← Chapters

ဖုတ်ကောင်မဟာဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 53 Ch. 717

ဖုတ်ကောင်မဟာဧကရာဇ်ကို သတ်ဖြတ်ခြင်း

Vol. 53 Ch. 717

"တကယ်တော့ ဓားတာအိုက ပုံစံအမျိုးမျိုးရှိတာပဲ"

အမျိုးမျိုး‌သောဓားတာအိုနည်းလမ်းတွေကနေ အမျိုးမျိုးသောဓားတာအိုပုံစံတွေကို လီဖူချန်းက မြင်လိုက်ရပါတယ်။

တရားမျှတတဲ့၊ နိုင်လိုမင်းထက်များတဲ့၊ လျင်မြန်သွက်လက်တဲ့၊ နူးညံ့တဲ့၊ ရှေးကျတဲ့............

"ငါ့ဓားတာအိုက ဘယ်လိုပုံစံမျိုးဖြစ်သင့်လဲ"လီဖူချန်းက သူ့ရဲ့ဓားတာအိုကို စတင်တွေးတောလိုက်ပါတယ်။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်၊ မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်သဘောတူညီချက်မတိုင်ခင် နှစ်နှစ်သာ ကျန်ရှိလေတော့တယ်။

ထိုအချိန်အတွင်း လီဖူချန်းတစ်ယောက်တည်းကပဲ တိုးတက်မှုမြန်ဆန်နေတာ မဟုတ်ပါဘူး၊ ရန်ချင်းဟူနဲ့မိုးကြိုးသားရဲတို့ကလည်း လျင်မြန်စွာ တိုးတက်လာနေပါတယ်။

ရန်ချင်းဟူက ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ရဲ့အဆင့်၄ကို ရောက်ရှိသွားပါပြီး။

သူမရဲ့တိုးတက်မှုမြန်ဆန်ရတဲ့အဓိကအကြောင်းရင်းက သူမရဲ့အရင်ဘဝမှာ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ရဲ့အဆင့်၉ကို ရောက်ရှိခဲ့လို့ပါပဲ။

မိုးကြိုးသားရဲကတော့ အလယ်ဆင့်နတ်ဆိုးသားရဲမင်းဖြစ်လာပါပြီး။

မြင့်မြတ်သားရဲတစ်ကောင်အနေနဲ့ မိုးကြိုးသားရဲရဲ့တိုက်ခိုက်ရေးခွန်အားက သာမန်အလယ်ဆင့်နတ်ဆိုးသားရဲမင်းတွေရဲ့အထက်မှာ ရှိပါတယ်။ အဆင့်မြင့် ဒါမှမဟုတ် ထိပ်တန်းအဆင့် နတ်ဆိုးသားရဲတွေကတောင် သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ပါဘူး။

ပြီးတော့ သူမက မိုးကြိုးသားရဲကို ဆယ်နှစ်အတွင်း နတ်ဆိုးသားရဲအရှင်သခင်အဖြစ်သို့ တိုးတက်စေနိုင်လိမ့်မယ်လို့ ရန်ချင်းဟူက ‌ပြောခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်တဲ့အရင်းအမြစ်က သေးငယ်တဲ့ပမာဏတစ်ခု မဟုတ်ပါဘူး။

အဲဒါက အဆင့်မြင့်ကျောက်တုံးတွေရဲ့ကြီးမားတဲ့ပမာဏကို လိုအပ်ပါတယ်၊ ပြီးတော့ သွေးမျိုးဆက်ရဲ့အလားအလာစွမ်းရည်ကို အသက်သွင်းပေးနိုင်တဲ့ ဆေးပင်တွေကိုလည်း လိုအပ်ပါတယ်။

နတ်ဆိုးသားရဲအရှင်သခင်မဖြစ်ခင် ခရီးရှည်ရှိသေးသော်လည်း မိုးကြိုးသားရဲက ရန်ချင်းဟူကို သူ့ကို လှည့်စားတဲ့အတွက် အပြစ်မတင်ပါဘူး။ သူက ပျော်ရွှင်နေတုန်းပါပဲ။

ရန်ချင်းဟူက သူ့ကို တမင်သက်သက်လှည့်စားနေတာကို မိုးကြိုးသားရဲက မသိပါဘူး။ သူတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိတယ်ဆိုရင်တော့ မိုးကြိုးသားရဲက သားရဲအရှင်သခင်အဖြစ်ကို ဆယ်နှစ်အတွင်း သေချာပေါက် ပြောင်းလဲသွားမှာပါ။ ထိုနေရာမှာရှိတဲ့ အရင်းမြစ်တွေက ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ကောင်းကင်မဏ္ဍိုင်တိုက်ကြီးတို့ထက် ထောင်၊ သောင်းပေါင်းများစွာ ပိုကောင်းတယ်လေ။

ပြီးတော့ အဆင့်မြင့်တိုက်ကြီးတွေကို သွားဖူးတဲ့ သူတွေကသာလျှင် သိုင်းတာအိုကမ္ဘာက ဘယ်လိုလဲဆိုတာကို သိနိုင်မှာပါ။

သောင်းပေါင်းများစွာသောတာအိုတွေက ယှဉ်ပြိုင်နေကြပါတယ်။ တာအိုအသီးသီးမှာ မရေမတွက်နိုင်တဲ့ကျင့်ကြံသူတွေ ရှိကြပါတယ်။ အဆင့်မြင်တိုက်ကြီးတွေပေါ်မှာဆိုရင် ဝိညာဉ်တာအိုကျင့်ကြံသူတွေတောင် များစွာရှိပါတယ်။

"ငါ့ရဲ့ဓားတာအိုက အဆုံးအစမရှိ၊ ထာဝရဖြစ်ရမယ်၊ ရပ်တန့်လို့မရနိုင်ဘူး၊ အဆက်မပြတ်ဖိနှိပ်နေရလိမ့်မယ်၊ အေးစက်ပြီးထက်မြက်နေရမယ်"

ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတွေကို လေ့လာပြီးနောက် လီဖူချန်းရဲ့အရှိန်အဝါက ပိုမိုသန့်စင်လာပြီး ပိုပြီးကြောက်စရာကောင်းလာပါတယ်။

"မီးတာအိုကို အပြည့်အဝဖယ်ရှားနိုင်နီးပါးပါပဲ"

လီဖူချန်းက ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းအသစ်ကို ဖန်တီးမယ်ဆိုရင် အချိန်က မလုံလောက်ပါဘူး။ သူ့မှာသာ အချိန်ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ရှိတယ်ဆိုရင်တော့ သူက ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းအသစ်ကို ဖန်တီးနိုင်ဖို့အတွက် ယုံကြည်ချက်ရှိပါတယ်။

ပြီးတော့ ကျင့်ကြံခြင်းနည်းလမ်းတွေကို ဖန်တီးခြင်းမှာ အချက်အလက်များစွာပါဝင်ပါတယ်။ အဆက်မပြတ်မွမ်းမံရတယ်၊ တိုးမြင့်ရပါတယ်။ သူတော်စင်တစ်ယောက်ကတောင် အချိန်တိုအတွင်းမှာ ကျင့်ကြံခြင်းနည်းလမ်တစ်ခုကို ဖန်တီးဖို့ မလွယ်ကူပါဘူး။

နှစ်ပေါင်းများစွာ လေ့လာပြီးနောက် လီဖူချန်းရဲ့ဓားတာအိုအခြေခံက အလွန်နက်နဲလာပါတယ်။

တစ်လအတွင်း လီဖူချန်းက နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းကို အဆင့်၂၄သို့ မွမ်းမံနိုင်ခဲ့ပါတယ်။

တတိယလမှာ သူက ၃၃ဆင့်ကို ပြုပြင်မွမ်းမံနိုင်ခဲ့ပါတယ်။

အခု အဲဒါက မြေကြီးထိပ်တန်းအဆင့်ကို ရောက်ပြီးလို့ ဆိုလိုတာပါပဲ။ ဒါ‌ပေမယ့် အဲဒါက မလုံလောက်ပါဘူး။ လီဖူချန်းရဲ့အစီအစဉ်အရ သူက အနည်းဆုံး အဆင့်၄၀ထိ မွမ်းမံချင်ခဲ့ပါတယ်။

နောက်ထပ်နှစ်ဝက်အကြာမှာတော့ သူက အဆင့်၃၆ကို မွမ်းမံနိုင်ခဲ့ပါတယိ။

နောက်ထပ်တစ်နှစ်အကြာမှာတော့ သူက အဆင့်၃၉ကို မွမ်းမံနိုင်ခဲ့ပါတယ်။

အဆင့်ပိုမြင့်လေ၊ အချိန်ပိုကြာလေဖြစ်ပြီး ဓားတာအိုအခြေခံကို ပိုပြီး လိုအပ်လာပါတယ်။

"အကို၊ ငါက ကောင်းကင်ပိုးနယ်ပယ်ကို ရောက်နေပြီး"

နေ့တိုင်းနေတိုင်း လီဖူချန်းက သူ့ရဲ့မိဘတွေ၊ မိသားစုတွေနဲ့တွေ့ဆုံလေ့ရှိပါတယ်။ ကျိန်စာဘုရားကျောင်းသို့ခရီးမှာ သူက အသက်ရှင်နိုင်မလားဆိုတာကို လီဖူချန်းက မသိဘူးလေ။

ယခု သူ့ရဲ့ညီမလေး လီဖူရှန်းက အသက်ဆယ့်‌လေးနှစ်ရှိပြီး ကောင်းကင်ပိုးနယ်ပယ်ကို ရောက်ရှိနေပါပြီး။

ဒါပေမယ့် လီဖူရှန်းက ကြယ်ငါးပွင့်အရိုးတည်ဆောက်ပုံကို မပိုင်ဆိုင်ထားတော့ပါဘူး။ ကောင်းကင်အဆင့်နိမ့်ဆေးပင်-ကြယ်ခေါ်ဆေးပင်နဲ့ကောင်းကင်အလယ်ဆင့်ဆေးပင်-ကြယ်ခုနှစ်လုံးဘဝပြောင်းဆေးပင်တို့ကို အသုံးပြုပြီးနောက် သူမက ကြယ်၇လုံးအရိုးတည်ဆောက်ပုံကို ရရှိထားပြီးပြီလေ။

"ကြိုးစားကျင့်ကြံထားပါ။ နောက်တစ်နှစ်ကျရင် ငါက ဧကရာဇ်ကောင်းကင်တိုက်ကြီးကနေ အချိန်တစ်ခုအကြာ ထွက်သွားရလိမ့်မယ်။ ငါ ပြန်ရောက်လာတဲ့အချိန်ကျရင် မင်းက မူလပင်လယ်နယ်ပယ်ကို ရောက်ရှိနေလိမ့်မယ်လို့ ငါ မျှော်လင့်ထားတယ်"လီဖူချန်းက လီဖူရှန်းရဲ့ခေါင်းကို ပွတ်ကာ ပြောလိုက်ပါတယ်။

"မစိုးရိမ်ပါနဲ့ ၊ ငါက အကိုကို့ အရှက်မရစေရပါဘူး"

မန္တန်သိုင်းဧကရာဇ်ပေါ်က ကျိန်စာကလည်း သိသိသာသာ လျော့နည်းလာပါပြီး၊ လီဖူချန်းအနေ‌နဲ့ နေ့တိုင်း ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်ကို ဖော်ထုတ်ဖို့ မလိုအပ်တော့ပါဘူး။

လီဖူချန်းက ထွက်ခါနီးနေပါပြီး၊ ဒါပေမယ့် သူ့မိသားစုနဲ့သူငယ်ချင်းတွေရဲ့ဘေးကင်းမှုအတွက် သူက စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ အမှောင်ကလန်၊ သွေးအရိပ်အသင်း၊ ဝိညာဉ်ဧကရာဇ်၊ ထုတ်ကောင်မဟာဧကရာဇ်နဲ့အရိုးခေါင်းမဟာဧကရာဇ်တို့လို့ အန္တရာယ်ကြီးတွေ ကျန်ရှိနေတုန်းပဲလေ။

အမှောင်ကလန်၊ သွေးအရိပ်အသင်း၊ ဝိညာဉ်ဧကရာဇ်တို့ကတော့ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်နေတုန်းပါပဲ။ ဒါပေမယ့် ဖုတ်‌ကောင်မဟာဧကရာဇ်နဲ့အရိုးခေါင်းမဟာဧကရာဇ်တို့က သူတိ့ရဲ့အသိုက်မှာ ရှိနေသေးတာကို လီဖူချန်းက သိခဲ့ပါတယ်။

အခုလက်ရှိတော့ ထိုနှစ်‌ယောက်က သူ့ကို ကြောက်လန့် နေပါတယ်၊ ဒါပေမယ့် သူထွက်သွားတဲ့အခါကျရင် ဘာဖြစ်လိမ့်မလဲကို ဘယ်သူက သိမှာလဲ။

လီဖူချန်းက ကောင်းကင်မဏ္ဍိုင်တိုက်ကြီးကို ရောက်ရှိလာပြီး ဖုန်ကောင်ဧကရာဇ်ရဲ့ဖုတ်ကောင်ဂိုဏ်းဆီကို ပျံသန်းသွားခဲ့ပါတယ်။

ဖုတ်ကောင်ဂိုဏ်းက လျှို့ဝှက်နယ်မြေတစ်ခုမှာ တည်ရှိပြီး ဖုတ်ကောင်ဧကရာဇ်က အခု ကျင့်ကြံနေပါတယ်။

ဒီလျှို့ဝှက်နယ်မြေမှာ တိုက်ခိုက်ရေးစိတ်ဝိညာဉ်နယ်ပယ်ခန္ဓာကိုယ်ကျင့်ကြံသူဆရာသခင် ‌ထောင်ပေါင်းများစွာနဲ့ခန္ဓာကိုယ်ကျင့်ကြံသူဘုရင်ရာပေါင်းများစွာကို အကျဉ်းချထားပါတယ်။ အချိန်အပိုင်းအခြားတစ်ခုရောက်တိုင်း ဖုတ်ကောင်ဧကရာဇ်က ထိုလူသားတွေကတစ်ယောက်ကို ကျင့်ကြံဖို့အသုံးပြဖို့အတွက် သူတို့ရဲ့သွေးချီအဆီအနှစ်ကို ထုတ်ယူလေ့ရှိပါတယ်။

"နှေးကွေးလွန်းအားကြီးတယ်။ ခန္ဓာကိုယ်ကျင့်ကြံသူဧကရာဇ်အနည်းငယ်သာ ရှိမယ်ဆိုရင် ငါ့ရဲ့ခွန်အားက နောက်တစ်ဆင့်ကို တိုးတက်သွားနေပြီး။ ပြီးနောက် ဓားဧကရာဇ်ကတောင် ငါ့ရဲ့ခွန်အားကို ချိုးဖျက်နိုင်တော့မှာ မဟုတ်ဘူး"ဖုတ်ကောင်ဧကရာဇ်က မျက်မှောင်ကြုတ်လိုက်ပါတော့တယ်။

ထိုခန္ဓာကိုယ်ကျင့်ကြံသူသိုင်းပညာရှင်တွေအားလုံးကို ဖုတ်ကောင်ဂိုဏ်းက ပြုစုပျိုးထောင်ထားခြင်းဖြစ်ပါတယ်။

ဒါပေမယ့် တစ်ခုတည်းသောပြဿနာက ခန္ဓာကိုယ်ကျင့်ကြံသူဧကရာဇ်တစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ နည်းလမ်းမရှိတာပါပဲ။

လူတစ်ယောက်က ခန္ဓာကိုယ်ကျင့်ကြံသူဧကရာဇ်တစ်ယောက်ဖြစ်လာတာနဲ့ သူတို့က အခြားဂိုဏ်းတွေကို ဆယ်သွယ်လိမ့်မှာပါ။ ဂိုဏ်းတွေအနေနဲ့ ခန္ဓာကိုယ်ကျင့်ကြံသူဧကရာဇ်တွေကို လစ်လျှူရှူထားဖို့ဆိုတာက ရှားပါးလွန်းပါတယ်။ ဖုတ်ကောင်ဧကရာဇ်က သတ်မှတ်နယ်နိမတ်ကို ကျော်လွန်းမိသွားတာနဲ့ အရာအားလုံးက ရှုပ်ထွေးလာမှာပါ။

ဖုတ်ကောင်ဧကရာဇ်က သည်လူတွေကို ချိုးဖျက်စေဖို့ တွေးမိပါတယ်၊ ဒါပေမယ့် သည်လူတွေက အဆင့်တွေကသာ တိုးတက်နိုင်ပြီး ကျင့်ကြံမှုနယ်ပယ်တွေကိုတော့ မချိုးဖျက်နိုင်ဘူးဆိုတာကို သူ သဘောပေါက်ခဲ့ပါတယ်။

အသက်ကို ခပ်ပြင်းပြင်း ရှုသွင်းပြီးနောက် ဖုတ်ကောင်ဧကရာဇ်က ခန္ဓာကိုယ်ကျင့်ကြံသူဘုရင်တစ်ယောက်ကို ဆွဲကိုင်ပြီး ဆက်လက်ကျင့်ကြံလိုက်ပါတယ်။

"ဖုတ်ကောင်ဧကရာဇ်၊ မင်း အဆင်ပြေနေမယ်လို့ ငါ ယုံကြည်တယ်"

လက်ရှိအချိန်မှာတော့ လျှို့ဝှက်နယ်မြေရဲ့ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခုက ဖုတ်ကောင်မဟာဧကရာဇ်ရဲ့ရှေ့မှာ ထွက်ပေါ်လာပါတယ်။

"ဓားဧကရာဇ်၊ မင်း ဘယ်လို ဝင်လာခဲ့တာလဲ"ဖုတ်ကောင်မဟာဧကရာဇ်က ထိတ်လန့်သွားပါတော့တယ်။

သူ့ကလွဲပြီး ဘယ်သူမှ ဒီလျှိုဝှက်နယ်မြေကို မဝင်နိုင်ဘူးလေ။

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို လျှို့ဝှက်နယ်မြေတစ်ခုလုံးအနှံ့ လွှမ်းခြုံစေလိုက်ပြီးနောက် သူ့ရဲ့မျက်နှာက အေးစက်လာပါတော့တယ်။

ယင်အရှိန်အဝါက ကြီးမားလွန်းနေပြီး သည်နေရာမှာ သေခြင်းတရားတွေ ဘယ်လောက်များများ ဖြစ်ပျက်ခဲ့တာကို မသိနိုင်ပါဘူး။

"ဓားဧကရာဇ်၊ ငါတို့ကိုယ့်အလုပ်ကိုယ်လုပ်ကြရအောင်၊ ဘာလို့ မင်းက ငါ့ကို ဒုက္ခပေးနေရတာလဲ။ မင်းက ငါ၊ ဖုတ်ကောင်မဟာဧကရာဇ်ကို လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရမယ်လို့ ထင်နေတာလား"ဖုတ်ကောင်မဟာဧကရာဇ်က ထွက်ပြေးဖို့နည်းလမ်းတွေကို စဉ်းစားနေပါတယ်။

"သေစမ်း"

ဖုတ်ကောင်မဟာဧကရာဇ်ရဲ့နဖူးကို မချိန်ခင် လီဖူချန်းက ဖုတ်ကောင်ဧကရာဇ်ရဲ့အရှေ့မှာ ထွက်ပေါ်လာပါတယ်။

ဖတ်......

ဖုတ်ကောင်ဧကရာဇ်ရဲ့စိတ်ဝိညာဉ်က ပျံနှံ့သွားလေတော့တယ်၊ သူက သေချာပေါက် သေဆုံးသွား‌ချေပါပြီး။

***

All Chapters