ဟင်းလင်းပြင်တာအိုနှလုံးသား
Vol. 52 Ch. 711
"တစ်ဝက်တစ်ပျက်အရှင်သခင်နတ်ဆိုးသားရဲနှစ်ကောင်၊မင်း ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ရတာပေါ့"
ဝိညာဉ်ဧကရာဇ်က တိုက်ပွဲမှာ မပါဝင်ပါဘူး။နတ်ဆိုးသားရဲနှစ်ကောင်ကို ထိန်းချုပ်ရတာက စွမ်းအင်နဲ့စိတ်စွမ်းအားတွေအများကြီးကို သုံးစွဲရတယ်လေ။
ဟင်းလင်းပြင်ဝါးမျိုရေဘဝဲရဲ့ခွန်အားက ဂရစ်ဖင်ထက် သိသိသာသာ ပိုပြီး သန်မာပါတယ်။ဧရာမလက်တံတွေမှာ စုပ်ခွက်တွေများစွာ ရှိပြီး သူတို့က ပြင်းထန်တဲ့စုပ်ယူအားကို ထုတ်လုပ်နိုင်ပါတယ်။လီဖူချန်းကတောင် မရှောင်တိမ်းနိုင်ပါဘူး။
ဟင်းလင်းပြင်ဝါးမျိုရေဘဝဲက လက်တံတစ်ခုနဲ့ တိုက်ခိုက်လိုက်တာကြောင့် ဟင်းလင်းပြင်က ရေအဖြစ် ပြောင်းသွားတာကို လီဖူချန်းက ခံစားမိလိုက်ပါတယ်။အဲဒါက ကြမ်းတမ်းစွာ လူးလွန့်လှုပ်ရှားနေပြီး သန်မာတဲ့စီးကြောင်းတွေ ရှိနေပါတယ်။သူက ရေထဲရှိ လူတစ်ယောက်ပမာ ဖြစ်နေပြီး သူ့ရဲ့လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပါဘူး။
"စိတ်ဝိညာဉ်သံကြိုး"
ခရမ်းရောင်သံကြိုးနှစ်ချောင်းက ဟင်းလင်းပြင်ကနေ ပြေးထွက်လာပြီး ဂရစ်ဖင်နဲ့ဟင်းလင်းပြင်ဝါးမျိုရေဘဝဲတို့ထံ ဝင်ရောက်လာပါတယ်။
စိတ်ဝိညာဉ်တိက်ခိုက်မှုတွေက မြန်ဆန်လွန်းပါတယ်။ဟင်းလင်းပြင်ဝါးမျိုရေဘဝဲရဲ့လက်တံက လီဖူချန်းကို မထိခင် စိတ်ဝိညာဉ်သံကြိုးက ဟင်းလင်းပြင်ဝါးမျိုရေဘဝဲရဲ့ခန္ဓာကိုယ်ပေါ်ကို အရင်ဦးဆုံး လောင်ကျွမ်းစေလိုက်ပါပြီး။
ချက်ချင်းပဲ၊ဟင်းလင်းပြင်ဝါးမျိုရေဘဝဲရဲ့လက်တံက ခွန်အားတွေ ဆုံးရှုံးသွားပါတယ်။ကျန်နေတဲ့အားကလည်း လီဖူချန်းရဲ့ချီသွေးကို အနည်းငယ်လေးသာ ထွက်စေရုံမျှပါပဲ။
"ဝိညာဉ်တာအိုလျှို့ဝှက်နည်းလမ်းလား"
ဝိညာဉ်ဧကရာဇ်စိုးရိမ်နေတဲ့အရာက ဖြစ်လာခဲ့ချေပါပြီး။
အဆွေးဧကရာဇ်ရဲ့ဝိညာဉ်အဆိပ်ကို ဖယ်ရှားခံလိုက်ရကတည်းက လီဖူချန်းက ဝိညာဉ်တာအိုကျင့်ကြံသူဖြစ်လိမ့်မယ်လို့ သူက သံသယဝင်ခဲ့ပါတယ်။
အခု လီဖူချန်းက စိတ်ဝိညာဉ်တာအိုလျှို့ဝှက်နည်းလမ်းကို အသုံးပြုနေပြီးတော့ လီဖူချန်းကသာ ဝိညာဉ်တာအိုကျင့်ကြံသူမဟုတ်ရင် ဘယ်သူက ဖြစ်နိုင်မှာလဲ။
"ချိုးဖျက်စမ်း"
စိတ်ဝိညာဉ်သံကြိုးတွေကို ခုတ်ပိုင်းဖို့အတွက် ဝိညာဉ်ဧကရာဇ်က စိတ်ဝ်ညာဉ်ဓားသွားနှစ်ချောင်းကို ဖော်ထုတ်လိုက်ပါတယ်။
ကလန်း ကလန်း......
စိတ်ဝိညာဉ်သံကြိုးရဲ့မျက်နှာပြင်က မီးပွားတွေ ပွင့်ထွက်သွားပေမယ့် ဘာအမှတ်သားမှ ကျန်မနေခဲ့ပါဘူး။
လီဖူချန်းရဲ့စိတ်ဝိညာဉ်သံကြိုးက ကျွမ်းကျင်မှု မမြင့်မားပါဘူး၊ဒါပေမယ့် ကြမ်းတမ်းတာတော့ သေချာပါတယ်။
ပြီးတော့ လီဖူချန်းရဲ့စိတ်ဝိညာဉ်က ခရမ်းရောင်စိတ်ဝိညာဉ်လေ။
"ဘာလဲဟ"ဝိညာဉ်ဧကရာဇ်က ပိုပြီး အံ့အားသင့်သွားပါတော့တယ်။
သူ့ရဲ့စိတ်ဝိညာဉ်ဓားက အဆင့်နိမ့်စိတ်ဝိညာဉ်တာအိုလျီု့ဝှက်နည်းလမ်းပါ။အဲဒီလိုမျိုး အမှတ်သားတစ်ခုတောင် မချန်ထားနိုင်ဘူးဆိုတာက မဖြစ်နိုင်ပါဘူး။
"ဖြစ်နိုင်တာက လီဖူချန်းရဲ့ဝိညာဉ်တာအိုလျှို့ဝှက်နည်းလမ်းက အလယ်ဆင့်များလား။မဟုတ်ဘူးလေ၊အလယ်ဆင့်သာဆိုရင် လီဖူချန်းက အရင်ကတည်းက အသုံးပြုလိမ့်မှာပေါ့"
ဝိညာဉ်တာအိုနည်းလမ်းကို အဆင့်ငါးဆင့်ခွဲခြားထားပါတယ်-အခြေခံအဆင့်၊အဆင့်နိမ့်အဆင့်၊အလယ်အဆင့်၊အဆင့်မြင့်အဆင့်၊အထွတ်အထိပ်အဆင့်။
အခြေခံအဆင့်ဝိညာဉ်တာအိုနည်းလမ်းကိုတော့ အခြေခံကို တည်ဆောက်ဖို့အတွက် အသုံးပြုပါတယ်။သင့်ထက်အားနည်းတဲ့လူတွေနဲ့ ရင်ဆိုင်ရာမှာ အသုံးပြုရင်တော့ အဲဒါက အဆင်ပြေပါတယ်။ဘက်ညီတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရရင်တော့ သိပ်ပြီးတော့ မကောင်းလှပါဘူး။
အဆင့်နိမ့်ဝိညာဉ်တာအိုနည်းလမ်းကတော့ ဘယ်ညီတဲ့ရန်သူနဲ့ရင် ရင်ဆိုင်နေရလျှင်ပင် ရန်သူက ခက်ခက်ခဲခဲ ခုခံနေရပြီး ဂရုမစိုက်တဲ့အမှားတစ်ခုကတင် အပြင်းအထန် ထိခိုက်စေနိုင်ပါတယ်။
အလယ်ဆင့်ဝိညာဉ်တာအိုနည်းလမ်းအတွက်ကတော့ ဝိညာဉ်ဧကရာဇ်ကတောင် လိုချင်စိတ် ပြင်းပျနေပါတယ်။
ဝိညာဉ်ဧကရာဇ်မှာသာ အလယ်ဆင့်ဝိညာဉ်တာအိုနည်းလမ်းသာ ရှိခဲ့မယ်ဆိုရင် ဧကရာဇ်ကောင်းကင်တိုက်ကြီးက သူ့ကို ရပ်တန့်နိုင်လိမ့်မှာ မဟုဆ်ပါဘူး။တစ်ဝက်တစ်ပျက်သူတော်စင်ကိုတောင် သူက အလွယ်တကူ ထိန်းချုပ်နိုင်မှာပါ။
အဆင့်မြင့်ဝိညာဉ်တာအိုနည်းလမ်းအတွက်ကတော့ သူတော်စင်အောက်လူတွေက မကျင့်ကြံနိုင်ပါဘူး။စိတ်ဝိညာဉ်က သူတ်ေစင်ဝိညာဉ်ကို ပြောင်းပြီးမှသာ လေ့ကျင့်နိုင်ပါ့လိမ့မယ်။
အဆင့်မြင်ဝိညာဉ်တာအိုနည်းလမ်းကို တစ်ကြိမ် ပြုစုပျိုးထောင်ပြီးတာနဲ့ အဆင့်တစ်ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်က သူတော်စင်တစ်ယောက်ကပင် ထိပ်ဆုံးမှာ ရပ်တည်နိုင်ပါလိမ့်မယ်။
ဝိညာဉ်ဧကရာဇ်သိသလောက်ဆိုရင် အဆင့်၁ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်သူတော်စင်တစ်ယောက်လျှင်ပင် အဆင့်မြင့်ဝိညာဉ်တာအိုနည်းလမ်းကို ပိုင်ဆိုင်ဖို့က ခဲယဉ်းလွန်းပါတယ်။
ပြီးတော့ စိတ်ဝိညာဉ်ကို စကြာဝဠာအတွင်းရှိ ဆန်းကြယ်မှုတွေထဲက တစ်ခုလို့ စဉ်းစားလို့ရပြီး နားလည်ဖို့ဆိုတာ မလွယ်ကူပါဘူး။
အထွပ်အထိပ်ဝိညာဉ်တာအိုနည်းလမ်းကတော့ ဒဏ္ဍာရီမှာသာ တည်ရှိပါတယ်။ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ အထွတ်အထိပ်ဝိညာဉ်တာအိုနည်းလမ်းကို ကျင့်ကြံတဲ့ သူတော်စင်နဲ့ပတ်သက်ပြီးတော့ မှတ်တမ်းတစ်ခုတစ်လေတောင် မရှိပါဘူး။
အရေကြီးဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ဝိညာဉ်တာအိုနည်းလမ်းကို ကျင့်ကြံတဲ့အခါ တစ်စုံတစ်ယောက်က သူ့ရဲ့စိတ်ဝိညာဉ်ကိုတောင် တိုးတက်မြှင့်တင်ပေးနိုင်ပါတယ်။အဲဒါက သူတော်စင်တွေက ဝိညာဉ်တာအိုနည်းလမ်းကို အကြီးအကျယ်လိုချင်နေတဲ့ အကြောင်းပြချက်ပဲပေါ့။သူတို့က ဝိညာဉ်တာအိုနည်းလမ်းကို သုံးပြီး အခြားသူတွေကို ဒဏ်ရာရဖို့ မမျှော်လင့်ထားပါဘူး၊သူတို့က သူတို့ရဲ့ကိုယ်ပိုင်စိတ်ဝိညာဉ်ကို ကာကွယ်ဖို့အတွက်ပဲ လိုချင်တာပါ။
အတိုချုပ်ပြီးပြောရမယ်ဆိုရင် စိတ်ဝိညာဉ်နဲ့ဆက်စပ်နေတဲ့လျှို့ဝှက်နည်းလမ်းတွေကို လူတိုင်းက သင်ယူချင်ကြတာပေါ့။
လီဖူချန်းက အလယ်ဆင့်ဝိညာဉ်တာအိုနည်းလမ်းကို ကျင့်ကြံတဲ့အချက်ကို ကြည့်လိုက်ရင် ရှင်းပြချက်တစ်ခုသာ ရှိပါတယ်-လီဖူချန်းရဲ့စိတ်ဝိညာဉ်က အလွန်အားကောင်းပြီး ဝိညာဉ်ဧကရာဇ်စိတ်ကူးထားတာထက် ပိုပြီးပြင်းထန်ပါတယ်။
"ဝိညာဉ်အဆိပ်"
စိတ်ဝိညာဉ်ဓားသွားက အလုပ်မလုပ်တဲ့အတွက်ကြောင့် ဝိညာဉ်ဧကရာဇ်က အခြားအဆင့်နိမ့်ဝိညာဉ်တာအိုနည်းလမ်းတစ်ခုကို ပြောင်းလိုက်ပါတယ်။
ဝိညာဉ်အဆိပ်နဲ့ရင်ဆိုင်ဖို့ လီဖူချန်းက မီးတာအိုစိတ်သိမှုလျှို့ဝှက်နည်းလမ်းအမျိုးအစားတစ်ခုကို အသုံးပြုလိုက်ပါတယ်။ယခု လီဖူချန်းက ဝိညာဉ်တာအိုနည်းလမ်းကို ဖော်ထုတ်ထားပြီးဖြစ်တာကြောင့် သူက တစ်ချိန်တည်းမှာ မီးတာအိုစိတ်သိမှုလျှို့ဝှက်နည်းလမ်းကို အသုံးပြုနိုင်ဘူးပေါ့။
မကြာခင်မှာပဲ ဝိညာဉ်ဧကရာဇ်သိထားတာတွေက မှားယွင်းသွားပါတယ်။
ဝိညာဉ်တာအိုနည်းလမ်းကို ဖော်ထုတ်ထားချိန်မှာ လီဖူချန်းက မီးတာအိုစိတ်သိမှုလျှို့ဝှက်နည်းလမ်းကို အသုံးပြုနိုင်နေတုန်းပါပဲ။
ကလန်း........
ခရမ်းရောင်သံကြိုးတစ်ုခက ဝိညာဉ်ဧကရာဇ်ရဲ့စိတ်ထဲကို ဝင်လာတဲ့ အသံပါ။
ယခုတော့ ဟင်းလင်းပြင်ဝါးမျိုရေဘဝဲ၊ဂရစ်ဖင်နဲ့ ဝိညာဉ်ဧကရာဇ်တို့ကို လီဖူချန်းရဲ့စိတ်ဝိညာဉ်သံကြိုးက ချည်နှောင်ထားလိုက်ပါပြီး။
"ဒါက၊ချီးလိုပဲ" သူလည်းပဲ ပိတ်မိနေလိမ့်မယ်လို့ ဝိညာဉ်ဧကရာဇ်က မထင်ထားပါဘူး။
ဒါပေမယ့်လည်း အဲဒါက သူ့အတွက် ပြဿနာ မဟုတ်ပါဘူး။သူက အမှောင်မီးတောက်တစ်ခုကို လွှတ်ထုတ်လိုက်ပြီး စိတ်ဝိညာဉ်သံကြိုးကနေ ချက်ချင်း သက်သာရာရလာစေပါတယ်။
"သွားစို့"
စိတ်ဝိညာဉ်သံကြိုးကနေ လွတ်လာပြီးနောက် လီဖူချန်းက အလယ်အဆင့်ဝိညာဉ်တာအိုနည်းလမ်းကို အသုံးမပြုကြောင်းကို ဝိညာဉ်ဧကရာဇ်က သေချာသွားပါတယ်။
အလယ်အဆင့်ဝိညာဉ်တာအိုနည်းလမ်းသာဆိုရင် ဝိညာဉ်ဧကရာဇ်က ချိုးဖျက်ဖို့အတွက် ကြီးမားတဲ့ပမာဏကို ပေးဆပ်ရမှာပါ။
ဒီလိုဆိုပေမယ့်လည်း ဒီနေ့ သူက လီဖူချန်းကို မကိုင်တွယ်နိုင်တော့ဘူးဆိုတာကို ဝိညာဉ်ဧကရာဇ်က သိပါတယ်။
စိတ်ဝိညာဉ်သံကြိုးရဲ့ချည်နှောင်မှုကြောင့် ဟင်းလင်းပြင်ဝါးမျိုရေဘဝဲနဲ့ဂရစ်ဖင်တို့က သူတို့ရဲ့ခွန်အားရဲ့၂၀ရာခိုင်နှုန်းကိုတောင် အသုံးပြုနိုင်တော့ပါဘူး။အဲဒီလိုဆိုရင် လီဖူချန်းကို ဘယ်လိုလုပ်ပြီး ရင်ဆိုင်နိုင်တော့မှာလဲ။
ဟင်းလင်းပြင်ဝါးမျိုရေဘဝဲနဲ့ဂရစ်ဖင်တို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အမည်းရောင်မီးတောက်တစ်ခုရှိနေပြီး အဲဒါကပဲ စိတ်ဝိညာဉ်သံကြိုးကို လျော့ကျသွားစေပါတယ်။ချက်ချင်းပဲ ဝိညာဉ်ဧကရာဇ်နဲ့တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲနှစ်ကောင်တို့က ပျောက်ကွယ်သွားပါတော့တယ်။
"ခံစားချက်ခုနှစ်ပါးသိုင်းဧကရာဇ်၊မင်း နေခဲ့ပါ"
လီဖူချန်းက ခံစားချက်ခုနှစ်ပါးသိုင်းဧကရာဇ်ရဲ့စိတ်ထဲကို စိတ်ဝိညာဉ်သံကြိုးတစ်ကြောင်း ပစ်ထည့်လိုက်ပါတယ်။
"အနက်ရောင်ဆေဘာဓား-ရွှက်လွင့်ခြင်း"
ရန်ချင်းဟူက အခင့်အရေးကို အမိအရ ယူပြီး ခံစားချက်ခုနှစ်ပါးသိုင်းဧကရာဇ်ကို ခုတ်ပိုင်းလိုက်ပါတယ်။
နေဝန်းပြာဧကရာဇ်နဲ့လဝန်းနီဧကရာဇ်တို့ကလည်း လျင်မြန်စွာ တုံ့ပြန်ပြီး သူတို့ရဲ့လွတ်မြောက်ရေးနည်းလမ်းတွေကို အသုံးပြုလိုက်ပါတယ်။
ဝိညာဉ်ဧကရာဇ်က သူတို့ကို အမြန် ထွက်ပြေးဖို့ အမိန့်ပေးခဲ့ပုံပါပဲ။ခံစားချက်ခုနှစ်ပါးသိုင်းဧကရာဇ်က ဝိညာဉ်ကျွန်တစ်ယောက် မဟုတ်တဲ့အတွက်ကြောင့် သူက အနည်းငယ် နောက်ကျသွားတာပေါ့။
"အကြီးအကဲလီ၊သင် အဆင်ပြေရဲ့လား"
အဆွေးဧကရာဇ်နဲ့အခြားဧကရာဇ်တွေက ရောက်လာကြပါတယ်။
လီဖူချန်းက ခေါင်းခါပြလိုက်ပါတယ်။
ဆူးပန်းဧကရီက ပြောလိုက်ပါတယ်"ဘယ်လို နည်းလမ်းတွေကများ ဝိညာဉ်ဧကရာဇ်ကို တစ်ဝက်တစ်ပျက်အရှင်သခင်သားရဲတွေရဲ့ခွန်အားအများစုကို အသုံးချခွင့်ပေးလိုက်တာပါလိမ့်"
တစ်ဝက်တစ်ပျက်အရှင်သခင်တစ်ယောက်/တစ်ကောင်ရဲ့ခွန်အားက ပြသခဲ့တာတွေထက် ပိုပြီးသာလွန်ပါတယ်။ဆူးပန်းဧကရာဇ်က ပင်လယ်ထဲမှာ တစ်ဝက်တစ်ပျက်အရှင်သခင်တစ်ကောင်ကို တစ်ကြိမ် ကြုံတွေ့ခဲ့ဖူးပါတယ်။ထိုကောင်က ဟင်းလင်းပြင်ဝါးမျိုရေဘဝဲနဲ့ဂရစ်ဖင်တို့ထက် နှစ်ဆပိုပြီးအားကောင်းလှပါတယ်။
ထိုသားရဲနှစ်ကောင်ရဲ့ခွန်အားအများစုကို အသုံးချနိုင်ဖို့ ဝိညာဉ်ဧကရာဇ်က ပမဏတစ်ခုကို ပေးချေခဲ့ရပုံပါပဲ။
ရန်ချင်းဟူက ပြောလိုက်ပါတယ်"ကံကြမ္မာကို လှည့်စားနိုင်တယ်၊အလားတူပဲ၊တိုက်ကြီးရဲ့ဆန္ဓစွမ်းအားကိုလည်း လှည့်စားနိုင်ပါတယ်"
နတ်မျက်လုံးနဲ့အတူ နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်ကလည်း အခြေအနေတွေအားလုံးကို မြင်တွေ့ခဲ့ရပါတယ်။
ဝိညာဉ်ဧကရာဇ်တစ်ယောက်တည်းနဲ့ ဧကရာဇ်ကောင်းကင်တိုက်ဆီကို မုန်တိုင်းတစ်ခု ယူဆောင်လာခဲ့ပြီးပြီး။ယခု ဓားဧကရာဇ်ပါဆိုရင် နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်အနေနဲ့ နောက်ကျရင်တော့ ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ နေဖို့ နေရာ ရှိတော့မှာ မဟုတ်ပါဘူး။
"နောက်ထပ်ဆယ်နှစ်ကျရင် ကျိန်စာဘုရားကျောင်းကို သွားမလားဆိုတာနဲ့ပတ်သက်ပြီး ငါ့အနေနဲ့ ကောင်းကောင်းစဉ်းစားရမယ့်ပုံပဲ"နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်က ပြောလိုက်ပါတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီကို ဦးတည်မှသာလျှင် သူ့အနေနဲ့ ထပ်မံတိုးတက်ဖို့ အခွင့်အရေးရရှိလာပါလိမ့်မယ်။မဟုတ်ရင် အသက်ကြီးရင့်ရင်းနဲ့ပဲ သူက ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ သေဆုံးသွားရပါလိမ့်မယ်။အဆိုးဝါးဆုံးကိစ္စက သေခြင်းသာ ဖြစ်တာကြောင့် နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်ရဲ့စိတ်က ကျိန်စာဘုရားကျောင်းဘက်ကို တိမ်းညွှတ်လာပါတော့တယ်။
"မျှော်လင့်ထားသလိုပါပဲ"
လီဖူချန်းက ဝိညာဉ်ဧကရာဇ်ကို ဖယ်ထုတ်နိုင်ခဲ့တာကြောင့် သူမရဲ့အတွေးက မမှားဘူးဆိုတာကို ချူချင်းယန်က နားလည်ခဲ့ပါတယ်။
လီဖူချန်းရဲ့အကူအညီနဲ့ဆိုရင် သူမက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးဆီကို အမှန်တကယ် ပြန်သွားနိုင်လောက်တယ်။
ကျိန်စာဘုရားကျောင်းမှာ ရှိတဲ့ ကျိန်စာနဲ့ပတ်သက်ပြီးတော့ သူမက ဖယ်ရှားနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ဘုရားကျောင်းမှာရှိတဲ့ ကျိန်စာသိုင်းပညာရှင်တွေနဲ့ပတ်သက်ပြီးကိုသာ သူမက စိုးရိမ်နေတာပါ။ထိုကျန်စာသိုင်းပညာရှင်တွေက ကျိန်စာဘုရားကျောင်းနဲ့အတူ ထာဝရအမြဲတမ်း တည်ရှိနေပါလိမ့်မယ်။သူမတစ်ယောက်တည်းနဲ့တော တိုပညာရှင်တွေကို မရင်ဆိုင်နိုင်ပါဘူး။ဒါကြောင့် သူမက လီဖူချန်းနဲ့အခြားသူတွေဆီက အကူအညီကို လိုအပ်တာပေါ့။
အချိန်တွေ ကုန်လွန်သွားပြီး ပန်းပေါင်စုံပွဲတော်ရှိတိုက်ပွဲက လီဖူချန်းကို ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့နံပါတ်တစ်နေရာကို ရယူဖို့ ခွင့်ပြုလိုက်ပါတယ်။ဓားဧကရာဇ်ဆိုတဲ့အမည်နာမကလည်း ဝိညာဉ်ဧကရာဇ်နဲ့ကောင်းကင်တံပိုးဧကရာဇ်တို့ကို လုံးဝကျော်လွန်ခဲ့ပါပြီး။
ဝိညာဉ်ဧကရာဇ်နဲ့သူ့လူတွေကတော့ ပန်းပေါင်းစုံပွဲတော်ရှိအဖြစ်အပျက်ပြီးနောက် လုံးဝကို ပျောက်ကွယ်သွားခဲ့ပါတယ်။
ဝိညာဉ်ဧကရာဇ်တို့အုပ်စုက ပင်လယ်ဘက်ကို ထွက်သွားတယ်လို့ ကောလဟာလတွေတော့ ရှိပါတယ်။သူတို့က အခြားတိုက်ကြီးတွေကို ဦးတည်သွားသလားကိုတော့ ဘယ်သူကမှ မသိပါဘူး။
ဟင်းလင်းပြင်မဟာတောင်ကြား....
ရှီဟွာဘုရင်မအတွက် နေရာတစ်ခုကို ရှာဖွေပေးပြီးနောက် လီဖူချန်းကဟင်းလင်းပြင်မဟာတောင်ကြားကို သွားလည်ခဲ့ပါတယ်။
ဟင်းလင်းပြင်တာအိုနှလုံးသားကို သိပ်သည်းနက်ရှိုင်းစေဖို့အတွက် သူက ကောင်းကင်နဲ့မြေကြီးကြားရှိ ဟင်းလင်းပြင်ဥပ ဒေဿကို နားလည်ဖို့ လိုအပ်ပါတယ်။ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာဆိုရင် ဟင်းလင်းပြင်မဟာတောင်ကြားက အကွဲပြားဆုံးသောဟင်းလင်းပြင်ဥပဒေဿရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။
နေ့တွေက ဖြတ်ကျော်လာပါပြီး။လီဖူချန်းရဲ့ဟင်းလင်းပြင်ဥပဒေဿနားလည်မှုကလည်း ပိုပြီး ကောင်းလာပါတယ်။တစ်ချိန်တည်းမှာ သူ့ရဲ့ဟင်းလင်းပြင်ကောင်းက်ုဓားကျွမ်းကျင်မှုကလည်း ပိုပြီး တိုးတက်လာပါတယ်။
ဒါပေမယ့် သူက ဟင်းလင်းပြင်တာအိုနှလုံးသားကို သိပ်သည်းကျစ်လျစ်စေဖို့တော့ အနည်းငယ်ကင်းမဲ့နေတုန်းပါပဲ။
သူက ဟင်းလင်းပြင်ဥပဒေဿရဲ့ဗဟိုချက်နဲ့ ထိတွေ့ဆက်ဆံဖို့လိုတယ်လို့ လီဖူချန်းက ခံစားမိနေပါတယ်။
ဟင်းလင်းပြင်ဥပဒေဿရဲ့ဗဟိုချက်ကို ရောက်ရှိမှသာလျှင် ဟင်းလင်းပြင်တာအိုနှလုံးသားကို သိပ်သည်းကျစ်လျစ်စေဖို့ အခွင့်အလမ်းတစ်ခု ရှိလာပါလိမ့်မယ်။
လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ဆွဲပြီး တောင်ကြားရဲ့အဆုံးပိုင်းကို ရုတ်တရက် ခုတ်ပိုင်းလိုက်ပါတယ်။
ဒီဓားခုတ်ပိုင်းမှုကို ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာရဲ့ဟင်းလင်းပြင်ဓားသွားနဲ့အတူ ဖော်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။
ပတ် ဇတ်........
ဟင်းလင်းပြင်က ခုတ်ပိုင်းမှုကြောင့် လမ်းကြောင်း ကို ပွင့်လာစေပြီး လီဖူချန်းက ပိုပြီးရှင်းလင်းတဲ့ဟင်းလင်းပြင်ဥပဒေဿကို ခံစားမိလာနိုင်ပါတယ်။
"မျော်လင့်ထားသလိုပါပဲ"လီဖူချန်းရဲ့မျက်လုံးက လင်းလက်သွားပါတော့တယ်။
ဒီဟင်းလင်းပြင်မဟာတောင်ကြားကို သူတော်စင်တစ်ယောက်က ဖန်တီးထားခဲ့တာ သိသာလှပါတယ်။
အဲဒါမှာ သူတော်စင်ဆီက ဟင်းလင်းပြင်ဥပဒေဿပါရုံတင်မကပါဘူး၊ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီက ဟင်းလင်းပြင်ဥပဒေဿလည်း ပါရှိခဲ့ပါတယ်။
အရှေ့ကဟာဆိုရင်တော့ လီဖူချန်းက နားလည်မယ်ဆိုရင်တောင် အသုံးမဝင်ပါဘူး၊ဘာလိုဆို အခြားတစ်ယောက်ရဲ့ဟင်းလင်းပြင်ဥပဒေဒေဿဖြစ်လို့ပါပဲ။
နောက်ကဟာ ဆိုရင်လည်း လီဖူချန်းက အချိန်တိုအတွင်းမှာ နားလည်နိုင်မှာ မဟုတ်ပါဘူး။သူက အချိန်တွေအများကြီး အပတ်တကုတ်ကြိုးပမ်းအားထုတ်ဖို့လိုပါတယ်။
ဒါပေမယ့် အဲ့နှစ်ခုပေါင်းစပ်ထားချိန်မှာတော့ လီဖူချန်းအတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
နားလည်ဖို့ ကြိုးစားနေရင်း လမ်းကြောင်းကို ဝင်ဖို့အတွက် သူ့ရဲ့စိတ်သိမှုကို လီဖူချန်းက ခွင့်ပြုလိုက်ပါတယ်။
စိတ်သိမှုက သူတော်စင်အဆင့်ကို ရောက်ရှိနေမှုနဲ့အတူ ဟင်းလင်းပြင်ဥပဒေဿကို နားလည်ဖို့ လီဖူချန်းအတွက် လွယ်ကူတဲ့အချိန်တစ်ခုပါပဲ။သူ့ရဲ့ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်တဲ့ အမြင်ဥာဏ်နဲ့အတူ နားလည်မှုတွေက ဆယ်ဆ ပိုကောင်းလာပါတယ်။
မျက်စိတစ်မှိတ်အတွင်း တစ်လ ကုန်ဆုံးသွားပါပြီး......
လီဖူချန်းရပ်နေတဲ့နေရာက ရုတ်တရက် တွန့်လိမ့်သွားပါတယ်။
နောက်ချက်ချင်းပဲ လီဖူချန်းရဲ့ပုံရိပ်က ပျောက်ကွယ်သွားပါတယ်။
ပြီးနောက် လီဖူချန်းက ဟင်းလင်းပြင်မဟာတောင်ကြားရဲ့ဖုံးကွယ်ထားတဲ့ပိုင်နက်နယ်ပယ်အတွင်းမှာ ပြန်လည်ထွက်ပေါ်လာပါတယ်။
"ဒါက ဟင်းလင်းပြင်တာအိုနှလုံးသားလား"
သူက ဟင်းလင်းပြင်နဲ့ ပေါင်းစပ်ထားသလိုမျိုး လီဖူချန်းက ခံစားမိပါတယ်။ဟင်းလင်းပြင်က ရေဆိုရင် သူက ရေထဲက ငါးတစ်ကောင်ပဲ။သူက ရေနဲ့အတူ ရွေ့လျားနိုင်ပါတယ်။
***