မန္တန်ဧကရာဇ်နဲ့ ထပ်မံတွေ့ဆုံခြင်း
Vol. 53 Ch. 715
ကျိန်စာစစ်သည်ရဲ့ခုတ်ပိုင်းခံလိုက်ရတဲ့ခန္ဓာကိုယ်က ထပ်မံ ပေါင်းစည်းသွားပြန်ပါတယ်။ ဒါပေမယ့်လည်း ပြန်ကောင်းတဲ့အရှိန်က ဒီတစ်ကြိမ်မှာ ပိုပြီးနှေးလာသည်ကို လူတိုင်းက တွေ့လိုက်ရပါတယ်။
လူတိုင်းက ကျိန်စာစစ်သည်ကို သဲသဲမဲမဲတိုက်ခိုက်လိုက်ကြပြီး ပြန်ကောင်းနှုန်းကို ပိုနှေးအောင် ကြိုးစားလိုက်ကြပါတယ်။
ဒါပေမယ့်လည်း သူတို့ရဲ့တိုက်ခိုက်မှုတွေက အသုံးမဝင်ဘူးဆိုတာကို လူတိုင်းက သဘောပေါက်သွားကြပါတယ်။
ချူးချင်ယန်က ပြောလိုက်ပါတယ်"ကျိန်စာစစ်သည်တွေနဲ့ရင်ဆိုင်တဲ့အခါကျရင် စိတ်ဆန္ဒက လုံလုံလောက်လောက် သန်မာရမယ်။ ငါတို့ရဲ့စိတ်ဆန္ဒတွေက ဓားဧကရာဇ်နဲ့ မနှိုင်းယှဉ်နိုင်ဘူး။
လီဖူချန်းက ခေါင်းညိတ်ပြလိုက်ပါတယ်၊ ချူချင်းယန်ပြောတာ မှန်ပါတယ်။ ကျိန်စာစစ်သည်တွေကို ရင်ဆိုင်မယ်ဆိုရင် စိတ်ဆန္ဒကို အသုံးပြုရပါတယ်။ ကျိန်စာတွေက တကယ်တော့ ကြီးမြတ်တဲ့တာအိုဥပဒေဿအမျိုးအစားတစ်ခုပါပဲ၊ ဒါကြောင့် ဥပဒေဿနဲ့စိတ်ဆန္ဒတွေကသာ အဲဒါကို ဖယ်ထုတ်နိုင်ပါတယ်။
"ပြာချဓား"
လီဖူချန်းက ဓားကို ဝှေ့ယမ်းလိုက်ပြီး အပှုလှိုင်းတစ်ခုက ကျိန်စာစစ်သည်ဆီ ကျရောက်လာပါတယ်။
ကျိန်စာစစ်သည်ရဲ့ခန္ဓာကိုယ်က ပြာဖြစ်သွားတာကို မည်သူမဆို မြင်တွေ့လိုက်ရမှာပါ။
ဒါပေမယ့်လည်း ပြာတွေက မပြန့်ကျဲသွားပါဘူး၊ အဲအစား သူတို့က စုစည်းပြီး ကျိန်စာစစ်သည်အဖြစ် ထပ်မံ ဖြစ်သွားပါတော့တယ်။
လီဖူချန်းက ဓားလှုပ်ရှားမှုတစ်ခုကို ချက်ချင်း ပြုလုပ်လိုက်ပြီး အဲဒါက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာပဲ ဖြစ်ပါတယ်။
ဓားဝှေ့ယမ်းလိုက်တဲ့အချိန်မှာ ဓားအလင်းတန်းက
ပေါက်ကွဲထွက်လာပြီး လူတိုင်းရဲ့မျက်လုံးကို တစ်ခဏ မှိတ်သွားစေပါတော့တယ်။
ဖတ်........
ပြာပုံတစ်ခုက မြေပေါ်ကို ကျလာပြီး နောက်ထပ် မစုစည်းနိုင်တော့ပါဘူး။
"ဘာလဲဟ၊ ဓားလှုပ်ရှားမှုတစ်ခုနဲ့ ကျိန်စာစစ်သည်ကို သတ်နိုင်သွားတာလား"ချူချင်းယန်က လီဖူချန်းကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိလေတော့တယ်။
လူတိုင်းကလည်း စိတ်ရှုပ်ထွေးသွားပါတော့တယ်။
သူတို့ရဲ့အမြင်အရ လီဖူချန်းက ကျိန်စာစစ်သည်တစ်ယောက်ကို သတ်ဖို့ဆိုရင် အနည်းဆုံးတော့ ဓားချက်အနည်းငယ် ဒါမှမဟုတ် ဓားချက်တစ်ရာလောက်ကို လိုအပ်တယ်လို့ ထင်ထားတာလေ။
လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက ကျိန်စာစစ်သည်ကို အကြိမ်ထောင်ပေါင်းများစွာ နှေးကွေးစေလိုက်တာကိို သူတို့က ဘယိလိုလုပ်ပြီး သိနိုင်မှာလဲ။ ထိုတစ်ခဏအတွင်းမှာ လီဖူချန်းက အကြိမ်ပေါင်းစွာ တိုက်ခိုက်ပြီးပါပြီ။
ကျိန်စာစစ်သည်က တစ်ကြိမ်ပျောက်ကွယ်သွားတာနဲ့ ဒီနေရာမှာရှိတဲ့ကြောက်မက်စရာအရှိန်အဝါက တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပါတယ်။
"ကျိန်စာစစ်သည်က ဘယ်လိုလုပ်ပြီး ကျိန်စာဘုရားကျောင်းကနေ ပြေးထွက်လာတာလဲ"
အဆွေးဧကရာဇ်က နားမလည်နိုင်ခဲ့ပါဘူး။ သူက ချူချင်းယန်ကို ကြည့်လိုက်ပါတယ်၊ ဘာလို့ဆို သူမက ကျိန်စာဘုရားအကျောင်းနဲ့ပတ်သက်ပြီး အသိဆုံးမို့ပါ။
ချူချင်းယန်က ပြောလိုက်ပါတယ်"တစ်ယောက်ယောက်က ကျိန်စာဘုရားကျောင်းကို ဝင်သွားပြီး ထိုနေရာမှာရှိတဲ့တစ်ခုခုကို ထိခဲ့တယ် ဖြစ်ရမယ်၊ အဲဒါက အခုလို ဖြစ်စေခဲ့တာပဲ"
","ဘယ်သူကများ ကျိန်စာဘုရားကျောင်းထဲကို ဝင်ပြီး တစ်ခုခုကို ထိခဲ့တာပါလိမ့်"ဆူးပန်းဧကရီကပြောလိုက်ပါတယ်။
လီဖူချန်းက ဖြေလိုက်ပါတယ်"ငါ အဲလိုလူတစ်ယောက်ကိုတော့ သိတယ်၊ ဒါပေမယ့် သူ ဟုတ်မဟုတ်ကိုတော့ မသေချာပါဘူး"
မန္တန်သိုင်းဧကရာဇ်ကို လိုက်နေသော ပုဂ္ဂိုလ်က ကျိန်စာဘုရားကျောင်းမှ လာခဲ့တာပါ။ မန္တန်သိုင်းဧကရာဇ်ပြောခဲ့တဲ့စကားအရဆိုရင် ထိုပုဂ္ဂိုလ်က ကျိန်စာဘုရားကျောင်းမှ ထွက်လာနိုင်ပြီးဆိုရင် သူက အဆင့်မြင့်ကျိန်စာတစ်ခုကို နားလည်ထားပြီးပါပြီး။
ဒါပေမယ့် အခြားသူတွေလည်း ဖြစ်နိုင်လောက်ပါတယ်။ ဝိညာဉ်ဧကရာဇ်၊ အမှောင်ညဧကရာဇ်တို့လည်းပဲပေါ့။
ဒုတိယမြောက်ကျိန်စာစစ်သည် လွတ်မြောက်လာမှာကို ကြောက်ရွံ့တဲ့အတွက်ကြောင့် သူတို့ခြောက်ယောက်က ကျိန်စာဘုရားကျောင်းဆီကို တစ်ဟုန်ထိုး ပြေးသွားလိုက်ပါတယ်။
ကျိန်စာဘုရားကျောင်းက မကြီးပါဘူး၊ အပြင်ကနေ ကြည့်ရင် အဲဒါက မိုင်တစ်ရာအနည်းလောက်သာရှိတဲ့ နေရာတစ်ခုပါ။
ဒါပေမယ့် အဲဒါက အပေါ်ယံမျက်နှာပြင်ဆိုတာကိုလူတိုင်းက သိပါတယ်။ ကျိန်စာဘုရားကျောင်းရဲ့အတွင်းမှာဆိုရင် ဟင်းလင်းပြင်ဇုန်လွှာများနဲ့ ပြည့်နေပါတယ်။ ဂရုမစိုက်တဲ့အမှားတစ်ခုက မည်သူကိုမဆို ထောက်ချောက်ထဲမှာ အမြဲတမ်း ပိတ်မိစေနိုင်ပါတယ်။
လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အထဲကို စစ်ဆေးလိုက်ပြီး ဟင်းလင်းပြင်ဇုန်တွေ များစွာရှိနေတာကို သိလိုက်ရပါတယ်။ အချို့က ချိတ်ဆက်နေပြီး အချို့က သီးခြားရှိနေပါတယ်။ အဲနေရာက ဝင်္ကဘာတစ်ခုလိုမျိုး သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ခံစားလိုက်ရပြီး နေရာတစ်ခုလုံးကို မစစ်ဆေးနိုင်ပါဘူး။
အရေးကြီးဆုံးကတော့ ကျိန်စာချီတည်ရှိခြင်းက လိပ်ပြာအသိစိတ်အာရုံကို အကြီးအကျယ် ကန့်သတ်ထားတာပါပဲ။ ကျိန်စာဘုရားကျောင်းရဲ့အဓိကနေရာမှာဆိုရင် လီဖူချန်းက ဘာမှကို အာရုံမခံနိုင်ပါဘူး။
လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ပြန်ရုတ်သိမ်းလိုက်တဲ့အခါ ကျိန်စာချီတည်ရှိမှုက လိုက်ပါလာခဲ့ပါတယ်။
ဒါပေမယ့် ကျိန်စာချီတည်ရှိမှုကို လီဖူချန်းကို မချဉ်းကပ်နိုင်ခင် ၎င်းက ရုတ်တရက် အရည်ပျော်သွားခဲ့ပါတယ်။
သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ခရမ်းရောင်အဖြစ်သို့ ကူးပြောင်းသွားပြီးကတည်းက ထူးခြားနေတာကို သူက သိခဲ့ပါတယ်။ အဲဒါက ဆိုးယုတ်မှုတွေရဲ့ကျူးကျော်ဝင်ရောက်မှုကို ခုခံနိုင်တယ်လို့ ပြောနိုင်ပါတယ်။
အဲဒါက ခရမ်းရောင်ဖျော့ဖျော့ဖြစ်နေချိန်မှာလည်း ဆိုးယုတ်မှုတွေကို ခံနိုင်ရည်ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်ဝိညာဉ်ကသာ ခံနိုင်ရည်ရှိတာပါ၊ သူ့ရဲ့ခန္ဓာကိုယ်ကိုတော့ မကာကွယ်ထားပါဘူး။
အထု ခရမ်းရောင်စိတ်ဝိညာဉ်က အလိုအလျောက်ထုတ်လွှတ်လိုက်တဲ့ချီစက်ကွင်းက ကျိန်စာချီတည်ရှိမှုကို ဖယ်ထုတ်ဖို့ လုံလောက်ပါတယ်။
"တစ်ချက်လောက် ဝင်သွားကြည့်ရအောင်"အပြင်ဘက်နေရာတွေနဲ့အရင်ရင်းနှီးအောင် လုပ်ဖို့ လီဖူချန်းက စီစဉ်ထားပါတယ်။
"ကောင်းပါပြီး"အားလုံးက သဘောတူလိုက်ပါတယ်။
သူတို့က ကျိန်စာဘုရားကျောင်းထဲကို ဝင်ပြီးတာနဲ့ အခြားကမ္ဘာကို ရောက်နေသလိုမျိုး အားလုံးက ခံစားခဲ့ရပါတယ်။ ဒီနေရာက တိတ်ဆိတ်လွန်းပါတယ်။ ဟင်းလင်းပြင်ဇုန်အတွင်းမှာရှိတဲ့အရောင်တွေက အပြင်ဘက်နဲ့ ခြားနားပါတယ်။ အတွင်းကို လမ်းလျှောက်နေချိန်မှာ လူတိုင်းက အခြားသူတွေရဲ့ခြေလှမ်းနဲ့နှလုံးခုန်သံကို ကြားနိုင်ပါတယ်။
ခလွမ်း......
ဘုရားကျောင်းနံရံတွေနဲ့ဝန်းရံထားတဲ့လမ်းတစ်ခုကို ဖြတ်လျှောက်နေချိန်မှာ ဒယ်အိုးတွေမြေပြင်ပေါ်ကျသံက ထွက်ပေါ်လာပါတယ်။
လူတိုင်းက မဟာဧကရာဇ်တွေ ဖြစ်ကြပေမယ့် လီဖူချန်းက လွဲပြီး အခြားသူတွေက ထိတ်လန့်သွားကြပါတယ်။
ခြေသံတွေက ပဲ့တင်သံထွက်နေပြီး ကျိန်စာစစ်သည်တစ်ယောက်က လူတိုင်းရဲ့ရှေ့မှာ ထွက်ပေါ်လာပါတယ်။
ဇွက်..........
ကျိန်စာစစ်သည်က ဘာတစ်ခုမှ မလုပ်နိုင်ခင် ဓားအလင်းတစ်ခုက ခုတ်ပိုင်းလိုကိပြီး ပြာမှုန့်တွေအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။
ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက စွမ်းအားကြီးလွန်းပါတယ်။
ရန်သူမှာ ကြမ်းတမ်းတဲ့ခံစစ်နဲ့အပြင်ဘက်ဖိအားတွေအတွက်ရည်ရွယ်ထားမှုတို့က မရှိရင်တော့ ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက ရန်သူကို ချက်ချင်း သတ်လိုက်နိုင်မှာပါ။
ဒါ့ပြင် အဲဒါကို ရှောင်ဖို့အတွက် မဖြစ်နိုင်ပါဘူး။
လူတိုင်းက လီဖူချန်းရဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို မြင်တွေ့ဖူးပြိးပါပြီ၊ ဒါပေမယ့်လည်း သူတို့က ထိတ်လန့်နေတုန်းပါပဲ။
အရိုးကိုတောင် အေးစက်စက်ဖြစ်စေသည်အထိ ဒီဓားလှုပ်ရှားမှုက စွမ်းအားပြင်းထန်လွန်းပါတယ်။
အကြမ်းဆုံးကတော့ သူတို့ ဒီဓားကို ရင်ဆိုင်ရတဲ့အခါ ဘာတစ်ခုကိုမှ မခံစားခဲ့ရပါဘူး။ ဓားအလင်းတန်းတစ်ခုတောက်ပသွားတာကိုသာ သူတို့က ခံစားခဲ့ရပါတယ်။
"သူ့ရဲ့ခွန်အားနဲ့ဆိုရင် သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာရှိတဲ့ မဟာဧကရာဇ်ထိပ်တန်းတစ်ရာထဲကို ဝင်ရောက်နိုင်လိမ့်မယ်"ချူချင်းယန်က သူ့ရာသူ ပြောလိုက်ပါတယ်။
ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ကောင်းကင်မဏ္ဍိုင်တိုက်ကြီးတို့မှာဆိုရင် မဟာဧကရာဇ်က ဆယ်ယောက်ခန့်မျှသာ ရှိပါတယ်။
သူတ်ေစင်စိတ်ဝိညာဉ်တိုက်ကြီးမှာတော့ မရေမတွက်နိုင်လောက်တဲ့မဟာဧကရာဇ်တွေ ရှိပါတယ်။ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာဆိုရင် အယောက်၁၀၀၀ရှိနေပြီးပါပြီ။
မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်အယောက်တစ်ထောင်ထဲကို ဝင်နိုင်သူတွေကတော့ အလွန်ပြောက်မြောက်ထူးချွန်သူတွေပါ။
ထိပ်တန်း၁၀၀ထဲဝင်နိုင်သူတွေကတော့ ကောင်းကင်ဖီဆန်မဟာဧကရာဇ်တွေပါ။ ထိုကောင်းကင်ဖီဆန်ဧကရာဇ်အသီးသီးက မဟာဧကရာဇ်အုပ်စုကြီးတစ်ခုကို စက္ကန့်ပိုင်းအတွင်း သတ်ဖြတ်နိုင်ပါတယ်။ သူတို့က သူတော်စင်အောက်ပြိုင်ဘက်ကင်းလို့ လူသိများပါတယ်။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အခြားတစ်ခု ရှိပါတယ်။ မဟာဧကရာဇ်တွေက အကြိုသူတော်စင်တွေနဲ့ ခြားနားမှုမရှိပါဘူး။ သူတို့က သူတော်စင်မဖြစ်မချင်း သူတို့က သူတော်စင်လို့သာ လူသိများပါတယ်။
ထိပ်တန်းမဟာဧကရာဇ်၁၀၀ကြားမှာ အကြိုသူတော်စင်တွေ များစွာ ရှိပါတယ်။
"စီနီယာမန္တန်ဧကရာဇ်"
ခဏကြာလမ်းလျှောက်ပြီးနောက် လီဖူချန်းက ရင်းနှီးတဲ့ပုံရိပ်တစ်ခုကို မြင်လိုက်ပါတယ်၊ မန္တန်သိုင်းဧကရာဇ်ပဲဖြစ်ပါတယ်။
မန္တန်သိုင်းဧကရာဇ်က အန္တရာယ်များတဲ့အော်ရာတစ်ခုကို ထုတ်လွှတ်နေပါတယ်။ သူ့ရဲ့အမူအရာက အချိန်တိုင်းမှာ ငေးငိုင်နေတယ်၊ သွေးရူးသွေးတန်းဖြစ်နေတယ်၊ ဒါမှမဟုတ် တည်ငြိမ်အေးဆေးနေပါတယ်။ အခု သူ့ရဲ့လက်ဖဝါးတွေကို အတူတကွပူးကပ်ထားပြီး ကျိန်စာဘုရားကျောင်းရဲ့အနက်ပိုင်းထဲကို လျှောက်သွားနေပါတယ်။ ခြေလှမ်းအနည်းငယ်ရောက်တိုင်း သူက ဒူးထောက်လေ့ရှိပါတယ်။ တစ်ခုခုက သူ့ကို လမ်းညွှန်နေပုံပါပဲ။
***