ဆက်သွယ်မှုများ
Vol. 53 Ch. 713
သက်တံနီဂိုဏ်း၏အကျပ်အတည်းကို မြင်ပြီးနောက် လီဖူချန်းက သူ၏လက်ကို ဝှေ့ယမ်းလျက် နတ်ဆိုးသားရဲဘုရင်ထောင်ပေါင်းများစွာအား ရှင်းပစ်လိုက်ပါတော့တယ်။
သူက အနီရောင်ပင်လယ်ကို ရောက်ရှိသွားပါပြီး။
လူသားတစ်ယောက်က ရုတ်တရက် သူ့ရဲ့အရှေ့ ကို ရောက်လာတာကို မြင်ပြီး ပင်လယ်နီ၏ဘုရင်ကြီး၊ ယခု အနီရောင်ရေဒေါသနဂါးမင်းက ကြက်သေသေသွားလေတယ်။
လီဖူချန်းက စကားများမနေတော့ပါဘူး။ သူက အနီရောင်ရေဒေါသနဂါးမင်းကို ချေမှုန်းပစ်လိုက်ပါတော့တယ်။
ဒါပေမယ့် ဒီတစ်ခါမှာတော့ သူက အနီရောင်ရေဒေါသနဂါးမင်းကို သွေးမြူအဖြစ် မပြောင်းလဲလိုက်ပါဘူး။ သူက အလောင်းကို လိုချင်သေးတယ်လေ။ နတ်ဆိုးသားရဲမင်းရဲ့အလောင်းက အရမ်းတန်ဖိုး ရှိပါတယ်။ သူ့အတွက် အသုံးမဝင်ဘူးဆိုရင်တောင် သက်တံနီဂိုဏ်းအတွက် အလွန်အသုံးဝင်မှာပါ။
အနီရောင်ရေဒေါသနဂါးမင်းရဲ့အလောင်းကို သယ်ပြီး လီဖူချန်းက သက်တံနီဂိုဏ်းကို ပြန်သွားလိုက်ပါတယ်။
"မင်းက"သက်တံနီဧကရာဇ်က လီဖူချန်းကို မမှတ်မိပါဘူး။
လီဖူချန်းက ပြောလိုက်ပါတယ်"ငါက လီဖူချန်းဖြစ်ပြီး သက်တံနီဂိုဏ်းရဲ့တပည့် တစ်ခါဖြစ်ခဲ့ပါတယ်။ သက်တံနီဂိုဏ်းက ဧကရာဇ်ကောင်းကင်တိုက်ကနေ ပြန်ဆုတ်ခွာသွားတဲ့အချိန်မှာ ငါက အဲ ဒီမှာပဲ ကျန်ရှိနေခဲ့တယ်"
"မင်းက ငါတို့သက်တံနီဂိုဏ်းရဲ့တပည့်လား"သူများ နားကြားမှားသလားလို့ သက်တံနီဧကရာဇ်က သံသယဖြစ်သွားခဲ့ပါတယ်။
အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနဲ့အတူ သက်တံနီဧကရာဇ်က ယခု တိုက်ပွဲဧကရာဇ်တစ်ယောက်ရဲ့ခွန်အားကို ရရှိထားပါပြီး။ သူက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်ချင်းတယ်ဆိုရင်တော့ ရာစုနှစ်အနည်းလိုအပ်ပါတယ်။ ဒါပေမယ့် အခု တပည့်လီဖူချန်းကတော့ ဟင်းလင်းပြင်ဥပဒေဿနယ်ပယ်ကို ရောက်ရှိနေခဲ့ပါတယ်။
သက်တံနီဧကရာဇ်က ကမ္ဘာကြီးအပေါ် သူ့ရဲ့အမြင်ကို ပြောင်းလဲသင့်ပြီးလို့ ခံစားမိသွားပါတော့တယ်။
အရာအားလုံး ပြီးဆုံးပြီးနောက် အချိန် အနည်းငယ်ကြာအထိ လီဖူချန်းက သက်တံနီဂိုဏ်းမှာ နေထိုင်ခဲ့ပါတယ်။
"သက်တံနီဂိုဏ်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးကို ပြန်သွားချင်လား"လီဖူချန်းက သက်တံနီဧကရာဇ်ကို မေးလိုက်ပါတယ်။
"အင်း......ဒါပေမယ့် ဧကရာဇ်ကောင်းကင်တိုက်ကြီး........"သက်တံနီဧကရာဇ်က တုံ့ဆိုင်းနေခဲ့ပါတယ်။ ဧကရာဇ်ကောင်းကင်တိုက်ကြီးက အသက်ရှင်သန်နေထိုင်ဖို့ လွယ်ကူတဲ့နေရာတစ်ခု မဟုတ်ဘူးလေ။
"ငါက ဧကရာဇ်ကောင်းကင်တိုက်ကြီးတစ်ခုလုံးကို အမိန့်ပေးနိုင်တယ်၊ သက်တံနီဂိုဏ်းတစ်ခုလုံးပြောင်းရွှေ့သွားရင်တောင်မှ အဆင်ပြေပါတယ်"လီဖူချန်းက ပြောလိုက်ပါတယ်။
"တကယ်ပဲလား"သက်တံနီဧကရာဇ်နဲ့အခြားအကြီးအကဲတွေက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပါတော့တယ်။
လီဖူချန်းပြောတာက မှန်တယ်ဆိုရင် သူက သာမန်ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တစ်ယောက် မဟုတ်လောက်ပါဘူး၊ ဒါပေမယ့် မဟာဧကရာဇ်တစ်ယောက်ပေါ့။
လူတိုင်းက ကြောင်အသွားကြပါတော့တယ်။
လီဖူချန်းက ဆက်ပြောလိုက်ပါတယ်"တစ်ခုတည်းသောပြဿနာက ဧကရာဇ်ကောင်းကင်တိုက်ကြီးကို မသွားခင် အရင်ဆုံး အဆင့်နိမ့်တိုက်ကြီးတစ်ခုကို သွားဖို့လိုလိမ့်မယ်"
အရှေ့ယူနီကွန်တိုက်ကြီးနဲ့ဧကရာဇ်ကောင်းကင်တိုက်ကြီးတို့ ဆက်သွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုရှိပါတယ်။ သူတစ်ယောက်တည်းဆိုရင်တော့ အဲဒါက ပြဿနာမဟုတ်ပါဘူး၊ ဒါပေမယ့် လူတွေက များလွန်းပါတယ်။ တိုက်ကြီးနှစ်ခုကြား အကွာအဝေးက အတော်လေး ဝေးလံလွန်းပါတယ်၊ ဒါက အခက်အခဲအချို့ကို ဖြစ်စေပါတယ်။ အရှေ့ယူနီကွန်တိုက်ကြီးရဲ့ဆန္ဒစွမ်းအားက ပြန်လည်မွေးဖွားခြင်းနယ်ပယ်အထက်က လူတွေကို သတ်လိမ့်မလားဆိုတာကိုတော့ သူလည်း မသိပါဘူး။ လီဖူချန်းက မကြောက်ပါဘူး၊ ဒါပေမယ့် အခြားသူတွေကတော့ မတူဘူးလေ။
သက်တံ့နီဂိုဏ်းချုပ်က တုံ့ပြန်လိုက်ပါတယ်"စိုးရိမ်စရာမလိုပါဘူး။ ငါ့ရဲ့သက်တံနီဂိုဏ်းမှာ ဧကရာဇ်ကောင်းကင်တိုက်ကြီးသို့ ဖုံးကွယ်ထားတဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုရှိပါတယ်။ ဟင်းလင်းပြင်ပုံဆောင်ခဲကို ဒီနေရာမှာရှိတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ပေါ် ထည့်လိုက်တာနဲ့ ငါတို့က တိုက်ရိုက်သွားလို့ရပြီး"
"အဲဒါက အကောင်းဆုံးပဲ"သက်တံနီဂိုဏ်းမှာ အဲဒိီလိုစီစဉ်မှုတွေ ရှိထားလိမ့်မယ်လို့ လီဖူချန်းက မထင်ထားပါဘူး။
သက်တံနီဂိုဏ်းမှာ ရက်အနည်းငယ်ကြာ နေပြီးနောက် လီဖူချန်းက တောင်ဘက်တောအုပ်သိုင်းတက္ကသိုလ်ဆီကို ခရီးနှင်လိုက်ပါတယ်။ ဌာနမှူးမုံ့ချီးဟန် မူလပင်လယ်နယ်ပယ်ကို ဖြတ်ကျော်နိုင်ဖို့အတွက် အရင်းအမြစ်အချို့ကို သူက ထောက်ပံ့ပေးလိုက်ပါတယ်။ ပြီးနောက် သူရင်းနှီးတဲ့လူတွေထံ အရင်းအမြစ်တွေကို ဖြန့်ဝေပေးလိုက်ပါတယ်။
ပြီးနောက် လီဖူချန်းက တည်နေရာရွှေ့ပြောင်းဘုတ်ပြားကို အသက်သွင်းပြီး အရှေ့ယူနီကွန်တိုက်ကြီးဆီကို ပြန်သွားလိုက်ပါတယ်။
လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးကို ပြန်ရောက်ချင်းချင်း တိုက်ကြီးစိတ်တန်ခိုးစွမ်းအား က တုံ့ပြန်လိုက်ပါတယ်။ အဲဒါက ဖျက်ဆီးခြင်းလှိုင်းတစ်ခုကို လီဖူချန်းထံ ပို့လွှတ်လိုက်ပါတယ်။
လီဖူချန်းရဲ့ကျင့်ကြံမှူနယ်ပယ်က မြင့်မားလွန်းတာကြောင့် အရှေ့ယူနီကွန်တိုက်ကြီးက ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရပါတယ်။
"အမ်"လီဖူချန်းက အတော်လေး အံ့အားသင့်သွားပါတယ်။
အရှေ့ယူနီကွန်တိုက်ကြီးက သူ့ကို မဖိနှိပ်နိုင်ဘူးလို့ လီဖူချန်းက တွေးထားတာပါ။ အရှေ့ယူနီကွန်တိုက်ကြီးက ဒိီလေက်စွမ်းအားပြင်းလိမ့်မယ်လို့ သူက မထင်ထားပါဘူး။ ဒီဖိနှိပ်မှုအဆင့်က ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးထက် ပိုပြီး သန်မာပါတယ်။
စိတ်ဝိညာဉ်စွမ်းရည်ကို အသုံးပြုပြီးနောက် လီဖူချန်းရဲ့ချီတည်ရှိမှုက ချက်ချင်း ပျောက်သွားပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ဖျက်ဆီးခြင်းလှိုင်းက ဖြည်းဖြည်းချင်း လျော့ကျသွားလေတယ်။
"အရှေ့ယူနီကွန်တိုက်ကြီးက ရိုးရှင်းတဲ့အဆင့်နိမ့်တိုက်ကြီးတစ်ခု မဟုတ်လောက်ဘူးနဲ့ တူတယ်"လီဖူချန်းက သူ့ရာသူ ပြောလိုက်ပါတယ်။
အရှေ့ယူနီကွန်တိုက်ကြီးက သူထွက်သွားခဲ့တဲ့အချိန်ကနဲ့ တူညီလုနီးပါးပါပဲ။ တစ်ခုတည်းသောခြားနားချက်ကတော့ လူအများစုက ရွှေ့ပြောင်းရေးအစီအရင်ကို သုံးပြီး အရှေ့ယူနီကွန်တိုက်ကြီးက ထွက်ခွာသွားကြခြင်းပါပဲ။
အရှေ့ယူနီကွန်တိုက်ကြီးတစ်ခုလုံးကို ရှာဖွေဖို့ လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဏ်သိစိတ်ကို အသုံးပြုလိုက်ပါတယ်၊ ပြန်လည်မွေးဖွာခြင်းနယ်ပယ်ကျွမ်းကျင်သူတစ်ယောက်ကိုမှ မမြင်နိုင်ပါဘူး။
ကံကောင်းတာက လီကလန်နဲ့အဇူရာရေဂိုဏ်းက သူဂရုစိုက်တဲ့သူအများစုက ရှိနေတုန်းပါပဲ။
အရှေ့ယူနီကွန်တိုက်ကြီးရဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေလိုတာကြောင့် လီဖူချန်းက ချက်ချင်း မပြန်ပါဘူး။
ပထမဆုံး လီဖူချန်းက ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေရဲ့အနီးကို ရောက်ရှိသွားပါတယ်။
သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို သုံးပြီး လေ့လာပြီးနောက် လီဖူချန်းက ဟင်းလင်းပြင်ဇုန်တစ်ခုကို တွေ့လိုက်ရပါတယ်။
သူခန့်မှန်းတာ မမှားဘူးဆိုရင်တော့ ဟင်းလင်းပြင်ဇုန်က ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေပဲ ဖြစ်ပါလိမ့်မယ်။
ဘန်း.......
သူက ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေထဲကို အမှန်တကယ် ဝင်ရောက်နိုင်သွားတဲ့အတွက် လီဖူချနိးက အံ့သြသွားပါတော့တယ်။
ဒါက ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေကသူတော်စင်တစ်ယောက်ဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေတစ်ခုဆိုတာကို ဆိုလိုပါတယ်။ ဒါက သဘာဝအတိုင်းဖြစ်ပေါ်လာတဲ့လျှို့ဝှက်နယ်မြေတစ်ခုဆိုရင်လည်း သူက ဝင်နိုင်သင့်ပါတယ်။
"ဟုတ်ပြီး၊ ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေက လျီု့ဝှက်နယ်မြေရဲ့စိတ်ဝိညာဉ်ဖြစ်ရမယ်။ စိတ်ဝိညာဉ်ရှိတဲ့ အခြားလျှို့ဝှက်နယ်မြေတွေကို ငါ တစ်ခုမှ မကြားဖူးဘူး။
လီဖူချန်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပါတယ်။
ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာလည်း လျှို့ဝှက်နယ်မြေတွေ အများကြီးရှိပြီး တော်တော်များများကိုတော့ သူတော်စင်တွေက ဖန်တီးထားတာပဲ။ ဒါပေမယ့်လည်း တစ်ခုမှာမှ လျှို့ဝှက်နယ်မြေစိတ်ဝိညာဉ် မရှိပါဘူး
ကြယ်လမ်းက ဘယ်မှာလဲဆိုတာကို ငါ သိချင်တယ်"
လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ဟင်းလင်းပြင်ကို ပျံ့နှံ့သွားပြီး အရှေ့ယူနီကွန်တိုက်ကြီးရဲ့အနီးနားပင်လယ်ဒေသတွေကို စတင်ရှာဖွေလိုက်ပါတယ်။ ဒါပေမယ့်လည်း သူက ကြယ်လမ်းလျှို့ဝှက်နယ်မြေရဲ့မည်သည့်အရိပ်အယောင်ကိုမှ မတွေ့ရပါဘူး။
အဆုံးမှာတော့ လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်တွေတစ်ခုကိုမှ ရှာမတွေ့နိုင်သွားပါဘူး။
နောက်ဆုံးမှာတော့ သူက တောင်ကြားထဲရှိတည်နေရာရွှေ့ပြောင်းရေးအစီအရင်ဆီကို ရောက်ရှိသွားပါတယ်။
ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က အရှေ့ယူနီကွန်တိုက်မှ လူတိုင်းကို ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီကို ပို့ဆောင်ပေးနိုင်ပါတယ်။
ဒါပေမယ့် အဲဒါက ကျင့်ကြံမှုနယ်ပယ်တွေကို ကန့်သတ်လိမ့်မလားကိုတော့ လီဖူချန်းက မသိပါဘူး။
တည်နေရာရွှေ့ပြောင်းရေးအစီအရင်က တည်နေရာရွှေ့ပြောင်းဘုတ်ပြားနဲ့ မတူပါဘူး။ တည်နေရာရွှေ့ပြောင်းဘုတ်ပြားက ပိုပြီး ဆန်းပြားကာရှုပ်ထွေးပါတယ်။ ဒါကြောင့် ရွှေ့ပြောင်းရေးအကွာအဝေးက မလုံလောက်ဘူးဆို ရင်တောင် တစ်စုံတစ်ယောက်က ရွှေ့ပြောင်းနိုင်ပါလိမ့်မယ်၊ ဒါပေမယ့်လည်း အလယ်လောက်ကျရင် ဟင်းလင်းပြင်ကနေ ထွက်ကျသွားပါလိမ့်မယ်။ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ရှိဟင်းလင်းပြင်ပုံဆောင်ခဲက လုံလုံလောက်လောက်မကြီးဘူးဆိုရင် ဒါမှမဟုတ် ရွှေ့ပြောင်းသူရဲ့ကျင့်ကြံမှုက မြင့်မားလွန်းရင် ရွှေ့ပြောင်းရာမှာ အမှားတစ်ခု ဖြစ်သွားနိုင်ပါတယ် ဒါမှမဟုတ် ရွှေ့ပြောင်းမှုက ကျဆုံးသွားပါလိမ့်မယ်။
ပြီးတော့ ပြန်လမ်းမွေးဖွားခြင်းနယ်ပယ်ကျွမ်းကျင်သူနဲ့ဥပဒေဿပြောင်းလဲမှုနယ်ပယ်ဧကရာဇ်တွေကြားရှိ ခြားနားချက်က ကြီးမားလွန်းပါတယ်။
မပြန်ခင် အရှေ့ယူနီကွန်တိုက်ကြီးရဲ့ရွှေ့ပြောင်းရေးအစီအရင်ကို စမ်းကြည့်ဖို့ လီဖူချန်းက စီစဉ်ထားလိုက်ပါတယ်။ ဟင်းလင်းပြင်တာအိုနှလုံးသားနဲ့ဆိုရင် ရွှေ့ပြောင်းရာမှာ အမှားတစ်ခုဖြစ်ရင်တောင်မှ အန္တရာယ်မရှိလောက်ဘူးလို့ သူက ယုံကြည့်ထားပါတယ်။ အဲဒါက အလုပ်မလုပ်ဘူးဆိုရင် သူက ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီကို ဖြည်းဖြည်းချင်း ပြန်သွားရပါလိမ့်မယ်။
ကံကောင်းတာက ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးက ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ချိတ်ဆက်ထားပြီးဖြစ်တာကြောင့် သူက စမ်းသပ်ဖို့ မလိုပါဘူး။
"အမ်"
ဂရုတစိုက်စစ်ဆေးပြီးနောက် ဒါက ပုံမှန်တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုမဟုတ်တာကို လီဖူချန်းက ရုတ်တရက် သိလိုက်ရပါတယ်။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ဖြတ်သန်းပြီး သူက ဟင်းလင်းပြင်ရဲ့အနက်ပိုင်းကို ကြည့်ရှုလိုက်တဲ့အခါ မြားပုံသဏ္ဍာန်အစီအရင်ပုံစံတွေ ရှိနေပါတယ်။ ဒါ့အပြင် ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က မည်သည့်ဟင်းလင်းပြင်ပုံဆောင်ခဲကိုမှ အသုံးမပြုပါဘူး။
"ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို တည်ဆောက်ခဲ့တဲ့ပုဂ္ဂိုလ်ရဲ့ဟင်းလင်းပြင်ဥပဒေဿကျွမ်းကျင်မှုက ငါ့ထက် ဆယ်ဆ သေချာပေါက် ပိုသာရမယ်"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားပါတော့တယ်။
ဟင်းလင်းပြင်ပုံဆောင်ခဲကို အသုံးမပြုဘဲ တည် နေရာရွှေ့ပြောင်းရေးအစီအရင်ကို ရေးဆွဲနိုင်ဖို့ဆိုတာ ထိုလူက သာမန်အစီအရင်သူတော်စင်တစ်ယောက် မဟုတ်လောက်ပါဘူး၊ သူက ဟင်းလင်းပြင်တာအိုသူတော်စင်တစ်ယောက်လည်း ဖြစ်မှာ သေချာပါတယ်။
.
"ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က ငါ့ကို ဧကရာဇ်ကောင်းကင်တိုက်ကြီးဆီကို အမှန်တကယ် ပို့ပေးနိုင်ပုံပဲ"လီဖူချန်းက သူ့ရာသူ ပြောလိုက်ပါတယ်။
လီဖူချန်းက လီကလန်ကို ပြန်သွားလိုက်ပါတယ်။
လီဖူချန်း ထွက်သွားတာ အချိန်အတော်ကြာပါပြီး။ သူက ရုတ်တရက် ပြန်လာလိမ့်မယ်လို့ တစ်ယောက်မှ မမျှော်လင့်ထားပါဘူး။
လီကလန်က အကြီးအကျယ်ပြောင်းလဲသွားပါပြီး။ အတိတ်တုန်းကဆိုရင် လီကလန်မှာ ကမ္ဘာတုန်လှုပ်နယ်ပယ်သိုင်းပညာရှင်တွေ အများကြီးမရှိပါဘူး၊ အခု ကလန်တစ်ခုလုံးမှာ ကမ္ဘာတုန်လှုပ်နယ်ပယ်သိုင်းပညာရှင်တွေနဲ့ ပြည့်နှက်နေပါတယ်။ မဟာကောင်းကင်နယ်ပယ်သိုင်းပညာရှင်တွေက ဆယ်ယောက်ထက် ပိုပါဆယ်။ ပြန်လည်မွေးဖွာခြင်းနယ်ပယ်ကျွမ်းကျင်သူတွေအနေနဲ့ လီဖူချန်းကဲ့မိဘများသာ ရှိကြပါတယ်၊ လီရှန်းဟန်နဲ့ရှန်းယုယန်တို့ပါပဲ။
သူ့ရဲ့မိဘတွေက သူ့အတွက် ညီမတစ်ယောက် လုပ်ပေးထားတာကို တွေ့ပြီး လီဖူချန်းက အံ့အားသင့်သွားပါတော့တယ်။ သူမရဲ့နာမည်က လီဖူရှန်းဖြစ်ပြီး ခြောက်နှစ်သာ ရှိသေးပါတယ်။ သူမက စကားပြောချင်နေသော်လည်း မဝဲ့ရဲပါဘူး။
လီဖူချန်းက ရယ်ပြီး သူမကို ချီလိုက်ပါတယ်။
မိဘတွေရဲ့ကျင့်ကြံမှုအဆင့်နဲ့ချီကံကြမ္မာကြောင့် ဖြစ်နိုင်ပါတယ်၊ ဒီကလေးမလေးရဲ့အရိုးတည်ဆောက်ပုံက လီဖူချန်းထက် ပိုကောင်းပါတယ်။ အဆင့်ငါးအရိုးတည်ဆောက်ပုံ ဖြစ်လောက်ပါတယ်။
မွေးရာပါအဆင့်ငါးအရိုးတည်ဆောက်ပုံရှိခြင်းက နောက်မှ အဆင့်ငါးအရိုးတည်ဆောက်ပုံရှိခြင်းနဲ့ မတူပါဘူး။ ကျင့်ကြ့ခြင်းတူနေမယ်ဆိုရင် မွေးရာပါအဆင့်ငါးအရိုးတည်ဆောက်ပုံက တိတိကျကျ ပိုကောင်းပါတယ်။
သူ့ရဲ့ညီမလေးက မွေးရာပါအဆင့်ငါးအရိုးတည်ဆောက်ပုံရှိတာကြောင့် အရှေ့ယူနီကွန်တိုက်ကြီးမှာ ဆိုရင်ပင် သူမက ပြန်လည်မွေးဖွားခြင်းနယ်ပယ်အထိ ကျင့်ကြံနိုင်လိမ့်မှာပါ။
လီဖူချန်းက အရှေ့ယူနီကွန်တိုက်ကြီးမှာ အကြာကြီးနေဖို့ အစီအစဉ် မရှိပါဘူး။ နောက်တစ်နေ့မှာ လီကလန်နဲ့အဇူရာရေဂိုဏ်းတို့ကို သူ့ရဲ့ရည်ရွယ်ချက်ကို ပြောပြလိုက်ပါတယ်။
လူတိုင်းက သဘောတူလိုက်ကြပါတယ်။
ဒါကြောင့် ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးကို ဦးတည်ဖို့ နည်းလမ်းတွေကို လီဖူချန်းက စတင်စဉ်းစားလိုက်ပါတော့တယ်။
နည်းလမ်းနှစ်ခုရှိပါတယ်၊ တစ်ခုက သင်္ဘောကြီးတစ်ခုကို တည်ဆောက်ပြီး ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးဆီကို ပယ်လယ်ကနေ ဖြတ်သွားဖို့ပါပဲ။ လီဖူချန်းရှိနေတာကြောင့် လမ်းမှာ အန္တရာယ်ရှိလိမ့်မှာ မဟုတ်ပါဘူး။
ဒါပေမယ့်လည်း ဒီနည်းလမ်းက အချိန်အများကြီးကြာပါတယ်၊ အနည်းဆုံး နှစ်အနည်းငယ် လိုအပ်ပါတယ်။
ဒုတိယနည်းလမ်းက တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကထု တည်ဆောက်ဖို့ပါပဲ။ ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးနဲ့အရှေ့ယူနီကွန်တိုက်ကြီးကို တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုနဲ့ ချိတ်ဆက်းထားသမျှ ကာလပတ်လုံး သူတို့က အပြန်အလှန်သွားလာနိုင်ပါလိမ့်မယ်။
ထိုဟာကို ချက်ချင်း ဆောင်ရွက်ဖို့အတွက် လီဖူချန်းက ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးကို ပြန်သွားလိုက်ပါတော့တယ်။
ရွှေ့ပြောင်းရေးအစီအရင်တည်ဆောက်မှုက အတော်လေးကြာပါတယ်၊ လအနည်းငယ်ကြာပြီးမှသာ တည်ဆောက်ပြီးသွားပါတယ်။
ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က အလယ်အဆင့်ဖြစ်ပြီး တစ်ကြိမ်မှာ လူတစ်ရာကို ပို့ဆောင်နိုင်ပါတယ်။ ရွှေ့ပြောင်းမှုက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးငါးဆယ်မီလီလယံလောက်ကို လိုအပ်ပါတယ်၊ ပျမ်းမျှအနေနဲ့ တစ်ဦးချင်စီက အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးငါးရာ လိုအပ်မှာပါ။ အဆင့်နိမ့်စိတ်ဝိညာဉ်ကျောက်တုံးသုံးစွဲခြင်းက တည်နေရာရွှေ့ပြောင်းဘုတ်ပြားထက် ပိုမြင့်မားသည်က သိသာလှပါတယ်။ ကံကောင်းတာက လီဖူချန်းက စိတ်ဝိညာဉ်ကျောက်တုံးတွေအမြောက်
အများကို ပိုင်ဆိုင်ထားနိုင်ခြင်းပါပဲ။
***