← Chapters

မြောင်ကလန်ရဲ့ကျောရိုး

Vol. 54 Ch. 729

မြောင်ကလန်ရဲ့ကျောရိုး

Vol. 54 Ch. 729

အရှေ့ပိုင်းပင်လယ်ကမ်းခြေရှိ တိုက်ပွဲက လီဖူချန်းကို ပျံသန်းငွေကျွန်းတစ်လျှောက် ကျော်ကြားသွားစေခဲ့ပါတယ်။

အရင်ကဆိုရင် ပျံသန်းငွေကျွန်းရဲ့နံပါတ်တစ်ကျွမ်းကျင်သူလို‌ပြောရင် ငွေလှံမဟာဧကရာဇ်က သေချာပေါက်ပါ။ အခုတော့ ပျံသန်းငွေဓားဧကရာဇ်ပေါ့။

ပျံသန်းငွေဓားဧကရာဇ်ဆိုတဲ့နာမည်မှာ အဓိပ္ပါယ်တစ်ခုရှိပါတယ်။ သူက ပျံသန်းငွေကျွန်းပေါ်မှာရှိတဲ့ အသန်မာဆုံးဓားဧကရာဇ်လို့ ဆိုလိုတာပါပဲ။

ဓားဧကရာဇ်ဆိုတဲ့နာမည်ကိုတော့ သူတို့က မပေးနိုင်ပါဘူး။ လီဖူချန်းက အားကောင်းတယ်၊ ဒါပေမယ့် ဓားဧကရာဇ်ဆိုတဲ့နာမည်နဲ့တော့ အခုထိ မထိုက်‌တန်သေးပါဘူး။

ပြီးတော့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ဓားဧကရာဇ်တစ်ယောက်ရှိပြီး သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ အဆင့်၃ပါ။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ နောက်ထပ်ဓားအာဏာရှင်တစ်ယောက်ရှိပြီး သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ အဆင့်၇ပါ။

ဓားဧကရာဇ်ပဲဖြစ်ဖြစ်၊ ဓားအာဏာရှင်ပဲဖြဖြစ် သူတို့ရဲ့ခွန်အားက သူတော်စင်အဆင့်နဲ့နီးကပ်ပါတယ်။

သူတို့က အားနည်းတဲ့သူတော်စင်တွေနဲ့ ရင်ဆိုင်နိုင်တယ်လို့ ဆိုလိုခြင်းပါ။

***

ပျံသန်းငွေကျွန်းရဲ့ခန်းမက တိတ်ဆိတ်ငြိမ်သက်နေပါတယ်။

အချိန်အနည်းငယ်ကြာပြီး‌နောက် ဟွင်းဝူဖုန်းက စိတ်ပျက်တဲ့လေသံနှင့် ပြောလိုက်ပါတယ်"ငါတို့အားလုံး သူ့ကို ခန့်မှန်းမှု မှားယွင်းခဲ့တယ်။ သူ့ရဲ့ခွန်အားက မင်းတို့ရောငါရော ရင်ဆိုင်လို့ရတာမျိုး မဟုတ်ဘူး"

ကောင်းကင်ဖောက်အဖွဲ့မှာ ခန်းမသခင်တွေထက် ပိုမြင့်တဲ့ နေရာတွေ ရှိပြီး သူတို့က ယဇ်ပလ္လင်ဆရာသခင်နဲ့ တက်မကျင်ဆရာသခင်တို့ပါပဲ။

ဒါပေမယ့် ပျံသန်းငွေကျွန်းက ကျွန်းလေးတစ်ခုသာ ဖြစ်ပြီး ယဇ်ပလ္လင်ဆရာသခင်နဲ့တက်မကျင်ဆရာသခင်တွေ တစ်ယောက်မှ မရှိပါဘူး။

"ကံဆိုးတာက ငါတို့မှာ ယဇ်ပလ္လင်ချန်နယ်မရှိဘူး၊ မဟုတ်ရင် ငါတို့က ယဇ်ပလ္လင်ကို သုံးပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို အကြောင်းကြားနိုင်တယ်" ထိပ်ပြောင်နေတဲ့အမွှေးအကြီးအကဲတစ်ယောက်က ကူရာမဲ့စွာ ပြောလိုက်လေတယ်။

"သူ့ကို တစ်ခဏလောက်တော့ မောက်မာခွင့်ပေးထားလိုက်ပါ။ သေမင်းမြူ ပျောက်ကွယ်သွားတာနဲ့ ငါတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဦးတည်ကြမယ်" အခြားအမွှေးအကြီးအကဲတစ်ယောက်က ဒေါသအပြည့်နဲ့ ပြောလိုက်တယ်။

…

မြောင်ကလန်သတ္တုတောင်ရဲ့သိပ်မဝေးမှာ ရေကန်တစ်ခုရှိပါတယ်။ ‌ဒီနေ့မှာတော့ သွေးသံရဲရဲနဲ့လူတစ်ယောက်က ရေကန်ထဲကို ခုန်ချပြီး အောက်ခြေကို ထိုးဆင်းသွားလေတယ်။

သိပ်မကြာခင်မှာပဲ ပုံရိပ်အနည်းငယ်က ထပ်မံရောက်ရှိလာပြန်တယ်။

ရေကန်ထဲရှိ သွေးတွေကို မြင်ပြီး တစ်ယောက်က ပြောလိုက်တယ်"သူက ရေကန်ထဲကို ထွက်ပြေးသွားပြီး"

ရေကန်ထဲမှာ နတ်ဆိုးသားရဲမင်းတွေ ပုန်းကွယ်နေကြပြီး သူတို့က မဝင်ချင်ပါဘူး။

"ထားလိုက်တော့၊ သူ့ကို နတ်ဆိုးသားရဲမင်းတွေ မစားရင်တောင် သူက ငါတို့မြောင်ကလန်ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး"

"ဟုတ်တယ်၊ သူက ဒီတစ်ကြိမ်တော့ ကံကောင်းသွားတယ်။ နောက်တစ်ကြိမ်ဆိုရင် အခုလို ကံကောင်းမှာ မဟုတ်ဘူး"

သူတို့က မထွက်ခွာခင် ရေကန်ပတ်ပတ်လည်ကို ကင်းလှည့်လိုက်ကြပါတယ်။

ဗွမ်း.........

ရေကန်ရဲ့အခြားတစ်ဖက် မိုင်အနည်းငယ်အကွာမှာ ပုံရိပ်တစ်ခုက ရေထဲမှ ထွက်လာခဲ့ပါတယ်။

"ယုဝေ၊ ကိုယ် မင်းကို သေချာပေါက် လာကယ်မယ်။ ကိုယ့်ကို စောင့်နေပါ" လူငယ်မှာ ပြတ်သားတဲ့မျက်လုံးတွေ ရှိပြီး သူက အရှေ့ဘက်ကို ပြေးသွားလိုက်တယ်။

မအိပ်မနားဘဲ ဆယ်ရက်နဲ့ဆယ်ညကြာပြီးနောက် လူငယ်က နောက်ဆုံးတော့ အရှေ့ပိုင်းပယ်လယ်ကမ်းခြေကို ရောက်ရှိလာပါတယ်။

လက်ရှိသူက သေမင်းနဲ့ နီးကပ်နေပါပြီး။ သူက အနားမယူရင် သေသွားနိုင်လောက်တယ်။

နောက်ဆုံးတော့ လူငယ်က လီဖူချန်းကို ကမ်းခြေရှိ ကျောက်ထရံတစ်ခုမှာ မြင်လိုက်ရပါတယ်။

လီဖူချန်းက ပုံမှန်အတိုင်းပဲ ဓားလေ့ကျင့်နေတာပေါ့။

"စီနီယာ၊ ယုဝေကို ကယ်ပေးပါ"လူငယ်က ဒူးထောက်လိုက်ပါတယ်။

"သူမက ဘာဖြစ်တာလဲ" လီဖူချန်းက လူငယ်ကို ထူလိုက်ပါတယ်။

"သူမက မြောင်ကလန်မှာ၊ ကျွန်တော် အနူးအညွတ် တောင်းပန်ပါတယ်၊ သူမကို ကယ်ပေးပါ"

ပြောပြီးနောက် လူငယ်က မေ့မျောသွားလေတယ်။

"မြောင်ကလန်လား"

…

လူငယ်နိုးလာတဲ့အချိန်မှာ သူက အဆင့်မြင့်ငွေလေသင်္ဘော‌တစ်စင်းပေါ်မှာ ရှိနေပါတယ်။

"မင်း နိုးလာပြီးပဲ" လီဖူချန်းက မေးလိုက်တယ်။

"စီနီယာ၊ ကျွန်တော်တို့က မြောင်ကလန်ကို သွားနေတာလား" သူ့ဒဏ်ရာတွေ တော်တော်လေး သက်သာပျောက်ကင်းနေတာကို လူငယ်က ခံစားမိလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်၊ ငါတို့က နောက်ထပ်နေ့ဝက်လောက်ကျရင် ရောက်လိမ့်မယ်"

"စီနီယာ၊ ကျွန်တော့်နာမည်က ကောင်းရှောင်ဖုန်းပါ။ စီနီယာရဲ့ကြင်နာမှုကို ကျွန်တော် ဘယ်တော့မှ မမေးပါဘူး။ ကြင်နာမှုကို ပေးဆပ်ဖို့ အနာဂတ်မှာ ကျွန်တော်က စီနီယာရဲ့ကျွန်ဖြစ်ဖို့ ဆန္ဒရှိပါတယ်" ကောင်းရှောင်ဖုန်းက နောက်တစ်ကြိမ် ဒူးထောက်လိုက်ပါတယ်။

လီဖူချန်းက ကောင်းရှောင်ဖုန်းကို ထစေလိုက်ပါတယ်။

"ငါ့ကို အကြောင်းစုံ ပြောပြပါ"

ကောင်းရှောင်ဖုန်းက ခေါင်းညိတ်ကာ ပုံပြင်တစ်ခုလုံးကို ရှင်းပြလိုက်တယ်။

လွန်ခဲ့တဲ့လအနည်းငယ်က ကောင်းရှောင်ဖုန်းက အဆင့်တစ်ကိုယ်ရံတော်‌တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ မူလကတော့ ကုန်သည်အုပ်စုတစ်ဖွဲ့နောက်လိုက်ပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို မသွားခင် သေမင်းမြူပျောက်ကွယ်တာကို အရင် စောင့်ဖို့ စိီစဉ်ထားတာပါ။ နောက်ဆုံး၊ လွန်ခဲ့တဲ့တစ်လက၊ မြောင်ကလန်မှ ကုန်သည်အဖွဲ့တစ်ဖွဲ့က သူ့ကို လာဌားပါတယ်။ အရာရာတိုင်းက အဆင်ပြေနေတာပေါ့၊ ဒါပေမယ့် နောက်ရက်အနည်းငယ်အကြာမှာတော့ သူ့ရဲ့တာအိုလက်တွဲဖော်ယုဝေ့ကြောင့် မြောင်ကလန်က သူ့ကို လာဌားတာကို ကောင်းရှောင်ဖုန်းက သဘောပေါက်ခဲ့ပါတယ်။

မြောင်ကလန်ရဲ့ခေါင်းဆောင် မြောင်ဟိုင်လုံက ကောင်းရှောင်ဖုန်းရဲ့တာအိုလက်တွဲဖော်ကို နေ့တိုင်း အနှောင့်အယှက် ပေးနေပါတယ်။ ရလဒ်အနေနဲ့ ထိုစုံတွဲက ‌ရွေးချယ်စရာမရှိဘဲ အဌားစာချုပ်ကို ဖျက်သိမ်းဖို့ ပြင်ဆင်လိုက်ရတယ်။ သူတို့မမျှော်လင့်ထားတာက မြောင်ကလန်က သူတို့ကို ဖမ်းပြီး သတ္တုတောင်‌ကို ခေါ်လာမယ်ဆိုတာကိုပဲ။ ကံကောင်းသွားတာက ကောင်းရှောင်ဖုန်းက အားကောင်းတဲ့လျှို့ဝှက်နည်းလမ်းတစ်ခုကို လေ့ကျင့်ခဲ့ဖူးပါတယ်။ သေရေးရှင်းရေးအခြေအနေမှာ သူက လွတ်မြောက်နိုင်သွားခဲ့ပါတယ်။

လီဖူချန်းက ဘာဖြစ်‌နေတာကို နားလည်ခဲ့ပါတယ်။

ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ ဒါမှမဟုတ် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာပဲဖြစ်ဖြစ်၊ ဧကရီတွေက အမြဲတမ်း ရှားပါးပါတယ်။ ပျံသန်းငွေကျွန်းမှာ ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်အများကြီး ရှိပါတယ်၊ ဒါပေမယ့်အမျိုးသမီးတစ်ယောက်တောင် မရှိပါဘူး။ ယုဝေ့က အဆင့်နိမ်ဧကရာဇ်တစ်ယောက်ဖြစ်ရုံတင်မကပါဘူး၊ သူမရဲ့ရုပ်ရည်အသွင်အပြင်နဲ့အရှိန်အဝါက ထင်ရှားပေါ်လွင်နေတယ်။ တစ်စုံတစ်ယောက်က သူမကို ပစ်မှတ်ထားတာ အံ့ဩစရာမရှိပါဘူး။

"မင်းတို့နဲ့ငါက ရေစက်ရှိနေမှတော့ ငါက မင်းရဲ့တာအိုလက်တွဲဖော်ကို ကယ်ပေးရတာပေါ့"လီဖူချန်းက ပြောလိုက်တယ်။

"စီနီယာ၊ စီနီယာက ယုဝေ့ကို ကယ်ပေးရင် ရပါပြီး။ မြောင်ကလန်အဖွဲ့ဝင်တွေကို သတ်စရာမလိုပါဘူး" ကောင်းရှောင်ဖုန်းက တစ်ချက် စဉ်းစားပြီး ပြောလိုက်လေတယ်။

"ဘာလိုလဲ။‌ မြောင်ကလန်မှာ ကျွမ်းကျင်သူတွေ ရှိလို့လား"

ကောင်းရှောင်ဖုန်းက ခေါင်းညိတ်လိုက်တယ်" မြောင်ကလန်က  တစ်ချိန်က သူတော်စင်ကလန်တစ်ခု ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းအနည်းငယ်ကတည်းက သူတို့မှာ သူတော်စင်တွေ တစ်ယောက်မှ မထွက်ပေါ်လာတော့ဘူး၊ ဒါပေမယ့် သူတို့မှာ အလွန်အားကောင်းတဲ့မဟာဧကရာဇ်နှစ်ယောက်ရှိတယ်။ တစ်ယောက်က ဆေဘာနတ်ဆိုး၊ မြောင်ချန်ရှင်း၊ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ အဆင့်၃၄ရှိတယ်။ နောက်တစ်ယောက်က ဆေဘာသရဲ၊မြောင်ရှန်းယု၊ မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၆၄ ရှတယ်။ သူတို့က သူတို့ရဲ့လူတွေကို အမြဲတမ်း ကာကွယ်ပေးတတ်တယ်။ တစ်ယောက်ယောက်က သူတို့မြောင်ကလန်ရဲ့တိုက်ရိုက်မျိုးဆက်ကို သတ်ပစ်ရင် သူတို့က သေချာပေါက် လက်စားပြန်ချေမှာပဲ။ ပျံသန်းငွေကျွန်းရှိမြောင်ကလန်ရဲ့ခေါင်းဆောင် မြောင်ဟိုင်လုံက သူတို့ရဲ့တိုက်ရိုက်သွေးမျိုးဆက်ပဲ"

"ဆောဘာနတ်ဆိုး၊ဆေဘာသရဲ" လီဖူချန်းက ရယ်လိုက်လေတယ်၊ သူတို့က နာမည်နဲ့တင် အခြားသူတွေကို ခြိမ်းခြောက်ချင်ပုံပါရဲ့။

ဒါပေမယ့် သူတို့ရဲ့ခွန်အားက တကယ်ကို ပြင်းထန်ပါတယ်။ သူ့အနေနဲ့ သူတို့ကို သူ့ရဲ့ဓားတာအိုခွန်အားနဲ့ ယှဉ်နိုင်လိမ့်မယ်လို့ လီဖူချန်းက မပြောရဲပါဘူး။

"မစိုးရိမ်ပါနဲ့၊ ငါက အကန့်အသတ်ကို သိပါတယ်"

နေ့တစ်ဝက်ခန့်ကြာပြီးနောက် သူတို့နှစ်ယောက်က မြောင်ကလန်ရှိရာရဲ့အပြင်ဘက်ကို ရောက်လာပါတယ်။

လီဖူချန်းက သင်္ဘောဦးပိုင်း၌ ရပ်ကာ ကျယ်လောင်စွာ အော်ပြောလိုက်တယ်"ဒီလူရဲ့တာအိုလက်တွဲဖော်၊ယုဝေ့ကို လွှတ်ပေးပါ၊ မဟုတ်ရင် ငါ့ဓားက ညှာတာလိမ့်မှာ မဟုတ်ဘူး"

"ဘယ်သူက မြောင်ကလန်ကို ကျူးကျော်ရဲတာလဲ" ဥပဒေဿပြောင်းလဲခြင်း‌နယ်ပယ်ဧကရာဇ်အုပ်စုတစ်စုက ပျံသန်းလာပါတယ်။

ဒါပေမယ့် သူတို့က လီဖူချန်းကို မြင်တဲ့အခါ သူတို့ရဲ့အမူအရာက ချက်ချင်း ပြောင်းသွားပါတယ်။

လီဖူချန်းက ဒီအတောအတွင်း ကျော်ကြားလွန်းနေပြီး လူတိုင်းက သူ့ရဲ့မျက်နှာကို မြင်ဖူးကြပါတယ်။

"ပျံသန်းငွေဓားဧကရာဇ်၊ ငါတို့မြောင်ကလန်က မင်းနဲ့ ဘာမကျေနပ်ချက်မှ မရှိပါဘူး။ ဘာကြောင့်များ သူစိမ်း တစ်ယောက်အတွက်နဲ့ မြောင်ကလန်ကို ပြဿနာလာရှာရတာလဲ" အဆင့်မြင့်ဧကရာဇ်တစ်ယောက်က မေးလိုက်တယ်။

လီဖူချန်းက နှာခေါင်းရှုံ့လိုက်လေတယ်"ငါ ကူချင်တဲ့သူ ဘယ်သူကိုပဲဖြစ်ဖြစ် ငါ ကူညီမယ်။ မြန်မြန်၊ ဒီလူရဲ့တာအိုလက်တွဲဖော်ကို လွှဲပေးလိုက်။ ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်နော်"

"ပျံသန်းငွေဓားဧကရာဇ်၊ မင်းက ငါတို့မြောင်ကလန်ကို တမင်သက်သက် အပြစ်ရှာရဲတယ်ပေါ့။ ငါတို့မြောင်ကလန်မှာ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က ကျွမ်းကျင်သူတွေ ရှိတာကို သိတယ်မလား။ ပြီးတော့ သူတို့က ထိပ်ဆုံး၁၀၀တွင်းဝင်တယ်" လူငယ်ဧကရာဇ်တစ်ယောက်က မယုံကြည်တဲ့လေသံနဲ့ ပြောလိုက်‌တယ်။

"ပြောတာ လုံလောက်ပြီး"

လက်ဝှေ့ယမ်းမှုတစ်ချက်နဲ့အတူ လူငယ်ဧကရာဇ်က လွင့်ထွက်သွားပြီး ပါးစပ်အပြည့် သွေးတွေ အန်ထွက်သွားရလေတယ်။

တစ်ထျိန်တည်းမှာပဲ လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို လွှတ်ပြီး ယုဝေ့ရဲ့နေရာကို ရှာဖွေလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ မြောင်ကလန်ရဲ့အလယ်ဗဟိုရှိ ခြံဝင်းတစ်ခုမှာ သူက ယုဝေ့ကို မြင်လိုက်ရပါတယ်။ ဒါပေမယ့် သူမရဲ့အခြေအနေက မကောင်းပါဘူး။ ဒါ့အပြင် ဝင်းထဲမှာ လူငယ်တစ်ယောက်လည်း ရှိနေတယ်၊ သူက မြောင်ကလန်ရဲ့ခေါင်းဆောင်၊မြောင်ဟိုင်လုံဖြစ်လောက်မှာပါ။

ဆွစ်........

ခုတ်ပိုင်းချက်တစ်ခုနဲ့အတူ မြောင်ကလန်ရဲ့အစီအရင်က ချက်ချင်း ချိုးဖျက်ခံလိုက်ရပါတယ်။ စုပ်အားတစ်ခုနဲ့အတူ လီဖူချန်းက ယုဝေ့နဲ့မြောင်ဟိုင်လုံကို ဆွဲယူလိုက်ပါတယ်။

"ယုဝေ့"ကောင်းရှောင်ဖုန်းက ယုဝေ့ကို ဖမ်းထားလိုက်ပါတယ်။

"နင် ဘယ်သူလဲ" ယုဝေ့က ကောင်းရှောင်ဖုန်းကို မမှတ်မိနိုင်တော့ပါဘူး။

"ယုဝေ့၊ မင်းဘာဖြစ်တာလဲ။ မြောင်ဟိုင်လုံ၊ မင်း သူ့ကို ဘာလုပ်ထားတာလဲ" ကောင်းရှောင်ဖုန်းက မြောင်ဟိုင်လုံကို မေးလိုက်လေတယ်။

မြောင်ဟိုင်လုံက ကောင်းရှောင်ဖုန်းကို လစ်လျူရှူလိုက်ပါတယ်၊ ဒါပေမယ့် သူက ‌လီဖူချန်းကို စိုးရိမ်တကြီး ကြည့်လိုက်လေတယ်။"မြောင်ဟိုင်လုံက ပျံသန်းငွေဓားဧကရာဇ်ကို နှုတ်ဆက်ပါတယ်"

လီဖူချန်းက ပြောလိုက်တယ်"သူမကို ကုသဖို့ နည်းလမ်းတစ်ခုကို စဉ်းစားပါ၊ အဲဒါဆိုရင် ဘာမှမဖြစ်သလို ငါ ထားပေးမယ်"

လီဖူချန်းက မြောင်ကလန်အပေါ် မကျေနပ်ချက်တွေ မရှိဘူးလေ။ မြောင်ဟိုင်လုံက လုံလုံလောက် လောက်လိမ္မာရင်တော့ သူက မြောင်ကလန်ကို မထိတော့ပါဘူး။

မြောင်ဟိုင်လုံက ခေါင်းခါလိုက်တယ်"ငါက သူမကို စိတ်ခံစားမှုဖျောက်ဖျက်ဆေးကို ပေးခဲ့တယ်။ သူမက တဖြည်းဖြည်းနဲ့ သူမရဲ့မှတ်ဥာဏ်တွေကို ဆုံးရှုံးသွားပြီး အရင်အတိုင်း ပြန်မဖြစ်နိုင်တော့ဘူး"

စိတ်ခံစားမှုဖျောက်ဖျက်ဆေးက လူတစ်ယောက်ကို သူ့ရဲ့အရေးကြီးဆုံးမှတ်ဥာဏ်တွေကို မေ့ပျောက်အောင် ပြုလုပ်နိုင်ပါတယ်။

"ဒီလိုဆေးမျိုး ရှိတယ်လား"

လီဖူချန်းက ယုဝေ့ရဲ့နဖူးကို ထိပြီး ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်ကို ဖော်ထုတ်လိုက်ပါတယ်။

ရုတ်တရက် ယုတေ့ရဲ့မျက်လုံးတွေက အသိတစ်ချို့ ရလာခဲ့ပါတယ်"ရှောင်ဖုန်း"

"ယုဝေ့၊ မင်း ကိုယ့်ကို မှတ်မိပြီးလား" ကောင်းရှောင်ဖုန်းက အလွန်ပျော်ရွှင်သွားပါတော့တယ်။

လီဖူချန်းက ပြောလိုက်တယ်" သူမက သူမရဲ့မှတ်ဉာဏ်အားလုံးကို မေ့သွားပြီး၊ ဒါကြောင့် သူမက မင်းကိုပဲ မှတ်မိ‌နိုင်တော့တယ်"

ကြည်လင်နှလုံးသားနတ်ဆိုးသော့ခတ်မန္တန်က ကျန်ရှိနေတဲ့မှတ်ဉာဏ်တွေကို ကာကွယ်နိုင်ပါတယ်။ ယုဝေ့က ကောင်းရှောင်ဖုန်းနဲ့ပတ်သက်တဲ့အရာအားလုံးကို မေ့သွားပြီးပြီဆိုရင်တော့ မျှော်လင့်ချက်မရှိတော့ပါဘူး။

"ဒါက မန္တန်တစ်ခုလား" မြောင်ဟိုင်လုံရဲ့မျက်လုံးတွေက ကျဥ်းမြောင်းသွားတော့တယ်။

လီဖူချန်းက မန္တန်တာအိုမှာ ကျွမ်းကျင်လိမ့မယ်လို့ သူ မထင်ထားပါဘူး။

"မင်းတို့က သူတို့ကို ဒီလိုဆိုးရွားတဲ့အနေအထားအထိ ပြုလုပ်ခဲ့တယ်။ မင်းတို့က တစ်ခုခုလုပ်ပေးဖို့ မရှိဘူးလား"

လီဖူချန်းက မြောင်ကလန်ကို ဒီအတိုင်းထားဖို့  အစီအစဉ် မရှိပါဘူး။

မြောင်ဟိုင်လုံက ခေါင်းညိတ်ပြီး သိုလှောင်အိတ်တစ်ခုကို ကမ်းပေးလိုက်ပါတယ်" အဲထဲမှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနှစ်သောင်းရှိပါတယ်"

သိုလှောင်အိတ်ကို လက်ခံပြီးနောက် လီဖူချန်းက မြောင်ဟိုင်လုံကို တစ်ချက်ကြည့်လိုက်ပါတယ်။ မလာခင်တုန်းက မြောင်ဟိုင်လုံက အရမ်းကို မာနကြီးလိမ့်မယ်လို့  လီဖူချန်းက ထင်ထားခဲ့တာပါ။ ဒါပေမယ့် အခုကြည့်ရသလောက် သူက ဥာဏ်နီဥာဏ်နက်များတဲ့လူတစ်ယောက်ဖြစ်လောက်ပါတယ်။

"သွားကြစို့" လီဖူချန်းက ကောင်းရှောင်ဖုန်း၊ယုဝေ့တို့နဲ့အတူ ထွက်လာခဲ့ပါတယ်။

မြောင်ဟိုင်လုံက အလွန်အကြံအစည်များပေမယ့် အကြွင်းမဲ့ခွန်အားနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့အသုံးမဝင်တော့ပါဘူး။ မြောင်ကလန်ရဲ့အကြီးမားဆုံးကျောရိုးက ဆောဘာနတ်ဆိုးနဲ့ဆေဘာသရဲတို့ပါ။ ကံဆိုးတာက လီဖူချန်းက သူတို့ကို မကြောက်ပါဘူး။

အနာဂတ်မှာ မြောင်ကလန်က တစ်ခုခုလုပ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ လီဖူချန်းက ကရုဏာထားနေမှာ မဟုတ်ပါဘူး။

"မင်းတို့ရဲ့အစီအစဉ်က ဘာလဲ"လီဖူချန်းက ကကောင်းရှောင်ဖုန်းနဲ့ယုဝေကို မေးလိုက်ပါတယ်။

ကောင်းရှောင်ဖုန်းက လီဖူချန်းကို ကြည့်ကာ ပြောလိုက်တယ်"သေမင်းမြူပျောက်ကွယ်သွားတာနဲ့ ကျွန်တော်က ယုဝေ့နဲ့အတူ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ဦးတည်သွားမှာပါ"

လီဖူချန်းက ခေါင်းညိတ်ကာ ပြောလိုက်တယ်"ဒါဆိုရင် ငါလည်းပဲ ပျံသန်းငွေကျွန်းက ထွက်ခွာမှာဆိုတော့ .......၊ မင်းတို့တွေ ငါနဲ့အတူ အခန်း ၇၂၈ : အကြွင်းမဲ့ခွန်အား

"ငါက ဖေးရီဖန်ပါ၊ မင်း ငါနဲ့ ယှဉ်ပြိုင်နိုင်မလား"

သီးခြားဖြစ်နေတဲ့အရှေ့ပိုင်းပင်လယ်ကမ်းခြေပေါ်မှာ လူအုပ်ကြီးတစ်ခုက စုဝေးနေပါတယ်။

လူအုပ်ကြားမှ ဆေဘာဓားသမားတစ်ယောက် ထွက်လာလေတယ်။

လူတော်တော်များက သူ့ကို သိကြပါတယ်။ ဖေးရီဖန်၊ ပျံသန်းငွေကျွန်းရဲ့ဆေဘာဓားတာအိုမဟာဧကရာဇ်‌တွေထဲက တစ်ယောက်။ သူ့ရဲ့ခွန်အားက ရဲတင်းနက်မဟာဧကရာဇ်နဲ့ တစ်တန်းတည်းနီးပါးပါပဲ။

သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင်တော့ ဖေးရီဖန်က လီဖူချန်းနဲ့ မပြိုင်ရဲပါဘူး။ ဒါပေမယ့် ဒီနေရာမှာ လူအများအပြားရှိနေတယ်၊ သူက ဒဏ်ရာပြင်းထန်စွာ ရခဲ့ရင်တောင်မှ လီဖူချန်းကို ဒဏ်ရာသေးသေးလေးမျှ ရစေရင်တောင်မှ ဆုလာဒ်ကို ရနိုင်မှာပါ။

"ဘာလို့ မင်းက ငါနဲ့ ယှဉ်ပြိုင်ချင်ရတာလဲ" လီဖူချန်းက မေးလိုက်တယ်။

တစ်ခုခုမှားနေတယ်လို့ ခံစားချက်တစ်ခုက သူ့မှာ ရှိနေပါတယ်။

အရှေ့ပိုင်းပင်လယ်ကမ်းခြေကို လာရောက်လည်ပတ်သူတွေ များစွာ ရှိနေပြီး သူတို့က သူ့အတွက် လာကြပုံပဲ။ ဒါပေမယ့် သူတို့အများစုက ပွဲကြည့်ဖို့အတွက်ပါပဲ။

ဖေးရီဖန်က တိုက်ရိုက် မဖြေလိုက်ပါဘူး"ငါ့ကို ခွင့်ပြုပါ"

စကားပြောပြီးနောက် သူက လီဖူချန်းကို ခုတ်ပိုင်းလိုက်လေတယ်။

ဘန်း........

လှုပ်ရှားမှု နောက်ကျတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့တိုက်ခိုက်မှုက အရင် ကျဆင်းသွားတယ်။ သူက ဖေးရီဖန်ကို လက်သီးနဲ့ ထိုးခွဲလိုက်ပြီး ဖေးရီဖန်က ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွား‌တော့တယ်။

သူနဲ့ယှဉ်ပြိုင်ချင်တယ်ဆိုရင် ပေးဆပ်မှုတစ်ခုတော့ ရှိရမှာပေါ့။

"ဒီလိုခွန်အားမျိုး။ သူ့ရဲ့ခွန်အားက ရဲတင်းနက်မဟာဧကရာဇ်၊ ဖေးရီဖန်တို့ရဲ့အထက်မှာ ရှိတယ်။ သူ့ကို ဒဏ်ရာရစေဖို့က မဖြစ်နိုင်ဘူး"

"မလိုဘူး။ လူတိုင်းက ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် သူ့ကို ဒဏ်ရာရစေဖို့ အခွင့်အရေးတစ်ခု ရှိလာမှာပါ"

"ဒါက မကောင်းဘူးထင်တယ်နော်"

"မင်းက သူ့ကို ဒဏ်ရာရစေရုံပဲလေ၊ သူ့ကို သတ်ဖို့မှ မဟုတ်တာ။ အဆင့်မြင့်ငွေလေသင်္ဘောအတွက် ဒါက ထိုက်တန်ပါတယ်"

လူအုပ်ကြားမှာ မဟာဧကရာဇ်တစ်ချို့က တိတ်တိတ်လေး ဆွေးနွေးနေကြပါတယ်။

"စီနီယာ၊ သူတို့ လာစိန်ခေါ်ရတဲ့အကြောင်းရင်းကို ကျွန်တော်သိတယ်" အသံတစ်ခုက လီဖူချန်းရဲ့နားထဲကို ဝင်လာပါတယ်။ လီဖူချန်းက ကြည့်လိုက်ပြီး သူနဲ့ကြယ်နီအမွှေးအကြီးအကဲကြား တိုက်ပွဲကို ကြည့်ခဲ့တဲ့ စုံတွဲကို မြင်လိုက်ရပါတယ်။

"ဘာကြောင့်လဲ" လီဖူချန်းက မေးလိုက်တယ်။

"မြို့ကိုးမြို့ရဲ့ဆုလာဒ်ခန်းမမှာ စီနီယာပါဝင်နေတဲ့မစ်ရှင်တစ်ခုရှိတယ်။ တစ်ယောက်ယောက်က စီနီယာကို ဒဏ်ရာရစေနိုင်ရင် သူတို့က အဆင့်မြင့်ငွေလေသင်္ဘောတစ်စင်းကို ရရှိလိမ့်မယ်။ စီနီယာအနေနဲ့ အဆင့်မြင့်ငွေလေသင်္ဘောက ဘာမှမဟုတ်ပေမယ့် မဟာဧကရာဇ်တော်တော်များများက အလယ်အလတ်ငွေလေသင်္ဘောကိုသာ အသုံးပြုနိုင်ကြတယ်။ ဒါကြောင့် အဆင့်မြင့်ငွေလေသင်္ဘောက သူတို့ကို ဆွဲဆောင်နိုင်တယ်"

"ဒီလိုကိုး" လီဖူချန်းရဲ့ အမူအရာက အေးစက်သွားတော့တယ်။

မစ်ရှင်ကို ထုတ်ပြန်တဲ့သူက ဘယ်သူလဲကို သူ မသိဘူး၊ ဒါပေမယ့် သူ့ရဲ့ဗီဇက အဲဒါဟာ ကြယ်နီအမွှေးအကြီးအကဲနဲ့ ဆက်စပ်နေတာကို သူ့ကို ပြောခဲ့တယ်။

ဒါပေမယ့် သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူ့ကို စမ်းသပ်ဖို့လား။

"ငါက မီးခိုးနက်ဓားမဟာဧကရာဇ်ပါ၊ ငါက မင်းရဲ့ပြိုင်ဘက်ကင်းလှုပ်ရှားမှုတွေကို တွေ့ကြုံချင်ပါတယ်"

မီးခိုးနက်ဓားမဟာဧကရာဇ်က ပိန်ပါးတဲ့ခန္ဓာကိုယ်နဲ့ ဓားတာအိုမဟာဧကရာဇ်တစ်ယောက်ပါ။ သူ့ရဲ့ဓားလှုပ်ရှားမှုကို ထုတ်ဖော်လိုက်တဲ့အခါ အလွန်ထက်မြက်တဲ့ဓားဖိအားတစ်ခုက ထွက်လာပါတယ်။ အနက်ရောင်မီးခိုးတစ်ခုက သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး နေရာတစ်ခုလုံးကို ပျံ့နှံ့သွားပါတယ်။ ချက်ချင်းပဲ မရေမတွက်နိုင်တဲ့ချွန်ထက်တဲ့ဓားတွေက မုန်တိုင်းတစ်ခုပမာ ပျံသန်းလာပါတယ်။ အဲဒါက လေဆင်နှာမောင်းတစ်ခုက လီဖူချန်းကို ဝန်းရံထားသလိုမျိုးပါပဲ။

"မီးခိုးနက်ဓားမဟာဧကရာဇ်က ပျံသန်းငွေကျွန်းရဲ့ထိပ်ဆုံး၁၅ယောက်ထဲမှာ ပါတယ်"

"မြို့အရှင်ကိုးယောက်က ထိပ်ဆုံး၁၅ယောက်ထဲမှာ တစ်ဝက်ကို နေရာယူထားတယ်။ သူတို့ကလွဲပြီး မီးခိုးနက်ဓားမဟာဧကရာဇ်က ပျံသန်းငွေကျွန်းရဲ့ထိပ်သီးကျွမ်းကျင်သူငါးယောက်ထဲက တစ်ယောက်လို့ စဉ်းစားနိုင်တယ်"

"ဟုတ်တယ်၊ မြို့အရှင်အားလုံးက ထိပ်သီးအဆင့်မဟာဧကရာဇ်တွေပဲ။ ပျံသန်းငွေမြို့အရှင်၊ငွေလှံမဟာဧကရာဇ်ကို ကြည့်ပါ။ သူက ပျံသန်းငွေကျွန်းရဲ့နံပါတ်တစ်ကျွမ်းကျင်သူဖြစ်ပြီး မဟာဧကရာဇ်အဆငိ့သတ်မှတ်ချက်မှာတောင် ထိပ်ဆုံးသုံးထောင်အတွင်း ဝင်နိုင်တယ်"

လူတိုင်းရဲ့အမြင်အရ လီဖူချန်းက သတိမထားဘူးဆိုရင် သူက ဒဏ်ရာရသွားနိုင်‌လောက်ပါတယ်။

ဘန်း.........

လေဆင်နှာမောင်းက လွင့်ပြယ်သွားပြီး ပုံရိပ်တစ်ခုက ပျံသန်းထွက်လာပါတယ်၊ ကောင်းကင်မှာတော့ သွေးတွေက ပြန့်ကျဲနေလေရဲ့။

"ဘာလဲ။ မီးခိုးနက်ဓားမဟာဧကရာဇ်တောင် ဒီလို အလွယ်တကူ ရှုံးသွားတယ်"

"အတူတိုက်ကြရအောင်။ သူက ပြိုင်ဘက်ကင်းဖြစ်နေလိမ့်မယ်လို့ ငါ မယုံကြည်ဘူး"

"ဟုတ်တယ်၊ အတူတိုက်ကြရအောင်။ အဲလိုလုပ်မှသာ ငါတို့က အခွင့်အရေး ရလာမှာ"

ချက်ချင်းပဲ လူနှစ်ဆယ်ခန့်က လီဖူချန်းထံ တစ်ဟုန်ထိုး ပြေးဝင်လာပါတယ်။

သူက ဒီလူနှစ်ဆယ်လောက်ကို မကြောက်ပါဘူး။ လူနှစ်ရာလာရင်တောင် သူက အလွယ်တကူသတ်နိုင်ပါတယ်။ ဒါပေမယ့် ရန်သူက ဘာစီစဉ်နေတယ်ကို မသိဘဲ သူက သူ့ရဲ့ခွန်အားကို အများကြီးထုတ်ပြဖို့ ဆန္ဒမရှိပါဘူး။

"တစ်ချက်လောက် ကစားကြတာပေါ့လေ"

လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ထုတ်ကာ တိုက်ခိုက်လိုက်ပါတယ်။

ကလင်း ကလင်း ကလန်း ကလန်း........

မဟာဧကရာဇ်အယောက်နှစ်ဆယ်ခန့် ဝိုင်းရံခံရရင် ကြယ်နီအမွှေးအကြီးအကဲတောင် မခုခံနိုင်ပါဘူး၊ ဒါပေမယ့် လီဖူချန်းက ရင်ဆိုင်နိုင်ပါတယ်။

လူအုပ်ကြားထဲရှိ အမွှေးအကြီးအကဲငါးယောက်က ထိတ်လန့်သွားပါတော့တယ်။

"ဒီလူက အလွန်သန်မာတယ်။ သူက ကြယ်နီကို သတ်နိုင်တာ အံ့ဩစရာမရှိဘူး"

"ဒါပေမယ့် ဒါက သူ့ရဲ့အကန့်အသတ်ဖြစ်လောက်လား။ သူ့ကို မဟာဧကရာဇ်နှစ်ဆယ်ယောက်က ဝိုင်းထားတယ်။ ဒုတိယသစ်သားအမွှေးအကြီးအကဲတောင် ဒီလို မလုပ်နိုင်လောက်ဘူး"

"မဖြစ်နိုင်လောက်ဘူး"

"သူ့ရဲ့ခွန်အားကို စမ်းသပ်ပြီးဆိုတော့ ငါတို့က တိုက်ခိုက်ဖို့ အခွင့်အရေးကို စောင့်နေရုံပဲ"

အမွှေးအကြီးအကဲငါးယောက်က အခွင့်အရေးတစ်ခုကို စောင့်နေပါတယ်။

"သွားကြစို့"

မဟာဧကရာဇ်တွေကြောင့် လီဖူချန်းမှာ ခက်ခဲ့တဲ့အချိန်ရှိနေတာကို မြင်ပြီး သူတို့ရဲ့အခွင့်အရေးလို့ သူတို့က မြင်လာကြပါတယ်။

"ဒါ အခွင့်အရေးပဲ" အမွှေးအကြီးအကဲငါးယောက်က တိုက်ခိုက်လိုက်လေတယ်။

သူတို့ငါးယောက်က စွမ်းအားကောင်းလွန်ပါတယ်၊ သူတို့တစ်ယောက်ချင်းစီက မဟာဧကရာဇ်ဆယ်ယောက်လောက်နဲ့ တိုက်ခိုက်နိုင်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်ဖြစ်တဲ့ဒုတိယသစ်သားက ကြယ်နီထက် ပိုသန်မာပါတယ်။ သူက ပျံသန်းငွေခန်းမမှာ အဆင့်နှစ်ရှိပြီး ခန်းမသခင်၊ဟွင်းဝူဖုန်းထက်သာ နိမ့်ကျပါတယ်။

အခြားလေးယောက်ထဲမှ တစ်ယောက်က လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုကို အသုံးပြုရာမှာ ကျွမ်းကျင်ပါတယ်။

"အမ်၊ လေးယောက်၊ မဟုတ်ဘူး၊ အနီဝတ်လူနဲ့ယှဉ်နိုင်တဲ့မဟာဧကရာဇ်ငါးယောက်"

လျင်လျင်မြန်မြန်စဉ်းစားပြီးနောက် လီဖူချန်းက ရန်သူတွေရဲ့အစီအစဉ်ကို အခြေခံအားဖြင့် သိလိုက်ရပါတယ်။

ဆုလာဒ်မစ်ရှင်ဆိုတာ သူ့ရဲ့ခွန်အားကို စမ်းသပ်ဖို့ပါပဲ။ အခု သူတို့က စမ်းသပ်ပြီးပြီးဆိုတော့ သူ့ကို သတ်ဖို့ စတင်လာကြပြီးပေါ့။ လီဖူချန်းက အရူးတစ်ယောက်ဆိုရင်တောင် ဒီလူငါးယောက်က အနီဝတ်လူနဲ့တစ်ဖွဲ့တည်းဆိုတာ သိလိုက်ပါတယ်။

"ငါ့ကို အဆက်မပြတ် အနှောင့်အယှက်ပေးနေကြတယ်။ ဒီတစ်ခါ နောက်ထပ်ငါးယောက်ကို ဆုံးရှုံးသွားရင် မင်းတို့ဘယ်လိုတောင် နာကျင်ခံစားရလိမ့်မလဲ"

လီဖူချန်းက စိတ်ဝိညာဉ်တိုက်ခိုက်မှုတွေထဲက တစ်ခုကို လစ်လျူရှူပြီး သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။ ဓားအလင်းက ထွက်လာပြီး ဓားအလင်းအတွင်းရှိလူတိုင်းက ရပ်တန့်သွားသလို ခံစားလိုက်ရပါတယ်။ အဲဒါက လီဖူချန်းရဲ့ရှုထောင့်ကပါ။ ကြည့်ရှုသူတွေရဲ့အမြင်မှာတော့ မျက်စိကန်းမတတ်ဓားအလင်းတွေသာ ရှိပါတယ်။

ဖတ် ဖတ် ဖတ်..........

မဟာဧကရာဇ်ငါးဆယ်ခန့်က လွင့်ထွက်သွားတော့တယ်၊ သူတို့ထဲမှငါးယောက်က ဓားဆန္ဒကြောင့် စိတ်ဝိညာဉ်‌တွေ ထိုးဖောက်ခံလိုက်ရပါတယ်။

အချက်ကျကျပြောရရင် သူသာ ဆန္ဒရှိရင် လီဖူချန်းက ဒီမဟာဧကရာဇ်အားလုံးကို ဓားတစ်ချက်တည်းနဲ့ သတ်နိုင်ပါတယ်။

"ဓားတစ်ချက်တည်းနဲ့ လူငါးဆယ်ခန့်ကို အနိုင်ယူသွားတာလား။ လူငါးယောက်ကို တစ်ချိန်တည်းမှာ သတ်နိုင်တာလား"

အဝေးက ကျောက်တန်းတစ်ခုမှာ ရပ်နေရင်း ပျံသန်းငွေမြို့အရှင်၊ငွေလှံမဟာဧကရာဇ်က ထိတ်လန့်သွားရတော့တယ်။

သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်၊ ၃၀၃၀မြောက်မှာ ရှိပါတယ်။ ဒါပေမယ့် သူက လီဖူချန်းလို လုပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး၊ အဲလို ပြုလုပ်ဖို့က သူ့အတွက် အဝေးကြီးမှာပါ။

မဟာဧကရာဇ်အနည်းငယ်ဆိုရင်တော့ သူက ချက်ချင်း သတ်နိုင်ပါတယ်။ မဟာဧကရာဇ်အယောက်နှစ်ဆယ်ဆိုရင်တော့ သူက အဲလို ပြုလုပ်နိုင်ဖို့ ယုံကြည်ချက် မရှိပါဘူး။

"ထိပ်ဆုံး ၁၀၀၀လား။ ထိပ်ဆုံး ၅၀၀ ဖြစ်နိုင်လောက်မလား"

ငွေလှံဧကရာဇ်က လီဖူချန်းရဲ့ခွန်အားကို ခန့်မှန်းနေပါတယ်၊ ဒါပေမယ့် သူ ဘယ်လောက်ပဲခန့်မှန်းခန့်မှန်း သူက လီဖူချန်းရဲ့အစစ်အမှန်ခွန်အားကို မမှန်းဆနိုင်ပါဘူး။

ဘာလိုဆို ဒါက လီဖူချန်းခွန်အားရဲ့အဖျားအနားလောက်သာ ရှိသေးတဲ့အတွက်ကြောင့်ပါ။

"ငါ့ရဲ့စိတ်ရှည်မှုက အကန့်အသတ်ရှိတယ်။ ဒီကိစ္စကို ဒီမှာပဲ ရပ်လိုက်ပါ။ နောက်ထပ်စိန်ခေါ်မှုတွေ ရှိလာရင်တော့ ငါက သနားကြင်နာနေလိမ့်မှာ မဟုတ်ဘူး"

လီဖူချန်းရဲ့လေသံက အလွန်တည်ငြိမ်နေပါတယ်၊  ဒါပေမယ့် ရက်စက်တဲ့သတ်ဖြတ်ခြင်းဆန္ဒက ဟင်းလင်းပြင်ကိုတောင် အေးခဲသွားစေပါတယ်။

အဝေးကို လွင့်ထွက်သွားတဲ့မဟာဧကရာဇ်တွေက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ချားစွာနဲ့ ကြည့်နေကြပါတယ်၊ သူတို့ရဲ့တိုက်ပွဲဆန္ဒက မှေးမှိန်ပျောက်ကွယ်သွားတော့တယ်။ သူတို့က လီဖူချန်းရဲ့စကားကို သံသယ မရှိပါဘူး။ ထိုဓားလှုပ်ရှားမှုက ငါးယောက်ကို သတ်ခဲ့တယ်။ သူတို့သာ ရှေ့ဆက်တိုးရင် သူတို့လည်း အသတ်ခံလိုက်ရမှာပါ။ သူတို့ရဲ့အမြင်အရ လီဖူချန်းက အရေအတွက်နဲ့အနိုင်ယူလို့ရတဲ့သူမျိုး မဟုတ်ဘူး။ သူတို့က မဟာဧကရာဇ်တစ်ယောက်ရဲ့တိုက်ပွဲနည်းဗျူဟာကို မသုံးရင် ပျံသန်းငွေကျွန်းပေါ်ရှိတစ်ယောက်ကမှ သူ့ကို ဒဏ်ရာမရစေနိုင်လောက်ပါဘူး။

ခဲ့ပေါ့လေ"

"ကျေးဇူးတင်ပါတယ်၊စီနီယာ" ကောင်းရှောင်ဖုန်းက အလွန်ကျေးဇူးတင်သွားပါတယ်။

***

All Chapters