ဆုလာဒ်မစ်ရှင်
Vol. 54 Ch. 727
အရှေ့ပင်လယ်ရဲ့ကမ်းခြေကို လေအေးတွေ၊လှိုင်းလုံးကြီးတွေနဲ့ တစ်နှစ်ပတ်လုံး ဖုံးအုပ်ထားပါတယ်။ နွေရာသီဆိုတဲ့ခံစားချက်တစ်ခုလေးတောင် မရှိပါဘူး။
ဒါပေမယ့် ဒီနေရာက ဓားလေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခုပါ။ အနည်းဆုံး နောက်ယှက်မယ့်သူတွေ တစ်ယောက်မှ မရှိဘူးလေ။
ဓားတာအိုက အကန့်အသတ်မရှိဘူးလို့ ပြောကြပါတယ်။လီဖူချန်းက ကြယ်ကြွေနဲ့ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို လေ့ကျင့်ပြီးပါပြီ။
ဓားနဲ့လူပေါင်းစည်းခြင်းက အခြားသူတွေအတွက်တော့ ဓားတာအိုကမ္ဘာပေါ့။ဒါပေမယ့် လီဖူချန်းက မရောင့်ရဲမတင်းတိမ်နိုင်ပါဘူး။
သူက ဓားတာအိုရဲ့အနှစ်သာရကို ထိတွေ့ဖို့လိုတယ်လို့ သူက ခံစားမိပါတယ်။
အခု ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းအနေနဲ့ မူလအစွန်းဓားနည်းလမ်းက ဓားတာအိုရဲ့အနှစ်သာရနဲ့ အနီးကပ်ဆုံးတစ်ခုဖြစ်ပါတယ်။
မူလအစွန်းဓားနည်းလမ်းဆိုတာ ဓားတာအိုရဲ့မူလအရင်းမြစ်လို့ ဆိုလိုတာပါ။
အဲဒါက ဓားတာအိုနည်းလမ်းတစ်ခု ဖြစ်ချင်ဖြစ်နိုင်ပါတယ်၊ဒါပေမယ့် ဓားတာအိုနည်းလမ်းပဲဖြစ်ဖြစ်၊ ဓားအနုပညာပဲဖြစ်ဖြစ် သူတို့နှစ်ခုလုံးမှာ ဓားတာအိုဥပဒေဿတွေ ပါဝင်ပြီး ခွဲခြားလို့မရနိုင်ပါဘူး။
လေအေးတွေက နေရာတိုင်းရှိ ကျောက်ဆောင်တွေကို တိုက်ခတ်နေပါတယ်၊ ဒါပေမယ့် လီဖူချန်းကိုတော့ မရွေ့လျားစေနိုင်ပါဘူး။ သူက ဓားခုတ်ချက်တွေကို ဖြေးလိုက်၊မြန်လိုက်နဲ့ ဝှေ့ယမ်းနေပါတော့တယ်။
ဒီဓားလှုပ်ရှားမှုတွေက ရိုးရှင်းလွန်းပြီး အခြေခံဓားအနုပညာတွေနဲ့ တူပါတယ်။ သူတို့မှာ အပြောင်းအလဲ တွေမရှိပါဘူး၊ ရိုးရိုးစင်းစင်းပါပဲ။
ထိပ်တန်းအဆင့်ဓားဧကရာဇ်တစ်ယောက်က ဒီနေရာမှာ ရှိတယ်ဆိုရင် ဒီရိုးစင်းတဲ့ဓားလှုပ်ရှားမှုတွေမှာ မရေမတွက်နိုင်တဲ့အပြောင်းအလဲတွေ ပါဝင်နေတာကို မြင်နိုင်မှာပါ။ အဲဒါက မမြင်နိုင်၊ မထိတွေ့နိုင်တဲ့ကောင်းကင်တာအိုတစ်ခုပမာပင်။သူတို့ကို ကောင်းကင်တာအိုက ထိန်းချုပ်ထားသလို သူတို့ရဲ့ကံကြမ္မာတွေက ခံစားနေရပါတယ်။
ဆွစ်........
လေကို ထိုးဖောက်သွားတဲ့အသံတစ်ခု ထွက်ပေါ်လာပါတယ်။ လီဖူချန်းက လှည့်ကြည့်လိုက်လေတယ်။
မိုင်အနည်းငယ်အကွာမှ ပုံရိပ်သုံးရိပ်က ဒီနေရာကို ဦးတည်ပျံသန်းလာနေပါတယ်။ခေါင်းဆောင်က အနီရောင်ဝတ်စုံနဲ့လူတစ်ယောက်ဖြစ်ပြီး သူက အေးစက်တဲ့ဓားဆန္ဒကို ထုတ်လွှတ်နေပါတယ်။သူက ဓားတာအိုမဟာဧကရာဇ်တစ်ယောက်ဆိုတာ သိသာလှပါတယ်။
"ဒီလိုအားကောင်းတဲ့ ဓားဆန္ဒ"လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။
အနီရောင်ဝတ်စုံနဲ့လူက လီဖူချန်းရင်ဆိုင်သမျှ အသန်မာဆုံးမဟာဧကရာဇ်ပါ။ သူက ချီတည်ရှိမှုနဲ့တင် အကဲဖြတ်နိုင်ပါတယ်။
"မင်းက ရဲတင်းနက်မဟာဧကရာဇ်ကို သတ်ခဲ့တဲ့သူလား"
မျက်စိတစ်မှိတ်အတွင်း ကြယ်နီအမွှေးအကြီးအကဲက လီဖူချန်းမှ မီတာတစ်ရာအကွာမှာ ထွက်ပေါ်လာပါတယ်။
"ဟုတ်တယ်"လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်၊ သူက ငြင်းပယ်စရာအကြောင်းမရှိဘူးလေ။ သူ့အနေနဲ့ ဖုံးကွယ်ရလောက်တဲ့အထိ ဆန့်ကျင်ဘက်က မသန်မာပါဘူး။
"ရဲတင်းနက်မဟာဧကရာဇ်က သေသွားပြီး။ မင်းက သူ့နေရာကို ယူရလိမ့်မယ်" ကြယ်နီအမွှေးအကြီးအကဲက ငြင်းဆန်ပိုင်ခွင့်မရှိတဲ့လေသံနှင့် ပြောလိုက်ပါတယ်။
လီဖူချန်းက ခေါင်းခါလိုက်ပါတယ်"စိတ်မဝင်စားဘူး"
ပြိုင်ဘက်နဲ့ရဲတင်းနက်မဟာဧကရာဇ်က ဘယ်လိုပတ်သက်သလဲကို လီဖူချန်းက မသိပါဘူး။ သူက ဘာကိုမှ ဂရုမစိုက်ပါဘူး။
"ဒါဆို မင်း သေလိုက်တော့"
ကြယ်နီအမွှေးအကြီးအကဲရဲ့လက်နက်က ဓားနီသေးတစ်ချောင်းပါ။ ဓားကို ဆွဲထုတ်လိုက်တာနဲ့ သိပ်သည်းတဲ့ဓားချီတွေက နေရာတိုင်းမှာ ထွက်ပေါ်လာပါတယ်။ သူတို့က လီဖူချန်းဆီ ထိုးဖောက်လာပါတယ်။
ဒါက ဓားစွမ်းရည်မျှသာပါ၊ အစစ်အမှန်သတ်ဖြတ်ကွက်က ဓားစွမ်းရည်အတွင်းမှာပါ။ ဒါပေမယ့် တစ်ယောက်မှ သူ့ရဲ့သတ်ဖြတ်ကွက်ကို မမြင်နိုင်ဘူးလို့ ကြယ်နီအမွှေးအကြီးအကဲက ယုံကြည်ထားပါတယ်။
ခရက်........
လီဖူချန်းက ကျောက်ထရံတစ်ခုပေါ်မှာ ရပ်နေတာပါ။ ကျောက်ထရံရဲ့ထောင့်တစ်ထောင့်က ဖြတ်တောက်ခံလိုက်ရပါတယ်။ ထောင့်က အရွယ်အစားအားဖြင့် ဆယ့်နှစ်မီတာ ရှိပြီး ကြယ်နီအမွှေးအကြီးအကဲနောက်ကနှစ်ယောက်က ထိုမြင်ကွင်းကို မြင်ပြီးနောက် သူတို့ရဲ့ဆံပင်မွှေးတွေက ထောင်တက်သွားသလို ခံစားလိုက်ရပါတယ်။
သူတို့က ကြယ်နီအမွှေးအကြီးအကဲရဲ့ဓားလမ်းကြောင်းကို မမြင်နိုင်ပါဘူး၊ရလဒ်ကိုသာ မြင်နိုင်တာပါ။
ဆိုလိုတာက သူတို့သာ ကြယ်နီအမွှေးအကြီးအကဲနဲ့ တိုက်ခိုက်ရမယ်ဆိုရင် ကြယ်နီအမွှေးအကြီးအကဲက တစ်ကြိမ် လှုပ်ရှားတာနဲ့ သူတို့နှစ်ယောက်လုံး သေသွားရမှာပါ။
ကလန်း.......
ဓားကို ဓားအိမ်ထဲက ထုတ်လိုက်ပြီးတာနဲ့ ကြယ်နီအမွှေးအကြီးအကဲက သာမန်မျှဖြစ်တဲ့အမူအရာတစ်ခုကိုသာ ဖော်ပြလိုက်လေတယ်။
သူ့ရဲ့မျက်လုံးထဲမှာ လီဖူချန်းက သေလူဖြစ်နေပါပြီး။ ဓားအရှိန်က မြန်လွန်းတာကြောင့် လီဖူချန်းက လဲကျသွားခဲ့ပြီးပြီပေါ့။
ကြယ်နီအမွှေးအကြီးအကဲက ပြန်လှည့်ခါနီးမှာ .......
"ဒါက ဘာလဲ။ ငါ ထိမှန်သွားတယ်လို့ မင်းက ထင်နေတာလား" လီဖူချန်းက ပြောလိုက်လေတယ်။
"မင်း မထိသွားဘူးလား" ကြယ်နီအမွှေးအကြီးအကဲရဲ့မျက်လုံးတွေက ကျုံ့သွားလေတယ်။
"မင်း ထင်တယ်ပေါ့"လီဖူချန်းက သရော်လိုက်တယ်။
"မင်းဘယ်လို ရှောင်လိုက်တာလဲ" ကြယ်နီအမွှေးအကြီးအကဲက အသက်ပြင်းပြင်းရှူကာ မေးလိုက်တယ်။
"ငါ မရှောင်ပါဘူး၊ မင်းကသာ လွဲသွားတာ"
"ဒါ မဖြစ်နိုင်ဘူး" ကြယ်နီအမွှေးအကြီးအကဲက မယုံနိုင်ပါဘူး။
"ယုံချင်ယုံ၊ မယုံချင်နေ။ အခု ငါ့အလှည့်ပဲ။ မင်းကရော ငါ့ရဲ့ဓားကို တားနိုင်မလားဆိုတာကို သိချင်တယ်" လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ဆွဲထုတ်လိုက်ပါတယ်။
"ငါ တားနိုင်တယ်"
ကြယ်နီအမွှေးအကြီးအကဲက လီဖူချန်းကို အာရုံစူးစိုက်မှုအပြည့်နဲ့ ကြည့်လိုက်ပါတယ်။
"ဒါဆိုလဲ"
ဓားအလင်းတစ်ခု တောက်ပသွားပြီး လီဖူချန်းက သူ့ရဲ့ဓားကို ဓားအိမ်ထဲသို့ ပြန်သွင်းလိုက်ပါတယ်။
"ဒီလိုမြန်ဆန်တဲ့ဓား" ကြယ်နီအမွှေးအကြီးအကဲက ရေရွတ်လိုက်လေတယ်။
ဘန်း ဘန်း ......
ကြယ်နီအမွှေးအကြီးအကဲဘေးနားက နှစ်ယောက်က အရင်လဲကျသွားတာပေါ့။
သူတို့ရဲ့နဖူးတွေကို ဓားက ထိမှန်သွားတာပါ။ ဓားဆန္ဒက သူတို့ရဲ့စိတ်ဝိညာဉ်နဲ့လိပ်ပြာကို ဖျက်ဆီးခဲ့တယ်လေ။
နောက်ဆုံးမှာတော့ ကြယ်နီအမွှေးအကြီးအကဲလည်း လဲကျသွားပါတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်က လွင့်ပါးသွားလေရဲ့။
သူသေတဲ့အခိုက်အတန့်မှာ သူက လီဖူချန်းရဲ့ဓားလမ်းကြောင်းကို မြင်လိုက်ရပါတယ်။ ဒါပေမယ့် သူ့ရဲ့ခန္ဓာကိုယ်က အလွန်တောင့်တင်းနေတာကြောင့် သူက အားလုံးကို မတားဆီးနိုင်ပါဘူး။ ဒါ့ပြင် မြောက်များစွာသောဓားချီတွေက တစ်ချက်တည်း တိုက်ခိုက်လာပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို ထိုးဖောက်သွားကြပါတယ်။
ဖြစ်နိုင်ခဲ့မယ်ဆိုရင် ကြယ်နီအမွှေးအကြီးအကဲက လီဖူချန်းကို လာရောက်ရှာဖွေဖို့ ဆန္ဒရှိလိမ့်မှာ မဟုတ်ပါဘူး။
ဓားသမားတစ်ယောက်အနေနဲ့ လီဖူချန်းက အများကြီးသန်မာပါတယ်။
အဝေးမှ ပင့်သက်ရှိုက်မှုတစ်ခု ရှိသွားပါတယ်။ ရှိုက်သံက တိတ်သွားပါတယ်၊ ဒါပေမယ့် လီဖူချန်းက ကြည့်နေတုန်းပါပဲ။
"စီနီယာ၊ ကျွန်တော်တို့က ချောင်းကြည့်နေတာ မဟုတ်ပါဘူး"
အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်က ကျောက်တုံးကြီးတစ်ခုနောက်မှ ထွက်လာပါတယ်။အမျိုးသားရဲ့မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေပါတယ်။
လီဖူချန်းက သူတို့ကို သိလိုက်ပါတယ်။
ထိုနှစ်ယောက်က ပျံသန်းငွေကျွန်းရဲ့လမ်းမှာ လီဖူချန်းမြင်ခဲ့ရတဲ့စုံတွဲပါ။ အမျိုးသားက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို မသွားခင် အဆင့်တစ်ကိုယ်ရံတော်တစ်ယောက် ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်လေ။အမျိုးသမီးနာမည်က ယုဝေ့ပါ။
ကြယ်နီအမွှေးအကြီးအကဲနဲ့ဒုခေါင်းဆောင်နှစ်ယောက်ထံမှ သိုလှောင်အိတ်တွေကို သိမ်းပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"ငါ သိတယ်"
စုံတွဲက အခုမှ ရောက်လာတာပါ။ဒါ့ပြင် လီဖူချန်းက သွေးဆာသူတစ်ယောက်မဟုတ်ဘူးလေ။သူတို့က တမင်ချောင်းကြည့်တယ်ဆိုရင်တောင်မှ သူတို့မှာ ယုတ်မာတဲ့ရည်ရွယ်ချက်တွေမရှိရင် လီဖူချန်းက သူတို့ကို မသတ်ပါဘူး။
"စီနီယာ၊ ဒါဆို ကျွန်တော်တို့ ထွက်သွားလို့ရပြီးလား" လီဖူချန်းက သူတို့ကို နှုတ်ပိတ်လိုက်မှာကို အမျိုးသားက ကြောက်ရွံ့နေတုန်းပါပဲ။
"ကောင်းပြီး" လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။
ဆွစ်.....
စုံတွဲက ကမန်းကတန်း ထွက်ခွာသွားလိုက်ပါတယ်။
"အမ်။ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက တကယ် ရှိတာပဲ"
လီဖူချန်းက ကြယ်နီအမွှေးအကြီးအကဲရဲ့သိုလှောင်အိတ်ကို ဖွင့်လိုက်လေတယ်၊ သူက စိတ်ဝိညာဉ်ချီတစ်ဝက်လောက်ကျန်သေးတဲ့ အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို တွေ့လိုက်ရပါတော့တယ်။
အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတွေက အလွန်ရှားပါးပါတယ်။ လီဖူချန်းက မဟာဧကရာဇ်များစွာကို သတ်ခဲ့ပါတယ်၊ ဒါပေမယ့် အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးတောင် မရရှိသေးပါဘူး။
"ဒီအထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးနဲ့ဆိုရင် ငါက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်ငါးကို အလွယ်တကူ ချိုးဖျက်ဖျက်နိုင်လိမ့်မယ်"
နောက်ကြောင်းပြန်ရရင်တော့ လီဖူချန်းက ဧကရာဇ်ရင်းမြစ်ဆေးပင်ကို သုံးပြီး ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကို ချိုးဖျက်နိုင်ချိန်မှာ သူ့ရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်က ပြောင်းလဲသွားပါတယ်။ လီဖူချန်းရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်အကန့်အသတ်ကလည်း ဥပဒေသပြောင်းလဲခြင်းနယ်ပယ် အဆင့်၃ကို ချက်ချင်း ရောက်ရှိသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိသွားပါတယ်။ မူလအစွန်းဓားနည်းလမ်းက အဆင့်၄၀ကို ရောက်တဲ့အချိန်မှာ လီဖူချန်းရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်က လျင်မြန်စွာ တိုးတက်လာပါတယ်။ အချိန်တိုအတွင်းမှာပဲ စွမ်းအင်ဗဟိုချက်မပင်လယ်အကန့်အသတ်က ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်၅ကို ရောက်ရှိသွားပါတယ်။ပျံသန်းရေးငွေကျွန်းကို ရောက်ပြီးနောက် လီဖူချန်းရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်အကန့်အသတ်က ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်၆ကို ရောက်ရှိသွားလေတယ်။
"ပျံသန်းငွေကျွန်းအနေနဲ့ ဒီလိုမဟာဧကရာဇ်တစ်ယောက်ကို ထုတ်လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ဧကရာဇ်ကောင်းကင်တိုက်ကြီးနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပျံသန်းငွေကျွန်းက မသေးငယ်ပါဘူး။ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက တစ်သောင်း ဒါမှမဟုတ် တစ်သိန်းစ ပိုကြီးတာကို သိထားပါတယ်။ ပျံသန်းငွေကျွန်းက နှိုင်းယှဉ်မယ်ဆိုရင် အလွန်သေးငယ်ပါတယ်။
ကြယ်နီအမွှေးအကြီးအကဲရဲ့သေးဆုံးမှုက ပျံသန်းငွေကျွန်းမှာ ကြီးမားတဲ့ဂယက်ရိုက်မှုကိုတော့ မဖြစ်စေခဲ့ပါဘူး။ ဒါပေမယ့် ဂယက်ကြီးတစ်ခုကကတော့ ကောင်းကင်ဖောက်အဖွဲ့ရဲ့ ပျံသန်းငွေခန်းမမှာ ဖြစ်ပေါ်နေပါတယ်။
ပျံသန်းငွေခန်းမထဲမှာ ပျံသန်းငွေခန်းမသခင်နဲ့အမွှေးအကြီးအကဲခုနှစ်ယောက်က စုဝေးနေကြပါတယ်။
"ကြယ်နီရဲ့ခွန်အားက ငါတို့ကြားမှာ အနည်းဆုံးအဆင့်၄ထဲ ဝင်တယ်။ ဒါပေမယ့် ကြယ်နီကတောင် ဓားတစ်ချက်ကို မခုခံနိုင်ဘူး။ ဒီလူက ဘယ်နေကနေ လာတာပါလိမ့်" ကြေးနီရောင်အသားရေနှင့်အမွှေးအကြီးအကဲတစ်ယောက်က လေးနက်စွာ ပြောလိုက်လေတယ်။
"သည်လူက ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ သူက ငါတို့ရဲ့ကောင်းကင်ဖောက်အဖွဲ့ကို ရန်စရဲတယ်ဆိုမှတော့ သေခြင်းကသာ သူ့ကို စောင့်ကြိုနေလိမ့်မယ်"
"မှန်တယ်၊ ငါတို့ခုနှစ်ယောက်လက်တွဲမယ်ဆိုရင် သူ့ကို အလွယ်တကူ သတ်နိုင်မှာပါ"
"သုံးယောက်က လုံလောက်ပါတယ်"
အမွှေးအကြီးအကဲခုနှစ်ယောက်က ဆွေးနွေးနေပါတယ်။
ပျံသန်းငွေခန်းမသခင်၊ ဟွင်းဝူဖုန်းက ပြောလိုက်တယ်" သည်လူက ထင်သလောက် မရိုးရှင်းဘူး။ မဆင်မခြင်မလုပ်ကြနဲ့"
ပျံသန်းငွေခန်းမသခင်တစ်ယောက်အနေနဲ့ သူ့ရဲ့ခွန်အားက အမွှေးအကြီးအကဲတွေထက် သာပါတယ်။မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်အတွင်းမှာဆိုရင် သူက အဆင့် ၂၀၀၀အတွင်း မဝင်ရင်တောင် အနည်းဆုံး အဆင့်၃၀၀၀အတွင်း ဝင်ပါတယ်။
ဒါပေမယ့် သူက ကြိုတင်ကာကွယ်ထားဖို့လိုတယ်။
ထိုလူက သူ့ထက်တောင် သန်မာတယ်ဆိုရင် ပျံသန်းငွေခန်းမက အမြစ်ပြတ်သုတ်သင်ခံလိုက်ရမှာပါ။
ဟွင်းဝူဖုန်းက ပြောလိုက်တယ် "ငါတို့က အရင်ဆုံး သူ့ရဲ့ခွန်အားကို သိဖို့လိုတယ်။ ရန်သူကို သိမှသာ တိုက်ပွဲကို အောင်မြင်နိုင်မှာ။ ကြယ်နီသေသွားရတဲ့အကြောင်းရင်းက သူက ရန်သူနဲ့ပတ်သက်ပြီး ဘာကိုမှ မရှာဖွေခဲ့လို့ပဲ"
"ဒါဆို ဘယ်လိုလုပ်ပြီး ရှာဖွေမလဲ"
"ဆုလာဒ်တစ်ခု၊ သူ့ကို ဒဏ်ရာရစေနိုင်တဲ့မည်သူမဆို အဆင့်မြင့်ငွေလေသင်္ဘောတစ်စင်းကို ရရှိလိမ့်မယ်"
"ပြောင်မြောက်လွန်းတယ်၊ တကယ်ကို ပြောင်မြောက်လွန်းတယ်"
လူတိုင်းက ဟွင်းဝူဖုန်းကို လေးစားတဲ့မျက်လုံးတွေနဲ့ ကြည့်လိုက်ကြတယ်။
လဝက်အတွင်းမှာ လီဖူချန်းရဲ့နာမည်က ကျော်ကြားလာပါတယ်။
သူတို့စွမ်းဆောင်နိုင်တယ်လို့ထင်တဲ့မဟာဧကရာဇ်တွေက အရှေ့ပိုင်းပင်လယ်မြို့ကို ဦးတည်လာနေကြပါတယ်။
မြို့ကိုးမြို့ရဲ့ဆုလာဒ်ခန်းမတွေမှာ ထင်ရှား ကျော်ကြားနေတဲ့မစ်ရှင်တစ်ခု ရှိနေတယ်။
မစ်ရှင်က သတ်ဖို့မဟုတ်ပါဘူး။ မစ်ရှင်က သတ်ဖို့ဆိုရင် အဲဒီလို ပွင့်ပွင့်လင်းလင်း ထုတ်ပြန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာရစေရုံကတော့ ခြားနားတယ်လေ။
ဒါ့ပြင် လီဖူချန်းကို ဒဏ်ရာရစေပြီးနောက် အဆင့်မြင့်ငွေလေသင်္ဘောကို မရမှာနဲ့ပတ်သက်ပြီး တစ်ယောက်မှ စိုးရိမ်စရာမလိုပါဘူး။ ဆုလာဒ်ခန်းမက မစ်ရှင်ကို ထုတ်ပြန်ခဲ့ပြီးဖြစ်တာကြောင့် ဆုက ဆုလာဒ်ခန်းမမှာ ရောက်ရှိထားနေပြီးလို့ ဆိုလိုတာပဲ။ သူတို့က လီဖူချန်းကို ဘယ်လိုဒဏ်ရာရသွားစေတဲ့မြင်ကွင်းကို မှတ်တမ်းယူထားရုံပါပဲ။
***