← Chapters

ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးသို့ အပြန်

Vol. 53 Ch. 712

ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးသို့ အပြန်

Vol. 53 Ch. 712

ဟင်းလင်းပြင်မဟာတောင်ကြားရဲ့လျှို့ဝှက်နယ်မြေကို ဝင်ရောက်နိုင်ဖို့ဆိုရင်တော့ ဟင်းလင်းပြင်‌သော့ကို လိုအပ်ပါတယ်။  ဒါပေမယ့်လည်း လီဖူချန်းက သာသာယာယာပဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။

ဟင်းလင်းပြင်မဟာတောင်ကြားအတွင်း လမ်းလျှောက်နေချိန်မှာ လီဖူချန်းက အရင်ကမဖြစ်ဖူးတဲ့လွတ်လပ်မှုမျိုးကို ခံစားနေရပါတယ်။

ဟင်လင်းပြင်တာအိုနှလုံးသားကို မသိပ်သည်းခင်က လီဖူချန်းက အဲလို မခံစားခဲ့ရဖူးပါဘူး။ အခု သူက ဟင်းလင်းပြင်တာအိုနှလုံးသားကို သိပ်သည်းကျစ်လစ်စေပြီးနောက် သူက လှောင်အိမ်မှလလွတ်လာတဲ့ငှက်တစ်ကောင်ပမာ ခံစားနေရပါတယ်။ အခု သူက ကောင်းကင်ပေါ်မှာ ဘာအတီးအဆီးမှမရှိဘဲ ပျံသန်းလွင့်မျောနေပါတော့တယ်။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ဖော်ထုတ်လိုက်တဲ့အခါ ယခုတော့ လိပ်ပြာအသိစိတ်အာရုံက ဟင်းလင်းပြင်ဥပဒေဿနဲ့ ပေါင်းစပ်နိုင်ပြီးဆိုတာကို လီဖူချန်းက ချက်ချင်း ရှာတွေ့သွားပါတယ်၊ အဲဒါက ဟင်းလင်းပြင်ရဲ့နက်ရှိုင်းမှုကို ကြည့်ရှုခွင့် ပေးလိုက်ပါတယ်။

တကယ်ကို မယုံနိုင်စရာပါပဲ၊ ဘာလို့ဆို သူတော်စင်အများစုက သူတို့ရဲ့လိပ်ပြာအသိစိတ်အာရုံကို သုံးပြီး ဟင်းလင်းပြင်ကို ဖြတ်သန်းမမြင်နိုင်လို့ပါပဲ။

အဲလိုမျိုး လုပ်နိုင်တာ နှစ်‌မျိုးနှစ်စားပဲ ရှိပါတယ်။ ပထမတစ်မျိုးက ဟင်းလင်းပြင်တာအိုနှလုံးသားကို သန့်စင်ထားတဲ့ လီဖူချန်းလိုမျိုးနဲ့ ဟင်းလင်းပြင်တာအိုသူတော်စင်မျိုးပေါ့။ အခြားတစ်ခုကတော့ ဝိညာဉ်တာအိုစူးစမ်းလျှို့ဝှက်နည်းလမ်းတွေကို လေ့ကျင့်ထားတဲ့ ဝိညာဉ်တာအိုသူတော်စင်တွေပေါ့။

"ဟင်းလင်းပြင်ဥပဒေဿ၊  ဟင်းလင်းပြင်တာအိုနှလုံးသား"

လီဖူချန်းက ယုံကြည်ချက်ပြင်းပြင်းနဲ့ ပြုံးလိုက်ပါတော့တယ်။

မကြာမီမှာပဲ ဟင်းလင်းပြင်မဟာတောင်ကြားရဲ့လျှို့ဝှက်နယ်‌မြေအတွင်းမှာ သီးခြားဖြစ်နေတဲ့နေရာတစ်ခုကို လီဖူချန်းက တွေ့လိုက်ရပါတယ်။

လီဖူချန်းရဲ့ခန့်မှန်းမှုသာ မမှားဘူးဆိုရင် အဲဒီသီးခြားနေရာက သူတော်စင်ရဲ့ဥယျာဉ်ပဲ ဖြစ်ရပါမယ်။

အလင်းတစ်ချက်တောက်ပမှုနဲ့အတူ လီဖူချန်းက ဟင်းလင်းပြင်ဥယျာဉ်ထဲကို ရွေ့ပြောင်းလိုက်ပါတယ်။

ဘန်း......

ဒါပေမယ့် လီဖူချန်းက ချက်ချင်းပဲ ဖယ်ထုတ်ခံလိုက်ရပါတယ်။

"မယုံနိုင်စရာပဲ"

ရွေ့ပြောင်းခြင်းဖြင့် လီဖူချန်းက မဝင်ရောက်နိုင်လောက်အောင် သူတော်စင်ရဲ့ဥယျာဉ်မှာရှိတဲ့ဟင်းလင်းပြင်ဥပဒေဿက စွမ်းအားကောင်းလွန်းအားကြီးပါတယ်။

ဟင်းလင်းပြင်မဟာတောင်ကြားရဲ့လျှို့ဝှက်နယ်မြေကနေ မထွက်သွားဘဲနဲ့ လီဖူချန်းက ဟင်းလင်းပြင်ကောင်းကင်ဓားအနုပညာရဲ့တတိယမြောက်လှုပ်ရှားကွက်-ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို စတင်ကျင့်ကြံလိုက်ပါတယ်။

ဒီလှုပ်ရှားမှုက အကြွင်းမဲ့သတ်ဖြတ်လှုပ်ရှားကွက်တစ်ခုပါပဲ၊ လှုပ်ရှားမှုတစ်ခုနဲ့တင် လီဖူချန်းက ဘယ်မဟာဧကရာဇ်ကိုမဆို သတ်ဖြတ်ဖို့ ယုံကြည်ချက် ရှိလာပါတယ်။

ဓားနှလုံးသားနဲ့ဟင်းလင်းပြင်တာအိုနှလုံးသားနဲ့ဆိုရင် ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို ‌ကျင့်ကြံရမှာ လီဖူချန်းအတွက် ပိုပြီးလွယ်ကူလာပါ‌တယ်။ တစ်ရက်ထဲနဲ့ မရှိမဖြစ်အရေးကြီးတဲ့အပိုင်းတွေကို နားလည်နိုင်ခဲ့ပါတယ်။

နောက်ထပ် တစ်ပတ်ကြာပြီးနောက်

"ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာ"

လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းတန်းတစ်ခုကို တိုးချဲ့လိုက်ပါတယ်။ ဓားအလင်းအတွင်းမှာရှိတဲ့အရာအားလုံးက ငြိမ်သက်ကာ လှုပ်ရှားမှုကင်းမဲ့နေပါတယ်။

လှုပ်ရှားကင်းမဲနေတယ်လို့ ပြောရမယ့်အစား အရှိန်က တစ်ရာဒါမှမဟုတ်တစ်ထောင်ဆ ပိုနှေးတယ်လို့ ပြောတာက ပိုကောင်းပါတယ်။

"ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာ၊ ဓားတာအိူကမ္ဘာတစ်ခု"

လီဖူချန်းရဲ့မျက်လုံးက နားလည်မှုများစွာဖြာထွက်နေမှုနဲ့အတူ တလက်လက်ဖြစ်နေပါတော့တယ်။

လီဖူချန်းက သွေးအရိပ်အသင်းနဲ့အမှောင်ကလန်တို့ကို ဖယ်ရှားပစ်ချင်ခဲ့ပါတယ်၊ ဒါပေမယ့် ထိုနှစ်ဖွဲ့လုံးက ခြေရာလက်ရာတစ်ခုမှ မကျန်ဘဲ ပျောက်ကွယ်သွားခဲ့ပုံရပါတယ်။

ဒီနှစ်ဖွဲ့က သူ့လက်ထဲမှ ပုန်းကွယ်နေတာကို လီဖူချန်းက သိပါတယ်။

ဧကရာဇ်ကောင်းကင်တိုက်ကြီးက ကြီးမားပြီး သူတို့ကသာ ရည်ရွယ်ချက်ရှိရှိ ပုန်းကွယ်နေမယ်ဆိုရင် လီဖူချန်းအနေနဲ့ ဘယ်လောက်ပဲ စွမ်းရည်ရှိရှိ သူတို့ကို ရှာတွေ့ဖို့ မဖြစ်နိုင်ပါဘူး။

သူ့ရဲ့စိတ်သိမှုက  ဧကရာဇ်ကောင်းကင်တိုက်ကြီးကို လွှမ်းခြုံထားနိုင်မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ သနားစရာကောင်းတာက အဲဒါက မဖြစ်နိုင်ပါဘူး။ သူတော်စင်အများစုကတောင် အဲလို မလုပ်နိုင်ပါဘူး။

ထိုနှစ်ဖွဲ့က သူ့လက်ထဲကနေ ပုန်းနေတာကြောင့် သူတို့ကို ရှာဖွေဖို့အတွက်နဲ့ သူက အချိန်ကို မဖြုန်းတော့ပါဘူး။ သူက ခုနှစ်ရောင်ခြယ်တိုက်ကြီးနဲ့အရှေ့ယူနီကွန်တိုက်ကြီးကို ပြန်သွားဖို့ စီစဉ်လိုက်ပါတယ်။

"ဒီတစ်ခါတော့ ဟင်းလင်းပြင်စွမ်းအားရဲ့တုံ့ပြန်မှုကိုတော့ ငါ ရလိမ့်မယ်လို့တော့ ငါ မထင်ဘူး"

ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ လီဖူချန်းက ဟင်းလင်းပြင်အမှတ်အသားတစ်ခုကို ချန်ထားခဲ့ပါတယ်။ သူက ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးကို ရောက်နေတယ်ဆိုရင်ပင် သူက  ပြန်လာနိုင်ပါတယ်။ သူက အချိန်တွေကို ပိုပြီး အသုံးချဖို့ လိုအပ်တာပေါ့၊ ဒါပေမယ့် ဆယ်နှစ်ထက်တော့ပိုမကြာပါဘူး။

လီဖူချန်းက တည်နေရာရွှေ့ပြောင်းဘုတ်ပြားကို ယူထုတ်ပြီး ချက်ချင်း အသက်သွင်းလိုက်ပါတယ်။ ဟင်းလင်းပြင်က တွန့်လိမ့်သွားပြီး လီဖူချန်းက ရုရုတ်တရက် ပျောက်ကွယ်သွားပါတယ်။

လီဖူချန်း ပြန်ထွက်ပေါ်လာချိန်မှာ သူက ပင်လယ်အထက်မှာ ရှိနေပါပြီး။ သူ့အနေနဲ့ ဘာပြဿနာမှလည်း မဖြစ်ခဲ့ပါဘူး။

ဒါက အံ့ဩစရာတစ်ခု မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အချိန်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့ရဲ့ကျင့်ကြံမှုက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ရှိထားနေပြီး သူက ဟင်းလင်းပြင်တာအိုနှလုံးသားကိုလဲ သိပ်သည်းထားပြီးပြီလေ။ ဟင်းလင်းပြင်စွမ်းအားအနေနဲ့ သူ့အပေါ် တုံ့ပြန်မှုပေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

အနောက်ကို တစ်ချက်ပြန်လှည့်ကြည့်လိုက်ရာ လီဖူချန်းက ဟင်းလင်းပြင်အမှတ်အသားရဲ့တည်ရှိမှုကို ခံစားရနေတုန်းပါပဲ၊ ဒါပေမယ့် အဲဒါကို ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့ဆန္ဒစွမ်းအားက ပိတ်ဆို့တားဆီးထားပါတယ်။ သူက အမှန်တကယ်အကွာအဝေးကိုတော့ မသိနိုင်ပါဘူး၊ ဒါပေမယ့် သူက တိကျတဲ့ဦးတည်ဘက်ကိုတော့ သိပါတယ်။

အသက်ရှုသံကို ထိန်းချုပ်ပြီးနောက် လီဖူချန်းက တည်နေရာရွှေ့ပြောင်းဘုတ်ပြားကို ဆက်ပြီးအသက်သွင်းလိုက်ပါတယ်။

ဆယ်ဆ၊ နှစ်ဆယ်ဆ၊ သုံးဆယ်ဆ........

သူ့ရဲ့ကျင့်ကြံမှု တိုးလာတဲ့အတွက်ကြောင့် ရွှေ့ပြောင်းရေးအကွာအဝေးက ပိုပြီးသေးလာသလားဆိုတာကို လီဖူချန်းက သံသယဖြစ်ခဲ့ရပါတယ်။ မဟုတ်ရင် ၁၀၀နီးပါး ပို့ဆောင်မှုလုပ်ပြီးတာတောင် ဘာလို့ သူက တည်နေရာရွှေ့ပြောင်းဘုတ်ပြားဆီကို မရောက်သေးရတာလဲ။

သူ့ရဲ့‌‌ ရွှေ့ပြောင်းရေးအကွာအဝေးကို အတည်ပြုဖို့အတွက် လီဖူချန်းက ဒီနေရာမှာ ဟင်းလင်းပြင်အမှတ်အသားတစ်ခုကို ချန်ထားပြီးနောက်  တည်နေရာရွှေ့ပြောင်းကြည့်လိုက်ပါတယ်။

"မျှော်လင့်ထားသလိုပါပဲ.........လီဖူချန်းက အနည်းငယ် ပြုံးမိသွားပါတယ်။

ရွှေ့ပြောင်းရေးအကွာအဝေးက သူစိတ်ကူးထားတာထက် ပိုတိုပြီး မိုင်သုံးသိန်းထက် နည်းပါတယ်။ ၁၀၀ကြိမ်ရွှေ့ပြောင်းခြင်းက မိုင်သုံးဆယ်မီလီယံမျှသာ ရှိပါလိမ့်မယ်။

ဒီကြီးမားတဲ့ပင်လယ်ကြီးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မိုင်သုံးဆယ်မီလီယံက ဘာမှ မဟုတ်ပါဘူး။

ချက်ကျစွာ ပြောကြည့်မယ်ဆိုရင် သူ့ရဲ့ဟင်းလင်းပြင်ရွေ့လျားမှုအရှိန်က ဒီရွှေ့ပြောင်းရေးအရှိန်ထက် ပိုပြီးနှေးကွေးမနေလောက်ဘူးလို့ လီဖူချန်းက ခံစားမိပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ကိုယ်ပိုင်စွမ်းအင်ကို သုံးပြီး ခရီးသွားရလောက်တဲ့အထိ လီဖူချန်းက မမိုက်မဲပါဘူး။

ခရီးသွားဖို့အတွက် သူက ရွေ့လျားရေးနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် ဓားစွမ်းအင်ကုန်ဆုံးမှုက မယုံနိုင်လောက်အောင်ပဲ။ သူ့ရဲ့ဓားစွမ်းအင်ကို ကုန်ခမ်းစေဖို့မိုင်မီလီယံအနည်းနဲ့တင်  လုံလောက်ပါတယ်။

အကြိမ် ၅၀၀၊ ၁၀၀၀.......

၂၀၀၀နီးပါး ရွှေ့ပြောင်းပြီးနောက် ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးရဲ့ချီတည်ရှိမှုကို လီဖူချန်းက နောက်ဆုံးတော့ ခံစားရနိုင်ပါပြီး။

တည်နေရာရွှေ့ပြောင်းဘုတ်ပြားကို ကြည့်ပြီးနောက် လီဖူချန်းက အနည်းငယ် ပြုံးလိုက်ရပါတယ်။

နှစ်ထောင်နီပါး ရွှေ့ပြောင်းလာရတာဆိုတော့ တည်နေရာရွှေ့ပြောင်းဘုတ်ပြားက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်ခဲ့ရပုံပါပဲ၊ အက်ကွဲမှုအချို့တောင် ဖြစ်နေပြီးလေ။

"နောက်ဆုံး‌တော့လည်း ဒါက အဆင့်နိမ့်တည်နေရာရွှေ့ပြောင်းဘုတ်ပြားလေးပါပဲ"

တည်နေရာရွှေ့ပြောင်းဘုတ်ပြားတွေက ရှားပါးပါတယ်၊ ဒါပေမယ့် သူတို့ကို အဆင့်လေးဆင့်ခွဲခြားထားပါတယ်။

အဆင့်နိမ့်တည်နေရာရွှေ့ပြောင်းဘုတ်ပြားတွေကတော့ အနိမ့်ဆုံးပါပဲ။ သူတို့ကို အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့သာ ဖြည့်တင်းရပြီး အကွာအဝေးတိုကိုသာ ထောက်ပံ့ပေးနိုင်ပါတယ်။

အလယ်အဆင့်တည်နေရာရွှေ့ပြောင်းဘုတ်ပြားတွေကိုတော့ အလယ်ဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ အားဖြည့်တင်းနိုင်ပြီး ပိုပြီး အကြိမ်ပေါင်းများစွာ ရွှေ့ပြောင်းလို့ရပါတယ်။

အဆင့်မြင့်နဲ့ထိပ်တန်းအဆင့်တည်နေရာရွှေ့ပြောင်းဘုတ်ပြားတွေလည်း ရှိပါတယ်။ ဒါပေမယ့် အလယ်ဆင့်နဲ့အဆင့်နိမ့်တိုက်ကြီးတွေမှာဆိုရင် တည်နေရာရွှေ့ပြောင်းဘုတ်ပြားတွေကအလွန်တန်ဖိုးရှိတဲ့ရတနာတွေပါ။ အဆင့်နိမ့်တည်နေရာရွှေ့ပြောင်းဘုတ်ပြားကတောင် တန်ဖိုးရှိပါတယ်။ အရေးကြီးဆုံးတော့ တစ်ယောက်မှ တည်နေရာရွှေ့ပြောင်းဘုတ်ပြားတွေကို မထုတ်လုပ်နိုင်ပါဘူး။

***

အဝေးကနေပြီး လီဖူချန်းက ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးကို မြင်နိုင်ပါတယ်။

"ဘာဖြစ်နေတာပါလဲ"

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ ကြည့်ရှုပြီးနောက် သူက မြေ‌ပြာရောင်တိုက်ကြီးနဲ့ မျက်နှာချင်းဆိုင်ထားပြီး မရေမတွက်နိုင်လောက်တဲ့နတ်ဆိုးသားရဲ‌တွေ၊ ပင်လယ်သားရဲတွေက ကုန်းမြေကြီးကို ဖျက်ဆီးနေတာကို လီဖူချန်းက နားလည်သွားရပါတယ်။

မြေပြာရောင်တိုက်ကြီးကို အပြာရောင်ထင်းရှူးအိမ်တော်က အုပ်ချုပ်တာပါ။ သူတို့ပြုလုပ်နိုင်တဲ့အရာက ခုခံဖို့အတွက် အစီအရင်တွေကို ဖွင့်လိုက်ခြင်းပါပဲ။ ပြန်တိုက်နိုင်တဲ့စွမ်းရည်က သူတို့မှာ မရှိပါဘူး။

လီဖူချန်းက မျက်မှောင်ကြုတ်ပြီး သူ့ရဲ့အရှိန်ကို တိုးကာ အပြာရောင်ထင်းရှူးအိမ်တော်ဘက်ကို ဦးတည်လိုက်ပါတယ်.......

ဘုံး၊ ဘုံး၊ ဘုံး.........

အပြာရောင်ထင်းရှူးအိမ်တော်ရဲ့အပြင်ဘက်မှာ အစီအရင်ကို တိုက်ခိုက်နေတဲ့နတ်ဆိုးသားရဲဘုရင်တစ်ရာလောက်ရှိနေပါတယ်။

နတ်ဆိုးသားရဲဘုရင်တစ်ရာကြားထဲမှာ အလွန်စွမ်းအားကောင်းတဲ့နတ်ဆိုးသားရဲဘုရင်တစ်ကောင်ရှိနေပါတယ်။ သူက တစ်ကြိမ် တိုက်ခိုက်လိုက်တိုင်း အပြာရောင်ထင်းရှူးအိမ်တော်ရဲ့အစီအရင်ကို တုန်ခါမှုများစွာ ဖြစ်စေပါတယ်။

တစ်ချက်ကြည့်လိုက်ပြီးနောက် အဲဒီသားရဲဘုရင်ရဲ့ခွန်အားက အလယ်ဆင့်တိုက်ပွဲဝင်ဧကရာဇ်တွေနဲ့ နှိုင်းယှဉ်နိုင်တာကို သိလိုက်ရပါတယ်။

အကြိုဧကရာဇ်တွေက သာမန်အလယ်ဆင့်တိုက်ကြီးတစ်ခုမှာဆိုရင် အလွန်ကြောက်စရာကောင်းပါတယ်။ တိုက်ပွဲဧကရာဇ်တစ်ယောက်သာ ဆိုရင်တော့  တိုက်ကြီးတစ်ခုလုံးကို အလွယ်တကူ လွှမ်းမိုးနိုင်ပါလိမ့်မယ်။

လီဖူချန်း ချည်းကပ်လာတာကို မြင်ပြီး နတ်ဆိုးသားရဲဘုရင်တစ်ကောင်က သူ့ထံ ပြေးဝင်လာပါတယ်။

ဘန်း........

နတ်ဆိုးသားရဲဘုရင်က လီဖူချန်းအနားကို မချည်းကပ်နိုင်ခင် လီဖူချန်းရဲ့ချီတည်ရှိမှုကြောင့် သူက သွေးမြုတစ်ခုအဖြစ်ကို ပြောင်းလဲသွားလိုက်ရပါတယ်။

ချက်ချင်းပဲ လီဖူချန်းက လက်ကို ဝှေ့ယမ်းပြီး ခန့်ညားပြီးပြင်းထန်တဲ့အားတစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။

ဖစ် ဖစ် ဖစ် ဖစ်........

ထိတ်လန့်စရာမြင်ကွင်းတစ်ခုက အပြာရောင်ထင်းရှူးအိမ်တော်အဖွဲ့ဝင်တွေရဲ့ရှေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ စွမ်းအားအပြင်းဆုံးနတ်ဆိုးသားရဲဘုရင်အပါအဝင် သားရဲဘုရင်အကုန်လုံးက သွေးမြူအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားကြပါတယ်။ လေတိုက်ခဆ်မှုတစ်ခုနဲ့အတူ သူတို့အားလုံးက ခြေရာလက်ရာတစ်ခုမှမကျန်ဘဲ ပျောက်ကွယ်သွားပါတော့တယ်။

"ဒီလိုစွမ်းအားမျိုး"အပြာရောင်ထင်းရှူးအိမ်တော်သခင်ရဲ့မျက်လုံးတွေက ကျုံ့သွားပါတော့တယ်။

နတ်ဆိုးသားရဲဘုရင်တစ်ရာကို ဖယ်ရှားပြီးနောက် လီဖူချန်းက ရပ်တန့်မနေဘဲ ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးပေါ်ရှိ အခြားတိုက်တွေဆီကို ပျံသန်းသွားလိုက်ပါတယ်။

ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးရဲ့စိတ်တန်ခိုးစွမ်းအား က လီဖူချန်းကို ဖိနှိပ်နိုင်ပါတယ်၊ ဒါပေမယ့်လည်း လီဖူချန်းရဲ့ကျင့်ကြံမှုက မြင့်မားလွန်းပါတယ်။ နတ်ဆိုးသားရဲဘုရင်တွေလောက်ကတော့ ပြဿနာ မရှိပါဘူး။

နေ့တစ်ဝက်ခန့်ကြာပြီးနောက် လီဖူချန်းက မြေနီရောင်တိုက်ကြီးပေါ်မှာရှိတဲ့သက်တံ့နီဂိုဏ်းရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာခဲ့ပါတယ်။

အခြားတိုက်တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင် မြေနီရောင်တိုက်ကြီးက အဆိုးဝါးဆုံးအနေအထားမှာ ရှိနေပါတယ်။ အနည်းဆုံး နတ်ဆိုးသားရဲဘုရင်ထောင်ပေါင်းများစွာက သည်နေရာမှာ စုဝေးနေပြိး တိုက်ပွဲဧကရာဇ်ခွန်အားနဲ့ညီမျှတဲ့ သုံးကောင်လည်း ရှိပါတယ်။ မြေနီရောင်တိုက်ကြီးရဲ့ဘေးနားမှာ ရှိတဲ့ ပင်လယ်နီထဲမှာ လီဖူချန်းက နတ်ဆိုးသားရဲမင်းရဲ့တည်ရှိမှုကို ခံစားနိုင်ပါတယ်။

""အနီရောင်ရေဒေါသနဂါးက နတ်ဆိုးသားရဲမင်းအဖြစ်ကို ဆင့်ကဲပြောင်းလဲသွားပြီးပဲ"

အနက်ရောင်ရေဒေါသနဂါးမင်းရဲ့အလောင်းကို ရရှိပြိးနောက် အနီရောင်ရေဒေါသနဂါးဘုရင်က ရာစုနှစ်တစ်ခုထက် နည်းပါးတဲ့အချိန်ကို အသုံးပြုခဲ့ရသည်ကား သိသာလှပါတယ်။ လီဖူချန်းကသာ အချိန်မီပြန်မရောက်လာဘူးဆိုရင် ခုနှစ်ရောင်ခြယ်တိုက်ကြီးက နတ်ဆိုးသားရဲတွေရဲ့ကမ္ဘာတစ်ခုအဖြစ်ကိူ ပြောင်းလဲသွားနိုင်တယ်။

ပြီးတော့ နတ်ဆိုးသားရဲမင်းတစ်ကောင်ရဲ့အလောင်းက နတ်ဆိုးသားရဲဘုရင်တွေအတွက် အကျိုးရှိလွန်းပါတယ်။ အနီရောင်ရေဒေါသနဂါးဘုရင်က သေးငယ်တဲ့အပိုင်းတစ်ခုကို အသုံးပြုခဲ့ပြီး ကျန်တာတွေကိုတော့ အားကောင်းတဲ့နတ်ဆိုးသားရဲဘုရင်တွေကို ဖန်တီးဖို့အတွက် အသုံးပြုခဲ့ပါတယ်။

***

All Chapters