← Chapters

ဘုရားကျောင်းကို ဝင်ရောက်ခြင်း

Vol. 53 Ch. 720

ဘုရားကျောင်းကို ဝင်ရောက်ခြင်း

Vol. 53 Ch. 720

လွင့်မျောကောင်းကင်တောထိပ်မှာ လီဖူချန်းကို ကိုယ်စားပြုတဲ့ သတ္တုရုပ်တုတစ်ခုရှိပါတယ်။ ရုပ်တုကို သာမန်သတ္တုနဲ့ ပြုလုပ်ထားသလို ထင်ရပါတယ်၊ ဒါပေမယ့် အဲဒါကို ကောင်းကင်အဆင့်နိမ့်သတ္တုနဲ့ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။

သတ္တုရုပ်တုက လီဖူချန်းအတွက် အမှတ်တရအနေနဲ့ တည်ဆောက်ထားခြင်းမဟုတ်ပါဘူး၊ အဲဒါက လီဖူချန်းရဲ့စိတ်ဆန္ဒတွေကို ပုံတူကူးထားခြင်း ဖြစ်ပါတယ်။

သတ္တုရုပ်တုမှာ ကြယ်လက်စိတ်ဆန္ဒနဲ့ဟင်းလင်းပြင်ကောင်းကင်ဓားစိတ်ဆန္ဒတို့ကို ထည့်သွင်းထားပါတယ်။ ရန်သူက ရုပ်တုကို တိုက်ခိုက်အသက်သွင်းလိုက်မယ်ဆိုရင် ၎င်းက ရန်သူကို ဖယ်ရှားဖို့အတွက် ကြယ်လက်စိတ်ဆန္ဒ ဒါမှမဟုတ် ဟင်းလင်းပြင်ကောင်းကင်ဓားစိတ်ဆန္ဒတို့ကို ဖော်ထုတ်လိုက်ပါလိမ့်မယ်။

လီဖူချန်းရဲ့တွက်ချက်မှုအရဆိုရင် နတ်ဆိုးသားရဲအကြိုအရှင်သခင်(တစ်ဝက်တစ်ပျက်အရှင်သခင်)က တိုက်ခိုက်မယ်ဆိုရင် ၎င်းက ကြယ်လက်စိတ်ဆန္ဒကြောင့် သွေးမြူတစ်ခုဖြစ်သွားရပါလိမ့်မယ် သို့မဟုတ် ဟင်းလင်းပြင်ကောင်းကင်ဓားစိတ်ဆန္ဒကြောင့် နှစ်ပိုင်းပြတ်သွားရပါလိမ့်မယ်။

ဒါ့အပြင် စိတ်ဆန္ဒတွေကို အကြိမ်ပေါင်းများစွာ အသုံးပြုလိို့ရပါတယ်၊ အကန့်အသတ်လေးတော့ ရှိ‌တာပေါ့လေ။

မျက်စိတစ်မှိတ်အတွင်း ဆယ်နှစ်သဘောတူညီချက်က ရောက်ရှိလာပါပြီး။

ဒီနေ့မှာတော့ ကျိန်စာဘုရားကျောင်းက အားနည်းတဲ့လှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။

တစ်ယောက်ယောက်က အာရုံမစိုက်ဘူးဆိုရင် ဒီလှိုင်းကို သတိပြုမိဖို့ဆိုတာ မလွယ်ပါဘူး။

ချူချင်းယန်ရဲ့စကားအရ ကျိန်စာဘုရားကျောင်းက နှစ်ပေါင်းလေးဆယ့်ကိုးနှစ်ပြည့်တိုင်း လှိုင်းတစ်ခုကိုသာ ထုတ်လုပ်နိုင်ပါတယ်။

လှိုင်းကို ထုတ်လွှတ်လိုက်တဲ့အချိန်မှာ အထဲမှာရှိတဲ့ကျိန်စာအစီအရင်က အသက်ဝင်သွားပြီး ဟင်းလင်းပြင်ဇုန်မှာ ကြီးမားတဲ့လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်ပါတယ်။ လမ်းကြောင်းကိုဝင်သွားတဲ့သူတိုင်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဝင်ရောက်နိုင်ပါလိမ့်မယ်။

"ထွက်ခွာဖို့ အချိန်ကျရောက်လာပါပြီး"

အလင်းတစ်ချက်နဲ့အတူ လီဖူချန်းက လွင့်မျောကောင်းကင်တောင်ရဲ့အပြင်ဘက်မှာ ထွက်ပေါ်လာပါတယ်။

ရန်ချင်းဟူနဲ့အဆွေးဧကရာဇ်တို့က လီဖူချန်းရဲ့ဘေးနားမှာ၊ မိုးကြိုးသားရဲက အနောက်ကနေလိုက်လာတာပေါ့။

ကျိန်စာဘုရားကျောင်းက အန္တရာယ်များလွန်းပါတယ်၊ တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ယောက်မဟုတ်ဘူးဆိုရင် သူက သေမှာ သေချာပေါက်ပေါ့။

"ဒီတစ်ကြိမ် လူဘယ်လောက်များများ ကျိန်စာဘုရားကျောင်းကို ဝင်ကြလိမ့်မလဲ"အဆွေးဧကရာဇ်က မေးလိုက်ပါတယ်။

ရန်ချင်းဟူက ဖြေလိုက်ပါတယ်"ဖြစ်နိုင်တာက အားလုံးပေါ့။ ဘာလိုဆို့ ဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို သွားဖို့ အခွင့်အရေးတစ်ခုပဲလေ"

"ကံမကောင်းတာက ငါတို့က ဝိညာဉ်ဧကရာဇ်နဲ့အခြားသူတွေကို ရှာမတွေ့လိုက်ရတာပဲ"အဆွေးဧကရာဇ်က လွင့်မျောကောင်းကင်တောင်ကို စိုးရိမ်ပူပန်နေပါတယ်။

လီဖူချန်းက ပြောလိုက်ပါတယ်"မစိုးရိမ်ပါနဲ့၊ စိတ်ဆန္ဒရုပ်တုပတ်ပတ်လည်အတွင်းမှာဆိုရင် ဝိညာဉ်ဧကရာဇ်ကတောင် အဆုံးသတ်သွားရလိမ့်မယ်"

လီဖူချန်းက အဆွေးဧကရာဇ်ထက်တောင် လီကလန်နဲ့အဇူရာရေဂိုဏ်းကို ပိုစိတ်ပူပါတယ်။ ဒါကြောင့် သူက ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပါတယ်။ စိတ်ဆန္ဒရုပ်တုက ပထမအဆင့်ခံစစ်ပါ။ သူက ဒုတိယနဲ့တတိယခံစစ်အလွှာတွေကိုလည်း ချန်ထားခဲ့ပါသေးတယ်။

လွင့်မျောကောင်းကင်တောင်ကို တစ်ချက်လှည့်ကြည့်ပြီးနောက် လီဖူချန်းနဲ့အခြားသူတွေက ကျန်စာဘုရားကျောင်းဆီ ပျံသန်သွား‌ခဲ့ပါတယ်။

သူတို့အားလုံး ဒီရောက်နေကြတာလား"အဆွေးဧကရာဇ်က အတော် အံ့အားသင့်သွားလေတယ်။

ကျိန်စာဘုရားကျောင်းအပြင်ဘက်မှာ ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ကောင်းကင်မဏ္ဍိုင်တိုက်ကြီးတို့မှာ မဟာဧကရာဇ်တွေအားလုံး ရောက်ရှိနေပါပြီး။ နတ်ဆိုးသားရဲမဟာမင်းသုံး‌ယောက်တောင် ရောက်ရှိနေပါတယ်။

အမည်းရောင်မျက်နှာဖုံးတပ်ထားတဲ့လူတစ် ယောက်လည်း ရှိပြီး သူက ဆန်းကြယ်တဲ့အမှောင်ညဧကရာဇ်ပါ။

သူက အမှောင်ထုကလန်ကို တည်ထောင်ထားသူဖြစ်ပြီး သွေးအရိပ်အသင်းထက် ဘယ်နေရာမှ ပိုမကောင်းပါဘူး။ ဒါပေမယ့် အမှောင်ထုကလန်က ကိစ္စတွေကို ပိပိရိရိသာ ပြုလုပ်လေ့ရှိပါတယ်။

အမှောင်ညဧကရာဇ်က လီဖူချန်းကို အဆက်မပြတ် စောင့်ကြည့်နေပါတယ်။ လီဖူချန်းက ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ချင်းချင်း သူက ချက်ချင်း ထွက်ပြေးသွားမှာပါ။

ကံကောင်းတာက လီဖူချန်းက သူ့ကို မကြည့်ပါဘူး၊ ဒါက သူ့ကို စိတ်သက်သာရာရစေပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့နှလုံးသားမှာ မုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ရှိသွားတဲ့အခါကျရင် သူ့ရဲ့ဒေါသတွေကို လီဖူချန်းအပေါ်  ပုံချရမယ်လို့ ဆုံးဖြတ်ထားပါတယ်။

ချူချင်းယန်က လူတိုင်းကို ကြည့်ကာ ပြောလိုက်ပါတယ်"ကျိန်စာဘုရား‌ကျောင်းက အလွန်အန္တရာယ်များပါတယ်။ လူတိုင်းက အတိတ်က ရန်ငြိုးတွေကို ခဝါချထားပြီး အတူပူးပေါင်းလုပ်ဆောင်ကြဖို့ မျှော်လင့်ပါတယ်။

ဒီနေရာမှာရှိတဲ့လူတွေကြားမှာ ရန်ငြိုးတွေ အများကြီးရှိပါတယ်၊ ဒါကြောင့် ချူချင်းယန်က သတိပေးရခြင်းပါပဲ။

"ဧကရီချူ၊ ဘာလုပ်ရမလဲကို ငါတို့သိပါတယ်"

လက်ရှိအချိန်မှာ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ဆန့်ကျင်လိုစိတ်မရှိပါဘူး။ ပြီးတော့ ဘာပဲပြောပြော သူတို့ရဲ့သိုင်းတာအိုအနာဂတ်က ပိုအရေးကြီးတယ်လေ။

"ကောင်းပြီး၊ အားလုံးပဲ ဝင်ကြရအောင်"ချူချင်းယန်က ဦးဆောင်ကာ ဝင်လိုက်ပါတယ်။

လူတိုင်းက ကျိန်စာဘုရားကျောင်းရဲ့အပြင်ပိုင်းနဲ့ အတော်လေးရင်းနှီးကြပါတယ်။ သူတို့က ကျိန်စာစစ်သည်တွေကို တွေ့ရရင်တောင်မှ လျင်မြန်စွာ ဖယ်ထုတ်နိုင်ကြပါတယ်။

ဒါပေမယ့် သူတို့က ကျိန်စာဘုရားကျောင်းရဲ့အတွင်းပိုင်းနဲ့ ပိုနီးကပ်လာလေလေ၊ ကျိန်စာစစ်သည်တွေရဲ့အရေအတွက်က တိုးလာလေလေပါပဲ။

လီဖူချန်းက လွဲပြီး တစ်ယောက်ကမှ ကျိန်စာစစ်သည်တွေကို တစ်ချက်တည်းနဲ့ မဖယ်ရှားနိုင်ကြပါဘူး။

ဒီလိုနဲ့ပဲ လူတိုင်းက ကျိန်စာဘုရားကျောင်းရဲ့အတွင်းပိုင်းကို ရောက်ရှိလာကြပါတယ်။

အား.......

သနားစရာကောင်းတဲ့အော်သံတစ်ခုပါ၊ ကောင်းကင်မဏ္ဍိုင်တိုက်ကြီးရဲ့ရေငါးဖြာမဟာဧကရာဇ်က ချက်ချင်း ရူးသွပ်သွားပါတယ်။ သူက အခြားသူတွေ ကြားကနေ ထွက်ပြေးသွားပြီး အဝေးကို ပျောက်ကွယ်သွားခဲ့ပါတယ်။

"ဒီလို ကျိန်စာမျိုး"နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်က လေးနက်တဲ့အမူအရာဖြစ်သွားပါတော့တယ်။

ချူချင်းယန်က ပြောလိုက်ပါတယ်"ကျိန်စာဘုရား‌ကျောင်းရဲ့အတွင်းပိုင်းမှာဆိုရင် စစ်မှန်တဲ့စိတ်ဝိညာဉ်က မဟာဧကရာဇ်ရဲ့အဆင့်မဟုတ်ဘူးဆိုရင် တစ်စုံတစ်ယောက်က ကျိန်စာရဲ့သက်ရောက်မှုကို အလွယ်တကူ ခံရလိမ့်မယ်"

သံဓားမဟာဧကရာဇ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်ပါတယ်"ရေငါးဖြာမဟာဧကရာဇ်ရဲ့စိတ်ဝိညာဉ်က ဝိညာဉ်ဧကရာဇ်ကြောင့် တစ်ကြိမ် ဒဏ်ရာရထားခဲ့တယ်။ အဲဒါ‌ကြောင့် သူ့ရဲ့စိတ်ဝိညာဉ်က အားနည်းချက်တွေ ရှိနေတာ"

မဟာဧကရာဇ်တစ်ယောက်ဒဏ်ရာရသွားတယ်ဆိုတာ လူတိုင်းမျှော်လင့်ချက်ရဲ့အလွန်မှာပါပဲ။ သူတို့ကသာ အတွင်းပိုင်းမှာ မရှိဘူးဆိုရင်၊ အချို့က ကျိန်စာဘုရားကျောင်းမှ ပြန်ထွက်သွားလောက်ပါပြီး။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ဘယ်လောက်တောင် ကြီးကျယ်အံ့ဖွယ်ဖြစ်ပါစေ၊ ဘယ်သူကမှ သူတို့ရဲ့အသက်ကို မစွန့်လွှတ်ချင်ပါဘူး။

အား.......

ရေငါးဖြာဧကရာဇ်နောက်မှ နောက်ထပ်မဟာဧကရာဇ်တစ်ယောက်လည်း သားကောင်ဖြစ်သွားချေပါပြီး။

ဒီတစ်ခါမှာတော့ အဆိပ်နဂါးမဟာဧကရာဇ်ပါ။ လက်နှစ်ဖက်က အဆိပ်နဂါးမဟာဧကရာဇ်ကို ချက်ချင်း နှစ်ပိုင်းဖြစ်သွားစေလေရဲ့။

ပုံမှန်အားဖြင့် အဆိပ်နဂါးမဟာဧကရာဇ်က နှစ်ပိုင်းဖြစ်သွားရင် သူက ပြန်သက်သာလာမှာပါ။ ဒါပေမယ့် ဒိီနေရာက ကျိန်စာဘုရားကျောင်းပါ။ အဆိပ်နဂါးမဟာဧကရာဇ်က အပိုင်းပိုင်းဖြစ်သွားတာနဲ့ ကျိန်စာဥပဒေဿက ချက်ချင်း ကျူးကျော်လာပါတယ်။ သူ့ရဲ့အသိစိတ်က ချက်ချင်းပျောက်ကွယ်သွားပြီး ကျိန်စာချီတည်ရှိမှုကိုသာ ထုတ်လွှတ်နေပါတော့တယ်။

ဒါကို ကြည့်ခြင်းအားဖြင့် အဆိပ်နဂါးမဟာဧကရာဇ်က အချိန်တစ်ခုကြာပြီးနောက် ကျိန်စာစစ်သည်တစ်ယောက်အဖြစ် ပြောင်းသွားပါလိမ့်မယ်။

"သတ်"

မဟာဧကရာဇ်တွေအားလုံးက သည်ကျိန်စာစစ်သည်ကို တိုက်ခိုက်ဖို့ အတူတကွ ပူးပေါင်းလိုက်ကြပါတယ်။

ဘန်း ဘန်း ဘန်း ဘန်း .........

ဘယ်လိုပဲတိုက်ခိုက်နေပါစေ၊ ဒီကျိန်စာစစ်သည်က ဒဏ်ရာမရရှိပါဘူး။ အရင်က ကျိန်စာစစ်သည်တွေနဲ့ နှိုင်းယှဉ်ရင် သူက အကြိမ်ပေါင်းများစွာ ပိုသန်မာလာပါတယ်။

ကလန်း.......

ဓးအလင်းတစ်ခုက တောက်ပလာပြီး ကျိန်စာစစ်သည်ကို ခုတ်ပိုင်းလိုက်ပါတယ်။

လီဖူချန်းက လွဲပြီး ဘယ်သူဖြစ်နိုင်မှာလဲ။

ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ကျိန်စာစစ်သည်ကို မသတ်နိုင်ခဲ့ပါဘူး။

ကျိန်စာစစ်သည်က ချက်ချင်း ပြန်ကောင်းသွားပါတယ်။

ဓားအလင်းတန်းတွေက အကြိမ်ပေါင်းများစွာ တောက်ပနေပါတယ်။ အရမ်းမြန်လွန်းတာကြောင့် လူတိုင်းက ရွေးချယ်စရာမရှိဘဲ သူတို့ရဲ့မျက်လုံးတွေကို ပိတ်ထားလိုက်ရပါတယ်။

ဖတ်........

နောက်ဆုံးမှာတော့ ဒီအားကောင်းတဲ့ကျိန်စာစစ်သည်က ပြာဖြစ်သွားချေပါပြီး။

ချူချင်းယန်က လီဖူချန်းကို ကြည့်ကာ ရှင်းပြလိုက်ပါတယ်"ဒီကျိန်စာစစ်သည်က အသက်ရှင်တုန်းက မဟာဧကရာဇ်ဖြစ်ခဲ့လို့ပဲ။ မဟုတ်ရင် သူက ဒီလိုစွမ်းအားမျိုး ရှိနိုင်‌မှာမဟုတ်ဘူး"

ပြီးနောက် ချူးချင်ယန်ကပဲ ထပ်လောင်းပြောကြားလိုက်ပါတယ်"တကယ်လို့ အကြိုသူတော်စင်အဆင့်ရှိကျန်စာစစ်သည်တွေကသာ ရှိနေမယ်ဆိုရင်တော့ ဓားဧကရာဇ်လွဲပြီး ငါတို့အားလုံးက အသတ်ခံရလိမ့်မယ်"

"ငါတို့ကံက အဲလောက်မဆိုးပါစေနဲ့လို့ ငါ မျှော်လင့်မိတယ်"အမှောင်ဧကရာဇ်က တံတွေးမြိုချလိုက်ရပါတော့တယ်။

ကျိန်စာဘုရားကျောင်းက ဘယ်လောက်ကြီးမားသလဲကို ဘယ်သူကမှ မသိပါဘူး။ အချိန်တစ်ချို့ကြာပြီးနောက် မြင်ကွင်းတွေမှာ ပြောင်းလဲမှုတစ်ခုရှိလာသလို လူတိုင်းက  ခံစားမိလာကြပါတယ်။

"တစ်ခုခုမှားနေပြီး၊ ညာဉ့်ဧကရာဇ်က ပျောက်နေတယ်"နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်က ပြောလိုက်ပါတယ်။

လူတိုင်းက ပတ်ပတ်လည်ကို ကြည့်လိုက်ပါတယ်။ ထင်ထားသလိုပါပဲ၊ ညာဉ့်ဧကရာဇ်က ပျောက်ဆုံးနေပါတယ်။ သူက စောစောကပဲ စကားပြောခဲ့သေးတယ်၊ အခု ရုတ်တရက် ပျောက်သွားပါတယ်။

လီဖူချန်းရဲ့မျက်လုံးက ကျဉ်းမြောင်းသွားခဲ့ပါတယ်။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ချက်ချင်း ချဲ့ထွင်လိုက်ပါတယ်။ အ‌မှောင်ဧကရာဇ်ကသာ တစ်ခုခုဖြစ်ပျက်ခဲ့တယ်ဆိုရင် သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကနေ လွတ်မြောက်ဖို့ မဖြစ်နိုင်ပါဘူး။ ရှင်းပြချက်တစ်ခုကတော့ ဟင်းလင်းပြင်ဇုန်တွေ ချိန်းပြီး အမှောင်ဧကရာဇ်ကို အခြားဟင်းလင်းပြင်ဇုန်တစ်ခုကို ပို့လိုက်တာပဲ ဖြစ်ရမယ်။

ဒါပေမယ့် ဘာလို့ အမှောင်ဧကရာဇ်တစ်‌ယောက်တည်းကသာ ရွှေ့ပြောင်းခြင်း ခံလိုက်ရတာလဲ။

ဒါက အနည်းငယ် ထူးဆန်းပါတယ်။

ရုတ်တရက် ထူးဆန်းတဲ့ပုံရိပ်တစ်ခုက ကောင်းကင်မီးအကြီးအကဲရဲ့နောက်မှာ ထွက်ပေါ်လာပါတယ်။

ထူးဆန်းတဲ့ပုံရိပ်က လီဖူချန်းကို ဖုံးကွယ်နိုင်လုနီးပါးပါပဲ။

"ရှောင်စမ်း"လီဖူချန်းက ထူးဆန်းတဲ့ပုံရိပ်ကို ခုတ်ပိုင်းလိုက်ပါတယ်။

ဆွစ်........

ဓားအလင်းက ထိုးဖောက်သွားပြီး ထူးဆန်းတဲ့ပုံရိပ်က မပျောက်ကွယ်သွားခင် ရေလှိုင်းတစ်ခုပမာ တုံ့ပြန်လိုက်ပါတယ်။

အခု ထူးဆန်းတဲ့ပုံရိပ်က ခရမ်းရောင်ဝါးမဟာဧကရာဇ်ရဲ့နောက်မှာ ရှိနေတာကို လီဖူချန်းက ချက်ချင်း သတိပြုမိလိုက်ပါတယ်။

ချူချင်းယန်ဆီက အဖြူရောင်ကျောက်စိမ်းအဆောင်တစ်ခုက တောက်ပနေလျက်ရှိပါတယ်။ ထိုကျောက်စိမ်းအဆောင်ကို နတ်ဆိုးထိန်းအဆောင်လို့ ခေါ်ပါတယ်။ အဲဒါက နတ်ဆိုးထိန်းသူတော်စင်က သန့်စင်ပြုလုပ်ထားတဲ့အဆောင်ပါ။ အဲဒါက တောက်ပနေမယ်ဆိုရင် နတ်ဆိုးတွေက ပတ်ပတ်လည်မှာ ရှိတယ်လို့ ဆိုလိုတာပါ၊ ဒါပေမယ့် သူမက အခုထိ ရှာမတွေ့သေးပါဘူး။

လီဖူချန်းကို တစ်ချက်ကြည့်ပြီးနောက် လီဖူချန်းက သူမထင်ထားတာထက် ပိုသန်မာတာကို ချူချင်းယန်က နားလည်ခဲ့ပါတယ်။

လီဖူချန်းက ထူးဆန်းတဲ့ပုံရိပ်ကို ဆက်မတိုက်ခိုက်ခင် ကျိန်စာစစ်သည်တွေက ဦးတည်ဘက်ပေါင်းစုံကနေ ထွက်လာကြပါတယ်။

ချက်ချင်းပဲ လူတိုင်းက ရှုပ်ထွေးတဲ့တိုက်ပွဲတစ်ခုဆီကို ကျရောက်သွားပါတော့တယ်။

"ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာ"

ဓားအလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး လူတိုင်းကို နေရာမှာပဲ ရပ်တန့်စေလိုက်ပါတယ်။ တိကျစွာ ပြောရရင် အမြန်နှုန်းက တစ်ရာဆ ပိုနှေးကွေးလာပါတယ်။ တစ်ချိန်တည်းမှာပဲ ကျိန်စာစစ်သည်တွေရဲ့ရွေ့လျားမှုအမြန်နှုန်းကလည်း ပို နှေးကွေးလာပါတယ်။

ဖတ်........

နောက်ချက်ချင်းမှာပဲ ကျိန်စာစစ်သည်အများစုက ပြာဖြစ်သွားပြီး ထူးဆန်းတဲ့ပုံရိပ်လည်း ပျောက်ကွယ်သွားခဲ့ပါတယ်။

ဓားအလင်းက တစ်ကြိမ် ပျောက်ကွယ်သွားတာနဲ့ တစ်စက္ကန့်လောက်သာ ကြာမြင့်ခဲ့တယ်လို့ လူတိုင်းက ခံစားနေရပြီး ဘာဖြစ်ခဲ့သလဲကို မရှင်းလင်းကြပါဘူး။

ဓားအလင်းက ဆက်လက်တောက်ပလျက်ရှိပြီး ကျန်ရှိနေသေးတဲ့ကျန်စာစစ်သည်တွေကို သတ်ဖြတ်လိုက်ပါတယ်။

"သွားစမ်း"လီဖူချန်းက အရှိန်ကို တိုးလိုက်ပါ‌တော့တယ်။

မသိလိုက်မသိဘာသာနဲ့ လူတိုင်းက ကျိန်စာဘုရားကျောင်းရဲ့အနက်ပိုင်းကို ရောက်ရှိလာကြပါတယ်။ ဒီနေရာအတွင်းပိုင်းက ထုထည်ကြီးမားပြီး ခမ်းနားထည်ဝါလှပါတယ်၊ တစ်ချိန်တည်းမှာပဲ ချောက်ခြားဖွယ်ရာအပြည့်ဖြစ်နေပါတယ်။ လူတိုင်းက မဟာဧကရာဇ်ဖြစ်နေတောင်မှ အေးစိမ့်စိမ့်ဖြစ်သလို ခံစားနေရပြီး သွားတွေကတောင် တုန်နေပါတော့တယ်။

"ငါ မနေနိုင်တော့ဘူး၊ ငါ ထွက်သွားရလိမ့်မယ်"

နတ်ဆိုးသားရဲမဟာမင်းတစ်‌ကောင်က ပြန်လှည့်ပြီး ကမန်းကတန်း ထွက်ပြေးသွားပါတော့တယ်။

ထွက်ပြေးသွား‌ပြီးနောက် မကြာမီမှာပဲ သားရဲမဟာမင်းက သူ့ရဲ့အသိစိတ်ကို ဆုံးရှုံးသွားပြီး စိတ်ပိုင်းဆိုင်ရာဖရိုဖရဲဖြစ်သွားတာကို လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ခံစားသိရှိလိုက်ရပါတယ်။

***

All Chapters