← Chapters

မြစ်စီရင်စုရဲ့ထုံကလန်

Vol. 54 Ch. 734

မြစ်စီရင်စုရဲ့ထုံကလန်

Vol. 54 Ch. 734

"ဓားတာအိုရဲ့အဆုံးစွန်း"

အလင်း‌တွေက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သန်းသွားသလို အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ခံစားနေရပါတယ်။

သူ့မှာ ဒီလိုခံစားချက်ရရှိတဲ့အကြောင်းရင်းက ထိုနှစ်ယောက်ရဲ့သိုင်းတာအိုနားလည်မှုက ပိုမြင့်မားတဲ့အဆင့်ကို ရောက်ရှိနေကြပြီး သူရောက်ရှိနိုင်တာရဲ့အထက်ပါပဲ။

သိုင်းတာအိုရဲ့အဆုံးစွန်းလား။ အဲဒါက ကောင်းကင်အဆင့်အထွတ်အထိပ်သိုင်းအနုပညာကို ဆိုလိုပါတယ်။

မှန်ပါတယ်၊ သိုင်းအနုပညာက ကောင်းကင်အဆင့်အထွတ်အထိပ်ကို ရောက်ရှိတာနဲ့ အဆုံးစွန်းကို ရောက်ရှိသွားတာပါပဲ။

သိုင်းအနုပညာရဲ့အဆုံးစွန်းဆိုတာက ကောင်းကင်တာအိုရဲ့‌ပြောင်းလဲမှုနဲ့ စကြာဝဠာရဲ့လျှို့ဝှက်ချက်တွေ ပါဝင်ပါတယ်။

သိုင်းအနုပညာရဲ့အစောပိုင်းအဆင့်တွေမှာ အဆင့်တစ်ခုစီကြား ‌ခွန်အားခြားနားချက်က သိသာမှုမရှိပါဘူး။ ဒါပေမယ့် ကောင်းကင်အဆင့်မြင့်ကို တိုးလာလေလေ၊ ခြားနားချက်က တစ်ရာစ၊တစ်ထောင်စတိုးလာလေလေပါပဲ။

ဒါပေမယ့် သူတို့နှစ်ယောက်က ဓားတာအိုရဲ့အဆုံးစွန်းကို မရောက်သေးပါဘူး၊ ဒါပေမယ့် အလွန်နီးကပ်နေတာကတော့ အမှန်ပါပဲ။

နောက်ဆုံးတော့ ဓားနှစ်လက်က ‌တွေ့ဆုံသွားပါပြီး။

ဖတ်........

ဓားမိုးမဟာဧကရာဇ်ရဲ့ပခုံးမှ သွေးမြားတစ်ချောင်းက ပေါက်ထွက်လာတယ်၊ သူ့ရဲ့လည်ချောင်းမှာလည်း သွေးတစ်စက်ရှိနေလေတယ်။

ချက်ချင်းပဲ သွေးတွေက သူ့ရဲ့ပါးကနေ ပန်းထွက်လာပါတယ်။

ဓားမိုးမဟာဧကရာဇ်က မယုံနိုင်လောက်အောင်မြန်ဆန်တဲ့အရှိန်နဲ့ နောက်ဆုတ်သွားလိုက်ရပါတယ်။

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားပါတယ်။ ဓားမိုးမဟာဧကရာဇ်က သူရင်ဆိုင်သမျှမဟာဧကရာဇ်တွေထဲမှာ အပြောင်မြောက်ဆုံးပါပဲ။ ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာနဲ့ရင်ဆိုင်ရတာတောင် သူက အချိန်မှီ လွတ်မြောက်နိုင်သွားသေးတယ်။

ဒါပေမယ့်.........

ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို နောက်ဆုတ်ရုံနဲ့ မရှောင်နိုင်ပါဘူး။

ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာမှာ ဟင်းလင်းပြင်ဥပဒေဿပါရှိပြီး ဓားမိုးမဟာဧကရာဇ်က လွတ်မြောက်သွားသလို ထင်ရပေမယ့် သူက တိုက်ခိုက်မှုအကွာအဝေးအတွင်း တည်ရှိနေတုန်းပါပဲ။

သွေးတွေက ဓားမိုးမဟာဧကရာဇ်ရဲ့ခန္ဓာကိုယ်မှ အဆက်မပြတ် ပန်းထွက်လာနေပါတယ်။ ထိုအချိန်မှာ မြင်ကွင်းကလည်း ထူးဆန်းနေပါတယ်။

ရုတ်တရက် မရေမတွက်နိုင်တဲ့သွေးတွေက ဓားဓားမိုးမဟာဧကရာဇ်ရဲ့ခန္ဓာကိုယ်မှ ပေါက်ထွက်သွားပြီး သွေးပုံရိပ်တစ်ခုက အဝေးကို ပြေးထွက်သွားပါတယ်။

လီဖူချန်းက မလိုက်သွားပါဘူး။ ဓားမိုးမဟာဧကရာဇ်ရဲ့ပေါက်ကွဲမှုအရှိန်က သူ့ရဲ့အမြန်နှုန်းရဲ့အထက်မှာပါပဲ။ ဓားမိုးမဟာဧကရာဇ်က လျှို့ဝှက်နည်းလမ်းအချို့ကို သုံးပြီး သူ့ရဲ့မွေးရာပါအလားအလာစွမ်းရည်ကို အသက်သွင်းလိုက်ပုံရပါတယ်။

တိုက်ခိုက်မှုက ပြင်းထန်လွန်းတယ်၊ တိုတောင်းလွန်းတယ်၊ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူတွေက မတုံ့ပြန်နိုင်ခဲ့ပါဘူး။

"ဘာလဲ"ဓားမိုးမဟာဧကရာဇ်နောက်ကို လိုက်လာတဲ့သူတွေက အံ့အားသင့်သွားကြပါတော့တယ်။ လီဖူချန်းက ဓားမိုးမဟာဧကရာဇ်ထက် ပိုသန်မာလိမ့်မယ်လို့ သူတို့ လုံးဝမထင်ထားခဲ့ဘူးလေ။

စောစောက အနေအထားကို ကြည့်ရင် ဓားမိုးမဟာဧကရာဇ်က အနည်းငယ်နောက်ကျသွားရင် သူက လီဖူချန်းရဲ့ဓားအောက်မှာ သေသွားလောက်ပါပြီး။

"ပြန်ဆုတ်ကြ"

ဧကရာဇ်တစ်ယောက်က အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောကို ယူသွားချင်ခဲ့တယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ဓားချက်ကြောင့် သွေးမြူတစ်ခု ဖြစ်သွားရပါတယ်။ ကျန်သူတွေက အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောကို ဂရုစိုက်မအားတော့ပါဘူး၊ အသည်းအသန် ထွက်ပြေးသွားလိုက်ကြရပါတယ်။

"အရှင်က ဓားမိုးမဟာဧကရာဇ်ကို အနိုင်ယူခဲ့တာလား"အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က မယုံကြည်နိုင်ပါဘူး။

"သူလား၊ သူက ငါ့အတွက် ပြိုင်ဘက်တစ်‌ယောက်မဟုတ်သေးပါဘူး"

လီဖူချန်းက ရန်ချင်းဟူနဲ့ပတ်သက်ပြီး‌ တွေးလိုက်မိလေတယ်။

ရန်ချင်းဟူရဲ့မဟူရာဓားမော့ ……တာအိုကို ရှာဖွေခြင်း....ကလည်း အလွန်စွမ်းအားကောင်းပါတယ်။ ဒါပေမယ့် သူမရဲ့ကျင့်ကြံခြင်းက အထိတ်အထိပ်ကို မရောက်သေးပါဘူး၊ ပြီးတော့ သူမက လီဖူချန်းလိုမျိုး တာအိုနှလုံးသားကို မသိပ်သည်းရသေးပါဘူး။ ဒါကြောင့် သူမမှာ သာမန်မဟာဧကရာဇ်တစ်ယောက်ရဲ့ခွန်အားမျိုးသာ ရှိပါတယ်။

ဒါပေမယ့် သူမရဲ့ကျင့်ကြံခြင်းက အထွတ်အထိပ်ကို ရောက်ရှိလာတာနဲ့ သူမရဲ့ခွန်အားက ဓားမိုးမဟာဧကရာဇ်ရဲ့အဆင့်မဟုတ်ရင်တောင်မှ သိပ်ကွာလိမ့်မှာ မဟုတ်ပါဘူး။

ဒါ့ပြင် လက်နက်ကလည်း အရေးကြီးတဲ့အစိတ်အပိုင်းမှာ ပါဝင်ပါတယ်။

ရန်ချင်းဟူရဲ့လက်နက်က ကောင်းကင်အဆင့်နိမ့်ဓားမော့သာ ဖြစ်ပြီး အဲဒါက သူမရဲ့ခွန်အားကို ကန့်သတ်ထားပါတယ်။

သူမရဲ့အရင်ဘဝမှာ ရန်ချင်းဟူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံး၁၀၀၀အတွင်း ဝင်လောက်တယ်လို့ လီဖူချန်းက ယူဆထားပါတယ်။

"သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ရောက်ပြီးနောက် သူမရဲ့ကျင့်ကြံမှုက အထွတ်အထိပ်ကို ဂောက်လုနီးပါးဖြစ်သင့်ပါပြီး....."လီဖူချန်းက သူ့ရာသူ တွေးနေပါတယ်။

အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောကို ရပြီး‌နောက် လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင်ငွေလေသင်္ဘောကို သိမ်းလိုက်ပါတယ်။

ယခင်ကဆိုရင် သူတို့က ထုံကလန်ကို ရောက်ဖို့‌

နောက်ထပ်လအနည်းငယ်လောက် လိုပါတယ်၊ ဒါပေမယ့် အခုတော့ ရောက်ရှိဖို့ ကြာချိန်က တစ်လထက် ပိုနည်းသွားပါတယ်။

‌လေသင်္ဘောပေါ်မှာ၊ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူတွေက ထိတ်လန့်နေတုန်းပါပဲ။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ပြောလိုက်တယ်"ဝူကလန်က ဓားသမားကလန်တစ်ခုပဲ။ လက်ရှိမှာ ဝူကလန်ရဲ့နံပါတ်တစ်ကျွမ်းကျင်သူက ဝူချန်းကန်ရဲ့သွေးသောက်ညီအကို၊ ဓားသေမင်း၊ ဝူချန်းကြွယ်ပဲ။ သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ အဆင့်၉၈ရှိတယ်။ ဒါပေမယ့် ငါ သိထားတာအရ ဝူချန်းကြွယ်က ဓားမိုးဧကရာဇ်ကို အနိုင်ယူနိုင်ပေမယ့် သိပ်တော့မလွယ်ကူလှဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်တိုက်ခိုက်တဲ့အခါ ဘယ်သတ်ဖြတ်လှုပ်ရှားကွက်တွေကိုမှ မသုံးခဲ့ဘူး"

"အဆင့်၉၈" လီဖူချန်းက ခေါင်းညိတ်လိုက်လေတယ်။

ကောင်းကင်မှာတော့ သွေးပုံရိပ်တစ်ခုက ရပ်တန့်နေလေတယ်။

ဓားမိုးမဟာဧကရာဇ်ရဲ့ချီတည်ရှိမှုက ညှိုးနွမ်းနေပြီး သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရနေသည်မှာ သိသာလှပါတယ်။

လီဖူချန်းရဲ့သတ်ဖြတ်လှုပ်ရှားကွက်က စွမ်းအားကြီးလွန်းပါတယ်။ သူက သတ်ဖြတ်လှုပ်ရှားကွက်ကို သုံးပြီး ဓားသေမင်းနဲ့တိုက်ခိုက်ခဲ့တာကိုတော့ ဓားမိုးမဟာဧကရာဇ်က မသိပါဘူး။ဒါပေမယ့် ဝူချန်းကြွယ်ရဲ့သတ်ဖြတ်လှုပ်ရှားကွက်က လီဖူချန်းထက် နိမ့်ကျတာကို ဓားမိုးဧကရာဇ်က ရှင်းရှင်းလင်းလင်းသိပါတယ်။

ဒါပေမယ့် ဝူချန်းကြွယ်ရဲ့သတ်ဖြတ်လှုပ်ရှားကွက်မှာ ပိုကြီးမားတဲ့ဖျက်ဆီးရေးစွမ်းအားတစ်ခုရှိပါတယ်။ အစစ်အမှန်တိုက်ပွဲမှာ ဝူချန်းကြွယ်လည်း ဒဏ်ရာသေချာပေါက်ရနိုင်ပါတယ်၊ဒါပေမယ့် လီဖူချန်းလည်း ဒဏ်ရာရနိုင်ပါတယ်၊ ဝူချန်းကြွယ်နဲ့နှိုင်းယှဉ်ရင် ပိုပြီးတော့တောင် ပြင်းထန်မှာပါ။

"လေခဲမိုးရဲ့စွမ်းအားက မလုံလောက်ဘူး။ နောက်တစ်ကြိမ်ငါတို့တွေ့ဆုံတဲ့အခါကျရင် ငါ သေချာပေါက် သူ့ကို သတ်ရလိမ့်မယ်"

ဓားမိုးမဟာဧကရာဇ်က အသက်ပြင်းပြင်းရှုရှိုက်ပြိီးနောက် ဝူကလန်ဆီ တစ်ဟုန်းထိုးပြေးသွားလိုက်ပါတယ်။

…

အဇူရာမြစ်မြို့၊ မြစ်စီရင်စုရဲ့နံပါတ်တစ်မြို့။

ထုံကလန်က အကျော်ကြားဆုံးကလန်တွေထဲက တစ်ခုပါ။

ဝူကလန်နဲ့အလားတူ၊ ထုံကလန်ရဲ့ဘိုးဘေးတွေမှာ သူတော်စင်တွေ ရှိခဲ့ပြီး တစ်ယောက်ထက် ပိုပါတယ်။ ကလန်အခြေခံခြင်းနှိုင်းယှဉ်ရင် ထုံကလန်က ဝူကလန်ထက် ပိုသာပါတယ်။

အဇူရာမြစ်မြို့ကို ရောက်ပြီးနောက် သူတို့အဖွဲ့က စားသောက်ဆိုင်မှသီးသန့်အခန်းတစ်ခုကို ဌားလိုက်လေတယ်။ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ဆက်သွယ်ရေးတိုကင်ကို အသုံးပြုကာ ဝူရှီနဲ့ဝူကျောတို့ရဲ့အဒေါ်ဆီ အကြောင်းကြာလိုက်ပါတယ်။

နေ့တစ်ဝက်ခန့်ကြာပြီးနောက် လှပတဲ့အမျိုးသမီးတစ်ယောက်က အလျင်စလို ရောက်ရှိလာပါတယ်။

"အဒေါ်"

ဝူရှီနဲ့ဝူကျောက ထိုလှပတဲ့အမျိုးသမီးနဲ့ အကြိမ်များစွာ တွေ့ဆုံခဲ့ဖူးပါတယ်။ သူမက သူတို့ရဲ့အဒေါ် ဝူဖှေးယန်ဖြစ်ပါတယ်။

"ဝူရှီ၊ဝူကျော"ဝူဖှေးယန်ရဲ့မျက်လုံးတွေက လင်းလက်သွားပြီး သူမက ဝူရှီနဲ့ဝူကျောကို ပွေ့ချီလိုက်လေတယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ဆီမှ အကြောင်းအရာကို သိပြီးနောက် ဝူဖှေးယန်ရဲ့မျက်နှာက အေးစက်သွားတော့တယ်"ဝူချန်းကန်က ဘယ်လိုတောင် လုပ်ရဲတာလဲ"

သူမရဲ့အဖေက ပျောက်ဆုံးနေတယ်၊သူမရဲ့အကိုနဲ့‌ခယ်မက သေသွားပြီး။ အခု ကလေးတွေက လိုက်ဖမ်းခံနေရတယ်။ဝူဖှေးယန်က ဝူကလန်ကို ချက်ချင်းပြန်ပြီး ဝူချန်းကန်ကို သတ်ချင်သွားမိတော့တယ်။

ဒါပေမယ့် ထုံကလန်ရဲ့အနေအထားကို စဉ်းစားမိတဲ့အခါ ဝူဖှေးယန်ရဲ့အမူအရာက မှုန်မှိုင်းသွားလေတယ်။

"ဝူဖှေးယန်၊ မင်းက ဘာလို့ ဒီလောက်အလျင်လိုနေတာကို ငါ စဉ်းစားနေတာ။ မင်းရဲ့အချစ်ဟောင်းလေးက ဒီမှာ ရှိနေတာများလား"

သီးသန့်ခန်းရဲ့အပြင်ဘက်မှ အသံတစ်ခုက ထွက်ပေါ်လာတော့တယ်။

အသံကို ကြားပြီး ဝူဖှေးယန်ရဲ့မျက်နှာက ပြောင်းလဲသွားတော့တယ်။ ထုံချမ်ရှန်က သူမနောက်ကို တကယ် လိုက်လာတာပဲ။

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိချေတယ်။သူ အစက တွေးထားတာက ကလေးနှစ်ယောက်ကို ထုံကလန်ကို ပို့ပြီးရင် ပြန်‌မယ်ပေါ့။ ကြည့်ရတာ ထုံကလန်ကလည်း စိတ်ချရပုံမပေါ်ပါလား။

***

All Chapters