၆၀ မီလီယံ
Vol. 54 Ch. 739
တည်းခိုခန်းတစ်ခုကို ရှာဖွေပြီးနောက် လီဖူချန်းတို့အုပ်စုက စားသောက်ပွဲကြီးတစ်ခုကို ကျင်းပလိုက်လေတယ်။ ခရီးနှင်နေစဉ်တစ်လျှောက် သူတို့က ရိက္ခာတွေကိုသာ စားသောက်နေခဲ့ရတာလေ။
သူတို့စားသောက်ပြီးစီးချိန်မှာ ညရောက်လာပါပြီး။
နောက်တစ်နေ့မှာတော့ လီဖူချန်းက လေလံခန်းမကို ရောက်ရှိလာပါတယ်။
"မိတ်ဆွေလေး၊ ဘာလိုချင်တာလဲ"လေလံခန်းမရဲ့ဝန်ထမ်းတစ်ယောက်က နှုတ်ဆက်လိုက်ပါတယ်။
"ငါ လေလံပွဲမှာ တစ်ခုခုကို ရောင်းချင်တယ်၊ မင်းရဲ့မန်နေဂျာကို လာခိုင်းလိုက်ပါ"လီဖူချန်းက တုံ့ပြန်လိုက်တယ်။
တုံ့ပြန်ချက်ကို ကြားပြီး ဝန်ထမ်းလေးက မန်နေဂျာကို ချက်ချင်း မခေါ်ပါဘူး။ အဲအစား သူက ပြောလိုက်လေတယ်" ဒီလေလံပွဲက အလွန်အဆင့်မြင့်တယ်။ သာမန်ပစ္စည်းတွေကို လက်မခံဘူး။ အခြေခံဈေးနှုန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးအနည်းဆုံ၅၀၀၀၀ ရှိဖို့လိုပါတယ်"
"ဒါတွေဆိုရင် ဘယ်လိုလဲ"လီဖူချန်းက ကောင်းကင်အလယ်ဆင့်ပစ္စည်းများစွာကို ယူထုတ်လိုက်ပါတယ်။
"ဒါတွေက လုံလောက်ပါတယ်၊ လုံလောက်ပါတယ်" ဝန်ထမ်းလေးက မန်နေဂျာကို ချက်ချင်း ခေါ်လိုက်ပါတယ်။
ဒီလေလံခန်းမကို သက်တံလေလံခန်းမလို့ခေါ်ပြီး သက်တံကုန်သည်အစည်းအရုံးရဲ့ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါ။
သက်တံကုန်သည်အစည်းအရုံးအနေနဲ့ ၎င်းက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးမှာ ကျော်ကြားပြီး သူတော်စင်ကလန်တစ်ခုရဲ့နောက်ခံ ရှိပါတယ်။
အချိန်ခဏကြာပြီးနောက် ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်အဆင့်၉ရှိတဲ့သက်လတ်ပိုင်းအရွယ်မန်နေဂျာတစ်ယောက်က လျှောက်လာပါတယ်။
"သူငယ်ချင်းလေး၊ငါ့မိသားစုနာမည်က ဝမ်ပါ၊ အထဲကို ဝင်လာပါ"
မန်နေဂျာဝမ်က လီဖူချန်းကို အခန်းတစ်ခုထဲကို ခေါ်သွားပါတယ်။
"ကောင်းပြီ"လီဖူချန်းက နောက်မှ လိုက်သွားပါတယ်။
"မိတ်ဆွေလေး၊ မင်းရဲ့ပစ္စည်းတွေအားလုံးကို ယူထုတ်လိုက်ပါ"မန်နေဂျာဝမ်က ပြုံးကာ ပြောလိုက်တယ်။
ကလန်း........
လီဖူချန်းက ပစ္စည်းအစုအပုံကြီးတစ်ခုကို ထုတ်လိုက်ပါတယ်။
မန်နေဂျာဝမ်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်။ ပစ္စည်းအရေအတွက်က တကယ်ကို ကြီးမားလွန်းတယ်လေ။
အချိန်အနည်းငယ်ကြာပြီးနောက် မန်နေဂျာဝမ်က ပစ္စည်းအားလုံးအတွက် အခြေခံဈေးနှုန်းတစ်ခုကို ပေးခဲ့ပြီး အဲဒါက စုစုပေါင်း ဆယ့်ငါးမီလီယံအဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ ရှိပါတယ်။ ဆိုလိုတာက လေလံခန်းမက လီဖူချန်းကို အရင်ဆုံး ပေးချေရတာပါ။ ပစ္စည်းတွေက ပိုမြင့်မားတဲ့ဈေးနှုန်းနဲ့ ရောင်းလိုက်နိုင်ရင် သူတို့က လီဖူချန်းကို နောက်ထပ်ပေးချေရမှာပါ။ ဒါပေမယ့် လေလံအတွက် ကျသင့်ငွေကို သူတို့ကဖြတ်ချရမှာပါ။
အစက လီဖူချန်းက ဒီလောက်နဲ့တင် အဆုံးသတ်ပြီးလို့ မန်နေဂျာဝမ်းက ထင်ထားတာပါ။ လီဖူချန်းက နောက်ထပ်ပစ္စည်းတစ်ခုကို ယူထုတ်လိုက်ပြန်တယ်လေ။
ရတနာက ကောင်းကင်အဆင့်မြင့်အရိုးဖြူသူတော်စင်သရဖူပါ။
"ကောင်းကင်အဆင့်မြင့်ပစ္စည်းလား"မန်နေဂျာဝမ်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားတော့တယ်။
ကောင်းကင်အဆင့်မြင့်ပစ္စည်းတွေက မဟာဧကရာဇ်အားလုံးလိုချင်တပ်မက်တဲ့ရတနာတွေပါပဲ။
ဒါပေမယ့် သူမလုပ်ခင်တော့ တစ်ဖက်လူကို အရင်လေ့လာရပါမယ်။ အချို့က သတ်လို့ရပြီး အချို့က မထိသင့်ပါဘူး။ လီဖူချန်းက ယီးတီးယားတားလုပ်လို့ရမယ့်သူမျိုး မဟုတ်ပါဘူး။ သူက လီဖူချန်းကို မသတ်နိုင်ပေမယ့် ဒီလေလံခန်းမကတော့ ပြုလုပ်နိုင်ပါတယ်။
လီဖူချန်းက လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်နေလေတယ်။ သူက လေလံခန်းမကို လာရဲမှတော့ အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားပြီးပါပြီ။
မန်နေဂျာဝမ်က တစ်ခုခုကို အရူးလုပ်ချင်ရင်တော့ လီဖူချန်းက ချက်ချင်းသတ်ပစ်ပြီး လေလံခန်းမမှ ထွက်သွားမှာပါ။
အချိန်အနည်းငယ်ကြာပြီးနောက် မန်နေဂျာဝမ်က အသက်ကို ပြင်းပြင်းရှုကာ ပြောလိုက်ပါတယ်"ဒီပစ္စည်းရဲ့အခြေခံဈေးနှုန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၃၀မီလီယံပါ"
ဆိုလိုတာက လေလံခန်းမက လီဖူချန်းကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးစုစုပေါင်း၄၅မီလီယံပေးရမှာပါ။
လီဖူချန်းက ခေါင်းခါလိုက်တယ်"ဒါက နိမ့်လွန်းတယ်။ ငါက ၆၀မီလီယံ လိုချင်တယ်"
ဒီပစ္စည်းတွေက အနည်းဆုံး လေလံမှ အနည်းဆုံးအဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၆၀မီလီယံမရဘူးဆိုတာကို မယုံကြည်ပါဘူး။
"ဒါက စည်းမျဉ်းနဲ့ မညီဘူး"မန်နေဂျာဝမ်က ပြောလိုက်တယ်။
"စည်းမျဉ်းဆိုတာ လူက လုပ်တာ။ဒါ့ပြင် မင်းကပဲ အခြေခံဈေးနှုန်းကို သတ်မှတ်ရင် ငါက သိသိသာသာ ဆုံးရှုံးသွားမှာပေါ့"
"ငါ ဒီကိစ္စအတွက် ဆုံးဖြတ်ချက်မချနိုင်ဘူး။ ငါ မန်နေဂျာခေါင်းဆောင်ကို သွားမေးလိုက်မယ်"
လေလံခန်းမအသီးသီးမှာ မန်နေဂျာခေါင်းဆောင်တစ်ယောက် ရှိပါတယ်။
ပြောနေရင်း လဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို ထုတ်လွှတ်လိုက်ပါတယ်။
ဆယ်မိနှစ်လောက်ကြာပြီးနောက် ဆွေးနွေးခန်းရဲ့တံခါးက ပွင့်သွားလေတယ်။ မန်နေဂျာဝမ်အပါအဝင် လူလေးယောက်က လျှောက်လာပါတယ်။
စူးရှတဲ့မျက်လုံးနဲ့ အကြီးအကဲတစ်ယောက်၊ ချီတည်ရှိမှုကို ထိန်းချုပ်ထားတဲ့ သက်လတ်ပိုင်းအရွယ်လူနှစ်ယောက်။
"ဒီကောင်းကင်အဆင့်မြင့်ပစ္စည်းက မင်းဟာလား"မန်နေဂျာခေါင်းဆောင်က အရိုးဖြူသူတော်စင်သရဖူကို ညွှန်ပြကာ မေးလိုက်တယ်။
"စောက်လုံးကန်းနေတာလား။ငါမဟုတ်ရင် ဘယ်သူက ပိုင်မှာလဲ"တစ်ဖက်လူရဲ့လေသံက မကောင်းတော့လည်း လီဖူချန်းက ယဉ်ကျေးမနေတော့ပါဘူး။
"မင်းက ခေါင်းဆောင်ကို ဒီလို ပြောရဲတယ်ပေါ့"သက်လတ်ပိုင်းလူနှစ်ယောက်ထဲက တစ်ယောက်က အပြစ်တင်လိုက်လေတယ်။
"အဲဒါ မင်းတို့အလုပ်မဟုတ်ဘူး"
လီဖူချန်းက ကြောက်စရာကောင်းတဲ့ချီစွမ်းပကားကို ဖော်ထုတ်လိုက်ပြီး ထိုနှစ်ယောက်သား လွင့်ထွက်ကာ နံရံပေါ်သို့ ကျသွားရတော့တယ်။ နံရံက လေလံခန်းမရဲ့အစီအရင်ကြောင့် ခိုင်မာသော်လည်းပဲ အက်ကွဲရာအချို့က ရှိနေတုန်းပါပဲ။
ဆွစ်........
မန်နေဂျာဝမ်က အသက်ပြင်းပြင်းရှုလိုက်မိလေတယ်။
ဒီနှစ်ယောက်က သက်တံလေလံခန်းမရဲ့ကာကွယ်သူတွေပါ။ သူတို့ရဲ့ခွန်အားက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၈၀၀၀နဲ့၉၀၀၀ကြား ဝင်ပါတယ်။ ဒါပေမယ့် သူတို့ငတောင် လီဖူချန်းရဲ့ချီစွမ်းပကားကို မခုခံနိုင်ပါဘူး။
သူတို့က အရှည်ကို စဉ်းစားရဖို့ လိုအပ်မယ့်ပုံပဲ။
မန်နေဂျာခေါင်းဆောင်က လီဖူချန်းအား ကြည့်ကာ ပြုံးလိုက်တယ်"မီလီယံ၆၀။ ဒီဆရာက မဟာလှုပ်ရှားကွက်တွေ ရှိတာပဲ၊ ကျွန်တော်တို့ ရိုင်းမိသွားပါတယ်"
လီဖူချန်းက မခြားနားစွာ ပြောလိုက်တယ်"ငါက မင်းတို့ရဲ့အတွေးကို စိတ်မရှိပါဘူး၊ ဒါပေမယ့် မလုပ်ခင်တော့ အရင်စဉ်းစားကြပေါ့ကွာ။ မဟုတ်ရင် ငါက ဒီနေရာကို သွေးပင်လယ်ဖြစ်အောင် ပြုလုပ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး"
မန်နေဂျာခေါင်းဆောင်ရဲ့မျက်နှာက ဖြူရော်သွားတော့တယ်။ သူက လီဖူချန်းထံမှ သတ်ဖြတ်ချင်စိတ်ကို ခံစားရပါတယ်။ သူက ဒီလူကို တိုက်ခိုက်ခြင်းအတွက် အကျိုးဆက်တွေကို စိတ်ကူးကြည့်နိုင်ပါတယ်။ သက်တံလေလံခန်းမမှာ ထောင်ချောက်ရှိပါတယ်၊ ဒါပေမယ့် ထောင်ချောက်တွေက အသုံးဝင်မလားကို ဘယ်သူက သိမှာလဲ။ သူက မစွန်းစားရဲပါဘူး။
ဒီလိုနဲ့ သက်တံလေလံခန်းမက လီဖူချန်းကို စိတ်ပါပါနဲ့ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၆၀မီလီယံကို ပေးချေလိုက်ရပါတယ်။
လီဖူချန်း ထွက်သွားပြီးနောက် မန်နေဂျာခေါင်းဆောင်က ပြောလိုက်လေတယ်"သူက အတော် မောက်မာတာပဲ"
"ခေါင်းဆောင်၊ ငါတို့ နောက်ထပ် ဘာလုပ်ကြမလဲ"မန်နေဂျာဝမ်က မေးလိုက်တယ်။
"အရင်လေ့လာအုံး၊ အရင်စလို မလုပ်နဲ့"မန်နေဂျာခေါင်းဆောင်ရဲ့မျက်လုံးများက အနက်ရောင်အလင်းတစ်ခုနဲ့အတူ ဖြာထွက်သွားလေတယ်။
***