← Chapters

ရဲတင်းနက်မဟာဧကရာဇ်

Vol. 53 Ch. 725

ရဲတင်းနက်မဟာဧကရာဇ်

Vol. 53 Ch. 725

"ဒီသင်္ဘောက အဆင့်မြင့်ငွေလေသင်္ဘောဆိုတာ အံ့ဩစရာမရှိပါဘူး။ အမြန်နှုန်းက ငါ့ရဲ့မြန်နှုန်းအပြည့်ရဲ့သုံးဆယ်ရာခိုင်နှုန်းလောက်ရှိတယ်"

"ဒါပေမယ့် ငါ့နောက်က ငွေလေသင်္ဘောကတော့ ငါ့မြန်နှုန်းအပြည့်ရဲ့သုံးဆယ့်ငါးရာခိုင်နှုန်းနီးပါး ရှိတယ်"

လီဖူချန်းက ငွေလေသင်္ဘောကို တ‌ဖြည်းဖြည်း နှေးသွားစေလိုက်ပါတယ်။

"အကိုကြီးဟူ၊ သူ နှေးသွားပြီး"ရဲတင်းနက်ဂိုဏ်းရဲ့အဖွဲ့သားတစ်ယောက်က အကြောင်းကြားလိုက်ပါတယ်။

"သူ မလွတ်နိုင်တော့ဘူးလို့ သိသွားတာပဲဖြစ်မှာပေါ့"ကျန်းဟူက အများကြီး မတွေးမိပါဘူး။

"မင်းတို့က ဘယ်သူတွေလဲ"လီဖူချန်းက ဦးပိုင်းမှာ ရပ်နေရင်း မေးလိုက်ပါတယ်။

"လူသေတစ်ယောက်က အများကြီးသိစရာမလိုပါဘူး"

ကျန်းဟူရဲ့ဦးဆောင်မှုနဲ့အတူ ရဲတင်းနက်ဂိုဏ်းဝင်ဒါဇင်ခန့်က ပျံသန်းသွားလေတယ်။

"လူသေလား။ တကယ်ပေါ့လေ"

လီဖူချန်းက လက်ကို ဆန့်ကာ ဖမ်းကိုင်လိုက်ပါတယ်။ ကျန်းဟူက လွဲပြီး ကျန်သူတွေကတော့ ပေါက်ကွဲထွက်သွားပါတော့တယ်။

"မင်း အခု ပြောလို့ရပြီး"

လီဖူချန်းက ကျန်းဟူကို သာမန်မျှသာ ကြည့်လိုက်လေတယ်။

သူ့ကို မိုးကြိုးတစ်ခု ထိမှန်သွားသလို ကျန်းဟူက ကြက်သေသေသွားလေတယ်။

သူ့ကိုသူ လက်ဝါးနှင့် ရိုက်လိုက်ပြီးနောက် ကျန်းဟူက သတိပြန်ဝင်လာတော့တယ်၊ သူ့ခန္ဓာကိုယ်ကတော့ ချွေးများနဲ့ ရွှဲရွှဲစိုနေလေရဲ့။

သူက ဒီတစ်ခါတော့ သံတိုင်ကြီးကို ကန်လိုက်မိပါပြီး။ သာမန်ဖမ်းကိုင်မှုတစ်ခုက ရဲတင်းနက်အဖွဲ့ဝင်တစ်ဒါဇင်လောက်ကို သေသွားစေပါတယ်။ မဟာဧကရာဇ်တစ်ယောက်ကသာ ဒီလိုခွန်အားမျိုးကို ပိုင်ဆိုင်နိုင်တာပါ.........

"အရှင်သခင်၊ ငါ အမှားလုပ်မိသွားပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို ခွင့်လွှတ်ပေးပါ"ကျန်းဟူက အသံတုန်တုန်နှင့် ပြောလိုက်ပါတော့တယ်။

"မင်းက အခုထိ ငါ့ကို မပြောရသေးဘူး။ မင်းတို့က ဘယ်သူတွေလဲ"လီဖူချန်းက ကျန်းဟူကို အေးစက်သော မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတော့တယ်။

အရင်ကဆိုရင်တော့ လီဖူချန်းရဲ့ချီစွမ်းပကားက ထူးခြားတယ်လို့ ကျန်းဟူက ခံစားရရုံမျှသာပါပဲ၊ နောက်ထပ်ဘာကိုမှ မခံစားရလောက်ပါဘူး။

ဒါပေမယ့် အခု လီဖူချန်းရဲ့မျက်လုံးတွေကို ရင်ဆိုင်မိတဲ့အခါ ကမ္ဘာကြီးက ပျောက်ကွယ်သွားသလိုမျိုး ခံစားလိုက်ရပါတယ်။ လီဖူချန်းရဲ့ပုံရိပ်က ဧရာမကြယ်တစ်ခုပမာ ဖြစ်ပြီး ကြောက်စရာကောင်းတဲ့ဆိတ်ငြိမ်မှုတစ်ခုက တည်ရှိနေသလိုမျိုးပါပဲ။

"ငါတို့က ရဲတင်းနက်ဂိုဏ်းရဲ့အဖွဲ့ဝင်တွေပါ။ ငါတို့ခေါင်းဆောင်က ပျံသန်းငွေကျွန်းရဲ့ကျော်ကြားတဲ့ ရဲတင်းနက်မဟာဧကရာဇ်တွေ ဖြစ်ကြပါတယ်။ ဒုခေါင်းဆောင်နှစ်ယောက်ကလည်း မဟာဧကရာဇ်တွေပါပဲ"

သူ့ခေါင်းဆောင်ရဲ့ဂုဏ်သတင်းကြောင့် လီဖူချန်းက သူ့ကို လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

"ရဲတင်းနက် မဟာဧကရာဇ်လား"

လီဖူချန်းက ဒီနာမည်ကို အရင်က ကြားဖူးပါတယ်။

ပျံသန်းငွေကျွန်းမှာဆိုရင် ရဲတင်းနက်မဟာဧကရာဇ်က အဆင့်မြင့်မားတဲ့ မဟာဧကရာဇ်တစ်ယောက်ပါ။

"မင်းတို့က ရဲတင်းနက်ဂိုဏ်းကပဲဖြစ်ဖြစ်၊ ရဲတင်းဖြူဂိုဏ်းကပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းတို့က ငါ့ကို ရန်စမှတော့ သေလိုက်ကြပေါ့"လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားပြီး ကျန်းဟူက ပေါက်ကွဲထွက်သွားလေတော့တယ်။

လီဖူချန်းရဲ့အဆင့်အရ ကျန်းဟူကိုသတ်ဖို့ သူက လက်ညှိုးတောင်လှုပ်စရာမလိုပါဘူး။ သူ့ရဲ့မျက်လုံးတွေနဲ့တင် လုံလောက်ပါတယ်။

ရဲတင်းနက်ဂိုဏ်းရဲ့ဌာနချုပ်က ပျံသန်းငွေကျွန်းရဲ့ မနီးမဝေးမှာရှိတဲ့ မြို့တစ်မြို့မှာပါ။

ကျန်းဟူတို့ရဲ့အသက်တိုကင်တွေ ကြေမွသွားတာကို တစ်‌‌ယောက်ယောက်က ရဲတင်းနက်မဟာဧကရာဇ်ကို အသိပေးလိုက်ပါတယ်။

အရပ်၂.၅မီတာရှိပြီး အန္တရာယ်များတဲ့အရှိန်အဝါတစ်ခုနဲ့အတူ ရဲတင်းနက်မဟာဧကရာဇ်က ရက်စက်ယုတ်မာတဲ့အမူအရာနှင့် ပြောလိုက်ပါတော့တယ်"ငါ့ရဲ့ရဲတင်းနက်ဂိုဏ်းသားတွေကို သတ်တဲ့သူ ဘယ်သူပဲဖြစ်ဖြစ် သေရမယ်"

အမှန်တကယ် သူဒေါသထွက်ရခြင်းက အဆင့်မြင့်ငွေလေသင်္ဘောကြောင့်ပါ။

ရဲတင်းနက်ဂိုဏ်းမှာတောင် အဲဒီလိုသင်္ဘော နှစ်စီးသာ ရှိပြီး သူတို့တွေက ရဲတင်းနက်ဂိုဏ်းရဲ့ အရေးပါတဲ့ပစ္စည်းတွေပါ။

"ဒီငွေလေသင်္ဘောက အနည်းဆုံး အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်မီလီယံလောက် ထိုက်တန်တယ်"

ရဲတင်းနက်ဂိုဏ်းရဲ့ငွေလေသင်္ဘောကို သန့်စင်ပြီးနောက် လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်လေသင်္ဘောကို သိမ်းပြီး လေသင်္ဘောအသစ်ကို သုံးလိုက်လေတယ်။

ခရီးသွားဖို့ အသုံးပြုတဲ့အခါ လီဖူချန်းရဲ့ငွေလေသင်္ဘောက မိုင်တစ်သောင်းပျံသန်းနိုင်ချိန်မှာ ဒီငွေလေသင်္ဘောက မိုင်တစ်သောင်းထောင့်ငါးရာပျံသန်းနိုင်ပါတယ်။

ဒါက ထွက်ပြေးဖို့အတွက် အလွန် အသုံးဝင်ပါတယ်။

ပုံမှန်အခြေအနေမှာ မိုင်အနည်းငယ်လောက်ကာဝေးရုံနဲ့ မဟာဧကရာဇ်တစ်ယောက်ကတောင် ရန်သူကို သတ်ဖို့ ခဲယဉ်းပါတယ်။

ဒါပေမယ့် လီဖူချန်းကတော့ ချွင်းချွက်ပေါ့။ ဆယ့်နှစ်မိုင်‌လောက် အကွာအဝေးကတောင် သူက သတ်နိုင်တယ်လေ။

ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက ပျံသန်းငွေကျွန်းရဲ့အရှေ့ကမ်းခြေကို ရောက်ရှိလာပါတယ်။ ပင်လယ်ရဲ့အခြားတစ်ဖက်မှာတော့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး ရှိတယ်လေ။

ဒါပေမယ့် အကွာအဝေးက မတိုပါဘူး၊ အနည်းဆုံး တစ်ဘီလီယံမိုင် ရှိပါတယ်။ ခရီးနှင်ဖို့အတွက် အဆင့်မြင့်ငွေလေသင်္ဘောကို အသုံးပြုမယ်ဆိုရင်တောင် လအနည်းငယ်လောက်ကြာပါတယ်၊ ကြားမှာ ဘာနှောင့်နှေးမှုမှ မရှိဖို့လည်း လိုတာပေါ့။

"ဒီလောက်များပြားတဲ့မြူတွေ"

ပင်လယ်အထက် ထူထပ်နေတဲ့မြူကို မြင်ပြီး လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။

ဒီမြူက လိပ်ပြာအသိစိတ်အာရုံကို ကန့်သတ်နိုင်တယ်။ ပျံသန်းငွေကျွန်းမှာ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက မိုင်နှစ်ထောင်လောက်အထိ ချဲ့နိုင်ပါတယ်၊ ဒါပေမယ့် ဒီမြူအတွင်းမှာဆိုရင် သူက မိုင်အနည်းလောက်သာ ချဲ့နိုင်တော့မှာပါ။ ဒါက အမှောင်ဥပ‌ဒေဿထက်တောင် ပိုသန်မာပါတယ်။

"ညီကို၊ ရပ်ပြီးစောင့်ကြည့်ပါအုံး။ သေမင်းမြူကို ဖြတ်သန်းသွားခြင်းက သေခြင်းတရားကို ဖိတ်ခေါ်တာပဲ။ သူတော်စင်တွေတောင် သေမင်းမြူကို ဖြတ်သွားဖို့ ဆန္ဒမရှိဘူး။ သူတို့က အန္တရာယ်မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ဦးတည်ဘက်ကိုတော့ ပျောက်ဆုံးသွားရလိမ့်မယ်"

ကမ်းခြေပေါ်မှာ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်အဆင့်ခုနှစ်ရှိတဲ့ခံ့ညားတဲ့လူလတ်ပိုင်းတစ်ယောက်က ပင်လယ်ပြင်ကို ကြည့်ရင်း သူကဘယ်လောက်တောင်စွမ်းအားကင်းမဲ့နေသလဲဆိုတာကို သက်ပြင်းချနေမိတော့တယ်။

လီဖူချန်းက သေမင်းမြူနဲ့ပတ်သက်ပြီး မကြားဖူးပါဘူး၊ ဒါပေမယ့် သံသယတွေကို ‌ရှောင်ရှားဖို့ သူက ခေါင်းညိတ်လိုက်ပါတယ်"ဟုတ်တယ်၊ ငါတို့က မြူတွေလွင့်ပြယ်သွားချိန်ကိုသာ စောင့်ရမယ်"

ထိုလူက ရယ်ကာ ပြောလိုက်ပါတယ်"သေမင်းမြူ ဘယ်အချိန်ကျမှ လွင့်ပြယ်မလဲကို ဘယ်သူမှ မသိဘူး။ အဲဒါက တစ်နှစ်လည်း ဖြစ်နိုင်တယ်၊ နှစ်နှစ်လည်း ဖြစ်နိုင်တယ်၊ ဒါပေမယ့် ငါးနှစ်ထက်တော့ မပိုပါဘူး။ တစ်ကြိမ် လွင့်ပြယ်ပြီးတာနဲ့ နောက်နှစ်ဝက်ခန့်ထိ မထွက်ပေါ်လာတော့ပါဘူး"

"ဘာလို့ တည် နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို ပျံသန်းငွေကျွန်းမှာ မတည်ဆောက်နိုင်ရတာလဲ"လီဖူချန်းက သူသိချင်နေတဲ့မေးခွန်းကို မေးလိုက်ပါတယ်။

ထိူလူက ‌‌ရှင်းပြလိုက်ပါတယ်"သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို တည်ဆောက်ဖို့က အလွန်ခက်ခဲပါတယ်။ ဒီနေရာမှာရှိတဲ့ဟင်းလင်းပြင်ဥပဒေဿက အလွန်ကြမ်းတမ်းပြီး ဖြတ်သန်းဖို့ ခက်ခဲတယ်။ ဒါ့ပြင် ဟင်းလင်းပြင်ရဲ့အနက်ပိုင်းမှာဆိုရင် ဟင်းလင်းပြင်မုန်တိုင်းတွေက အမြဲလိုလို ပေါ်ပေါက်လေ့ရှိတယ်၊ ဒါကြောင့် တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို ဆောက်ဖို့ဆိုတာ အလွန်အန္တရာယ်များတယ်။ ပျံသန်းငွေကျွန်းနဲ့သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ချိတ်ဆက်ဖို့ တည်နေရာရွှေ့ပြောင်းရေးအစီအရင်တစ်ခုကို တည်ဆောက်မယ်ဆိုရင် အဆင့်ကိုးအလယ်အလတ်တည်နေရာရွှေ့ပြောင်းရေးအစီအရင် ဖြစ်ဖို့လိုတယ်။ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အဆင့်ကိုးအလယ်အလတ်အစီအရင်သူတော်စင်က တစ်ယောက်ပဲ ရှိတယ်။ ဒါ့ပြင် ကြီးမားတဲ့ဟင်းလင်းပြင်ပုံဆောင်ခဲကို လိုအပ်တယ်။ ဟင်းလင်းပြင်ပုံဆောင်ခဲတွေက ရှားပါးလွန်းတာကြောင့် တစ်ယောက်မှ ပျံသန်းငွေကျွန်းအတွက် သုံးစွဲဖို့ ဆန္ဒမရှိဘူး"

"ငါ သိပါပြီး"လီဖူချန်းက သလောပေါက်သွားပါတယ်။

အဆင့်ကိုးအလယ်အလတ်အစီအရင်သူတော်စင်တစ်ယောက်ဖြစ်ဖို့က အလယ်အလတ်သူတော်စင်တစ်ယောက် ဒါမှမဟုတ် အဆင့်မြင့်သူတော်စင်တစ်ယောက်ဖြစ်ဖို့ထက်တောင် ခက်ခဲပါတယ်။

သေမင်းမြူတွေက အလွန်စုစည်းများပြားနေပါတယ်။ လီဖူချန်းက သေမင်းမြူတွေ ‌လွင့်ပါးပြီးမှ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဦးတည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

လီဖူချန်းက ပျံသန်းငွေမြို့ကို ပြန်မသွားတော့ပါဘူး၊ အဲအစား သူက ကမ်းခြေအနီးနားက မြို့‌တစ်မြို့မှာ နေလိုက်ပါတယ်။

ပျံသန်းငွေမြို့.......

ရဲတင်းနက်မဟာဧကရာဇ်က ပျံသန်းကောင်းကင်‌အိမ်တော်ကို ရောက်ရှိလာပါတယ်။

"ရဲတင်းနက်မဟာဧကရာဇ်၊ ဘာကြောင့် ဒီနေရာကို လာရတာလဲ"အကြီးအကဲထုံက ကျန်းဟူတို့သေသွားတာကို မသိသေးပါဘူး။

ရဲတင်းနက်မဟာဧကရာဇ်ရဲ့မျက်နှာက မည်းမှောင်နေပါတော့တယ်"အကြီးအကဲထုံ၊ ကျန်းဟူ သေသွားပြီး"

"ကျန်းဟူက သေပြီးလား"

အကြီးအကဲထုံက မယုံကြည်နိုင်ပါဘူး"ဒါ မဖြစ်နိုင်ပါဘူး။ ပစ်မှတ်က အဆင့်ငါးဧကရာဇ်လေးပဲလေ။ သူက အထွတ်အထိပ်အဆင့်ဧကရာဇ်တစ်ယောက်ဆိုရင်တောင် ကျန်းဟူတို့အတွက် ပြိုင်ဘက်မဟုတ်လောက်ပါဘူး"

ရဲတင်းနက်မဟာဧကရာဇ်က ပြောလိုက်ပါတယ်"ဒါပေမယ့် ကျန်းဟူက သေသွားပြီး၊ ဒါက မေးခွန်းကို ရှင်းလင်းဖို့ လုံလောက်တယ်"

"ဒါက ခြေရာခံတုံကင်ပဲ။ သတိရပါ၊ ဒါက နောက်ဆုံးတစ်ခုပဲ"အကြီးအကဲထုံက တုံကင်တစ်ခုကို ပေးလိုက်ပါတယ်။

"မစိုးရိမ်ပါနဲ့၊ နောက်ထပ်သုံးဖို့ မလိုတော့ဘူး"ခြေရာခံတိုကင်ကို လက်ခံပြီးနောက် ရဲတင်းနက်မဟာဧကရာဇ်က ထွက်ခွာသွားလိုက်ပါတယ်။

"ကျန်းဟူက တကယ်သေသွားတယ်ပေါ့။ ဒါက ထူးဆန်းလွန်းတယ်"အကြီးအကဲထုံက ခေါင်းခါမိသွားလေတယ်။

ရဲတင်းနက်မဟာဧကရာဇ်က လီဖူချန်းကို တွေ့မတွေက ကိစ္စမရှိပါဘူး၊ အကြီးအကဲထုံက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံကို ရထားပြီးပြီးပဲလေ။

လီဖူချန်းက ငွေလေသင်္ဘောပေါ်က ခြေရာခံအမှတ်အသားကို တွေ့သွားမှာနဲ့ပတ်သက်ပြီး သူက မစိုးရိမ်ပါဘူး။

ပထမ၊ ခြေရာခံအမှတ်အသားက တစ်လကြာပြီးနောက် ပျောက်သွားမှာပါ။ ဒုတိယက လီဖူချန်းက တွေ့သွားလည်း ဘာဖြစ်လဲ၊ လီဖူချန်းက သူ့ကို သတ်ရဲမှာလား။

ပျံသန်းငွေမြို့က မဟာဧကရာဇ်တွေတောင် မလှုပ်ရှားရဲတဲ့မြို့တစ်မြို့ပါ။ ဒါ့ပြင် သူက ပျံသန်းကောင်းကင်အိမ်တော်ရဲ့ဆိုင်ရှင်ပဲလေ။

အရှေ့ပိုင်းပင်လယ်မြို့က မိုင်အနည်းငယ်ရှိပြီး လူဦးရေ တစ်ရာမီလီယံခန့်ရှိပါတယ်။

ဒီအချိန်အတော်အတွင်း လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿနဲ့ တ‌ဖြည်းဖြည်း ရင်းနှီးလာနေပါတယ်။

"ဒါ ရဲတင်းနက်မဟာဧကရာဇ်မဟုတ်ဘူးလား။ သူက ဒီကို ဘာလာလုပ်တာလဲ"

ဒီနေ့မှာတော့ ပုံရိပ်တစ်ခုက အရှေ့ပိုင်းပင်လယ်မြို့အထက်မှာ ပျံသန်းလာနေပါတယ်။

လူတိုင်းက ကြည့်လိုက်ရာ အချို့က ရဲတင်းနက်မဟာဧကရာဇ်ဖြစ်တာကို သတိပြုမိသွားပါတယ်။

ရဲတင်းနက်မဟာဧကရာဇ်က တည်ခိုခန်းတစ်ခုအပေါ်ကို ပျံသန်းသွားပြီး အခန်းတစ်ခုကို သူ့ရဲ့လက်သီးနဲ့ ထိုးခွဲလိုက်လေတယ်။

ဘုံး......

အခန်းက မုန့်မုန့်ညက်ကြေသွားပါပြီး။

ဒါက ပျံသန်းငွေမြို့ဆိုရင် ရဲတင်းနက်မဟာဧကရာဇ်က မလှုပ်ရှားရဲပါဘူး။

ပျံသန်းရေးငွေမြို့ကို အဆင့်ကိုးအဆင့်နိမ့်အစီအရင်တစ်ခုက ဝန်းရံထားပါတယ်။ ပျံသန်းရေးငွေမြို့အရှင်က အသက်သွင်းလိုက်တာနဲ့ ရဲတင်းနက်မဟာဧကရာဇ်အယောက်တစ်ရာဆိုရင်တောင် သေသွားရမှာပါ။

ဒါ့ပြင် အစီအရင်မရှိဘဲနဲ့ ပျံသန်းရေးငွေမြို့အရှင်က ရဲတင်းနက်မဟာဧကရာဇ်ကို နှိမ်နင်းနိုင်ပါတယ်။

ဒါပေမယ့် အရှေ့ပိုင်းပင်လယ်မြို့က ခြားနားပါတယ်၊ အဆင့်ရှစ်အထွတ်အထိပ်အစီအရင်သာ ရှိပါတယ်။ အဲဒါက ရဲတင်းနက်မဟာဧကရာဇ်ကို ဖိနှိပ်နိုင်ပါတယ်၊ ဒါပေမယ့် အသက်ကိုတော့ မခြိမ်းခြောက်နိုင်ပါဘူး။

တစ်ထျိန်တည်းမှာပဲ အရှေ့ပိုင်းပင်လယ်မြို့တော်ဝန်က ရဲတင်းနက်မဟာဧကရာဇ်လောက် မသန်မာဘူးလေ။

"ရဲတင်းနက်မဟာဧကရာဇ်လား"

လီဖူချန်းက ခြေရာခံအမှတ်အသားကို မဖျက်ပစ်ခဲ့ပါဘူး၊ သူက ရဲတင်းနက်ဂိုဏ်းတစ်ခုလုံးကို လာစေချင်လို့လေ။ မဟုတ်ရင် ရဲတင်းနက်မဟာဧကရာဇ်က လီဖူချန်းကို တွေ့ဖို့ မဖြစ်နိုင်ပါဘူး။

"ရဲတင်းနက်မဟာဧကရာဇ်၊ မင်းတို့မှာ ဘာရန်ငြိုးတွေ ရှိရှိ ငါ ဂရုမစိုက်ဘူး၊ ‌ ကျေးဇူးပြု၍ မြို့အပြင်မှာသာ ဖြေရှင်းကြပါ"

အရှေ့ပိုင်းပင်လယ်မြို့တော်ဝန်က ပျံသန်းလာပါတယ်၊ သူလည်း မဟာဧကရာဇ်တစ်ယောက်ပါ၊ မုန်တိုင်းလှိုင်းဆေဘာဓားဧကရာဇ်လို့ ခေါ်ပါတယ်။

အရှေ့ပိုင်းပင်လယ်မြို့တော်ဝန်ရဲ့လက်ဝှေ့ယမ်းမှုနဲ့အတူ မမြင်နိုင်တဲ့အစီအရင်စွမ်းအားတစ်ခုက လီဖူချန်းနဲ့ရဲတင်းနက်မဟာဧကရာဇ်တို့ကို မြို့အပြင်ကို ပို့ဆောင်လိုက်ပါတယ်။

တကယ်လို့ လီဖူချန်းကသာ ဆန္ဒမရှိဘူးဆိုရင် အကြိုအဆင့်ကိုးအစီအရင်ဆိုရင်တောင် လီဖူချန်းကို ရွှေ့ပြောင်းနိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းက မုန်တိုင်းလှိုင်းဆေဘာဓားဧကရာဇ်ကို အေးစက်တဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ပါတယ်။

သေချာစဉ်းစားကြည့်မယ်ဆိုရင် မြို့တော်ဝန်အနေဲ့ တစ်ယောက်ယောက်က ဥပဒေကို ချိုးဖောက်နေတာကို မုန်တိုင်းလှိုင်းဆေဘာဓားဧကရာဇ်က မြင်ရတယ်လေ။ ဒါပေမယ့် သူက ဒုက္ခသည်ကိုပါ မြို့အပြင်ကို ပို့ဆောင်လိုက်သေးတယ်။ မြို့တော်ဝန်က ရဲတင်းနက်မဟာဧကရာဇ်နဲ့ တစ်ဖက်တည်းမှာ ရပ်တည်နေတာ သိသာပါတယ်။

တစ်ယောက်မှအရူးမဟုတ်ကြပါဘူး၊ သူတို့က လျင်မြန်စွာ နားလည်သွားခဲ့ကြပါတယ်။ ဒါကြောင့် သူတို့က လီဖူချန်းကို ဂရုဏာမျက်လုံးတွေနဲ့ ကြည့်လိုက်ကြပါတယ်။

ရဲတင်းနက်မဟာဧကရာဇ်က ပျံသန်းငွေတိုက်ကြီးရဲ့ထိပ်တန်းအဆင့်မဟာဧကရာဇ်တစ်ယောက်ပါ၊ လီဖူချန်းက အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

***

All Chapters