နောက်ထပ်တစ်ဝက်တစ်ပျက်အရှင်သခင်နတ်ဆိုးသားရဲ
Vol. 52 Ch. 710
"အံ့ဩစရာမရှိပါဘူး"
ဝိညာဉ်ဧကရာဇ်က ဘာကြောင့် လှုပ်ရှားမှုတစ်ခု ပြုလုပ်ရဲတာကို နောက်ဆုံးမှာ လီဖူချန်းက နားလည်သွားပါပြီး။သူက ကောင်းကင်တံပိုးဧကရာဇ်နဲ့ပူးပေါင်းပြီး အလုပ်လုပ်ရင်တောင် လီဖူချန်းအတွက် ခြိမ်းခြောက်မှုတစ်ခုမဟုတ်ဘူးဆိုတာကို သူက သိနေတယ်လေ။ကောင်းကင်တံပိုးဧကရာဇ်က ဟန်ပြသာဖြစ်ပြီး အစစ်အမှန်လက်နက်ကတော့ တစ်ဝက်တစ်ပျက်အရှင်သခင်နတ်ဆိုးသားရဲပါပဲ။
တစ်ဝက်တစ်ပျက်အရှင်သခင်ရဲ့ခွန်အားက မည်သည့်မဟာဧကရာဇ်ကိုမဆို ဖိနှိပ်ဖို့ လုံလောက်တယ်လေ။
ပုံမှန်လူသာဆိုရင်တော့ သူတို့က စဉ့်နှီးတုံးပေါ်က ငါးတစ်ကောင်ပမာ ဖြစ်ပြီး အသက်ခံရဖို့ကို စောင့်မျှော်နေရမှာပဲ။
ဒါပေမယ့် သနားစရာကောင်းတာတစ်ခုက လီဖူချန်းရဲ့အရည်အချင်းအချို့က တစ်ဝက်တစ်ပျက်သူတော်စင်အဆင့်ကို ရောက်ရှိနေပြီးသားဖြစ်ပြီး ကျော်တောင်ကျော်နိုင်ပါတယ်။
လက်သည်းတိုက်ခိုက်မှုက အာကာသကို ပိတ်ဆို့လိုက်ပြီး အာကာသမှာ ပြောင်းလဲမှုတွေ ဖြစ်သွားပေမယ့် လီဖူချန်းက တုံ့ပြန်နိုင်တုန်းပါပဲ။
ကလန်း........
ချွန်ထက်တဲ့ခြေသည်းနဲ့ကောင်းကင့်အဆင့်မြင့်ဓားတို့ ထိတ်တိုက်တွေ့ချိန်မှာတော့ မိုးကြိုးအလင်းတန်းတစ်ခုက သူ့ကို ရိုက်နှက်သွားသလိုမျိုး လီဖူချန်းက ခံစားလိုက်ရပါတယ်။သူက မြေပြင်နဲ့ ရိုက်မိချိန်မှာတော့ လက်သည်းပိုင်ရှင်က လည်း ကိုယ်ထင်ပြလာပါပြီး။
လင်းယုန်ဦးခေါင်းနဲ့ခြင်္သေ့ကိုယ်ပါရှိတဲ့ ကြောက်စရာကောင်းတဲ့ အေဗီယန်တစ်ကောင်ပါပဲ။သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အမွေးတွေက သံဓားတွေပမာ ထိတ်လန့်စရာအပြည့်နှင့်ပင်။
"ဂရစ်ဖင်"တစ်စုံတစ်ယောက်က အလန့်တကြားရေရွတ်လိုက်မိလေတော့တယ်။
ဂရစ်ဖင်က ထိပ်သီးအဆင့်၈နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်မှာဆိုရင် အရှင်သခင်သားရဲခေါင်းကိုးလုံးခြင်္သေ့ရဲ့သွေးမျိုးဆက်ပါရှိပါတယ်။ခေါင်းကိုးလုံးခြင်္သေ့က ထိပ်သီးအဆင့်အရှင်သခင်သားရဲတစ်ကောင်ဖြစ်ပြီး ခေါင်းကိုးလုံးခြင်္သေ့ရဲ့သွေးမျိုးဆက်ပါရှိတဲ့ ဘယ်သားရဲမဆို ပုံမှန်အရှင်အခင်သားရဲတွေအောက် မနိမ့်ကျပါဘူး။
"ဂရစ်ဖင်ပဲ။ဒါက ဆိုးလွန်းတယ်"အဆွေးဧကရာဇ်နဲ့အခြားသူတွေက အံ့အားသင့်သွားကြပါတော့တယ်။
"သူက တကယ်ကို ဂရစ်ဖင်တစ်ကောင်ကို ကျွန်ပြုထားနိုင်တာပဲ"
ကောင်းကင်တံပိုးဧကရာဇ်က ဝိညာဉ်ဧကရာဇ်ကို ကြောက်စရာကောင်းတဲ့အမူအရာနဲ့ ကြည့်လိုက်ပါတော့တယ်။
ဝိညာဉ်ဧကရာဇ်က အရှင်သခင်နတ်ဆိုးသားရဲတစ်ကောင်ကို ကျွန်ပြုထားတယ်လို့ ကောလဟာလများက ဆိုကြပြီး ကောင်းကင်တံပိုးဧကရာဇ်ရဲ့အမြင်အရ ဒါက အဓိပ္ပါယ်မရှိဘူးလေ။
"ဘယ်လိုလုပ်ပြီး အရှင်သခင်နတ်ဆိုးသားရဲတစ်ကောင်ကို ကျွန်ပြုနိုင်ရတာလဲ"
အရှင်သခင်မဖြစ်လာခင် ကျွန်ပြုထားတယ်ဆိုရင်တောင် အရှင်သခင်အဖြစ်ကို မြင့်တက်လာတာနဲ့ ဝိညာဉ်ဧကရာဇ်ရဲ့ကျွန်ပြုမှုက ကျိုးပျက်သွားပြီးလေ၊ထပ်ပြောရရင် အရှင်သခင်သားရဲက သေချာပေါက်လက်စားပြန်ချေရမှာလေ။
ဝိညာဉ်ဧကရာဇ်က အရှင်သခင်နတ်ဆိုးသားရဲတစ်ကောင်ကိုမှ ကျွန်မပြုနိုင်ဘူးဆိုတာက မှန်ပါတယ်၊ဒါပေမယ့် တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲကိုတော့ အမှန် ကျွန်ပြုနိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဝိညာဉ်ဧကရာဇ်က တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲတစ်ကောင်ကိုသာ မဟုတ်၊နှစ်ကောင်ကို ကျွန်ပြူနိုင်ခဲ့တာကိုတော့ ကောင်းကင်တံပိုးဧကရာဇ်က မသိပါဘူး။
လီဖူချန်းနဲ့ရန်ချင်းဟူက အခြားတစ်ဝက်တစ်ပျက်အရှင်သခင်သားရဲဖြစ်တဲ့ ဟင်းလင်းပြင်ဝါးမျိုရေဘဝဲတစ်ကောင်ကို မြင်တွေ့လိုက်ရပြီးလေ။
ဘုံး........
လက်သည်းတိုက်ခိုက်မှုက လီဖူချန်းကို မြေကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်၊ဂရစ်ဖင်က အဲ့နေရာမှာ ရပ်မနေပါဘူး။သူက နှုတ်သီးကို ဖွင့်ဟပြီး ရွှေရောင်မီးတောက်တွေကို ပစ်လွှတ်လိုက်လေတော့တယ်။
ရွှေရောင်မီးတောက်တွေက မလောင်ကျွမ်းစေနိုင်ပါဘူး၊သူတို့က မြေကြီးမျက်နှာပြင်ကို ရွှေရောင်ချော်ရည်ပင်လယ်အဖြစ်ကို ချက်ချင်း ပြောင်းလဲပေးလိုက်ပါတယ်။ချော်ရည်ထဲမှာ တစ်ယောက်ယောက်သာ ရှိနေမယ်ဆိုရင်တော့ အဲလူက ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိမယ်ဆိုတာကို အဆွေးဧကရာဇ်နဲ့ အခြားသူတွေက ယုံကြည်ပါတယ်။
"ဓားဧကရာဇ်က ပြီးဆုံးသွားပြီးလား"
ဝိညာဉ်ဧကရာဇ်မှာ တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲတွေ ရှိနေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။
ဓားဧကရာဇ်က အထင်ကြီးဖွယ်ကောင်းသူပါ၊ဒါပေမယ်လည်း သူက တစ်ဝက်တစ်ပျက်အရှင်သခင်တွေအတွက်တော့ ဘက်မဟုတ်ဘူးလေ။
ဒါ့အပြင် ဝိညာဉ်ဧကရာဇ်က ကြိုပြီး အကွက်ချထားပါသေးတယ်။သူက ထိုသားရဲကို ချက်ချင်း မတိုက်ခိုက်ခိုင်းခဲ့ဖူးလေ။လီဖူချန်းထွက်ပြေးလွတ်မြောက်ခြင်းကို ကာကွယ်ဖို့ သူက ကောင်းကင်တံပိုးဧကရာဇ်နဲ့လဝန်းနီဧကရာဇ်တို့ကို အရင်ကိုင်တွယ်ခိုင်းလိုက်သေးတယ်။
"ငါ့ရဲ့ခံစားချက်က ဘယ်တော့မှ မမှားဘူး"ချူချင်းယန်က မျက်မှောင်ကြုတ်လိုက်လေတော့တယ်။
သူမရဲ့ခံစားချက်တွေက ပြောခဲ့တယ်၊လီဖူချန်းက အန္တာရာယ်အများဆုံးလူဆိုတာကိုပေါ့။ဒါကြောင့် လီဖူချန်းက ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ မသေနိုင်ပါဘူး။
ဇစ်......
ချော်ရည်ပင်လယ်က ဆုတ်ဖြဲခံလိုက်ရပြီး ပုံရိပ်တစ်ခုက ထွက်ပေါ်လာပါတယ်။ဘယ်သူဖြစ်ရမှာလဲ၊လီဖူချန်းပဲပေါ့။
လီဖူချန်းက ဂရစ်ဖင်ကို ကြည့်ပြီး ပြောလိုက်တယ်"တစ်ဝက်တစ်ပျက်အရှင်သခင်ဆိုတာ အံ့ဩစရာမရှိပါဘူး။ငါက ဒဏ်ရာရလုနီးပါး ဖြစ်ခဲ့ရတယ်"
သူသာ ဂရစ်ဖင်ရဲ့ကုတ်ဆွဲမှုကို အချိန်မီ မတုံ့ပြန့်နိုင်ဘူးဆိုရင် သူက သေချာပေါက် ဒဏ်ရာအပြင်းအထန် ရနေမှာပါပဲ။
ကောင်းကင်လက်စွပ်ဓားချပ်ဝတ်တန်ဆာ၊ဥပဒေသစ်ကွင်းနဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုတွေနဲ့တောင် သူက တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲရဲ့တိုက်ခိုက်မှုတွေကို ခံနိုင်လိမ့်မှာ မဟုတ်ဘူး။
ကံကောင်းသွားတာက လီဖူချန်းက အမြန်တုံ့ပြန်နိုင်ပြီး ဂရစ်ဖင်ရဲ့တိုက်ခိုက်မှုကို ပိုအားနည်းစေဖို့ တိုက်ခိုက်မှုတစ်ခုကို အသုံးပြုနိုင်သွားတယ်လေ။
ရွှေရောင်မီးတောက်တွေက မယုံနိုင်စရာကောင်းလွန်းပါတယ်၊ဒါပေမယ့် ခန္ဓာကိုယ်ပေါ်ကို တိုက်ရိုက်သက်ရောက်မှသာ အဲဒါက ထိရောက်မှု ရှိပါတယ်။
ဝိညာဉ်ဧကရာဇ်က ဘာမှ မပြောပါဘူး၊သူ့ရဲ့မျက်နှာကတော့ ပိုပြီး မည်းမှောင်လာတာပေါ့။
ဂရစ်ဖင်က သူ့ရဲ့တိုက်ခိုက်မှုကို ကျဆုံးသွားတာကြောင့် လီဖူချန်းကို သတ်ရတာ မလွယ်ကူဘူးဆိုတာကို ဝိညာဉ်ဧကရာဇ်က သိလိုက်ပါပြီး။
ဒါပေမယ့်လည်း ကိစ္စမရှိပါဘူး၊လီဖူချန်းက သူတို့ရဲ့ပူးပေါင်းတိုက်ခိုက်မှုကို တွန်းလှန်နိုင်မယ်လို့တော့ ဓားဧကရာဇ်က မယုံကြည်ထားပါဘူး။
အဆွေးဧကရာဇ်နဲ့အခြားသူတွေက လီဖူချန်းရဲ့ခက်ခဲတဲ့အနေအထားကို မြင်နေရပါတယ်။ဒါကြောင့် သူတို့က ကူညီဖို့ အစီအစဉ်ချနေပါတယ်။သူတို့က ဂရစ်ဖင်အတွက်တော့ ဘက်မဟုတ်ပေမယ့် သူတို့က ကောင်းကင်တံပိုးဧကရာဇ်နဲ့လဝန်းနီဧကရာဇ်တို့ကိုတော့ ထိန်းထားနိုင်ပါတယ်လေ။
သနားစရာကောင်းတာက အဆွေးဧကရာဇ်တိ့က မကူညီခင်မှာပဲ နေဝန်းပြာဧကရာဇ်နဲ့ခံစားချက်ခုနှစ်ပါးသိုင်းဧကရာဇ်တို့က သူတို့ကို တားဆီးလိုက်ပါတယ်။
"သေစမ်း"
ဆူးပန်းဧကရီက သူမရဲ့လက်ကို ဝှေ့ယမ်းပြီး ဆူးပန်းတွေကို လေထဲမှာ ဖူးပွင့်စေလိုက်ပါတယ်။
"နေဝန်းပြာ-ဖြစ်တည်လာခြင်း"နေဝန်းပြာဧကရာဇ်က လက်သီးတစ်ချက်ကို ဖော်ထုတ်လိုက်ပြီး ကြီးမားတဲ့နေဝန်းပြာတစ်ခုကို မိုးကုတ်စက်ဝိုင်းမှ မြင့်တက်လာစေလိုက်ပါတယ်။
"ခံစားချက်ခုနှစ်ပါးမဟာလက်ဝါး"ခံစားချက်ခုနှစ်ပါးသိုင်းဧကရာဇ်က နေဝန်းပြာဧကရာဇ်ရဲ့နောက်ကနေ တစ်ဟုန်ထိုး ပြေးထွက်လာပြီး ဆူးပန်းဧကရီအပေါ်ကို လျှပ်တစ်ပျက်တိုက်ခိုက်လိုက်ပါတယ်။
"အနက်ရောင် ဆေဘာဓား-ကံကြမ္မာ အလှည့်အပြောင်း"ရန်ချင်းဟူက ဆူးပန်းဧကရီကို ကူညီဖို့ တိုက်ခိုက်မှုတွေကို တားဆီးပေးလိုက်ပါတယ်
အဆွေးဧကရာဇ်ကတော့ လဝန်းနီဧကရာဇ်နဲ့ ရင်ဆိုင်ရတာပေါ့။
ထိုအချိန်၌ မိုင်တစ်သောင်းပတ်လည်အတွင်းမှာ ကမ္ဘာကြီးက တုန်ခါယိမ်းထိုးနေပြီး ကောင်းကင်နဲ့မြေပြင်ဥပဒေသကလည်း ကြေမွကွဲထွက်နေပါတော့တယ်။
ပတ်ဝန်းကျင်က စောင့်ကြည့်သူတွေက မိုင်တစ်သောင်းအကွာအထိ ရောက်အောင် ထပ်ခါထပ်ခါ နောက်ဆုတ်လိုက်ရပါတယ်။
ဘန်း ဘန်း ဘန်း ဘန်း....
ခိုင်းနှိုင်းရမယ်ဆိုရင် လီဖူချန်းနဲ့ဂရစ်ဖင်ကြား တိုက်ပွဲက အထွပ်အထိပ်တိုက်ပွဲတစ်ခုပါပဲ။
လူတစ်ယောက်နဲ့သားရဲတစ်ကောင်၊နှစ်ခုလုံးက မဟာဧကရာဇ်နဲ့မဟာအုပ်ချုပ်သူတွေရဲ့အထက်မှာရှိတဲ့ တည်ရှိမှုတွေပါပဲ။ကောင်းကင်တံပိုးဧကရာဇ်ကတောင် ဝင်ရောက်မစွက်ဖက်နိုင်ပါဘူး၊တစ်ခါတစ်ရံမှသာ သူက လီဖူချန်းကို အလစ်ငိုက်တိုက်ခိုက်နိုင်ပါတယ်။
""ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ တစ်ဝက်တစ်ပျက်အရှင်သခင်က ထိတ်လန့်မှုမရှိဘဲ အဆက်မပြတ်တိုက်ခိုက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။အဲလိုတိုက်ခိုက်နိုင်တဲ့အကြောင်းပြချက်တစ်ခုတော့ ရှိကိုရှိရမယ်"
လီဖူချန်းရဲစိတ်ထဲမှာတော့ အတွေးမျိုးစုံနဲ့ လင်းလင်နေပါတော့တယ်။
ဟက်......
ရွှေရောင်မီးတောက်တစ်ခုက တိုက်ခိုက်လာပြီး လီဖူချန်းက သူ့ရဲ့ဓားကို သုံးပြီး ရှောင်တိမ်းလိုက်ရပါတယ်။
ချက်ချင်းပါပဲ၊ချွန်ထက်တဲ့လက်သည်းတစ်ခုက လီဖူချန်းဆီကို ဟင်းလင်းပြင်ကနေ ပျံသန်းထွက်လာပါတယ်၊ သူ့ရဲ့ခန္ဓာကိုယ်မှလည်း သွေးတွေ ကျဆင်းလာပါတော့တယ်။
တစ်ဝက်တစ်ပျက်အရှင်သခင်က စွမ်းအားပြင်းလွန်းအားကြီးပြီး ပစ်မှတ်ကို တစ်ကြိမ် ကျရောက်တိုင်း ဒဏ်ရာတွေက ဖြစ်ပေါ်လာစမြဲပါပဲ။ကံကောင်းတာက ဒဏ်ရာသိပ်မပြင်းထန်ပါဘူး ၊အတွင်းပိုင်းဒဏ်ရာကလည်း သေးသေးမွှားမွှားမျှသာပါပဲ။
ခန္ဓာကိုယ်ကျင့်ကြံသူဧကရာဇ်အနေနဲ့ ဒါက ဘာမှ မဟုတ်ပါဘူး။
"အဖျက်အဆီးရိုက်ခတ်ခြင်း"ကောင်းကင်တံပိုးဧကရာဇ်က အခွင့်အရေးကို အရယူပြီး အတွင်းစွမ်းအားကို အသက်သွင်းလိုက်ပါတယ်။
ရွေးချယ်မှုမရှိဘဲ လီဖူချန်းက ကောင်းကင်တံပိုးဧကရာဇ်ကို အသည်းအသန် ဖြေရှင်းလိုက်ရပြန်ပါတယ်။ဒါပေမယ့်လည်း သံသရာက လည်နေပြန်ပါရော။ဂရစ်ဖင်ကလည်း နောက်ထပ်လက်သည်းတိုက်ခိုက်မှုတစ်ခုကို လီဖူချန်းထံ ဖော်ထုတ်လိုက်ပြန်ပါတယ်။
ဂရစ်ဖင်တစ်ကောင်တည်းကို ရင်ဆိုင်နေရတာကပင် ကြမ်းတမ်းနေပါပြီး၊အခြားတစ်ဖက်မှာလည်း ကောင်းကင်တံပိုးဧကရာဇ်ကလည်း ရှိနေပြန်ပါတယ်။
"မူလဓားအစုအဝေးများ"
နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့အသန်မာဆုံးသတ်ဖြတ်ရေးလှုပ်ရှားမှုကို ထုတ်လိုက်ပါတော့တယ်။
မီလိီယံပမာဏရှိတဲ့ဓားများရဲ့ချီတစ်ခုက ကောင်းကင်မှာ ထွက်ပေါ်လာပြီး မရေမတွက်နိုင်တဲ့ဓားတောအုပ်တစ်ခုနဲ့တောင် တူနေပါတယ်။သူတို့အားလုံးက ကောင်းကင်တံပိုးဧကရာဇ်နဲ့ဂရစ်ဖင်ကို ဦးတည်နေပါတယ်။
ကောင်းကင်တံပိုးဧကရာဇ်က အလန့်တကြားဖြစ်သွားပါတယ်။လီဖူချန်းမှာ အဲဒီလိုသတ်ဖြတ်ရေးလှုပ်ရှားကွက်ရှိတာကို ဝိညာဉ်ဧကရာဇ်က သူ့ကို မပြောခဲ့ပါဘူး။
လီဖူချန်းရဲ့အတွေးတစ်ချက်နဲ့အတူ မီလီယံလောက်ရှိတဲ့ဓားတွေရဲ့ချီက ကောင်းကင်တံပိုးဧကရာဇ်နဲ့ဂရစ်ဖင်ကို ကြမ်းတမ်းစွာ တိုက်ခိုက်လာပါတယ်။
ကလင်း ကလင်း ကလန်း ကလန်း.......
ဓားချီတွေက အားကောင်းပါတယ်၊ဒါပေမယ့် ကောင်းကင်တံပိုးဧကရာဇ်နဲ့ဂရစ်ဖင်တို့ရဲ့ခံစစ်ကလည်း ပိုပြီး ကြမ်းထော်နေပါတယ်။
အထူးသဖြင့် ဂရစ်ဖင်ပါပဲ။ဓားချီတွေက သူ့ရဲ့အတောင်တွေအပေါ် ကျရောက်ပြီးတာတောင် သူ့ရဲ့ခန္ဓာကိုယ်မှာ ဘာအမှတ်အသားမှ မရှိပါဘူး။
ကံကောင်းတာက မူလဓားအစုအဝေးက ဓားချီများစွာကို ထုတ်ပေးနိုင်ခြင်းပါပဲ။အဆက်မပြတ် ထိုးဖောက်မှုတွေကြောင့် ကောင်းကင်တံပိုးဧကဂာဇ်ရဲ့ခန္ဓာကိုယ်က သွေးတွေ စတင်ထွက်လာပါတော့တယ်။
ဝိညာဉ်ဧကရာဇ်၊မင်း ငါ့ကို လှည့်စားခဲ့တယ်"ကောင်းကင်တံပိုးဧကရာဇ်ရဲ့အသံက ဓားချီတွေကြားကနေ ပျံ့နှံ့ထွက်လာပါတယ်။
သူက အလွန်သနားစရာကောင်းတဲ့အနေအထားကို ရောက်နေပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ပေါ်က အနာတွေ ပြန်မသက်သာလာခင် နောက်ထပ်တစ်ခုက ပြန်ပြန်ပြီး ထွက်ပေါ်လာပါတယ်။ဒဏ်ရာတွေကလည်း ပိုပိုပြီး ပြင်းထန်လာပါတယ်။
ကောင်ူကင်တံပိုးဧကရာဇ်ကသာ လွတ်မြောက်ရေးနည်းလမ်းတွေကို အသုံးပြုနိုင်မယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေတာပေါ့။ဒါပေမယ့်လည်း နတ်ဆိုးသားရဲဧကရာဇ်လေးယောက်ကြားထဲမှာ ရွှေတောင်ပံနဲ့ဝံပုလွေနက်ဧကရာဇ်တို့ကသာ လွတ်မြောက်ရေးနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။
ဒါက လူသားတွေက တိုက်ကြီးကို လွှမ်းမိုးထားနိုင်ရတဲ့ အကြောင်းရင်းပဲ။နတ်ဆိုးသားရဲတွေက စွမ်းအားကောင်းပါတယ်၊ဒါပေမယ့် သူတို့ရဲ့ခွန်အားစုစုပေါင်းကတော့ နိမ့်ကျပါတယ်။
စိတ်ဝိညာဉ်ဧကရာဇ်ကတော့ စိတ်အနှောင့်အယှက်မဖြစ်ပါဘူး။ကောင်းကင်တံပိုးဧကရာဇ်က ရှေ့ကနေ မကာထားရင်တောင်မှ သူက လီဖူချန်းရဲ့မူလဓားအစုအဝေးတွေကို ဖယ်ထုတ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။
မူလကတည်းက သူက ဓားချီများစွာကို ရှောင်တိမ်းထားနိုင်ပြီး ပေါ့ပေါ့ပါးပါးဒဏ်ရာတွေကိုသာ ရရှိထားပါတယ်။ပြီးတော့ ဆူးပန်းဧကရီက ပထမဆုံးတိုက်ခိုက်လိုက်ချိန်မှာတော့ သူက လွတ်မြောက်ရေးနည်းလမ်းကို ဖော်ထုတ်ထားပြီးပါပြီ။လီဖူချန်းတိုက်ခိုက်လိုက်ချိန်မှာဆိုရင် သူ့ရဲ့လွတ်မြောက်ရေးနည်းလမ်းက အသက်ဝင်နေပါပြီး။ဒါပေမယ့်လဝန်းနီဧကရာဇ်ကတော့ ကံမကောင်းလှပါဘူး၊သူက အကြိမ်ပေါင်းများစွာ ထိုးဖောက်ခံလိုက်ရပါတယ်။ဝိညာဉ်ဧကရာဇ်ရဲ့တားမြစ်နည်းလမ်းကြောင့်သာ မဟုတ်ရင် လဝန်းနီဧကရာဇ်က သေလုနီးပါးအခြေအနေကို ရောက်ရှိနေပါလိမ့်မယ်။
နတ်ဆိုးသားရဲလေးကောင်ရဲ့ထိပ်ဆုံးအနေနဲ့ ကောင်းကင်တံပိုးဧကရာဇ်က အနည်းငယ်သာ စွမ်းဆောင်နိုင်တယ်ဆိုရင် သူက သေသွားတာ နှစ်ပေါင်းများစွာ ကြာပါပြီး။
"အဖျက်အဆီးနင်းခြေခြင်း"
ကောင်းကင်တံပိုးဧကရာဇ်က သူ့ရဲ့မူလပုံစံကို ပြောင်းလိုက်ပြီး မီးခိုရောင်အသားရေရှိတဲ့ ဦးချိုသားရဲတစ်ကောင် ဖြစ်လာပါတယ်။
သူ့ရဲ့ခန္ဓာကိုယ်က အဖျက်အဆီးအလင်းကို ထုတ်ဖော်နေပြီး ဓားချီတွေကို တိုက်ထုတ်လိုက်ပါတယ်။
ဘန်း ဘွန်း.....
ဟင်းလင်းပြင်က နင်းခြေမှုကြောင့် အက်ကွဲလာပြီး ကောင်းကင်တံပိုးဧကရာဇ်ကို တိုက်ခိုက်နေတဲ့ ဓားချီအားလုံးကလည်း ပေါက်ကွဲထွက်သွားပါတော့တယ်။
"ဝိညာဉ်ဧကရာဇ်၊ဓားဧကရာဇ် မင်းတို့ စောင့်နေပါ"
ကောင်းကင်တံပိုးဧကရာဇ်က သူ့ရဲ့အသက်ကို စွန့်ဖို့ မစီစဉ်ထားပါဘူး။သွေးမျိုးဆက်ကို လောင်ကျွမ်းခြင်းဖြင့်သာ အဖျက်အဆီးနင်းခြေမှုကို ဖော်ထုတ်နိုင်တာပါ။အဲဒါကို မကြာခဏ အသုံးပြုလို့လည်း မရပါဘူး။ဒါ့အပြင် ဝိညာဉ်ဧကရာဇ်မှာ ဖုံးကွယ်ထားတဲ့ရည်ရွယ်ချက်တွေရှိနေတာကို သူက မြင်နိုင်ပါတယ်၊ဒါကြောင့် သူက ရှေ့ကနေ ဆက်ပြီးရပ်မနေတော့ပါဘူး။
အလင်းစီးကြောင်းတစ်ခု ဖြစ်သွားပြီးနောက် ကောင်းကင်တံပိုးဧကရာဇ်က ပျောက်ကွယ်သွးပါတယ်။
ကောင်းကင်တံပိုးဧကရာဇ်မရှိတော့ရင် သူ့အတွက်က ပိုပြီးလွယ်ကူလာတယ်လေ။ဒါကြောင့် လီဖူချန်းက ကောင်းကင်တံပိုးဧကရာဇ်ကို ရပ်တန့်ဖို့ မကြိုးစားတော့ပါဘူး။
ဂရစ်ဖင်ကတော့ တစ်ဝက်တစ်ပျက်အရှင်သခင်ဆိုတာပါပဲ။မရေမတွက်နိုင်တဲ့ဓားချီတွေ ထိမှန်ပြီးတာတောင် အတောင်အချို့ ပြုတ်ကျရုံမျှသာပဲ၊သွေးထွက်တဲ့လက္ခဏာကတော့ မရှိပါဘူး။
ဟက် ဟက် ဟက်.......
ရွှေရောင်မီးတေက်တွေက ပန်းထွက်လာပြီး ကျန်ရှိနေတဲ့ မူလဓားချီတွေကို ဖြေရှင်းလိုက်ပါတော့တယ်။
"ဟင်းလင်းပြင်ဓားသွား"
ထက်မြက်တဲ့ဓားသွားတစ်ခုက ရုတ်တစ်ရက် ထွက်လာပါတယ်။အဲဒါက ဂရစ်ဖင်အတောင်တွေရဲ့အားနည်းတဲ့နေရာတွေကို ထိုးဖောက်သွားပါတယ်။
ဖတ်......
ဂရစ်ဖင်ရဲ့ခံစစ်က သူ့ရဲ့အတောင်တွေပါပဲ။အခု သူ့ရဲ့အတောင်တွေကြားမှာ အပေါက်တွေ ဖြစ်လာတာကြောင့် ဂရစ်ဖင်က ထိုတိုက်ခိုက်မှုကို မရင်ဆိုင်နိုင်တော့ပါဘူး။
ခရစ်......
ချွန်ထက်ပြီးအသည်းယားစရာကောင်းတဲ့မြည်သံကို ကြားလိုက်ကပါတယ်။ဂရစ်ဖင်က ပြန်လှည့်ပြီး လီဖူချန်းကို ထိုးဆိတ်လိုက်ခြင်းဖြစ်ပါတယ်။
သနားစရာကောင်းတာက လီဖူချန်းက အစောကြီးကတည်းက အဝေးကို ပျံသန်းပြီးသားဖြစ်နေပါတယ်။
ဂရစ်ဖင်ရဲ့အတောင်တွေပေါ်မှာ အပေါက်များစွာက ဖြစ်ပေါ်နေပါတယ်။လီဖူချန်းက ဂရစ်ဖင်ရဲ့ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်နေလိုက်ပါတယ်။
အုမ်း ဂျိန်း.......
လီဖူချန်းရဲ့နှလုံးက ခုန်ထွက်လုမတတ်ဖြစ်သွားပါတယ်။ဝိညာဉ်ဧကရာဇ်က နောက်ထပ်တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲဖြစ်တဲ့ဟင်းလင်းပြင်ဝါးမျိုရေဘဲဝဲတစ်ကောင်ကို ခေါ်လိုက်ပါပြီး။ကောင်းကင်မှာ ရေစက်လေးတွေနဲ့ ပြည့်နှက်နေပါတယ်။ဧရာမလက်ကြီးတစ်ခုက လီဖူချန်းကို ပြင်းထန်စွာ ရိုက်ခတ်လိုက်ပါတယ်။
နောက်ထပ် တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲတစ်ကောင်လား"လူတိုင်းက မျက်လုံးပြူးသွားပါတော့တယ်။
တစ်ဝက်တစ်ပျက်အရှင်သခင်တစ်ကောင်ကို ရင်ဆိုင်ရတာနဲ့တင် လုံလောက်နေပါပြီး။ဘယ်သူကများ တစ်ဝက်တစ်ပျက်အရှင်သခင်အဆင့်နှစ်ကောင်ကို ရင်ဆိုင်နိုင်မှာလဲ။မဟာဧကရာဇ်အားလုံးပူးပေါင်းရင်တောင် မလုံလောက်ပါဘူး။
***