သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီး
Vol. 54 Ch. 731
အဝေးမှ ကြီးမားပြီးအဆုံးမရှိတဲ့ကမ်းရိုးတန်းက ကောင်းရှောင်ဖုန်းနဲ့ယုဝေ့တို့ရဲ့မြင်ကွင်းထဲကို ဝင်ရောက်လာပါတယ်။ သူတို့က အလွန်စိတ်လှုပ်ရှားနေကြပြီး လီဖူချန်းကို လှည့်ကာ ခေါ်ပြောလိုက်ချင်နေတယ်။
ဖတ် ဖတ် ဖတ်...........
ခြေသံလေးတွေပေါ့။
သတိပေးစရာမလိုပါဘူး၊ လီဖူချန်းက အခန်းမှ ထွက်လာပါပြီး။
"သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက မယုံနိုင်စရာပဲ"
ဖိအားတွေ ပေးစွမ်းနေတဲ့ အဆုံးမရှိ၊ ပြိုင်ဘက်ကင်းစိတ်တန်ခိုးစွမ်းအားတစ်ခုကို လီဖူချန်းက ခံစားနေရပါတယ်။
ဒီကမ္ဘာကြီးမှာ သူတော်စင်တွေရဲ့အထက်တစ်ခုခုရှိတယ်ရင် အဲဒါက သေချာပေါက် အဆင့်မြင့်တိုက်ကြီးစိတ်တန်ခိုးစွမ်းအားတစ်ခုပါပဲ။
ကမ်းရိုးတန်းက သိပ်မဝေးပုံပေါ်တယ်၊ ဒါပေမယ့် အဲဒါက မယုံနိုင်လောက်အောင် ဝေးပါတယ်။ သူတောင်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ခြေချနိုင်ဖို့ ငွေလေသင်္ဘောက တစ်ပတ်လောက် ခရီးနှင်လိုက်ရပါတယ်။
"ဒီနေရာမှာ ရှိတဲ့ ကောင်းကင်နဲ့မြေကြီးစွမ်းအားက ပျံသန်းငွေကျွန်းထက် အဆများစွာ သန့်စင်တာပဲ" ကောင်းရှောင်ဖန်းက လေကို အငမ်းမရ ရှူရှိုက်လိုက်လေတယ်။
အချိန်တိုအတွင်း သူတို့သုံးယောက်က ငွေလေသင်္ဘောကို စီးပြီး ဆိပ်ကမ်းမြို့တစ်ခုကို ရောက်ရှိလာပါတယ်။
ဒီဆိပ်ကမ်းမြိုကို နေ့ပင်လယ်မြို့လို့ ခေါ်ပြီး အဲဒါက အမှန်တကယ် စည်ကားပါတယ်။ လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံနဲ့ တစ်ချက် ကြည့်လိုက်ပြီး ပျံသန်းငွေမြို့ထက် ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေ ပိုများတာကို သိလိုက်ရတယ်။ အနည်းဆုံး ၇၀၀၀ကနေ ၈၀၀၀ထိ ရှိပါတယ်။
"မူလပင်လယ်နယ်ပယ်ဘုရင်တွေကတော့ နေရာတိုင်းမှာ ရှိနေတာပဲ"လီဖူချန်းက ရေရွတ်လိုက်မိလေတယ်။
လီဖူချန်းက လှည့်ပြီး စုံတွဲကို ပြောလိုက်ပါတယ်"ငါတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်လာပြီးဆိုတော့ ခွဲခွာဖို့ အချိန်တန်ပြီး။ ဒီသိုလှောင်အိတ်က ငါ့ဆီက လက်ဆောင်သေးသေးလေးပါ"
စကားပြောနေရင်း လီဖူချန်းက သိုလှောင်အိတ်ကို ယူထုတ်ပြီး ကောင်းရှောင်ဖန်းကို ကမ်းပေးလိုက်ပါတယ်။
လီဖူချန်းက သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့တာကြောင့် ကောင်းရှောင်ဖန်းက ငြင်းပယ်ချင်နေပါတယ်။သူက လက်ခံဖို့အတွက် အတော်လေး ရှက်နေတယ်။
လီဖူချန်းက ပြောလိုက်တယ်"မင်းတို့မှာ မင်းတို့ကိုယ်မင်းတို့ရော၊ မင်းတို့ဂရုစိုက်တဲ့သူတွေကိုရော ကာကွယ်ဖို့ စွမ်းအားလုံလုံလောက်လောက်ရှိလာတဲ့တစ်နေ့ကျရင် မင်းတို့က ငြင်းပယ်နိုင်စွမ်းရှိလာမှာပါ"
ကောင်းရှောင်ဖုန်းက တစ်ခဏ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်လိုက်တယ်"ရှောင်ဖုန်းက စီနီယာရဲ့ကြင်နာမှုကို တစ်သက်လုံး မမေ့ပါဘူး"
"ကြိုးစားရှင်သန်ကြပါ"
လီဖူချန်းက ကောင်းရှောင်ဖုန်းရဲ့ပခုံးကို ပုတ်ပြီး ငွေလေသင်္ဘောထဲကို ဝင်သွားလိုက်တယ်။ ငွေလေသင်္ဘောက ငွေရောင်အလင်းတစ်ခုဖြစ်လာပြီး ပျောက်ကွယ်သွားပါတော့တယ်။
နေ့ပင်လယ်မြို့က ဆိပ်ကမ်းမြို့တစ်မြို့သာဖြစ်ပြီး လီဖူချန်းက ဒီနေရာမှာ နေဖို့ အစီအစဉ်မရှိပါဘူး။
လီဖူချန်း ထွက်သွားပြီးတာနဲ့ ကောင်းရှောင်ဖုန်းက သိုလှောင်အိတ်ကို ဖွင့်လိုက်တယ်။
"ရှောင်ဖုန်း၊ အထဲမှာ ဘာလဲ" ယုဝေ့က သိချင်စိတ်အပြည့်နဲ့ မေးလိုက်တယ်။
"ကြည့်လိုက်" ကောင်းရှောင်ဖုန်းက အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်ရပါတယ်၊ သူက သိုလှောင်အိတ်ကို ယုဝေ့ကို ကမ်းပေးလိုက်လေတယ်။
ယုဝေ့က တစ်ချက်ကြည့်လိုက်ပြီး သူမပါးစပ်ကိုတောင် မစေ့နိုင်တော့ပါဘူး။
သိုလှောင်အိတ်အတွင်းရှိပစ္စည်းတွေက များလွန်းပါတယ်။
အလယ်ဆင့်ငွေလေသင်္ဘောတစ်စင်း၊ ကောင်းကင်အဆင့်ပစ္စည်းအနည်းငယ်နဲ့ ကျောက်စိမ်းစာလိပ်သုံးခုတို့ ပါရှိပါတယ်။
အလယ်ဆင့်ငွေလေသင်္ဘောတစ်စင်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းခန့်ရှိပါတယ်။
ကောင်းကင်အဆင့်ပစ္စည်းရဲ့တန်ဖိုးကလည်း အလွန်မြင့်မားပါတယ်။ ကောင်းကင်အဆင့်နိမ့်လက်နက်တစ်ခုက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးထောင်အနည်းငယ်ခန့်ကျသင့်ပါတယ်။ ကောင်းကင်အဆင့်နိမ့်ချပ်ဝတ်ကတော့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းခန့် ရှိပါတယ်။ အခု သူတို့နှစ်ယောက်က ကောင်းကင်အဆင့်နိမ့်လက်နက်တွေကို ပိုင်ဆိုင်ခွင့်ရရှိပါပြီး။
နောက်ဆုံး၊ ဒီကျောက်စိမ်းစာလိပ်သုံးခု။ ယုဝေ့ရဲ့မသိစိတ်က ကျောက်စိမ်းစာလိပ်သုံးခုက ပိုတန်ဖိုးကြီးမယ်ဆိုတာကို ပြောပြခဲ့ပါတယ်။
"ရှောင်ဖန်း၊ ကျောက်စိမ်းစာလိပ်တွေကို မြန်မြန်ဖွင့်ကြည့်ရအောင်" ယုဝေ့က ကျောက်စိမ်းစာလိပ်တွေကို ယူပြီး ကောင်းရှောင်ဖန်းကို ကမ်းပေးလိုက်ပါတယ်။
"ကောင်းပြီး" ကောင်းရှောင်ဖုန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အတွင်းကို ဝင်သွားလေတယ်။
ဆွစ်..........
ဓားအလင်းတန်းတစ်ခုက စိတ်ဝိညာဉ်ထဲမှာ ပေါ်ထွက်လာပြီး ကောင်းရှောင်ဖုန်းကို နေရာမှာတင် အေးခဲသွားစေလိုက်ပါတယ်။
ကျောက်စိမ်းစာလိပ်သုံးခုမှာ ဓားအနုပညာနှစ်ခုနဲ့ ကောင်းကင်အလယ်ဆင့်ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ပါဝင်ပါတယ်။
ဓားအနုပညာနှစ်ခုကတော့ ဂရုဏာမဲ့ဓားသွားနဲ့ ကောင်းကင်လက်စွပ်ဓားချပ်ဝတ်တို့ပါ။ ကျင့်ကြံခြင်းနည်းလမ်းက နတ်မီးတောက်ဓားစွမ်းအင်နည်းလမ်းပါပဲ။
ကောင်းရှောင်ဖုန်းက စိတ်လှုပ်ရှားနေတော့တယ်။သူက လီဖူချန်းလို ဓားသမားတစ်ယောက်ဖြစ်ပြီး ကြယ်ရှစ်ပွင့်မီးတောက်အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပါတယ်။ ဒီဓားအနုပညာတွေနဲ့ ကျင့်ကြံခြင်းနည်းလမ်းက သူ့အတွက် အလွန် သင့်တော်ပါတယ်။ သူကသာ အဲဒါတွေကို အောင်မြင်စွာ ကျင့်ကြံနိုင်ရင် သူ့ရဲ့ခွန်အားက ဆယ်ဆ ဒါမှမဟုတ် အဆများစွာ တိုးတက်လာမှာပါ။
…
အမြင့်တစ်ခုမှာငွေရောင်အလင်းတန်းတစ်ခုက ပျံသန်းနေပါတယ်။
ငွေလေသင်္ဘောရဲ့ဦးပိုင်းမှာ လီဖူချန်းက ရပ်နေလေတယ်။
ကောင်းရှောင်ဖုန်းကို ထိုလက်ဆောင်တွေ ပေးရတဲ့အကြောင်းပြချက်က သူက ကောင်းရှောင်ဖုန်းကို မျှော်လင့်ချက် ကြီးကြီးထားထားလို့ပါပဲ။
သူ့ရဲ့အကူအညီမပါဘဲနဲ့ ကောင်းရှောင်ဖုန်းရဲ့ပါရမီနဲ့ဉာဏ်အမျှော်အမြင်အရ သူသာ အသတ်မခံရဖူးဆိုရင် ရာစုနှစ်အနည်းငယ်ကြာပြီးနောက် သူက ထိပ်သီး(ထိပ်တန်း)အဆင့်မဟာဧကရာဇ်တစ်ယောက်ဖြစ်လာမှာပါ။ လီဖူချန်းရဲ့ထွက်ပေါ်လာမှုက ဖြစ်စဉ်ကို မြန်စေရုံမျှသာပါပဲ။
…
သေမင်းမြူလွင့်ပြယ်သွားတာနဲ့အတူ ပျံသန်းငွေကျွန်းနဲ့သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကြားမှာ ဆက်သွယ်ချိတ်ဆက်မှုတွေ များစွာရှိလာပါတယ်။ ပျံသန်းငွေကျွန်းကနေ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ခရီးသွားတဲ့သူတွေ အများကြီး ရှိပါတယ်၊ အပြန်အလှန်ပေါ့လေ။
သည်နေ့မှာတော့ နေ့ပင်လယ်မြို့အထက် ကောင်းကင်မှာ အဆင့်မြင့်ငွေလေသင်္ဘောတစ်စင်း ထွက်ပေါ်လာပါတယ်။
ငွေလေသင်္ဘောအတွင်းမှာတော့ ပျံသန်းငွေကျွန်းမှ အမွှေးအကြီးအကဲနှစ်ယောက် ပါလာပါတယ်။
"ကောင်းကင်ရေတက်မကျင်ဂိုဏ်းခွဲက ပတ်ဝန်းကျင်မှာရှိတဲ့ မြို့တွေအတွက် တာဝန်ယူထားတယ်။ သတင်းကို တက်မကျင်ဂိုဏ်းခွဲကို ပို့ပြီး ထိုလူကို သတ်ဖို့ ကျွမ်းကျင်သူတွေကို စေလွှတ်ခိုင်းလိုက်ပါ"
ကောင်းကင်ရေတက်မကျင်ဂိုဏ်းခွဲမှာ တက်မကျင်ဆရာသခင်တစ်ယောက်နဲ့ ယဇ်ပလ္လင်ဆရာသခင်ခြောက်ယောက် ရှိပါတယ်။ သူ့ကို သတ်ရတာ အရမ်းလွယ်ကူမှာပါ"
ကောင်းကင်ဖောက်အဖွဲ့မှာ အမွှေးအကြီးအကဲ၊ ခန်းမသခင်၊ ယဇ်ပလ္လင်ဆရာသခင်နဲ့ တက်မကျင်ဆရာသခင် ဆိုပြီး အဖွဲ့ဝင်တွေကို ရာထူးအဆင့်ဆင့် ခွဲထားပါတယ်။
ယဇ်ပလ္လင်ဆရာသခင်တစ်ယောက်ရဲ့ခွန်အားက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၁၀၀၀အတွင်း ဝင်ပါတယ်။ အားအကောင်းဆုံးယဇ်ပလ္လင်ဆရာသခင်ကတော့ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၇၀၀ပတ်လည်လောက်မှာ ရှိပါတယ်။
တက်မကျင်ဆရာသခင်တစ်ယောက်ရဲ့ခွန်အားအနေနဲ့ အားအနည်းဆုံးလူကတောင် မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၅၀၀အတွင်း ဝင်ပါတယ်။ အသန်မာဆုံးကတော့ ထိပ်ဆုံး၁၀၀အတွင်း ရှိပါတယ်။
အမွှေးအကြီးအကဲနှစ်ယောက်ရဲ့ ထင်မြင်ချက်အရ လီဖူချန်းက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရဲ့ထိပ်ပိုင်းရာအနည်းငယ်အတွင်းမှာ ရှိလောက်မှာပါ။ ယဇ်ပလ္လင်ဆရာသခင်တစ်ယောက်တည်းနဲ့တော့ လီဖူချန်းကို မယှဉ်နိုင်ပါဘူး၊ ဒါပေမယ့် သုံးလေးယောက်ပေါင်းလိုက်ရင်တော့ ရင်ဆိုင်နိုင်လောက်မှာပါ။ တက်မကျင်ဆရာသခင်ကိုယ်တိုင် လှုပ်ရှားရင်တော့ လီဖူချန်းတစ်ယောက် အသက်ရှင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။
…
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် အဆင့်မြင့်ငွေလေသင်္ဘောတစ်စီးက နေ့ပင်လယ်မြို့ရဲ့အနီးဝန်းကျင်ကို ရောက်ရှိလာပါတယ်။
ငွေလေသင်္ဘောပေါ်မှာတော့ မြောင်ဟိုင်လုံနဲ့ မြောင်ကလန်ရဲ့ဧကရာဇ်တစ်စု ရှိနေပါတယ်။
"မင်းက ငါလိုချင်တဲ့အမျိုးသမီးကို လုရဲတယ်ပေါ့။ မင်း သေကိုသေရမယ်" မြောင်ဟိုင်လုံရဲ့မျက်နှာက မည်းမှောင်နေတော့တယ်။
သူက ယုဝေ့ကို တစ်ကယ်ချစ်သွားတာပါ၊ မဟုတ်ရင် သူက ဈေးကြီးတဲ့စိတ်ခံစားမှုဖျောက်ဖျက်ဆေးကို သူမအပေါ် သုံးစွဲလိမ့်မှာ မဟုတ်ပါဘူး။
လီဖူချန်းက ယုဝေ့ကို ကယ်ထုတ်သွားတာကြောင့် သူက လီဖူချန်းကို သတ်ပစ်ဖို့ ကျိန်ဆိုခဲ့ပါတယ်။
မြောင်ဟိုင်လုံက မြောင်ကလန်ရဲ့သာမန်တိုက်ရိုက်သွေးမျိုးဆက်တစ်ယောက်မဟုတ်ဘူးဆိုတာကို လီဖူချန်းက မသိခဲ့ပါဘူး။ ဆေဘာသရဲ၊ မြောင်ရှန်းယုက မြောင်ဟိုင်လုံရဲ့ ဒုတိယအဖိုးပါ။ မြောင်ဟိုင်လုံက အမှားတစ်ခုလုပ်ခဲ့တာကြောင့် အပြစ်ပေးတဲ့အနေနဲ့ ပျံသန်းငွေကျွန်းမှာ အနှစ်နှစ်ဆယ်တိတိနေဖို့ ပို့လိုက်တာပါ။
"သခင်လေး ဟိုင်လုံ၊ အကြီးအကဲကို လှုပ်ရှားဖို့ မေးစရာမလိုပါဘူး။ မြောင်ကလန်မှာ အကြီးအကဲနှစ်ယောက်အပြင် မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ တစ်ထောင်အတွင်းဝင်တဲ့သူ တစ်ယောက်ရှိသေးတယ်လေ။ သူ့အနေနဲ့ လှုပ်ရှားဖို့ လုံလောက်မှာပါ"
မြောင်ဟိုင်လုံက ပြောလိုက်တယ်" မင်းက မြောင်ရွှယ်ဖုန်းကို ပြောတာလား"
မြောင်ရွှယ်ဖုန်း၊ နတ်ဆိုးလေဆေဘာဓားလို့ အမည်ရထားသူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရဲ့၇၁၃မှာ ရှိပါတယ်။
သူတို့အတွက် ကံကောင်းသွားတာက လီဖူချန်းရဲ့အကြံအတိုင်း ကောင်းရှောင်ဖုန်းနဲ့ယုဝေ့တို့က ရုပ်ဖျက်နေခဲ့ပါတယ်။ မဟုတ်ရင် သူတို့က အလွယ်တကူ ဖော်ထုတ်ခံလိုက်ရပါပြီး။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း တစ်ယောက်ယောက်က သူတို့နဲ့လီဖူချန်းကို နေ့ပင်လယ်မြို့မှာ ရှာဖွေနေတာကို သူတို့က ခံစားမိနေပါတယ်။ သူတို့ကသာ ရုပ်ဖျက်မနေဘူးဆိုရင် အလွယ်တကူရှာတွေ့သွားပြီး ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်လောက်ပါဘူး။
***