← Chapters

ဓားပင်လယ်စက်ဝိုင်း

Vol. 54 Ch. 737

ဓားပင်လယ်စက်ဝိုင်း

Vol. 54 Ch. 737

လဝက်ခန့်မှာတော့ လီဖူချန်းက မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားမှုကို မဖန်တီးနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် သူက မူလအစွန်းဓားနည်းလမ်းကို အဆင့်၄၁ထိ တိုးမြင့်နိုင်ခဲ့ပါတယ်။

နောက်ရက်အနည်းငယ်အကြာမှာ‌တော့ သူတို့က ကားတိန်မြစ်မြို့အနီးကို ရောက်ရှိလာပါတယ်၊ ဒါပေမယ့် လီဖူချန်းက မြို့ထဲကို ဝင်ဖို့တော့ အစီအစဉ် မရှိပါဘူး။

မြသ်စင်ရင်စုရှိ ဘယ်မြို့ကိုမဆို ဝင်တာက အန္တရာယ်များပါတယ်။ မြို့ကိုဝင်ခြင်းက ရန်သူရဲ့ပိုင်နက်ကို ဝင်တာနဲ့ တူတူပါပဲ။

မူလအစွန်းဓားနည်းလမ်းက အဆင့်၄၁ကို ရောက်လာတဲ့အခါ လီဖူချန်းက နောက်ဆုံးတော့ ဈာန်ဝင်စားမှုတစ်ခု ဖြစ်တည်လာပါတယ်။

မူလအစွန်းဓားနည်းလမ်းက မူလအစွန်းဓားအနုပညာရဲ့အမြစ်ပါ။ အမြစ်ပိုကောင်းလေလေ အပင်က ကြီးထွားဖို့ ပိုလွယ်လေလေပါပဲ။

ကျင့်ကြံခြင်းခန်းထဲမှာ လီဖူချန်းက သူ့ရဲ့လက်တွေကို ဓားပမာ အသုံးပြုပြီး ဓားလှုပ်ရှားမှုတွေကို လေ့ကျင့်နေလိုက်ပါတယ်။

အချိန်အတော်ကြာလေ့ကျင့်ပြီး‌နောက် ဈာန်ဝင်စားမှုက ပေါက်ကွဲထွက်လာပြီး လီဖူချန်းက ဟင်းလင်းပြင်ကို ချိန်ရွယ်လိုက်လေတယ်။

ချိန်ရွယ်မှုက မည်သည့်ဓားစွမ်းအင်၊ဓားဆန္ဒကိုမှ မသုံးပါဘူး။ ရိုးရှင်းတဲ့ချိန်ရွယ်မှုတစ်ခုသာပါ။

ဒါပေမယ့် ကြယ်ကိုးလုံးဓားတာအိုအရိုးတည်ဆောက်ပုံရှိတဲ့ဝူကျောအတွက်တော့ ကောင်းကင်မြေကြီးဓားတာအိုဥပဒေဿမှာ လှိုင်းဂယက်တစ်ခုဖြစ်သလို ခံစားလိုက်ရပါတယ်။

"ဒီလိုမယုံနိုင်စရာကောင်းတဲ့ဓားအနုပညာ"ဝူကျောရဲ့မျက်လုံးက လေးစားမှုအပြည့် ဖြစ်သွားလေတယ်။

…

ဝူကလန်.......

"အလကားကောင်တွေ"

ဓားမိုးဧကရာဇ်က ရှုံးနိမ့်သွားပြီး ဝူရှင်းဟိုင်က သေသွားတာကို သိပြီး‌နောက် ဝူချန်းကန်က ဒေါသပေါက်ကွဲသွားလေတယ်။

"ဒီကိစ္စကို ငါ့ကို လွှဲပေးလိုက်ပါ။ ငါ အဲဒီဓားသမားကို အတော်လေး စိတ်ဝင်စားနေတယ်။ သူက ငါ့ရဲ့ဓားတာအိုကို ‌နောက်တစ်ဆင့်ရောက်အောင် ကူညီပေးနိုင်ချင်ပေးနိုင်မယ်" ဘေးနားရှိ ဓားသေမင်း၊ဝူချန်းကြွယ်က ပြောလိုက်တယ်။

"ကောင်းပြီး၊ ငါ ဒီကိစ္စကို မင်းကို လွှဲပေးလိုက်မယ်။ ဒါက ဝိညာဉ်အိမ်မြှောင့်၊ သူတို့က ကမ္ဘာရဲ့အဆုံးကို ထွက်ပြေးသွားရင်တောင် သူတို့က ဝိညာဉ်အိမ်မြှောင့်ရဲ့ခြေရာခံမှုအောက်မှ မလွတ်‌မြောက်နိုင်ဘူး"

ဝူချန်းကြွယ်က လက်ဝါးအရွယ်အစားသတ္တုချပ်ပြားတစ်ခုကို ဝူချန်းကြွယ်ကို ပေးလိုက်ပါတယ်။

ဝူချန်းကန်က စေ့စပ်တိကျလွန်းပါတယ်။ သူက အာဏာကို လုယူဖို့ ဆုံးဖြတ်လိုက်ကတည်းက ဝူကလန်ရဲ့အစီအရင်မှာ တစ်ခုခု လုပ်ထားခဲ့ပါတယ်။ သူက ဝူကလန်ရဲ့အဖွဲ့ဝင်အားလုံးဆီမှ ချီတည်ရှိမှုအမျှင်တစ်ခုကို ရရှိထားပါတယ်။ ချီတည်ရှိမှုအမျှင်နဲ့အတူ တစ်ယောက်မှ မလွတ်မြောက်နိုင်ပါဘူး။

ဝိညာဉ်အိမ်မြှောင်ကို သိမ်းပြီးနောက် ဝူချန်းကြွယ်က ပျောက်ကွယ်သွားတော့တယ်။

…

"မူလအစွန်းဓားအနုပညာ၊ ဓားတာအိုအရင်းပြစ်ဖြစ်တဲ့ အဆုံးစွန်းအခြေအနေနဲ့ အနီးကပ်ဆုံးဖြစ်တဲ့ ဓားအနုပညာ။ ပထမလှုပ်ရှားမှုက စိတ်ဆန္ဒကို အ‌ခြေတည်ရတယ် သို့မဟုတ်ရင် အဲဒါက နောက်ကျရင် အခြားဓားလှုပ်ရှားမှုတွေကို သက်ရောက်လိမ့်မယ်"

စိတ်ဆန္ဒတည်ခြင်းက အရေးမကြီးကောင်းအရေးမကြီးနိုင်တယ်၊ ဒါပေမယ့် အဲဒါက ဓားအနုပညာရဲ့အထက်အကန့်အသတ်နဲ့ဦးတည်ဘက်လားရာကို သက်ရောက်မှုရှိပါတယ်။

တစ်ယောက်ယောက်က စိတ်ဆန္ဒကို မဆင်မခြင် မတည်ရပါဘူး။ မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားမှုမှာ စကြာဝဠာကို ဖျက်စီးနိုင်တဲ့ စွမ်းအားရှိရင် အဲဒါက အဆင့်အားဖြင့် မြင့်လွန်းပြီး သဘာဝမကျဘူး။ ဖန်တီးခြင်းအခက်အခဲက မစိတ်ကူးနိုင်တဲ့အဆင့်ကို ရောက်ရှိပါလိမ့်မယ်။ လီဖူချန်းရဲ့လက်ရှိဓားတာအိုအောင်မြင်မှုနဲ့အတူ အဲဒါက မဖြစ်နိုင်ပါဘူး။

ဒါကြောင့် ပထမလှုပ်ရှားမှုအတွက် စိတ်ဆန္ဒကို အခြေတည်တဲ့အခါ အဲဒါက အဆင့်အားဖြင့် မမြင့်လွန်းရပါဘူး၊ ရှင်းလင်းတိကျရပါမယ်။

ဒီပြဿနာမရှိဘဲ လီဖူချန်းက မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားမှုကို ဖန်တီးနိုင်ပါလိမ့်မယ်။

ကံကောင်းတာက ဓားနှလုံးသားနဲ့အတူ လီဖူချန်းက ကောင်းကင်နဲ့မြေကြီးရဲ့ဓားတာအိုဥပဒေဿနဲ့ အဆက်မပြတ် ချိတ်ဆက်နိုင်ပါတယ်။ သူ့ရဲ့စိတ်ထဲမှာ ဈာန်ဝင်စားမှုဖြစ်တည်လာချိန်တိုင်း သူ့ရဲ့စိတ်ဝိညာဉ်အတွင်းမှာ ကောက်ချက်ချနိုင်ပြီး သူ့ရဲ့အတွေးတွေက ရှင်းလင်းလာပါတယ်။

ဒီနေ့မှာတော့ လီဖူချန်းက သူ့ရဲ့လက်‌‌ချောင်းကို ထပ်မံ ချိန်ရွယ်လိုက်ပါတယ်၊ ဓားတာအိုဥပဒေဿမှာ ပြင်းထန်တဲ့လှိုင်းဂယက်တစ်ခုကို ဖြစ်သွားစေလိုက်ပါတယ်။

ဝူကျောရဲ့မျက်လုံးတွေက လင်းလက်သွားပါတယ်။ ဓားတာအိုနဲ့ပတ်သက်ပြီး သူ့ရဲ့ထက်မြက်တဲ့သိမြင်ခံစားမှုနဲ့အတူ သူ့ဆရာရဲ့ဓားတာအိုက ပိုပိုမြင့်မားလာတာကို သူက ခံစားမိနေရပါတယ်။ စောစောပိုင်းက သူက မူလကမ္ဘာက ထွက်သွားပြီး ဓားတာအိုကမ္ဘာကို ရောက်ရှိသွားသလို ခံစားချက်တစ်ခု ရှိခဲ့ပါတယ်။ အဲဒါက သန့်စင်တဲ့ဓားတာအိုကမ္ဘာတစ်ခုဖြစ်ပြီး ကြီးကြယ်ခမ်းနားပြီးအဆုံးမရှိတဲ့စက်ဝိုင်းတစ်ခု ရှိနေပါတယ်။

ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာကို သန့်စင်တဲ့ဓားတာအိုကမ္ဘာလို့ ယူဆမရပါဘူး၊ ဘာလို့ဆို သူ့မှာ ဟင်းလင်းပြင်ဥပဒေဿပါဝင်နေလို့ပါ။

သန့်စင်တဲ့ဓားတာအိုကမ္ဘာမှာ ဓားတာအိုဥပဒေဿသာ ရှိရပါမယ်၊အခြား ဘာမှ မရှိရပါဘူး။

လီဖူချန်းရဲ့မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားမှုမှာ ကမ္ဘာကို အရင်းမြစ်အဖြစ် သုံးထားတဲ့ ကမ္ဘာတစ်ခုရဲ့စိတ်ဆန္ဒက တည်ရှိပါတယ်။

တစ်ပတ်......နှစ်ပတ်........

လီဖူချန်းရဲ့စိတ်ထဲမှာ မရေမတွက်နိုင်တဲ့ဓားအနုပညာတွေက လှည့်လည်နေပြီး အဆုံးမရှိဓားတာအိုဥပဒေဿတွေက ရောယှက်နေပါတယ်။

အဲဒါက မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားမှုကို ဖန်တီးခြင်းနဲ့ ဝေးနေတုန်းပါပဲ၊ ဒါကြောင့် ဓားတာအိုချီတည်ရှိမှုက ယိုပေါက်သွားပြီး အဖြစ်အပျက်မျိုးစုံကို ပေါက်ဖွားစေလိုက်ပါတယ်။

အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောက ပျံသန်းနေတဲ့ဓားတစ်လက်ပမာ လည်ပတ်နေတာကို မြင်တဲ့လူရှိတယ်။

တံလှပ်တစ်ခုကို မြင်တဲ့လူတွေ ရှိတယ်။

ဓားပင်လယ်တစ်ခုကို မြင်တဲ့သူတွေ ရှိတယ်။

"မူလအစွန်းဓားအနုပညာ၊ ကန့်သတ်မှုမရှိ၊ ချုပ်နှောင်မှုမရှိ။ အရင်းမြစ်ရဲ့မူလကို ပြန်သွား၊ ကမ္ဘာတစ်ခုအတွင်း ကမ္ဘာတစ်ခု"

ဒီနေ့မှာတော့ လီဖူချန်းက သူ့ရဲ့မျက်လုံးနှစ်လုံးကို ရုတ်တရက် ဖွင့်လိုက်စဉ် ဓားအလင်းတွေက သူ့ရဲ့မျက်လုံးမှ ထွက်လာပါတယ်။

ဆွစ်........

လီဖူချန်းက ငွေလေသင်္ဘောကနေ ထွက်ပြီး တိမ်ပင်လယ်ကို ရောက်ရှိသွားလေတယ်။

ထိုအချိန်မှာ မရေမတွက်နိုင်တဲ့ဓားအနုပညာတွေက သူ့ရဲ့စိတ်ထဲမှာ တစ်ခုအဖြစ် ပေါင်းစည်းလာပါတယ်။ အဆုံးမရှိဓားတာအိုဥပဒေဿတွေက ပြီးပြည့်စုံတဲ့ဥပဒေဿကို ဖန်တီးခဲ့‌လေတယ်။ ကြောက်လန့်စရာဓားဆန္ဒတစ်ခုက ထွက်လာပြီး ကောင်းကင်ကိုတောင် အရောင်ပြောင်းသွားစေလိုက်တယ်။ နေနဲ့လတောင် မှုန်မှိုင်းသွားပြီး မိုင်ထောင်အနည်းငယ်အကွာအဝေးရှိ ဓားတာအိုဥပဒေဿတွေအားလုံးက လီဖူချန်းဆီ ထိုးတက်လာပါတယ်။

ဆွစ်.......

လီဖူချန်းက ကောင်းကင်အဆင့်မြင့်ဓားကို ဆွဲပြီး ဟင်းလင်းပြင်ကို ထိုးဖောက်လိုက်ပါတယ်။

ဟင်းလင်းပြင်မှ မရေမတွက်နိုင်တဲ့ဓားခုတ်ပိုင်းသံတွေက ထွက်လာပါတယ်။ဓားဆူနာမီတစ်ခု ဖြစ်နေသလိုပါပဲ။

နေရာတစ်ခုလုံးက ဓားတာအိုကမ္ဘာတစ်ခုအဖြစ် ရုတ်တရက် ပြောင်းသွားပါတယ်။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿက‌တောင် ယာယီ ဆုတ်ခွာပေးလိုက်ရပါတယ်။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်နဲ့မြေကြီးဥပဒေဿက အလွတ်တင်းကြပ်ပါတယ်၊ ၎င်း ဆုတ်ခွာဖို့ဆိုတာက ဧကရာဇ်ကောင်းကင်တိုက်ကြီးထက် အဆ၁၀၀ပိုခက်ခဲပါတယ်။

အဆုံးမရှိဓားတာအိုဥပဒေဿတွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာကို ခံစားနေရင်း လီဖူချန်းက ခေါင်းငုံ့ကာ လေးလေးနက်နက်ဆင်ခြင်လိုက်ပါတယ်။ ပြီးနောက် သူက ခေါင်းကို မော့လိုက်ချေတယ်"ဒီလှုပ်ရှားမှုကို ဓားပင်လယ်စက်ဝိုင်းလို့ ခေါ်မယ်"

ဓားပင်လယ်စက်ဝိုင်းက သန့်စင်တဲ့ဓားတာအိုကမ္ဘာတစ်ခုပါ၊ ဒါက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာက မနှိုင်းယှဥ်နိုင်တဲ့ အရာပါ။

မူလအစွန်းဓားနည်းလမ်းနဲ့မူလအစွန်းဓားအနုပညာနဲ့ဆိုရင် သူ့ရဲ့ခွန်အားက နှစ်ဆရှိလာပြီးလို့ လီဖူချန်းက ယုံကြည်ပါတယ်။ သူက ဓားမိုးမဟာဧကရာဇ်နဲ့ နောက်တစ်ကြိမ်တိုက်ခိုက်ရမယ်ဆိုရင် သူက သေချာပေါက် ဓားမိုးမဟာဧကရာဇ်ကို ချက်ချင်း သတ်လိုက်နိုင်မှာပါ။

"ဓားတာအိုရဲ့ပြီးပြည့်စုံခြင်းကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ယူပါတယ် ဆရာ"

ဝူရှီနဲ့ဝူကျောတို့က သူ့ကို လျင်မြန်စွာ ဂုဏ်ပြုလိုက်လေတယ်။

ဓားတာအိုရဲ့ပြီးပြည့်စုံခြင်းကို ရောက်ရှိဖို့ဆိုရင် တစ်ယောက်ယောက်က ကောင်းကင်အဆင့်အထွတ်အထိပ်ဓားအနုပညာတစ်ခုကို ဖန်တီးဖို့လိုပါတယ်။ သူတော်စင်တွေတောင် ကောင်းကင်အဆင့်အထွတ်အထိပ်သိုင်းအနုပညာတစ်ခုကို ဖန်တီးဖို့ အလွန်ခက်ခဲတဲ့အချိန်တွေ ရှိပါတယ်။

ယေဘူယျပြောရရင် သူတော်စင်တွေက သိုင်းတာအိုရဲ့အဆုံးစွန်းကို နီးကပ်ရုံမျှသာပါပဲ။

လီဖူချန်းရှိနေသမျှ ဝူချန်းကြွယ်က ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။

တစ်လကြာပြီးနောက် ဝူချန်းကြွယ်က လိုက်မီလာပါတော့တယ်။

"မင်းတို့က အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောကို ယူသွားရုံနဲ့ လွတ်မြောက်လိမ့်မယ်လို့ ထင်နေတာလား"

ပုံရိပ်တစ်ခုက အထွတ်အထိပ်‌‌အဆင့်ငွေလေသင်္ဘောရဲ့အရှေ့မှာ ထွက်ပေါ်လာပါတယ်။

"ဓားသေမင်း၊ဝူချန်းကြွယ်"အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ရဲ့အမူအရာက ပြောင်းလဲသွား‌ပါတယ်။

လီဖူချန်းက ငွေလေသင်္ဘောမှ ထွက်လာပါတယ်"မင်းက ဝူကလန်ရဲ့နံပါတ်တစ်ကျွမ်းကျင်သူလား"

"မင်းတို့မှာ အခွင့်အရေးရှိတုန်း အညံ့ခံလိုက်ပါ"

ဝူချန်းကြွယ်က လက်ကို နောက်ပစ်လျက် ရပ်နေတယ်။ သူ့ရဲ့မျက်လုံးတွေက အေးစက်တဲ့အလင်းတစ်ခုကို ထုတ်လွှတ်နေလေတယ်။

"အညံ့ခံရမယ်လား။ မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ။ ငါ မင်းကို သတ်ပြီးရင်တော့ ဝူကလန်က ဆက်ပြီး မောက်မာနေအုံးမလား သိချင်မိတယ်"

လီဖူချန်းက သေချာပေါက် ဝူချန်းကြွယ်ကို သတ်နိုင်ပါတယ်၊ သူက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားကို သုံးခဲ့ရင်ပေါ့။

"မင်းက သေမင်းနဲ့နီးကပ်နေတာကို မသိသေးဘူးပဲ။ မင်း သေဖို့ အချိန်ကျရောက်ပြီး"

ဓားတစ်လက်က ရုတ်တရက် ထွက်ပေါ်လာပါတယ်၊ ဝူချန်းကန်က သူ့ဓားကို ဝှေ့ယမ်းပြီး လီဖူချန်းဆီ မရေမတွက်နိုင်တဲ့ဓားအလင်းတွေကို ပစ်လွှတ်လိုက်ပါတယ်။

ထိုဓားအလင်းတွေမှာ အရာအားလုံးကို ဖျက်ဆီးနိုင်တဲ့ ဓားဆန္ဒတွေနဲ့ ပြည့်နေပါတယ်။ ငရဲမှထွက်လာတဲ့ဓားအလင်းတွေပမာပါပဲ။

လီဖူချန်းရဲ့မျက်လုံးက လင်းလက်သွားပြီး သူလည်းပဲ သူ့ရဲ့ဓားကို ဝှေ့ယမ်းလိုက်ပါတယ်။

ကလင်း ကလန်း ကလင်း ကလန်း.........

ဟင်းလင်းပြင်မှာ အက်ကွဲသံတွေက မြည်တမ်းနေတော့တယ်။ နှစ်ယောက်ကြား နေရာက ပျက်စီးခြင်းဥပဒေဿအဖြစ် ပြောင်းသွားပြီး အရာတိုင်းကို နတ္ထိဖြစ်စေလိုက်ပါတယ်။

လီဖူချန်းနဲ့ဝူချန်းကြွယ်တို့က ရပ်နေလေတယ်၊ မလှုပ်မရှားရပ်နေကြသည်မှာ ဓားနတ်ဘုရားအလားပါပဲ။

ဝူချန်းကြွယ်က လီဖူချန်းအား စိုက်ကြည့်ကာ ပြောလိုက်တယ်"မင်းက ဝူယုကို အနိုင်ယူနိုင်တာ အံ့ဩစရာမရှိဘူးပဲ။ ဒါပေမယ့် မင်းရဲ့ခွန်အားက ငါ့အတွက်တော့ မလုံ‌လောက်သေးဘူး။ ဘာကြောင့် ငါ့က ဓားသေမင်းလို့ လူသိများတာကို မင်းကို ပြပေးမယ်။ အသက်မရှိသေခြင်းမရှိ၊ ချုပ်နှောင်မှုမရှိ ရက်စက်ခြင်း"

ဝူချန်းကြွယ်ရဲ့ဓားက လည်ပတ်နေတယ်၊ သူက ဓားတစ်လက်အဖြစ်ပြောင်းသွားသလိုပါပဲ။ မရေမေတွက်နိုင်တဲ့ဓားအလင်းတွေက သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်လာပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို တောက်ပသွားစေတယ်။

"ဟုတ်လား၊ ဒါဆိုလဲ လာပြီး"

ဝူချန်းကြွယ်ရဲ့ဓားလှုပ်ရှားမှုကို မြင်တဲ့အခါ လီဖူချန်းရဲ့ဓားက တုန်ခါသွားပြီး မရေမတွက်နိုင်လောက်တဲ့အရိပ်အယောင်တွေက ထွက်ပေါ်လာနေတယ်။ ချက်ချင်းပဲ မရေမတွက်နိုင်တဲ့ကြယ်ပျံ‌တွေက ပေါက်ထွက်လာလေတယ်။

ဓားလှုပ်ရှားမှူ-ကြယ်ကြွေဓားကွက်။

ဓားအလင်းနဲ့ကြယ်ပျံတွေ တွေ့ဆုံသလို လီဖူချန်းနဲ့ဝူချန်းကြွယ်တို့ရဲ့ပုံရိပ်တွေကလည်း တွေ့ဆုံသွားကြပါတယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူတွေက ဓားမိုးမဟာဧကရာဇ်နဲ့လီဖူချန်းကြား တိုက်ပွဲမှာ တစ်ခုခုကို မြင်နိုင်သေးပါတယ်။ ဒါပေမယ့် လီဖူချန်းနဲ့ဝူချန်းကြွယ်ကြား လက်ရှိတိုက်ပွဲမှာတော့ ဘာမှကို မမြင်နိုင်ပါဘူး။ သူတို့က မျက်လုံးကို ပိတ်ရင် အသံတွေကိုသာ ကြားနိုင်ပါတယ်။ ဓားတာအိုဥပဒေဿတွေ ကျိုးပျက်တဲ့ အသံတွေ.........

သူတို့နှစ်ယောက်က အသီးသီးရဲ့ဓားတာအိုဥပဒေဿတွေကို လှီးဖြတ်ရှင်းလင်းနေရင်း ချို့ယွင်းချက်တစ်ခုကို ရှာဖွေနေပါတယ်။

"အသက်မရှိ သေခြင်းမရှိ၊ မွေးဖွားခြင်း ‌ပျောက်ကွယ်ခြင်း"

တိုက်ပွဲရဲ့အထွတ်အထိပ်မှာ ဝူချန်းကြွယ်က သတ်ဖြတ်ကွက်တစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။ ဖရိုဖရဲဟင်းလင်းပြင်အတွင်းမှာ တောက်ပတဲ့ဓားစက်ဝန်းတစ်ခုက ထွက်လာပါတယ်။ ဓားစက်ဝန်းရဲ့မြင်ကွင်းကြောင့် အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူတွေက သူတို့ရဲ့အသက်ဓာတ်‌တွေ လျော့ကျလာသလို၊ သူတို့ရဲ့စိတ်ဝိညာဉ်တွေ အားနည်းလာသလို ခံစားနေရပါတယ်။

ဒါက အကြွင်းမဲ့သတ်ဖြတ်ကွက်ပဲ။ စက်ဝန်းက ရန်သူကို တစ်ကြိမ် ဆုပ်ကိုင်နိုင်တာနဲ့ သေခြင်းရှင်ခြင်းကို မထိန်းချုပ်နိုင်တော့ပါဘူး။

"ဓားပင်လယ်စက်ဝိုင်း"ကြည်လင်တဲ့အသံတစ်ခုက ပဲ့တင်ထွက်လာပြီး ဓားစက်ဝန်းက ချက်ချင်း ပျောက်ကွယ်သွားပါတယ်။

နောက်မှာတော့ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က အတောမတတ်သွေးထွက်ဒဏ်ရာများစွာနဲ့ ဝူချန်းကြွယ်ရဲ့ခန္ဓာကိုယ်ကို မြင်လိုက်ရပါတယ်။

‌"ဒါ"အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။

ဝူရှီနဲ့ဝူကျောတို့က သူတို့ရဲ့လက်သီးတွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိသွားကြလေတယ်။

***

All Chapters