို တစ်ခဏလောက်တော့ ထိန်းသိမ်းထားနိုင်မယ်လို့ ငါ ပြောခဲ့တယ်မလား။အခု ငါအနေနဲ့ အဲဒါကို ရိပ်သိမ်းဖို့ အချိန်ပဲ"
ကောင်းကငိတံပိုးဧကရာဇ်က ရက်ရက်စက်စက် ရယ်မောလိုက်ပါတော့တယ်။တစ်စုံတစ်ယောက်က သူ့ရဲ့ကျွန်ကို အလစ်သုတ်သွားကို သည်းခံတယ်ဆိုရင် အဲဒါက ကောင်းကင်တံပိုးဧကရာဇ် မဟုတ်ဘူးလေ။
လီဖူချန်းမှာ ကောင်းကင်အဆင့်အဆင့်မြင့်လက်နက်တစ်ခုရှိတယ်ဆိုရင်တောင် လီဖူချန်းက သူ့ကို တစ်ခုခုလုပ်နိုင်လိမ့်မယ်လို့ ကောင်းကင်တံပိုးဧကရာဇ်က မယုံကြည်ဘူးလေ။
"ကောင်းကင်တံပိုးဧကရာဇ်၊မင်းရဲ့လွတ်မြောက်ရေးကျွမ်းကျင်မှုက သိပ်မရှိဘူးလို့တော့ ငါ ကြားထားတယ်။အနည်းဆုံးတော့ ရွှေတောင်ပံဧကရာဇ်လောက် မကောင်းဘူးဆိုတာကိုပေါ့"လီဖူချန်းက တခစ်ခစ်ရယ်လိုက်တော့တယ်။
"ဘာလို့ မင်းက ငါ့အကြောင်းကို ပြောနေရတာလဲ"ရွှေတောင်ပံဧကရာဇ်က မျက်လုံးပြူးကျယ်လျက် မေးလိုက်ပါတော့တယ်။
"မင်းက ဘာဆိုလိုတာလဲ"ကောင်းကင်တံပိုးဧကရာဇ်က မေးလိုက်ပါတယ်။
"မင်းကသာ ရွှေတောင်ပံဧကရာဇ်ဆိုရင်တော့ ငါက မင်းကို မသတ်နိုင်လောက်ဘူးပေါ့။ဒါပေမယ့် အခုဆိုရင် ငါ့မှာ အခွင့်အရေးတစ်ခုတော့ ရှိသေးတာပေါ့"လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ဆွဲထုတ်လိုက်တယ်။
"မင်းက သေချင်နေတာပဲ"ကောင်းကင်တံပိုးဧကရာဇ်က ဒေါသပေါက်ကွဲထွက်သွားပါတော့တယ်။သူက သူ့ရဲ့နဖူးပေါ်က ဦးချိုကို ဆွဲဖြုတ်ပြီး လီဖူချန်းကို ခုတ်ပိုင်းလိုက်တော့တယ်။
ဟက် ဟက် ဟက်.......
ဖျက်ဆီးမှုအရှိန်အဝါအော်ရာတွေက ပျံ့နှံ့သွားပါတော့တယ်။
ကောင်းကင်တံပိုးဧကရာဇ်က နတ်ဆိုးသားရဲလေးယောက်ရဲ့ထိပ်ဆုံးပိုင်းမှာ နေနိုင်ရတဲ့အကြောင်းအရင်းက သူ့ရဲ့သွေးမျိုးဆက်ကြောင့်ပါပဲ။ဖျက်ဆီးမှုစွမ်းအားပါဝင်ပြီး အမြင့်ဆုံးသွေးစွမ်းအားတစ်ခုဆိုတာ သေချာပါတယ်။ဦးချိုကို သုံးပြီး ခုတ်ပိုင်းချက်တစ်ခုကတောင် ဟင်းလင်းပြင်ကို အက်ရာတွေဖြစ်စေပါတယ်၊ပြိုကျတဲ့လက္ခဏာတွေလည်း ရှိနေသေးတယ်။
ခလမ်း....
လီဖူချန်းက ဦးချိုကို ပိတ်ဆို့လိုက်ပါတယ်။
"တိုက်ခိုက်စွမ်းအားကတော့ အတော်လေး ကောင်းလှပါတယ်"သူက ကောင်းကင်တံပိုးဧကရာဇ်ကို နှိမ့်ချနိုင်လိမ့်လို့တော့ ခံစားမိပါတယ်။
ကောင်းကင်တံပိုးဧကရာဇ်ရဲ့တိုက်ခိုက်ရေးစွမ်းအားက အရိုးခေါင်းခွံမဟာဧကရာဇ်ထက်တော့ နည်းနည်းလေး နိမ့်ကျပါတယ်။
အရိုးခေါင်းခွံမဟာဧကရာဇ်မှာ အဖြူရောင်အရိုးသူတော်စင်သရဖူရှိပြီး သူက သာမန်ထိပ်သီးအဆင့်မဟာဧကရာဇ်တစ်ယောက် မဟုတ်ပါဘူး။
ခလမ်း ခလမ်း ခလမ်း ခလမ်း ......
တစ်ခဏလေးအတွင်းမှာ နှစ်ယောက်သားက မရေမတွက်နိုင်တဲ့တိုက်ခိုက်မှုတွေကို ဖလှယ်လိုက်ကြပါတယ်။
"ရှုံစမ်း"
ဘမ်း.......
ဓားချီတစ်ခုက ကောင်းကင်တံပိုးဧကရာဇ်ရဲ့ပခုံးပေါ်ကို ခုတ်ပိုင်းလိုက်ပါတယ်။သွေးစက်တွေ ပန်းထွက်ရင်း ကောင်းကင်တံပိုးဧကရာဇ်က လွင့်ထွက်သွားပါတော့တယ်။
အမှန်တကယ်တိုက်ပွဲအရဆိုရင် ကောင်းကင်တံပိုးဧကရာဇ်က လိီဖူချန်းထက် အများကြီးနိမ့်ကျပါတယ်။
လီဖူချန်းရဲ့စိတ်ဝိညာဉ်အသိစိတ်က ကောင်းကင်တံပိုးဧကရာဇ်ရဲ့အသေးဆုံးလှုပ်ရှားမှုကိုတောင် မြင်နိုင်ပါတယ်။အဲဒါကို ကြိုတင်သိမှုလို့ ခေါ်ပြီး အဲဒါက သူ့ကို ရန်သူရဲ့နောက်ထပ်တိုက်ခိုက်မှုတွေရဲ့လမ်းကြောင်းနဲ့စွမ်းအားကိုလည်း ကြိုမြင်စေပါတယ်။
ဘမ်း ဘမ်း ဘမ်း ဘမ်း .......
အစပိုင်းမှာတော့ လီဖူချန်းက ကောင်းကင်ဧကရာဇ်အပေါ်ကို တိုက်ခိုက်မှုများစွာထဲမှ တိုက်ခိုက်မှုတစ်ခုကိုသာ ကျရောက်စေနိုင်ပါတယ်။
ပြိုင်ဘက်ရဲ့တိုက်ခိုက်မှုပုံစံနဲ့ ရင်းနှီးလာတာနဲ့အမျှ သူက ဆယ်ကြိမ်တိုက်ခိုက်တိုင်း တစ်ခါဖြစ်လာပါတယ်။အဲ့နောက် ငါးကြိမ်တိုက်ခိုက်တိုင်း တစ်ခါ၊သုံးကြိမ်တိုက်ခိုက်တိုင်း တစ်ခါ ဖြစ်လာပါတော့တယ်။
ဆယ်မိနစ်အတွင်း ကောင်းကင်တံပိုးဧကရာဇ်က ဓားဒဏ်ရာတွေနဲ့ ဖုံးလွှမ်းနေပြီး သွေးစက်တွေနဲ့ ရွဲဲရွဲစိုနေပါတော့တယ်။ဒါပေမယ့်လည်း အားလုံးက အပြင်ပိုင်းဒဏ်ရာတွေဖြစ်ပြီး ကောင်းကင်တံပိုးဧကရာဇ်ကို အတွင်းပိုင်းဒဏ်ရာတွေတစ်ခုမှ မဖြစ်စေခဲ့ပါဘူး။
"ဒီလို စွမ်းအားမျိုး"လူတိုင်းက အံ့အားသင့်သွားကြပါတော့တယ်။
လီဖူချန်းရဲ့ခွန်အားက တကယ်ကို မခန့်မှန်းနိုင်ပါဘူး။ဓားတိုက်ခိုက်မှုများစွာကို လက်ခံပြီးနောက် ကောင်းကင်တံပိုးဧကရာဇ်က မခုခံနိုင်တော့ပါဘူး။
သူမက လီဖူချန်းအပေါ် လျော့တွက်မိတယ်ဆိုတာကို ချူချင်းယန်က သဘောပေါက်သွားပါတော့တယ်။
"နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်၊မင်းဆိုရင်ရော ခုခံနိုင်မှာလား"ညဉ့်(အမှောင်)ဧကရာဇ်က သိလိုစိတ်ပြင်းပျတဲ့လေသံနဲ့ မေးလိုက်ပါတယ်။
နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်ရဲ့နတ်မျက်လုံးတွေက ပျော့ကွက်တွေ၊အားနည်းချက်တွေအားလုံးကို မြင်နိုင်ပါတယ်။နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်နဲ့ ဆန့်ကျင်တိုက်ခိုက်တဲ့အခါ လှုပ်ရှားမှုတစ်ခုကတောင် ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့ လုံလောက်တဲ့ အချိန်တွေများစွာ ရှိပါတယ်။
တိတ်တဆိတ်သက်ပြင်းတစ်ချက်ချပြီးနောက် နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်က ဖြေးဖြေးလေး ပြောလိုက်ပါတော့တယ်"မဖြစ်နိုင်ဘူး"
သူက မခုခံနိုင်ပါဘူး။သူ့ရဲ့နတ်မျက်လုံးက ချို့ယွင်းချက်အားလုံးကို မြင်နိုင်ပါတယ်။ဒါပေမယ့်လည်း လီဖူချန်းရဲ့လှုပ်ရှားမှုတွေက မခန့်မှန်းနိုင်ပါဘူး၊သူက ဘာမှကို မမြင်နိုင်ပါဘူး။
"မင်းတောင်မှ မခုခံနိုင်ဘူးလား"ညဉ့်(အမှောင်)ဧကရာဇ်က ထိတ်လန့်သွားလေတော့တယ်။
"အဖျက်အဆီးများ........
ဓားတိုက်ခိုက်မှုများစွာကို လက်ခံပြီးနောက် ကောင်းကင်တံပိုးဧကရာဇ်က ဒေါသပေါက်ကွဲထွက်လာပါတော့တယ်။သူက သူ့ရဲ့အတွင်းစွမ်းအားဖြစ်တဲ့အဖျက်အဆီးကို အသက်သွင်းလိုက်ပါတော့တယ်။ကြီးမားတဲ့ဦးချိုပါသားရဲပုံရိပ်တစ်ခုက လီဖူချန်းဆီ ပြေးလာပါတော့တယ်။
ထိုခဏမှာ သူ့ဆီကို အနက်ရောင်အပေါက်တစ်ခုက တိုးလာတာကို လီဖူချန်းက ခံစားမိလာပါတယ်။
"သူက နတ်ဆိုးသားရဲလေးယောက်ရဲ့ထိပ်ပိုင်းမှာ ရှိနေတာက အံ့ဩစရာမရှိပါဘူး"လီဖူချန်းက အံ့အားသင့်သွားပါတော့တယ်။
ဒီလှုပ်ရှားမှုတစ်ခုတည်းနဲ့တင် ကောင်းကင်တံပိုးဧကရာဇ်က ထိပ်ပိုင်းမှာ ရပ်တည့်ဖို့ လုံလောက်ပါတယ်၊ဒီတိုက်ခိုက်မှုမျိုးအောက်မှာ ရပ်တည်နိုင်တဲ့ လူအနည်းငယ်သာရှိပါတယ်။
လီဖူချန်းက ကြယ်ကြွေဓားကွက်ကို သုံးပြီး တန်ပြန်တိုက်ခိုက်လိုက်ပါတယ်။
အုန်း ဂျိန်း.....
ကောင်းကင်မှာ ပြိုလဲပျက်စီးမှုတစ်ခုက တည်ရှိနေပါတယ်။တိုက်ခိုက်မှုတစ်ခုက အဖျက်အဆီးစွမ်းအားကို ပိုင်ဆိုင်ပြီး အခြားတစ်ခုက အလွန်မြင့်မားတဲ့အရှိန်ကို ပိုင်ဆိုင်ထားပါတယ်။ထိပ်တိုက်တွေ့ကြတဲ့အခါ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့နိယာမကို ကွဲအက်စေနိုင်တဲ့ တုံ့ပြန်မှုတစ်ခုကို ဖြစ်ပွားစေလိုက်ပါတော့တယ်။
ဘုံး......
လီဖူချန်းက လွင့်ထွက်သွားပါတယ်။
ဒီထိပ်တိုက်တွေ့မှုမှာ ဆိုရင်တော့ လီဖူချန်းက ရှုံးနိမ့်သွားခဲ့ပါတယ်။
ဒါပေမယ့်လည်း လီဖူချန်းက ချက်ချင်းပဲ ပျောက်ကွယ်သွားပြန်ပါတယ်။
ဇစ် ဇစ် ဇစ် ဇစ်..........
ကောင်းကင်တံပိုးဧကရာဇ်ရဲ့သွေးက မထိန်းနိင်မသိမ်းနိုင် ပန်းထွက်လာပါတော့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားထိချက်ဘယ်လောက်တောင်မှ မှန်သွားသလဲဆိုတာကို မသိနိုင်လောက်အောင်ပါပဲ။
"အား.....အား......"
ကောင်းကင်တံပိုးဧကရာဇ်က ခေါင်းမပါဘဲ ပျံသန်းနေသလိုမျိုး နေရာတိုင်းကို ဝှေ့ယမ်းနေပါတယ်၊ဒါပေမယ့်လည်း သူက လီဖူချန်းရဲ့အဝတ်အစားရဲ့ထောင့်တစ်ထောင့်လေးကိုတောင် မထိတွေ့နိုင်တော့ပါဘူး။
အခုတော့ နံပါတ်၁နတ်ဆိုးသားရဲဧကရာဇ်ဆိုတဲ့ သူ့ရဲ့စွမ်းရည်ကို သူက ကြာရှည်မထုတ်ဖော်နိုင်တော့ပါဘူးလေ။
"ဝိညာဉ်ဧကရာဇ်၊ဘယ်အချိန်ကျမှ မင်းက လှုပ်ရှားတော့မှာလဲ"ကောင်းကင်တံပိုးဧကရာဇ်က လွှတ်ခနဲ အော်လိုက်မိသွားပါတော့တယ်။
သူက ဝန်ခံလိုက်ပါပြီး၊သူက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူးဆိုတာကိုပေါ့။
"ကောင်းကင်တံပိုးဧကရာဇ်၊မင်းက ငါ့ကို စိတ်ပျက်စေတာပဲ"
ဝိညာဉ်ဧကရာဇ်က တကယ်ကို စိတ်ပျက်သွားပါတော့တယ်၊ကောင်းကင်တံပိုးဧကရာဇ်က လီဖူချန်းရဲ့အကန့်အသတ်ကို ထုတိဖော်နိုင်လိမ့်လို့ သူက မျှော်လင့်ထားတာလေ။ရလဒ်ကတော့ ကောင်းကင်တံပိုးဧကရာဇ်က သနားစဖွယ်အခြေအနေကို ရောက်ရှိသွားတာပါပဲ။
ဒါပေမယ့် သူ့ကိုလည်း လီဖူချန်းက ထပ်မံ အနိုင်ယူနိုင်လိမ့်မယ်လို့တော့ သူ မထင်ပါဘူး။
"လဝန်းနီ၊သွားပါ"ဝိညာဉ်ဧကရာဇ်က လဝန်းနီဧကရာဇ်ကို အမိန့်ပေးလိုက်ပါတယ်။
"သေစမ်း"သတ်ဖြတ်လိုစိတ်အပြည့်နှင့်အော်ရာတစ်ခုက ပေါက်ကွဲထွက်လာပြီး လဝန်းနီဧကရာဇ်က သူ့ရဲ့ဓါးကို လီဖူချန်းထံ ထိုးထည့်လိုက်ပါတယ်။
လဝန်းနီဧကရာဇ်ရဲ့ဓားလှုပ်ရှားမှုတွေ ထွက်ပေါ်လာတဲ့အခါ သူက အရင်ကထက် နှစ်ဆပိုပြီးစွမ်းအားကောင်းလာတာကို လီဖူချန်းက သတိပြုမိလိုက်တယ်။
"လီဖူချန်း၊ဒီလူက သူတို့ရဲ့ခွန်အားတိုးတက်လာဖို့ သူတို့ရဲ့ကိုယ်ပိုင်အသက်ကို အသုံးပြုတဲ့ တားမြစ်နည်းလမ်းတစ်ခုကို ကျင့်ကြံထားတာပဲ"ရန်ချင်းဟူက လဝန်းနီဧကရာဇ်၏အခြေအနေကို ချက်ချင်း မြင်လိုက်ရပါတယ်။
"ဒီလိုကိုး"လီဖူချန်းက သဘောပေါက်သွားတော့တယ်။
ဥပဒေသပြောင်းလဲခြင်းအဆင့်နယ်ပယ်ဧကရာဇ်အနေနဲ့ ဘဝသက်တမ်းက အရေးကြီးဆုံးပါပဲ။သက်တမ်းလုံလုံလောက်လောက်ရှိမှသာ ဧကရာဇ်တစ်ယောက်က ပိုမိုမြင့်မားတဲ့နယ်ပယ်ကို ရောင်ရှိနိုင်ပေလိမ့်မယ်။ဒါမှမဟုတ်ရင် ခွန်အားရှိတယ်ဆိုတာက အသုံးဝင်လိမ့်မှာ မဟုတ်ဘူး။
လဝန်းနီဧကရာဇ်က တားမြစ်နည်းလမ်းကို ကျင့်ကြံခြင်းကား ဝိညာဉ်ဧကရာဇ်၏အတွေးဖြသ်သည်မှာ သိသာလှပါတယ်။အဆုံးမှာတော့ ဝိညာဉ်ဧကရာဇ်က လဝန်းနီဧကရာဇ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဂရုမစိုက်ပါဘူးလေ။
လဝန်းနီဧကရာဇ်က နှစ်ဆပိုသန်မာလာပေမယ့် သူက လီဖူချန်းအတွက် ပြိုင်ဘက်တစ်ယောက် မဖြစ်နိုင်တုံးပါပဲ။အရင်ကတည်းက လဝန်းနီဧကရာဇ်ကို ထိပ်သီးအဆင့်မဟာဧကရာဇ်တစ်ယောက်အနေနဲ့ မစဉ်းစားထားပါဘူးလေ။
ကလန်း......
လီဖူချန်းက လဝန်းနီဧကရာဇ်ကို လွင့်ထွက်စေလိုက်ပါတယ်။
ထိုအချိန်မှာ ထိတ်လန့်ဖွယ်ရာဌက်အော်သံတစ်ခုကို ကြားလိုက်ရပါတယ်။ဟင်းလင်းပြင်ကနေ ဧရာမလက်သည်းတစ်ခုက လီဖူချန်းကို ကုတ်ခြစ်လိုက်ပါတယ်။
ရွှေတောင်ပံဧကရာဇ်က ထိုချွန်ထက်တဲ့လက်သည်းကြောင့် ထိတ်လန့်သွားလေတော့တယ်။
သူ့ရဲ့မူလခန္ဓာကိုယ်က ရွှေတောင်ပံသိမ်းငှက်ဖြစ်ပြီး ထိပ်သီးအဆင့်၈နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပါတယ်။ဒါပေမယ့် ဒီလက်သည်းတိုက်ခိုက်မှုနဲ့နှိုင်းယှည်မယ်ဆိုရင်တော့ လုံးဝအားနည်းလွန်းပါတယ်။
ထိုလက်သည်းထွက်ပေါ်လာတဲ့အချိန်မှာ အချိန်နဲ့အာကာသတောင် ရပ်တန့်သွားပါတယ်။အချိန်ရပ်တန့်သွားတာကိုတောင် ခံစားရနိုင်ပါတယ်။ဒါပေမယ့် ဟင်းလင်းပြင်က ကျုံ့ပြီးရွှေ့ပြောင်းသွားပါတယ်။ဒါက ပြောင်းလဲမှုတစ်ခုသာ ဖြစ်ပြီး တစ်ယောက်မှ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပါဘူး။သူတို့က ဒါတွေကို ဝိုးဝိုးဝါးတားသာ ခံစားရနိုင်ပါတယ်။
"နတ်ဆိုးသားရဲတစ်ဝက်တစ်ပျက်အရှင်သခင်"ချူချင်းယန်နဲ့ရန်ချင်းဟူက တစ်ပ်ြုနက်တည်း ပြောလိုက်မိသွားကြတယ်။
တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲတစ်ကောင်က ဘာလို့ ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ ထွက်ပေါ်လာတာကို သူတို့နှစ်ယောက်က နားမလည်နိုင်ပါဘူး။
နတ်ဆိုးသားရဲတစ်ဝက်တစ်ပျက်အရှင်သခင်က တစ်ဝက်တစ်ပျက်အရှင်သခင်တစ်ကောင်တော့ ဘယ်တော့မှ မဟုတ်ဘူးပေါ့၊ဒါပေမယ့်လည်း အရှင်သခင်ရဲ့လက္ခဏာတစ်ပိုင်းကိုတော့ ပိုင်ဆိုင်ထားပါတယ်။ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့ဖိနှိပ်မှုကတောင် သေးငယ်တဲ့ဖိအားတစ်ခုလေးသာသာပါပဲ။
ပုံမှန်အားဖြင့် ဆိုရမယ်ဆိုရင် နတ်ဆိုးသားရဲတစ်ဝက်တစ်ပျက်အရှင်သခင်တစ်ကောင်က ဧကရာဇ်ကောင်းကင်တိုက်ကြီးကို ရောက်ရှိတဲ့အချိန်တိုင်း သူ့ရဲ့ခွန်အားက မဟာဧကရာဇ်တစ်ယောက်အတွက်တော့ မလုံလောက်နိုင်ပါဘူး။
သို့မဟုတ်ရင် ဝိညာဉ်ဧကရာဇ်က ဧကရာဇ်ကောင်းကင်တိုက်ကြီးတစ်ခုလုံးကို ပေါင်းစည်းနိုင်သွားပြီး အခြားမဟာဧကရာဇ်နဲ့ဧကရီတွေတစ်ယောက်မှတောင် ရှိလိမ့်မှာ မဟုတ်ပါဘူး။
***