← Chapters

ပျံသန်းရေးငွေကျွန်း

Vol. 53 Ch. 722

ပျံသန်းရေးငွေကျွန်း

Vol. 53 Ch. 722

"ဒါက ကျိန်စာဟင်းလင်းပြင်အပေါက်ပဲ။ တစ်ကြိမ် ငါတို့ ဖြတ်ကျော်ပြီးတာနဲ့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်သွားလိမ့်မယ်။ ဒါပေမယ့် ငါတို့က တူညီတဲ့နေရာကို ပို့ဆောင်ခံရမလားကိုတော့ ငါ မသိဘူး"

ချူချင်းယန်က အလွန်ပျော်ရွှင်နေတယ်။ သူမက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှ ဝေးကွာနေရတာ နှစ်ပေါင်းများစွာ ကြာပါပြီး။ အခု နောက်ဆုံးတော့ ပြန်ရောက်လာပြီးလေ။

"ငါ အရင် သွားလိုက်မယ်"

အမှောင်ညဧကရာဇ်က အရိပ်တစ်ခုပမာ ပြောင်းလဲသွားပြီး ကျိန်စာဟင်းလင်ပြင်အပေါက်ထဲသို့ ဝင်သွားလိုက်ပါတယ်။

လီဖူချန်းက ရုတ်တရက် တိုက်ခိုက်မှာကို သူက ကြောက်ရွံ့နေတယ်လေ။

လီဖူချန်းက ဘာမှမတုံ့ပြန်ပါဘူး၊ သူ့ရဲ့အမှောင်ညဧကရာဇ်အပေါ်သတ်ဖြတ်ချင်စိတ်က မပြင်းထန်ဘူးလေ။ မဟုတ်ရင် အမှောင်ညဧကရာဇ်က သေသွားတာ ကြာပါပြီး။

"ဓားဧကရာဇ်၊ ကျေးဇူးအများကြီးတင်ပါတယ်"

ကောင်းကင်မဏ္ဍိုင်မဟာဧကရာဇ်၊ သံဓားဧကရာဇ်၊ နဲ့ခရမ်းရောင်ဝါးမဟာဧကရာဇ်တို့က သူတို့ရဲ့လက်သီးကို လက်ခုပ်ပုံသဏ္ဍာန်ပြုလုပ်ကာ လီဖူချန်းအား လေးစားကြောင်း ပြလိုက်ပါတယ်။

လီဖူချန်းသာ မရှိရင် သူတို့အနေနဲ့ ဒီနေရာကို မရောက်နိုင်လောက်ဘူးလေ။

လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။

"ဓားဧကရာဇ်၊ ငါ၊ နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်ကလည်း မင်းကို အကြွေးတစ်ခု တင်သွားပါပြီး"

ကောင်းကင်မဏ္ဍိုင်ဧကရာဇ်နဲ့အခြားမဟာဧကရာဇ်နှစ်ယောက် ထွက်သွားပြီးနောက် နတ်မျက်လုံးတန်ခိုးရှင်ဧကရာဇ်လည်း ကျိန်စာဟင်းလင်းအပေါက်ထဲသို့ ဝင်သွားလိုက်ပါတယ်။

နောက်ဆုံးတော့ လီဖူချန်းတို့အဖွဲ့နဲ့ချူချင်းယန်သာ ကျန်ရှိတော့တယ်။

ချူချင်းယန်က လည်ချောင်းရှင်းကာ ပြောလိုက်ပါတယ်"ဓားဧကရာဇ်၊ မင်းက အခက်အခဲတစ်ခုဖြစ်လာရင် မင်းက ငါ့ကို မြင့်မြတ်နှလုံးသားပန်းခြံမှာ လာရှာလို့ရတယ်"

ကျိန်စာဟင်းလင်းပြင်အ‌ပေါက်ထဲကို မဝင်ခင် သူမက မြင့်မြတ်နှလုံးသားပန်းခြံရဲ့တည်နေရာကိုတော့ မပြောသွားခဲ့ပါဘူး။

"မြင့်မြတ်နှလုံးသားပန်းခြံလား"လီဖူချန်းက သူ့ရဲ့မေးစေ့ကို ထိလိုက်ပါတယ်။

ရန်ချင်းဟူက ပြောလိုက်တယ်"မြင့်မြတ်နှလုံးသားပန်းခြံက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ‌ကျော်ကြားတဲ့ သူတော်စင်အဆင့်ဂိုဏ်းတစ်ခုပဲ။ မင်းက သူတော်စင်တစ်ယောက်ကို အပြစ်ပြုမိတယ်ဆိုရင်တောင် မြင့်မြတ်နှလုံးသားပန်းခြံက အကူအညီပေးမယ်ဆိုရင် ကိစ္စတွေက အေးအေးချမ်းချမ်းဖြစ်သွားပါလိမ့်မယ်"

"ဒီလို ဩဇာလွှမ်းမိုးမှုမျိုး။ မင်းက‌ရော"လီဖူချန်းက ရန်ချင်းဟူအား ကြည့်လိုက်ပါတယ်။

ရန်ချင်းဟူက ဖြေလိုက်ပါတယ်"ငါက ထွက်ပေါ်လာဖို့ အခွင့်အရေးတစ်ခုရရှိလာခဲ့ပြီး။ ငါက ဂိုဏ်းကို အောင်အောင်မြင်မြင်နဲ့ ပြန်နိုင်မလားကိုတော့ မသိသေးဘူး"

လီဖူချန်းက ခေါင်းညိတ်ကာ သဘောတူလိုက်ပါတယ်။ ရန်ချင်းဟူက သူမရဲ့အရင်ဘဝမှတ်ညဏ်ကို ပြန်ထိန်းသိမ်းနိုင်ရုံမျှသာပဲ။ ဂိုဏ်းကို ပြန်ဖို့က မလွယ်ကူပါဘူး။

"အကြီးအကဲလီ၊ ငါတို့တွေ ကျိန်စာဟင်းလင်းပြင်အပေါက်ကို အတူ ဝင်ကြရအောင်။ ငါတို့က တူညီတဲ့နေရာကို ပို့ဆောင်ခံရနိုင်တယ်"အဆွေးဧကရာဇ်က အကြံပြုလိုက်ပါတယ်။

"ကောင်းတယ်"

လီဖူချန်းက သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး ဟင်းလင်းပြင်ကောင်းကင်ဓားစိတ်ဆန္ဒနဲ့အတူ ရန်ချင်းဟူ၊ အဆွေးဧကရာဇ်နဲ့မိုးကြိုးသားရဲတို့ကို ကာကွယ်ထားလိုက်ပါတယ်။

ဒီလိုနဲ့ လူသုံးယောက်နဲ့သားရဲတစ်ကောင်က ကျိန်စာဟင်းလင်းပြင်အပေါက်ကို အတူတကွ ဝင်သွားခဲ့ကြပါတယ်။

သူတို့ကို စေးကပ်တဲ့ပစ္စည်းတစ်ခုနဲ့ ထုတ်ပိုးထားသလို ခံစားနေကြရပြီး ရွေ့လျားဖို့တောင် ခက်ခဲလှပါတယ်။

ကံကောင်းတာက ကျိန်စာဟင်းလင်းပြင်အပေါက်အတွင်းမှာရှိတဲ့ဖိအားက မကြီးမားပါဘူး။ အဲဒါက ကျိန်စာဥပဒေဿမှ တိုက်စားခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ချဲ့ထုတ်ဖို့ ကြိုးမ်းလိုက်ပါတယ်၊ ဒါပေမယ့် သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက ဟင်းလင်းပြင်စီးကြောင်းတွေကြောင့် လျင်မြန်စွာ ပြန့်ကျဲသွားခဲ့လေတယ်။

အချိန်ဘယ်လောက်ကြာ ဖြတ်သန်းခဲ့လဲ မသိပါဘူး။ လီဖူချန်းက ဟင်းလင်းပြင်စီးကြောင်းတွေ ပိုသန်မာလာတာကို ခံစားလာရပါတယ်။

"ဟင်းလင်းပြင်မုန်တိုင်းတစ်ခု ဖြစ်နိုင်မလား"လီဖူချန်းရဲ့မျက်နှာက လေးနက်သွားပါတော့တယ်။

ဟင်းလင်းပြင်မုန်တိုင်းက အလွန်ရှားပါးတဲ့ဖြစ်စဉ်တစ်ခုပါ၊ ဒါပေမယ့် ဘယ်လောက်ရှားရှားပါးပါး ဖြစ်နိုင်တဲ့အခွင့်အလမ်းတစ်ခုတော့ ရှိပါတယ်။ တည်နေရာရွှေ့ပြောင်းနေစဉ်အတွင်း ဟင်းလင်းပြင်မုန်တိုင်းနဲ့ ရင်ဆိုင်မိရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကွဲပြတ်နိုင်သလို အမည်မသိနေရာကိုလည်း ပို့ဆောင်ခံရနိုင်ပါတယ်။

အဲဒါ‌‌တွေတစ်ခုကိုမှ လီဖူချန်းက မြင်ချင်တာမ ဟုတ်ပါဘူး။

ရန်ချင်းဟူနဲ့အဆွေးဧကရာဇ်တို့ကလည်း လှိုင်းတွေကို ခံစားရနိုင်ပါတယ်။

ဒါပေမယ့် သူတို့နှစ်ယောက်က ဘာမှ မပြောနိုင်ပါဘူး။ တိတ်တဆိတ် စိုးရိမ်နေရုံသာ တတ်နိုင်ပါတယ်။

အချိန်တစ်ခုကြာပြီးနောက် သူတို့သုံးယောက်က ထွက်ပေါက်နဲ့ မှုန်ဝါးဝါးအလင်းတစ်ခုကို မြင်လိုက်ရပါတယ်။ တစ်ချိန်တည်းမှာပဲ ပြီးပြည့်စုံတဲ့ချီတည်ရှိမှုတစ်ခုက ထိုးတက်လာပါတယ်။ ဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ချီတည်ရှိမှုဆိုတာ သိသာပါတယ်။

"ငါတို့ နောက်ဆုံးတော့ ရောက်လာပြီး"လီဖူချန်းက စိတ်သက်သာရာ ရသွားလေတယ်။

အလင်းက ပိုပိုတောက်ပလာပြီး သူတို့အုပ်စုက သဘာဝရှုခင်းတစ်ခုတစ်ခုကို မြင်လာနိုင်ပါတော့တယ်။

ထိုအချိန်မှာ ကြီးမားတဲ့အရိပ်တစ်ခုက ရုတ်တရက် ဖြတ်ပြေးလာပြီး အလင်းက ပျောက်ကွယ်သွားခဲ့ပါတယ်။

"ငါတို့တော့ သွားပါပြီး"အဆွေးဧကရာဇ်က စိတ်ဓာတ်ကျသွားတော့တယ်။

ဟင်းလင်းပြင်ဥပဒေဿကို လေ့ကျင့်ထားတာကြောင့် ကျိန်စာဟင်းလင်းပြင်အပေါက်က ဖြတ် တောက်ပိတ်ဆို့ခံလိုက်ရပြီးဆိုတာကို သူက သေချာသိပါတယ်။

"ငါ၊ မဟာမိုးကြိုးသားရဲကလည်း ဟင်းလင်းပြင်မှာပဲ သေသွားရတော့မှာလား"မိုးကြိုးသားရဲက သူ့ရဲ့စိတ်ထဲမှာ ဟိန်းဟေက်နေမိပါတောတယ်။

"ငါ့ကို မင်းတို့အားလုံးကို မခွင့်ပြုပါ"

အသံတစ်ခုက ရန်ချင်းဟူ၊ အဆွေးဧကရာဇ်နဲ့မိုးကြိုးသားရဲတို့ရဲ့နားထဲကို ရောက်ရှိလာပါတယ်။

ပြီးနောက် ချက်ချင်းပဲ ကြယ်လက်ဝါးတစ်စုံက ဟင်းလင်းပြင်အပေါက်ကို ဆုတ်ဖြဲလိုက်ပြီး သူတို့ကို တွန်းထုတ်လိုက်ပါတယ်။

ခရက်.........

လူနှစ်ယောက်နဲ့သားရဲတစ်ကောင်က အက်ကွဲကြောင်းကနေ ပြုတ်ကျသွားပါတယ်။ ဒီနေရာက ပြီးပြည့်စုံတဲ့ကောင်းကင်နဲ့မြေကြီးဥ‌ပဿေတွေ ရှိတဲ့ ကမ္ဘာတစ်ခုပါပဲ။

.

ကောင်းကင်နဲ့မြေကြီးစွမ်းအားရဲ့ကြီးမားတဲ့ပမာဏတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲ တိုးဝင်လာသလို အဆွေးဧကရာဇ်က ခံစားမိနေပါတယ်။

"လီဖူချန်း....."

ပုံမှန်အားဖြင့် တည်ငြိမ်တဲ့ရန်ချင်းဟူက ကြောက်ရွံ့သွားလေတော့တယ်။

"ငါ မင်းတို့ကို ပြန်လိုက်ရှာမယ်"လီဖူချန်းရဲ့အသံက အက်ကွဲကြောင်းကနေ ထွက်‌ပေါ်လာပါတယ်။

ပြီးနောက် အက်ကွဲကြောင်းက နောက်ပြန်ဆုတ်သွားပါတယ်။

အဆွေးဧကရာဇ်က ရန်ချင်းဟူကို အားပေးလိုက်ပါတယ်"အကြီးအကဲလီက ငါ မြင်ဖူးသမျှ ပါရမီအကောင်းဆုံးပုဂ္ဂိုလ်ပါ။ သူက လွယ်လွယ်ကူကူ သေလိမ့်မယ်လို့ ငါ မယုံဘူး"

အသက်ကို ရှူသွင်းပြီးနောက် ရန်ချင်းဟူက ခေါင်းညိတ်လိုက်ပါတယ်။

သူမလည်း လီဖူချန်းက သေသွားလိမ့်မယ်လို့ မယုံကြည်ပါဘူး။

"လီဖူချန်း၊ နင် ငါ့ကို လာပြန်ရှာရမယ်နော်"ရန်ချင်းဟူက သူ့ရာသူ ပြောလိုက်ပါတယ်။

…

ရန်ချင်းဟူက တစ်နာရီလောက် စောင့်ခဲ့ပါတယ်၊ ဒါပေမယ့် ဟင်းလင်းပြင်ကနေ တစ်ယောက်မှ မထွက်လာပါဘူး။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ အချိန်နဲ့အာကာသမှာ မသေချာမရေရာတဲ့အချက်တွေ အများကြီးရှိတယ်။ ပြောင်းလဲမှုသေးသေးလေးကတောင် မိုင်ထောင်ပေါင်းများစွာ ကွာ‌ဝေးသွားစေလိမ့်မယ်"

ချူချင်းယန်က ခေါင်းခါကာ ထွက်ခွာလိုက်ပါ တော့တယ်။

…

ဟင်းလင်းပြင်မုန်တိုင်းမရှိရင် လီဖူချန်းက ဟင်းလင်းပြင်ဇုန်ကို ဆုတ်ဖြဲပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဝင်ရောက်နိုင်ပါတယ်။

ဒါပေမယ့် ဟင်းလင်းပြင်မုန်တိုင်းကြောင့် သူက လမ်းကြောင်းတစ်ခုကိုသာ ဆုတ်ဖြဲနိုင်ပြီး ရန်ချင်းဟူနဲ့အခြားသူတွေကို ပို့လွှတ်လိုက်နိုင်ခဲ့ပါတယ်။ ဟင်းလင်းပြင်မုန်တိုင်းရဲ့ပြောင်းလဲသွားတဲ့လမ်းကြောင်းအတွင်းမှာ သူက ဝန်းရံခံထားရတုန်းပါပဲ။

"ဒါက ဟင်းလင်းပြင်မုန်တိုင်းလား"

ဟင်းလင်းပြင်ကောင်းကင်ဓားဆန္ဒရဲ့ကာကွယ်မှုနဲ့အတူ ဟင်းလင်းပြင်မုန်တိုင်းက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို မထိတွေ့နိုင်ပါဘူး။

သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို မချဲ့ထုတ်နိုင်ပါဘူး၊ ဒါပေမယ့် ဟင်းလင်းပြင်တာအိုနှလုံးသားနဲ့အတူ ဟင်းလင်းပြင်မုန်တိုင်းအတွင်းမှာ ရှိတဲ့ အလွန်ကြမ်းတမ်းတဲ့ဟင်းလင်းပြင်ဥပဒေဿကို လီဖူချန်းက ခံစားမိနေတုန်းပဲ။ ဒီလိုဟင်းလင်းပြင်ဥပဒေဿကို လီဖူချန်းက ဘယ်တော့မှမထိတွေ့ခဲ့ဖူးပါဘူး။

ဖတ်.......

ဟင်းလင်းပြင်ကောင်းကင်ဓားဆန္ဒက ဖျက်ဆီးခံလိုက်ရပါတယ်။

ဟင်းလင်းပြင်မုန်တိုင်းနဲ့ နှိုင်းယှဉ်ရင် လီဖူချန်းရဲ့ဟင်းလင်းပြင်ဥပဒေဿက အားနည်းနေတုန်းပါပဲ။

အခြားသူတွေသာဆိုရင် သူတို့က ဟင်းလင်းပြင်မုန်တိုင်း‌ကြောင့် ဆုတ်ဖြဲခံလိုက်ရပါပြီး။ ဒါပေမယ့် လီဖူချန်းက ဥပဒေဿစက်ကွင်းကို ပိုင်ဆိုင်ထားပါတယ်။

ဥပဒေဿစက်ကွင်းက ကြယ်လက်စိတ်ဆန္ဒနဲ့ သူ့ရဲ့အသက်စက်ကွင်းတို့ ပေါင်းစပ်ထားခြင်းပါပဲ။ ခုခံမှုအားဖြင့် ပြောရရင် အဲဒါက ဓားဆန္ဒထက် ပိုကြမ်းတမ်းလာပါတယ်။

ဒါပေမယ့် ဟင်းလင်းပြင်မုန်တိုင်းကို ရင်ဆိုင်ရတဲ့အခါ တူညီတဲ့သက်ရောက်မှု ရှိတုန်းပါပဲ။

မကြာမီမှာပဲ ဥပဒေဿစက်ကွင်းကလည်း ဖျက်ဆီးခံလိုက်ရပါတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်က သွေးဒဏ်ရာတွေ ထွက်ပေါ်လာပါတော့တယ်။

လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး ဓားဆန္ဒကို ထုတ်ကာ သိုလှောင်လက်အိတ်ကို ကာကွယ်လိုက်ရပါတယ်။

ဟင်းလင်းပြင်မုန်တိုင်းက အမြဲတမ်း ဖျက်ဆီး‌မနေပါဘူး။ အဲဒါက လေနဲ့တူပြီး တဖြည်းဖြည်း ငြိမ်သက်သွားပါတယ်။

လီဖူချန်းရဲ့ခန္ဓာကိုယ်က ဒဏ်ရာတွေနဲ့ ပြည့်နှက်ချိန်မှာ ဟင်းလင်းပြင်မုန်တိုင်းက စတင်နောက်ဆုတ်သွားပါပြီး။

လက်နှစ်ဖက်ကို သုံးကာ လီဖူချန်းက ဟင်းလင်းပြင်ဇုန်ကို အားအပြည့်နဲ့ ဆုတ်ဖြဲဖွင့်လိုက်ပြီးနောက် လွတ်မြောက်သွားပါတော့တယ်။

"သေခါနီးလေးပါပဲ"

ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့တောင် လီဖူချန်းက ဟင်းလင်းပြင်မုန်တိုင်းကြောင့် စုတ်ပြတ်သတ်တဲ့အထိ ခံလိုက်ရပါတယ်။

မြေကြီးပေါ်မှာ လှဲနေရင်း လီဖူချန်းက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။ ဒီနေရာက ကြီးမားတဲ့သတ္တုတောင်တစ်ခုဖြစ်ပြီး အလုပ်သမားများစွာက ငွေရောင်သတ္တုတစ်မျိုးကို တူးဖော်နေကြပါတယ်။

အသက်ကို ခပ်ပြင်းပြင်းရှုသွင်းပြီးနောက် လီဖူချန်းက အံ့အားသင့်တဲ့အမူအရာဖြစ်လာပါတယ်။ ကောင်းကင်နဲ့မြေကြီးစွမ်းအားက ဧကရာဇ်ကောင်းကင်တိုက်ကြီးထက် အဆများစွာ ပြင်းထန်ပါတယ်။ ဒါ့အပြင် ကောင်းကင်နဲ့မြေကြီးဥပဒေဿက အလွန်ပြီးပြည့်စုံပြီး ချွတ်ယွင်းချက် တစ်ခုမှ မရှိပါဘူး။

လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်ရှိ အနာတွေက ပျောက်ကင်းသွားပါပြီး။ သူက သိုလှောင်အိတ်မှ ဝတ်စုံကို ထုတ်ကာ ဝတ်လိုက်ပါတယ်။

"မင်း ဘာလုပ်နေတာလဲ။ မြန်မြန်ထပြီး တူးစမ်း၊ မဟုတ်ရင် ငါက မင်းကို အရေခွံနွှာရလိမ့်မယ်"

အနီးနားတစ်နေရာမှ သက်လတ်ပိုင်းလူတစ်ယောက်က ကြာပွတ်နဲ့အတူ လျှောက်လာနေပါတယ်။

"ဒါ ဘယ်နေရာလဲ"လီဖူချန်းက မေးလိုက်ပါတယ်။

"မင်းက သေချင်နေတာပဲ"ထိုလူက လီဖူချန်းကို ကြာပွတ်နဲ့ ရိုက်လိုက်ပါတော့တယ်။

ကြာပွတ်က အနီရောင်သန်းပြီး ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာရင် အဲဒါက ဒဏ်ရာအမှတ်အသားတစ်ခုကို သေချာပေါက် ချန်ထားပေးပါလိမ့်မယ်။

ဒါပေမယ့် ကြာပွတ်က လီဖူချန်းနား မကပ်လာနိုင်ခင် အဲဒါက ပြာဖြစ်သွားပါတယ်။

"ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်လား"ထိုလူက ထိတ်လန့်သွားလေတယ်။

သူက မူလပင်လယ်နယ်ပယ်အဆင့်၉သာ ရှိတာပါ။

"ဒါက ထူး‌ဆန်းတယ်.......ဘယ်လိုလုပ်ပြီး ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တစ်ယောက်က  မြောင်ကလန်ရဲ့သတ္တုတောင်မှာ ရှိနေရတာလဲ။ သူက မြောင်ကလန်ရဲ့အဆင့်မြင့်ပုဂ္ဂိုလ်များ ဖြစ်နိုင်မလား။ မဟုတ်ဘူးလေ၊ အဲဒါဆိုရင် သူက ဒီနေရာကို သိရမှာပေါ့"ထိုလူက အတွေးနက်နေပါတော့တယ်။

ထိုလူက ဆက်သွယ်ရေးတိုကင်ကို တိတ်တဆိတ် ချိုးပြီးနောက် လီဖူချန်းကို ပြန်ဖြေလိုက်ပါတယ်"ဒီနေရာက မြောင်ကလန်ရဲ့သတ္တုတောင်ပါ"

"မြောင်ကလန်ရဲ့သတ္တုတောင်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိတာလား"

ထိူလူက ဖြေလိုက်ပါတယ်"ဒီနေရာက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမဟုတ်ပါဘူး။ ဒီနေရာက ပျံသန်းရေးငွေကျွန်းပါ။ ဒါပေမယ့် ပျံသန်းရေးငွေကျွန်းကလည်း သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အစိတ်အပိုင်းပါပဲ။ အဲဒါက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အနောက်ပင်လယ်မှာ တည်ရှိတာလေ"

"ပျံသန်းငွေကျွန်း၊ အနောက်ပင်လယ်လား"လီဖူချန်းက စိတ်သက်သာရာရသွားလေတယ်။

"ငါ အနှောင့်ယှက်ပေးမိသွားပါတယ်။ ငါ အခုပဲထွက်သွားပါတော့မယ်"လီဖူချန်းက ကောင်းကင်ကို ပျံသန်းသွားလိုက်ပါတယ်။

"သွားမယ်လား"

ထိူလူက နှာခေါင်းရှုံ့လိုက်ပါတယ်။ မြောင်ကလန်ရဲ့သတ္တုတောင်မှာ ထိပ်တန်းအဆင့်ရှစ်အစီအရင်တစ်ခု ရှိပါတယ်၊ အဲဒါက ဧကရာဇ်တွေကိုတောင် ပျံသန်းဖို့ ခွင့်မပြုပါဘူး။ စောစောက သူက မြောက်ကလန်ရဲ့ကျွမ်းကျင်သူတွေကို လီဖူချန်းကို လာရောက်ဖမ်းဆီးဖို့ အကြောင်းကြားထားပြီးပါပြီ။

"ဘာလဲဟ"ထိူလူက မျက်လုံးပြူးသွားလေတော့တယ်။

လီဖူချန်းက ကောင်းကင်ကို ပျံသန်းပြီး သူ့ရဲ့လက်နဲ့ ဆုတ်ဖြဲလိုက်ပါတယ်။ မြောင်ကလန်ရဲ့အစီအရင်က ချက်ချင်း ဆုတ်ဖြဲခံလိုက်ရပါတယ်။

"ထိပ်တန်းအဆင့်မဟာဧကရာဇ်၊ သူက ထိပ်တန်းအဆင့်မဟာဧကရာဇ်တစ်ယောက်ဖြစ်ရမယ်"ထိုလူရဲ့နောက်ကျောက ချွေးတွေနဲ့ ရွှဲရွှဲစိုသွားလေတယ်။

ထိပ်တန်းအဆင့်မဟာဧကရာဇ်တစ်ယောက်က မြောက်ကလန်အနေနဲ့ အပြစ်ပြုလို့ရတဲ့သူတစ်ယောက် မဟုတ်ပါဘူး။

သူ‌ စောစောက ဆက်သွယ်ရေးတုံကင်ကို ချိုးခဲ့တုန်းက လီဖူချန်းက မြင်သွားလောက်ပါတယ်၊ ဒါပေမယ့် သူကံကောင်းသွားတာက လီဖူချန်းက စိတ်မရှိပါဘူး။ မဟုတ်ရင် သူသေသွားတာကိုတောင် သိရမှာမဟုတ်ဘူး။

"တတိယမြောက်ကုန်း၊ ဘာဖြစ်တာလဲ"ဧကရာဇ်နှစ်ယောက်က ပျံသန်းလာပါတယ်။

တတိယမြောက်ကုန်းက အရာအားလုံးကို အသေးစိတ် ရှင်းပြလိုက်ပါတယ်။

"မင်းက အတော်ကံကောင်းသွားတယ်။ ထိုလူက ထိပ်တန်းအဆင့်မဟာဧကရာဇ်တစ်ယောက်ဖြစ်ရမယ်။ ငါတို့က ဒီလိုပုဂ္ဂိုလ်မျိုးကို အပြစ်ပြုလို့မရဘူး။ ဘာမှမဖြစ်သလိုသာ နေပါ"ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တစ်ယောက်က ပြောလိုက်ပါတယ်။

***

All Chapters