နတ်ဆိုးသားရဲအရှင်သခင်နဲ့ တွေ့ဆုံခြင်း
Vol. 54 Ch. 730
ဓားလေ့ကျင့်မှုအပြင် လီဖူချန်းက လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းတွေကို နေ့တိုင်း လေ့လာနေပါတယ်။
သူတော်စင်စိတ်ဝိညာဉ်လိပ်ပြာနဲ့အတူ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက သူတော်စင်တွေနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။ သူက အပြည့်အဝမသုံးရင်သာ ဖြုန်းတီးသလို ဖြစ်မှာပါ။
ဒါကြောင့် သူက ကြယ်ရှစ်လုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းတစ်ခုကို ဖန်တီးဖို့ စီစဉ်နေပါတယ်။
သူက ကြယ်ရှစ်လုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းကို ဖန်တီးပြီးတာနဲ့ ရှားပါးတဲ့အချို့ကလွဲပြီး အဆင့်နိမ်သူတော်စင်တွေက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်မှုကို တားဆီးနိုင်တော့မှာ မဟုတ်ဘူး။
ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာတုန်းက လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းတွေကို ရရှိပြီးနောက် လီဖူချန်းမှာ စိတ်ကူးစိတ်သန်းကောင်းတွေ အများကြီး ရှိလာပါတယ်။ပျံသန်းငွေကျွန်းမှာ ရှိတဲ့ ပြီးပြည့်စုံတဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿကြောင့် နားလည်ဖို့၊ လေ့လာဖို့က ပိုပြီး လွယ်ကူလာပါတယ်။
နောက်ဆုံး ပျံသန်းငွေကျွန်းကို ရောက်ရှိပြီး လေးလအကြာမှာ လီဖူချန်းက ကြယ်ခုနှစ်လုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းတွေကို အကိုးအကားယူပြီး ကြယ်ရှစ်လုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်း၊ စိတ်ဝိညာဥ်ငြိမ်းသတ်ဓားအရိပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။
စိတ်ဝိညာဥ်ငြိမ်းသတ်ဓားအရိပ်က လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်ရေးလျှို့ဝှက်နည်းလမ်းတစ်ခုတည်း မဟုတ်ပါဘူး၊ အဲဒါမှာ ဓားတာအိုရဲ့အနှစ်သာရတွေလည်း ပါပါတယ်။ အဲဒါကို ဓားတာအိုလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းလမ်းလို့ သတ်မှတ်နိုင်ပြီး အလွန်ခြိမ်းခြောက်နိုင်လှပါတယ်။
ရန်သူမှာ ကြယ်ရှစ်လုံးလိပ်ပြာအသိစိတ်အာရုံခုခံမှုလျှို့ဝှက်နည်းလမ်းကို မကျင့်ကြံထားရင် ရန်သူက သူ့ရဲ့စိတ်ဝိညာဥ်ငြိမ်းသတ်ဓားအရိပ်အောက်ကို ချက်ချင်းကျရောက်သွားလိမ့်မယ်လို့ ယုံကြည်ချက်ရှိပါတယ်။
ရန်သူက ကြယ်ရှစ်လုံးလိပ်ပြာအသိစိတ်အာရုံခုခံမှုလျှို့ဝှက်နည်းလမ်းကို လေ့ကျင့်ထားရင်တောင် သူတို့ရဲ့အစစ်အမှန်စိတ်ဝိညာဉ်လိပ်ပြာက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားပါလိမ့်မယ်။
ကြယ်ကိုးလုံးလိပ်ပြာအသိစိတ်အာရုံခုခံမှုလျှို့ဝှက်နည်းလမ်းမရှိဘဲနဲ့ စိတ်ဝိညာဥ်ငြိမ်းသတ်ဓားအရိပ်ကို ခုခံဖို့က မဖြစ်နိုင်ပါဘူး။
ယခု လီဖူချန်းက ခန္ဓာကိုယ်အပြင်အားနဲ့ဓားတာအိုခွန်အားကို မမှီခိုရင်တောင် သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက သူ့အတွက် အမြင့်မှာ ရပ်နေနိုင်စေဖို့ လုံလောက်ပါတယ်။ အခြေခံအားဖြင့်ဆိုရလျှင် သူတော်စင်အဆင့်အောက်တစ်ယောက်မှ သူ့အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။
***
"မြူက လွင့်ပြယ်သွားပြီး။ စီနီယာ၊ မြူက လွင့်ပြယ်သွားပြီး"
ဒီနေ့မှာ ကောင်းရှောင်ဖုန်းက ကမ်းခြေမှ အော်ပြောလိုက်လေတယ်။
လီဖူချန်းက ကြည့်လိုက်ရာ မျှော်လင့်ထားသလိုပဲ သေမင်းမြူက မြင်နိုင်တဲ့အရှိန်တစ်ခုနဲ့အတူ လွင့်ပါးနေပါတယ်။
"မလောပါနဲ့။ အပြည့်အဝ ပျောက်ကွယ်သွားတဲ့အထိ စောင့်လိုက်ပါ"
လီဖူချန်းက ပြုံးလိုက်လေတယ်။
သူက ပျံသန်းငွေကျွန်းမှာ ခြေချနေတာ လေးလကျော်ပါပြီး။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို မသွားခင် သူက နောက်ထပ်တစ်နှစ်၊နှစ်နှစ်လောက် စောင့်နေရအုံးမယ်လို့ တွေးထားတာပါ။ မြူက အခုလို လျင်မြန်စွာလွင့်ပါးသွားလိမ့်လို့ မမျှောင်လင့်ထားခဲ့ဘူး။
သေမင်းမြူ လွင့်ပါးသွားတာနဲ့ ပင်လယ်က နေသာနေပြီး ရေကြည်လေးတွေက နေအလင်းပြန်လျက် ရှိနေပါတေ့တယ်။
"လာ၊ သွားကြစို့"
လီဖူချန်းက အဆင့်မြင့်ငွေလေသင်္ဘောကို ထုတ်ပြီး လေသင်္ဘောကို တက်လိုက်လေတယ်။တစ်ဆက်တည်းမှာပဲ ကောင်းရှောင်ဖုန်းနဲ့ယုဝေ့တိုကလည်း တက်လာပါတယ်။
ဆွစ်..........
အဆင့်မြင့်ငွေလေသင်္ဘောက ငွေအလင်းတန်းတစ်ခုပမာ ဖြစ်သွားပြီး ပင်လယ်ထဲကို ပျံသန်းသွားလေတယ်။
ငွေလေသင်္ဘောက ကြီးနိုင်တယ် ဒါမှမဟုတ် သေးနိုင်တယ်၊ ဒါပေမယ့် ပုံမှန်အခြေအနေမှာဆိုရင် ပိုကြီးတာက ပိုပြီးသက်သောင့်သက်သာရှိတာကို ဆိုလိုပါတယ်။
လီဖူချန်းရဲ့အဆင့်မြင့်ငွေလေသင်္ဘောက မီတာတစ်ရာရှည်ပြီး မီတာနှစ်ဆယ်ကျယ်ပါတယ်။ သူတို့သုံးယောက်ကိုအသာထား၊ လူသုံးရာတောင် ဝင်ဆံပါတယ်။
ဒါ့ပြင် အဲဒါက အကန့်အသတ်မဟုတ်ပါဘူး။ လီဖူချန်းက ဆန္ဒရှိရင် သူက ငွေလေသင်္ဘောကို အရှည်အားဖြင့်မီတာတစ်ရာ၊ အကျယ်အားဖြင့်မီတာနှစ်ရာအထိ ပြုလုပ်နုင်ပါတယ်။ အဲဒါဆိုရင် လူတစ်သောင်းလောက်က အသာလေးဝင်ဆံပါတယ်။
သင်္ဘောရဲ့စားသောက်ခန်းမမှာ သူတို့သုံးယောက်လုံးက စားသောက်နေတယ်။ သူတို့ဘေးနားမှာ ဖောက်ထွင်းမြင်နိုင်တဲ့အခန်းနံရံတွေ ရှိပါတယ်။
ကောင်းရှောင်ဖုန်းနဲ့ယုဝေ့က အဆင်ပြေနေလှပါတယ်။ လီဖူချန်းမရှိရင် သူတို့က ကုန်သည်အဖွဲ့တွေအတွက် ကိုယ်ရံတော်တွေ ဖြစ်သွားပြီး လူရာထောင်နဲ့အတူ ဖျစ်ညှစ်နေရမှာပါ။ သူတို့က ဒီလိုသက်သောင့်သာက်သာမှုကို မရနိုင်ပါဘူး။
"ငါ သွားကျင့်ကြံလိုက်အုံးမယ်။ မင်းတို့တွေ စားနေကြ"
သည်ကျင့်ကြံမှုနယ်ပယ်အထိ ရောက်လာပြီးဖြစ်တာကြောင့် စားတာ၊မစားတာက ကိစ္စတစ်ခုမဟုတ်ပါဘူး။ စားသောက်တယ်ဆိုတာ ပျော်ရွှင်မှုအတွက်သာပါ။
စားသောက်ပြီးနောက် လီဖူချန်းက သူ့ရဲ့ကျင့်ကြံခြင်းခန်းကို ပြန်လာလိုက်တယ်။
ကျင့်ကြံခြင်းခန်းက သင်္ဘောရဲ့ပဲ့ပိုင်းမှာ ရှိပါတယ်။ အဲဒါက အရှည်မီတာသုံးဆယ်၊ အ အကျယ်မီတာနှစ်ဆယ် ရှိပါတယ်။ ငွေလေသင်္ဘောပေါ်မှာ အကျယ်ဆုံးအခန်းပေါ့။
…
ငွေလေသင်္ဘောက ကောင်းကင်မှာပျံဝဲနေတဲ့ ဧရာမငွေဌက်ကြီးတစ်ကောင်နဲ့ တူပါတယ်။
ချိန်း ဂျိန်း........
.
ပင်လယ်ရေက ပေါက်ကွဲထွက်သွားလေတယ်၊ အရွယ်အစားအားဖြင့် မိုင်ရာအနည်းငယ်ရှိတဲ့ငါးနဲ့တူတဲ့သားရဲတစ်ကောင်က ထွက်ပေါ်လာပြီး ငွေလေသင်္ဘောကို ဝါးမြိုဖို့ ကြိုးစားနေပါတယ်။
ဒါက နတ်ဆိုးသားရဲမင်းပါ၊ အဆင့်မြင့်မင်းတစ်ယောက်ပါ။
ဘန်း.........
မိုင်ထောင်အနည်းငယ်ကို သွေးမိုးတွေနဲ့ ဖုံးလွှမ်းသွားတော့တယ်။
အဆင့်မြင့်နတ်ဆိုးသားရဲမင်းက ငွေလေသင်္ဘောကို မထိနိုင်ခင် ငွေလေသင်္ဘောကိုလွှမ်းခြုံထားတဲ့ ဓားအလင်းကြောင့် သွေးမြူဖြစ်သွားတော့တယ်။
"စီနီယာရဲ့ခွန်အားက တကယ်တုန်လှုပ်စရာပဲ။ မဟာဧကရာဇ်သတ်မှတ်ချက်မှာ သူ့ရဲ့အဆင့်က ဘယ်လောက်လဲဆိုတာ သိချင်မိတယ်"
ကောင်းရှောင်ဖုန်းက အားကျသလို သိချင်စိတ်လည်း ပြင်းပြနေပါတယ်။
သူက အားကျပါတယ်၊ ဘာလို့ဆို လီဖူချန်းလို လူမျိုးက သူတို့သွားချင်တဲ့နေရာတိုင်းကို သွားနိုင်ပါတယ်။ သူတို့ကတော့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို သွားချင်ရင် ကုန်သည်အဖွဲ့နောက်ကို လိုက်ရုံသာ ရှိပါတယ်။
လီဖူချန်းရဲ့မဟာဧကရာဇ်မဆင့်သတ်မှတ်ချက်ကိုလည်း သူက သိချင်နေပါတယ်။ သူ့အထက်ကသူတွေဆို ဘယ်လောက်တောင် အားကောင်းလိုက်မလဲပေါ့။
လီဖူချန်းရဲ့ခွန်အားကို ခရီးတစ်လျှောက် ကောင်းရှောင်ဖုန်းနဲ့ယုဝေ့တို့က တွေ့ကြုံပြီးပါပြီး။
အဆင့်မြင့်၊အထွတ်အထိပ် သားရဲမင်း ဒါမှမဟုတ် မဟာမင်းပဲဖြစ်ဖြစ် သူတို့အားလုံးက ငွေလေသင်္ဘောရဲ့အပြင်မှာရှိတဲ့ဓားဆန္ဒကို မချိုးဖျက်နိုင်ပါဘူး။ ပထမနှစ်ကောင်ကတော့ ဓားဆန္ဒကြောင့် ချက်ချင်း သတ်ဖြတ်ခံလိုက်ရပါတယ်၊ မဟာမင်းတွေကတော့ အလွန်စွမ်းအားကောင်းပြီး ထိပ်သီး(ထိပ်တန်း)အဆင့်လူသားမဟာဧကရာဇ်တွေနဲ့ ညီမျှပါတယ်။ အားအနည်းဆုံးတောင်မှ ရဲတင်းနက်မဟာဧကရာဇ်နဲ့ ယှဉ်နိုင်ပါတယ်။
ဒါပေမယ့် နတ်ဆိုးသားရဲမဟာမင်းတစ်ကောင်က ဓားဆန္ဒကို ဆုတ်ဖြဲလိုက်တဲ့အချိန်တိုင်း ဓားအလင်းက တောက်ပဖြာထွက်သွားပါတယ်။ ဓားအလင်းပျောက်ကွယ်သွားတာနဲ့ နတ်ဆိုးသားရဲမဟာမင်းက သွေးတွေဖုံးလွှမ်းလျက် ကျဆင်းသွားတော့တယ်။
ကျင့်ကြံခြင်းအခန်းမှာ လီဖူချန်းက မျက်လုံးကို ဖွင့်လိုက်ပါတယ်။
"နတ်ဆိုးသားရဲမင်းတွေက စွမ်းအားကောင်းတယ်။ ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားနဲ့ ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို အားမကိုးဘဲ သူတို့ကို တစ်ချက်တည်းနဲ့ သတ်ဖို့က ခက်ခဲလွန်းတယ်"
"ဒါပေမယ့် မူလအစွန်းဓားအနုပညာကို ဖန်တီးသွားနိုင်တာနဲ့ ငါက နတ်ဆိုးသားရဲမဟာမင်းတွေကို လစ်လျူရှူနိုင်လိမ့်မယ်"
မူလအစွန်းဓားအနုပညာက မူလအစွန်းဓားနည်းလမ်းနဲ့ သက်ဆိုင်တဲ့ ဓားအနုပညာတစ်ခုပါ။ ဖန်တီးခြင်းအခက်အခဲက အလွန်မြင့်မားပါတယ်။ လီဖူချန်းရဲ့အမြင်အရ မူလအစွန်းဓားအနုပညာရဲ့ဓားလှုပ်ရှားမှုတစ်ခုခြင်းစီက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာအောက် မနိမ့်ကျသင့်ပါဘူး။ ပိုပြီးတောင် သန်မာသင့်ပါတယ်။
သနားစရာကောင်းတာက လီဖူချန်းက အခုထိ မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားကွက်ကို မဖန်တီးနိုင်သေးပါဘူး။
***
အချိန်တွေ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကျော်သွားပါပြီး။
ငွေလေသင်္ဘောက ပင်လယ်ကို ဖြတ်ဖို့ မိုင်သုံးဆယ်မီလီယံအထိ ခရီးသွားရလောက်တယ်လို့ ကောင်းရှောင်ဖုန်းက ယူဆထားပါတယ်။
သူတို့က နောက်သုံးလလောက် သွားပြီးရင်တော့ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ရှိလောက်မှာပါ။
"ယုဝေ့၊ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်တာနဲ့ ငါတို့က ဂိုဏ်းတစ်ဂိုဏ်းကို ဝင်ကြရမယ်။ အနာဂတ်မှာ အိမ်မရှိ၊အမှီအခိုမရှိတာမျိုး မဖြစ်ချင်တော့ဘူး"
ငွေလေသင်္ဘောရဲ့ဦးပိုင်းမှာ ကောင်းရှောင်ဖုန်းက ယုဝေ့ရဲ့လက်ကို ကိုင်ထားလျက် ပြောလိုက်တယ်။
ယုဝေ့က ခေါင်းညိတ်လိုက်တယ်" ငါ နင့်စကားကို နားထောင်မှာပါ"
သူမရဲ့မှန်ဉာဏ်က အနည်းငယ် ဖျက်ဆီးခံလိုက်ရပါတယ်၊ ဒါပေမယ့် ကောင်းရှောင်ဖုန်းနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေကတော့ ကျန်ရှိနေတုန်းပါပဲ။ သူမက မှတ်ဥာဏ်တစ်ဝက်အထိ မေ့သွားရင်တောင် ကျန်ရှိနေတဲ့တစ်ဝက်က ကောင်းရှောင်ဖုန်းအပေါ် သူမရဲ့အချစ်တွေအတွက် လုံလောက်နေသေးပါတယ်။
"လူသား၊ ဆင်းလာစမ်း"
အရွယ်အစားအားဖြင့် မိုင်တစ်ရာလောက်ရှိတဲ့ လက်ဝါးတစ်ခုက ရုတ်တရက် ရေကို ထိုးဖောက်သွားပြီး ငွေလေသင်္ဘောကို ဆုပ်ကိုင်လိုက်ပါတယ်။
ဒါက အကြိုအရှင်သခင်နတ်ဆိုးသားရဲတစ်ကောင်ဆိုတာ အလွန်သိသာလှပါတယ်။
ပုံမှန်နတ်ဆိုးသားရဲမဟာမင်းက ဒီလိုအရွယ်အစားမျိုး မရှိပါဘူး။
အကြိုအရှင်သခင်ရဲ့ခွန်အားက တုန်လှုပ်စရာပါ။ ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ ကုန်းမြေတိုက်စိတ်တန်ခိုးစွမ်းအားရဲ့ဖိနှိပ်မှုကြောင့်သာ ဟင်းလင်းပြင်ဝါးမျိုရေဘဝဲနဲ့ဂရစ်ဖင်တို့က သူတို့ခွန်အားရဲ့တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ထုတ်နိုင်တာပါ။
အခု သည်အကြိုအရှင်သခင်က မဖိနှိပ်ခံထားရပါဘူး၊ သူ့ခွန်အားအပြည့်ကို အသုံးချနိုင်ပါတယ်။
ကြယ်နီအမွှေးအကြီးအကဲ၊ ငွေလှံမဟာဧကရာဇ်နဲ့ အခြားသူတွေသာ ဆိုရင် ဒီတိုက်ခိုက်မှုကို မခုခံနိုင်ပါဘူး။
"ဒီလိုဆိုမှာတော့ ငါက စိတ်ဝိညာဥ်ငြိမ်းသတ်ဓားအရိပ်ရဲ့အစွမ်းကို စမ်းသပ်လို့ရတာပေါ့"
ကျင့်ကြံခြင်းအခန်းထဲမှာ လီဖူချန်းရဲ့နဖူးက ဖြာထွက်လင်းလက်သွားပါတယ်။ဓားအရိပ်တစ်ခုက ငွေလေသင်္ဘောကို ဖြတ်သွားပြီး ပင်လယ်ထဲကို ထိုးဖောက်သွားလေတယ်။
ဟိန်းသံတစ်မျိုး.............
ဝမ်းနည်းစရာကောင်းတဲ့ဟိန်းသံတစ်ခုပါ။ တစ်ဆက်တည်းမှာပဲ ပင်လယ်ရေက လှိုင်းအဟုန်တစ်ခုနဲ့အတူ ပေါက်ကွဲထွက်သွားတော့တယ်။ ကြောက်စရာကောင်းတဲ့စွမ်းအားတစ်ခုက ကွဲထွက်လာပြီး အနီးနားရှိနတ်ဆိုးသားရဲဘုရင်နဲ့ဗိုလ်ချုပ်တွေက မုန့်မုန့်ညက်ကြေသွားလေတယ်။ အချိန်မီမရှောင်နိုင်တဲ့နတ်ဆိုးသားရဲမင်းအချို့ကတော့ လွင့်ထွက်သွားပြီး သွေးတွေအန်ထွက်သွားရတော့တယ်။
တဖြည်းဖြည်းနဲ့ ဟိန်းသံက ပိုတိုးလျလာပြီး အကြိုအရှင်သခင်နတ်ဆိုးသားရဲက ဒဏ်ရာရသွားသလား၊ သေသွားသလားကိုတောင် မသိနိုင်ပါဘူး။
"အကြိုအရှင်သခင်သားရဲတစ်ကောင်ကို မဖြုန်းတီးသင့်ဘူး"
လီဖူချန်းက ငွေလေသင်္ဘောရဲ့အမိုးပေါ်မှ ထွက်ပေါ်လာပြီး အကြိုအရှင်သခင်သားရဲရဲ့အလောင်းကို ဆုပ်ကိုင်လိုက်ပါတယ်။
"ငါ့မျိုးနွယ်ရဲ့အကြိုအရှင်သခင်သားရဲကို သတ်ပြီးတောင်မှ အလောင်းကို ယူချင်သေးတာလား။ မင်းရဲ့အသက်ကို အခု လွှဲပေးလိုက်တော့"
အသံတစ်ခုက မိုးကြိုးပမာ ပေါက်ကွဲထွက်လာပါတယ်။အဲဒါက ငွေလေသင်္ဘောပေါ်မှာ ရှိတဲ့ ကောင်းရှောင်ဖုန်းနဲ့ယုဝေ့တို့ကို ချက်ချင်း ထိုးနှက်လိုက်ပါတယ်။
နတ်ဆိုးသားရဲအရှင်သခင်"လီဖူချန်းရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်။
သူက ဒီလောက်လျင်မြန်စွာနဲ့ နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ကို ရန်စမိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
ပျံသန်းငွေကျွန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှ အနည်းဆုံးမိုင်တစ်ရာမီလီယံအထိ ကွာဝေးပါတယ်။ လမ်းတစ်လျှောက်မှာ နတ်ဆိုးသားရဲအရှင်သခင်တွေ သေချာပေါက် ရှိပါတယ်၊ ဒါပေမယ့် ထိပ်တိုက်တွေ့ဆုံဖို့က အလွန်ရှားပါတယ်။
ပထမအနေနဲ့ နတ်ဆိုးသားရဲအရှင်သခင်က လှုပ်ရှားရအောင် မထိုက်တန်ဘူး။
ဒုတိယက နတ်ဆိုးသားရဲအရှင်သခင်တွေက အလွန်အသက်ရှည်ပြီး လူသားသူတော်စင်တွေထက်တောင် ပိုရှည်ပါတယ်။ အချိန်တော်တော်များများမှာ သူတို့က ခိုအောင်းနေပြီး သူတို့ရဲ့သွေးမျိုးဆက်ကို ပြုစုပျိုးထောင်နေပါတယ်။
တတိယက နတ်ဆိုးသားရဲနဲ့လူသားတွေမှာ သဘောတူညီချက်တစ်ခုရှိပါတယ်။ မျိုးနွယ်စုစစ်ပွဲကို ရှောင်ရှားနိုင်ဖို့ သားရဲအရှင်သခင်တွေနဲ့သူတော်စင်တွေက မဆင်မခြင်ဆောင်ရွက်လို့ မရပါဘူး။
အမျိုးမျိုးသောအကြောင်းပြချက်တွေကြောင့် နတ်ဆိုးသားရဲအရှင်သခင်နဲ့ ကြုံတွေ့ဖို့ဆိုတာက အလွန်ရှားပါတယ်။
ဟင်းလင်းပြင်က ကြီးမားစွာ ဖိနှိပ်ခံလိုက်ရပါတယ်။ လက်သည်းတစ်ခုက လီဖူချန်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာပြီး ငွေလေသင်္ဘောကို ကုတ်ခြစ်လိုက်လေတယ်။
"မကောင်းတော့ဘူး"
လီဖူချန်းက သူ့ရဲ့ကြယ်လက်ချီစွမ်းအားကို လည်ပတ်စေပြီး လက်ဝါးရိုက်ချက်တစ်ခုနဲ့အတူ တုံ့ပြန်လိုက်ပါတယ်။
ဘုံး..........
ပင်လယ်ရေက ပြိုပျက်သွားပြီး ကြောက်စရာကောင်းတဲ့ပေါက်ကွဲမှုတစ်ခုကို မိုင်တစ်သိန်းကနေတောင် ကြားနိုင်ပါတယ်။
လီဖူချန်းနဲ့ငွေလေသင်္ဘောက မိုင်ရာအနည်းငယ်အထိ လွင့်ထွက်သွားပါတယ်။
ဆွစ်..........
လီဖူချန်းက ရပ်မနေပါဘူး၊ မထွက်ပြေးခင် သူ့ရဲ့ချီစွမ်းအားကို လှည့်ပတ်ပြီး ငွေလေသင်္ဘောကို လွှမ်းခြုံလိုက်ပါတယ်။
အသက်ရှုကြာချိန်အနည်းငယ်လောက်မှာ ကြီးမားတဲ့ဦးခေါင်းတစ်ခုက ပင်လယ်မျက်နှာပြင်မှ ထွက်ပြူလာပါတယ်။
"သူက ငါ့ရဲ့လက်သည်းကို တကယ် ခုခံနိုင်သွားတာပဲ။ သူက ဘယ်သူလဲ။ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က ထိပ်ဆုံးဆယ်ယောက်ထဲကများလား"
သူက အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်ဖြစ်ပြီး လူသားသူတော်စင်တွေက လွဲပြီး မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးဆယ်ယောက်ကသာ သူနဲ့ ရင်ဆိုင်နိုင်တာပါ။
"ထားလိုက်ပါတော့၊ သူက ငါ့ရဲ့လက်သည်းတစ်ချက်ကို ခုခံနိုင်တာကြောင့် သူ့ကို လွှတ်ပေးလိုက်မယ်"
သူက ဒီလိုပြောနေပေမယ့် သူက လီဖူချန်းကို အချိန်တိုလေးအတွင်းမှာ မသတ်နိုင်တာကို သူ သိပါတယ်။ မဟုတ်ရင် သူ့ရဲ့ကြမ်းတမ်းတဲ့သဘာဝအရ သူက လီဖူချန်းကို လွှတ်ပေးမှာ မဟုတ်ပါဘူး။
***
မိုင်တစ်သောင်းအဝေးမှာ........
"ဒါက နတ်ဆိုးသားရဲအရှင်သခင်ရဲ့ ခွန်အားလား"
စောစောက လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို သုံးစွဲခဲ့ပါတယ် ဒါပေမယ့် ကြောက်စရာကောင်းတဲ့ခွန်အားတစ်ခုက သူ့ကို ရိုက်ခတ်သွားပြီး သူ့ရဲ့သွေးတွေကိုတောင် ဆူပွက်သွားစေလိုက်ပါတယ်။
ဒါပေမယ့်လည်း ကြယ်လက်က ဘယ်လောက်တောင် အားကောင်းသလဲကို ဒါက သက်သေပြခဲ့ပါတယ်။
အကြိုအရှင်သခင်နဲ့အရှင်သခင်ကြား ခွန်အားက အဆများစွာ ကွာခြားပါတယ်။ လီဖူချန်းက နတ်ဆိုးသားရဲအရှင်သခင်ထံမှ လက်သည်းတစ်ချက်ကို ခုခံနိုင်ပြီး ဒဏ်ရာရသွားသေးဆိုရင်တောင် ကြယ်လက်ရဲ့ခွန်အားကို ပြဖို့ လုံလောက်ပါတယ်။
ဒါက ကြယ်လက်မျှသာပါ။ သူက လလက်နဲ့နေလက်တို့ကို ကျင့်ကြံနိုင်ခဲ့ရင် သူက နတ်ဆိုးသားရဲအရှင်သခင်ကို ဖိနှိပ်နိုင်မှာပါ။
အချိန်ခဏကြာပြီးနောက် ကောင်းရှောင်ဖုန်းနဲ့ယုဝေ့က နိုးလာပါတယ်။
"စီနီယာ၊ စောစောက ဘာဖြစ်သွားတာလဲ"
ဟိန်းသံတစ်ခုထွက်လာပြီး သူမေ့မျောသွားတာကိုသာ ကောင်းရှောင်ဖုန်းက သတိရပါတယ်။
လီဖူချန်းက ပြောလိုက်တယ်"မစိုးရိမ်ပါနဲ့၊ငါတို့က အဲဒီပင်လယ်ပိုင်နက်ကနေ အဝေးကို ရောက်နေပါပြီး"
သူက နတ်ဆိုးသားရဲအရှင်သခင်နဲ့ တိုက်ခိုက်ခဲ့တာကို လီဖူချန်းက ကောင်းရှောင်ဖုန်းကို မပြောပြပါဘူး။
"ဟုတ်ကဲ့"ကောင်းရှောင်ဖုန်းက အရူးမဟုတ်ပါဘူး။ လီဖူချန်းက မရှင်းပြချင်တာကို သူ သိပါတယ်။
နောက်ရက်တွေအတွင်း သူတို့က နောက်ထပ်ပြဿနာတွေ မကြုံတွေ့ရတော့ပါဘူး၊ သူတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးအနီးကိုလည်း ချဉ်းကပ်ရောက်ရှိလာပါပြီး။
***