← Chapters

မြို့အရှင်ထုံဟမ်

Vol. 54 Ch. 735

မြို့အရှင်ထုံဟမ်

Vol. 54 Ch. 735

ဘန်း........

သီးသန့်အခန်းရဲ့တံခါးက ကန်ဖွင့်ခံလိုက်ရလေတယ်။ အသားဖြူဖြူလူငယ်လေးတစ်ယောက်က ဝင်လာပါတယ်။

"ထုံချမ်ရှန်၊ ထုံကလန်ရဲ့တိုက်ရိုက်သွေးမျိုးဆက်။ သူက စွမ်းအားမကောင်းပါဘူး၊ ဒါပေမယ့်လည်း မဟာဧကရာဇ်တစ်ယောက်ပါ။

"ထုံချမ်ရှန်၊ ဒါ ဘာအဓိပ္ပါယ်လဲ"ဝူဖှေးယန်က ထုံချမ်ရှန်အား ဒေါသနှင့် ကြည့်လိုက်လေတယ်။

က်ကြည့်ကာ နှာခေါင်းရှုံ့လိုက်လေတယ်"ဒါ ဘာအဓိပ္ပါယ်လဲ ဟုတ်လား။ ‌အဲလိုမေးရမှာက ငါပါ။ သူက ဘယ်သူလဲ၊ ဒီနှစ်ယောက်ကရော ဘယ်သူတွေလဲ။ သူတို့လေးတွေက မင်း အပြင်မှာ တိတ်တိတ်ပုန်းမွေးခဲ့တဲ့ မိမစစ်ဖမစစ်လေးတွေမလား"

ထုံချမ်ရှန်က ခံစားချက်တွေကို ဝူဖှေးယန်ဆီ ဖွင့်လှစ်လိုက်ပါတယ်။

"ထွက်သွား" ဝူဖှေးယန်က လက်ဝါးတစ်ချက်ကို ထုံချမ်ရှန်အပေါ် ‌ ပို့လွှတ်ပြီး ‌နောက်ကို ယိမ်းယိုင်သွားစေလိုက်ပါတယ်။

"မင်းက ငါ့ကို လုပ်ရဲတယ်လား"ထုံချမ်ရှန်က ဒေါသထွက်သွားပြီး တန်ပြန်လက်ဝါးတစ်ချက်ကို ပေးလိုက်လေတယ်။

သူတို့နှစ်ယောက်က တိုက်ခိုက်ခါနီးမှာ လီဖူချန်းက လက်ကို ဝှေ့ယမ်းပြီး သူတို့ကို ခွဲလိုက်ပါတယ်" မင်းတို့နှစ်ယောက်တိုက်ခိုက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် အခုတော့မဟုတ်ဘူး"

"ဒီလိုခွန်အား"

ဝူဖှေးယန်နဲ့ထုံချမ်ရှန်က ထိတ်လန့်သွားတော့တယ်။

လီဖူချန်းက သူတို့ကို အလွယ်တကူ ခွဲလိုက်နိုင်ပါတယ်၊ ဒါ့ပြင် သူတို့က ရှောင်တောင် မရှောင်နိုင်ပါဘူး။ ဒီလိုခွန်အားမျိုးက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ အဆင့်မြင့်မားမှာ သေချာပါတယ်။

"ကောင်းတယ်၊ ငါတို့ထုံကလန်မှာ ကျွမ်းကျင်သူတွေ တစ်ယောက်မှ မရှိလို့  မင်းတို့က ငါ့ကို အနိုင်ကျင့်နေတာပေါ့"

သူက တံခါးကို ချိုးပြီး မထွက်ခွာခင်  ထုံချမ်ရှန်က ဝူဖှေးယန်နဲ့လီဖူချန်းကို လက်ညှိုးထိုးကာ ပြောလိုက်လေတယ်။

"ဒီအမှိုက်ကောင်"ဝူဖေးယန်က ဒေါသထွက်လွန်းတာကြောင့် သူမရဲ့ခန္ဓာကိုယ်က တဆတ်ဆတ်တုန်နေတော့တယ်။

"ငါတို့ အခုဘာလုပ်ကြမလဲ" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က မေးလိုက်တယ်။

အရိုးသားဆုံးပြောရရင် အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ဝူရှီနဲ့ဝူကျောကို ဝူဖှေးယန်နဲ့အတူ ချန်ထားဖို့ စိတ်မချတော့ပါဘူး။

"ဝူဖေးယန်က တောင်းပန်ကာ ပြောလိုက်တယ်"အဇူရာမြစ်မှာ အရင်နေနေပါ၊ ငါ အစီအ‌စဉ်တွေ လုပ်လိုက်အုံးမယ်"

သူတို့စားသောက်ဆိုင်က ထွက်လာပြီး အဓိကလမ်းမကြီးပေါ်ကို ရောက်လာတဲ့အချိန်မှာ ထုံချမ်ရှန်က ထပ်မံရောက်ရှိလာပြန်တယ်။ ဒီတစ်ခါမှာတော့ သူက လူငယ်တစ်ယောက်ကို ခေါ်လာပါတယ်။

ထုံပုဝေ့၊အဇူရာမြို့အရှင် ထုံဟမ်ရဲ့မြေး၊ ထုံကလန်ရဲ့တိုက်ရိုက်သွေးမျိုးဆက်။

အချက်ကျကျပြောရရင် ထုံကလန်က ဒီမြို့ကို မထိန်းချုပ်ပါဘူး၊ သူတို့မှာ မြို့တွေ အများကြီး ရှိပြီး အဇူရာမြစ်မြို့က မြို့တွေထဲကတစ်ခုပါ။

"အကိုကြီး ထုံပုဝေ့၊ ငါ့အတွက် သူတို့ကို ဖြေရှင်းပေးပါ" ထုံချမ်ရှန်က မုန်းတီးမှုအပြည့်နဲ့ ပြောလိုက်လေတယ်။

"အကိုကြီး ထုံပုဝေ့၊ထုံချမ်ရှန်က နားလည်မှုလွဲနေတာ။ သည်ကလေးနှစ်ယောက်က ကျွန်မရဲ့တူနဲ့တူမတွေပါ။ သူတို့က ကျွန်မရဲ့အကူအညီအတွက် ဒီကို လာတာ"ဝူဖှေးယန်က ပျာယာခတ်သွားလေတယ်။

"သူတို့က မင်းရဲ့တူနဲ့တူမတွေလား" ထုံချမ်ရှန်က မယုံကြည်ပါဘူး။

ဝူဖှေးယန်က နှာခေါင်းရှုံ့ကာ ပြောလိုက်တယ် "ဝူကလန်မှာ အခြေအနေတွေ ပြောင်းလဲနေတယ်။ ဝူချန်းကန်က ကလန်ခေါင်းဆောင်ရဲ့နေရာကို လုယူပြီး လူတွေ လွှတ်ပြီး ကျွန်မရဲ့တူနဲ့တူမကို လိုက်ဖမ်းခိုင်းနေတာ။ ငါက ဒါကို ဟာသ ပြောနေတယ်လို့ မင်း‌ထင်နေတာလား"

"ချမ်ရှန်၊ မင်း ဖှေးယန်ကို နားလည်မှုလွဲနေတာပဲ" ထုံပုဝေ့က ပြောလိုက်တယ်။

ထုံချမ်ရှန်က ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်လေတယ် "မင်းက ဘာလို့ ငါ့ကို စောစော မပြောတာလဲ"

" စော‌စောပြောရမယ်တဲ့လား။ ရှင်ပဲ ဝင်လာကတည်းက အဓိပ္ပါယ်မရှိတာတွေ ပြောနေ‌တာမဟုတ်လား"

"ငါ စိတ်ပူလွန်းသွားလို့ပါ"

ထုံချမ်ရှန်က လှည့်ကာ ထုံပုဝေ့ကို ပြောလိုက်တယ်"အကိုကြီးပုဝေ့၊ အခု အဆင်ပြေသွားပါပြီး။ ငါက မင်းကို ဟာသဖြစ်စေမိပြီး"

"ဘာမှလုပ်စရာမရှိတော့ဘူးဆိုရင်လည်း ငါ အရင် ထွက်သွားမယ်။ နောက်ထပ်ပြဿနာတွေကို မဖန်တီးတော့နဲ့"ထုံပုဝေ့က ခေါင်းညိတ်ကာ ထွက်ခွာသွားလိုက်တယ်။

"ဖေးယန်၊ စိတ်မဆိုးပါနဲ့၊ ဒါက ငါ့အမှားပါ" ထုံချမ်ရှန်က သူ့ရဲ့အမှားအတွက် တောင်းပန်လိုက်ပါတယ်။

"ငါ့ကို စကားလာမပြောနဲ့" ဝူဖှေးယန်က ဟိုဘက်လှည့်လိုက်လေတယ်။

လီဖူချန်းက ရယ်ချင်မိသွားပါတယ်၊ အချက်ကျကျပြောရရင် ဒီထုံချမ်ရှန်က မဆိုးပါဘူးလေ။

"အခု အဆင်ပြေသွားကြပြီးဆိုတော့ မထွက်သွားခင် ရက်အနည်းငယ်လောက် ငါ အဇူရာမြစ်မြို့မှာ နေနေမယ်"

ဝူဖှေးယန်က ဝူရှီနဲ့ဝူကျောကို ထုံကလန်ကို မခေါ်သွားပါဘူး၊ အဲအစား သူမက သူတို့နေဖို့ ဝင်းတစ်ခုကို စီစဉ်ပေးလိုက်ပါတယ်။

နေ့တွေက ကုန်ဆုံးလာပြီး လီဖူချန်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးကို ပိုပိုနားလည်လာပါတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးက ဂိုဏ်းတွေနဲ့ကလန်တွေရဲ့ကမ္ဘာတစ်ခုပါပဲ။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာ သူတော််စင်ဂိုဏ်းနဲ့သူတော်စင်ကလန်တွေ ငါးဆယ်ခန့်ရှိပါတယ်။ ဒါပေမယ့် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကြီးမားတဲ့အရွယ်အစားနဲ့ ကြောက်စရာကောင်းတဲ့ဥပဒေဿကန့်သတ်မှုကြောင့် သူတို့က စွမ်းအားကောင်းလွန်းရင်တောင် သူတော်စင်ဂိုဏ်းနဲ့ကလန်တွေက ကြီးမားတဲ့ပိုက်နက်တွေကို မသိမ်းပိုက်နိုင်ပါဘူး။ ဒါက သူတော်စင်တိုက်ကြီးမှာ ဖရိုဖရဲဖြစ်နေရတဲ့အကြောင်းရင်းပါပဲ။ ဂိုဏ်း‌တွေ များစွာရှိပြီး ဂိုဏ်းအသီးအသီးမှာ သူတို့ရဲ့ကိုယ်ပိုင်ပိုင်နက်တွေ ရှိပါတယ်။

ကလန်အရေအတွက် များလွန်းတာကြောင့်  ထိပ်ဆုံးတစ်ရာအတွင်းဝင်တဲ့ကလန်တွေကိုသာ အလွန်အမင်းအားကောင်းတဲ့ကလန်တွေအဖြစ် စဉ်းစားထားပါတယ်။

သူတို့ရဲ့ဘိုးဘေးတွေမှာ သူတော်စင်တွေ ရှိခဲ့တာကြောင့် မြောင်ကလန်၊ဝူကလန်၊ထုံကလန်တို့လို ကလန်တွေက ထိပ်ဆုံးတစ်ရာအတွင်း ဝင်ပါတယ်။

ဒါပေမယ့် ထိပ်ဆုံး၁၀၀အတွင်းကြားမှာ သူတို့ရဲ့ဘိုးဘေးတွေမှာ သူတော်စင်တစ်ယောက်တောင် မရှိတဲ့ကလန်တွေ အများကြီး ရှိပါတယ်။

အချို့ကလန်တွေက အဆင့်မြင့်ပါတယ်၊ ဘာလို့ဆို သူတို့ကလန်မှာ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ဝင်တဲ့အလွန်အားကောင်းတဲ့ကျွမ်းကျင်သူတွေ ရှိလို့ပါ။ ဒါပေမယ့် အခြေခံအုတ်မြစ်အားဖြင့် သူတို့က သူတို့ရဲ့ဘိုးဘေးတွေမှာ သူတော်စင်ရှိခဲ့တဲ့ကလန်တွေနဲ့ အဝေးကြီးမှာပါ။လွန်ခဲ့တဲ့နှစ်အနည်းငယ်က အချို့ကလန်တွေက ပျောက်ကွယ်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့ဘိုးဘေးတွေမှာ သူတော်စင်တွေ ရှိတဲ့ကလန်တွေကတော့ အလွယ်တကူမပျောက်ကွယ်နိုင်ပါဘူး။ ပြီးတော့ ထိုသူ‌တော်စင်ကလန်တွေအားလုံးမှာ အဆင့်ကိုးအစီအရင်တွေ ရှိပြီး ထောင်ချောက်တွေလည်း အများကြီးရှိပါတယ်။ သူတော်စင်ကလန်တစ်ခုကတောင် အခြားသူတော်စင်ကလန်တစ်ခုကို ဖယ်ရှားနိုင်ဖို့ မပြောရဲပါဘူး။

"ဝူကလန်ရဲ့ဝူချန်ကန်က အာဏာလိုချင်တာ မဆန်းပါဘူးလေ"

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အနေအထားကို သိပြီးနောက် လီဖူချန်းက သ‌ဘောပေါက်သွားလေတယ်။

လီဖူချန်းက မျက်မှောင်ကြုတ်မိသွားပြန်ပါတယ်"မြင့်မြတ်နှလုံးသားပန်းခြံက ဒီလောက် အဆင့်မြင့်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူတို့က သူတော်စင်ဂိုဏ်းတွေကြားမှာ အဆင့်ကိုး ရှိတာပဲ"

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ သူတော်စင်ဂိုဏ်း၂၄ဂိုဏ်းရှိပြီး အဆင့်၉ဆိုတာက အလွန်ကြောက်စရာကောင်းနေပါပြီး။

မြို့အရှင်အိမ်တော်ရဲ့အဓိကခန်းမအထဲမှာ......

မြို့အရှင်ထုံဟမ်က ထိုင်နေလျက်ရှိပြီး အနောက်မှာတော့ အကြီးအကဲတစ်ယောက်က ရပ်နေပါတယ်။

"ဝူရှင်းဟိုင်၊ မင်းက ငါ့ကို ဘာကြောင့် တွေ့ချင်ရတာလဲ"ထုံဟမ်ရဲ့အမူအရာက မပြောင်းလဲပါဘူး။

ဝူရှင်းဟိုင်က ဝူချန်းကန်ရဲ့ယုံကြည်ရတဲ့လက်ထောက်ပါ။ ထုံဟမ်က ဝူကလန်ရဲ့အဖြစ်အပျက်တွေကို သိထားပြီးပါပြီး။

"ရှင်းဟန်က မြို့အရှင်ဆီ အကူအညီ လာတောင်းတာပါ"ဝူရှင်းဟန်က ပြောလိုက်လေတယ်။

"ဘာအကူအညီလဲ"ထုံသမ်က မေးလိုက်တယ်။

ဝူရှင်းဟန်က ပြောလိုက်တယ်"ဝူကလန်ရဲ့မျိုးဆက်၊ ဝူရှီနဲ့ဝူကျောက အဇူရာမြို့မှာ ရှိတယ်။ ကျွန်တော်က သူတို့ကို ပြန်ခေါ်သွားချင်တယ်"

.

"ငါ မင်းကို မတားပါဘူး" ထုံဟမ်က ပြောလိုက်လေတယ်။

ဝူရှင်းဟိုင်က ‌ခေါငိးခါလိုက်မိတယ်"သူတို့နဲ့အတူ ကျွမ်းကျင်သူတစ်ယောက်ရှိနေတယ်။ ထိုလူက ဝူကလန်ရဲ့ဒုတိယအသန်မာဆုံးကျွမ်းကျင်သူ ဓားမိုးမဟာဧကရာဇ်၊ဝူယုကိုတောင် အနိုင်ယူနိုင်တယ်"

"အိုး၊ သူက တကယ်ပဲ ဓားမိုးမဟာဧကရာဇ်ဝူယုကို အနိုင်ယူခဲ့တာ‌လား"ထုံဟမ်က အံ့အားသင့်သွားပါတယ်။

ဓားမိုးမဟာဧကရာဇ်က မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၂၈၃ဖြစ်ပြီး ထုံဟမ်ကတောင် နိမ့်ကျ‌ပါတယ်။ ဒါပေမယ့် ဓားမိုးမဟာဧကရာဇ်က အဇူရာမြစ်မြို့ကို လာရင်တော့ ဓားမိုးမဟာဧကရာဇ်ဆယ်ယောက်ကတောင် ထုံဟမ်အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။

"ဟုတ်ပါတယ်"

တစ်ဘက်လူက သူ့ကျေနပ်စေလောက်မယ့်အရာမျိုးကို မပေးရင်တော့ ထုံဟမ်က ဘာမှ လုပ်ပေးလိမ့်မှာ မဟုတ်ပါဘူး။

နောက်ဆုံးပစ္စည်းကို ထုတ်ပြလိုက်တဲ့အခါ ထုံဟမ်ရဲ့မျက်လုံးတွေက လင်းလက်သွားပါတော့တယ်။

***

All Chapters