← Chapters

ဓားတာအိုခွဲခြမ်းစိတ်ဖြာခြင်း

Vol. 53 Ch. 716

ဓားတာအိုခွဲခြမ်းစိတ်ဖြာခြင်း

Vol. 53 Ch. 716

"သူက ကျိန်စာစစ်သည်တစ်ယောက်အဖြစ်ကို ပြောင်းလဲနေတယ်"ချူချင်းယန်က လျင်မြန်စွာ ပြောလိုက်ပါတယ်။

ကျိန်စာစစ်သည်တွေက ဘယ်မှာမှ ထွက်ပေါ်လာခဲ့ခြင်း မဟုတ်ပါဘူး။ ကျိန်စာဘုရားကျောင်းထဲကို ဝင်သွားတဲ့ လူတွေမှ ဖြစ်ပေါ်လာခြင်းပါပဲ။ တစ်‌ယောက်ယောက်က အသက်ရှင်နေတဲ့အချိန်မှာ ပိုသန်မာလေလေ၊ ကျိန်စာစစ်သည်ဖြစ်လာတဲ့အခါ သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ ပါဝင်နေတဲ့ ကျိန်စာဥပဒေဿက ပိုသန်မာလေပါပဲ။

မဟာဧကရာဇ်တစ်ယောက်က ကျိန်စာစစ်သည်တစ်ယောက်ဖြစ်သွားရင် လီဖူချန်းကလွဲပြီး ဒီနေရာကတစ်ယောက်မှ ယှဉ်ပြိုင်နိုင်မှာမဟုတ်ပါဘူး။ လီဖူချန်းကတောင် ထိုအဆင့်ကျိန်စာစစ်သည်ကို မသတ်နိုင်ပါဘူး။

"စီနီယာမန္တန်ဧကရာဇ်"

လီဖူချန်းက လျှောက်လာပြီး လက်တစ်ဖက်ကို မန္တန်သိုင်းဧကရာဇ်ရဲ့ပခုံးပေါ်မှာ တင်ထားလိုက်ပါတယ်။

ပခုံးက အေးစက်နေပြီး ရေခဲတုံးတစ်တုံးနဲ့ တူပါတယ်၊ တစ်ချိန်တည်းမှာပဲ အတွင်းပိုင်းကျိန်စာချီတည်ရှိမှုက ပခုံးကနေတစ်ဆင့် လီဖူချန်းဆီကို ချဲ့ထ္ငင်လာပါတယ်။ ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ကျိန်စာချီတည်ရှိမှုကို သူ့ရဲ့စိတ်ဝိညာဉ်ချီစက်ကွင်းကို သုံးပြီး မဖယ်ထုတ်ခဲ့ပါဘူး။

"ဒီလို ပြင်းထန်တဲ့ကျိန်စာဥပဒေဿ......."လီဖူချန်းက နတ်ဆိုးနှိပ်နင်းရေးမန္တန်ကို မန္တန်သိုင်းဧကရာဇ်ပေါ်မှာ ဖော်ထုတ်လိုက်ပါတယ်။

နတ်ဆိုးနှိပ်နင်းရေးမန္တန်က အဆင့်နိမ့်မန္တန်တစ်ခုဖြစ်ပြီး နတ်ဆိုးချီကို ဖတ်ထုတ်နိုင်ပါတယ်။

ဖတ်...........

လီဖူချန်းရဲ့နတ်ဆိုးနှိပ်နင်းရေးမန္တန်က သေးငယ်တဲ့မီးတောက်တစ်ခုဆိုရင် မန္တန်သိုင်းဧကရာဇ်ရဲ့ခန္ဓာကိုယ်ပေါ်ကကျိန်စာဥပဒေဿက မြစ်ကြီးတစ်စင်းပေါ့။ မီးတောက်လေးက မြစ်ကြီးနားကို နီးကယ်လာတာနဲ့ ချက်ချင်း ပျောက်ကွယ်သွားလေတယ်။

လီဖူချန်းက အရှုံးမပေးခဲ့ပါဘူး၊ အလယ်ဆင့်မန္တန်-ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်ကို ဖော်ထုတ်ခဲ့ပါတယ်။

ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်က ကျိန်စာဥပဒေဿကို ဖယ်ထုတ်ရာမှာ အမှန်တကယ် အသုံးမဝင်ပါဘူး၊ ဒါပေမယ့် မန္တန်သိုင်းဧကရာဇ်က အသိတစ်ခုကို ထိန်းထားနိုင်သေးတယ်လို့ လီဖူချန်းက ခံစားမိပါတယ်။ သူက သတိပြန်ဝင်လာတာနဲ့ ကျိန်စာဥပဒေဿကို ဖယ်ရှားဖို့ နည်းလမ်းရှိလာမှာပါ။

မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်ကို တစ်ကြိမ် ဖော်ထုတ်ပြီးတာနဲ့  မန္တန်သိုင်းဧကရာဇ်က စိတ်ဝိညာဉ်ပြန်ရလာပုံပေါ်လာပါတယ်။ သူက အမြန် ပြောလိုက်ပါတယ်"ငါ့ကို မြန်မြန်ခေါ်ထုတ်သွားပါ"

"သွားကြစို့"

လီဖူချန်းက မန္တန်သိုင်းဧကရာဇ်ရဲ့ပခုံးကို ဆုပ်ကိုင်လိုက်ပြီး ထွက်ခွာဖို့ ပြင်လိုက်ပါတယ်။

ဟင်းလင်းပြင်ကနေ ကြီးမားတဲ့မီးခိုးရောင်လက်ကြီးတစ်ခုက မန္တန်သိုင်းဧကရာဇ်ရဲ့ခြေသလုံးကို ဆုပ်ကိုင်လိုက်ပါတယ်။

"ပြတ်စမ်း"လီဖူချန်းက မီးခိုးရောင်လက်ကို ခုတ်ပိုင်းလိုက်ပါတယ်။

မီးခိုရောင်လက်က ပြင်းပြင်းထန်ထန်ထိခိုက်သွားပါတယ်၊ ပြီးနောက် ချက်ချင်းပဲ လီဖူချန်းနဲ့မန္တန်သိုင်းဧကရာဇ်တို့က ပျောက်ကွယ်သွားပါတယ်။

"ငါတို့လည်း သွားကြစို့"ချူချင်းယန်နဲ့အခြားသူတွေက လျင်မြန်စွာ ဆုတ်ခွာလိုက်ကြပါတယ်။

ဟင်းလင်းပြင်ရဲ့အနက်ပိုင်းမှာဆိုရင် လီဖူချန်းက မီးခိုရောင်လက်များစွာကို ရင်ဆိုင်ခဲ့ရပါတယ်။

နောက်ဆုံးတော့ သူတို့နှစ်ယောက်က ကျိန်စာဘုရားကျောင်းရဲ့အပြင်ကို ရောက်ရှိခဲ့ပါပြီး။

မကြာမီမှာပဲ ချူချင်းယန်နဲ့အခြားသူတွေက ထွက်ပေါ်လာကြပါတယ်။

လီဖူချန်းက မန္တန်သိုင်းဧကရာဇ်ကို ကယ်တင်လာတာကို မြင်ပြီး သူတို့ငါးယောက်က အထင်ကြီးလေးစားသွားကြပါတယ်။

ချူချင်းယန်က ပြောလိုက်ပါတယ်"သူ့ရဲ့ကျိန်စာဥပဒေဿက ပြင်းထန်လွန်းပါတယ်၊ အဲဒါက မဖယ်ရှားခံရဘူးဆိုရင် သူက ကျိန်စာစစ်သည်အဖြစ်ကို ပြောင်းလဲနေအုံးမှာပဲ၊ ဒါပေမယ့် အရှိန်က ပိုနှေးလာမှာပါ"

မန္တန်သိုင်းဧကရာဇ်က ခေါင်းညိတ်ကာ ပြောလိုက်ပါတယ်"ငါက ကျိန်စာသိုင်းဧကရာဇ်ရဲ့ကျိန်စာကို ခံရလိမ့်လို့ မထင်ထားမိဘူး။ သူ့ရဲ့ကျိန်စာရဲ့မူရင်းက ကျိန်စာဘုရားကျောင်းကပဲ၊ ငါက ကမ္ဘာအဆုံးကို ထွက်ပြေးမယ်ဆိုရင်တောင် ငါ့ရဲ့အသိစိတ်ကို တစ်ကြိမ်ဆုံးရှုံးသွားတာနဲ့ ငါက ကျိန်စာဘုရားကျောင်းထဲကို အလိုအလျောက် လာမိအုံးမှာပဲ"

ဒါကို ဘယ်လို ဖယ်ရှားရမလဲ"လီဖူချန်းက မေးလိုက်ပါတယ်။

ကျိန်စာဧကရာဇ်က ပြန်ဖြေလိုက်ပါတယ်"ငါက ငါ့ရဲ့အသိစိတ်ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ငါက အဲဒါကို ဖယ်ရှားနိုင်ဖို့ ၅၀ရာခိုင်နှုန်း သေချာတယ်။ ပြီးတော့ သူက ငါ့ကို ကျိန်စာခတ်ဖို့ ချီတည်ရှိမှုကိုသာ အသုံးပြုခဲ့တာပဲ"

ကျိန်စာထိခံရပြီးနောက် သူ့ရဲ့စိတ်ကို မစုစည်းနိုင်‌ တော့ပါဘူး၊ ပြီး‌နောက် သူ့ရဲ့အသိစိတ်က တစ်ဖြည်းဖြည်း ကွယ်ပျောက်သွားပါတော့တယ်။

ငါ့ကို ချန်ထားခဲ့ပါ"

သူ့ရဲ့မန္တန်တာအိုက မန္တန်သိုင်းဧကရာဇ်ထက် အောက်မကျဘူးလို့ ယုံကြည်ချက်ရှိပါတယ်။ လီဖူချန်းက ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်ကို နေ့တိုင်း ဖော်ထုတ်ပေးနေ‌မယ်ဆိုရင် မန္တန်သိုင်းဧကရာဇ်က သူ့ရဲ့အသိစိတ်ကို ထိန်းသိမ်းလာနိုင်မှာပါ။

‌"ကောင်းပြီလေ"

လီဖူချန်းက အရင်ကနဲ့မတူတော့ဘူးဆိုတာကို မန္တန်သိုင်းဧကရာဇ်က သိပါတယ်။

မန္တန်သိုင်းဧကရာဇ်ပေါ်က ကျိန်စာက အခြားသူတွေအပေါ် ကူးပြောင်းသွားမှာကို စိုးရိမ်တဲ့အတွက်ကြောင့် လီဖူချန်းက မန္တန်သိုင်းဧကရာဇ်ကို သီးသန့်တောင်တစ်ခုမှာ နေစေလိုက်ပါတယ်။

နေ့တွေက ဖြတ်ကျော်လာပြီး လီဖူချန်းရဲ့ကြယ်ဥပဒေဿက ပိုသန်မာလာပါတယ်။ ဒါပေမယ့် သူက ကြယ်လက်ကို နားလည်ဖို့တော့ ‌ဝေးကွာနေတုန်းပါပဲ။

တစ်နှစ်၊ နှစ်နှစ်........

ကျင့်ကြံနေချိန်မှာ အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါတယ်။

"နောက်ဆုံးတော့ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်ငါးကို ရောက်ပြီးပေါ့"

ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်အဆင့်သုံးမှငါးကို ချိုးဖျက်ဖို့ လီဖူချန်းက အချိန်ခြောက်နှစ်ကျော် ယူခဲ့ရပါတယ်။

ခြောက်နှစ်မှာ အဆင့်နှစ်ဆင့်သာ တိုးတက်လာတာက လီဖူချန်းရဲ့အတိတ်က တိုးတက်မှုတွေနဲ့ ယှဉ်ရင် မယုံနိုင်စရာပါပဲ။

ဒါပေမယ့် ဒီအမြန်နှုန်းက အကန့်အသတ်ပဲဆိုတာကို လီဖူချန်းက သိပါတယ်။

ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့သမိုင်းတစ်လျှောက်မှာဆိုရင် အကောင်းဆုံးမှတ်တမ်းက ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်မှာ အဆင့်တစ်ဆင့်ကို ကျော်ဖြတ်ဖို့အတွက် နှစ်အများကြီး အချိန်လိုအပ်ပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်မှာ အဆင့်တစ်က‌နေကိုးအထိ ချိုးဖျက်ဖို့ဆိုရင်တော့ ရာစုနှစ်တစ်ခု၊ နှစ်ခုလောက်ထိ အချိန်ယူရမှာပါ။

လီဖူချန်းကတော့ အဆင့်နှစ်ဆင့်ကို တက်ဖို့ ခြောက်နှစ်သာ အချိန်ယူရတာပါ။

ဒါပေမယ့် နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းက အဆင့်၄၂ကို မတက်‌နိုင်သေးတာကိုတော့ လီဖူချန်းက မကျေမ‌နပ်‌ဖြစ်နေပါတယ်။

အဲဒါက မီးတာအိုနှလုံးသားနဲ့ ဆက်စပ်နေတာကိုတော့ လီဖူချန်းက သိပါတယ်။

သူက ဟင်းလင်းပြင်တာအိုနှလုံးသားကို သိပ်သည်းစေနိင်ခဲ့တာကြောင့် ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို ပြုစုပျိုးထောင်နိုင်သွားတာပါ။

သူက နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းကို အဆင့်၄၂ကို ချိုးဖျက်ချင်တယ်ဆိုရင်တော့ သူက မီးတာအိုနှလုံးသားကို သိပ်သည်းဖို့ လိုအပ်တယ်လို့ သူက မှန်းဆထားပါတယ်။

ဒါပေမယ့် လီဖူချန်းက သူ့ရဲ့ဓားစွမ်းအင်ကို အခြားစွမ်းရည်တွေနဲ့ မရောနှောချင်ပါဘူး။ သူက မီးစွမ်းရည်ကို ဖယ်ရှားဖို့ စီစဉ်ထားပါတယ်၊ ပြီးတော့ သူ့ရဲ့ကျင့်ကြံခြင်းနည်းလမ်းကို သန့်စင်တဲ့ဓားတာအိုနည်းလမ်းအဖြစ် ပြောင်းလဲဖို့ပေါ့၊ မီးဓားတာအိုနည်းလမ်းမဟုတ်ဘူးပေါ့။

ဟင်းလင်းပြင်တာအိုဓားအနုပညာ ဒါမှမဟုတ်လေတာအိုဓားအနုပညာတွေကို ဖော်ထုတ်ဖို့ နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းကို အသုံးပြုတာက သဘာဝမကျဘူးလို့ သူက အရင်ကတည်းက ခံစားမိပါတယ်။ အဲဒါက ဘာကြောင့်လဲဆို စွမ်းရည်တွေ သဟဇာတမဖြစ်ခြင်းကြောင့်ပါပဲ။

လီဖူချန်းက သူ့ရဲ့အစီအစဉ်ကို ချက်ချင်းအကောင်ထည်ဖော်ပြီး မီးစွမ်းရည်ကို ဖယ်ထုတ်ဖို့ စတင်လိုက်ပါတယ်။

ဒါက တကယ်ခက်ခဲတဲ့လမ်းကြောင်းတစ်ခုပါပဲ။ အစကတည်းက ဓားတာအိုစွမ်းရည် မပါသေးခင် လီဖူချန်းက မီးတာအိုကျင့်ကြံခြင်းနည်းလမ်းတွေကို ကျင့်ကြံခဲ့ပါတယ်။ ယခု သူက အခြေခံဖြစ်တဲ့မီးတာအိုစွမ်းရည်ကို ဖယ်ရှားဖို့ ကြိုးစားနေတယ်။ ဒါက ကောင်းကင်အဆင့်မြင့်ကျင့်ကြံခြင်းနည်းလမ်းကို ဖန်တီးခြင်းနဲ့ တူပါတယ်။

ဖြစ်စဉ်ကို ပိုပြီး သိမ်မွေ့စေဖို့အတွက် လီဖူချန်းက တိုက်ကြီးပေါ်မှာရှိတဲ့ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတွေကို စတင်စုဆောင်းလိုက်ပါတယ်။ လုံလောက်တဲ့ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတွေနဲ့အတူ နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းကို အခြေခံအနေနဲ့ အသုံးပြုမှီငြမ်းကာ ပြိုင်ဘက်ကင်းဓားတာအိုနည်းလမ်းကို ဖန်တီးဖို့ စီစဉ်လိုက်ပါတယ်။

ဒါ့အပြင် ဈေးနှုန်းအချို့နဲ့အတူ လီဖူချန်းက သံဓားမဟာဧကရာဇ်နဲ့ခရမ်းရောင်ဝါးမဟာဧကရာဇ်တို့ဆီမှ ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတွေကို ဖလှယ်ရယူလိုက်ပါတယ်။

သုံးလအတွင်း လီဖူချန်းက ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတစ်ရာကျော်ကို စုဆောင်းခဲ့ပါတယ်။

ဓားတာအိုနည်းလမ်းတွေကို မြေကြီးအဆင့်မှ ကောင်းကင်အဆင့်ထိ စဉ်ထားပါတယ်။

"ငါးနှစ်ပြည့်ခါနီးပြီးပဲ။ ဒါက လုံလောက်သင့်ပါပြီး"

ကြယ်ဥပဒေဿကို နားလည်စေတာကလွဲပြီး လီဖူချန်းကို အချိန်တွေကို ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့လာစူးစမ်းခွဲခြမ်းစိတ်ဖြာဖို့အတွက်ပဲ အသုံးပြုပါတယ်။

နောက်ထပ်လေ့လာစူးစမ်းခွဲခြမ်းစိတ်ဖြာမှုတွေနဲ့အတူ သူ့ရဲ့ဓားတာအိုအခြေခံက ပိုပြီး ကျယ်ပြန့်လာတယ်လို့ လီဖူချန်းက ခံစားမိပါတယ်။

ဒါ့အပြင် ရံဖန်ရံခါမှာတော့ လီဖူချန်းက သူ့ရဲ့မိဘ၊ ညီမလေး၊ မိသားစုတွေနဲ့အတူ  ပျော်ပျော်ရွှင်ရွှင်တွေ့ဆုံလေ့ရှိပါတယ်။

***

All Chapters