ယှဉ်နိုင်တယ်တဲ့လား
Vol. 54 Ch. 733
"တရားမျှတမှုကို လက်ကိုင်ထားပြီး ကျွန်တော်တို့ကို ကယ်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ် အရှင်။ ကလေးနှစ်ယောက်ကိုယ်စား ကျေးဇူးတင်ပါတယ် အရှင်"
ဒဏ်ရာအပြင်းအထန်ရထားတဲ့အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ဒူးထောက်ပြီး ပြောလိုက်လေတယ်။ သူ့ရဲ့အသက်ကို ကလန်ခေါင်းဆောင်က ကယ်ထားတာပါ၊ လီဖူချန်းက ကလေးနှစ်ယောက်ကို ကယ်ပေးထားတာကြောင့် သူက သေပေးဖို့တောင် ဆန္ဒရှိပါတယ်။
လီဖူချန်းက လက်ကို ဝှေ့ယမ်းပြီး အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ကို ထရပ်စေလိုက်ပါတယ်။
"ဒါက ကိစ္စလေးတစ်ခုပါ"လီဖူချန်းက ပြောလိုက်တယ်။
သူက အဲဒီလို ကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ချင်ပါဘူး၊ ဒါပေမယ့် မြွေနက်မဟာဧကရာဇ်က စိတ်ကြီးဝင်လွန်းနေတယ်လေ။
"မင်းတို့ ဘယ်ကို သွားမလို့လဲ။ သိပ်မဝေးဘူးဆိုရင် ငါက လိုက်ပို့ပေးနိုင်ပါတယ်"
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က တစ်ချက် ငြိမ်တန့်သွားပြီးနောက် ပြောလိုက်တယ်"အရှင်၊ ကျေးဇူးပြုပြီး သခင်မလေးနဲ့သခင်လေးကို မြစ်စီရင်စုရဲ့ထုံကလန်ကို ပို့ပေးပါ။ သူတို့ရဲ့အဖေဘက်မှအဒေါ်က အဲမှာ ရှိတယ်။ ဒါက ဆက်သွယ်ရေးတိုကင်ပါ။ အရှင် ထုံကလန်အနီးနားရောက်တာနဲ့ သူမကို အကြောင်းကြားနိုင်ပါတယ်။ ငါ့အကိုနဲ့ငါက ဝူကလန်ရဲ့အာရုံကို ဆွဲခေါ်သွားမယ်"
လီဖူချန်းက ပြောလိုက်တယိ"အဲလောက်ထိ ဒုက္ခခံစရာမလိုပါဘူး၊ အတူလိုက်လာပါ"
ဝူကလန်မှာ သူတော်စင်မရှိသရွေ့ လီဖူချန်းက ကြောက်စရာမလိုပါဘူး။
"အရှင်၊ အရှင်က ဝူကလန်အကြောင်း ကောင်းကောင်းမသိလို့ပါ။ သူတို့က တစ်ချိန်က သူတော်စင်ကလန်ဖြစ်ခဲ့တယ်။ သူတို့မှာ အခုတော့ သူတော်စင်တော့မရှိဘူး၊ ဒါပေမယ့် သူတော်စင်တွေချန်ထားတဲ့ပစ္စည်းတွေက သေးသေးမွှားမွှားမဟုတ်ဘူး။ စောစောက ကောင်းကင်မြေကြီးတိုက်ပွဲနည်းဗျူဟာကိုပဲ ကြည့်လေ။ ဒါ့ပြင် ဝူကလန်မှာ ကောင်းကင်အဆင့်မြင့်ပစ္စည်းတွေ၊ လက်နက်တွေ၊ ချပ်ဝတ်တွေနဲ့ အခြားအရာတွေ အများကြီးရှိတယ်။ အရေးကြီးဆုံးက ဝူကလန်ရဲ့အဖွဲ့ဝင်သုံးယောက်က မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၁၀၀၀အတွင်း ဝင်တယ်။ သူတို့ထဲက တစ်ယောက်က အဆင့်၁၀၀အတွင်းတောင် ဝင်တယ်"
လီဖူချန်းက ရယ်လိုက်မိတယ်" ဒါဆိုရင် မင်းကရော ငါနဲ့ပတ်သက်ပြီး ဘယ်လောက်များသိလို့လဲ။ သွားကြစို့၊ ငါက ဝင်စွက်ဖက်ရဲမှတော့ ငါ ဘုလုပ်နေတာကို ငါ သိပါတယ်"
"အရှင်"
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က လီဖူချန်းကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်လေတယ်။ လီဖူချန်းရဲ့ခွန်အားက သူမှန်းထားတာထက် ကျော်လွန်နေတာကို သူ ဘယ်လိုလုပ်သိနိုင်မှာလဲ။
နောက်ဆုံးမှာတော့ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က လီဖူချန်းနဲ့အတူ သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လမ်းတစ်လျှောက်မှာ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က လီဖူချန်းကို အနေအထားနဲ့ပတ်သက်ပြီး ရှင်းပြလိုက်ပါတယ်။
ရှေးကျတဲ့ကလန်တစ်ခုအနေနဲ့၊ ဝူကလန်ရဲ့အရင်းမြစ်တွေက မရေမတွက်နိုင်ပါဘူး။ တစ်ယောက်က ကလန်ခေါင်းဆောင်ဖြစ်လာရင် သူတို့ရဲ့မျိုးဆက်တွေက ပြုစုပျိုးထောင်မှုကို လက်ခံရရှိပါလိမ့်မယ်၊ ဒါက သူတို့ကို သူတော်စင်တစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းကို ပေးစွမ်းပါတယ်။
လွတ်ခဲ့တဲ့ရာစုနှစ်အနည်းငယ်က သခင်ငယ်လေးနဲ့သခင်မငယ်လေးတို့ရဲ့အဖေဘက်ကအဖိုး၊ဝူကလန်ကဲ့ခေါင်းဆောင်က ထွက်ခွာသွားခဲ့ပါတယ်။ သူက ကံကြမ္မာအခွင့်အလမ်းတွေကို ရှာဖွေဖို့ ပြောသွားပါတယ်။ ဒါပေမယ့်လည်း အဲကတည်းကစပြီး ဘာသတင်းမှ မကြားရတော့ပါဘူး။ ဝူကလန်တစ်ခုလုံးက ကလန်ခေါင်းဆောင် အပြင်မှာ သေဆုံးသွားပြီးလို့ ယူဆလိုက်ကြပါတယ်။
ကလန်ခေါင်းဆောင်ပျောက်ဆုံးနေမှုနဲ့အတူ ဝူကလန်မျိုးနွယ်ဝင်အချို့က ကလန်ခေါင်းဆောင်ရဲ့နေရာကို လိုချင်လာကြပါတယ်။ သူတို့အထဲမှ ဝူချန်းကန်ရဲ့မျိုးဆက်တွေက အားအကောင်းဆုံးဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ဝူချန်းကန်က အတွင်းပဋိပက္ခကို စတင်ခဲ့ပါတယ်။ သူက ကလန်ခေါင်းဆောင်ရဲ့မျိုးဆက်တွေကို သတ်ခဲ့ပြီး ကလန်တစ်ခုလုံးကို ထိန်းချုပ်ခဲ့ပါတယ်။ ကလန်ခေါင်းဆောင်ရဲ့တိုက်ရိုက်သွေးမျိုးဆက်အနေနဲ့ သခင်ငယ်လေးနဲ့သခင်မငယ်လေးတို့က ဝူချန်းကန်အတွက် မျက်စိဆူးစရာပါပဲ။ ကံကောင်းသွားတာက အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က တစ်ခုခုမှားနေတာကို သတိပြုမိပြီး စခင်ငယ်လေး၊သခင်မငယ်လေးတို့ကို ခေါ်ပြီး အရင်ထွက်လာခဲ့ပါတယ်။
"သူတို့ရဲ့မိဘတွေကရော ဘယ်မှာလဲ"လီဖူချန်းက မေးလိုက်တယ်။
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ရယ်ကာ ပြောလိုက်တယ်"သူတို့ရဲ့မိဘတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက ရန်သူတွေက သတ်ခဲ့ပါတယ်။ မဟုတ်ရင် ဝူချန်းကန်က ကလန်ခေါင်းဆောင် အခုလို အလွယ်တကူမဖြစ်လာနိုင်ဘူး"
လီဖူချန်းက ဘာမှမပြောပါဘူး။ ကလေးနှစ်ယောက်က တကယ်ကို ကံဆိုးလွန်းလှပါတယ်လေ။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ လူတစ်ယောက်က အသက်ငါးနှစ်မှ စတင်ကျင့်ကြံနိုင်ပါတယ်။ ဝူကလန်ရဲ့သခင်ငယ်မလေးက အသက်ဆယ့်နှစ်ရှိပြီး ပြန်လည်မွေးဖွားခြင်းနယ်ပယ်အဆင့်၁မှာ ရှိပါတယ်။ ဝူကျောရဲ့ပါရမီက အံ့မခန်းဖြစ်ပြီး အသက်ခုနှစ်နှစ်မှာ မဟာကောင်းကင်အထွတ်အထိပ်မှာ ရှိပါတယ်။
ဒီနေမှာတော့ လီဖူချန်းက ဝူကျောကျင့်ကြံနေတာကို ကြည့်နေပါတယ်၊ ဓားတာအိုဥပဒေဿက အလိုအလျောက် ဝူကျောပတ်ပတ်လည်မှာ စုရုံးနေတာကို မြင်လိုက်ရပါတယ်။ ဓားတာအိုစွမ်းအင်က သူ့ဆီ လာရောက်စုဆုံနေပါတယ်။
"အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်၊ အဲဒါက ဘာလဲ"လီဖူချန်းက တစ်ခုခုကို ခန်မှန်းမိသွားလေတယ်။
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ပြုံးကာဂုဏ်ယူစွာ ပြောလိုက်ပါတယ်" ဟုတ်တယ်၊ သခင်ငယ်လေးမှာ ကြယ်ကိုးလုံးဓားတာအိုအရိုးတည်ဆောက်ပုံရှိတယ်။ ဝူကလန်တည်ရှိကတည်းက သူက ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံရှိတဲ့ ဒုတိယမြောက်ပဲ။ ဒါကြောင့်ပဲ ဝူချန်းကန်က သခင်ငယ်လေးကို အမြစ်ဖြတ်သုတ်သင်ချင်နေတာပေါ့"
"ငါ သိပြီး" လီဖူချန်းက နားလည်သွားပါတယ်။
ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံက ကြောက်စရာကောင်းလွန်းတယ်လေ၊ ဝူချန်းကန်က ဝူကျောကို ကြီးထွားခွင့်မပြုချင်တာ သဘာဝပါပဲ။
သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာဆိုရင် ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံက အသက်၂၀၊၃၀နဲ့ ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ရှိတာ ပုံမှန်ပါပဲလေ။
ဝူကျောသာ အသက်၅၀ရောက်လာရင် သူက သေချာပေါက် ဝူချန်းကန်အတွက် ပြဿနာကြီးတစ်ခု ဖြစ်လာမှာပါ။
အဆင့်မြင့်တိုက်ကြီးတွေကသာ ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံကို မွေးဖွားစေနိုင်ပါတယ်။ ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံကို အနာဂတ်သူတော်စင်တစ်ယောက်အနေနဲ့ စဉ်းစားနိုင်ပါတယ်။
လဝက်ခန့်ကြာပြီးနောက် သူတို့အုပ်စုက မြစ်စီရင်စုရဲ့ပိုင်နက်ကို ရောက်ရှိသွားပါတော့တယ်။
မြစ်စီရင်စုက အဇူရာမြစ်ကြောင့် ကျော်ကြားပါတယ်။ သူတို့အုပ်စုမြစ်စီရင်စုကို ဝင်လာတဲ့ ဒုတိယမြောက်နေ့မှာတော့ ရွှေလေသင်္ဘောတစ်စင်းက တွေ့ရှိသွားပါတယ်။
"အထွတ်အထိပ်အဆင့်ငွေလေသင်္ဘော"လီဖူချန်းက မျက်မှောင်ကြုတ်မိသွားလေတယ်။
အဆင့်မြင့်ငွေလေသင်္ဘောအထက်မှာ အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောရှိပါတယ်။
အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောကို ပျံသန်းငွေသံအများစုနဲ့ တည်ဆောက်ထားပါတယ်။ အရှိန်က အဆင့်မြင့်ငွေလေသင်္ဘောထက် အဆများစွာ ပိုမြန်ပြီး ကျသင့်ငွေကလည်း ဆယ်ဆပိုများပါတယ်။
ရွှေလေသင်္ဘောက လီဖူချန်းတို့အုပ်စုကို ဝိုင်းလိုက်ပါတယ်။ တံခါးပွင့်လာပြီး တစ်ယောက်ချင်းစီက ထွက်လာခဲ့ပါတယ်။
ခေါင်းဆောင်က အေးစက်တဲ့အမူအရာရှိပြီး ဓားချီမျှင်တွေနဲ့ ဖုံးလွှမ်းနေပါတယ်။
ဒါက ဓားတာအိုမဟာဧကရာဇ်တစ်ယောက်ပါ၊ ကြယ်နီအမွှေးအကြီးအကဲထက် ဆယ်ဆပိုသန်မာပါတယ်။
လီဖူချန်းရဲ့အမူအရာက အနည်းငယ်လေးနက်သွားပါတယ်။
"ဓားမိုးမဟာဧကရာဇ်"
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူတွေက တံတွေးမျိုချလိုက်ရပါတော့တယ်။
ဓားမိုးမဟာဧကရာဇ်က မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၂၈၃ရှိပြီး ဝူကလန်ရဲ့ဒုတိယမြောက်အသန်မာဆုံးကျွမ်းကျင်သူပါ။
ဓားမိုးဆိုတဲ့နာမည်အတိုင်းပါပဲ၊ သူ့ရဲ့ဓားအနုပညာက မိုးရွာချထားသလိုမျိုးပါပဲ၊ ဘယ်နေရာမှ ပုန်းရှောင်လို့မရပါဘူး။
"အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်၊ ငါက ငါ့ဓားကို မသုံးချင်ဘူး။ သခင်ငယ်လေးနဲ့သခင်မငယ်လေးကို ထားခဲ့ပါ"ဓားမိုးမဟာဧကရာဇ်က သာမန်ဆန်စွာ ပြောလိုက်ပါတယ်။
အသက်ကို ခပ်ပြင်းပြင်းရှုရှိုက်ပြီး အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ပြောလိုက်လေတယ်"ဓားမိုးမဟာဧကရာဇ်၊ သခင်ငယ်လေးနဲ့သခင်မငယ်လေးက ကလန်ခေါင်းဆောင်ရဲ့မြေးတွေပဲ။ ဝူချန်းကန်က သူတို့ကိုသတ်တာကို မင်းက မြင်ချင်နေတာလား"
"ငါက ကလန်ခေါင်းဆောင်ရဲ့စကားကိုပဲ နားထောင်တယ်၊ အခု၊ ဝူချန်းကန်က ကလန်ခေါင်းဆောင်ပဲ"ဓားမိုးမဟာဧကရာဇ်က ခေါင်းခါယမ်းလိုက်တယ်။
"ကောင်းပြီး၊ ငါ အချိန်မဖြုန်းချင်ဘူး။ မင်းမှာ ရွေးချယ်စရာနှစ်ခုပဲ ရှိတယ်၊ သေချင်လား ဒါမှမဟုတ် ရှင်ချင်လား"
ဓားမိုးမဟာဧကရာဇ်က လီဖူချန်းကို အစကတည်းက ဂရုမစိုက်ပါဘူး။ လီဖူချန်းက အားကောင်းပြီး သာမန်မဟာဧကရာဇ်တစ်ယောက်မဟုတ်တာကို သူသိပါတယ်၊ သူက ပိုသန်မာတယ်လို့ ယုံကြည်တယ်လေ။
"ငါ သူ့အတွက် ဆုံးဖြတ်ပေးမယ်" လီဖူချန်းက ငွေလေသင်္ဘောမှ ထွက်လာပါတယ်။
"ငါ မင်းကို မေ့နေတာပဲ။ ငါ မင်းကို ရှင်းပြီးရင်တော့ သူက ရွေးချယ်ရလွယ်ကူသွားမှာပဲ"
ဓားမိုးမဟာဧကရာဇ်ရဲ့မျက်လုံးတွေက ရေခဲပမာ အေးစက်သွားပြီး သူ့လက်ထဲမှာ အဖြူရောင်ဓားရှည်တစ်ချောင်းက ထွက်ပေါ်လာပါတယ်၊ ဓားက ဓားအိမ်ကနေ ဖြည်းဖြည်းချင်း ထွက်လာနေလေတယ်။
ကလန်း........
မိုးတွေက ရုတ်တရက် ဆင်းသက်လာပါတယ်။
ဂရုတစိုက်ကြည့်ရင် အဲဒါတွေက မိုးမဟုတ်ပါဘူး၊ ဓားအလင်းတွေမှန်း သိသာပါတယ်။
ဓားအလင်းတစ်ခုချင်းစီက ပါးလွန်းတယ်၊ ပိုးချည်ထက်တောင် ပါးလွှာပါတယ်။
အလွန်နူးညံ့ပျော့ပျောင်းတဲ့ ရေဓားတာအိုဥပဒေဿလည်း ပါဝင်ပါတယ်။
ဆစ် ဆစ် ဆစ် ဆစ်..........
ဓားအလင်းတွေက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနေပါတယ်။
"ဒီလိုစွမ်းအားမျိုး။ ဒါက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်၂၈၃ရဲ့ ခွန်အားလား" လီဖူချန်းက စိတ်လှုပ်ရှားနေတော့တယ်။
ဓားမိုးမဟာဧကရာဇ်ရဲ့ဓားက နေရာတိုင်းကို ဖုံးလွှမ်းနိုင်ရင် လီဖူချန်းရဲ့ဓားကတော့ ရေကာ(မိုးကာ)ပါပဲ။
"အမ်"
သူ့ရဲ့ဓား တားဆီးခံလိုက်ရတာကို မြင်ပြီး ဓားမိုးမဟာဧကရာဇ်ရဲ့အမူအရာက ပြောင်းလဲသွားပါတယ်။
သူက လီဖူချန်းကို အထင်မသေးတော့ပါဘူး။ ယခု သူ့မှာ တိုက်ပွဲစိတ်ဆန္ဒနဲ့ ဓားတာအိုရဲ့ပိုမြင့်မားတဲ့အဆင့််ဆီသွားလိုတဲ့တောင့်တမှုက ဖြစ်တည်လာနေပါတယ်။
အခြားသူတွေက အမှီမလိုက်နိုင်တဲ့အထိ နှစ်ယောက်လုံးရဲ့ဓားတွေက မြန်လွန်းတယ်။
ဟင်းလင်းပြင်မှာ ဓားအလင်းတွေက တွေ့ဆုံတယ်၊ လှုပ်ရှားတယ်၊ ပေါက်ကွဲထွက်နေတယ်။
"အရမ်းကောင်းတယ်။ မင်းက ငါရင်ဆိုင်ဖူးသမျှ ဓားသမားတွေထဲမှာ အနည်းဆုံး ထိပ်ဆုံးနှစ်ဆယ်အတွင်း ဝင်တယ်။ မင်းက ငါ့ရဲ့ဒီလေခဲမိုးကို ခုခံနိုင်ရင် ငါ မင်းအသက်ကို ချမ်းသာပေးမယ်"
ဓားမိုးဧကရာဇ်ရဲ့ဓားရပ်တည်ချက်က ပြောင်းလဲသွားပါတယ်။ အလွန်အေးစက်ညှိမှိုင်းတဲ့ဆန္ဒတစ်ခုက ထိုးဖောက်လာပြီး ဓားလှုပ်ရှားမှုကို ဖန်တီးသန့်စင်လိုက်ပါတယ်။ နေရာတစ်ခုလုံးက အေးခဲသွားသလို ဖြစ်သွားလေတယ်။
"မကောင်းတော့ဘူး"
ရန်သူရဲ့ဓားလှုပ်ရှားမှုကို တားဆီးဖို့ ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကလွဲပြီး သူ့မှာ အခြားဓားလှုပ်ရှားမှုတွေ မရှိတာကို လီဖူချန်းက သိပါတယ်။
အစက လီဖူချန်းက သူ့ရဲ့ဓားတာအိုကို စမ်းသပ်ချင်ခဲ့တာပါ၊ ဒါပေမယ့် သူ နောက်ထပ် လုပ်လို့ မရတော့ပါဘူး။ သူက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို ချက်ချင်း ဖော်ထုတ်လိုက်ပြီး မျက်စိကွယ်မတတ်ဓားအလင်းတွေက ပေါက်ကွဲထွက်လာပါတော့တယ်။
ကလန်း ဘန်း.........
နှစ်ယောက်ကြား ဘာဖြစ်နေတာကို ဖော်ပြဖို့ ခက်ခဲ့ပါတယ်။ သူတို့ရဲ့ဓားတွေက မတွေ့ဆုံဘူးဆိုတာ သိသာပါတယ်၊ ဒါပေမယ့် ဟင်းလင်းပြင်မှာ မရေမတွက်နိုင်တဲ့ဓားတိုက်ခိုက်မှုတွေက ဖြစ်ပေါ်နေပါတယ်။အခြားကမ္ဘာတစ်ခုမှာ မရေမတွက်နိုင်လောက်တဲ့လူတွေက တိုက်ခိုက်နေသလိုမျိုးပါပဲ။
***