← Chapters

စိတ်ဆန္ဒရုပ်တုရဲ့စွမ်းပကား

Vol. 53 Ch. 721

စိတ်ဆန္ဒရုပ်တုရဲ့စွမ်းပကား

Vol. 53 Ch. 721

"အခုချိန်မှာ ထွက်သွားတာက သေတာနဲ့ တူတူပဲ"အမှောင်ညဧကရာဇ်က စိတ်ထဲကနေ ပြောလိုက်ပါတယ်။

အခု သူတို့က ဘုရားကျောင်းရဲ့အတွင်းပိုင်းကို ရောက်နေပါပြီး၊ ဒါကြောင့် ထွက်သွားဖို့က အခြေခံအားဖြင့် မဖြစ်နိုင်တော့ပါဘူး။ သူတို့က ဖြစ်နိုင်သမျှ ဝေးဝေးကိုသာ သွားရပါတော့မယ်။

အတွင်းပိုင်းမှာ လေးဘက်လေးတန်နံရံတွေရှိပြီး ထိုနံရံတွေပေါ်မှာ လူသားပန်းပုရုပ်ထုတွေ အများကြီးရှိပါတယ်။ ရုတ်တရက် လူတိုင်းက အေးစက်သွားသလို ခံစားလိုက်ရပါတယ်၊ ထိုပန်းပုရုပ်ထုတွေက သူတို့နဲ့ အလွန်ရင်းနှီးနေလိုပဲလေ။

"ဒါက ကောင်းကင်မီးအကြီးအကဲ၊ ပြီးတော့ သံဓားမဟာဧကရာဇ်၊ ဘာလို့ ငါလည်း ဒီမှာ ရှိနေရတာလဲ"

လီဖူချန်းက တစ်ချက်ကြည့်လိုက်ပါတယ်၊ သူနဲ့ချူချင်းယန်ကလွဲပြီး လူတိုင်းကို နံရံပေါ်မှာ ပန်းပုထုထားတာကို သိလိုက်ရပါတယ်။ အချို့သူတွေက ရုန်းကန်လှုပ်ရှားနေချိန်မှာ အခြားသူတွေက မလှုပ်မရှားနိုင်ဘဲ သူတို့ရဲ့ဖြတ်လတ်မှုတွေကို ဆုံးရှုံးနေခဲ့ရပါတယ်။

ရန်ချင်းဟူ ရုန်းကန်နေတာကို မြင်ပြီး လီဖူချန်းက အမြန် သွားလိုက်ပါတော့တယ်။

"မလုပ်နဲ့"ချူချင်းယန်က လီဖူချန်းကို ရပ်တန့်စေလိုပါတယ်။

နံရံက ပိုနီးကပ်လာလေလေ အန္တရာယ်များလေလေပါပဲ။ လီဖူချန်းက အန္တရာယ်မရှိပါဘူး၊ ဒါပေမယ့် သူက နံရံကို ထိတွေ့လိုက်မယ်ဆိုရင် ဘာဖြစ်မယ်ဆိုတာ ပြောရခက်ပါတယ်။

ဒါပေမယ့် နောက်ကျသွားပါပြီး။

လီဖူချန်းက ရန်ချင်းဟူကို ထိလိုက်ပြီး နံရံနဲ့ ပေါင်းစပ်သွားလေတော့တယ်။

ဟင်း...........

ချူချင်းယန်က ခေါင်းခါလိုက်မိလေတယ်။

မူလက သူမနဲ့လီဖူချန်းသာ ပူပေါင်းမယ်ဆိုရင် သူတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ဖို့ အခွင့်အရေးအများကြီးရှိပါတယ်။ အခု လီဖူချန်းက နံရံနဲ့ပေါင်းစပ်သွားပြီးဆိုတော့ သူမတစ်ယောက်တည်းဆိုရင် အခွင့်အရေးက ငါးဆယယ်ရာခိုင်နှုန်းထက် နည်းပါတယ်။

နံရံထဲကို ပေါင်းစပ်ပြီးနောက် လီဖူချနိးက ရန်ချင်းဟိုကို မြင်လိုက်နိုင်ပြီး ရန်ချင်းဟူကလည်း လီဖူချန်းကို မြင်လိုက်ရပါတယ်။

မမြင်နိုင်တဲ့ဖိအားတစ်ခုက ရန်ချင်းဟူကို ‌ပိုင်နက်တဲ့အတွင်းပိုင်းထဲကို ဆွဲခေါ်နေပါတယ်။

ကြယ်လက်ကို လှည့်ပတ်စေပြီး လီဖူချန်းက ရန်ချင်းဟူရဲ့လက်ကို အမြန်ဆုပ်ကိုင်ကာ သူမကို ဆွဲလိုက်လေတယ်။

"အမြန် ထွက်သွားတော့"ရန်ချင်းဟူက ခေါင်းခါလိုက်ပါတယ်။

နံရံရဲ့စွမ်းအားက အလွန့်အလွန်ကြောက်စရာကောင်းပါတယ်။ မဟာဧကရာဇ်တစ်ယောက်အနေနဲ့ သူမရဲ့အသိစိတ်က မှေးမှိန်လာနေတာကို ရန်ချင်းဟူက ခံစားမိပါတယ်။ သူမက လီဖူချန်းကို မပါဝင်မပတ်သက်စေချင််ဘူး။

"မစိုးရိမ်ပါနဲ့"

လီဖူချန်းရဲ့မျက်လုံးက လင်းလက်သွားပြီး သူက ရန်ချင်းဟူကို အားအပြည့် ဆွဲလိုက်ပါတယ်။ ထိုအကြွင်းမဲခွန်အားက ကျိန်စာစွမ်းအားကို ပြန့်ကြဲသွားစေလိုက်ပါတယ်။

"ပွင့်စမ်း"

ကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအားတစ်ခုက လီဖူချန်းဆီမှ ထွက်ပေါ်လာပြီး နံရံက စတင်အက်ကွဲလာပါတော့တယ်"

"အမ်"ချူချင်းယန်က လီဖူချန်းကို ကြည့်ပြီး အံ့ဩသွားလေတော့တယ်။

နံရံက ပေါက်ကွဲထွက်သွားပြီး ကျောက်တုံးတွေက လွင့်ထွက်သွားပါတော့တယ်။ လီဖူချန်းရဲ့ဘယ်ဘက်လက်က ရန်ချင်းဟူကို ကိုင်ထားပါတယ်။ သူ့ရဲ့ချီတည်ရှိမှုက မနှိုင်းယှဉ်နိုင်ပါဘူး၊ စကြာဝဠာတစ်ခုလုံး ပျက်စီးသွးရင်တောင် လီဖူချန်းက ဘာမှ ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။

ထိုအခိုက်၌ သူမက သူတော်စင်တစ်ယောက်ကို မြင်လိုက်ရသလိုမျိုး ချူချင်းယန်က ခံစားလိုက်ရပါတယ်။

လီဖူချန်းလောက်သန်မာတဲ့ဧကရာဇ်ကို သူမက တစ်ခါမှ မမြင်ဖူးပါဘူး။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရှိမဟာဧကရာဇ်ထိပ်တန်းဆယ်ယောက်ကသာ လီဖူချန်းကို ယှဉ်နိုင်လောက်မယ်လို့ ယူဆရပါတယ်။

ဘာလိုဆို့ လီဖူချန်းကြောင့်သာ ထိုမဟာဧကရာဇ်တွေအားလုံးက နံရံမှ လွက်မြောက်သွားနိုင်ကြတာလေ။

"ငါ အသက်ရှင်နေသေးတာလား"အဆွေးဧကရာဇ်က အလွန်စိတ်လှုပ်ရှားနေတော့တယ်။

"ငါ့ရဲ့အသက်က ဒီလောက်မတိုဘူးဆိုတာ ငါ သိပါတယ်"မိုးကြိုးသားရဲက ပျော်ရွှင်စွာနဲ့ ခွေးငယ်လေးတစ်ကောင်ပမာ ခုန်ပေါက်နေပါတော့တယ်။

အနည်းငယ်ကသာ အသက်ရှင်နိုင်ခဲ့ပါတယ်။ ဧကရာဇ်ကောင်းကင်တိုက်ကြီးမှ လီဖူချန်း၊ ရန်ချင်းဟူ၊ မိုးကြိုးသားရဲ၊ အဆွေးဧကရာဇ်ချူချင်းယန်၊ နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်၊ နဲ့အမှောင်ညဧကရာဇ်တို့ကသာ အသက်ရှင်နိုင်ခဲ့တာပါ။

ကောင်းကင်မဏ္ဍိုင်တိုက်ကြီးကတော့ အများကြီးဆုံးရှုံးသွားခဲ့ပါတယ်။ ကောင်းကင်မဏ္ဍိုင်မဟာဧကရာဇ်၊ သံဓားမဟာဧကရာဇ်၊ ခရမ်းရောင်ဝါးဧကရာဇ်တို့က လွဲပြီး ကျန်သူတွေအားလုံးက ကျဆုံးသွားခဲ့ပါတယ်။

"အများကြီးကျေးဇူးတင်ပါတယ်"ရန်ချင်းဟူက လီဖူချန်းကို အရင်ကနဲ့ အနည်းငယ်မတူတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

လီဖူချန်းက ပြုံးကာ ဘာမှ မ‌ပြောလိုက်ပါဘူး။

လီဖူချန်းနဲ့အခြားသူတွေ ကျိန်စာဘုရားကျောင်းကို စွန့်စားထွက်နေချိန်မှာ ဝိညာဉ်ဧကရာဇ်က ပြန်‌ရောက်လာပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူနဲ့အတူ အကြိုအရှင်သခင်နတ်ဆိုးသားရဲနှစ်ကောင်က မပါလာပါဘူး၊ ဒါပေမယ့် ကောင်းကင်တံပိုးဧကရာဇ်က လိုက်ပါလာပါတယ်။

"သူတို့က ကျိန်စာဘုရားကျောင်းထဲမှာ ရှိရမယ်"ဝိညာဉ်ဧကရာဇ်က ကောင်းကင်တံပိုးဧကရာဇ်ကို ပြောလိုက်ပါတယ်။

ကောင်းကင်တံပိုးဧကရာဇ်က နှာခေါင်းရှုံ့လိုက်ပါတယ်"ဝိညာဉ်ဧကရာဇ်၊ မင်းက တကယ်ကို ကောက်ကျစ်တာပဲ။ ဒါပေမယ့် ငါတို့ပူးပေါင်းရင်တောင် လွင့်မျောကောင်းကင်တောင်ရဲ့အစီအရင်ကို ချိုးဖျက်ဖို့က မဖြစ်နိုင်ဘူး"

ကောင်းကင်ဧကရာဇ်က ဝိညာဉ်ဧကရာဇ်ကို သဘောမကျပါဘူး၊ ဒါပေမယ့် သူက ကျိန်စာဘုရားကျောင်းကို မဝင်ခင် လွင့်မျောကောင်းကင်တောင်ကို ဖျက်ဆီးနိုင်ခဲ့ရင် ဒါက အလွန်ပျော်ရွှင်စရာကောင်းပါလိမ့်မယ်။ ဒါကြောင့် ဝိညာဉ်ဧကရာဇ်က ဖိတ်ခေါ်တဲ့အခါ သူက ချက်ချင်းသဘောတူလိုက်တာပါ။

"ဝိညာဉ်ဧကရာဇ်က ပြောလိုက်ပါတယ်"ဂရစ်ဖင်လည်း အနီးနားမှာ ပါလာတယ်"

ဟင်းလင်းပြင်ကနေ ဂရစ်ဖင်ရဲ့ဦးခေါင်းက ထွက်ပြူလာပါတော့တယ်။

ဟင်းလင်းပြင်ဝါးမျိုရေဘဝဲကို ကမ်းကို တက်နိုင်စေဖို့ တားမြစ်ပညာတစ်ခုကို သုံးပြီးနောက် ဟင်းလင်းပြင်ဝါးမျိုရေဘဝဲက ထိန်းချုပ်ရတာ ပိုခက်လာပါတယ်။ ဒါကြောင့် ဝိညာဉ်ဧကရာဇ်က ဂရစ်ဖင်ကိုသာ ခေါ်လာခဲ့ပါတယ်။

"ကောင်းပြီ၊ ဂရစ်ဖင်ပါဆိုရင် လွင့်‌မျောကောင်းကင်တောင်ရဲ့အစီအရင်ကို ချိုးဖျက်ဖို့ ဖြစ်နိုင်လောက်ပါတယ်"

နောက်အနည်းငယ်ကြာပြီးနောက် သူတို့က လွင့်မျောကောင်းကင်တောင်ရဲ့အပြင်ဘက်ကို ရောက်ရှိလာကြပါပြီး။

လွင့်မျောကောင်းကင်တောင်ရဲ့အစီအရင်က ကြမ်းတမ်းစွာ စတင်တုန်ခါလာပါတယ်။

တိမ်ဧကရာဇ်က အပြင်ကနေ ကြည့်ရင်း ထိတ်လန့်‌သွားပါတော့တယ်။ သူက အော်လိုက်ပါတယ်"ဝိညာဉ်ဧကရာဇ်၊ ကောင်းကင်တံပိုးဧကရာဇ်၊ မင်းတို့တွေ အရှက်မရှိကြဘူးပဲ။ တောင်ဧကရာဇ်နဲ့အကြီးအကဲလီမရှိတော့မှ မင်းတို့က လာတိုက်ခိုက်ရဲတာပဲ"

ကောင်းကင်တံပိုးဧကရာဇ်က ကောက်ကျစ်စွာ ရယ်လိုက်လေတယ်"သမိုင်းဆိုတာ အနိုင်ရသူတွေကပဲ ရေးထိုးထားတာ။ ငါတို့ လွင့်မျောကောင်းကင်တောင်ကို ဖျက်ဆီးပြီးနောက် ငါတို့လုပ်တာကို ဘယ်သူက သိမှာလဲ"

"ယုတ်မာတဲ့ကောင်တွေ"တိမ်ဧကရာဇ်က အလွန် စိုးရိမ်နေပါတော့တယ်။

လီဖူချန်းက စိတ်ဆန္ဒရုပ်တုလိုမျိုး ခုခံမှုအချို့ကို ထားခဲ့တာကို တိမ်ဧကရာဇ်က သိပါတယ်။ ဒါပေမယ့် အဲဒါက ဝိညာဉ်ဧကရာဇ်ကို ရပ်တန့်နိုင်မလားကို ဘယ်သူက သိနိုင်မှာလဲ။

"အစီအရင်ကို တိုက်ခိုက်လိုက်ပါ"ဝိညာဉ်ဧကရာဇ်က ဂရစ်ဖင်ကို အမိန့်ပေးလိုက်ပါတယ်။

"ဂရစ်ဖင်အော်သံ"

ဂရစ်ဖင်က အရွယ်အစား ကြီးလာပါတယ်။ ကြောက်စရာကောင်းတဲ့ချီတစ်ခုက ထွက်ပေါ်လာလေတော့တယ်။

"ဝိညာဉ်ဧကရာဇ်၊ မင်းက တကယ် ငါ့ကို စိတ်ပျက်စေတာပဲ။ မင်းမလာတော့ဘူးလို့ ငါက ထင်ထားတာ"

ထိုအချိန်မှာ လွင့်မျောကောင်းကင်တောင်ရဲ့အလယ်မှာရှိတဲ့ စိတ်ဆန္ဒရုပ်တုက အသင်ဝင်လာပုံပေါက်ကာ အစီအရင်ကနေ ပျံသန်းထွက်လာပါတယ်။

"ဓားဧကရာဇ်"ဝိညာဉ်ဧကရာဇ်က အမူအရာပြောင်းသွားပါတော့တယ်။

လီဖူချန်းက သတ္တုရုပ်တုအတွင်းမှာ စိတ်ဝိညာဉ်ပုံတူတစ်ခုချန်ထားခဲ့တာကို  ဝိညာဉ်ဧကရာဇ်က ဘယ်လိုလုပ်ပြီး မမြင်နိုင်ရမှာလဲ။

ဒါပေမယ့် ဝိညာဉ်ဧကရာဇ်က ခန့်မှန်းမှု မှားသွားပါတယ်။ လီဖူချန်းက စိတ်ဝိညာဉ်ပုံတူဘယ်လိုလုပ်ရမလဲကို မသိပါဘူး၊ အဲအစား သူက သတ္တုရုပ်တုအတွင်းမှာ စိတိဝိညာဉ်စွမ်းအားတစ်ခုကို ချန်ထားခဲ့ပါတယ်။ ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဝိညာဉ်က မြင့်မားလွန်းတာကြောင့် စိတ်ဝိညာဉ်စွမ်းအားက စိတ်ဝိညာဉ်ပုံတူနဲ့တောင် ယှဉ်နိုင်ပါတယ်။

"စိတ်ဝိညာဉ်ပုံတူတစ်ခုက ငါတို့ကို ခြောက်လှန့်နိုင်မယ်လို့ မင်း ထင်နေတာလား"ကောင်းကင်တံပိုးဧကရာဇ်က ပြုံးလိုက်လေတော့တယ်။

"ကောင်းကင်တံပိုးဧကရာဇ်၊ ပြီးခဲ့တဲ့အခေါက်တုန်းက ငါ မင်းကို မသတ်ခဲ့ဘူး၊ ဒါပေမယ့် အခု မင်းကိုယ်တိုင်လာပို့မှာတော့ ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့"စိတ်ဆန္ဒရုပ်တုက သတ္တုဓားတစ်ချောင်းကို ထုတ်လွှတ်လိုက်ပြီး ကောင်းကင်တံပိုးဧကရာဇ်ကို ခုတ်ပိုင်းလိုက်ပါတယ်။

ဓားအလင်းတစ်ခု တောက်ပသွားပြီး ကောင်းကင်တံပိုးဧကရာဇ်က နေရာမှာပဲ ရပ်တန့်သွားလေတော့တယ်။

အသက်တစ်ခါရှုလောက် ကြာပြီးနောက် ကောင်းကင်တံပိုးဧကရာဇ်က ပြာဖြစ်သွားပါတော့တယ်။

"ပြေးတော့"

ဝိညာဉ်ဧကရာဇ်ရဲ့အမူအရာက ပြောင်းသွားလေတော့တယ်။ စိတ်ဆန္ဒရုပ်တုရဲ့ဓားကို လူသားခွန်အအားဖြင့် မတားဆီးနိုင်ဘူးဆိုတာက သိသာလှပါတယ်။ ထိုလှုပ်ရှားမှုအောက်မှာ ဂရစ်ဖင်တောင် သေသွားနိုင်ပါတယ်။

မင်း ပြေးလွတ်လိမ့်မယ်လို့ ထင်နေတာလား"

သတ္တုဓားက ရုပ်တုနှင့် ပေါင်းစပ်သွားပါတယ်။ ရုပ်တုက ဝိညာဉ်ဧကရာဇ်ကို ပြုံးကာ ကြည့်လိုက်ပါတယ်၊ ပြီးနောက် ကမ္ဘာဆွဲအားက ရုတ်တရက် ပေါက်ကွဲထွက်လာပါတော့တယ်။

"မကောင်းဘူး"ဝိညာဉ်ဧကရာဇ်က သူ့ရဲ့ရွှေ့ပြောင်းရေးနည်းလမ်းကို လည်ပတ်ပြီး‌နောက် လွတ်မြောက်ခါနီးပါပဲ။

ဒါပေမယ့် ကမ္ဘာဆွဲအားကနေ မလွတ်မြောက်နိုင်ဘူးဆိုတာကို သူက ‌သဘောပေါက်သွားပါတယ်။ ဟင်းလင်းပြင်တောင် တွန့်လိမ့်သွားခဲ့ရပါတယ်။

ဘန်း၊ ဘန်း၊ ဘန်း၊ ဘန်း........

ကမ္ဘာဆွဲအားက ဂရစ်ဖင်၊ ဝိညာဉ်ဧကရာဇ်၊ လဝန်းနီဧကရာဇ်၊ နေဝန်းပြာဧကရာဇ်တို့ကို စိတ်ဆန္ဒရုပ်တုဆီ ဆွဲခေါ်လိုက်ပါတယ်။ ပြီးနောက် ချက်ချင်းပဲ အားပြင်းတဲ့ဖိအားတစ်ခုက ထွက်ပေါ်လာပြီး လူသုံးယောက်နဲ့သားရဲတစ်‌ကောင်ကို သွေးမြူအဖြစ် ပြောင်းလဲစေလိုက်ပါတော့တယ်။

"ဝိညာဉ်ဧကရာဇ်က သေသွားပြီးလား"တိမ်ဧကရာဇ်က သူ့ရဲ့မျက်လုံးကိုတောင် မယုံကြည်ရဲတော့ပါဘူး။

စိတ်ဆန္ဒရုပ်တုတစ်ခုက ဝိညာဉ်ဧကရာဇ်လို ရန်သူမျိုးကို သတ်ပစ်နိုင်တာလား။ လီဖူချန်းက ဘယ်လောက်တောင် စွမ်းအားကြီးတာပါလိမ့်။

သိုလှောင်အိတ်ကို သိမ်းပြီးနောက် စိတ်ဆန္ဒရုပ်တုက လွင့်မျောကောင်းကင်တောင်ကို ပြန်လာပြီးနောက် ရုပ်တုထဲကို ပြန်ရောက်သွားပါတော့တယ်။ စိတ်ဝိညာဉ်လှိုင်းတွေရဲ့အရိပ်အယောင် တစ်ခုမှ မကျန်ရှိတော့ပါဘူး။

ဓားဧကရာဇ်က ထွက်ခွာသွားပါပြီး။ ဒါ‌ပေမယ့် သူချန်ထားတဲ့အရာကတောင် ဧကရာဇ်ကောင်းကင်တိုက်ကြီးကို ထိတ်လန့်တုန်လှုပ်စေနိုင်သေးပါတယ်။ ဝိညာဉ်ဧကရာဇ်က ဥပမာပဲလေ။

ကျိန်စာဘုရားကျောင်း

လီဖူချန်းက သရော်ပြုံး ပြုံးလိုက်လေတယ်။ ဝိညာဉ်ဧကရာဇ်က ဧကရာဇ်ကောင်းကင်တိုက်ကြီးကို အမှန်တကယ် ပြန်လာလိမ့်မယ်လို့ သူ မထင်ထားဘူးလေ။

"ကျိန်စာချီတည်ရှိမှုက လွင့်ပါးသွားသလိုပဲ"ရန်ချင်းဟူက ရုတ်တရက် မေးလိုက်ပါတယ်။

ချူချင်းယန်က တစ်ခုခုကို စဉ်းစားပြီးနောက် လျင်မြန်စွာ ပြောလိုက်လေတယ်"ကျိန်စာချီ လွင့်ပါးသွားတဲ့ ဦးတည်ဘက်နောက်ကို လိုက်ရအောင်။ ထိုနေရာက ကျိန်စာဟင်းလင်းပြင်အပေါက်ဖြစ်ရမယ်"

ကျိန်စာဟင်းလင်းပြင်အပေါက်ဆိုတာက ကျိန်စာဥပဒေဿက တိုက်စားထားတဲ့ ဟင်းလင်းပြင်လိုဏ်ခေါင်းတစ်ခုကို ဆိုလိုတာပါ။

မကြာမီမှာပဲ သူတို့က အနက်ရောင်အပေါက်ကြီးတစ်ခုရှေ့ကို ရောက်ရှိလာပါတယ်။

အပေါက်က အဆက်မပြတ် ယိုယွင်းနေပြီး ကြောက်စရာကောင်းတဲ့ကမ္ဘာဆွဲအားတစ်ခုကလည်း အနီးနားက ကျိန်စာချီတည်ရှိမှုကို စုပ်ထုတ်နေပါတယ်။

***

All Chapters