ကျိန်စာစစ်သည်
Vol. 53 Ch. 714
ဧကရာဇ်ကောင်းကင်တိုက်ကြီး၊ မြေအောက်လိုဏ်ဂူကြီးတစ်ခုမှာ.......
ဘတ်.........
အလင်းတန်းတစ်ခုက မြင့်တက်လာပြီး လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာပါတယ်။
ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးနဲ့ဧကရာဇ်ကောင်းကင်တိုက်ကြီးကို ချိတ်ဆက်ထားတဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်က အလယ်အဆင့်တည် နေရာရွှေ့ပြောင်းရေးအစီအရင်ပါ။ တည်နေရာရွှေ့ပြောင်းရေးအစီအရင်အသီးသီးက အယောက်နှစ်ဆယ်ကို သယ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် လီဖူချန်းရဲ့ကျင့်ကြံမှုအဆင့်က မြင့်မားလွန်းပါတယ်။ သူတစ်ယောက်တည်းနဲ့ လူအယောက်နှစ်ဆယ်နဲ့ ညီမျှနေပါတယ်။ ကံကောင်းတာတစ်ခုက သူက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့တတိယအဆင့်မျှသာ ရှိသေးတာပါ။ သူသာ အဆင့်မြင့်ဧကရာဇ်တစ်ယောက်ဆိုရင် သူက ရွှေ့ပြောင်းနိုင်မှာ မဟုတ်ပါဘူး။
"ဒါက တကယ်ကို ဧကရာဇ်ကောင်းကင်တိုက်ကြီးပါပဲ"
သူချန်ထားခဲ့တဲ့စိတ်ဝိညာဉ်အမှတ်အသားကို လီဖူချန်းက ခံစားမိပါတယ်။
နောက်ထပ်ရက်အနည်းငယ်အတွင်း ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးမှလူတွေ တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြပါတယ်။
သည်လူတွေကို မျောလွင့်ကောင်းကင်ကောင်တောင်ထိပ်မှာ နေဖို့ သူက စီစဉ်ပေးလိုက်ပါတယ်။
"ဒီလို ပြင်းထန်တဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့စွမ်းအား"လီရှန်းဟန်နဲ့ ရှန်းယုယန်တို့က ထိတ်လန့်သွားကြပါတော့တယ်။
"ငါသာ ဒီနေရာမှာ ကျင့်ကြံနိုင်ရင် တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်ကို ချိုးဖျက်နိုင်ဖို့က ငါ့အတွက် ပြဿနာရှိလိမ့်မှာ မဟုတ်ပါဘူး"ကျောက်ဝူကျီက စိတ်လှုပ်ရှားနေတဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။
အရင်တုန်းက သူက အတော်လေး အသက်ကြီးနေပါပြီး၊ ဒါပေမယ့် လီဖူချန်းရဲ့ အကူအညီကြောင့် သူက ပြန်လည်မွေးဖွားခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ပြီး သူ့ရဲ့သက်တမ်းကလည်း နှစ်ဆတိုးလာပါတယ်။
ကျောက်မင်ယွဲ့ကလည်း ဘေးနားမှာ ရှိနေပါတယ်။ သူမက အရှေ့ယူနီကွန်တိုက်ကြီးကနေ အဝေးကို မရွှေ့ပြောင်းခဲ့တဲ့ လူငယ်မျိုးဆက်သစ်တွေကြားထဲမှ တစ်ဦးဖြစ်ပါတယ်။
အချက်ကျကျပြောရမယ်ဆိုရင် အနည်းငယ်ကသာ လီဖူချန်းနဲ့အတူ အဇူရာရေနဂါးဂိုဏ်းက ထွက်လာခဲ့ပါတယ်၊ အကြောင်းရင်းက လီဖူချန်းကြောင့်ပါပဲ။
မျောလွင့်ကောင်းကေင်တောင်က ကြီးမားလွန်းပါတယ်။ လီဖူချန်းကြောင့် မျောလွင့်ကောင်းကင်တောင်က သည်လူတွေနေဖို့အတွက် ချောင်ကျတဲ့နေရာတစ်ခုကို မစီစဉ်ပေးခဲ့ပါဘူး။ အဲဒီအစား ကျင့်ကြံဖို့အတွက် ကောင်းမွန်တဲ့ အထွပ်အထိပ်နေရာတွေကို စီစဉ်ပေးခဲ့ပါတယ်။
အစီအစဉ်ကို လူတိုင်းအတွက် ပြုလုပ်ပြီးနောက် လီဖူချန်းက အပြင်းအထန်ကျင့်ကြံဖို့ ကြိုးစားလိုက်ပါတယ်။ သူက အခု ဆရာကြီးဖြစ်နေပါပြီး၊ တစ်ယောက်မှ သူ့ကို မရင်ဆိုင်နိုင်ပါဘူး၊ သူက အဆင့်မြင့်တိုက်ကြီးတစ်ခုကို ဦးတည်ရင်တောင်မှ ဘာမှ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။
"ပထမဆုံးအနေနဲ့ နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းရဲ့အဆင့်လေးဆယ်မြောက်ကို ငါက ဖန်တီးရလိမ့်မယ်"
ကောင်းကင်အလယ်အလတ်ဆင့်နည်းလမ်းရဲ့အကန့်အသတ်က ၃၉ခုမြောက်အဆင့်ပါပဲ။ အဆင့်၄၀မြောက်ကတော့ ကောင်းကင်အဆင့်မြင့်ပဲ ဖြစ်ပါတယ်။
ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေက စိတ်ဝိညာဉ်ပေါင်းစည်းခြင်းနယ်ပယ်ကို ချိုးဖျက်ဖို့အတွက်ဆိုရင် ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းက စံသတ်မှတ်ချက်ပါပဲ။
ဒါက ဧကရာဇ်ကောင်းကင်တိုက်ကြီး သို့မဟုတ် ကောင်းကင်မဏ္ဍိုင်တိုက်ကြီးမှာ တစ်ဝက်တစ်ပျက်သူတော်စင်တွေ မရှိရတဲ့ အကြောင်းပြချက်ပါပဲ။ တစ်ယောက်မှာမှ ကောင်းကင်အဆင့်မြင့်နည်းလမ်း မရှိပါဘူး။
လီဖူချန်းက သာမန်ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်ဆိုရင် ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးဖို့ဆိုတာက သူ့အတွက် စိတ်ကူးယဉ်အိမ်မက်တစ်ခုသာသာပါပဲ။ မူလပင်လယ်နယ်ပယ်မှာကတည်းက လီဖူချန်းရဲ့ထိုးထွင်းသိမြင်မှုက ဧကရာဇ်တစ်ယောက်ရဲ့ အထက်မှာ ရှိနေပါပြီး။ ယခု သူ့ရဲ့ထိုးထွင်းသိမြင်မှုက သာမန်သူတော်စင်တစ်ယောက်ရဲ့အထက်မှာ မရှိနိုင်သေးပါဘူး၊ ဒါပေမယ့် သူတော်စင်တစ်ယောက်ရဲ့အဆင့်မှာဆိုတာကတော့ သေချာပါတယ်။ သူသာ ဆန္ဒရှိတယ်ဆိုရင် နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းရဲ့အဆင့်၄၀မြောက်ကို ဖန်တီးဖို့ဆိုတာက မခက်ခဲပါဘူး၊ အချိန်အနည်းငယ် ကြာရုံလေးပါပဲ။
လီဖူချန်းမျှော်လင့်ထားသလိုပါပဲ၊ နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းရဲ့အဆင့်၄၀မြောက်ကို ဖန်တီးတာက နှစ်တစ်ဝက်ခန့်သာ ကြာပါတယ်။
ဒီဓားစွမ်းအင်အဆင့်က ကောင်းကင်နဲ့မြေကြီးရဲ့ဥပဒေဿကိုတောင် နောက်ပြန်ဆုတ်စေနိုင်ပါတယ်။ လီဖူချန်းကသာ ဂရစ်ဖင်နဲ့ဟင်းလင်းပြင်ဝါးမျိုရေဘဝဲတို့နဲ့ နောက်တစ်ကြိမ်ရင်ဆိုင်ရမယ်ဆိုရင် စိတ်ဝိညာဉ်သံကြိုးနဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို အသုံးမပြုဘဲနဲ့ သူတို့ကို အနိုင်ယူဖို့ ယုံကြည်ချက်ရှိပါတယ်။
အဆင့်၄၀မြောက်ကို ရောက်လာပြီးဖြစ်တာကြောင့် အဆင့်၄၁မြောက်က သိပ်မဝေးတော့ပါဘူး။ နောက်တစ်နှစ်အကြာမှာတော့ လီဖူချန်းရဲ့နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းက အဆင့်၄၁ကို ချိုးဖျက်သွားနိုင်ခဲ့ပါတယ်။
၂နှစ်က ကုန်ဆုံးသွားပါပြီး၊ ဒါပေမယ့် စိတ်ဝိညာဉ်ဧကရာဇ်နဲ့သူ့လူတွေက မပေါ်ထွက်လာသေးပါဘူး။ အမှောင်ထုကလန်နဲ့သွေးအရိပ်အသင်းတို့လည်း ပျောက်ကွယ်နေတုန်းပါပဲ။
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်ပါတယ်။ သူက ဒီလူတွေကို မဖယ်ထုတ်နိုင်သေးဘူးဆိုရင် ဧကရာဇ်ကောင်းကင်တိုက်ကြီးက အန္တရာယ်ကင်းလိမ့်မယ်လို့တော့ သူက မထင်ပါဘူး။ သူက ကောင်းကင်ကို တစ်ဟုန်ထိုးပြေးသွားပြီး မိုးကြိုးအလွှာထဲကို ဝင်ရောက်လိုက်ပါတယ်။
ခရက် ဘန်း.......
မရေမတွက်နိုင်လောက်တဲ့ကောင်းကင်မိုးကြိုးတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာပါတော့တယ်။
လီဖူချန်းက ကျင့်ကြံမှုကို ချိုးဖျက်ခြင်းမရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း ဓားစွမ်းအင်ရဲ့အကူအညီနဲ့အတူ ကောင်းကင်လက်စွပ်ဓားချပ်ဝတ်က နှစ်ဆခိုင့်ခံ့လာပြီး လွယ်ကူစွာနဲ့ ကောင်းကင်မိုးကြိုးတွေကို တားဆီးနိုင်လိုက်ပါတယ်။
မိုးကြိုးအလွှာရဲ့အလယ်ပိုင်း၊ မိုးကြိုးအလွှာရဲ့အထက်ပိုင်း........
ဂျိန်း ချိန်း........
အနက်ရောင်မိုးကြိုးတစ်ခုက တိုက်ခိုက်လာပါတော့တယ်၊ အဲဒါက ဥပဒေဿစက်ကွင်းကိုတောင် အက်ကွဲစေလိုက်ပါတယ်။ ရွေးချွယ်စရာမရှိဘဲ လီဖူချန်းက ပြန်ဆုတ်လိုက်ရပြီး ထပ်မတိုးရဲတော့ပါဘူး။
"နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းက ၄၂ကိုရောက်မှသာလျှင် ငါ့ခန္ဓာကိုယ်အပြင်အားကလည်း ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ပါလိမ့်မယ်"
လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက အလွန်လျင်မြန်စွာ တိုးတက်လာနေတာ ကြာပါပြီး၊ ဒါပေမယ့် ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် ကောင်းကင်အဆင့်မြင့်ခန္ဓာကိုယ်အပြင်အားဆေးပင်တွေမရှိဘဲနဲ့ လီဖူချန်းအနေနဲ့ နှစ်အနည်းငယ်အတွင်း ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းနယ်ပယ်ကို ရောက်ဖို့က လီဖူချန်းအတွက် မဖြစ်နိုင်ပါဘူး။
"ငါ မီးခဲအရိပ်ချောက်ကို တစ်ချက် သွားကြည့်ရမယ်"
မီးခဲအရိပ်ချောက်က မြေအောက်မှာ ရှိပါတယ်။ ဒါကြောင့် အောက်ကို ဝေးဝေးသွားလေလေ၊ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရှာတွေ့ဖို့ အခွင့်အရေးက ပိုမြင့်မားလေလေပါပဲ။
လီဖူချန်းရဲ့အရင်ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို မီးခဲအရိပ်ချောက်မှာပဲ တွေ့ခဲ့တာပါ။
…
လိပ်ပြာအသိစိတ်အာရုံနဲ့အတူ လီဖူချန်းက မီးခဲအရိပ်ချောက်ရဲ့အောက်ဘက်အလွှာတွေကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
မီးခဲအရိပ်ချောက်ကို တိုက်ခိုက်သူတွေက ဖန်တီးထားတာပါ၊ တမင်တကာ ဖန်တီးထားတဲ့ စိတ်ဝိညာဉ်ဥယျာဉ် ဒါမှမဟုတ် ဆန်းကြယ်သိုင်းလျှို့ဝှက်နယ်မြေတို့နဲ့ မတူပါဘူး။ လီဖူချန်းအတွက် နည်းလမ်းတစ်ခုကို ရှာတွေ့ဖို့က မခက်ပါဘူး။
မီးခဲအရိပ်ချောက်နက်ရဲ့အောက်ဘက်အလွှာမှာ အရိပ်အလောင်းကောင်နဲ့ဒေါသအလောင်းကောင်တွေက အလွန်စွမ်းအားကောင်းပါတယ်။
သူတို့အများစုက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အနိမ့်ပိုင်းအဆင့်တွေမှာ ရှိကြတာပါ၊ ဒါပေမယ့် မီးခဲအရိပ်ချောက်နက်ထဲမှာဆိုရင်တော့ မဟာဧကရာဇ်တွေကတောင် သူတို့ကို ဖျက်ဆီးဖို့ ခက်ခဲပါတယ်။
လီဖူချန်းက တိုက်ခိုက်စရာမလိုပါဘူး။ ဟင်းလင်းပြင်တာအိုနှလုံးသားနဲ့ဆိုရင် သူက ဆန္ဒရှိသလောက် မီးခဲအရိပ်ချောက်နက်ကို ဖြတ်သန်းသွားနိုင်ပါတယ်။
တစ်ပတ်၊ နှစ်ပတ်........
လီဖူချန်းက အနားမယူ၊ မအိပ်ဘဲနဲ့ မီးခဲအရိပ်ချောက်နက်တစ်ခုလုံးကို တစ်လကြာကြာ ရှာဖွေခဲ့ပါတယ်။
"အဆွေးဧကရာဇ်နဲ့အခြားသူတွေမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေမရှိတာ အံ့ဩစရာမရှိပါဘူး။ ငါ အရင်တုန်းက တစ်ခါ ရဖူးပါတယ်ဆိုတာကလည်း ကံကောင်းသွားလို့ပဲ ဖြစ်ရမယ်"
တစ်လကြာပြီးနောက် လီဖူချန်းက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကိုမှ မတွေ့သေးပါဘူး၊ ဒါပေမယ့်လည်း သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးသိန်းအနည်းငယ်ကိုတော့ ရှာတွေ့ခဲ့ပါတယ်။
ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း တိုက်ကြီးက ကြီးမားလွန်းပြီး ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေက မြေကြီးအနက်ပိုင်းထဲမှာ နစ်မြုပ်ဖုံးကွယ်နေပါတယ်။
မီးခဲအရိပ်ချောက်က အလွှာအများကြီးရှိပါတယ်။ အောက်လွှာမှာ တစ်ခုမှကို ရှာမတွေ့နိုင်တာကြောင့် လီဖူချန်းက စိတ်မပျက်သွားပါဘူး။ သူက အောက်ကနေအပေါ်ကို စတင်ရှာဖွေလိုက်ပါတယ်။
သူက မျက်နှာပြင်ကို ချဥ်းကပ်ရောက်ရှိလာတာနဲ့ လီဖူချန်းရဲ့မျက်နှာက အံ့အားသင့်မှုများနဲ့ လင်းလက်သွားပါတော့တယ်။ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရှာတွေ့ဖို့က ကံကောင်းဖို့ တကယ်လိုအပ်ပုံပဲ။
ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးကို ရရှိပြီးနောက် လီဖူချန်းက ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့ရဲ့လက်ဖိအားကို စတင်လှည့်ပတ်လိုက်ပါတယ်။
သုံးရက်ကြာပြီးနောက် လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းအဆင့်ကို နောက်ဆုံးတော့ ရောက်ရှိသွားပါတယ်။ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ကျောက်တုံးမှာ စိတ်ဝိညာဉ်သုံးဆယ်ရာခိုင်နှုန်းကတော့ ရှိနေတုန်းပါပဲ။
လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ထုတ်ပြီး သူ့ရဲ့လက်ကို ခုတ်ပိုင်းလိုက်ပါတယ်။
ကလန်း........
ကောင်းကင်အဆင့်မြင့်ဓားက သူ့ရဲ့လက်ကို မထိတွေ့နိုင်ခင် အဲဒါက တွန်းကန်ခံလိုက်ရပါတယ်။
ယခု သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အကြိုပြီးပြည့်စုံခြင်းမှာ ရှိနေတာကြောင့် လီဖူချန်းရဲ့ဥပဒေဿစက်ကွင်းက ပိုပြီး သန်မာလာပါတယ်။
သူက ခွန်အားအပြည့်နဲ့ ခုတ်ပိုင်းမယ်ဆိုရင် သူက ဥပဒေဿစက်ကွင်းကို ထိုးဖောက်နေမှာပါ၊ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်ကို ကာကွယ်ထားတဲ့ဓားဆန္ဒက ရှိနေတုန်းပါပဲ။ ယခု သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုက ကြောက်စရာကောင်းလောက်အောင် သန်မာလာပြီး ဥပဒေဿစက်ကွင်းနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။ ခုခံမှုအလွှာသုံးထပ်နဲ့သာဆိုရင် သူ့ရဲ့ခွန်အားအပြည့်ခုတ်ပိုင်းမှုက သူ့ကိုယ်သူကို နာကျင်စေဖို့က မလုံလောက်ပါဘူး။
လီဖူချန်းက နောက်ထပ်တစ်ကြိမ် ကောင်းကင်ထဲကို ပြေးဝင်လိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်တော့ သူက မိုးကြိုးလွှာရဲ့အပေါ်ဘက်အလွှာကို မဝင်နိုင်ဘူးဆိုတာကို မယုံကြည်နိုင်ပါဘူး။
ဘန်း.......
မိုးကြိုးရဲ့အပေါ်လွှာမှာ.........အနက်ရောင်မိုးကြိုးက ထပ်မံရိုက်ခတ်လာပါတယ်။ ဒီတစ်ခါမှာတော့ အဲဒါက ဓားဆန္ဒကို ကွဲထွက်စေနိုင်ရုံသာ ဖြစ်ပြီး ဥပဒေဿစက်ကွင်းကို မကွက်ထွက်စေနိုင်ပါဘူး။
"မျှော်လင့်ထားသလိုပါပဲ"လီဖူချန်းက ပြုံးကာ ဆက်တက်လိုက်ပါတော့တယ်။
အနက်ရောင်မိုးကြိုးတွေက အရေတွက်တိုးလာနေပါတယ်၊ လီဖူးချန်းရဲ့ဥပဒေဿစက်ကွင်းကလည်း ကွဲထွက်နေပါပြီး။ ဒါပေမယ့်လည်း လီဖူချန်းက ဆက်တက်နေတုန်းပါပဲ။
ခရက်........
ဥပဒေဿစက်ကွင်းကွဲထွက်မှုနဲ့အတူ လီဖူချန်းရဲ့ခန္ဓာကိုယ်က လောင်ကျွမ်းအမှတ်တစ်ခုနဲ့အတူ ထွက်ပေါ်လာပါတယ်။ ဒီတစ်ခါမှာတော့ လီဖူချန်းက အပူလွှာနဲ့မိုးကြိုးလွှာရဲ့အပေါ်လွှာကြား အပိုင်းကို နောက်ဆုံးတော့ ရောက်ရှိခဲ့ပါပြီး။
အပူလွှာကို ရောက်ရှိပြီးနောက် လီဖူချန်းက ကြယ်တွေနဲ့ပြည့်နှက်နေသာကောင်းကင်ကို မြင်နိုင်သွားပါပြီး။
လက်ရှိကြယ်ကောင်းကင်က အလွန် သဘာဝကျပါတယ်။ သူ့ရဲ့ဦးခေါင်းအထက်မှာ ရှိနေသလိုမျိုး သူနဲ့ အနီးစပ်ဆုံးကြယ်ကို ခံစားနေရပါတယ်။ အဲဒါက စိတ်ကူးမယဉ်နိုင်လောက်အောင် ကြီးမားပြီး မဟာဆန်လွန်းပါတယ်။ လီဖူချန်းရဲ့နှလုံးသားက အနည်းငယ် တုန်လှုပ်နေပါတော့တယ်။
ကြယ်ကောင်းကင်အတွင်းမှာ မရေမတွက်နိုင်တဲ့ကြယ်အလင်းတွေက လင်းလက်နေပါတော့တယ်။
လီဖူချန်းမာ အစိမ်းရောင်စိတ်ဝိညာဉ်သာ ရှိမယ်ဆိုရင် ဒီမြင်ကွင်းကို မြင်ပြီးနောက် နားလည်မှုအချို့တော့ ရှိချင်ရှိနိုင်မှာပါ။ ဒါပေမယိ့ လီဖူချန်းက ခရမ်းရောင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး ဒါက နှစ်ဆပိုမြင့်ပါတယ်။
ဒါကြောင့် လီဖူချန်းက ကြယ်ဥပဒေဿကို ချက်ချင်း နားလည်လိုက်ပါတယ်။
ကြယ်ဥပဒေဿက သန့်စင်တဲ့ဥပဒေဿတစ်ခုမဟုတ်ပါဘူး၊ အဲဒါက ပေါင်းစပ်ဥပဒေဿတစ်ခုဖြစ်ပြီး ဒြပ်စင်ငါးမျိုးရဲ့ဥပဒေဿတွေ ပါဝင်နေပါတယ်။
အချက်ကျစွာ ပြောရရင် ကြယ်အရိုးတည်ဆောက်ပုံမရှိဘဲနဲ့ သူတော်စင်တစ်ယောက်ကတောင် နက်နဲသိမ့်မွေ့တဲ့ကြယ်ဥပဒေဿကို နားလည်ဖို့ ခက်ခဲမှာပါ။
အရိုးတည်ဆောက်ပုံက အလွန်အရေးကြီးပါတယ်။ အရိုးတည်ဆောက်ပုံက ကောင်းကင်နဲ့မြေကြီးရဲ့မဟာတာအိုနဲ့အတူ လူတစ်ယောက်မှာ ရှိတဲ့သဟဇာတမှုကို ဆိုလိုတာပါ။ လူတိုင်းအတွက်က သေးငယ်တဲ့အာရုံကိုပင် နားလည်ဖို့ ခက်ခဲပါတယ်။ လီဖူချန်းလိုလူကသာ ကြယ်ဥပဒေဿကို ခိုင်ခိုင်မာမာနားလည်နိုင်မှာပါ။
"ဒီလိုအပူမျိုး"
အချိန်တစ်ခုအကြာ နားလည်ပြီးနောက် သူ့ရဲ့အရေပြားက ပူလာတာကို လီဖူချန်းက ခံစားလိုက်ရပါတယ်။
သူ့ခေါင်းပေါ်ရှိအပူလွှာက အပူအကြွင်းအကျန်တွေကိုသာ ထုတ်လွှတ်နေပါတယ်၊ အဲဒါတွေက ဓားဆန္ဒနဲ့ဥပဒေဿစက်ကွင်းကိုလစ်လျှူရှူပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကို တိက်ရိုက်သက်ရောက်နေပါတယ်။
ဒါက အပူလွှာမှာ ကောင်းကင်အဆင့်မြင့်ထက် ပိုတဲ့ မဟာတာအိုတစ်ခုပါနေတာကို ဆိုလိုပါတယ်။
အချိန်တစ်ခုအကြာ နားလည်ပြီးနောက် လီဖူချန်းက ထပ်ပြီး မတောင့်ခံနိုင်တော့ပါဘူး။
"ငါသာ နောက်ထပ်အနည်းငယ် နားလည်ပြီးပြီဆိုရင် ငါက ကြယ်လက်ကို နာလည်နိုင်လောက်တယ်"လီဖူချန်းက သူ့ရာသူ ပြောလိုက်ပါတယ်။
လွင့်မျောကောင်းကင်တောင်ကို မပြန်င် လီဖူချန်းရဲ့ဆက်သွယ်ရေးတိုကင်က ရုတ်တရက် တုန်ခါသွားပါတယ်။
ဒါက အဆင့်မြင့်ဆက်သွယ်ရေးတိုကင်ဖြစ်ပြီး အသံတွေကို ပို့ဆောင်နိုင်ပါတယ်။
ဓားစွမ်းအင်ကို ထည့်သွင်းပြီးနောက် အဆွေးဧကရာဇ်ရဲ့အသံက ပဲ့တင်ထွက်လာပါတယ်"အကြီးအကဲလီ၊ ကျိန်စာစစ်သည်တစ်ယောက်က ကျွိန်စာဘုရားကျောင်းကနေ ထွက်လာပါတယ်။ လူတော်တေယ်များများက ကျိန်စာတိုက်ခံလိုက်ရပြီး ငါတို့ကလည်း သူ့ကို မသတ်နိုင်ကြဘူး"
(ဘာသာပြန်သူရဲ့မှတ်စု:ကျိန်စာသိုင်းပညာရှင်တွေကို ကျိန်စာစစ်သည်တွေလို့ ပြောင်းလဲလိုက်ပါတယ်)
"ကျိန်စာစစ်သည်လား"
လီဖူချန်းက အဆွေးဧကရာဇ်ရှိတဲ့နေရာကို တစ်ဟုန်ထိုးပြေးသွားလိုက်ပါတယ်။
နေ့တစ်ဝက်ခန့်ကြာပြီးနောက် လီဖူချန်းက အဆွေးဧကရာဇ်ကို မြင်လိုက်ရပါပြီး။
ဆူးပန်းဧကရီ၊ အမှောင်ဧကရာဇ်၊ နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်၊ ချူချင်းယန်တို့လည်း ရှိနေပါတယ်။
သူတို့ငါးယောက်က ဖျော့တော့နေတဲ့အရေပြား၊ အနက်ရောင်မျက်လုံးတွေရှိတဲ့ ထူးဆန်းတဲ့လူတစ်ယောက်ကို ဝိုင်းရံထားကြပါတယ်။
အလွန်ကြောက်စရာကောင်းပြီးအန္တရာယ်များတဲ့ချီတစ်ခုက ထိုထူးဆန်းတဲ့ပုံရိပ်မှ ထွက်ပေါ်လာနေပါတယ်။
သူတို့ငါးယောက်က မဟာဧကရာဇ်တွေ မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ကာကွယ်ထားတဲ့ဆန္ဒတွေသာ မရှိဘူးဆိုရင် သူတို့တွေက ကျိန်စာတိုက်ခံလိုက်ရလောက်ပါပြီး။
အကြည့်တစ်ချက်နဲ့တင် လီဖူချန်းက ကျိန်စာစစ်သည်ရဲ့ကြောက်စရာကောင်းပုံကို သိဖို့ လုံလောက်ပါတယ်။ ဒဏ်ရာဘယ်လောက်ပြင်းပြင်း၊ နောက်တစ်ခဏအတွင်း ကျိန်စာစစ်သည်တွေက ပြန်သက်သာနိုင်ပါတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဘာအမှတ်အသားကိုမှ မချန်ထားနိုင်ပါဘူး။
"အကြီးအကဲလီ ရောက်လာပြီး"အဆွေးဧကရာဇ်က ပျော်ရွှင်သွားပါတော့တယ်။
"ပျောက်ကွယ်စမ်း"
လီဖူချန်းက ဓားကို ဝှေ့ယမ်းပြီး ဓားအလင်းတန်းတစ်ခုနဲ့အတူ ကျိန်စာစစ်သည်ကို ခုတ်ပိုင်းလိုက်ပါတယ်။
***