← Chapters

အကြွင်းမဲ့ခွန်အား

Vol. 54 Ch. 728

အကြွင်းမဲ့ခွန်အား

Vol. 54 Ch. 728

"ငါက ဖေးရီဖန်ပါ၊ မင်း ငါနဲ့ ယှဉ်ပြိုင်နိုင်မလား"

သီးခြားဖြစ်နေတဲ့အရှေ့ပိုင်းပင်လယ်ကမ်းခြေပေါ်မှာ လူအုပ်ကြီးတစ်ခုက စုဝေးနေပါတယ်။

လူအုပ်ကြားမှ ဆေဘာဓားသမားတစ်ယောက် ထွက်လာလေတယ်။

လူတော်တော်များက သူ့ကို သိကြပါတယ်။ ဖေးရီဖန်၊ ပျံသန်းငွေကျွန်းရဲ့ဆေဘာဓားတာအိုမဟာဧကရာဇ်‌တွေထဲက တစ်ယောက်။ သူ့ရဲ့ခွန်အားက ရဲတင်းနက်မဟာဧကရာဇ်နဲ့ တစ်တန်းတည်းနီးပါးပါပဲ။

သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင်တော့ ဖေးရီဖန်က လီဖူချန်းနဲ့ မပြိုင်ရဲပါဘူး။ ဒါပေမယ့် ဒီနေရာမှာ လူအများအပြားရှိနေတယ်၊ သူက ဒဏ်ရာပြင်းထန်စွာ ရခဲ့ရင်တောင်မှ လီဖူချန်းကို ဒဏ်ရာသေးသေးလေးမျှ ရစေရင်တောင်မှ ဆုလာဒ်ကို ရနိုင်မှာပါ။

"ဘာလို့ မင်းက ငါနဲ့ ယှဉ်ပြိုင်ချင်ရတာလဲ" လီဖူချန်းက မေးလိုက်တယ်။

တစ်ခုခုမှားနေတယ်လို့ ခံစားချက်တစ်ခုက သူ့မှာ ရှိနေပါတယ်။

အရှေ့ပိုင်းပင်လယ်ကမ်းခြေကို လာရောက်လည်ပတ်သူတွေ များစွာ ရှိနေပြီး သူတို့က သူ့အတွက် လာကြပုံပဲ။ ဒါပေမယ့် သူတို့အများစုက ပွဲကြည့်ဖို့အတွက်ပါပဲ။

ဖေးရီဖန်က တိုက်ရိုက် မဖြေလိုက်ပါဘူး"ငါ့ကို ခွင့်ပြုပါ"

စကားပြောပြီးနောက် သူက လီဖူချန်းကို ခုတ်ပိုင်းလိုက်လေတယ်။

ဘန်း........

လှုပ်ရှားမှု နောက်ကျတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှုက အရင် ကျဆင်းသွားတယ်။ သူက ဖေးရီဖန်ကို လက်သီးနဲ့ ထိုးခွဲလိုက်ပြီး ဖေးရီဖန်က ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွား‌တော့တယ်။

သူနဲ့ယှဉ်ပြိုင်ချင်တယ်ဆိုရင် ပေးဆပ်မှုတစ်ခုတော့ ရှိရမှာပေါ့။

"ဒီလိုခွန်အားမျိုး။ သူ့ရဲ့ခွန်အားက ရဲတင်းနက်မဟာဧကရာဇ်၊ ဖေးရီဖန်တို့ရဲ့အထက်မှာ ရှိတယ်။ သူ့ကို ဒဏ်ရာရစေဖို့က မဖြစ်နိုင်ဘူး"

"မလိုဘူး။ လူတိုင်းက ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် သူ့ကို ဒဏ်ရာရစေဖို့ အခွင့်အရေးတစ်ခု ရှိလာမှာပါ"

"ဒါက မကောင်းဘူးထင်တယ်နော်"

"မင်းက သူ့ကို ဒဏ်ရာရစေရုံပဲလေ၊ သူ့ကို သတ်ဖို့မှ မဟုတ်တာ။ အဆင့်မြင့်ငွေလေသင်္ဘောအတွက် ဒါက ထိုက်တန်ပါတယ်"

လူအုပ်ကြားမှာ မဟာဧကရာဇ်တစ်ချို့က တိတ်တိတ်လေး ဆွေးနွေးနေကြပါတယ်။

"စီနီယာ၊ သူတို့ လာစိန်ခေါ်ရတဲ့အကြောင်းရင်းကို ကျွန်တော်သိတယ်" အသံတစ်ခုက လီဖူချန်းရဲ့နားထဲကို ဝင်လာပါတယ်။ လီဖူချန်းက ကြည့်လိုက်ပြီး သူနဲ့ကြယ်နီအမွှေးအကြီးအကဲကြား တိုက်ပွဲကို ကြည့်ခဲ့တဲ့ စုံတွဲကို မြင်လိုက်ရပါတယ်။

"ဘာကြောင့်လဲ" လီဖူချန်းက မေးလိုက်တယ်။

"မြို့ကိုးမြို့ရဲ့ဆုလာဒ်ခန်းမမှာ စီနီယာပါဝင်နေတဲ့မစ်ရှင်တစ်ခုရှိတယ်။ တစ်ယောက်ယောက်က စီနီယာကို ဒဏ်ရာရစေနိုင်ရင် သူတို့က အဆင့်မြင့်ငွေလေသင်္ဘောတစ်စင်းကို ရရှိလိမ့်မယ်။ စီနီယာအနေနဲ့ အဆင့်မြင့်ငွေလေသင်္ဘောက ဘာမှမဟုတ်ပေမယ့် မဟာဧကရာဇ်တော်တော်များများက အလယ်အလတ်ငွေလေသင်္ဘောကိုသာ အသုံးပြုနိုင်ကြတယ်။ ဒါကြောင့် အဆင့်မြင့်ငွေလေသင်္ဘောက သူတို့ကို ဆွဲဆောင်နိုင်တယ်"

"ဒီလိုကိုး" လီဖူချန်းရဲ့ အမူအရာက အေးစက်သွားတော့တယ်။

မစ်ရှင်ကို ထုတ်ပြန်တဲ့သူက ဘယ်သူလဲကို သူ မသိဘူး၊ ဒါပေမယ့် သူ့ရဲ့ဗီဇက အဲဒါဟာ ကြယ်နီအမွှေးအကြီးအကဲနဲ့ ဆက်စပ်နေတာကို သူ့ကို ပြောခဲ့တယ်။

ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူ့ကို စမ်းသပ်ဖို့လား။

"ငါက မီးခိုးနက်ဓားမဟာဧကရာဇ်ပါ၊ ငါက မင်းရဲ့ပြိုင်ဘက်ကင်းလှုပ်ရှားမှုတွေကို တွေ့ကြုံချင်ပါတယ်"

မီးခိုးနက်ဓားမဟာဧကရာဇ်က ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ ဓားတာအိုမဟာဧကရာဇ်တစ်ယောက်ပါ။ သူ့ရဲ့ဓားလှုပ်ရှားမှုကို ထုတ်ဖော်လိုက်တဲ့အခါ အလွန်ထက်မြက်တဲ့ဓားဖိအားတစ်ခုက ထွက်လာပါတယ်။ အနက်ရောင်မီးခိုးတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ ချက်ချင်းပဲ မရေမတွက်နိုင်တဲ့ချွန်ထက်တဲ့ဓားတွေက မုန်တိုင်းတစ်ခုပမာ ပျံသန်းလာပါတယ်။ အဲဒါက လေဆင်နှာမောင်းတစ်ခုက လီဖူချန်းကို ဝန်းရံထားသလိုမျိုးပါပဲ။

"မီးခိုးနက်ဓားမဟာဧကရာဇ်က ပျံသန်းငွေကျွန်းရဲ့ထိပ်ဆုံး၁၅ယောက်ထဲမှာ ပါတယ်"

"မြို့အရှင်ကိုးယောက်က ထိပ်ဆုံး၁၅ယောက်ထဲမှာ တစ်ဝက်ကို နေရာယူထားတယ်။ သူတို့ကလွဲပြီး မီးခိုးနက်ဓားမဟာဧကရာဇ်က ပျံသန်းငွေကျွန်းရဲ့ထိပ်သီးကျွမ်းကျင်သူငါးယောက်ထဲက တစ်ယောက်လို့ စဉ်းစားနိုင်တယ်"

"ဟုတ်တယ်၊ မြို့အရှင်အားလုံးက ထိပ်သီးအဆင့်မဟာဧကရာဇ်တွေပဲ။ ပျံသန်းငွေမြို့အရှင်၊ငွေလှံမဟာဧကရာဇ်ကို ကြည့်ပါ။ သူက ပျံသန်းငွေကျွန်းရဲ့နံပါတ်တစ်ကျွမ်းကျင်သူဖြစ်ပြီး မဟာဧကရာဇ်အဆငိ့သတ်မှတ်ချက်မှာတောင် ထိပ်ဆုံးသုံးထောင်အတွင်း ဝင်နိုင်တယ်"

လူတိုင်းရဲ့အမြင်အရ လီဖူချန်းက သတိမထားဘူးဆိုရင် သူက ဒဏ်ရာရသွားနိုင်‌လောက်ပါတယ်။

ဘန်း.........

လေဆင်နှာမောင်းက လွင့်ပြယ်သွားပြီး ပုံရိပ်တစ်ခုက ပျံသန်းထွက်လာပါတယ်၊ ကောင်းကင်မှာတော့ သွေးတွေက ပြန့်ကျဲနေလေရဲ့။

"ဘာလဲ။ မီးခိုးနက်ဓားမဟာဧကရာဇ်တောင် ဒီလို အလွယ်တကူ ရှုံးသွားတယ်"

"အတူတိုက်ကြရအောင်။ သူက ပြိုင်ဘက်ကင်းဖြစ်နေလိမ့်မယ်လို့ ငါ မယုံကြည်ဘူး"

"ဟုတ်တယ်၊ အတူတိုက်ကြရအောင်။ အဲလိုလုပ်မှသာ ငါတို့က အခွင့်အရေး ရလာမှာ"

ချက်ချင်းပဲ လူနှစ်ဆယ်ခန့်က လီဖူချန်းထံ တစ်ဟုန်ထိုး ပြေးဝင်လာပါတယ်။

သူက ဒီလူနှစ်ဆယ်လောက်ကို မကြောက်ပါဘူး။ လူနှစ်ရာလာရင်တောင် သူက အလွယ်တကူသတ်နိုင်ပါတယ်။ ဒါပေမယ့် ရန်သူက ဘာစီစဉ်နေတယ်ကို မသိဘဲ သူက သူ့ရဲ့ခွန်အားကို အများကြီးထုတ်ပြဖို့ ဆန္ဒမရှိပါဘူး။

"တစ်ချက်လောက် ကစားကြတာပေါ့လေ"

လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ထုတ်ကာ တိုက်ခိုက်လိုက်ပါတယ်။

ကလင်း ကလင်း ကလန်း ကလန်း........

မဟာဧကရာဇ်အယောက်နှစ်ဆယ်ခန့် ဝိုင်းရံခံရရင် ကြယ်နီအမွှေးအကြီးအကဲတောင် မခုခံနိုင်ပါဘူး၊ ဒါပေမယ့် လီဖူချန်းက ရင်ဆိုင်နိုင်ပါတယ်။

လူအုပ်ကြားထဲရှိ အမွှေးအကြီးအကဲငါးယောက်က ထိတ်လန့်သွားပါတော့တယ်။

"ဒီလူက အလွန်သန်မာတယ်။ သူက ကြယ်နီကို သတ်နိုင်တာ အံ့ဩစရာမရှိဘူး"

"ဒါပေမယ့် ဒါက သူ့ရဲ့အကန့်အသတ်ဖြစ်လောက်လား။ သူ့ကို မဟာဧကရာဇ်နှစ်ဆယ်ယောက်က ဝိုင်းထားတယ်။ ဒုတိယသစ်သားအမွှေးအကြီးအကဲတောင် ဒီလို မလုပ်နိုင်လောက်ဘူး"

"မဖြစ်နိုင်လောက်ဘူး"

"သူ့ရဲ့ခွန်အားကို စမ်းသပ်ပြီးဆိုတော့ ငါတို့က တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်နေရုံပဲ"

အမွှေးအကြီးအကဲငါးယောက်က အခွင့်အရေးတစ်ခုကို စောင့်နေပါတယ်။

"သွားကြစို့"

မဟာဧကရာဇ်တွေကြောင့် လီဖူချန်းမှာ ခက်ခဲ့တဲ့အချိန်ရှိနေတာကို မြင်ပြီး သူတို့ရဲ့အခွင့်အရေးလို့ သူတို့က မြင်လာကြပါတယ်။

"ဒါ အခွင့်အရေးပဲ" အမွှေးအကြီးအကဲငါးယောက်က တိုက်ခိုက်လိုက်လေတယ်။

သူတို့ငါးယောက်က စွမ်းအားကောင်းလွန်ပါတယ်၊ သူတို့တစ်ယောက်ချင်းစီက မဟာဧကရာဇ်ဆယ်ယောက်လောက်နဲ့ တိုက်ခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်တဲ့ဒုတိယသစ်သားက ကြယ်နီထက် ပိုသန်မာပါတယ်။ သူက ပျံသန်းငွေခန်းမမှာ အဆင့်နှစ်ရှိပြီး ခန်းမသခင်၊ဟွင်းဝူဖုန်းထက်သာ နိမ့်ကျပါတယ်။

အခြားလေးယောက်ထဲမှ တစ်ယောက်က လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုကို အသုံးပြုရာမှာ ကျွမ်းကျင်ပါတယ်။

"အမ်၊ လေးယောက်၊ မဟုတ်ဘူး၊ အနီဝတ်လူနဲ့ယှဉ်နိုင်တဲ့မဟာဧကရာဇ်ငါးယောက်"

လျင်လျင်မြန်မြန်စဉ်းစားပြီးနောက် လီဖူချန်းက ရန်သူတွေရဲ့အစီအစဉ်ကို အခြေခံအားဖြင့် သိလိုက်ရပါတယ်။

ဆုလာဒ်မစ်ရှင်ဆိုတာ သူ့ရဲ့ခွန်အားကို စမ်းသပ်ဖို့ပါပဲ။ အခု သူတို့က စမ်းသပ်ပြီးပြီးဆိုတော့ သူ့ကို သတ်ဖို့ စတင်လာကြပြီးပေါ့။ လီဖူချန်းက အရူးတစ်ယောက်ဆိုရင်တောင် ဒီလူငါးယောက်က အနီဝတ်လူနဲ့တစ်ဖွဲ့တည်းဆိုတာ သိလိုက်ပါတယ်။

"ငါ့ကို အဆက်မပြတ် အနှောင့်အယှက်ပေးနေကြတယ်။ ဒီတစ်ခါ နောက်ထပ်ငါးယောက်ကို ဆုံးရှုံးသွားရင် မင်းတို့ဘယ်လိုတောင် နာကျင်ခံစားရလိမ့်မလဲ"

လီဖူချန်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေထဲက တစ်ခုကို လစ်လျူရှူပြီး သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။ ဓားအလင်းက ထွက်လာပြီး ဓားအလင်းအတွင်းရှိလူတိုင်းက ရပ်တန့်သွားသလို ခံစားလိုက်ရပါတယ်။ အဲဒါက လီဖူချန်းရဲ့ရှုထောင့်ကပါ။ ကြည့်ရှုသူတွေရဲ့အမြင်မှာတော့ မျက်စိကန်းမတတ်ဓားအလင်းတွေသာ ရှိပါတယ်။

ဖတ် ဖတ် ဖတ်..........

မဟာဧကရာဇ်ငါးဆယ်ခန့်က လွင့်ထွက်သွားတော့တယ်၊ သူတို့ထဲမှငါးယောက်က ဓားဆန္ဒကြောင့် စိတ်ဝိညာဉ်‌တွေ ထိုးဖောက်ခံလိုက်ရပါတယ်။

အချက်ကျကျပြောရရင် သူသာ ဆန္ဒရှိရင် လီဖူချန်းက ဒီမဟာဧကရာဇ်အားလုံးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ပါတယ်။

"ဓားတစ်ချက်တည်းနဲ့ လူငါးဆယ်ခန့်ကို အနိုင်ယူသွားတာလား။ လူငါးယောက်ကို တစ်ချိန်တည်းမှာ သတ်နိုင်တာလား"

အဝေးက ကျောက်တန်းတစ်ခုမှာ ရပ်နေရင်း ပျံသန်းငွေမြို့အရှင်၊ငွေလှံမဟာဧကရာဇ်က ထိတ်လန့်သွားရတော့တယ်။

သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်၊ ၃၀၃၀မြောက်မှာ ရှိပါတယ်။ ဒါပေမယ့် သူက လီဖူချန်းလို လုပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး၊ အဲလို ပြုလုပ်ဖို့က သူ့အတွက် အဝေးကြီးမှာပါ။

မဟာဧကရာဇ်အနည်းငယ်ဆိုရင်တော့ သူက ချက်ချင်း သတ်နိုင်ပါတယ်။ မဟာဧကရာဇ်အယောက်နှစ်ဆယ်ဆိုရင်တော့ သူက အဲလို ပြုလုပ်နိုင်ဖို့ ယုံကြည်ချက် မရှိပါဘူး။

"ထိပ်ဆုံး ၁၀၀၀လား။ ထိပ်ဆုံး ၅၀၀ ဖြစ်နိုင်လောက်မလား"

ငွေလှံဧကရာဇ်က လီဖူချန်းရဲ့ခွန်အားကို ခန့်မှန်းနေပါတယ်၊ ဒါပေမယ့် သူ ဘယ်လောက်ပဲခန့်မှန်းခန့်မှန်း သူက လီဖူချန်းရဲ့အစစ်အမှန်ခွန်အားကို မမှန်းဆနိုင်ပါဘူး။

ဘာလိုဆို ဒါက လီဖူချန်းခွန်အားရဲ့အဖျားအနားလောက်သာ ရှိသေးတဲ့အတွက်ကြောင့်ပါ။

"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ပါ။ နောက်ထပ်စိန်ခေါ်မှုတွေ ရှိလာရင်တော့ ငါက သနားကြင်နာနေလိမ့်မှာ မဟုတ်ဘူး"

လီဖူချန်းရဲ့လေသံက အလွန်တည်ငြိမ်နေပါတယ်၊  ဒါပေမယ့် ရက်စက်တဲ့သတ်ဖြတ်ခြင်းဆန္ဒက ဟင်းလင်းပြင်ကိုတောင် အေးခဲသွားစေပါတယ်။

အဝေးကို လွင့်ထွက်သွားတဲ့မဟာဧကရာဇ်တွေက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ချားစွာနဲ့ ကြည့်နေကြပါတယ်၊ သူတို့ရဲ့တိုက်ပွဲဆန္ဒက မှေးမှိန်ပျောက်ကွယ်သွားတော့တယ်။ သူတို့က လီဖူချန်းရဲ့စကားကို သံသယ မရှိပါဘူး။ ထိုဓားလှုပ်ရှားမှုက ငါးယောက်ကို သတ်ခဲ့တယ်။ သူတို့သာ ရှေ့ဆက်တိုးရင် သူတို့လည်း အသတ်ခံလိုက်ရမှာပါ။ သူတို့ရဲ့အမြင်အရ လီဖူချန်းက အရေအတွက်နဲ့အနိုင်ယူလို့ရတဲ့သူမျိုး မဟုတ်ဘူး။ သူတို့က မဟာဧကရာဇ်တစ်ယောက်ရဲ့တိုက်ပွဲနည်းဗျူဟာကို မသုံးရင် ပျံသန်းငွေကျွန်းပေါ်ရှိတစ်ယောက်ကမှ သူ့ကို ဒဏ်ရာမရစေနိုင်လောက်ပါဘူး။

***

All Chapters