← Chapters

တပည့်ရခြင်း

Vol. 54 Ch. 736

တပည့်ရခြင်း

Vol. 54 Ch. 736

ဖီးနစ်ယူနီကွန်ဂေပန်းခြံက အဇူရာမြစ်မြို့တော်မှာ အတော်‌လေးကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပါတယ်။

ဝင်းတစ်ခုထဲမှာတော့ ဝူဖှေးယန်က ဝူရှီနဲ့ဝူကျောတို့နဲ့ စကားပြောနေပါတယ်။ ထုံချမ်ရှန်လည်း အနားမှာ ရှိပါတယ်။

"ရှီရှီ၊‌ ကျောကျော၊ မစိုးရိမ်ပါနဲ့၊ မင်းတို့အ‌ဒေါ်ရှိသရွေ့ မင်းတို့က ‌နောက်ထပ် ဒုက္ခမရောက်စေရဘူး"ဝူဖှေးယန်က ကတိပေးလိုက်ပါတယ်။

"ကျေးဇူးပါ၊ ဒေါ်လေး"ဝူရှီက ခေါင်းညိတ်လိုက်ပါတယ်။

"မင်းတို့ရဲ့အဒေါ်တင်မက မင်းတို့ရဲ့ဦးလေးလဲ ဒီနေရာမှာ ရှိနေပါတယ်" ထုံချမ်ရှန်က သူ့ရဲ့ပုံရိပ်ကို အကောင်းဆုံးပြန်ရဖို့ ကြိုးစားနေတော့တယ်။

"ဟမ့်"ဝူဖှေးယန်က နှာခေါင်းရှုံ့လိုက်လေတယ်။

ဝင်းအပြင်ဘက်မှာတော့ တံခါးခေါက်သံတစ်ခု ထွက်လာချေတယ်။

"ငါ သွားလိုက်မယ်" ထုံချမ်ရှန်က မတ်တပ်ထရပ်ပြီး လျှောက်သွားလိုက်ပါတယ်။

"အကိုကြီး ထုံပုဝေ့၊ မင်းက ဘာလို့ ဒီနေရာမှာ ရှိနေရတာလဲ။ သူကရော ဘယ်သူလဲ"

ထုံချမ်ရှန်က တံခါးဖွင့်လိုက်တဲ့အခါ သူက ထုံပုဝေ့နဲ့အကြီးအကဲတစ်ယောက်ကို မြင်လိုက်ရပါတယ်။

ထုံပုဝေ့က ပြောလိုက်တယ်"ချမ်ရှန်၊ ဘာကိစ္စပဲဖြစ်ဖြစ် မင်း ဝင်မပါနဲ့။ ဒါကို ကလန်က ဆုံးဖြတ်ထားတာ"

ပြောပြီး‌နောက် ထုံပုဝေ့က အကြီးအကဲကို ဝင်းအတွင်း ခေါ်လာပါတယ်။

ထုံချမ်ရှန်က အတော်လေးစိတ်ရှုပ်နေပြီး ဝင်းတံခါးကို ပိတ်လိုက်ပါတယ်။

ဝူဖှေးယန်နဲ့အခြားသူတွေက လှည့်ကြည့်ပြီး အကြီးအကဲကို မြင်လိုက်ရပါတယ်။ ဝူရှီက အကြီးအကဲကို လက်ညှိုးထိုးပြီး ထိတ်လန့်နေတဲ့လေသံနဲ့ ပြောလိုက်တယ်"‌ဒေါ်လေး၊ သူက ဝူချန်းကန်ရဲ့လက်ထောက်ပဲ။ သူက သေချာပေါက် ဒီနေရာကို ငါတို့ကို ဖမ်းဖို့လာတာ"

"ဝူချန်းကန်ရဲ့လက်ထောက်လား"ဝူဖှေးယန်ရဲ့မျက်နှာက မည်းမှောင်သွားတော့တယ်။

အကြီးအကဲက ဝူရှင်းဟိုင်ဖြစ်ပါတယ်၊ သူက ရယ်ကာ ပြောလိုက်တယ်"သခင်လေးနဲ့သခင်မလေး ၊သခင်မလေးတို့က ဝူကလန်ရဲ့အဖွဲဝင်တွေပါ၊ ကျေးဇူးပြုပြီး ဒီကျွန်အိုကြီး‌‌နဲ့အတူ ပြန်လိုက်လာပါ"

"မလိုက်ဘူး"ဝူကျောက ဓားကို ဆွဲထုတ်လိုက်ချေတယ်။

သနားစရာကား သူ့ရဲ့ကျင့်ကြံခြင်းက နှိမ့်လွန်းတာကြောင့်  တစ်ယောက်မှ သူ့ကို ဂရုမစိုက်ပါဘူး။

ဝူဖှေးယန်က ထုံပုဝေ့အား ကြည့်လိုက်တယ်"အကိုကြီးထုံပုဝေ့၊ ဒါ ဘာအဓိပ္ပါယ်လဲ"

ထုံပုဝေ့က ခံစားချက်မပါတဲ့မျက်နှာနဲ့ ပြောလိုက်လေတယ်"ငါတို့ထုံကလန်က ဝူကလန်နဲ့ မိတ်ဆွေတွေပါ။ ဝူကလန်ရဲ့ကိစ္စကို ငါတို့အနေနဲ့ ကြားဝင်လို့မသင့်တော်ဘူး။ မင်းလည်း ဒီကိစ္စမှာ ဘေးဖယ်နေသင့်တယ်၊ ဖှေးယန်"

ဝူဖှေးယန်ရဲ့မျက်လုံးတွေက နီရဲသွားလေတယ်။ ဒီနေ ဝူရှီနဲ့ဝူကျောကို လုရဲတဲ့ဘယ်သူ့ကိုမဆို သူမက အသက်ပေးပြီး တိုက်ခိုက်ရမှာပါ။

"ဝူရှင်းဟိုင်၊ မင်းတို့ အရူးကောင်တွေ" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့သူ့လူတွေက ပြေးလာကြပြီး သူက ဒေါသနဲ့ အော်လိုက်လေတယ်။

ထုံပုဝေ့က တစ်ချက်ကြည့်ပြီး မမြင်နိုင်တဲ့ဖိအားတစ်ခုက အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ကို ဖိနှိပ်လိုက်ပါတယ်။ ဒါက ထိုအုပ်စုကို မရွေ့နိုင်၊စကားမပြောစေနိုင်တော့ပါဘူး။

ထုံဟမ်ရဲ့မြေးအနေနဲ့၊ ထုံပုဝေ့လည်း အစိီအရင်ရဲ့တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒါက ဘယ်မဟာဧကရာဇ်ကို မဆို ဖိနှိပ်ဖို့ လုံလောက်ပါတယ်။

ထိုအခိုက်မှာ ထုံချမ်ရှန်က ဘာဖြစ်နေတာကို သိလိုက်ပါတယ်။

"အကိုကြီး ပုဝေ့၊ ဝူရှီနဲ့ဝူကျောက ငါ့ရဲ့တူနဲ့တူမတွေပါ။ သူတို့ကို လွှတ်ပေးလိုက်ပါ"ထုံချမ်ရှန်က ဝူဖှေးယန်ရဲ့ရှေ့၌ ရပ်ကာ ပြောလိုက်တယ်။

ထုံပုဝေ့က ‌ပြောလိုက်တယ်" ချမ်ရှန်၊ ငါ မင်းကို အစောကတည်းက ပြောပြီးပြီးပဲ။ ဒါက ကလန်ရဲ့ဆုံးဖြတ်ချက်ပဲ၊ ငါတို့က မထိန်းချုပ်နိုင်ဘူး"

ထုံချမ်ရှန်က ပြောလိုက်တယ်" ငါ ကလန်နဲ့ စကားပြောရလိမ့်မယ်"

"ချမ်ရှန် ၊ဒီကိစ္စမှာ မင်း မပါဝင်ပါနဲ့။ ဖှေးယန်လည်း တူတူပဲ၊ ဘေးမှာပဲ ရပ်နေပါ"

ထုံပုဝေ့က သူတို့နဲ့ အချိန်မဖြုန်းချင်ပါဘူး၊ သူက သူတို့ကိုပါ ဖိနှိပ်ထားလိုက်ပါတယ်။

"ဟီးဟီး၊ သခင်လေးနဲ့သခင်မလေး၊ ကျွန်တော့်‌နောက် လိုက်လာပါ"

ဝူရှင်းဟိုင်က ပြုံးကာ ဝူရှီိနဲ့ဝူကျောဆီ လျှောက်သွားလေတယ်။

ကလေးနှစ်ယောက်က ကြောက်ရွံတုန်လှုပ်ပြီး အကူအညီ မဲ့နေတော့တယ်။

"ဝူကလန်ရဲ့လက်တံက တကယ်ကို ရှည်တာပဲ"

ဘန်း.........

သွေးမြူတစ်ခု ဖြစ်တည်လာပြီး ဝူရှင်းဟိုင်က ချက်ချင်း ပျောက်ကွယ်သွားပါတယ်။

လီဖူချန်းက ဝင်းထဲမှ ဖြည်းဖြည်ချင်း ထွက်လာနေပါတယ်။

ထုံပုဝေ့ရဲ့မျက်လုံးက ကျုံ့သွားတော့တယ်။ ဒါက မြန်လွန်းတယ်။ လီဖူချန်ရဲ့တိုက်ခိုက်မှုက မီးပွားတစ်ခုပမာပင်၊ သူက ဝူရှင်းဟိုင်ကို ကာကွယ်ဖို့တောင် မမှီလိုက်ပါဘူး။

ယခု ဝူရှင်းဟိုင်က သေပြီးဆိုတော့ ထုံပုဝေ့က ဘာလုပ်ရမှန်း မသိပါဘူး။ သူက ဝူကျောနဲ့ဝူရှီကို ကိုယ်တိုင်ဖမ်းပြီး ဝူကလန်ကို ပို့လိုက်သင့်လား။

"အဇူရာမြစ်မြို့မှာ သတ်ဖြတ်တာကို တားမြစ်ထားတာကို မင်း မသိဘူးလား"ထုံပုဝေ့က မေးလိုက်တယ်။

"ငါ သတ်ရင်ရော ဘာဖြစ်လဲ"

လီဖူချန်းက ကျောက်စိမ်းအဆောင်တစ်ခုကို တိတ်တဆိတ် ယူထုတ်လိုက်ပါတယ်။

"မင်း"

ထုံပုဝေ့က လက်ကို ဝှေ့ယမ်းလိုက်ပါတယ်။ ကောင်းကင်နဲ့မြေကြီးစွမ်းအားတစ်ခုက ထိုးတက်လာပြီး ကြောက်စရာကောင်းတဲ့အစီအရင်စွမ်းအားတစ်ခုက လီဖူချန်းကို ဖိနှိပ်လိုက်ပါတယ်။

ဘန်း ဘွန်း........

ထုံဟမ်နဲ့ထုံပုဝေ့က လီဖူချန်းရဲ့ခွန်အားကို ခန့်မှန်းမှု မှားယွင်းခဲ့ပါတယ်။ မပြည့်စုံတဲ့အဆင့်၉အဆင့်နိမ့်အစီအရင်နဲ့ ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက ကြယ်လက်ရဲ့ချီစွမ်းအားကို လှည့်ပတ်ပြီး ကြောက်စရာကောင်းတဲ့ကမ္ဘာစွမ်းအားတစ်ခုကို ပေါက်ကွဲထွက်စေလိုက်ပါတယ်။ အစီအရင်စွမ်းအားက တွန့်လိမ်ပြီး ပျက်စီးသွားခဲ့ပါတယ်။

"သွားကြစို့"

လီဖူချန်းက လက်ကို ဝှေ့ယမ်းပြီး ဝူရှီ၊ဝူကျော၊အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့ အခြားသူတွေကို ဆွဲ‌လိုက်ပါတယ်။ တစ်ဆက်တည်းမှာပဲ၊ လီဖူချန်းက သူ့လက်ထဲရှိ ကျောက်စိမ်းအဆောင်ကို ချေမွလိုက်ပါတယ်။

ဆွစ်.......

အလင်းတစ်ခုဖြစ်လာပြီးနောက် လီဖူချန်းနဲ့အခြားသူတွေက အရိပ်အယောင်တစ်ခုမှ မကျန်ဘဲ ပျောက်ကွယ်သွားပါတော့တယ်။

အကြိုအဆင့်၉မိုင်တစ်သောင်းတည်နေရာရွှေ့ပြောင်းရေးအဆောင်လား"

ထုံပုဝေ့ရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။

အကြိုအဆင့်၉မိုင်တစ်သောင်းတည်နေရာရွှေ့ပြောင်းရေးအဆောင်က အဆင့်၉အဆင့်နိမ့်အစိအရင်ကို ထိုးဖောက်နိုင်ပါတယ်၊ ပြီးတော့ ထုံပုဝေ့ကလည်း အစီအရင်ကို အပြည့်အဝ မထိန်းချုပ်နိုင်ဘူးလေ။ ပြီးတော့ လီဖူချန်းက စွမ်းအားကောင်းလွန်းပြီး အစီအရင်စွမ်းအားကို ထိုးဖောက်နိုင်ပါတယ်။

…

အဇူရာမြစ်မြို့က မိုင်ထောင်အနည်းငယ်အကွာအဝေးမှာ အလင်းတန်းတစ်ခုက ကျဆင်းလာပြီး လီဖူချန်းတို့အုပ်စုက ထွက်ပေါ်လာပါတယ်။

"ပျံသန်းငွေကျွန်းပေါ်မှာ ငါက အကြိုအဆင့်၉မိုင်တစ်သောင်းတည်နေရာရွှေ့ပြောင်းရေးအဆောင်ကို ရထားတာ ကံကောင်းသွားတာပဲ"လီဖူချန်းက ရေရွတ်လိုက်မိလေတယ်။

ဒီတည်‌နေရာရွှေ့ပြောင်းရေးအဆောင်က သူ့ရဲ့စစ်ပွဲဆုလာဒ်တွေထဲက တစ်ခုပါ။

"ငါတို့တွေ အဇူရာမြစ်မြို့မှာ ထပ်နေလို့ မရတော့ဘူး။ ထုံကလန်နဲ့ဝူကလန်က သဘောတူညီမှုတစ်ခုရှိထားတာ သိသာတယ်"လီဖူချန်းက ပြောလိုက်တယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ခေါငိးညိတ်လိုက်တယ်"ကျွန်‌‌တော်လည်း အဲလိုပဲ ထင်တယ်"

"ဒေါ်လေးရော" ဝူရှီက စိုးရိမ်တကြီး မေးလိုက်တယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ဖြေလိုက်ပါတယ်"သခင်မလေးရဲ့အဒေါ်က ထုံကလန်ရဲ့အဖွဲ့ဝင်တစ်ယောက်ပဲ။ သူမက အဆင်ပြေမှာပါ"

သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် လီဖူချန်းက ဝူကျောအား ကြည့်ကာ ပြောလိုက်တယ်"မင်းမှာ ကြယ်ကိုးလုံးဓားတာအိုအရိုးခန္ဓာကိုယ်တည်ဆောက်ပုံရှိပြီး ထူးချွန်တဲ့မွေးရာပါပါရမီလည်း ရှိတယ်။ ငါ့ရဲ့ဓားတာအိုက အောင်မြင်မှုအချို့ကို ရထားပါပြီး။ မင်းက ငါ့ကို မင်းရဲ့ဆရာအဖြစ် လက်ခံဖို့ ဆန္ဒရှိလား"

ဝူကျောက ဆန္ဒမရှိရင်လဲ လီဖူချန်းက မထွက်ခွာခင် သူတို့အတွက် သင့်တော်တဲ့အစီအစဉ်တွေ လုပ်ပေးသွားမှာပါ။

ဒါပေမယ့် ဝူကျောက ဆန္ဒရှိရင်တော့ လီဖူချန်းက သူ့ကို ခေါ်သွားမှာပါ။

"သခင်လေး၊ မြန်မြန်လက်ခံလိုက်ပါ"အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က အလွန်ဝမ်းသာနေ‌တော့တယ်။

"တပည့်ဝူကျောက ဆန္ဒရှိပါတယ်"

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ပြောစရာမလိုပါဘူး၊ ဒါက ရှားပါးတဲ့အခွင့်အရေးဆိုတာ ဝူကျောက သိထားတယ်လေ။ သူက လျင်မြန်စွာ ဒူးထောက်ချလိုက်လေတယ်။

"အင်း"လီဖူချန်းက ပြုံးကာ ခေါင်းညိတ်လိုက်ပါတယ်။

"ဆရာ၊ ဒါဆို ကျွန်တော့်ရဲ့အမရော"ဝူကျောက သူ့ရဲ့အမနဲ့ မခွဲချင်ပါဘူး။

လီဖူချန်းက ပြောလိုက်တယ်"ဝူရှီ၊ မင်းကရော ငါ့ရဲ့အမည်ခံတပည့်ဖြစ်ဖို့ ဆန္ဒရှိလား"

"တပည့်ဝူရှီက ဆန္ဒရှိပါတယ်"ဝူရှီက အလွန်ပျော်သွားပါတယ်။

သူမက အမည်ခံတပည့်ပဲ ဖြစ်ရပေမယ့် သူမရဲ့မောင်လေးနဲ့သာ အတူနေရမယ်ဆိုရင် သူမက ကျေနပ်ပါတယ်လေ။

"ကောင်းပြီး၊ အခုက စပြီး မင်းတို့တွေ ငါနောက်လိုက်ခဲ့ကြတော့"

အထွတ်အထိပ်‌‌အဆင့်လေသင်္ဘောနဲ့အတူ လီဖူချန်းတို့က အဇူရာမြစ်မြို့မှ ထွက်လာကြပါတယ်။ သူတို့က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ အတွင်းနက်ပိုင်းဆီသို့ ခရီးနှင်သွားကြလေတယ်။

…

အဇူရာမြစ်မြို့၊ မြို့အရှင်အိမ်တော်........

ထုံဟမ်ရဲ့မျက်နှာအမူအရာက မကောင်းပါဘူး။

"သူတို့က အနီးအနားမှာပဲ ရှိရမယ်"ထုံပုဝေ့က ပြောလိုက်တယ်။

ထုံဟမ်က ပြောလိုက်တယ်"အဲဒါဆိုရင်ရော ငါတို့င သူတို့ကို ဘယ်လို လိုက်ဖမ်းရမှာလဲ။ ဓားမိုးမဟာဧကရာဇ်တောင် ပြိုင်ဘက်မဟုတ်ဘူး။ ငါတို့ရဲ့ထုံကလန်မှာ ဘယ်သူကများ အဲလောက် ကျွမ်းကျင်လို့လဲ"

ထုံကလန်မှာ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၁၀၀အတွင်းဝင်တဲ့သူ မရှိပါဘူး။ အဆင့်၂၀၀ကျွမ်းကျင်သူတစ်ယောက်သာ ရှိပါတယ်။

ဒါ့ပြင် ထိုကျွမ်းကျင်သူကလည်း အဇူရမြစ်မြို့မှာ မရှိပါဘူး။

"ငါတို့ ဘာလုပ်သင့်လဲ"

ထုံပုဝေ့က ဒါကို လက်မခံချင်ပါဘူး။ ပြီးတော့ လီဖူချန်းက သူ့လက်ထဲကနေ ‌လွတ်မြောက်သွားတာပါ။

ထုံဟမ်က ပြောလိုက်တယ်"ဒီကိစ္စကို ဝူကလန်ကို ပဲ လွှဲပေးလိုက်ပါ။ သူတို့မှာ နည်းလမ်းတစ်ခုရှိမှာပဲ

လေသင်္ဘောရဲ့ကျင့်ကြံခြင်းအခန်းထဲမှာ

လီဖူချန်းက မေးလိုက်တယ်"မင်းတို့က ဘာဓားအနုပညာကို လေ့ကျင့်ထားတာလဲ ကိုကစားပြပါ"

လီဖူချန်းက ဓားတာအိုမှာ သူတို့ရဲ့မွေးရာပါပါရမီကို မြင်ချင်ပါတယ်။

"ကျွန်မ အရင်လုပ်ပြလိုက်မယ်"

ဝူရှီက အတော်လေးတင့်တယ်တဲ့ဓားအနုပညာတစ်ခုကို ကစားပြလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။ ဝူကလန်က တကယ်ကို ဓားသမားကလန်ပါပဲ။ ဒီလိုဓားတာအိုပါရမီကတောင် ရှားပါးပြီး ချီးကျူးဖို့ထိုက်တန်ပါတယ်။

ဝူကျောအလှည့်ပေါ့။

လီဖူချန်းက ဝူကျောရဲ့ဓားတာအိုပါရမီကြောင့် အံ့အားသင့်သွားလေတယ်။ သူက ဒီလိုခမ်းနားကြီးကျယ်တဲ့ဓားတာအိုပါရမီကို တစ်ခါမှ မမြင်ဖူးပါဘူး။

"ဓားတာအို၊ လူတိုင်းရဲ့ဓားတာအိုက ခြားနားပါတယ်၊ ဒါပေမယ့် ဓားတာအိုက ကောင်းကင်တာအိုနဲ့ လိုက်လျောညီထွေမှုရှိရပါတယ်။ဒါကြောင့် ဓားတာအိုအားလုံးကို တစ်ခုတည်းမှာပဲ လာရောက်တွေ့ဆုံရပါတယ်။ မင်းတို့နှစ်ယောက်လုံးရဲ့ဓားတာအိုပါရမီက ကောင်းတယ်။ ဒါပေမယ့် မင်းတို့ရဲ့ဓားတာအိုပါရမီက ကောင်းတာကြောင့် မင်းတို့က ခိုင်မာတဲ့အခြေခံအုတ်မြစ်တစ်ခုကို တည်ဆောက်ရမယ်။ အခြေခံအုတ်မြစ်ကောင်းကောင်းက မင်းတို့ရဲ့အနာဂတ်မှာ အသုံးဝင်ပါလိမ့်မယ်"

သူက တပည့်တွေကို ကောင်းကောင်းသင်ပေးနိုင်မလားကို လီဖူချန်းက မသိပါဘူး၊ ဒါပေမယ့် အခြေခံက အရေးကြီးဆုံးဆိုတာကိုတော့ သူ သိပါတယ်။ သူတို့နှစ်ယောက်က ဓားအနုပညာများစွာကို လေ့ကျင့်ခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ရဲ့အခြေခံက ကင်းမဲ့နေတုန်းပါပဲ။

လီဖူချန်းက စာအုပ်ရာအနည်းငယ်ကို ထုတ်လိုက်ပါတယ်။ သူတို့အားလုံးက အဝါရောင်အဆင့်နိမ့်ဓားအနုပညာစာအုပ်တွေပါ။

"ငါ မင်းတို့ကို ဒီဓားအနုပညာအားလုံးကို ကျွမ်းကျင်‌အောင် သင်ယူစေချင်တယ်။ပြီးရင် ငါက မင်းတို့ကို စစ်‌ဆေးမယ်"လီဖူချန်းက ပြောလိုက်တယ်။

"ဟုတ်ကဲ့ ဆရာ"

ဝူရှီနဲ့ဝူကျောင်က ခေါင်းညိတ်လိုက်ပါတယ်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားနေပါတယ်။

ကလေးနှစ်ယောက်က အဝါရောင်အဆင့်နိမ့်ဓားအနုပညာစာအုပ်ကို သင်ယူနေစဉ်မှာ လီဖူချန်းက သူ့ရဲ့မူလအစွန်းဓားအနုပညာကို လေ့လာနေပါတယ်။

သူ့ရဲ့ခန္ဓာကိုယ်အပြင်အားနဲ့ နှိုင်းယှဉ်ရင်တော့ သူ့ရဲ့ဓားတာအိုက နိမ့်ကျပါတယ်။

မူလအစွန်းဓားနည်းလမ်းက သူ့ရဲ့အကြီးကျယ်ဆုံး ဖန်တီးမှုပါ။ တစ်ကြိမ် ဖန်တီးပြီးတာနဲ့ အဲဒါက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာအောက် မနိမ့်ကျပါဘူး။

***

All Chapters