← Chapters

ကြယ်လက်

Vol. 53 Ch. 719

ကြယ်လက်

Vol. 53 Ch. 719

မူလအစွန်းဓားနည်းလမ်းကို ဖန်တီးခြင်းက လီဖူချန်းရဲ့အချိန်အများစုကို ရယူခဲ့ပါတယ်၊ ဒါပေမယ့် လီဖူချန်းက ကျန်ရှိနေတဲ့အချိန်ကိုတော့ ကြယ်လက်ကို နားလည်ဖို့အတွက် အသုံးချခဲ့ပါတယ်။

သည်‌နေ့ဆိုရင် လီဖူချန်းက ကြယ်လက်ရဲ့အဓိကအနှစ်သာရကို နောက်ဆုံးတော့ နားလည်ခဲ့ပါပြီး။

ကြယ်လက်ရဲ့အဓိကအနှစ်သာရက ကမ္ဘာဆွဲအားဥပဒေဿပဲ ဖြစ်ပါတယ်။

ကမ္ဘာဆွဲအားမရှိဘဲနဲ့ ကြယ်တွေက ပုံစံမဖြစ်တည်နိုင်ပါဘူး။

ကမ္ဘာဆွဲအားက ကြယ်တွေကို အမှောင်ထုနဲ့တွင်းနက်ကြီးတွေထဲမှာ တည်ရှိစေပြီး ဖြာထွက်တောက်ပစေပါတယ်။

မူလက လီဖူချန်းရဲ့ကြယ်ဥပဒေဿနားလည်မှုက အလွန်နက်နဲသိမ့်မွေ့ပါတယ်၊ ဒါပေမယ့် ကမ္ဘာဆွဲအားက ကင်းမဲ့နေပါတယ်။

ကမ္ဘာဆွဲအားဥပဒေဿကို နားလည်ပြီးတာနဲ့ ကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအားကို လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နိုင်ပါလိမ့်မယ်။

ဂျိန်း.........

ကောင်းကင်မိုးကြိုးများစွာက လီဖူချန်းထံ ကျရောက်လာပါတယ်။

အတိတ်မှာတော့ လီဖူချန်းက တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိဖို့အတွက်သာ သူ့ရဲ့ခံစစ်ကို အသုံးပြုနိုင်တာပါ။ ဒီတစ်ကြိမ်မှာတော့ ကောင်းကင်မိုးကြိုးတွေကို သူ့ရဲ့ခန္ဓာကိုယ်ထဲ အမှန်တကယ် စုပ်ယူခဲ့ပါတယ်။ တစ်ခဏအတွင်း လီဖူချန်းရဲ့ခန္ဓာကိုယ်က မိုးကြိုးအလင်းတွေနဲ့ တောက်ပနေပြီး သူ့ကိုကြည့်ရတာ ကြွေကျလာတဲ့ကြယ်တစ်ပွင့်နဲ့ တူပါတယ်။

ဧကရာဇ်ကောင်းကင်တိုက်ကြီးအထက် ကောင်းကင်ပေါ်မှာ လူတိုင်းက ကြယ်တစ်လုံးကို မြင်တွေ့နိုင်မှာပါ။

ကြယ်က ကြောက်လန့်စရာကောင်းလောက်အောင် ‌တောက်ပနေပါတယ်၊ ကြယ်သာ ကြွေကျလာရင် ကမ္ဘာကိုတောင် ဖျက်ဆီးလိမ့်မယ်လို့ လူတိုင်းက တွေးမိ‌ကြပါတယ်။

သိပ်မကြာခင်မှာပဲ ကြယ်က ပျောက်ကွယ်သွားပြီး ခြိမ်းခြောက်မှုတွေက ပျံ့နှံ့သွားလေတယ်။

မိုးကြိုးလွှာရဲ့အပေါ်ပိုင်းမှာ လီဖူချန်းက မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်။

"ဒါက ကြယ်လက်လား"

စကြာဝဠာတစ်ခုလုံးကို သူက ခြေလှမ်းလှမ်းနိုင်သလိုမျိုး လီဖူချန်းက မကြုံစဖူး ခံစားနေရပါတယ်။

ဒါက စွမ်းအားရိုက်ခတ်မှုအပေါ် နားလည်မှုလွဲတာကို သူက သိပါတယ်၊ ဒါပေမယ့် နားလည်မှုလွဲတယ်ဆိုရင်တောင်မှ ကြယ်လက်က ဘယ်လောက်စွမ်းအားကောင်းပြီးကြောက်စရာကောင်းသလဲဆိုတာကို စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။

အနည်းငယ်အာရုံခံစားပြီးနောက် သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ရဲ့ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိနေပါပြီး။

အားလက်ရဲ့ချီစွမ်းအားက ကြယ်လက်ရဲ့ချီစွမ်းအားအဖြစ် ‌ကူးပြောင်းသွားပါပြီး။ မရေမတွက်နိုင်တဲ့ကောင်းကင်မိုးကြိုးစွမ်းအားတွေကို စုစည်းပြီးနောက် သူတို့ကို ခန္ဓာကိုယ်ကို တိုးမြင့်စေဖို့ အသုံးပြုခဲ့တာပါ။ ဒါကြောင့်ပဲ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ရဲ့ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားတာပါ။

လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ဆွဲထုတ်ပြီး ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာရဲ့စွမ်းအားကို လည်ပတ်စေကာ သူ့ကိုယ်သူ ခုတ်ပိုင်းလိုက်ပါတယ်။

ကလန်း.......

မီးပွားတွေ ထွက်သွားပါတယ်၊ လီဖူချန်းမှာ အရာတစ်ခုတောင် မကျန်ရှိခဲ့ပါဘူး။

ဒီခုတ်ပိုင်းမှုကို ခုခံဖို့ လီဖူချန်းက ကောင်းကင်လက်စွပ်ဓားချပ်ဝတ်၊ ဥပဒေဿစက်ကွင်းနဲ့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာခုခံမှုတို့ကို အသုံးမပြုခဲ့ပါဘူး။

ရလဒ်ကတော့ သူ့ကို လုံးဝမနာကျင်စေဘဲ အဆုံးသတ်သွားပါတယ်။

ပြီးတော့  ဓားတာအိုခွန်အားကို နှစ်ဆတိုးလိုက်ရင်တောင် သူက ဒဏ်ရာမရလောက်ဘူးလို့ လီဖူချန်းက ခံစားမိပါတယ်။ ဘယ်လိုတောင် လွှမ်းမိုးနိုင်တဲ့ခုခံမှုမျိုးပါလိမ့်။

"ကြယ်အင်မော်တယ်ခန္ဓာကိုယ်"

သူက ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့ပြီးဆိုတာကို သိလိုက်ပါတယ်။ အဲဒါက ကြယ်လက်ရဲ့ဆင့်ပွားစွမ်းရည်တစ်မျိုးပါပဲ။

ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို တစ်ကြိမ်လေ့ကျင့်ပြီးတာနဲ့ တစ်စုံတစ်ယောက်က မသေမျိုးတော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် ဘဝသက်တမ်းက အလွန်ရှည်လျားလာပါလိမ့်မယ်။ နတ်ဘုရားလက်ရဲ့မိတ်ဆက်မှုအရဆိုရင် ကြယ်အင်မော်တယ်ခန္ဓာကိုယ်ရဲ့ဘဝသက်တမ်းကို တွက်ချက်ဖို့ မဖြစ်နိုင်ပါဘူး၊ အနည်းဆုံး နှစ်ပေါင်းတစ်သောင်းလောက် ရှိပါတယ်။

ဆိုလိုတာက လီဖူချန်းက သူတော်စင်တစ်ယောက်မဖြစ်သေးရင်တောင် သူ့ရဲ့ဘဝသက်တမ်းက ပုံမှန်သူတော်စင်တစ်ယောက်ထက် ပိုမြင့်ပါတယ်။

ပြီးတော့ နတ်ဘုရားလက်က ခန္ဓာကိုယ်အပြင်အားနည်းနာတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အပြင်အားကျင့်ကြံခြင်းနည်းလမ်းနဲ့ခန္ဓာကိုယ်အပြင်အားသိုင်းပညာတွေကို ရောနှော‌ပေါင်းစပ်ထားခြင်းတစ်မျိုးပါပဲ။ ကြယ်လက်ကို ကျင့်ကြံတာက ကောင်းကင်အဆင့်မြင့်သိုင်းပညာကို လေ့ကျင့်တာထက် ဆယ်ဆပိုခက်ခဲပါတယ်။

ဒါပေမယ့် ကြယ်အင်မော်တယ်ခန္ဓာကိုယ်က စဦးအဆင့်မှာပဲ ရှိ‌ပါတယ်။ လလက်ကို ကျင့်ကြံပြီးတာနဲ့ ကြယ်အင်မော်တယ်ခန္ဓာကိုယ်က အလယ်အလတ်အဆင့်ကို ရောက်သွားပါလိမ့်မယ်။ နေလက်ကို ကျင့်ကြံပြီးတာနဲ့ ကြယ်အင်မော်တယ်ခန္ဓာကိုယ်က အဆင့်မြင့်ကို ရောက်သွားပါလိမ့်မယ်။

ကယ်ဘေးဒုက္ခလက်ကို ကျင့်ကြံပြီးတာနဲ့ ကြယ်အင်မော်တယ်ခန္ဓာကိုယ်က ကပ်ဘေးဒုက္ခအင်မော်တယ်ခန္ဓာကိုယ်အဖြစ် ကူးပြောင်းသွားပါလိမ့်မယ်။ ဆိုလိုတာက မည်သည့်ကပ်ဘေးဒုက္ခမျိုးကမှ ခန္ဓာကိုယ်ကို မဖျက်စီးနိုင်ဘူးလို့ ဆိုလိုတာပါပဲ။

ဒါပေမယ့် လီဖူချန်းရဲ့အမြင်အရ ကပ်ဘေးဒုက္ခအင်မော်တယ်ခန္ဓာကိုယ်လို့ခေါ်ခြင်းက ကပ်ဘေးဒုက္ခကို အမှန်တကယ်ခံနိုင်ရည်မရှိပါဘူး။ မဟုတ်ရင် နတ်ဘုရားလက်ကို ဖန်တီးသူက ဘာလို့ သေဆုံးသွားရမှာလဲ။

"ဒါက စွမ်းအားကြီးလွန်းတယ်"

လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားကို မိမြင်နိုင်ပါဘူး။ အဲဒါက သူ့ရဲ့ဓားတာအိုခွန်အားထက် ဆယ်ဆပိုသန်မာတယ်ဆိုတာလို့တော့ ယူဆထားပါတယ်။

အလင်းတစ်ချက်နဲ့အတူ လီဖူချန်းက မိုးကြိုးအလွှာအထက်ကို ပြေးသွားပြီး အပူအလွှာကို ရောက်ရှိလာပါပြီး။

အပူလွှာရဲ့အပူကို မျက်နှာပြင်ညီတစ်ခုလုံးမှအပူတွေကို စုဆောင်းထားတာပါ။ ဒီမျက်နှာပြင်ညီက ကြယ်တွေထက် ပိုမြင့်မားပါတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိဥပဒေဿစက်ကွင်းက တွန့်လိမ်သွားပြီး ကြယ်လက်ရဲ့ချီစွမ်းအားက ပြင်းထန်စွာ ကျဆင်းနေတာကို သူက ခံစားမိပါတယ်။

လီဖူချန်းက ကြာရှည်မနေရဲတော့ပါဘူး၊ အပူလွှာကနေ ပြန်ဆင်းလိုက်ပါတယ်။

ပြီးနောက် လီဖူချန်းက ဧကရာဇ်ကောင်းကင်တိုက်ကြီးကို ပြန်ရောက်သွားပါတော့တယ်။

ဒီနေရာက သီးခြားတည်ရှိနေတဲ့တောင်တန်းတစ်ခုဖြစ်ပြီး အရွယ်အစားအားဖြင့် မိုင်လေးသောင်းပတ်လည် ရှိပါတယ်။

လီဖူချန်းက ကြယ်လက်ကို လှည့်ပတ်ပြီး ကြောက်စရာကောင်းတဲ့ကမ္ဘာ့ဆွဲအားတစ်ခုကို တောင်တန်းရဲ့ဟင်းလင်းပြင်ပေါ်ကို သက်ရောက်စေလိုက်ပါတယ်။

ခရက်.......

ကမ္ဘာ့ဆွဲအားကြောင့် မိုင်လေးသောင်းရှိတဲ့တောင်တန်းက လီဖူချန်းဆီ ချက်ချင်း ဆွဲယူခံလိုက်ရပါတယ်။ အဲဒါက အရွယ်အစားအားဖြင့် မိုင်ထောင်အနည်းငယ်ရှိတဲ့စက်လုံးတစ်ခုနဲ့မိုင်လေးသောင်းရှိတဲ့ချောက်နက်တစ်ခုကို ဖန်တီးလိုက်ပါတယ်။

စက်လုံးထဲမှာ လီဖူချန်းက ကြယ်လက်ရဲ့ချီစွမ်းအားကို ဆက်လက်လည်ပတ်နေပါတယ်။ တစ်ချိန်တည်းမှာပဲ စက်လုံးက ပိုပိုပြီးသေးငယ်လာပါတယ်။ ကြောက်စရာကောင်းတဲ့အပူတစ်ခုက အလုံးရဲ့မျက်နှာပြင်မှ ထွက်ပေါ်လာပါတယ်။ အဝေးကနေကြည့်ရင် အဲဒါက အနက်ရောင်ရှိပြီး သံမဏိစက်လုံးတစ်ခုနဲ့ တူပါတယ်။

ဒါပေမယ့် ထိုအချိန်မှာ အဖျက်အစီးလှိုင်းဂယက်တစ်ခု ထွက်ပေါ်လာပြီး စက်လုံးက ချက်ချင်း ပြိုပျက်သွားပါတယ်။ အထဲမှာရှိနေတဲ့လီဖူချန်းက သူ့ရဲ့သွေးချီတွေ ဆူပွက်သလို ခံစားလိုက်ရပြီး ဒဏ်ရာအနည်းငယ် ရရှိသွားပါတယ်။

"ကုန်းမြေတိုက်စိတ်တန်ခိုးစွမ်းအားလား"

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်လေတယ်၊ သူ့ရဲ့လက်ရှိခန္ဓာကိုယ်အပြင်အားက ကုန်းမြေတိုက်စိတ်တန်ခိုးစွမ်းအားကို တုံ့ပြန်စေလိမ့်မယ်လို့ မထင်ထားပါဘူး။

"ကြည့်ရတာ ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားက ဧကရာဇ်ကောင်းကင်တိုက်ကြီးရဲ့အကန့်အသတ်ကို ရောက်ရှိသွားပုံပဲ"

အချိန်တွေ ကုန်‌ဆုံးရင်းနဲ့ ဆယ်နှစ်သဘောတူညီချက်မတိုင်ခင် သုံးလသာ ကျန်ရှိပါတော့တယ်။ သွေးအရိပ်အသင်းကို တွေ့ရှိတဲ့သတင်းကို လီဖူချန်းက လက်ခံရရှိခဲ့ပါတယ်။

သွေးအရိပ်အသင်းရဲ့ဌာနချုပ်ကို တွေ့ရှိသူကတော့ အဆွေးဧကရာဇ်ပါပဲ။

ဟင်းလင်းပြင်ဥပဒေဿ ကျွမ်းကျင်မှုပိုင်းမှာဆိုရင် လီဖူချန်းကလွဲပြိီး ဘယ်သူကမှ အဆွေးဧကရာဇ်ထက် ပိုမကောင်းပါဘူး။

မူလအားဖြင့် အဆွေးဧကရာဇ်ရဲ့ခွန်အားအရဆိုရင် သွေးအရိပ်အသင်းကို ဖယ်ရှားဖို့ လွယ်ကူသင့်ပါတယ်။

ဒါပေမယ့် သွေးအရိပ်အသင်းရဲ့ခေါင်းဆောင်က ထိပ်တန်းအဆင့်မဟာဧကရာဇ်တစ်ယောက်ဖြစ်နေမယ်လို့ ဘယ်သူကမှ မမျှော်လင့်ထားခဲ့ပါဘူး။ လှုပ်ရှားမှုအချို့ကို ဖလှယ်ပြီးနောက် အဆွေးဧကရာဇ်က ပြိုင်ဘက်မဟုတ်ပါဘူး။

သတင်းကို လက်ခံပြီးနောက် သွေးအရိပ်အသင်းရဲ့ဌာနချုပ်ကို လီဖူချန်းက ချက်ချင်း ဦးတည်လိုက်ပါတယ်။

အဝေးကနေပြီး လီဖူချန်းက စွမ်းအင်လှိုင်းတွေကို ခံစားသိမြင်နေရပါတယ်။ ထိုတိုက်ပွဲက သူစိတ်ကူးထားတာထက် ပိုပြင်းထန်ပုံပါပဲ။

ဟင်းလင်းပြင်တွန့်လိမ်မှုတစ်ခုဖြစ်သွားပြီး လီဖူချန်းက တိုက်ပွဲကွင်းပြင်မှာ ထွက်ပေါ်လာပါတယ်။

"ဓားဧကရာဇ်"

သွေးအရိပ်အသင်းခေါင်းဆောင်က သွေးရောင်မျက်နှာဖုံးတပ်ထားတဲ့လူတစ်‌ယောက်ဖြစ်ပါတယ်။ သူ့မှာ ထိတ်လန့်ဖွယ်ချီတည်ရှိမှုတစ်ခုရှိပြီး သူ့ကိုကြည့်ရတာ သွေးငရဲတစ်ခုမှ လမ်းလျှောက်ထွက်လာသလိုပါပဲ။

အဆွေးဧကရာဇ်ကတော့ ဒဏ်ရာရရှိထားကာ သူ့ရဲ့ချီတည်ရှိမှုက အားနည်းနေပါတယ်။

"နောက်ထပ်နတ်ဆိုးတာအိုကျင့်ကြံသူ"

လီဖူချန်းက သွေးအရိပ်ခေါင်းဆောင်ကို အကဲဖြတ်လိုက်ရာ မရေမတွက်နိုင်လောက်တဲ့သွေးဝိညာဉ်တွေကို မြင်လိုက်ရပါတယ်။ သွေးအရိပ်အသင်းက အရိုးခေါင်းခွံဂိုဏ်းနဲ့ဖုတ်ကောင်ဂိုဏ်းတို့နဲ့ ဆင်တူသည်မှာ သိသာလှပါတယ်။ သူတို့က အသက်ဝိညာဉ်တွေကို ကျင့်ကြံဖို့အတွက် အသုံးပြုကြပြီး အချိန်တစ်ခုကြာပြီးနောက် သူတို့မှာ စိတ်ဝိညာဉ်တွေရဲ့မကျေမချမ်းအာဃာတချီတွေက စွန်းထင်လာပါတယ်။ အာဃာတချီတွေ စုပုံလာပြီးနောက် တဖြည်းဖြည်းနဲ့ သွေးဝိညာဉ်တွေ ဖြစ်ပေါ်လာပါတယ်။

"အကြီးအကဲလီ၊ ရောက်လာပြီးပဲ"အဆွေးဧကရာဖ်က ဝမ်းသာသွားပါတော့တယ်။

"သွေးဧကရာဇ်"

လီဖူချန်းက လိပ်ပြာအသိစိတ်အာရုံနဲ့ စစ်ဆေးပြီးနောက် သွေးဧကရာဇ်က သွေးအရိပ်ဌာနချုပ်အထဲမှာ ပုန်းနေတာကို တွေ့လိုက်ရပါတယ်။

လီဖူချန်းက သူ့ရဲ့လက်မောင်းကို ဆန့်ပြီး ကမ္ဘာဆွဲအားကြီးတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။ သွေးဧကရာဇ်က ချက်ချင်း ဆွဲယူခံလိုက်ရပါတယ်၊ သွေးအရိပ်အသင်းရဲ့အစီအရင်ကတောင် ကမ္ဘာ့ဆွဲအားကို မတားနိုင်ပါဘူး။

အနေအထားကို မြင်ပြီး သွေးအရိပ်ခေါင်းဆောင်ရဲ့မျက်လုံးက ကျုံ့သွားပါတော့တယ်။

သူက လီဖူချန်းရဲ့ပြိုင်ဘက်မဟုတ်ဘူးကို သိပါတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ခွန်အားက ဒီလောက်ပြင်းထန်လိမ့်မယ်လို့ မထင်ထားပါဘူး။

"ခေါင်းဆောင်၊ ငါ့ကို ကယ်ပါအုံး"သွေးဧကရာဇ်က ကြောက်ရွံ့နေပါတော့တယ်။

"မင်းကို ကယ်မယ်ပေါ့။ ဒီကမ္ဘာမှာ မင်းကို ကယ်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူး"

လီဖူချန်းက သူ့ရဲ့လက်သီးကို ဆုပ်လိုက်ရာ သွေးဧကရာဇ်က ပေါက်ကွဲထွက်သွားပါတော့တယ်။

"ဓားဧကရာဇ်၊ မင်းလိုချင်တဲ့သူကို မင်းသတ်ပြီးပြီးပဲ။ ငါ့ရဲ့သွေးအရိပ်အသင်းက မင်းကို မဆန့်ကျင်ခဲ့ပါဘူး။ ဒါက နောက်ဆုံးအကြိမ်ဖြစ်လိမ့်မယ်လို့ ငါ မျှော်လင့်ထားပါတယ်"သွေးအရိပ်အသင်းခေါင်းဆောင်က မည်းမှောင်နေတဲ့မျက်နှာနဲ့ ပြောလိုက်ပါတော့တယ်။

"ငါ့နဲ့စကားပြောဖို့ မင်းမှာ ဘာအခွင့်အရေးများ ရှိလို့လဲ"

သွေးအရိပ်ခေါင်းဆောင်က သူ့နဲ့ဘာရန်ငြိုးမှ မရှိပါဘူး၊ ဒါပေမယ့် သွေးအရိပ်အသင်းမှာ သွေးကြွေးတွေရစရာအများကြီး ရှိပါတယ်။ ရှန့်ကွမ်နဲ့အနက်ရောင်ဧကရာဇ်ဂိုဏ်းက ကျဆုံးလုနီးပါးဖြစ်ခဲ့ပါတယ်၊ ဒါကြောင့် လီဖူချန်းက သွေးအရိပ်အသင်းကို ခွင့်လွှတ်မှာ မဟုတ်ပါဘူး။

"ဓားဧကရာဇ်၊ မင်းကိိုယ်မင်း ပြိုင်ဘက်ကင်းလို့ ထင်နေတာလား"သွေးအရိပ်ခေါင်းဆောင်က တိုက်ပွဲဝင်စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ပါတယ်။

သူ၊ သွေးအရိပ်မဟာဧကရာဇ်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၅၅၀၀ရှိသူပါ။

အဆွေးဧကရာဇ်ကသာ ဟင်းလင်းပြင်ဥပဒေဿကျွမ်းကျင်သူမဟုတ်ရင် သူက သေသွားလောက်ပါပြီး။

"အိုး၊ ဒီလောက်လေးပဲလား။ မင်းရဲ့ခွန်အားအပြည့်ကို ထုတ်လိုက်ပါ။ မဟုတ်ရင် မင်းမှာ အခွင့်အရေးတစ်ခုတောင် ရှိမှာ မဟုတ်ဘူး"

"ဓားဧကရာဇ်၊ ငါ မင်းကို ငါ့ရဲ့ဝှက်ဖဲကို မြည်းစမ်းခွင့်ပေးလိုက်မယ်၊ ကောင်းကင်အောက်သွေးပိုက်ကွန်"

သွေးအရိပ်ခေါင်းဆောင်ကတော့ သူ့ရဲ့လှုပ်ရှားမှုကို စတင်လိုက်ပါပြီး။

အဆုံးမရှိတဲ့သွေးတာအိုတွေ ထွက်လာချိန်မှာ သူ့ရဲ့လက်နှစ်ဖက်လုံးက ပိုက်ကွန်တစ်ခုနဲ့ တူပါတယ်။ ပိုက်ကွန်ကို ဝှေ့ယမ်းပြီး လီဖူချန်းကို ပတ်ရံလိုက်ပါတယ်။

ဒီလှုပ်ရှားမှု၊ ကောင်းကင်အောက်သွေးပိုက်ကွန်က သူ့ရဲ့ပြိုင်ဘက်ကင်သတ်ဖြတ်ကွက်တစ်ခုဖြစ်ပြီး လီဖူချန်းက ရင်ဆိုင်နိုင်လိမ့်မယ်လို့ သူက မယုံကြည့်ပါဘူး။

ဒီလှုပ်ရှားမှုက လွတ်မြောက်ရေးနည်းလမ်းတွေကို တန်ပြန်တိုက်ခိုက်ဖို့အတွက်ဖြစ်တာကို လီဖူချန်းရဲ့မျက်လုံးက အလွယ်တကူမြင်နိုင်ပြီးတော့ ဝန်းရံခံထားရခြင်းက အန္တရာယ်များလွန်းပါတယ်။

"သွေးတာအိုစက်ကွင်း"လီဖူချန်းက နားလည်သဘောပေါက်သွားပါတယ်။

ဒီလှုပ်ရှားမှုက အမှန်တကယ်မယုံနိုင်စရာကောင်းလှတဲ့သတ်ဖြတ်ကွက်တစ်ခုပါ။ ဒါပေမယ့် အဲဒါက လီဖူချန်းအတွက်တော့ အားနည်းလွန်းပါတယ်။

သွေးပိုက်ကွန်က လီဖူးချန်းအပေါ်ကျရောက်လာတာနဲ့ အဲဒါက လောင်ကျွမ်းနေ‌တဲ့သံအပေါ် ကျရောက်သွားတဲ့ ဝါးဂွမ်းမျှင်တစ်ခုပမာ ဖြစ်သွားလေတော့တယ်။ ၎င်းက ချက်ချင်းပဲ ပြာအဖြစ် ပြောင်းလဲသွားပြီး မည်သည့်သက်ရောက်မှုကိုမှ မထုတ်လုပ်နိုင်ခဲ့ပါဘူး။

"ဒါက မင်းရဲ့သတ်ဖြတ်ကွက်လား။ အရမ်း အားနည်းလွန်းဆယ်။ အခု ငါ့အလှည့်ပဲ"

လီဖူချန်းက ကမ္ဘာဆွဲအားကို ထုတ်ဖော်လိုက်ပါတယ်။ သွေးဧကရာဇ်လိုမျိုးပဲ သွေးအရိပ်မဟာဧကရာဇ်က လီဖူချန်းဆီ အလိုအလျောက် ပျံသန်းလာလေတော့တယ်။

"ဓားဧကရာဇ်၊ ငါ့ကို သွားခွင့်ပြုလိုက်ပါ။ ငါ့ရဲ့ဆရာက ကောင်းကင်အရိပ်သူတော်စင်ပဲ။ မင်းက ငါ့ကို သတ်လိုက်မယ်ဆိုရင် ဒီကမ္ဘာမှာ မင်းအတွက် နေစရာရှိတော့မှာ မဟုတ်ဘူး"သွေးအရိပ်ဧကရာဇ်က ခြိမ်းခြောက်လိုက်ပါတယ်။

"နားညီးလွန်းတယ်"

လီဖူချန်းက သူ့ရဲ့ညာဘက်လက်နဲ့ ဟင်းလင်းပြင်ကို ဆုပ်ကိုင်ပြီး သွေးအရိပ်မဟာဧကရာဇ်ကို ပေါက်ကွဲထွက်စေလိုက်ပါတော့တယ်။

***

All Chapters