အမွှေးအကြီးအကဲ
Vol. 54 Ch. 726
အရှေ့ပိုင်းပင်လယ်မြို့ရဲ့အပြင်ဘက်မှာ ရဲတင်းနက်မဟာဧကရာဇ်က ရဲတင်းနက်ကြီးတစ်ခုကို ယူထုတ်လိုက်လေတယ်။ သူက ရဲတင်းရဲ့အသွားကို ပွတ်ကာ ပြောလိုက်တယ်"မင်းလည်း မဟာဧကရာဇ်ဆိုတာ ငါ သိပါတယ်။ ဒါပေမယ့် အဆင့်ရှစ်မဟာဧကရာဇ်တွေတောင် ငါ့ရဲ့ဝိညာဉ်ခုတ်ရဲတင်းအောက်မှာ သေဆုံးခဲ့ကြပြီးပြီး"
"ဟုတ်လား၊ အဆင့်ရှစ်မဟာဧကရာဇ်တွေလည်း ငါ့လက်ထဲမှာ ဇီဝိန်ချုပ်သွားခဲ့ကြတာပဲ" လီဖူချန်းက သာမန်စွာ တုံ့ပြန်လိုက်လေတယ်။
"အိုး။ ဒါဆို အတော်လေး စိတ်ဝင်စားစရာပဲ" ရဲတင်းနက်မဟာဧကရာဇ်ရဲ့မျက်လုံးတွေက သတ်ဖြတ်ဆန္ဒတွေနဲ့ ပြည့်နှက်နေလေရဲ့။
"ဝိညာဉ်အက်ကြောင်းပိုင်းဖြတ်ခြင်း"
ဧရာမရဲတင်းနက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အနက်ရောင်ဓားသွားအလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး လီဖူချန်းကို လွှမ်းမိုးလိုက်လေတယ်။
ကလန်း..........
ရဲတင်းလှုပ်ရှားမှုတွေကို တားဆီးဖို့ လီဖူချန်းက သူ့ရဲ့ဓားကို မြှင့်တင်လိုက်လေတယ်။
"သေစမ်း၊သေစမ်း၊သေစမ်း........"
ရဲတင်းနက်မဟာဧကရာဇ်ရဲ့ရဲတင်းလှုပ်ရှားမှုတွေက ပျံသန်းလာပါတယ်။ ဓားသွားအလင်းတွေက ဒီရေအလားဖြစ်ပြီး ရေဝဲများစွာ ပါဝင်နေပါတယ်။ ကြမ်းတမ်းတဲ့ရဲတင်းဆန္ဒနဲ့သတ်ဖြတ်ရေးဆန္ဒတွေက ကောင်းကင်ကိုတောင် အရောင်ပြောင်းသွားစေလိုက်ပါတယ်။ ကြည့်ရှုသူတွေရဲ့နှလုံးသားထဲမှာ အေးစက်မှုတွေ ဖြစ်ပေါ်လာပြီး ရဲတင်းဆန္ဒကြောင့် ဒဏ်ရာရခြင်းမှ ကာကွယ်ဖို့ အဆက်မပြတ် နောက်ဆုတ်နေလိုက်ကြရပါတော့တယ်။
ကလန်း ကလန်း ကလန်း ကလန်း ..........
လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ထုတ်ကာ ရဲတင်းနက်မဟာဧကရာဇ်ထံမှ ရဲတင်းလှုပ်ရှားမှုတွေကို အလွယ်တကူ ကာကွယ်လိုက်ပါတော့တယ်။
ထိုအခိုက်မှာ မုန်တိုင်းလှိုင်းဆေဘာဓားဧကရာဇ်အပါအဝင် လူတိုင်းက အံ့ဩတုန်လှုပ်သွားကြလေတယ်။
"နဂါးခွဲပင်လယ်....."
ရဲတင်းနက်မဟာဧကရာဇ်က ကြွေးကြော်ပြီး ကောင်းကင်ကို တစ်ဟုန်ထိုးပြေးသွားလိုက်လေတယ်။ သူ့ရဲ့လက်နှစ်ဖက်လုံးက ရဲတင်းကို ဆုပ်ကိုင်ထားပြီး အားအပြည့်နဲ့ ခုတ်ပိုင်းလိုက်ပါတယ်။
"နဂါးဟိန်းသံ......."
နဂါးဟိန်းသံတစ်ခု ဖြစ်ပေါ်လာပြီး ကြမ်းတမ်းတဲ့နဂါးဓားသွားအလင်းတန်းတစ်ခုက သူ့ရဲ့ခြေသည်းနဲ့အစွယ်ကို ထုတ်ပြလိုက်ပါတော့တယ်။
ဓားတစ်ချက်နဲ့အတူ နဂါးဓားသွားအလင်းက ပျောက်ကွယ်သွားပါတော့တယ်။ လီဖူချန်းက သူ့ရဲ့မျက်လုံးကို ဖွင့်ကာ ပြောလိုက်လေတယ်"မင်းရဲ့ခွန်အားက ဒီလောက်ပဲလား။ တကယ်ကို စိတ်ပျက်စရာပဲ"
"ငါ့ကို လျှော့တွက်ရဲတယ်ပေါ့လေ" ရဲတင်းနက်မဟာဧကရာဇ်ရဲ့မျက်နှာက မည်းမှောင်သွားလေတယ်။ သူက ချီကို လှည့်ပတ်ပြီး သဲကြီးမည်းကြီး တိုက်ခိုက်လိုက်ပါတော့တယ်။
လီဖူချန်းက ခေါင်းခါကာ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်လိုက်ပါတယ်။
ဓားက မယုံနိုင်အောင် မြန်ပါတယ်။ ဓားအလင်းတစ်ခု တောက်ပလာပြီး ရဲတင်းနက်မဟာဧကရာဇ်က နေရာမှာပဲ အေးခဲသွားတော့တယ်။
ဖတ်.........
အရင်ဆုံး ပခုံးမှ သွေးတွေ ပန်းထွက်လာပါတော့တယ်၊ ပြီးနောက် ရင်ဘက်၊ လည်ချောင်း၊ လက်မောင်း၊ ခါးနဲ့ ခြေထောက်တို့ပေါ့။ သွေးတွေက ရဲတင်းနက်မဟာဧကရာဇ်ရဲ့ခန္ဓာကိုယ်မှ အဆက်မပြတ် ပန်းထွက်လာပြီး သွေးမိုးရွာနေသလိုနဲ့ တူပါတယ်။
"ကောင်းကင်နဲ့မြေကြီးဥပဒေဿရဲ့ ကန့်သတ်မှုကြောင့် ဓားအနုပညာရဲ့တိုက်ခိုက်မှုက အကြီးအကျယ် လျော့ကျသွားတာပဲ"
ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာဆိုရင် လီဖူချန်းရဲ့ဓားတိုက်ခိုက်မှုက ရဲတင်းနက်မဟာဧကရာဇ်ကို ပြာဖြစ်စေသွားပါပြီး။ အရိုးတစ်ခုတောင် ကျန်လိမ့်မှာ မဟုတ်ဘူး။
"မင်း"
လီဖူချန်းကို လက်ညှိုးထိုးရင်း ရဲတင်းနက်မဟာဧကရာဇ်က မြေပြင်ပေါ်ကို ကျသွားလေတော့တယ်။
"ရဲတင်းနက်မဟာဧကရာဇ်က သေသွားပြီးလား"
မုန်တိုင်းလှိုင်းဆေဘာဓားဧကရာဇ်က တုန်လှုပ်သွားပါတယ်။
သူက နောင်တရသွားပါတယ်။ လီဖူချန်းက ဒီလောက်အားကောင်းမှန်း သိရင် သူက ရဲတင်းနက်မဟာဧကရာဇ်ကို ဘက်လိုက်လိမ့်မှာ မဟုတ်ဘူး။
"သူသေသွားတာ ကောင်းတယ်" အရှေ့ပိုင်းပင်လယ်မြို့ကလူတွေက ပျော်ရွှင်သွားကြပါတော့တယ်။
ရဲတင်းနက်ဂိုဏ်းက ပျံသန်းငွေကျွန်းမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လူတော်တော်များများက ရဲတင်းနက်ဂိုဏ်းကို မကျေနပ်ကြပါဘူး။
ရဲတင်းနက်မဟာဧကရာဇ်ရဲ့သိုလှောင်အိတ်ကို သိမ်းပြီးနောက် လီဖူချန်းက တစ်ချက်ကြည့်ကာ ရေရွတ်လိုက်လေတယ်။ ပျံသန်းငွေကျွန်းမှာ သတ်ဖြတ်မှုတွေလုယက်မှုတွေ များပြားနေတာ အံ့ဩစရာမရှိပါဘူး။ လုယက်ခြင်းက ချမ်းသားကြွယ်ဝဖို့ အမြန်ဆုံးလမ်းကြောင်းပဲလေ။ ရဲတင်းနက်မဟာဧကရာဇ်မှာ အဆင့်မြင့်ငွေလေသင်္ဘောတစ်စီး၊ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးခုနှစ်မီလီယံနဲ့ တန်ဖိုးကြီးတဲ့ကျင့်ကြံခြင်းအရင်းမြစ်တွေ များစွာ ရှိပါတယ်။
ရဲတင်းနက်မဟာဧကရာဇ်က သေသွားပါပြီး၊အဲဒါက ပျံသန်းငွေကျွန်းပေါ်မှာ သတင်းကြီးတစ်ခုအလား ဖြစ်နေပါတယ်။ တစ်လတောင်မပြည့်သေးပါဘူး၊ ထိုသတင်းက ပျံသန်းငွေကျွန်းတစ်ခုလုံးကို ပျံနှံ့သွားလေတယ်။
ရဲတင်းနက်ဂိုဏ်းရဲ့ဌာနချုပ်...........
ဒုဂိုဏ်းခေါင်းဆောင်နှစ်ယောက်က အတူ ထိုင်နေလျက် ရှိပါတယ်။
"အဲလူက ရဲတင်းနက်မဟာဧကရာဇ်ကို သတ်နိုင်တယ်ဆိုမှတော့ သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးကိုးထောင်အတွင်း ဝင်ရမယ်"
"ဟမ့်၊ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က မတိကျဘူး။ ငါ့ရဲ့ကောင်းကင်ဖောက်အဖွဲ့က တော်တော်များများက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရှိလူတွေထက် ပိုသန်မှာပေမယ့် သူတို့က အဆင့်နိမ့်နိမ့်မှာ ရှိနေသေးတုန်းပဲ"
"ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ သူက ရဲတင်းနက်ကို သတ်လိုက်မှတော့ သူက ရဲတင်းနက်ရဲ့နေရာကို အစားထိုးရမယ် ဒါမှမဟုတ်ရင် သူက သေရမယ်"
"သူ့ကိုသတ်ဖို့ အမွှေးအကြီးအကဲကို ငါတို့တွေ ဖိတ်ခေါ်ကြမလား"
"အမွှေးအကြီးအကဲလား။ သူ့ကို လိုမယ်လို့ ငါ မထင်ဘူး။ ရဲတင်းနက်က ကောင်းကင်ဖောက်အဖွဲ့ရဲ့ ကြယ်သုံးပွင့်အဖွဲ့ဝင်တစ်ယောက်သာသာပဲ။ အခြားအားကောင်းတဲ့ ကြယ်လေးပွင့်၊ငါးပွင့် အဖွဲ့ဝင်တွေ ရှိပါတယ်။ အမွှေးအကြီးအကဲက ကြယ်ငါးပွင့်အထက်မှာ ရှိတယ်"
သူတို့နှစ်ယောက်လုံးက ကြယ်လေးပွင့်အဖွဲ့ဝင်တွေပါ။ သူတို့က သူတို့ရဲ့ခွန်အားကို ဖုံးကွယ်ပြီး ရဲတင်းနက်မဟာဧကရာဇ်ကို ထောက်ပံ့နေကြတာပါ။အပြင်ဘက်နေကြည့်ရင် ရဲတင်းနက်မဟာဧကရာဇ်က သူတို့ကို ဦးဆောင်နေတာပေါ့။
"ကြယ်တစ်လုံးနဲ့ငါးလုံးကြား ခွန်အားက အတော်လေး တူတယ်။ ကွာဟချက်တစ်ခု ရှိချင်ရှိနိုင်တယ်၊ အလွယ်တကူ သတ်ဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။ အမွှေးအကြီးအကဲကို ဖိတ်ခေါ်မှသာ ငါတို့က ပြဿနာကို အဆုံးသတ်နိုင်မှာ"
"ကောင်းပြီး၊ ဒါဆို့ အမွှေးအကြီးအကဲကို အကြောင်းကြားရအောင်"
ကောင်းကင်ဖောက်အဖွဲ့က ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုပါ။ ထိုနေရာမှာ သူတော်စင်တွေ အများအပြားရှိပါတယ်။ ပျံသန်းငွေကျွန်းမှာ ကောင်းကင်ဖောက်အဖွဲ့က ခန်းမတစ်ခုကို တည်ဆောက်ထားပါတယ်။ ခန်းမခေါင်းဆောင်က လွဲပြီး အမွှေးအကြီးအကဲရှစ်ဦး ရှိပါတယ်။ အကြီးအကဲတစ်ယောက်ချင်းစီက လက်ရွေးစင်မဟာဧကရာဇ်တွေ ဖြစ်ကြပါတယ်။
တိမ်နီမြို့၊ အိမ်ရာတစ်ခုထဲမှာ။
အနီရောင်ဝတ်စုံနဲ့ဓားသမားတစ်ယောက်က ဓားကို လေ့ကျင့်နေပါတယ်။
ရဲတင်းနက်ဒုခေါင်းဆောင်နှစ်ယောက်က ဒီနေရာကို ရောက်လာကြပါပြီး၊ သူတို့က တိတ်တိတ်လေးသာ စောင့်နေပြီး သူ့ကို မနှောင့်ယှက်ရဲပါဘူး။
ဓားအလင်းစက်တစ်ခု ထွက်ပေါ်လာပြီး အနီစက်ထောင်ပေါင်း၊ ရာပေါင်းများစွာအဖြစ် ခွဲထွက်သွားခဲ့ကြပါတယ်။ အနီစက်တစ်ခုချင်းစီမှာ သတ်ဖြတ်ခြင်းဆန္ဒတစ်ခု ပိုင်ဆိုင်ပြီး နှလုံးကိုတောင် တဆတ်ဆတ်တုန်စေပါတယ်။ အနီစက်တွေ အားလုံး ပျောက်ကွယ်သွားချိန်မှာ ကျန်ရှိနေတဲ့အနီစက်ခုနှစ်စက်က မျက်စိကန်းမတတ်အလင်းနဲ့အတူ ဖူးပွင့်သွားပါတယ်။
"သူတို့နှစ်ယောက်လုံးက မဟာဧကရာဇ်တွေပဲ။ ဒါပေမယ့် ကြယ်နီအမွှေးအကြီးအကဲက ပိုပြီး အားကောင်းတယ်။ ဓားတစ်ချက်ကတောင် ငါတို့ဆယ်ယောက်ကို သတ်ပစ်နိုင်တယ်"
နှစ်ယောက်သား ထိတ်လန့်တုန်လှုပ်နေပါတော့တယ်၊ ဒါက ကြယ်နီအမွှေးအကြီးအကဲက ဓားအနုပညာ ထုတ်ဖော်တာကို သူတို့မြင်တဲ့ ပထမဆုံးအကြိမ်ပဲ။
ဆွစ်........
ဓားက ဓားအိမ်ထဲကို ပြန်ရောက်သွားပြီးနောက် အနီရောင်ဝတ်ဓားသမားက လှည့်လာပါတယ်။
"အမွှေးအကြီးအကဲကို နှုတ်ဆက်ပါတယ်"နှစ်ယောက်သား ဦးညွှတ်လိုက်ပါတော့တယ်။
ရဲတင်းနက်မဟာဧကရာဇ်နဲ့ပတ်သတ်တဲ့ကိစ္စကတော့ ဒီနေရာအထိ ရောက်ရှိပြီးသွားပါပြီ။
"ဟုတ်တယ်၊ သူက ရဲတင်းနက်မဟာဧကရာဇ်ကို သတ်ခဲ့တဲ့သူပဲ"
သူတို့ထဲက တစ်ယောက်က လက်ကို ဝှေ့ယမ်းလိုက်ပြီး ချီအလင်းဖန်သားပြင်ထဲမှာ လီဖူချန်းရဲ့ပုံရိပ်က ထွက်ပေါ်လာပါတော့တယ်။
"သူက အတော် ကျွမ်းကျင်တယ်၊ ပြီးတော့ ဓားသမားတစ်ယောက်လည်း ဖြစ်တယ်။ မင်းတို့နှစ်ယောက် ငါ့ကို မဖိတ်ခေါ်ရင်တောင် ငါက သူ့ကို တွေ့ဖို့ စီစဉ်ထားတယ်။ သူက ဉာဏ်ကောင်းရင်တော့ ငါက သူ့ကို ရဲတင်းနက်နေရာမှာ အစားထိုးစေလိုက်မယ်။ သူက ဥဏ်နည်းရင်တော့ သူ့ကို ငါ့ဓားနဲ့ ဂုဏ်ပြုလိုက်ရမှာပေါ့"ကြယ်နက်အမွှေးအကြီးအကဲက လမ်းလျှောက်ရင်း ပြုံးလိုက်လေတယ်။
"အမွှေးအကြီးအကဲကိုယ်တိုင် လှုပ်ရှားမှတော့ ဒီလူကို သိမ်းသွင်းနိုင်မှာပါ"ဒုခေါင်းဆောင်နှစ်ယောက်ထဲမှတစ်ယောက်က ဖော်လံဖားလိုက်လေတယ်။
"ငါ့နောက်ကနေ အရှေ့ပိုင်းပင်လယ်မြို့ကို လိုက်လာကြ"ကြယ်နက်အမွှေးအကြီးအကဲက အိမ်ရာထဲမှ ပျံသန်းသွားတော့တယ်။
"ဟုတ်ကဲ့"နှစ်ယောက်သား နောက်ကနေ ကပ်လိုက်သွားပါတော့တယ်။
ထိုအချိန်မှာ သူက ကောင်းကင်ဖောက်အဖွဲ့ကို အပြစ်ပြုခဲ့ပြီးဆိုတာကို လီဖူချန်းကမသိသေးပါဘူး။ အမှန်တကယ်တော့ ရဲတင်းနက်ဂိုဏ်းက ကောင်းကင်ဖောက်အဖွဲ့ရဲ့ပျံသန်းငွေခန်းမက တိတ်တဆိတ် ထောက်ပံ့ထားတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ပျံသန်းငွေခန်းမအတွက် ကြွယ်ဝမှုကို ရရှိဖို့ ဂိုဏ်းကို အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။
***