← Chapters

ရဲတင်းနက်ဂိုဏ်း

Vol. 53 Ch. 724

ရဲတင်းနက်ဂိုဏ်း

Vol. 53 Ch. 724

ပျံသန်းရေးငွေမြို့၊ ပျံသန်းငွေကျွန်းရှိ မြို့ကြီးကိုးမြို့ထဲက တစ်ခု။ ပျံသန်းငွေကျွန်းရဲ့အလယ်မှာ တည်ရှိပါတယ်။

ဒီနေရာမှာ ဂိုဏ်းတွေ စုဝေးနေပါတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိတဲ့ နာမည်ကြီးဂိုဏ်းတွေရဲ့ဂိုဏ်းခွဲတွေက ဒီနေရာမှာ ရှိပါတယ်။

"ဒီနေရာမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင် လုံးဝမရှိဘူးလား"လီဖူချန်းက ပျံသန်းရေးငွေမြို့ကို နေ့တစ်ဝက်ခန့်ပတ်ပြီးပါပြီ၊ ဒါပေမယ့် တည် နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကိုမှ မတွေ့ရပါဘူး။

ဒါဆို သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို သွားချင်ရင် ငွေလေသင်္ဘောနဲ့သာ ခရီးနှင်ရမှာပေါ့။

"ယုဝေ့၊ ဒီတစ်ကြိမ် ငါ အဆင့်တစ်ကိုယ်ရံတော်တစ်ယောက် သေချာပေါက်ဖြစ်လာစေရမယ်။ ပြီးရင်တော့ ငါတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဦးတည်နိုင်လိမ့်မယ်"

သူဖြတ်သန်းလာတဲ့စုံတွဲတစ်တွဲထဲမှ အမျိုးသားထံက ကြားလိုက်ရပါတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ကိုယ်ရံတော်အလုပ်က အလွန်လူသိများတဲ့အလုပ်တစ်ခုဖြစ်ပါတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ပရမ်းပတာဖြစ်လွန်းအားကြီးပြီး မြို့တွေကြား ခရီးသွားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကုန်သည်အဖွဲ့အများစုက ခရီးလမ်းမှာ သူတို့ကို ကာကွယ်ဖို့ ကိုယ်ရံတော်တွေကို ငှားကြရပါတယ်။

ဒါပေမယ့် ကိုယ်ရံတော်တစ်ယောက်ဖြစ်ဖို့ဆိုတာ မလွယ်ကူပါဘူး။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ကိုယ်ရံတော်တွေကို အဆင့်ကိုးဆင့်ခွဲခြားထားပါတယ်။ အဆင့်တစ်ကိုယ်ရံတော်တွေက အဆင့်နိမ့်ဧကရာဇ်တွေ ဖြစ်ရပါမယ်၊ ဒါပေမယ့် အတော်လေး အားကောင်းတဲ့အဆင့်နိမ့်ဧကရာဇ်တစ်ယောက် ဖြစ်ရပါမယ်။

.

အဆင့်နှစ်ကိုယ်ရံတော်တစ်ယောက်ဖြစ်ချင်ရင်တော့ ခွန်အားကသာ လိုအပ်ချက်တစ်ခုမဟုတ်ပါဘူး။ အဆင့်နှစ်ကိုယ်ရံတော်မဖြစ်ခင် အဆင့်တစ်ကိုယ်ရံတော်တာဝန်ငါးခုကို ပြီးမြောက်ဖို့ လိုပါတယ်။

ဒါက အဆင့်သုံးကိုယ်ရံတော်တွေအတွက်လည်း တူတူပါပဲ။ သူတု့ရဲ့ခွန်အားလိုအပ်ချက်တွေအပြင် အဆင့်နှစ်ကိုယ်ရံတော်တာဝန်ငါးခုကို ပြီးမြောက်ဖို့ လိုပါတယ်။

ပုံမှန်အားဖြင့် အဆင့်ငါးကိုယ်ရံတော်တစ်ယောက်က အဆင့်မြင့်ဧကရာဇ်တစ်‌ယောက် ဖြစ်ရပါမယ်။ အဆင့်ခုနှစ်ကိုယ်ရံတော်တစ်ယောက်က အထွတ်အထိပ်အဆင့်ဧကရာဇ်တစ်ယောက်ရဲ့ခွန်အားမျိုး ရှိရပါမယ်။

အဆင့်ကိုးကိုယ်ရံတော်တွေက မဟာဧကရာဇ်တွေ ဖြစ်ရပါမယ်။

ဒါပေမယ့် အဆင့်ကိုးကိုယ်ရံတော်တစ်ယောက်ကို ငှားဖို့က အလွန်ခက်ခဲပါတယ်။ မဟာဧကရာဇ်အများစုက သူတို့ရဲ့တန်ဖိုးကို ကိုယ်ရံတော်တစ်ယောက်အဖြစ် မနှိပ်ချချင်ဘူးလေ။ သူတို့မှာ စိတ်ဝိညာဉ်ကျောက်တုံးကို ရဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။

"ငါ အဆင့်မြင့်ငွေလေသင်္ဘောကို အရင်ဆုံး သွားဝယ်ရမယ်"

လီဖူချန်းက ပျံသန်းရေးငွေမြို့မှာရှိတဲ့ အကြီးဆုံးငွေလေသင်္ဘောဆိုင်ကို ဦးတည်လိုက်ပါတယ်။

သူက ဆိုင်ထဲကို ဝင်ပြီးတာနဲ့ အလုပ်သမားက သူ့ကို လာရောက်ကြိုဆိုပါတယ်။

လီဖူချန်းက ချက်ချင်း ပြောလိုက်ပါတယ်"ငါက အဆင့်မြင့်ငွေလေသင်္ဘောတစ်စီးကို ဝယ်ချင်တယ်။ ငါ့ဆီကို တစ်ချက်ကြည့်ဖို့ ယူလာပါ"

"အဆင့်မြင့်ငွေလေသင်္ဘောလား။ တစ်ချက် လောက် စောင့်ပေးပါ ခင်ဗျာ"အလုပ်သမားက အံ့ဩသွားပြီး ဒါက ဈေးဝယ်သူအကြီးစားမှန်း သိလိုက်လေပြီး။

အဲဒီလိုဈေးဝယ်သူအကြီးစားတွေကို ဆိုင်ရှင်ကသာ ကိုင်တွယ်တာပါ။

မကြာမီမှာမှာပဲ လူကြီးတစ်ယောက်က လျှောက်လာပါတယ်။ ထိုလူကြီးက အဆင့်နှစ်ဧကရာဇ်တစ်ယောက်ဆိုတာကို လီဖူချန်းက အလွယ်တကူ သိနိုင်ပါတယ်။

မိတ်ဆွေလေး၊ ငါတို့ပျံသန်းကောင်းကင်အိမ်တော်ရဲ့ငွေလေသင်္ဘောက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာတောင် ကျော်ကြားပါတယ်။ မင်းက နေရာမှန်ကို လာခဲ့တာပဲ။ ဒါပေမယ့် အဆင့်မြင့်ငွေလေသင်္ဘောတွေက ဈေးမပေါပါဘူး။ ဈေးအသက်သာဆုံးတစ်ခုကတောင် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်မီလီယံလောက် ကုန်ကျပါတယ်"

ထိုလူကြီးက လီဖူချန်းမှာ အလုံအလောက်မရှိမှာကို စိုးရိမ်ပုံရပါတယ်။

"ဒီကို ယူလာပါ"လီဖူချန်းက ပြောလိုက်ပါတယ်။

"ကောင်းပါပြီး"ထိုလူကြီးက လီဖူချန်းကို သံသယမဖြစ်တော့ပါဘူး။

ဘယ်သူကများ ပျံသန်းကောင်းကင်အိမ်တော်ကို ဒုက္ခပေးရဲမှာလဲ။ မဟာဧကရာဇ်တစ်ယောက်ကတောင် ပြန်စဉ်းစားရလိမ့်မယ်။ ပြီးတော့ ပျံသန်းကောင်းကင်အိမ်တော်မှာ သူတော်စင်တစ်ယောက် နောက်ခံရှိပါတယ်။ ပျံသန်းငွေမြို့မှာရှိတဲ့ပျံသန်းကောင်းကင်အိမ်တော်ရဲ့အဓိကဆိုင်က အခွဲတစ်ခုသာပါပဲ။ ဌာနချုပ်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိပါတယ်။

လီဖူချန်းက လူကြီးနောက် လိုက်သွားပြီး ခန်းမကြီးတစ်ခုကို ရောက်ရှိသွားပါတယ်။

ဒီနေရာမှာ ဧရာမငွေလေသင်္ဘောသုံးစင်း ရှိပါတယ်။

"ချစ်မိတ်ဆွေလေး၊ ဒါတွေက ‌အဆင့်မြင့်ငွေလေသင်္ဘောနောက်ဆုံးသုံးစင်းပါပဲ။ နောက်အသုတ်တွေက နောက်နှစ်နှစ်မှပဲ ရောက်လာပါလိမ့်မယ်။ မိတ်ဆွေလေး ကြိုက်တဲ့တစ်ခုကို ရွေးလိုက်ပါ"ထိုလူကြီးက ပြုံးကာ ပြောလိုက်ပါတယ်။

"ဒီတစ်ခု"လီဖူချန်းက ဈေးအကြီးဆုံးနဲ့အမြန်ဆုံးတစ်ခုကို ရွေးလိုက်လေတယ်။

"ဒီလေသင်္ဘောက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံ ကျပါတယ်"

"ဒီမှာ"

လီဖူချန်းက သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်ပါတယ်။

ထိုလူကြီးက သိုလှာင်အိတ်ထဲကို ကြည့်ပြီး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၁.၅မီလီယံ ရှိမရှိကို ရေတွက်လိုက်ပါတယ်။ ပြီးနောက် သူက ‌ပြုံးကာ ပြောလိုက်ပါတယ်"ဒီငွေလေသသင်္ဘောက အခုကစပြီး မိတ်ဆွေလေးအပိုင်ဖြစ်သွားပါပြီး"

လီဖူချန်းက ငွေလေသင်္ဘောကို ချက်ချင်း မသိမ်းလိုက်ပါဘူး။ ဒါက ကြီးလွန်းပြီး သူ့ရဲ့သိုလှောင်အိတ်က မဆန့်ပါဘူး။ ဒါပေမယ့် သူက အဲဒါကို သန့်စင်ပြီးနောက် ‌သင်္ဘောရဲ့အရွယ်အစားကို ထိန်းချုပ်လာနိုင်မှာပါ။

အချိန်တစ်ခုကြာပြီးနောက် လီဖူချန်းက ငွေလေသင်္ဘောကို သန့်စင်ပြီးပါပြီး၊ အဲဒါက လက်ဝါးအရွယ်လောက်သာ ကျန်ရှိပါတော့တယ်။

ငွေလေသင်္ဘောကို သိမ်းပြီးနောက် လီဖူချန်းက ပျံသန်းကောင်းကင်အိမ်တော်မှ ထွက်လာခဲ့ပါတယ်။

"အကြီးအကဲထုံ၊ အ‌စောက ငါးကြီးတစ်ကောင် ရောက်လာခဲ့တာလား"

လီဖူချန်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ လူတစ်ယောက်က ဝင်လာပါတယ်။

ထိုလူက အဆင့်ရှစ်ဧကရာဇ်တစ်ယောက်ပါ။

အကြီးအကဲထုံက မျက်မှောင်ကြုတ်လိုက်လေတယ်"ကျန်းဟူ၊ မင်းတို့ရဲတင်းနက်ဂိုဏ်းက အခုနောက်ပိုင်း အရမ်း သွက်လက်နေတာပဲ"

ကျန်းဟူက ရယ်ကာ ပြောလိုက်ပါတယ်"အကြီးအကဲထုံ၊ ကျုပ်က ဘာလို့ ခင်ဗျားနဲ့အကျိုးမြတ်နှစ်ဆယ်ရာခိုင်နှုန်းကို မမျှဝေရမှာလဲ"

"ကျန်းဟူ၊ ငါက ဝယ်သူရဲ့အချက်အလက်ကို ပေါက်ကြားစေမှာ မဟုတ်ဘူး"အကြီးအကဲထုံက ခေါင်းခါလိုက်လေတယ်။

"သုံးဆယ်ရာခိုင်နှုန်း၊ ဒါက ကျုပ်ရဲ့နောက်ဆုံးသတ်မှတ်ချက်ပဲ။  ကျုပ်တို့ရဲတင်းနက်ဂိုဏ်းရဲ့အစွမ်းကို ခင်ဗျား သိပါတယ်။ ဘာတစ်ခုမှ မပေါက်ကြားစေရပါဘူး"ကျန်းဟူက အံ့ကြိတ်လိုက်လေတယ်။

အကြီးအကဲထုံရဲ့မျက်လုံးက လင်းလက်သွားလေတယ်"သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံရှိတဲ့ အဆင့်မြင့်ငွေလေသင်္ဘောကို ဝယ်သွားတာ။ ငါက အဲဒီအဆင့်မြင့်ငွေလေသင်္ဘောကို လိုချင်တယ်"

"ကောင်းပြီး၊ ကျုပ်ကို ခြေရာခံတိုကင်ပေးပါ"

အကြီးအကဲထုံက နှာ‌ခေါင်းရှုံ့လိုက်ပါတယ်"ငါ မင်းတို့လိုလူတွေကို မယုံကြည်ဘူး။ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံကို အရင်ပေးထားပါ။ မင်းက ငွေလေသင်္ဘောကို ငါ့ဆီယူလာပေးတာနဲ့ ငါက မင်းကို စိတ်ဝိညာဉ်ကျောက်တုံးတွေ ပြန်ပေးမယ်"

…

"ဒီဆိုင်ရှင်က တကယ် သတ္တိရှိတာပဲ"

လမ်းပေါ်မှာ လီဖူချန်းက သူ့မျက်လုံးကို မှေးလိုက်ပါတယ်။

ငွေလေသင်္ဘောကို သန့်စင်ပြီးတာနဲ့ တစ်ယောက်ယောက်က သင်္ဘောပေါ်မှာ ခြေရာခံအမှတ်အသားထားထားတာကို လီဖူချန်းက သိလိုက်ပါပြီး။ ဒီအမှတ်အသားက အလွန်ဖုံးကွယ်ထားပြီး သာမန်ဧကရာဇ်တစ်ယောက်က တွေ့နိုင်မှာမဟုတ်ဘူး။ မဟာဧကရာဇ်ကတောင် သတိမထားရင် သိလိမ့်မှာ မဟုတ်ပါဘူး။

"ဒင်းတို့ ဘာလှည့်ကွက်တွေ လုပ်မလဲကို ကြည့်ရတာပေါ့"လီဖူချန်းက အကွက်ချခံရတာကို မစိုးရိမ်ပါဘူး။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ လီဖူချန်းက သူတော်စင်တွေက လွဲပြီး ဘယ်သူ့ကိုမှ မကြောက်ပါဘူး။ ပျံသန်းကောင်းကင်အိမ်တော်ကို သူတော်စင်တစ်ယောက်က နောက်ခံပြုထားတာမဟုတ်ရင် သူက ပျံသန်းကောင်းကင်အိမ်တော်ကို ဖျက်ဆီးပစ်လိုက်ပါပြီး။

မြို့မှ ထွက်လာပြီးနောက် လီဖူချန်းက အဆင့်မြင့်ငွေလေသင်္ဘောကို ထိန်းချုပ်ပြီး အရှေ့အရပ်ကို ပျံသန်းသွားလိုက်ပါတယ်။

"ငါတို့ရဲ့အဆင့်မြင့်ငွေလေသင်္ဘောက ပိုမြန်လို့ တော်သေးတာပေါ့။ မဟုတ်ရင် ငါတို့က လိုက်မှီမှာ မဟုတ်တော့ဘူး"

အဆင့်မြင့်ငွေလေသင်္ဘောတစ်စီးက လီဖူချန်းနောက်ကို လိုက်လာနေပါတယ်။

ထိုသင်္ဘောမှာ ဧကရာဇ်ဒါဇင်ခန့်ရှိပါတယ်။ အကြီးအကဲထုံနဲ့ဆက်သွယ်ခဲ့တဲ့ ကျန်းဟူလည်း အပါင်အဝင်ပေါ့။

"ဒီငါးကြီးကို ဖမ်းမိပြီးရင်တော့ ငါတို့က နောက်နှစ်အနည်းငယ်ထိ အေးအေးဆေးဆေး နေလို့ရပြီး"ကျန်းဟူက ကောက်ကျစ်စွာ ပြုံးလိုက်လေတယ်။

လီဖူချန်းလို ငါးကြီးတစ်ကောင်ကို မြင်တွေ့ဖို့ဆိုတာ အလွန်ရှားပါတယ်။ အရေးကြီးဆုံးအချက်က လီဖူချန်းရဲ့ကျင့်ကြံမှုက နိမ့်လွန်းနေတာပါပဲ။ ပျံသန်းကောင်းကင်အိမ်တော်မှာ  စောင့်ကြည့်အစီအရင်တစ်ခုရှိပြီး လူတစ်ယာက်ရဲ့ကျင့်ကြံခြင်းကို ဖော်ထုတ်နိုင်ပါတယ်။ လီဖူချန်းရဲ့ကျင့်ကြံခြင်းက ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်အဆင့်ငါးသာ ရှိတယ်လို့ ဖော်ထုတ်နိုင်ခဲ့တယ်လေ။

အဆင့်ငါးဧကရာဇ်တတစ်ယောက်က အဆင့်မြင့်ငွေလေသင်္ဘောကို ဝယ်နိုင်တယ်ဆိုတော့ သူက ရတနာသိုက်တစ်ခုကို တွေ့ခဲ့တယ်လို့ ဆိုလိုတာပါပဲ၊ သူ့ရဲ့ကြွယ်ဝမှုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးဆယ်မီလီယံအထက် ရှိမှာပါ။

"အကိုကြီးဟူ၊ ဒီလူက အဆင့်မြင့်ငွေလေသင်္ဘောကို ပေါ်ပေါ်လွင်လွင်ပဲ ဝယ်သွားးခဲ့တယ်။  ဒါကြောင့် ငါတို့က သတိမထားသင့်လား"ပြောတဲ့လူက သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်ပြီး ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်အဆင့်ခြောက်ရှိတာပါ။

"မင်းက ငကြောက်ပဲ။ အဆင့်ငါးဧကရာဇ်တစ်ယောက်က ဘယ်လောက်များ ကြမ်းနိုင်မှာလဲ။ အကိုကြီးဟူမှာ အထွတ်အထိပ်ဧကရာဇ်အဆင့်နဲ့နီးကပ်တဲ့ ခွန်အားမျိုးရှိတယ်လေ"

"ဟုတ်တယ်။ ပစ်မှတ်က အထွတ်အထိပ်ဧကရာဇ်တစ်ယောက်ဆိုရင်တောင် ငါတို့က ရဲတင်းနက်တိုက်ပွဲနည်းဗျူဟာကို အသုံးပြုပြီး ရင်ဆိုင်လို့ရတာပဲ"

ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်တိုက်ပွဲနည်းဗျူဟာက မူလပင်လယ်နယ်ပယ်တိုက်ပွဲနည်းဗျူဟာနဲ့ ခြားနားပါတယ်။

ဧကရာဇ်တွေရဲ့စွမ်းအားကို စုစည်းဖို့ဆိုတာက ခက်ခဲလွန်းပါတယ်။ ဒါကြောင့် အထူးတိုက်ပွဲနည်းဗျူဟာကို လိုအပ်ပါတယ်။

ရဲတင်းနက်ဂိုဏ်းက ပျံသန်းငွေကျွန်းမှာ ရှင်သန်နိုင်တဲ့အကြောင်းရင်းက အဓိကအားဖြင့် သူတို့ရဲ့ရဲတင်းနက်တိုက်ပွဲနည်းဗျူဟာကြောင့်ပါပဲ။

***

All Chapters