← Chapters

ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာ

Vol. 54 Ch. 732

ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာ

Vol. 54 Ch. 732

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ မြို့တွေ မရေတွက်နိုင်လောက်အောင် ရှိပါတယ်။ တိုက်ကြီးတစ်ခုလုံးမှာ မြို့ဘယ်လောက်‌တောင်ရှိသလဲကို တစ်ယောက်မှ မသိပါဘူး။ နေ့တိုင်းမှာ မြို့အချို့က ဖျက်ဆီးခံလိုက်ရပြီး မြို့အသစ်တွေက ပေါ်ပေါက်လာပါတယ်။

လီဖူချန်းသိထားတာအရ မြို့တွေကို ဘယ်အချိန်မဆို ဖန်တီးနိုင်ပါတယ်၊ ဒါပေမယ့် အဓိကပြဿနာက မင်းက မြို့ကို ကာကွယ်နိုင်သလားပါပဲ။

အစပိုင်းမှာ မြို့ပေါ်ကို ပျံသန်းတဲ့အခါတိုင်း လီဖူချန်းက တစ်ချက်တစ်ချက်ကြည့်လေ့ရှိပါတယ်။ နောက်ပိုင်းကျတော့ သူက မြို့တွေကို လစ်လျူရှုလိုက်လေတော့တယ်။

ပျံသန်းငွေကျွန်းနဲ့နှိုင်းယှဉ်ရင် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက သိသိသာသာ ပိုစည်ကားလာပြီး ငွေလေသင်္ဘောကို အချိန်တိုင်း မြင်ရနိုင်‌လေတယ်။

အုမ်း ဂျိန်း.......

ထိတ်လန့်စရာစွမ်းအင်လှိုင်းတစ်ခုက အရှေ့မှာ ပေါ်ပေါက်နေပြီး တစ်ယောက်ယောက်က ကုန်သည်အုပ်စုရဲ့ငွေလေသင်္ဘောကို လုယက်နေတာကို သိဖို့ လီဖူချန်းက ခန့်မှန်းစရာ‌တောင် မလိုပါဘူး။

ကုန်သည်အုပ်စုရဲ့ငွေလေသင်္ဘောကို လုချင်တဲ့ ဘယ်သူမဆို အားကောင်းတဲ့ဂိုဏ်းတစ်ခုမှ ဖြစ်ရပါမယ်။ ဂိုဏ်း‌လေးတစ်ခုက အဲလို မလုပ်နိုင်ပါဘူး။

လီဖူချန်းက စွက်ဖက်ဖို့ အစီအစဉ် မရှိပါဘူး၊ ငွေလေသင်္ဘောကို ပိုမြင့်တဲ့နေရာကနေ ပျံသန်းစေလိုက်ပါတယ်။

ရှောင်ပြီးသွားဖို့ဆိုတာကတော့ လီဖူချန်းက အချိန်ကို ဖြုန်းဖို့ ဆန္ဒမရှိပါဘူး။

"ဒီလမ်းက ပိတ်ထားတယ်။ ရှောင်ပြီးသွားပါ"

ငွေလေသင်္ဘောက တိကျတဲ့အမြင့်တစ်ခုကို ရောက်တာနဲ့ အဆင့်မြင့်ဧကရာဇ်နှစ်ယောက်က လီဖူချန်းကို တားဆီးလိုက်ပါတယ်။

"တွက်သွားစမ်း"

လီဖူချန်းက ငွေလေသင်္ဘောကို ထိန်းချုပ်ထားပြီး ရိုက်နှက်မှုတစ်ခုနဲ့အတူ ထိုနှစ်ယောက်ကို လွင့်ထွက်စေလိုက်ပါတယ်။

"ရန်သူက တိုက်ခိုက်နေပြီး" လွင့်ထွက်သွားတဲ့လူနှစ်ယောက်က လျင်မြန်စွာ စစ်ကူခေါ်လိုက်လေတယ်။

ရုတ်တရက် အဆင့်မြင့်ဧကရာဇ်ခုနှစ်ယောက်၊ရှစ်ယောက်လောက်က လီဖူချန်းကို ဝိုင်းလိုက်ပါတယ်။

အရှေ့မှာတော့ လူအယောက်တစ်ရာက ‌အဆင့်မြင့်ငွေလေသင်္ဘောကို ဝိုင်းထားနေပါတယ်။ ခေါင်းဆောင်က ယုတ်မာရက်စက်ပုံပေါ်တဲ့လူတစ်ယောက်ပါ။ သူက ရဲတင်းနက်မဟာဧကရာဇ်ထက် ပိုသန်မာပြီး ထိပ်သီး(ထိပ်တန်း)အဆင့်မဟာဧကရာဇ်တစ်ယောက် ဖြစ်ပါတယ်။

လူတစ်ရာလုံးက အဆင့်မြင့်ငွေလေသင်္ဘောကို တိုက်ခိုက်နေပြီး တိုက်ခိုက်မှုအချို့ပြီးနောက် အဆင့်မြင့်ငွေလေသင်္ဘောက ပျက်စီးသွားပါတယ်။

ပုံရိပ်အချို့က အတွင်းမှ ထွက်လာပါတယ်။

အုပ်စုခေါင်းဆောင်ကတော့ မီးခိုရောင်ဆံပင်နဲ့သတ်လတ်ပိုင်းလူတစ်ယောက်ပါ။ သူက ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းရှိပြီး အားကောင်းတဲ့ချီစွမ်းပကားရှိပါတယ်။ သူ့ရဲ့ချီတည်ရှိမှုက ယုတ်မာတဲ့လူရဲ့ အထက်မှာ ရှိပါတယ်၊ သူ့အနောက်မှာတော့ မောင်နှမနှစ်ယောက်ရှိပါတယ်။ အကြီးမလေးက အသက်နည်းနည်းကြီးပြီး ၁၂ဒါမှမဟုတ် ၁၃နှစ် လောက်မှာ ရှိပါတယ်၊ အငယ်ကောင်လေးကတော့ အသက် ၇နှစ် ဒါမှမဟုတ် ရှစ်နှစ်လောက် ရှိ‌ပါတယ်။

"မြွေနက်မဟာဧကရာဇ်၊ မင်းက ဘာလို့ ဒီလောက်တောင်ရက်စက်နေရတာလဲ။  ကလန်ခေါင်းဆောင်ပြန်လာတဲ့တစ်နေ့ကျရင် သူက မင်းကို ခွင့်လွှတ်ပေးမယ်လို့ မင်းထင်လား" မိးခိုရောင်‌ဆံပင်နဲ့လူက အော်လိုက်လေတယ်။

မြွေနက်ဧကရာဇ်က ရယ်ကာ ပြောလိုက်တယ်" ကလန်ခေါင်းဆောင်လား။ သူ သေသွားတာကြာပြီး မဟုတ်ရင် ဒီလောက်‌ရာစုနှစ်များစွာကြာတေင် သူ ပြန်လာပြီးပေါ့။ အခု ဝူကလန်ရဲ့ခေါင်းဆောင်က အရှင်ဝူချန်းကန်ပဲ။ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်၊ ငါ မင်းကို အခု လက်နက်ချဖို့ အကြံပေးချင်ပါတယ် ။မဟုတ်ရင် ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်ပါနဲ့"

"ဒီ‌လူတွေလောက်နဲ့ မင်းက ငါ့ကို ရပ်နိုင်လိမ့်လို့ ထင်နေတာလား"  အရိုင်းတောင်အထွတ်အထိပ်ထိပ်ဧကရာဇ်က မြွေနက်မဟာဧကရာဇ်နောက်ကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်။

" အရိုင်းတောင်အထွတ်အထိပ်ထိပ်ဧကရာဇ်၊ မင်း ရူးများ နေတာလား။ ဝူကလန်က တစ်ချိန်က သူတော်စင်ကလန် ဖြစ်ခဲ့ပြီး အဆင့်ရှစ်တိုက်ပွဲနည်းဗျူဟာတွေ အများကြီး ရှိတယ်။ ဘယ်တိုက်ပွဲနည်းဗျူဟာမဆို မင်းကို ရင်ဆိုင်ဖို့ လုံလောက်တယ်"

မြွေနက်မဟာဧကရာဇ်က ပြောပြီးနောက် သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်လေတယ်" နည်းဗျူဟာကို ပြင်ဆင်လိုက်တော့၊ ပြီးရင် သူတို့ကို ဖမ်းလိုက်ကြ"

"ဟုတ်"

မြွေနက်မဟာဧကရာဇ်ရဲ့လူအများစုက အလယ်ဆင့်ဧကရာဇ်တွေပါ။ သူ အမိန့်ပေးပြီးတာနဲ့ အလယ်ဆင့်ဧကရာဇ်၁၀၈ယောက်က နည်းဗျူဟာကို ဖွဲ့စည်းပြီး  အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ကို ကြောက်စရာကောင်းတဲ့တိုက်ပွဲနည်းဗျူဟာစွမ်းအားတစ်ခုနဲ့ ချက်ချင်း တိုက်ခိုက်လိုက်ကြပါတယ်။

"ကောင်းကင်မြေကြီး တိုက်ပွဲနည်းဗျူဟာ" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ရဲ့မျက်နှာက မည်းမှောင်သွားတော့တယ်။

ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာက လူ၁၀၈ယောက်ရဲ့စွမ်းအားအားလုံးကို အားတစ်ခုတည်းဖြစ်အောင် စုစည်းပေးနိုင်ပါတယ်။ တိုက်ပွဲနည်းဗျူဟာတိုးမြင့်လာတာနဲ့အတူ လူ၁၀၈ယောက်ရဲ့ခွန်အားကို ဆယ်ဆတိုးမြင့်လာစေဖို့ လုံလောက်ပါတယ်။ အခြားတစ်မျိုးပြောရရင် လူ၁၀၈ယောက်က ထိပ်သီး(ထိပ်တန်း)မဟာဧကရာဇ်တစ်ယောက်နဲ့ ညီမျှပါတယ်။ ဒါပေမယ့် အဲဒါက ကြောက်စရာအကောင်းဆုံးအချက်မဟုတ်ပါဘူး၊ ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာက အားတွေကို လမ်းလွှဲပေးနိုင်ပါတယ်။ ရန်သူက စွမ်းအား၁၀၀ရာခိုင်နှုန်းအပြည့်နဲ့ တိုက်ခိုက်လိုက်မယ်ဆိုရင် စွမ်းအားရဲ့၇၀၊ဒါမှမမဟုတ် ၈၀ရာခိုင်နှုန်းကို တိုက်ပွဲနည်းဗျူဟာက လမ်းလွှဲပေးနိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ခွန်အားက တိုက်ပွဲနည်းဗျူဟာရဲ့အထက်မှာ မရှိဘူးဆိုရင် လုံလောက်လိမ့်မှာ မဟုတ်ပါဘူး။

"သခင်လေးနဲ့သခင်မလေးတို့ကို ကောင်းကောင်းကာကွယ်ကြပါ"

မတိုက်ခိုက်ဘဲနဲ့  အရိုင်းတောင်အထွတ်အထိပ်ထိပ်ဧကရာဇ်က အညံ့ခံမှာ မဟုတ်ပါဘူး။  သူက ‌ကလေးနှစ်ယောက်ကို ကာကွယ်ဖို့ ပြောပြီး သူ့ရဲ့ဥပဒေဿပြောင်းလဲခြင်းကို ထုတ်ဖော်လိုက်ပါတယ်။  ပြီးနောက် အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို ထိုးနှက်လိုက်ပါတယ်။

ဘုံး.......

ကြောက်စရာကောင်းတဲ့ချီလှိုင်းတစ်ခု ဖြစ်တည်လာပြီး  အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က လွင့်ထွက်သွားလေတယ်၊ ဒါပေမယ့် ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာက နည်းနည်းသာ လှုပ်ခါသွားတယ်။

" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်၊ မင်းက ခေါင်းမာနေမှတော့ သေပေါ့။ နောက်ထပ်ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို ဆင်လိုက်ကြ"

မြွေနက်မဟာဧကရာဇ်က ကိုယ်တိုင်လှုပ်ရှားဖို့ ရည်ရွယ်ချက်မရှိပါဘူး။ အဲအစား၊ သူက နောက်ထပ်အလယ်ဆင့်ဧကရာဇ်၁၀၈ယောက်ကို ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို ဆင်ဖို့ အမိန့်ပေးလိုက်တယ်။

ဘုံး ဘုံး ဘုံး.........

ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာနှစ်ခုနဲ့ ရင်ဆိုင်ရတဲ့အတွက်ကြောင့်  အရိုင်းတောင်အထွတ်အထိပ်ထိပ်ဧကရာဇ်က ပြန်တောင် မတိုက်ခိုက်နိုင်တော့ပါဘူး။ အချိန်တိုအတွင်းမှာ သူ့ရဲ့ဥပဒေဿပြောင်းလဲခြင်းက ပျက်စီးပြီး သွေးတွေ အန်ထွက်သွားရတော့တယ်။

အရိုင်းတောင်အထွတ်အထိပ်ထိပ်ဧကရာဇ်ကလဲကျခါနီးမှာ ပုံရိပ်ဒါဇင်ခန့်က ရိုက်နှက်ခံလိုက်ရပြီး သွေးတွေနဲ့ ရွှဲရွှဲစိုသွားလေတယ်။

"ဘာဖြစ်နေတာလဲ"မြွေနက်မဟာဧကရာဇ်က ကြည့်လိုက်‌တယ်။

"မြွေနက်မဟာဧကရာဇ်၊ ဒီလူက ဒုက္ခရှာနေတာပဲ၊ သုက ငါတို့ညီအကိုတွေကိုတောင် ဒဏ်ရာစေရဲတယ်" ပြင်းထန်စွာဒဏ်ရာရသွားတဲ့မဟာဧကရာဇ်တစ်ယောက်က ပြောလိုက်တယ်။

"ဟမ့်၊သူက ဒုက္ခကို ရှာနေမှတော့ သူ့ကို သေခွင့်ပေးလိုက်ကြတာပေါ့။ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို ဆင်လိုက်ကြ"

မြွေနက်မဟာဧကရာဇ်က အလယ်ဆင့်ဧကရာဇ်၃၀၀ကျော်ကို ခေါ်ဆောင်လာခဲ့ပါတယ်၊ အဲဒါက ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို ဆင်ဖို့ လုံလောက်ပါတယ်။

မျက်စိတစ်မှတ်အတွင်း တတိယမြောက်ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာက ဖြစ်တည်လာပြီး တိုက်ပွဲနည်းဗျူဟာစွမ်းအားက ပြည့်လျှံလာပါတော့တယ်။

"အဆင့်ရှစ်တိုက်ပွဲနည်းဗျူဟာလား"လီဖူချန်းက ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို အကဲဖြတ်လိုက်လေတယ်။

တိုက်ပွဲနည်းဗျူဟာက အဆင့်အမျိုးမျိုးရှိပါတယ်။ အဆင့်၇တိုက်ပွဲနည်းဗျူဟာက မူလပင်လယ်နယ်ပယ်ဘုရင်တွေနဲ့ ကိုက်ညီပြီး အဆင့်၈တိုက်ပွဲနည်းဗျူဟာက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေနဲ့ ညီမျှပါတယ်။

ယေဘူယျပြောရရင် ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်တွေက အဆင့်၇တိုက်ပွဲနည်းဗျူဟာကို ဆင်မယ်ဆိုရင် ခွန်အားတိုးလာမှုက အနည်းငယ်သာဖြစ်ပြီး အသုံးမဝင်ပါဘူး။

မူလပင်လယ်နယ်ပယ်ဘုရင်တွေကတော့ အဆင့်၈တိုက်ပွဲနည်းဗျူဟာကို ဆင်ဖို့က သူတို့အတွက် ခက်ခဲပါတယ်။

ဒါကြောင့် ကိုက်ညီမှု၊လိုက်လျောညီထွေမှုရှိတဲ့တိုက်ပွဲနည်းဗျူဟာကသာ အကောင်းဆုံးတိုက်ပွဲနည်းဗျူဟာပါ။

ဒါပေမယ့် အဆင့်တူညီတဲ့တိုက်ပွဲနည်းဗျူဟာတွေမှာလည်း ခွန်အားခြားနားချက်တွေ ရှိပါတယ်။

လူတစ်ရာပါတဲ့အဆင့်ရှစ်တိုက်ပွဲနည်းဗျူဟာက လူငါးဆယ်ပါတဲ့အဆင့်ရှစ်တိုက်ပွဲနည်းဗျူဟာထက် သေချာပေါက်ပိုသန်မာပါတယ်။

ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာမှာ လူတစ်ရာရှစ်ယောက်ပါဝင်ပြီး အားကောင်းတဲ့အဆင့်ရှစ်တိုက်ပွဲနည်းဗျူဟာတစ်ခုပါ။

တိုက်ပွဲနည်းဗျူဟာကို ဖြစ်တည်စေပြီးတာနဲ့ အဆုံးမရှိချီအားက လီဖူချန်းကို တိုက်ခိုက်လာပါတယ်။

ချီစွမ်းအားက ဆန်းကြယ်လျှို့ဝှက်တိုက်ပွဲနည်းဗျူဟာဥပဒေဿပါရှိနေတာကို လီဖူချန်းက မြင်နိုင်မှာပါ။

တိုက်ပွဲနည်းဗျူဟာဥပဒေဿက လူတစ်ရာ့ရှစ်ယောက်ရဲ့စွမ်းအားကို ဇုန်သေးတစ်ခုအဖြစ် စုစည်းပြီး အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ သူတို့ကို ပေါင်းစပ်လိုက်ပါတယ်။

ဘန်း........

လီဖူချန်းက သူ့ရဲ့လက်ကို သာမန်စွာ ဝှေ့ယမ်းလိုက်ပြီး ချီအားက ပျက်စီးသွားတော့တယ်။

"ရဲတင်းနက်မဟာဧကရာဇ်ထက် ပိုသန်မာတယ်။ ဒါက စွမ်းအားကောင်းတဲ့ဂိုဏ်းအဖွဲ့အစည်းတစ်ခုရဲ့ အခြေခံအုတ်မြစ်လား"

ဒီလိုစွမ်းအားကောင်းတဲ့ကလန်တွေကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဘယ်လောက်တောင် ကြိုးပမ်းအားထုတ်ရမလဲဆိုတာ လီဖူချန်းက စိတ်ကူးနိုင်ပါတယ်။

မင်းက မဟာဧကရာဇ်သတ်မှတ်ချက်ကို ဝင်ဖို့ ကြိုးပမ်းအားထုတ်ရတယ်၊ ဒါပေမယ့် အခြားသူတွေက တစ်ရာ့ရှစ်အလယ်ဆင့်ဧကရာဇ်ကို သုံးပြီး မင်းကို ခွေးတစ်ကောင်လို့ ရိုက်နှက်နိုင်ပါတယ်။

မင်းက မဟာဧကရာဇသတ်မှတ်ချက်မှာ အဆင့်မြင့်ရင်တောင် အခြားသူတွေက အဆင့်မြင့်မဟာဧကရာဇ်တွေနဲ့ တိုက်ပွဲနည်းဗျူဟာကို ဖွဲ့စည်းနိုင်နေတုန်းပါ။

ဒါပေမယ့် တိုက်ပွဲနည်းဗျူဟာကလည်း သူ့ရဲ့အကန့်အသတ်ရှိပါတယ်။

ထိပ်ဆုံးတစ်ရာအတွင်းဝင်တဲ့မဟာဧကရာဇ်တွေက တိုက်ပွဲဝင်နည်းဗျူဟာကို ကိုင်တွယ်နိုင်တာထက် ပိုတယ်လို့ လီဖူချန်းက ယူဆထားပါတယ်။

ထိုမဟာဧကရာဇ်အများစုက ဥပဒေဿနဲ့စိတ်ဆန္ဒတွေကို နက်နက်နဲနဲနားလည်ထားပါတယ်။ တိုက်ပွဲနည်းဗျူဟာက ကြီးကြယ်နက်နဲတဲ့ဥပဒေဿကို ခက်ခက်ခဲခဲ ထုတ်ဖော်ရပြီး အရေအတွက်အသုံးပြုရာမှာလည်း အကန့်အသတ်ရှိပါတယ်။

ချီအားကို ဖျက်ဆီးပြီးနောက် လီဖူချန်းက ရန်သူတုံ့ပြန်တာကို စောင့်မနေပါဘူး၊ သူက သူ့ရဲ့လက်ချောင်းကို ဆတ်ခနဲ လှုပ်ရှားလိုက်ပါတယ်။

ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာက အားတွေကို အမှန်တကယ်လွှဲပြောင်းနိုင်ပါတယ်၊ ဒါပေမယ့် သတ်မှတ်ချက်တစ်ခုကတော့ ရန်သူရဲ့တိုက်ခိုက်မှုက တီုက်ပွဲနည်းဗျူဟာရဲ့ခုခံမှုအကန့်အသတ်အတွင်းသာ ရှိရပါမယ်။ လီဖူချန်းရဲ့လက်အားမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ဥပဒေဿနဲ့စိတ်ဆန္ဒ‌ ပါရှိပြီး လမ်း‌ကြောင်းလွှဲပြောင်းစေဖို့က မဖြစ်နိုင်ပါဘူး။

တိုက်ပွဲနည်းဗျူဟာ ပြိုပျက်သွားတာနဲ့ အလယ်ဆင့်မဟာဧကရာဇ်၁၀၈ယောက်က လွင့်ထွက်သွားလေတော့တယ်။

"ဘာလဲဟ" မြွေနက်မဟာဧကရာဇ်က ထိတ်လန့်သွားတော့တယ်။

"ကောင်းကင်လျှို့ဝှက်ဆန်းကြယ်နည်းဗျူဟာကို ဖွဲ့စည်းကြ"

မြွေနက်မဟာဧကရာဇ်ရဲ့နောက်ရှိ အဆင့်မြင့်ဧကရာဇ်၃၆ယောက်က လူ၃၆တိုက်ပွဲနည်းဗျူဟာတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။ ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာထက် အဆများစွာ ပိုသန်မာတဲ့ တိုက်ပွဲနည်းဗျူဟာစွမ်းအားတစ်ခုက ကောင်းကင်ကို ထိုးတက်သွားလေတယ်။

"သတ်စမ်း"

"ကောင်းကင်လျှို့ဝှက်ဆန်းကြယ်နည်းဗျူဟာက ချီဖြာထွက်မှုအလင်းတန်းတစ်ခုနဲ့အတူ လီဖူချန်းကို ခုတ်ပိုင်းလိုက်ပါတော့တယ်။

လီဖူချန်းက သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းပြီး ချီဖြာထွက်မှုအလင်းတန်းကို ချိုးဖျက်လိုက်လေတယ်။ နောက်တစ်ခဏမှာပဲ ကောင်းကင်လျှို့ဝှက်ဆန်းကြယ်နည်းဗျူဟာက ပျက်စီးသွားတော့တယ်။

"ဆရာ၊ ငါတို့ဝူကလန်ကို ဒုက္ခဖြစ်အောင် လုပ်နေတာလား"

မြွေနက်မဟာဧကရာဇ်က စိတ်ပျက်သွားတော့တယ်။ သူရဲ့အမြင်အရ လီဖူချန်းက မဟာဧကရာဇ်သတ်မှတ်ချက်မှာ ထိပ်သီးတစ်‌ထောင်အနီးအနားအတွင်းဝင်တဲ့ အဆင့်မြင့်မဟာဧကရာဇ်တစ်ယောက် ဖြစ်ရပါမယ်။ သို့မဟုတ်ရင် လီဖူချန်းက ကောင်းကင်လျှို့ဝှက်ဆန်းကြယ်နည်းဗျူဟာကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းက ပြောလိုက်တယ်" ငါ သွားချင်တယ်၊မင်းလူတွေက ခွင့်မပြုဘူး။ အခု ငါ မသွားချင်ဘူး၊ မင်းလူတွေက ငါက ဒုက္ခကို ရှာနေတယ်လို့ ပြောတယ်။ မင်းတို့ကသာ အရာရာကို ဆုံးဖြတ်နိုင်လိမ့်မယ်လို့ ထင်နေတာလား"

"ဆရာ၊ ငါ့ငယ်သားတွေက နားမလည်တာပါ၊ သူတို့ကို ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါတယ်"မြွေနက်မဟာဧကရာဇ်က လက်သီးဆုပ်ကာ‌ ပြောလိုက်တယ်။

"အရှင်၊ ကျေးဇူးပြုပြီး ကလေးနှစ်ယောက်ကို ကယ်ပေးပါ"  အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ရဲ့အသံက ရုတ်တရက် ထွက်ပေါ်လာပါတယ်။

မြွေနက်မဟာဧကရာဇ်ရဲ့အမူအရာက ပြောင်းလဲသွားပြီး လီဖူချန်းကို ပြောလိုက်ပါတယ်"ဒါက ငါ့ကလန်ရဲ့ ကိစ္စပါ။ မင်း ဝင်မရှုပ်ဖို့ မျှော်လင့်ပါတယ်"

"အဲဒါဆို ငါ ဝင်ရှုပ်ရင်ရော"

လီဖူချန်းက သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး  ချီအားနှစ်ခုကို ပစ်လွှတ်ကာ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ကို ဝန်းရံထားတဲ့ ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကို ချေမှုန်းလိုက်ပါတယ်။

မြွေနက်မဟာဧကရာဇ်က မကျေမချမ်းဖြစ်တဲ့လေသံနဲ့ ပြောလိုက်ပါတယ်" ငါတို့ဝူကလန်က တစ်ချိန်က သူတော်စင်ကလန်တစ်ခုဖြစ်ခဲ့တယ်။ မင်းမှာ အခုအခွင့်အရေးရှိတုန်း ထွက်သွားပါ။ မဟုတ်ရင် ငါတို့ဝူကလန်က ဒီကိစ္စကို အေးအေးဆေးဆေး ထားနေမှာ မဟုတ်ဘူး"

"တစ်ချိန်က သူတော်စင်ကလန်လား။ အဲဒါဆို မင်းတို့မှာ အခု သူတော်စင်တစ်ယောက်မရှိဘူးလို့ ဆိုလိုတာပဲ"လီဖူချန်းက သာမန်ဆန်စွာ ပြုံးလိုက်တယ်။

ယ

သူတော်စင်မဟုတ်သရွေ့ သူ့အတွက် ကြောက်စရာမရှိပါဘူး။ ကလန်မှာ လီဖူချန်းမချိုးဖျက်နိုင်တဲ့ အဆင့်ကိုးအစီအရင် ရှိချင်ရှိနိုင်ပါတယ်၊ ဒါပေမယ့် သူတို့က သူ့ကို ရန်စဖို့တော့ အရည်အချင်းမရှိပါဘူး။

"မင်းက ငါတို့ဝူကလန်ရဲ့အရေးကိစ္စကို တကယ်ပဲ ဝင်စွက်ဖက်ချင်တာလား"မြွေနက်မဟာဧကရာဇ်ရဲ့လေသံက တင်းမာ‌နေပါတယ်။

"ငါ သေချာပေါက်ဝင်စွက်ဖက်တာပေါ့၊ ထွက်သွားစမ်း"

လီဖူချန်းက သူ့ရဲ့မျက်လုံးကို ကျဉ်းမြောင်းစေပြီး မြွေနက်မဟာဧကရာဇ်ကို လွင့်ထွက်သွားစေလိုက်ပါတယ်။

"သွားကြစို့"

မြွေနက်မဟာဧကရာဇ်က သူ့လူတွေကို ခေါ်ပြီး ထွက်သွားပါတော့တယ်။ လီဖူချန်းက စွမ်းအားကောင်းလွန်းအားကြီးပါတယ်၊ သူတို့ကလန်က အားအကောင်းဆုံးကျွမ်းကျင်သူကို မစေလွှတ်ရင် လီဖူချန်းကို ရင်ဆိုင်နိုင်လိမ့်မှာ မဟုတ်ပါဘူး။

***

All Chapters