← Chapters

အလင်းနဲ့အမှောင်

Vol. 53 Ch. 723

အလင်းနဲ့အမှောင်

Vol. 53 Ch. 723

"ရွှေ့ပြောင်းရေးနည်းလမ်းတွေကို မဖော်ထုတ်နိုင်တော့ဘူးလား"

မြောင်ကလန်ရဲ့သတ္တုတောင်မှ ထွက်လာပြီးနောက် လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးနဲ့ဧကရာဇ်ကောင်းကင်တိုက်ကြီးတို့ကြား ခြားနားချက်ကို စမ်းသပ်လိုက်ပါတယ်။

ရွှေ့ပြောင်းရေးနည်းလမ်းတွေက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ မထိရောက်တော့တာကို သူက သတိပြုမိသွားပါတယ်၊ ပြီး‌တော့ မမြင်နိုင်တဲ့စွမ်းအားတစ်ခုက သူ့ကို တားဆီးထားသလို ခံစားနေရပါတယ်။

ဒါ့အပြင် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿက မစိတ်ကူးနိုင်လောက်အောင် တင်းကြပ်ပါတယ်။ လူတိုင်းရဲ့ခွန်အားက လျော့ပါးသွားတယ်လို့ ဆိုလိုတာပါ။ လျော့ပါးမှုက ဆယ်ဆ ဒါမှမဟုတ် အဆအနည်းငယ် မဟုတ်ပါဘူး။ လီဖူချန်းရဲ့အမြင်အရ လျော့ပါးမှုက အနည်းဆုံး ထောင်ဆအထိ ရှိပါတယ်။

အပြင်ဘက်ကမ္ဘာမှာဆိုရင် လီဖူချန်းက အဆင့်နိမ်တိုက်ကြီးတစ်ခုကို တစ်ချက်တည်းနဲ့ ဖျက်ဆီးနိုင်ပါတယ်။ အလယ်လတ်တိုက်ကြီးမှာတောင် သူက ကပ်ဘေးကိုတောင် ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာကျတော့ သူက မုန်တိုင်းငယ်တစ်ခုကိုသာ သယ်ဆောင်လာနိုင်ပြီး တောင်တစ်ခုကိုတောင် မဖျက်ဆီးနိုင်တော့ပါဘူး။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ သူတော်စင်တစ်ယောက်ကတောင် ကြီးမားတဲ့ပျက်စီးမှုကို မဖြစ်စေနိုင်ဘူးလို့ လီဖူချန်းက ယူဆထားပါတယ်။

လီဖူချန်းက ဟင်းလင်းပြင်မုန်တိုင်းကြောင့်သာ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ဟင်းလင်းပြင်ဇုန်ကို ဆုတ်ဖြဲနိုင်တာပါ။ ဟင်းလင်းပြင်မုန်တိုင်းမှာ ဟင်းလင်းပြင်ဇုန်ကို မတည်မြဲအောင် လုပ်ဆောင်နိုင်တဲ့ ကြမ်းတမ်းတဲ့ ဟင်းလင်းပြင်ဥပဒေဿတစ်ခု ရှိပြီး အဲဒါကပဲ လီဖူချန်းကို အလွယ်တကူ ဆုတ်ဖြဲလိုက်နိုင်စေတာပါ။

အခုတော့ လီဖူချန်းက သူ့ရဲ့ခွန်အားအကုန်သုံးရင်တောင် ဟင်းလင်းပြင်ဇုန်တစ်လက်မကိုတောင်မှ မရွေ့လျားစေနိုင်တော့ပါဘူး။

ဆွစ်(အသံတစ်မျိုး).........

ငွေရောင်အလင်းတန်းတစ်ခုက လီဖူချန်းရဲ့ခေါင်းပေါ်မှာ တောက်ပသွားပြီး သူက ကြည့်လိုက်ရာ ပျံသန်းရေးငွေသင်္ဘောကို မြင်လိုက်ရပါတယ်။

ပျံသန်းရေးငွေသင်္ဘောက မယုံနိုင်လောက်အောင် မြန်ပါတယ်၊ လီဖူချန်းထက်တောင် မြန်ပါတယ်။

"ဒီပျံသန်းရေး‌ငွေသင်္ဘောက မြောင်ကလန်ရဲ့သတ္တုတောင်မှ ငွေ‌သတ္တုနဲ့အလွန်တူတဲ့ တစ်ခုခုနဲ့ တည်ဆောက်ထားပုံပေါ်တယ်"လီဖူချန်းက သူ့ကိုယ်သူ ပြော‌လိုက်ပါတယ်။

ပျံသန်းရေးငွေကျွန်းက လီဖူချန်းထင်တာထက် ပိုပြီး ဖရိုဖရဲဖြစ်နေပါတယ်။ နေရာတိုင်းမှာ သတ်ဖြတ်မှုတွေ ရှိပါတယ်၊ ဒါပေမယ့် အဲဒါက အခြေခံအားဖြင့် မူလပင်လယ်နယ်ပယ်ဘုရင်တွေကြားမှာပါပဲ။ လီဖူချန်းက ချီတည်ရှိမှု အရိပ်အယောင်တစ်ခုကို ထုတ်လွှတ်လိုက်ရာ ထိုလူတွေကို ထိတ်လန့်သွားစေပါတော့တယ်။

ဒါပေမယ့် လီဖူချန်းရဲ့ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံခြင်းက မူလပင်လယ်နယ်ပယ်ဘုရင်တွေကိုသာ ခြောက်လှန့်နိုင်မှာပါ၊ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တွေကို ခြောက်လှန့်ဖို့က မလုံလောက်ပါဘူး။

ခရီးတစ်လျှောက် လီဖူချန်းကို သတ်ဖြတ်ချင်ခဲ့တဲ့ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်နှစ်ယောက်ရှိပါတယ်။ ရလဒ်က သိသာပါ‌တယ်လေ။

"ဒါက မယုံနိုင်စရာပဲ၊ ပျံသန်းရေးငွေကျွန်းမှာ ဥပဒေမရှိဘူးလား"လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိပါတယ်။

ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာဆိုရင် ဒီလိုကိစ္စမျိုးကို  စိတ်ကူးတောင် မယဉ်နိုင်ပါဘူး။

ရန်ငြိုးတစ်ခုမရှိရင် ဧကရာဇ်ကောင်းကင်တိုက်ကြီးက ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တွေက တစ်‌ယောက်နဲ့တစ်ယောက် သတ်ဖြတ်လေ့မရှိပါဘူး။ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တွေမပြောနဲ့၊ မူလပင်လယ်နယ်ပယ်ဘုရင်အချင်းချင်းတောင် သတ်ဖြတ်တာ ရှားပါတယ်။

နာရီပေါင်းများစွာ ခရီးနှင်ပြီးနောက် လီဖူချန်းက မြို့တစ်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီမြို့က စည်ပင်တိုးတက်နေပြီး ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာရှိတဲ့ ဘယ်မြို့ထက်မဆို စည်ကားပါတယ်။ မြို့အရွယ်အစားက မိုင်အနည်းငယ်လောက်သာ ရှိပေမယ့် ဘုရင်တွေ‌ထောင်ပေါင်းများစွာနဲ့ဧကရာဇ်တွေက အများကြီး ရှိပါတယ်။

လီဖူချန်းက အလယ်ဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ရာကို ပေးချေပြီးနောက် မြို့ထဲကို ဝင်လာခဲ့ပါတယ်။

စားသောက်ဆိုင်ထဲမှာ ဂရုတစိုက် နားထောင်ပြီးနောက် လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့သတင်းအချက်အလက်အချို့ကို တွေ့လိုက်ရပါတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး ဒါမှမဟုတ် ပျံသန်းရေးငွေကျွန်းမှာပဲဖြစ််ဖြစ်၊ လူတွေက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကို ကျင့်ကြံပြီးမှသာလျှင် အပြင်ကို စွန့်စားခရီးထွက်လာရဲကြပါတယ်။ မူလပင်လယ်နယ်ပယ်ဘုရင်တွေအနေနဲ့ ကံကောင်းရင်တော့ သူတို့က အန္တရာယ်နဲ့ မတွေ့ဘူးပေါ့။ ကံဆိုးရင်တော့ သူတို့က အချိန်မရွေး အသက်ရိပ်သိမ်းခံရနိုင်ပါတယ်။

ပျံသန်းရေး‌‌ငွေသင်္ဘောကိုတော့ ငွေလေသင်္ဘောလို့ခေါ်ပြီး ပျံသန်းရေးငွေသံနဲ့ တည်ဆောက်ထားပါတယ်။

‌ပျံသန်းရေးငွေသံက ဟင်းလင်းပြင်နဲ့လေဥပဒေဿတွေ ပါဝင်တဲ့ သတ္တုအမျိုးအစားတစ်ခုပါ။ အဲဒါကို အသုံးပြုပြီး ငွေလေသင်္ဘောကို ဆောက်လုပ်တဲ့အခါ ပျံသန်းရေးအရှိန်က မယုံနိုင်လောက်အောင် မြန်ဆန်လာပါတယ်။

မြောင်ကလန်ရဲ့သတ္တုတောင်က ပျံသန်းရေးငွေသတ္တုတောင်တစ်ခုပါ။

"ငါက ငွေလေသင်္ဘောကိုတော့ ယှဉ်ပြိုင်နိုင်လောက်မှာပါ"

သူက ငွေလေသင်္ဘောထက် ပိုမနှေးကွေးဘူးလို့ လီဖူချန်းက ယုံကြည်ချက်ရှိပါတယ်။ သူက ထိပ်တန်းအမြန်နှုန်းနဲ့‌ ‌ပျံသန်းမယ်ဆိုရင် အဆင့်မြင့်ငွေလေသင်္ဘောကသာ သူ့ကို လိုက်မှီနိုင်မှာပါ။

ဒါပေမယ့် အဲလိုသွားရတာက ငြီးငွေ့ဖို့ကောင်းပါတယ်။

ပျံသန်းရေးငွေကျွန်းက အရွယ်အစားအားဖြင့် ၁၀၀မီလီယံမိုင်ရှိပါတယ်၊ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တစ်ယောက်က ဖြတ်သန်းသွားရင်တောင်မှ အနည်းဆုံး လဝက်ခန့်လိုပါတယ်။

ငွေလေသင်္ဘောနဲ့သာဆိုရင် လက်ဖက်ရည်လေးကို ထိုင်သောက်ရင်း ရှုခင်းတွေကို ရှုစားနိုင်ပါတယ်။ ဘယ်လောက်တောင် သာယာလိုက်သလဲ။

မြို့မှာ ငွေလေသင်္ဘောတွေကို ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။ ဆိုင်က ကြီးမားပြီး အနည်းဆုံး စတုရန်းမီတာ ၁၀၀၀၀ရှိပါတယ်။ ငွေသင်္ဘောတွေ အရွယ်အစားအအမျိုးမျိုး ရှိပါတယ်။

"ဝယ်သူခင်ဗျား၊ ကျွန်တော်တို့ဆိုင်ရဲ့ငွေလေသင်္ဘောက ပျံသန်းရေးငွေကျွန်းတစ်လျှောက်မှာ အလွန်ကျော်ကြားပါတယ်။ အခြားမြို့တွေမှာလည်း ကျွန်တော်တို့ဆိုင်ခွဲတွေ ရှိပါတယ်။ ဌာနချုပ်ကတော့ ပျံသန်းငွေမြို့မှာ ရှိပါတယ်"ဆိုင်အလုပ်သမားလေးက ဂုဏ်ယူစွာ ပြုံးရင်း လီဖူချန်းအား ပြောပြနေပါတယ်။

"မင်းတို့မှာ အဆင့်မြင့်ငွေလေသင်္ဘောတွေ ရှိလား"လီဖူချန်းက မေးလိုက်ပါတယ်။

ဆိုင်အလုပ်သမားလေးက အခက်‌တွေ့သွားဟန်ဖြင့် ပြောလိုက်ပါတယ်"အဆင့်မြင့်ငွေသင်္ဘောကို ပျံသန်းငွေမြို့မှာသာ ရောင်းပါတယ်။ ဒါပေမယ့် အဆင့်မြင့်ငွေသင်္ဘောက အလွန်ဈေးကြီးပါတယ်။ ဈေးအပေါဆုံးက အနည်းဆုံး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်မီလီယံရှိပါတယ်။ ဘာလို့ အလယ်အလတ်ဆင့်ငွေသင်္ဘောကို အရင်တစ်ချက် မကြည့်တာလဲ"

တစ်မီလီယံအဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။ ဧကရာဇ်အများစုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး သိန်းအနည်းငယ်သာ ချမ်းသာပါတယ်။ ဒါကြောင့် အဆင့်မြင့်ငွေလေသင်္ဘောကို ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

အဆုံးမှာတော့ လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်သောင်းကို သုံးကာ အလယ်ဆင့်ငွေလေသင်္ဘောကို ဝယ်ယူလိုက်ပါတယ်။

အလယ်ဆင့်ငွေလေသင်္ဘောရဲ့အမြန်နှုန်းက လီဖူချန်းရဲ့မြန်နှုန်းအပြည့်ရဲ့ဆယ်ရာခိုင်နှုန်းလောက်သာ မြန်ပါတယ်၊ ဒါပေမယ့် အဲဒါကပဲ အလွန်အံ့ဩစရာကောင်းနေပါပြီး။

နေဝင်စအချိန်မှာ လူများစွာက မြို့ထဲကို အပြေးဝင်လာနေတာကို လီဖူချန်းက သတိပြုမိသွားပါတယ်။ မြို့တံတိုင်းအထက်မှာ မူလပင်လယ်နယ်ပယ်ဘုရင်များစွာက ကင်းလှည့်စောင့်ကြည့်နေပါတယ်။

လီဖူချန်းက အရမ်းတော့ မအံ့ဩသွားပါဘူး။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးနဲ့အခြားအဆင့်မြင့်တိုက်ကြီးတွေက အခြားတိုက်ကြီးတွေနဲ့ မတူခြားနားတဲ့အချက်ကြီးတစ်ခုရှိပါတယ်။ နေ့ကျရင် တိုက်ကြီးကို လူသားတွေက ပိုင်ဆိုင်ပြီး ညကိုတော့ နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေက ပိုင်ဆိုင်ပါတယ်။

ညရောက်လာရင် နတ်ဆိုးသားရဲနဲ့နတ်ဆိုးအများစုက လှုပ်ရှားကြပါတယ်။ တစ်ယောက်ယောက်က အပြင်ဘက်မှာ ရှိနေသေးရင် သူက နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေအတွက် အစာဖြစ်သွားမှာ သေချာပေါက်ပါ။ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်တစ်‌ယောက်ကတောင် ညကျရင် တစ်ယောက်တည်း ခရီးနှင်မရဲပါဘူး။

အမှောင်ထုက အပြည့်အဝလွှမ်းခြုံသွားတဲ့အခါ နတ်ဆိုးသားရဲတွေရဲ့ဟိန်းသံက မြို့ပြင်မှ ထွက်ပေါ်လာနေတော့တယ်။

လီဖူချန်းက ဂရုတစိုက် အာရုံခံစားပြီးနောက် နေ့နဲ့ညကြား ကြီးမားတဲ့ခြားနားချက်တစ်ခုကို သဘောပေါက်သွားရပါတယ်။

နေ့ဘယ်မှာ သူက စိတ်ပိုင်းဆိုင်ရာ သက်သောင့်သက်သာဖြစ်တယ်လို့ ခံစားရပါတယ်။ ညမှာတော့ သူ့ရဲ့စိတ်တွေက ဖိနှိပ်ခံထားရတယ်လို့ ခံစားမိပါတယ်။

"ဒါက အလင်းနဲ့အမှောင်ဥပဒေဿပဲ"လီဖူချန်းက ချက်ချင်း နားလည်လိုက်ပါတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက အဆင့်မြင့်တိုက်ကြီးတစ်ခုဖြစ်ရတဲ့အကြောင်းရင်းတစ်ချက်က ကောင်းကင်နဲ့မြေကြီးဥပဒေဿတွေ ပြည့်စုံခြင်းကြောင့်ပါပဲ။

အဆင့်နိမ် ဒါမှမဟုတ် အလယ်အလတ်အဆင့်တိုက်ကြီးမှာဆိုရင် အလင်းနဲ့အမှောင်ဥပဒေဿက မသိသာလှပါဘူး။ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အလင်းနဲ့အမှောင်ဥပဒေဿတွေက အလွန်စုစည်းနေပါတယ်။ နေ့မှာ အလင်းဥပဒေဿက အလွန်အားကောင်းပြီး ညမှာ အမှောင်ဥပဒေဿက အာဏာရှင်ပါပဲ။

နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေက မွေးရာပါ ရက်စက်ကြမ်းကြုတ်ပြီး အမှောင်ကို သဘာဝအားဖြင့် ပိုင်ဆိုင်ကြပါတယ်။ ညမှာဆိုရင် သူတို့ရဲ့စွမ်းရည်တွေက တိုးမြင့်လာပါတယ်။ လူသားတွေက လှည့်စားတတ်တယ်၊ အကြံအစည်များတယ်၊ ဒါပေမယ့် သူတို့က အလင်းကိုသာ ပိုင်ဆိုင်ပြီး ညရောက်ရင် ဖိနှိပ်ခံရပါတယ်။

ညနက်လာလေလေ၊ ကြောက်စရာကောင်းတဲ့ဟိန်းသံတွေက အဆက်မပြတ်ထွက်ပေါ်လာလေလေပါပဲ။ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီးနောက် နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေက ဦးတည်ဘက်တိုင်းမှာ ရှိနေတာကို လီဖူချန်းက သတိပြုမိသွားပါတယ်။ လီဖူချန်းကိုလည်း အမှောင်ဥပဒေဿက ဖိနှပ်ထားပြီး သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံအကွာအဝေးက သိသိသာသာ လျော့ကျနေပါတယ်။ ဒါပေမယ့် လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားသေးတာကြောင့် သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံအကွာအဝေးက သူတော်စင်တွေနဲ့ ယှဉ်နိုင်ပါတယ်။ မိုင်တစ်ရာအနည်းငယ်အတွင်းရှိ အရာအားလုံးက သူ့ရဲ့အာရုံအတွင်းမှာ ရှိပါတယ်။

သည်ညမှာတော့ လီဖူချန်းက မြို့ထဲမှာပဲ  ကောင်း‌ကောင်းအနားယူပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿနဲ့ ရင်းနှီးအောင် အကောင်းဆုံး ကြိုးစား‌နေပါတယ်။

နောက်တစ်နေ့မနက်မှာ လီဖူချန်းက ငွေလေသင်္ဘောနဲ့အတူ ပျံသန်းရေးငွေမြို့ကို ဦးတည်လိုက်ပါတယ်။

ညရောက်လာတော့ အမှောင်ဥပဒေဿက ကုန်းမြေတွေကို လွှမ်းခြုံထားလိုက်‌ပါတော့တယ်။ မရေမတွက်နိုင်လောက်တဲ့ နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေကို လူသားကမ္ဘာကို ဖျက်ဆီးဖို့ အမှောင်ဥပဒေဿက ဆင့်ခေါ်လိုက်ပြန်ပါပြီး။

လီဖူချန်းရဲ့ငွေလေသင်္ဘောက အလွန်မျက်စိဖမ်းစားစရာဖြစ်ပြီး ညအမှောင်ထဲရှိ ဖယောင်း‌တိုင်မီးတောက်တစ်ခုနဲ့ တူပါတယ်။

"သားရဲဟိန်းသံ"

နတ်ဆိုးသားရဲဘုရင်နဲ့နတ်ဆိုးဘုရင်တွေက လီဖူချန်းရဲ့လေသင်္ဘောဆီ ပြေးဝင်လာကြပါတော့တယ်။ အုပ်စုကြားထဲမှာဆိုရင် နတ်ဆိုးသားရဲမင်းနှစ်ကောင်တောင် ရှိပါတယ်။

လေသင်္ဘောအထဲကနေ လီဖူချန်းက နှာခေါင်းရှုံ့လိုက်ပြီး ဓားဆန္ဒကို ထုတ်လွှတ်လိုက်ပါတယ်။

ဖတ် ဘတ် ဘတ် ဖတ်...........

သွေးမိုးရွာသလိုမျိူပါပဲ။ နတ်ဆိုးသားရဲတစ်ကောင်မှ ငွေလေသင်္ဘောရဲ့ပေတစ်ထောင်အကွာအတွင်း မကပ်လာနိုင်ပါဘူး။

နောက်ဆုံးမှာ လီဖူချန်းရဲ့ခွန်အားက နတ်ဆိုးမင်းတစ်ကောင်ရဲ့အာရုံကို ဆွဲဆောင်သွားတာပေါ့။

နတ်ဆိုးမင်းက အဆင့်ရှစ်နတ်ဆိုးဖြစ်ပြီး အားအနည်းဆုံးနတ်ဆိုးမင်းတောင် အထွတ်အထိပ်အဆင့်ဧကရာဇ်တစ်ယောက်ရဲ့ခွန်အားရှိပါတယ်။ စွမ်းအားကောင်းတဲ့နတ်ဆိုးမင်းတွေက မဟာဧကရာဇ် ဒါမှမဟုတ် အကြိုသူတော်စင်တွေရဲ့ခွန်အားမျိုး ရှိပါတယ်။

"နတ်ဆိုးမင်းတစ်ယောက်ကများ၊ မင်းရဲ့စွမ်းရည်ကို ကြားလုံးထုတ်ရဲသေးတယ်ပေါ့‌"

လေသင်္ဘောပေါ်မှာ လီဖူချန်းက သူ့လက်နဲ့  နတ်ဆိုးမင်းကို ဆုပ်ကိုင်ကာ အသက်ရိတ်သိမ်းပေးလိုက်ပါတယ်။

"ဒီလူသားက စွမ်းအားကောင်းလွန်းတယ်၊ မြန်မြန် ပြန်ဆုတ်ကြ"

လီဖူချန်းရဲ့ခွန်အားက နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေကို ကြက်သေသေသွားစေလောက်ပါတယ်။

လီဖူချန်းနဲ့ နှိုင်းယှဉ်ရရင် သူတို့က လူသားတွေ ဖြစ်ပြီး လီဖူချန်းကတော့ အကြမ်းတမ်းဆုံးနတ်ဆိုးတစ်ကောင်ပေါ့။

လီဖူချန်းက လေသင်္ဘောရဲ့ဦးပိုင်းပေါ်မှာ လက်နောက်ပစ်ကာ မတ်တပ်‌ရပ်နေလေတယ်။

"နေ့နဲ့ညတွေက သာမန်လူတွေကိုသာ ချုပ်ထိန်းနိုင်တာပါ။ အဲဒါတွေက အခြခံအားဖြင့် အဆင့်မြင့်ဧကရာဇ်တွေကို မသက်ရောက်နိုင်ပါဘူး၊ အထွတ်အထိပ်အဆင့်ဧကရာဇ်တွေ၊ မဟာဧကရာဇ်တွေ၊ အကြို‌သူတော်စင်တွေ၊ သူတော်စက်တွေလည်း အပါအဝင်ပေါ့"

***

All Chapters