တောက်ပသူတော်စင်လက်စွပ်
Vol. 54 Ch. 738
ဓားပင်လယ်စက်ဝိုင်းက စွမ်းအားကောင်းလွန်းပါတယ်၊ တစ်ကြိမ်ဖော်ထုတ်ပြီးတာနဲ့ ကမ္ဘာက လီဖူချန်း ပိုင်ဆိုင်ထားသလိုပါပဲ။
သွေးတွေ ထွက်လာပြီး ဝူချန်းကြွယ်က လျင်မြန်စွာ ပြန်ဆုတ်လိုက်ရပါတယ်။
လီဖူချန်းက မျက်မှောင်ကြတ်လိုက်မိတယ်။ ဝူချန်းကြွယ်က ကောင်းကင်အဆင့်မြင့်ချပ်ဝတ်ကို ဝတ်ဆင်ထားတာကို သူ ဘာလို့ မမြင်နိုင်ခဲ့တာလဲ။ ချပ်ဝတ်ကြောင့် လီဖူချန်းရဲ့ဓားကွက်က အသေးစားဒဏ်ရာတွေကိုသာ ဖြစ်သွားစေပါတယ်။ ဒဏ်ရာတွေက ပုံပန်းကြောင့်သာ ကြောက်စရာဖြစ်နေတာပါ။
မျှော်လင့်ထားသလိုပါပဲ၊ ဝူချန်းကြွယ်ရဲ့အနာတွေက စတင်ကုသလာပါတယ်။ သူက ခေါင်းကို မော့ပြီး လီဖူချန်းကို သတ်ဖြတ်ချင်စိတ်အပြည့်နဲ့ ကြည့်လိုက်တယ်။
သူက လီဖူချန်းကျု အထင်သေးမိသွားတာပဲ။ ဝူယုနဲ့တိုက်ပွဲအတွင်း လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို မသုံးခဲ့ပါဘူး။ မဟုတ်ရင် ဝူယုက သေသွားပါပြီး။
ဝူချန်းကြွယ်က လီဖူချန်းအား စိုက်ကြည့်ကာ ပြောလိုက်တယ်"ငါ မင်းကို သေစေချင်တယ်"
"မင်း မလုပ်နိုင်ဘူး"
ဓားပင်လယ်စက်ဝိုင်းရဲ့ဓားဆန္ဒက စုစည်းလာပြီး လီဖူချန်းက ဝူချန်းကြွယ်ကို ကြည့်လိုက်တယ်။
"ဝူကလန်ရဲ့အခြေခံက မင်းစိတ်ကူးယဉ်နိုင်တာမျိုး မဟုတ်ဘူး"
ပြောပြီးနောက် ဝူချန်းကြွယ်ရဲ့ညာလက်ရှိ လက်စွပ်က စတင်တောက်ပလာတယ်။ ကြောက်စရာကောင်းတဲ့စွမ်းအားက ဝူချန်းကြွယ်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်လာပြီး ဝူချန်းကြွယ်ရဲ့ချီတည်ရှိမှုက ပိုမြင့်မားလာပါတယ်။
"ကောင်းကင်အဆင့်မြင့်ပစ္စည်းလား"
လီဖူချန်းက သူတော်စင်တစ်ယောက်ရဲ့စွမ်းအားကို ခံစားနိုင်ပါတယ်။
"ရှင်ခြင်းမရှိ သေခြင်းမရှိ၊ ချုပ်နှောင်မှုမရှိ ရက်စက်ခြင်း"
ကောင်းကင်အဆင့်မြင့်ပစ္စည်း တောက်ပသူတော်စင်လက်စွပ်ရဲ့စွမ်းအားကို ချေးဌားပြီးနောက် ဝူချန်းကြွယ်က သူ့ရဲ့သတ်ဖြတ်ကွက်ကို မသုံးနိုင်တော့ပါဘူး။ သတ်ဖြတ်ကွက်ကို တစ်စုံစ
တစ်ယောက်ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ ဓားဆန္ဒကို လိုပါတယ်။ ဓားလမ်းစရှာစရာမလိုပါဘူး။
ဒါပေမယ့် ဒီဓားစွမ်းအားက သူ့သတ်ဖြတ်ကွက်စွမ်းအားထက် အလွန်အမင်း မြင့်မားပါတယ်။ သူတော်စင်တစ်ယောက်မှ တိုက်ခိုက်လာသလိုမျိုးနဲ့ တူပါတယ်။
ဓားအလင်းပါ်ထွက်လာတာနဲ့ လီဖူချန်းက သူ့အရှေ့မှာ နေတစ်စင်းပေါ်လာသလို ခံစားလိုက်ရပါတယ်။ မျက်စိကန်းမတတ်ဖြာထွက်မှုက လီဖူချန်းကို သူ့ရဲ့မျက်လုံးကို ပိိတ်စေလိုက်ရပါတယ်။ သူ့ရဲ့အသက်ဓာတ်အားလုံးက ဓားချီရဲ့ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါတယ်။ သူက ဘာမှမလုပ်ရင် ဒီဓားကွက်က သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်စေမှာပါ။
"ဓားပင်လယ်စက်ဝိုင်း"လီဖူချန်းက သူ့ရဲ့ဓားကွက်ကို တန်ပြန်ဖော်ထုတ်လိုက်ပါတယ်။
အကန့်အသတ်မဲ့ဓားစွမ်းပကားတစ်ခုက ဖြာထွက်ဓားစွမ်းပကားကို လွှမ်းခြုံလိုက်ပါတယ်။
ကောင်းကင်ရှိ ဖြာထွက်မှုက ပြင်းထန်လွန်းပြီး အကြိမ်ဘယ်လောက်များများ အဲဒါက ပျောက်ကွယ်လိုက်၊မွေးဖွားလိုက်ဖြစ်နေတာကို မသိနိုင်ပါဘူး။
ဘုံး.......
လီဖူချန်းက လွင့်ထွက်သွားပါတယ်။ သူ့မှာသာ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားမရှိရင် သူက မသေရင်တောင်မှ သေလုနီးပါးပါပဲ။
ကောင်းကင်အဆင့်မြင့်ပစ္စည်းရဲ့အထောက်အပံ့နဲ့အတူ ဝူချန်းကြွယ်ကို အကြိုသူတော်စင်လို့ ယူဆလို့ရပါတယ်။
"ဆရာ"
ဝူရှီနဲ့ဝူကျောက ထိတ်လန့်တကြား အော်လိုက်လေတယ်။
"ငါ့ဓားအောက်မှာ သေတာ မင်းအတွက် ဂုဏ်ယူစရာပါ"
မင်းမှာ ကောင်းကင်အဆင့်မြင့်ပစ္စည်းတစ်ခု ရှိရုံပါပဲ"
အဝေးမှ လီဖူချန်းက လေထဲမှာ ထရပ်နေပြီး ဒဏ်ရာရခြင်း လုံးဝမရှိပါဘူး။
"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
"ဒါ မဖြစ်နိုင်ဘူး"
ဝူချန်းကြွယ်ရဲ့ဓားတိုက်ခိုက်မှုက မယုံနိုင်လောက်အောင် စွမ်းအားပြင်းပါတယ်၊ ဒါပေမယ့် ဓားပင်လယ်စက်ဝိုင်းနဲ့ တန်ပြန်တိုက်ခိုက်ပြီးနောက် ဓားတိုက်ခိုက်မှုက လီဖူချန်းရဲ့ဥပဒေဿစက်ကွင်းကို မချိုးဖျက်နိုင်ခဲ့ပါဘူး၊ သူ့ရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို ဒဏ်ရာရစေရုံမျှသာပါပဲ။
အသက်ရှုထုတ်ပြီးနောက် လီဖူချန်းက ကြယ်လက်ရဲ့ချီစွမ်းအားကို လှည့်ပတ်လိုက်ပါတယ်။
လီဖူချန်းမှာလည်း ကောင်းကင်အဆင့်မြင့်ပစ္စည်းတစ်ခုရှိပြီး အဲဒါက အရိုးခေါင်းမဟာဧကရာဇ်ရဲ့အရိုးဖြူသူတော်စင်သရဖူပါ။
ဒါပေမယ့် အရိုးဖြူသူတော်စင်သရဖူရဲ့စွမ်းအားက လီဖူချန်းရဲ့စွမ်းအားနဲ့ အကြီးအကျယ်ဆန့်ကျင်ပါတယ်၊ ဒါကြောင့် လီဖူချန်းက အဲဒါကို သန့်စင်ဖို့ ဘယ်တော့မှ မတွေးခဲ့ပါဘူး။
"မင်းမှာလည်း ပစ္စည်းတစ်ခု ရှိပုံပဲ။ ဒါပေမယ့် ကောင်းကင်အဆင့်မြင့်ပစ္စည်းနဲ့ရင်ဆိုင်ရင်တော့ အားလုံးက အနိမ့်ပါပဲ"
ဝူချန်းကြွယ်က သူ့ဓားကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ်မျက်စိကွယ်မတတ်ဓားစွမ်းပကားနဲ့အတူ တိုက်ခိုက်လိုက်ပါတယ်။
"ဝူချန်းကြွယ်၊ ဝမ်းနည်းစရာက ငါ့ရဲ့အားအကောင်းဆုံးတိုက်ခိုက်မှုက ဓားတာအိုမဟုတ်ဘူး၊ ဒါပေမယ့် ခန္ဓာကိုယ်အပြင်အားတာအို"
လီဖူချန်းက လက်ဝါးရိုက်ချက်တစ်ခုကို ဖော်ထုတ်လိုက်ပါတယ်။ လက်ဝါးရိုက်ချက်က အကန့်အသတ်မဲ့ဖြစ်ပြီး စကြာဝဠာရဲ့အနက်ပိုင်းမှ လာပြီး ကြယ်၊နေနဲ့လတို့ကို ဖျက်ဆီးသွားမလို ခံစားရပါတယ်။
လီဖူချန်းရဲ့ဓားစွမ်းပကားက ကမ္ဘာတစ်ခုလုံးကို ဝါးမျိုနိုင်သလို ခံစားရပါတယ်၊ ဒါပေမယ့် စကြာဝဠာနဲ့ နှိုင်းယှဉ်ရင်တော့ အဲဒါက သမုဒ္ဒရာထဲက ရေတစ်စက်ပမာ ဖော်ပြဖို့ မထိုက်တန်ပါဘူး။
ခရက်......
ဓားစွမ်းပကားက ကွဲအက်သွားပြီး လက်ဝါးက ဝူချန်းကြွယ်ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်ကို သွေးရုပ်ထုပမာ ဖြစ်သွားစေလိုက်ပါတယ်။
"မဖြစ်နိုင်ဘူး"ဝူချန်းကြွယ်က အံ့အားသင့်သွားတော့တယ်။
“ငါ ထွက်ပြေးရမယ်"
တောက်ပသူတော်စင်လက်စွပ်က အဆုံးစွန်းထိ တောက်ပလာပြီး မြင့်မြတ်အလင်းတစ်ခုက ဝူချန်းကြွယ်ကို ဝန်းရံပြီး အဝေးကို ပြေးသွားလိုက်လေတယ်။
"မင်းက ထွက်ပြေးချင်နေတာလား"
လီဖူချန်းက နောက်ထပ်လက်ဝါးတစ်ချက်ကို ဖော်ထုတ်လိုက်တယ်။ လက်ဝါးစွမ်းပကားက သူတို့ကြားအကွာအဝေးကို လစ်လျူရှူပြီး ဝူချန်းကြွယ်အပေါ် ချက်ချင်း ကျရောက်သွားပါတယ်။
ဘန်း........
သွေးမြူတစ်ခုက ထွက်ပေါ်လာပြီး လီဖူချန်းက လဲကျသွားလေတော့တယ်။
လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ရှိပြီးထားပါပြီး၊အဲဒါက ချီကျင့်ကြံခြင်းရဲ့ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉နဲ့ ညီမျှပါတယ်။ ဒါ့ပြင် ခန္ဓာကိုယ်အပြင်အားက အဆင့်တူချင်းမှာ ပြိုင်ဘက်ကင်းပါတယ်။ ကြယ်လက်ရဲ့လွှမ်းမိုးမှုကို ပေါင်းထည့်လိုက်တော့ ဝူချန်းကြွယ်က ပထမလက်ဈါးချက်နဲ့ မသေတာပဲ ကံကောင်းလှပါပြီး။
လီဖူချန်းက ဝူချန်းကြွယ်ရဲ့ပစ္စည်းအားလုံးကို သိမ်းလိုက်လေတယ်။
"ဆရာ နိုင်သွားပြီး၊ ရေး"
ဝူရှီနဲ့ဝူကျောက အလွန်ပျော်သွားကြတော့တယ်။
"ဓားတာအိုနဲ့ခန္ဓာကိုယ်အပြင်အားနှစ်မျိုးလုံးကို ကျင့်ကြံခြင်း"
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ထိတ်လန့်သွားလေတယ်။ လီဖူချန်းရဲ့ခွန်အားက ဘယ်အဆင့်ကို ရောက်နေသလဲကို သူ မသေချာပါဘူး၊ ဒါပေမယ့် သူက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရှိ ထိပ်ဆုံး၁၀ယောက်နဲ့ ယှဉ်နိုင်ပါတယ်။
"သခင်လေးနဲ့သခင်မလေးတို့က ဆရာကောင်းတစ်ယောက်ကို ရလိုက်တာပဲ"
အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က အရူးမဟုတ်ပါဘူး။ လီဖူချန်းရဲ့စွမ်းရည်နဲ့ပတ်သက်ပြီး သူက အသေအချာ သိပါတယ်၊ လီဖူချန်းက သူတော်စင်နယ်ပယ်ကို ရောက်လိမ့်မှာ လုံးဝဧကန်ပါပဲ။
…
ဝူကလန်......
ဝူချန်းကြွယ်သေဆုံးသွားတဲ့အချိန်မှာ သူ့ရဲ့ဝိညာဉ်တုံကင်က ကြွေမွသွားပါတယ်။
ဝူကလန်ရဲ့ဝိညာဉ်ခန်းမစောင့်ရှောက်သူက မူးလဲမတတ်ဖြစ်သွားရပါတယ်။
"မကောင်းတော့ဘူး၊ ဝိညာဉ်တုံကင် ကြေမွသွားပြီး။ ဒုတိယခေါင်းဆောင်ရဲ့ဝိညာဉ်တုံကင်က ကြေမွသွားပြီး"
ဝူချန်းကန်က ကလန်ခေါင်းဆောင်ဖြစ်ပါတယ်။ ဒါကြောင့် ဝူချန်းကြွယ်က ဒုတိယခေါင်းဆောင်ဖြစ်တာ သဘာဝပါပဲ။
သတင်းကို ရပြီးနောက် ဝူကလန်ရဲ့အကြီးအကဲတွေအားလုံးက ပြေးလာကြပါတယ်။ ဝူချန်းကြွယ်ရဲ့ဝိညာဉ်တုံကင်ကြေမွသွားတာကို မြင်လိုက်ကြတဲ့အခါ သူတို့ရဲ့ဝိညာဉ်ကို ဆုံးရှုံးသွားသလို ခံစားလိုက်ကြရပါတယ်။
ဝူကလန်အပေါ် ဝူချန်းကြွယ်ရဲ့သက်ရောက်မှုက ဝူချန်းကန်ထက် ပိုမြင့်ပါတယ်။ ဝူချန်းကန်အာဏာလုယူနိုင်တာက ဝူချန်းကြွယ်ကြောင့်ဆို မမှားပါဘူး။
ဝူချန်းကြွယ်က ဝူကလန်ရဲ့ခွန်အား၊ဝူကလန်ရဲ့အမှတ်အသားလို့တောင် ပြောလို့ရပါတယ်။ ဝူချန်းကြွယ်သေဆုံးသွားတာနဲ့ ဝူကလန်က အလျင်အမြန်တော့ မကျဆင်းသွားဘူးပေါ့၊ ဒါပေမယ့် သူတို့မှာ အချိန်ကောင်းတစ်ခု ရှိလိမ့်မှာ မဟုတ်တော့ပါဘူး။
"ချန်းကြွယ်"ဝူချန်းကန်ရဲ့အသံက ဝမ်းနည်းပူဆွေးမှု အပြည့်ဖြစ်နေပါတော့တယ်။
"ဘယ်သူလဲ။ ချန်းကြွယ်ကို သတ်တာ ဘယ်သူလဲ" ဝူချန်းကန်က အံကြိတ်လိုက်ပြီး သူ့မျက်လုံးတွေက နီရဲနေတော့တယ်။
လီဖူချန်းက ဝူချန်းကြွယ်ကို သတ်ခဲ့တယ်လျု့ သူ မယုံပါဘူး။ လမ်းမှာ မတော်တဆတစ်ခုခု ဖြစ်သွားတာပဲ ဖြစ်ရမယ်။
သနားစရာကောင်းတာက သူတို့က မရှာဖွေနိုင်ပါဘူး။
ဒီနေ့မှာတော့ ဝူကလန်က မကြုံစဖူး တိတ်ဆိတ်နေလေတယ်။
…
ငွေလေသင်္ဘောပေါ်မှာ လီဖူချန်းက လက်စွပ်ကို စစ်ဆေးလိုက်ပါတယ်။
ဒီလက်စွပ်မှာ ရိုးရှင်းပြီးခမ်းနားတဲ့ပုံစံတစ်ခုရှိပါတယ်။ အတွင်းမှာ ကောင်းကင်တာအိုရဲ့အရိပ်အငွေ့တစ်ခု ပါဝင်နေပါတယ်။
ကောင်းကင်တာအိုပါဝင်တဲ့ဘယ်အရာမဆို ကြီးကျယ်ခမ်းနားပါတယ်။
"ဒါဆို ဒီလက်စွပ်ကို တောက်ပသူတော်စင်လက်စွပ်လို့ ခေါ်တာပေါ့"
သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ထည့်သွင်းပြီးနောက် လီဖူချန်းက လက်စွပ်ရဲ့နာမည်ကို သိလိုက်ရပါတယ်။
တောက်ပသူတော်စင်လက်စွပ်မှာ အလွန်အမင်းသန့်စင်တဲ့ယန်စွမ်းအင်တစ်ခု ပါဝင်ပါတယ်။ သန့်စင်ယန်စွမ်းအင်က သန့်စင်ယန်တာအိုကို ကျင့်ကြံတဲ့သူတော်စင်တစ်ယောက်ထံမှ ချီနဲ့ တူတူပါပဲ။ အဲဒါက ပူပြင်းလွန်းပြီး အကန့်အသတ်မရှိစွမ်းအားကို ပိုင်ဆိုင်ပါတယ်။ ဝူချန်းကြွယ်က သန့်စင်ယန်တာအိုကို မကျင့်ကြံထားတာ လီဖူချန်းအတွက် ကံကောင်းသွားတာပါပဲ၊ မဟုတ်ရင် တောက်ပသူတော်စင်လက်စွပ်ရဲ့အကူအညီနဲ့ဆိုရင် လီဖူချန်းက ဝူချန်းကြွယ်ကို အလွယ်တကူ သတ်နိုင်လိမ့်မှာ မဟုတ်ပါဘူး။
"ဒီတောက်ပသူတော်စင်လက်စွပ်က အရိုးဖြူသူတော်စင်သရဖူထက် အများကြီး ပိုကောင်းပါတယ်။ ငါ အရင်ဆုံး ဒါကို သန့်စင်ရမယ်"
အရိုးဖြူသူတော်စင်သရဖူက အန္တရာယ်များလွန်းပြီး လီဖူချန်းအတွက် မသင့်တော်ပါဘူး။
လီဖူချန်းက တစ်ပတ်တည်းနဲ့ တောက်ပသူတော်စင်လက်စွပ်ကို သန့်စင်နိုင်ခဲ့ပါတယ်။
အလင်းတစ်ချက်နဲ့အတူ လီဖူချန်းက ငွေလေသင်္ဘောမှ ပျံထွက်သွားပြီး အမြင့်တစ်နေရာကို ရောက်ရှိသွားပါတယ်။
ဘုံး.......
တောက်ပသူတော်စင်လက်စွပ်ကို အသက်သွင်းလိုက်တဲ့အခါ သန့်စင်ယန်စွမ်းအင်တစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ထဲ ဝင်လာတာကို လီဖူချန်းက ခံစားလိုက်ရပါတယ်။ သူ့ရဲ့စွမ်းအားတွေက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၆မှ အဆင့်၉အထွတ်အထိပ်ထိ လျင်မြန်စွာ တက်လာတာကို သူက ခံစားလိုက်ရတယ်။ သူ့ရဲ့ခွန်အားက ၃၀ရာခိုင်နှုန်းကနေ ၄၀ရာခိုင်နှုန်းထိ တိုးသွားတာပါပဲ။
"မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ ငါက ဟင်းလင်းပြင်ကောင်းကင်ဓားကမ္ဘာနဲ့ ဓားပင်လယ်စက်ဝိုင်းကို မဖော်ထုတ်နိုင်ဘူး"
"ဒါပေမယ့်လည်း ဒါကပဲ လုံလောက်ပါပြီးလေ"
လီဖူချန်းက သူ့ရဲ့ဓားကို ဟင်းလင်းပြင်ကို ချိန်ရွယ်လိုက်ပါတယ်။ မျက်စိကွယ်မတတ်အလင်းတစ်ခုက ထွက်လာပြီး ဟင်းလင်းပြင်မှာ အပေါက်
တောက်ပသူတော်စင်လက်စွပ်ရဲ့အကူအညီနဲ့အတူ ကြယ်ကြွေဓားကွက်ရဲ့စွမ်းအားက ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိသွားပါပြီး။
မသိလိုက်မသိဘာသာနဲ့ သူတို့အုပ်စုက မြစ်စီရင်စုကနေ ထွက်လာပြီး တောင်တိမ်စီရင်စုကို ဖြတ်သန်းကာ တစ်ခြမ်းပဲ့တောင်စီရင်စုကို ရောက်လာကြပါတယ်။
တစ်ခြမ်းပဲ့တောင်စီရင်စုမှာ တစ်ခြမ်းပဲ့ပုံစံတောင်တွေ အများကြီး ရှိပါတယ်။ ရှုပ်ထွေးတဲ့ မြေအနေအထားကြောင့် ဒီနေရာက လူမိုက်တွေ ခုံလှုံရာတစ်ခုဖြစ်ပါတယ်၊ လူကောင်းတွေလူဆိုးတွေ ရောနှောနေတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဖရိုဖရဲဖြစ်နေတဲ့စီရင်စုတွေထဲက တစ်ခုလို့ ယူဆလို့ရပါတယ်။
တစ်ဝက်တောင်မြို့ကို တောင်တန်းတစ်ခုပေါ်မှာ တည်ဆောက်ထားတာပါ။ အဝေးကနေ ကြည့်ရင် တောင်ကို မြို့အဆောက်အအုံတွေ၊မျှော်စင်ကြီးတွေက တောင်ရဲ့ခါးပိုင်းမှ ထိပ်ပိုင်းအထိ ဖုံးလွှမ်းနေပါတယ်။ မြေအကျယ်အဝန်းက မြေပြန့်မြို့တွေထက် ပိုသေးပါတယ်၊ ဒါပေမယ့် ပိုပြီး စည်ကားပါတယ်။
"ငါတို့ ခရီးနှင်လာတာ ခုနှစ်လလောက်ကြာပြီးဆိုတော့ ဒီနေရာမှာ တစ်ခဏလောက် အနားယူကြရအောင်"လီဖူချန်းက ငွေလေသင်္ဘောကို သိမ်းပြီး အုပ်စုကို ဦးဆောင်ကာ တစ်ဝက်တောင်မြို့ထဲကို ဝင်သွားလေတယ်။
"မင်း ကြားပြီးပြီးလား။ လေလံပွဲကြီးတစ်ခုကို ကျင်းပမယ်တဲ့။ ကောင်းကင်အဆင့်မြင့်ပစ္စည်းတွေလည်း ထွက်ပေါ်လာမယ်လို့ ပြောနေကြတယ်"
လမ်းပေါ်မှာ လီဖူချန်းက ဆွေးနွေးသံတွေကို ကြားလိုက်ရပါတယ်။
"လေလံပွဲလား"
လီဖူချန်းက အရိုးဖြူသူတော်စင်သရဖူနဲ့အတူ အခြားအသုံးမဝင်တဲ့အရာတွေကို လေလံပွဲမှာ ရောင်းဖို့ စီစဉ်ထားလိုက်ပါတယ်။
***