မူလအစွန်းဓားနည်းလမ်း
Vol. 53 Ch. 718
လက်ရှိလီဖူချန်းက အားကောင်းလွန်းပြီး အရင်ကထက် နှစ်ဆပိုသန်မာလာပါတယ်။
သူက ကျင့်ကြံခြင်းနဲ့ကျင့်ကြံခြင်းနည်းလမ်းတွေကို ချိုးဖျက်နိုင်ရုံသာမက ဟင်းလင်းပြင်တာအိုနှလုံးသားကို သိပ်သည်းနိုင်ခဲ့ပါတယ်၊ ပြီးတော့ ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကိုလည်း ကျင့်ကြံနိုင်ခဲ့ပါတယ်။ ထိုလက်ချောင်းတိုက်ခိုက်မှုက သာမန်ဆန်ပါတယ်၊ ဒါပေမယ့် လက်ချောင်းဖိအားက အနက်ထဲထိကို ထွင်းဖောက်သွားပြီး ဖုတ်ကောင်မဟာဧကရာဇ်ရဲ့ဦးနှောက်ကို နုပ်နုပ်စဉ်းလိုက်ပါတော့တယ်။
အလင်းတစ်ချက်နဲ့အတူ ဖုတ်ကောင်ဧကရာဇ်ရဲ့သိုလှောင်အိတ်က လီဖူချန်းရဲ့လက်ထဲကို ရောက်ရှိလာပါတယ်။ သူက ဖွင့်ကြည့်လိုက်ပြီးနောက် အပြုံးလေးတစ်ခုက ပေါ်လာပါတော့တယ်။
ဖုတ်ကောင်ဧကရာဇ်က မဟာဧကရာဇ်ဆိုတာက ဟန်ပြမဟုတ်ပါဘူး။ အခြားပစ္စည်းတွေကိုထား သူ့မှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကတောင် ခြောက်မီလီယံရှိပါတယ်။ လီဖူချန်းရဲ့အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးစုစုပေါင်းက တစ်မီလီယံသာ ရှိပါတယ်။
အရိုးစုတောင်တန်း၊ ကောင်းကင်မဏ္ဍိုင်တိုက်ကြီးရှိ တောင်တန်းကိုးခုထဲမှတစ်ခု။
အရိုးစုတောင်ကို ထိပ်တန်းအဆင့်ရှစ်အစီအရင်၊ ကောင်းကင်အရိုးစုအစီအရင်က ဝန်းရံထားပါတယ်။ ပုံမှန်အခြေအနေမှာဆိုရင် မဟာဧကရာဇ်တစ်ယောက်ကတောင် နှစ်ရက်၊ သုံးရက်ကြာသည်အထိ မဖျက်ဆီးနိုင်ပါဘူး။
အရိုးခေါင်းခွံတောင်၊ အရိုးခေါင်းခွံမဟာဧကရာဇ်နေထိုင်တဲ့တောင်ထိပ်။
"ငါက အရိုးဖြူသူတော်စင်သရဖူကို ၈၀ရာခိုင်နှုန်းအထိ သန့်စင်ပြီးပြီ၊ နောက်ထပ်၂၀ရာခိုင်းပြီးရင်တော့ ငါက အဲဟာကို အပြည့်အဝအသုံးချနိုင်တော့မယ်"
အရိုးခေါင်းခွံမဟာဧကရာဇ်ရဲ့မျက်လုံးတွေက လူသတ်ချင်စိတ်အပြည့်ဖြစ်နေပါတယ်။ အရိုးဖြူသူတော်စင်သရဖူကို အပြည့်အဝ သန့်စင်ပြီးတဲ့အချိန်က ဓားဧကရာဇ်ရဲ့နေဝင်ချိန်ပါပဲ။
"မကြာမီပေါ့လေ"
အရိုးခေါင်းခွံမဟာဧကရာဇ်က သူ့ရဲ့သတ်စိတ်ကို ပြန်ရုတ်သိမ်းပြီး မျက်လုံးမှိတ်ကာ အရိုးဖြူသူတော်စင်သရဖူကို ဆက်သန့်စင်နေလိုက်ပါတယ်။
"အမ်"မျက်လုံးကို မှိတ်ပြီးချင်းချင်း ပြန်ဖွင့်လိုက်ရပြန်ပါတယ်။
ဟင်းလင်းပြင်က တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခုက ထွက်ပေါ်လာပါတော့တယ်။
"ဓားဧကရာဇ်၊ ငါက မင်းကို မရှာဖွေဘဲနဲ့ မင်းက ငါ့ကို လာရှာဖွေရဲတယ်ပေါ့လေ"သူက လီဖူချန်းကို မရှားတာကိုပဲ လီဖူချန်းက ကျေးဇူးတင်သင့်တယ်လို့ အရိုးခေါင်းခွံမဟာဧကရာဇ်က ယုံကြည်ထားတယ်လေ။
လီဖူချန်းက ပြောလိုက်ပါတယ်"အရိုးခေါင်းခွံမဟာဧကရာဇ်၊ ကြည့်ရတာ ခင်ဗျားက သိသိသာသာ တိုးတက်လာတာပဲ"
"မင်းကို သတ်ဖို့အတွက်ကတော့ လုံလောက်တာထက် ပိုပါတယ်လေ"အရိုးခေါင်းခွံမဟာဧကရာဇ်က လက်ဝါးတစ်ချက်ကို လီဖူချန်းထံ ရိုက်နှက်လိုက်ပါတယ်။
ဓားအလင်းက တောက်ပလာပြီး လီဖူချန်းက အရိုးခေါင်းခွံမဟာဧကရာဇ်ရဲ့လက်ဝါးအနုပညာကို ရင်ဆိုင်လိုက်ပါတယ်။
"ဘာလဲဟ"အရိုးခေါင်းခွံမဟာဧကရာဇ်က အမူအရာပြောင်းလဲသွားပါတော့တယ်။
အရိုးဖြူသူတော်စင်သရဖူကို ငါးဆယ်ရာခိုင်နှုန်းထိ သန့်စင်ထားနိုင်တုန်းက သူက လီဖူချန်းကို ဖိနှိပ်နိုင်သေးတယ်လေ။ အခု ရှစ်ဆယ်ရာခိုင်နှုန်းထိ သန့်စင်ထားနိုင်ချိန်မှာ သူက လီဖူချန်းက မဖိနှိပ်နိုင်တော့ပါဘူး။ ဘာဖြစ်သွားတာပါလဲ"
"သေစမ်း"
အရိုးဖြူသူတော်စင်သရဖူရဲ့စွမ်းအားကို လည်ပတ်နေရင်း အရိုးခေါင်းခွံမဟာဧကရာဇ်က လက်ဝါးရိုက်ချက်များစွာကို ထုတ်ဖော်လိုက်ပါတယ်။
ဒါပေမယ့် အရိုးခေါင်းခွံမဟာဧကရာဇ် ဘယ်လိုပဲ တိုက်ခိုက်၊ သူက လီဖူချန်းရဲ့ဓားအနုပညာကို မချိုးဖောက်နိုင်ပါဘူး။
"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး"အရိုးခေါင်းခွံမဟာဧကရာဇ်က သူ့ရဲ့မျက်လုံးတွေကို မယုံကြည်နိုင်ပါဘူး။
"မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။ အရိုးခေါင်းခွံမဟာဧကရာဇ်၊ ခင်ဗျား၊ အေးအေးချမ်းချမ်း သေလို့ရပြီး"လီဖူချန်းရဲ့မျက်လုံးက တောက်ပသွားပြီး သူက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို ထုတ်ဖော်လိုက်ပါတယ်။
ဓားအလင်းက အလင်းနဲ့ရေပမာပါပဲ။ အရိုးခေါင်းခွံမဟာဧကရာဇ်ရဲ့လှုပ်ရှားမှုတွေက အကြိမ်ပေါင်းများစွာ နှေးကွေးသွားလေတော့တယ်။
အရိုးဖြူသူတော်စင်သရဖူရဲ့ခုခံမှုကို ဓားအလင်းလွှာတွေက ရိပ်သိမ်းလိုက်ပါတယ်။ သူတို့ထဲမှ ဓားအလင်းတစ်ခုက အရိုးခေါင်းခွံမဟာဧကရာဇ်ဆီကို တိုးဝင်လောင်ကျွမ်းသွားစေလိုက်ပါတယ်။
အပြင်ကနေ ကြည့်မယ်ဆိုရင် ဓားအလင်းတန်းတစ်ခုက အရိုးခေါင်းခွံမဟာဧကရာဇ်ကို ပြာအဖြစ် ပြောင်းလဲသွားစေတာကိုသာ မြင်လိုက်ရတာပါ။
လီဖူချန်းက အရိုးဖြူသူတော်စင်သရဖူနဲ့အရိုးခေါင်းခွံမဟာဧကရာဇ်ရဲ့သိုလှောင်အိတ်ကို သူ့ရဲ့လက်ထဲကို ဆွဲယူလိုက်ပါတယ်။
အရိုးခေါင်းခွံမဟာဧကရာဇ်က ကောင်းကင်အဆင့်မြင့်ပစ္စည်းတစ်ခုဖြစ်ပြီး အလွန်တန်ဖိုးကြီးပါတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်သွားပြီးနောက် သူက အဲ့ဒါကို လေလံတင်ရောင်းချနိုင်လိမ့်မှာပါ။
သိုလှောင်အိတ်ကို ဖွင့်ပြီး နောက်တော့ လီဖူချန်းက မပြုံးရမနေနိုင်တော့ပါဘူး။ အရိုးခေါင်းခွံမဟာဧကရာဇ်က ဖုတ်ကောင်မဟာဧကရာဇ်ထက် ပိုပြီးချမ်းသာပါတယ်။ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးဆယ့်နှစ်မီလီယံအပြင် အခြားပစ္စည်းတွေ၊ အရင်းမြစ်တွေလည်း ရှိပါတယ်။ အားလုံးကို ပေါင်းလိုက်ရင်တော့ နှစ်ဆယ်မီလီယံအထက်မှာပါပဲ။
အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးပိုင်ဆိုင်ရတာကို လီဖူချန်းက စိတ်မဆိုးပါဘူး။ ယခု သူက ဝိညာဉ်ဧကရာဇ်နဲ့အခြားသူတွေကို ရှာတွေ့ဖို့ ဆန္ဒပြင်းပြနေပါတယ်။ သူသာ သူတို့အားလုံးကို သတ်နိုင်မယ်ဆိုရင် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာမီလီယံအထက်ကို ပိုင်ဆိုင်နိုင်မှာပါ။
ဖုတ်ကောင်ဂိုဏ်းနဲ့အရိုးခေါင်းခွံဂိုဏ်းကို ရှင်းလင်းပြီးနောက် လီဖူချန်းက ချက်ချင်း ထွက်ခွာသွားလိုက်ပါတယ်။
နောက်ထပ်တစ်လအကြာမှာတော့ ဂိုဏ်းနှစ်ခုလုံးအမြစ်ဖျက်သုတ်သင်ခံလိုက်ရတဲ့သတင်းက ကောင်းကင်မဏ္ဍိုင်တိုက်ကြီးတစ်ခုလုံးကို ပျံနှံ့သွားပြီး ကြီးမားတဲ့လှုပ်ရှားမှုတစ်ခုကို ဖြစ်ပေါ်သွားစေပါတော့တယ်။
နတ်ဆိုးတာအိုလေးဖွဲ့မှာ အပါအဝင်ဖြစ်တဲ့ ဆိုးယုတ်မှုဧကရာဇ်ရွာနဲ့အဆိပ်နဂါးနန်းတော်တို့က အလွန်အမင်း သောကရောက်နေပါတော့တယ်။ (ဘာသာပြန်သူမှတ်စု<နတ်ဆိုးဧကရာဇ်ရွာကို ဆိုးယုတ်မှုဧကရာဇ်ရွာလို့ ပြောင်းလဲခဲ့ပါတယ်>)
လီဖူချန်းက ဝိညာဉ်ဧကရာဇ်ကို နှစ်ကြိမ်တိုင်တိုင်အနိုင်ယူခဲ့ဖူးတာကို သူတို့က ကြားသိထားတယ်လေ။ ဒါကြောင့် ဖုတ်ကောင်ဂိုဏ်းနဲ့အရိုးခေါင်းခွံဂိုဏ်းကို ဖယ်ရှားနိုင်တာက ဓားဧကရာဇ်ကလွဲပြီး အခြားဘယ်သူကိုမှ သူတို့က မတွေးတောနိုင်ပါဘူး။
တစ်ချိန်တည်းမှာပဲ သူတို့က လီဖူချန်းကို မဆန့်ကျင်ခဲ့တာနဲ့ပတ်သက်ပြီး တိတ်တဆိတ် ပျော်ရွှင်ဝမ်းသာသွားချေပါတော့တယ်။ မဟုတ်ရင် သူတို့လည်း ဖုတ်ကောင်ဂိုဏ်းနဲ့အရိုးခေါင်းခွံဂိုဏ်းလို တူညီတဲ့ကံကြမ္မာကို ကြုံတွေသွားလောက်ပြီးလေ။
"နောက်ဆုံးတော့ အဆင့်လေးဆယ်"
ဆယ်နှစ်သဘောတူညီချက်မတိုင်ခင် နောက်ဆုံးမှာတော့ လီဖူချန်းက ကျင့်ကြံခြင်းနည်းလမ်းကို အဆင့်လေးဆယ်ထိ မွမ်းမံနိုင်သွားပါပြီး။
အဆင့်လေးဆယ်ဆိုပေမယ့် အဲဒါက နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းရဲ့အဆင့်လေးဆယ့်တစ်ကို ယှဉ်နိုင်တယ်လို့ လီဖူချန်းက ယုံကြည်ထားပါတယ်၊ ပိုပြီးတောင် သာအုံးမှာပါ။
လီဖူချန်းရဲ့အတွင်းရောအပြင်ကရော ဓားတာအိုချီတည်ရှိမှုတစ်ခုက ထွက်ပေါ်နေပါတယ်။ ဓားတာအိုချီတည်ရှိမှုက သူ့ရဲ့ဓားနှလုံးသားကို ပိုပြီးရှင်းလင်းလာစေပါတယ်။ ဓားတာအိုကမ္ဘာရှိ ပိုမြင့်မားတဲ့လမ်းကြောင်းကို မြင်နိုင်သလိုမျိုး သူက ခံစားနေရပါတယ်။
"အရာအားလုံးက တန်ပါတယ်လေ"လီဖူချန်းက ပြုံးနေပါတော့တယ်။
ကျင့်ကြံခြင်းနည်းလမ်းကို မွမ်းမံခြင်းက အချိန်အများကြီး လိုပါတယ်။ သူကသာ အခြားအရာတွေပေါ်မှာ ထိုအချိန်ကို အသုံးချလိုက်မယ်ဆိုရင် သူက အခုထက် ပိုသန်မာနိုင်ပါတယ်။
ဒါပေမယ့် သူက နဂိုကတည်းက လုံလုံလောက် အားကောင်းနေပြီးဖြစ်တာကြောင့် နောင်တမရပါဘူး။ သူ့အနေနဲ့ သန့်စင်တဲ့ပုံစံကို ပြုလုပ်ခြင်းက သူ့ရဲ့လမ်းကြောင်းကို ပိုပြီး ရှင်းလင်းလာစေပါတယ်၊ လမ်းလွှဲသွားစေဖို့က နည်းနိုင်သမျှ နည်းလာပါတယ်။
"ဒီဓားတာအိုကျင့်ကြံခြင်းနည်းလမ်းက သန့်စင်ပြီး အစွန်းမှာရှိတယ်။ ငါက သူ့ကို မူလအစွန်းဓားနည်းလမ်းလို့ ခေါ်မယ်"
မူလအစွန်းဆိုတာက အရာအားလုံးရဲ့ရင်းမြစ်ကို ဆိုလိုတာပါ။ မူလအစွန်းဓားနည်းလမ်းက ဓားတာအိုရဲ့ရင်းမြစ်လို့ ဆိုလိုတာပါပဲ။
သူ့ရဲ့ညာဘက်လက်ညှိုးနဲ့လက်ခလယ်ကို အတူတကွ ဆုပ်ကိုင်ရင်း ဓားချီတစ်ခုက ပေါက်ကွဲထွက်လာပါတယ်။ လီဖူချန်းက ဟင်းလင်းပြင်ကို ခုတ်ပိုင်းဖြတ်လိုက်ပါတယ်။
ဓားချီကို ပြန်သိမ်းပြီးနောက် လီဖူချန်းက တိတ်တဆိတ် ပြောလိုက်ပါတယ်"မူလအစွန်းဓားနည်းလမ်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီး။ ငါ့ရဲ့အရိုးတည်ဆောက်ပုံနဲ့ပတ်သက်ပြီး ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို ရှာဖွေရလိမ့်မယ်"
သူ့ရဲ့အရိုးတည်ဆောက်ပုံမှာ ဘာလို့ မီးစွမ်းရည်ကို ပါဝင်ခွင့်ပြုခဲ့ရသလဲဆိုတာကို လီဖူချန်းက အနည်းငယ် နောင်တရနေပါတယ်။
သူက သူ့ရဲ့အရိုးတည်ဆောက်ပုံကို ဓားတာအိုစွမ်းရည်ဖြစ်လာဖို့တော့ ဆန္ဒမရှိပါဘူး၊ ဒါပေမယ့် အနည်းဆုံးတော့ မူလသဘာဝစွမ်းရည်အတိုင်းလေပဲပေါ့။ ဒါမှသာလျှင် သူက သူ့ရဲ့ဓားတာအိုခွန်အားကို အကြီးမားဆုံးပမာဏအထိ အသုံးချနိုင်မှာလေ။
"မေ့ထားလိုက်အုံးမယ်၊ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်မှ နည်းလမ်းတစ်ခုကို စဉ်းစားတော့မယ်။ ထိုနေရာက အရင်းအမြစ်တွေနဲ့ ပြည့်နေတာ။ အရိုးတည်ဆောက်ပုံစွမ်းရည်ကို ပြောင်းလဲဖို့ ဆေးပင်တစ်ခုတော့ ရှိနိုင်မှာပါ"
ကြယ်ခုနှစ်လုံးဘဝပြောင်းဆေးပင်ကို သုံးစွဲပြီးနောက် လီဖူချန်းရဲ့အရိုးတည်ဆောက်ပုံက ကြယ်ခုနှစ်လုံးမီးတောက်အရိုးတည်ဆောက်ပုံကို ရောက်ရှိထားပြီးပါပြီ။ အဲဒါက အရမ်းကောင်းမွန်နေတာတော့မဟုတ်ပါဘူး၊ ဒါပေမယ့် ကိစ္စမရှိပါဘူး။ လီဖူချန်းက အရိုးတည်ဆောက်ပုံစွမ်းရည်ကိုသာ ဂရုစိုက်တာလေ။
***