← Chapters

သွေးမြစ်

Vol. 55 Ch. 740

သွေးမြစ်

Vol. 55 Ch. 740

နောက်ရက်အနည်းငယ်အတွင်း သူတို့က အပူအပင်ကင်းမဲ့နေကြလေတယ်။

လီဖူချန်းက ဝူရှီနဲ့ဝူကျောကို ရံဖန်ရံခါ ညွှန်ပြတယ်၊ ကျန်တဲ့အချိန်တွေကိုတော့ တစ်ခြမ်းပဲ့တောင်ကို လှည့်ပတ်နေပါတယ်။

ဒီနေ့မှာတော့ လက်ဖက်ရည်ဆိုင်ရဲ့ပြတင်းပေါက်နားရှိ ထိုင်ခုံမှာတော့ လီဖူချန်းက အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်ကို ဝူကျောမိဘတွေကိုသတ်တဲ့တရားခံနဲ့ ပတ်သက်ပြီး မေးလိုက်ပါတယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က သက်ပြင်းချကာ ပြောလိုက်တယ်"အဲဒါက သူတော်စင်ကလန်၊ ဟိုင်ကလန်ပဲ"

ဟိုင်ကလန်က မကြာသေးမီနှစ်ကမှ သူတော်စင်ကလန်အဖြစ် ပြောင်းလဲသွားတာပါ။ အစောပိုင်းနှစ်တွေမှာ ဟိုင်ကလန်နဲ့ဝူကလန်က မကျေနပ်မှုတစ်ခုရှိပါတယ်။ အရင်ဝူကလန်ခေါင်းဆောင်ကို အရမ်းမုန်းတီးခြင်းပါပဲ။ ဒါကြောင့် ဟိုင်ကလန်မှာ သူတော်စင်တစ်ယောက်ထွက်လာတာနဲ့ ပထမဆုံးလုပ်တဲ့အရာက လက်စားချေခြင်းပါပဲ။ ဒါပေမယ့် ဝူကလန်မှာ အဆင့်ကိုးအဆင့်နိမ့်ကာကွယ်ရေးအစီအရင်တစ်ခုရှိပြီး ဟိုင်ကလန်အနေနဲ့ ဝူကလန်ကို ရှင်းဖို့ မဖြစ်နိုင်ပါဘူး။ ကံမကောင်းတာက ဝူရှီနဲ့ဝူကျောက သူတို့ရဲ့မိဘနဲ့အဖိုးကို ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးရှုံးခဲ့ရတာပါပဲ။

"အဆင့်နိမ့်သူတော်စင်တစ်ယောက်လား"

သူတော်စင်တစ်ယောက်နဲ့ ရင်ဆိုင်ဖို့ လီဖူချန်းက အမှန်တကယ် ယုံကြည်ချက် မရှိပါဘူး။

သူက အဆင့်နိမ့်အရှင်သခင်နတ်ဆိုးသားရဲကိုသာ ရင်ဆိုင်နိုင်ပါတယ်။ ဒါပေမယ့် တူညီတဲ့ကျင့်ကြံခြင်းနယ်ပယ်မှာဆိုရင် သူတော်စင်တွေက အရှင်သခင်နတ်ဆိုးသားရဲတွေထက် ပိုသန်မာပါတယ်။

လေလံပွဲက စတင်ပါချေပြီး။

မြို့က မဟာဧကရာဇ်များစွာနဲ့ ပျာပန်းခတ်လှုပ်ရှားနေပါတယ်။

"ကြည့်စမ်း၊အဲဒါက ကောင်းကင်ခွဲမဟာဧကရာဇ်မလား"

"ကောင်းကင်ခွဲမဟာဧကရာဇ်က မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၈၀၀ရှိတယ်။ သူလည်း လာလိမ့်မယ်လို့ ငါ မထင်ထားဘူး"

"ငြိမ်း‌အေးခြင်းအာဏာရှင်လည်း ဒီနေရာမှာ ရှိတယ်။ ငြိမ်း‌အေးခြင်းအာဏာရှင်က ကောင်းကင်ခွဲမဟာဧကရာဇ်ထက် အဆင့်ပိုမြင့်ပါတယ်"

(ဘာသာပြန်သူမှတ်စု: အာဏာရှင်တွေကလည်း မဟာဧကရာဇ်ပါပဲ။ နိုဗယ်ကတော့ ဘာလို့နာမည်မတူတာလဲကို မရှင်းပြထားပါဘူး)

လေလံပွဲစခါနီးမှာ အဆင့်မြင့်လူတစ်ယောက်က ရောက်ရှိလာပါတယ်။

ဆွစ်...........

လူတော်တော်များများက အေးစက်သွားလေတယ်။

သူတို့ရဲ့မြင်ကွင်းမှာ သွေးရောင်ဆံပင်နဲ့သက်လတ်ပိုင်းလူတစ်ယောက်က လျှောက်လာနေပါတယ်။ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ သွေးပင်လယ်လှိုင်းတစ်ခုက တိုးထွက်လာနေတယ်။ လူတိုင်းက အလိုအလျောက် ခြေလှမ်းနောက်ဆုတ်လိုက်ရပါတယ်။

သွေးဧကရာဇ်က မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ၅၇ရှိပါတယ်။ သူ့ရဲ့သွေးကောင်းကင်နည်းလမ်းက ပြိုင်ဘက်ကင်းလုနီးပါးပါပဲ။

လေလံပွဲမှာ လီဖူချန်းက အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့ အတူ ရှိနေပါတယ်။

သီးသန့်ခန်းထဲမှာ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က အပြင်ကို ကြည့်ကာ လျှာသပ်လိုက်မိလေတယ်"မဟာဧကရာဇ်တွေအများကြီးပဲ၊  အနည်းဆုံး ၅၀၀၊၆၀၀လောက် ရှိတယ်"

သူ့ရဲ့အမြင်က လီဖူချန်းလောက် မကောင်းပါဘူး။ သူက သူတို့ရဲ့ချီတည်ရှိမှုဖော်ထုတ်ထားတဲ့သူကိုသာ မြင်နိုင်ပါတယ်၊ သူက သူတို့ရဲ့ချီတည်ရှိမှုကို ဖုံးကွယ်ထားတဲ့သူတွေနဲ့ပတ်သက်ပြီး အသေအချာ မသိပါဘူး။

လီဖူချန်းက ပြောလိုက်တယ် "တစ်ထောင်ခန့်ရှိတယ်"

လေလံခန်းမက လူအပြည့်ဖြစ်ပြီးနောက်  လေလံကြီးကြပ်သူက တည်ငြိမ်တဲ့ချီတည်ရှိမှုနဲ့အတူ လျှောက်လှမ်းလာပါတယ်။

ဘန်း.........

လေလံစတင်ကြောင်း အချက်ပေးသံနဲ့အတူ လေလံက တရားဝင် စတင်ပါပြီး။

ဒီလေလံပွဲက အလွန်ကြီးကျယ်ပြီး လေလံပစ္စည်းတွေ ထောင်ပေါင်းများစွာ ရှိပါတယ်။ သူတို့အများစုက အလွန်ရှားပါတယ်။

နောက်ထပ်လေးနာရီကြာပြီးနောက် အရိုးဖြူသူတော်စင်သရဖူကလွဲပြီး လီဖူချန်းစာရင်းတင်ထားတဲ့‌ပစ္စည်းတွေအားလုံးက ရောင်းထွက်သွားပါတယ်။ လီဖူချန်းက တွက်ချက်လိုက်ပြီး လေလံဈေးစုစုပေါင်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၄၈မီလီယံအထိ ရောက်ရှိလာတာကို တွေ့လိုက်ရပါတယ်။ ဒါက အခြေခံဈေးနှုန်းထက် သုံးဆ ပိုများပါတယ်။

"၈၈၈ခုမြောက်လေလံပစ္စည်းကတော့ ကောင်းကင်အဆင့်မြင့်‌ဓားမော့တစ်လက်ပါ။ မဟူရာဓားမော့နက်။ စဦးဈေးက အဆင့်မြင့်စိတ်ဝိညာဥ်‌ကျောက်တုံးငါးမီလီယံပါ။ တစ်ခါတိုးတိုင်း အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀၀၀၀အောက် မ လျော့ကျရပါဘူး"

မဟူရာဓားမော့နက်ထွက်လာတာနဲ့ ရုတ်ရုတ်သဲသဲဖြစ်လာချေပါတယ်။

သိုင်းအနုပညာလိုပဲ၊ ကောင်းကင်အဆင့်မြင့်လက်နက်တွေကညအလွနိတန်ဖိုးကြီးပါတယ်။ မဟာဧကရာဇ်တစ်ယောက်အနေနဲ့ ကောင်းကင်အဆင့်မြင့်သိုင်းအနုပညာတစ်ခုကို ပိုင်ဆိုင်ခြင်း၊မပိုင်ဆိုင်ခြင်းက အရေးပါလှပါတယ်။ ထိပ်သီး(ထိပ်တန်း)အဆင့်မဟာဧကရာဇ်တစ်ယောက်ဖြစ်လာဖို့ဆိုရင် ကောင်းကင်အဆင့်မြင့်လက်နက်ကို ပိုင်ဆိုင်ခြင်း၊မပိုင်ဆိုင်ခြင်းက အရေးပါပါတယ်။

"၅.၂မီလီယံ"

"၅.၅မီလီယံ"

"၆မီလီယံ"

"၇မီလီယံ"

မဟူရာဓားမော့နက်နက်ရဲ့ဈေးနှုန်းက ဒုံးပျံတစ်ခုပမာ လျင်မြန်စွာ ထိုးတက်လာ‌လေတယ်။

"ဆယ်မီလီယံ" လီဖူချန်းက သူ့ရဲ့နံပါတ်ပြားကို မြှောက်လိုက်ပါတယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က လီဖူချန်းကို ရှုပ်ထွေးတဲ့အမူအရာတစ်ခုနဲ့ ကြည့်လိုက်မိသွားပါတယ်။

လီဖူချန်းက ဓားသမားတစ်ယောက်မလား၊ ဘာလို့ သူက ဓားမော့ကို လိုတာလဲ။

လီဖူချန်းက မရှင်းပြပါဘူး။ သူက သူ့အတွက် ဝယ်တာ မဟုတ်ပါဘူး။ ရန်ချင်းဟူက ဓားမော့သုံးသူဖြစ်ပြီး မဟူရာဓားမော့တွေကို အလွန်နှစ်သက်ပါတယ်။ လီဖူချန်းက ဓားမော့ကို သူမကို လက်ဆောင်ပေးဖို့ စဉ်းစားလိုက်ပါတယ်။

"ဆယ့်နှစ်မီလီယံ" တင်စီးတဲ့အသံတစ်ခုက ပဲ့တင်ထွက်လာပါတယ်။

အဲဒါက ကောင်းကင်ခွဲမဟာဧကရာဇ်ပါ။

ကောင်းကင်ခွဲမဟာဧကရာဇ်လည်း ဓားမော့သုံးသူတစ်ယောက်ပါ၊ ဒါပေမယ့် သူ့ရဲ့လက်ရှိဓားမော့က ကောင်းကင်အလယ်ဆင့်သာ ရှိပါတယ်။ သူကသာ ဒီမဟူရာဓားမော့နက်ကို ရနိုင်ရင် သူ့ရဲ့ခွန်အားက ထိပ်ဆုံး၅၀၀ ဒါမှမဟုတ် ၃၀၀အတွင်းတောင် ရောက်လာနိုင်မှာပါ။

"၁၅မီလီယံ"

လီဖူချန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ မကင်းမဲ့ပါဘူး။ လေလံပွဲမှ သူ့ရဲ့အကျိုးမြတ်တွေကို မပေါင်းထည့်ရင်တောင် သူ့မှာ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀၀မီလီယံထက် ပိုပါတယ်။ ၁၅မီလီယံအဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးက ဘာမှ မဟုတ်ပါဘူး။

"၁၈မီလီယံ။ ဒီက မိတ်ဆွေ၊ ကျေးဇူးပြုပြီး ငါ၊ ကောင်းကင်ခွဲမဟာဧကရာဇ်ကို မျက်နှာသာပေးပါ" ကောင်းကင်ခွဲဧကရာဇ်ရဲ့အသံက လီဖူချန်းရဲ့နားထဲသို့ ရောက်လာပါတယ်။

တစ်ယောက်ယောက်ကို ခြိမ်း‌ခြောက်ခြင်းမှ ကာကွယ်ဖို့  လေလံခန်းမကို အစီအရင်တစ်ခုနဲ့ ခြားထားပါတယ်။

ဒါပေမယ့်လည်း လေလံခန်းမရဲ့အစီအရင်က အကြိုအဆင့်ကိုးအစီအရင်ပါ။ ကောင်းကင်ခွဲမဟာဧကရာဇ်က အားအချို့ကို သုံးပြီး သူ့ရဲ့အသံကို ကူးပြောင်းနိုင်ပါသေးတယ်။

လီဖူချန်းက ကောင်းကင်ခွဲမဟာဧကရာဇ်ကို ဂရုမစိုက်ပါဘူး၊သူက ၂၀မီလီယံတိုးပေးလိုက်ပါတယ်။

ကောင်းကင်ခွဲမဟာဧကရာဇ်ရဲ့အမူအရာက မကောင်းပါဘူး၊ သူက ၂၁မီလီယံအထိ တိုးပေးလိုက်ပါတယ်။

"မိတ်ဆွေ၊ တကယ်လို့ မင်းရရင်တောင် မင်းက မကာကွယ်နိုင်ဘူး။ အဲဒါဆို ဘာလို့ ငါ့ကို မျက်နှာသာမပေးတာလဲ"

ကောင်းကင်ခွဲမဟာဧကရာဇ်က မဟူရာဓားမော့နက်ကို လိုချင်ပါတယ်၊ ဒါပေမယ့် သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးအများကြီး မသုံးချင်ပါဘူး။

"၂၅မီလီယံ" လီဖူချန်းက တစ်ခါးတိုးတိုင်း ၄မီလီယံထိ မြင့်ပေးလိုက်ပါတယ်။

‌ကောင်းကင်ခွဲမဟာဧကရာဇ်က နောက်ထပ်မဆက်သွယ်တော့ပါဘူး၊ ဒါပေမယ့် သူ့ရဲ့နှလုံးသားထဲမှာ သတ်ဖြတ်ချင်စိတ်က မြင့်တက်လာပါတယ်။ ဆန့်ကျင်ဘက်က သူ့ကို မျက်နှာသာမပေးမှတော့ သူက ရွေးချယ်စရာ မရှိ၊ ရက်စက်ရတော့မှာပေါ့လေ။

"သူက ဘယ်သူလဲ။ သူက ကောင်းကင်ခွဲမဟာဧကရာဇ်နဲ့တောင် ယှဉ်ပြိုင်ရဲတာပဲ"

"အထဲက လူကို ငါ မြင်ရတယ်။ သူ့ရဲ့ကျင့်ကြံခြင်းက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်ခြောက်‌လောက်ပဲ ရှိပုံရတယ်"

"အမ်၊ အဆင့်ခြောက်ဧကရာဇ်တစ်ယောက်က မောက်မာရဲနေတာပေါ့လေ"

လူတိုင်းက ဆွေးနွေးလိုက်ကြတော့တယ်။

နောက်ဆုံးမှာတော့ လီဖူချန်းက မဟူရာ‌ဓားမော့နက်ကို ရသွားပါတယ်။

"၈၈၉ခု‌မြောက် လေလံပစ္စည်းကတော့ ကောင်းကင်အဆင့်မြင့်ကံကြမ္မာဆေးပင်ပါ။ အကြယ်၇လုံးအရိုးတည်ဆောက်ပုံသာရှိတဲ့ လူတွေ ရှိပါတယ်။ ကဲကြမ္မာဆေးပင်နဲ့ဆိုရင် အဲလူတွေက ကြယ်၈လုံးအရိုးတည်ဆောက်ပုံကို ချက်ချင်း ပိုင်ဆိုင်လာမှာပါ။ ဒါ့ပြင် ကြယ်၈လုံးအရိုးတည်ဆောက်ပုံ ရှိတဲ့သူတွေလည်း ကံကြမ္မာဆေးပင်ကို သုံးပြီး အရိုးတည်ဆောက်ပုံကို အဆင့်မြင့်လို့ ရပါတယ်။ ပြောတာ လုံလောက်ပြီးဆိုတော့ ကံကြမ္မာဆေးပင်ရဲ့စဦးလေလံဈေးက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးငါးသိန်းပါ"

"‌ခြောက်သိန်း"

"ခုနှစ်သိန်း"

"ခုနှစ်သိန်းငါးသောင်း"

လေလံက အဆက်မပြတ် တိုးလာနေတယ်။

"သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပေါ်မှာ ကံကြမ္မာဆေးပင်ကို တွေ့ရလိမ့်မယ်လို့ ငါ မထင်ထားဘူး" လီဖူချန်းက ပြုံးကာ သူ့ရဲ့နံပါတ်ပြားကို မြှောက်‌လိုက်တယ်၊သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံအထိ တိုးပေးလိုက်ပါတယ်။

အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံဆိုတဲ့ဈေးနှုန်းက လူတိုင်းကို ထိတ်လန့်သွား‌စေတယ်။ ကြယ်ခုနှစ်လုံးအရိုးတည်ဆောက်ပုံအများစုမှာ အဲလောက်များတဲ့အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိပါဘူး။ ကြယ်ရှစ်လုံးအရိုးတည်ဆောက်ပုံရှိသူတွေအတွက်ကတော့ အဲဒါက ၁.၅မီလီယံလောက် ထိုက်တန်မယ်လို့ မထင်ပါဘူး။

ဒီလိုနဲ့ လီဖူချန်းက ကံကြမ္မာဆေးပင်ကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅မီလီယံနဲ့ ရရှိသွားပါတယ်။

လေလံပွဲက တ‌ဖြည်းဖြည်းနဲ့ အဆုံးကို ရောက်ရှိလာပြီး လေထုကလည်း အထွတ်အထိပ်ကို ရောက်လာနေလေတယ်။

သည်အတောအတွင်း ကောင်းကင်အဆင့်မြင့်ချပ်ဝတ်တစ်ခုက ထွက်ပေါ်လာပြီး သွေးဧကရာဇ်က အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၄၀မီလီယံနဲ့ အနိုင်ရသွားပါတယ်။

သဘာဝကျကျ‌ပြောရရင် ကောင်းကင်အဆင့်မြင့်ပစ္စည်းတစ်ခုရဲ့ဈေးနှုန်းက ၄၀မီလီယံမကပါဘူး၊ဒါပေမယ့် တစ်ယောက်မှ သွေးဧကရာဇ်နဲ့ မပြိုင်ရဲပါဘူး။

မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်ရှိ ထိပ်ဆုံး၁၀၀ကလွဲပြီး ဘယ်သူကမှ သွေးဧကရာဇ်ကို အပြစ်မပြုရဲပါဘူး။

ကောင်းကင်ခွဲမဟာဧကရာဇ်နဲ့ငြိမ်းအေးခြင်းအာဏာရှင်ကတောင် လေလံအနည်းငယ်ပြီးနောက် အရှုံးပေးလိုက်ပါတယ်။

လေလံပြီးခါနီးတော့မည်ကို မြင်ပြီး လီဖူချန်းရဲ့အမူအရာက မည်းမှောင်သွားတော့တယ်။

အခုထိ အရိုးဖြူသူတော်စင်သရဖူက မထွက်ပေါ်လာသေးပါဘူး။

လေလံခန်းမက အရိုးဖြူသူတော်စင်သရဖူကို နောက်ဆုံးမှ ထုတ်ဖို့ စီစဉ်ထားတာများလား၊ ဒါပေမယ့် လီဖူချန်းကတော့ ကိစ္စတွေက အဲလောက်ရိုးရှင်းလိမ့်မယ်လို့ မထင်ပါဘူး။

"မင်းတို့က ငါ့ကို မဆွဖို့ မျှော်လင့်တယ်" လီဖူချန်းက အသက်ကို ပြင်းပြင်းရှုထုတ်လိုက်လေတယ်။

မျှော်လင့်ထားသလိုပါပဲ၊ နောက်ဆုံးပစ္စည်းထွက်လာပြီးတာတောင် အရိုးဖြူသူတော်စင်သရဖူက မ‌ပေါ်လာပါဘူး။

"သက်တံလေလံပွဲက တကယ်ကို လုပ်ရဲတယ်ပေါ့" လီဖူချန်းက နှာခေါင်းရှုံ့လိုက်တယ်။

"တွေ့ကြတာပေါ့"

နောက်ကွယ်မှာတော့ မန်နေဂျာခေါင်းဆောင်က အသင့်ထားနေပါတယ်။ လေလံခန်းမက လီဖူချန်းကို မရင်ဆိုင်နိုင်ဖူးဆိုတာကိုတော့ သူ မယုံပါဘူး။

အခြားပစ္စည်းတွေ အတွက်ဆိုရင်တော့ အရှည်တွေးချင်တွေးရမှာပါ။ ဒါပေမယ့် ကောင်းကင်အဆင့်မြင့်ပစ္စည်းတစ်ခုကတော့ အရေးပါလွန်းပြီး

လေလံပွဲတွေမှာတောင် ရှားပါးပါတယ်။

ရက်အနည်းငယ်ကြာ စဉ်းစားပြီးနောက် မန်နေဂျာခေါင်းဆောင်က အရိုးဖြူသူတော်စင်သရဖူကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သက်တံကုန်သည်အစည်းအရုံးကို သူတော်စင်ကလန် ကောင်းကလန်က နောက်ခံပေးထားတာပါ။ ကောင်းကလန်က ကလန်ရဲ့ခွန်အားကို တိုးမြင့်ဖို့ ရှားပါးရတနာတွေကို ရှာဖို့အတွက် ကုန်သည်အစည်းအရုံးတွေကို တည်ထောင်ခဲ့တာပါ။

အရိုးဖြူသူတော်စင်သရဖူကို ပေးလိုက်မယ်ဆိုရင် မန်နေဂျာခေါင်းဆောင်က သေချာပေါက် ရာထူးတိုးမြင့်ခံရမှာပါ။

"သွားကြစို့"

လီဖူချန်းက မလှုပ်ရှားခဲ့ပါဘူး၊ အဲအစား သူက အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အတူ ထွက်သွားလိုက်ပါတယ်။

မဟူရာဓားမော့နက်နဲ့ကံကြမ္မာဆေးပင်တို့ကိုတော့ သူတို့က သူ့ဆီ ပို့ဆောင်ထားပြီးပါပြီး။

"ခေါင်းဆောင်၊ သူ ထွက်သွားပြီး" လေလံခန်းမရဲ့အဖွဲ့ဝင်တစ်ယောက်က မန်နေဂျာခေါင်းဆောင်ကို ‌တိုးတိုးပြောလိုက်ပါတယ်။

"သူထွက်သွားတာ ကောင်းတယ်။ အားလုံးပဲ သေချာ အလုပ်လုပ်ကြ”

မန်နေဂျာခေါင်းဆောင်က စိတ်သက်သာရာရသွားစွာ ပြုံးလိုက်လေတယ်။

မန်နေဂျာခေါင်းဆောင်က သံသယနည်းနည်းလေးတော့ ဖြစ်နေသေးတယ်၊ လီဖူချန်းက ပြဿနာကို ကြောက်တဲ့သူမျိုး မဟုတ်ပါဘူး။ ဘာလို့ လီဖူချန်းက အခုလိုမျိုး ထွက်သွားရတာလဲ။

ဒါပေမယ့်.......ဒါက တစ်ခြမ်းပဲ့မြို့ပါ။ လီဖူချန်းက ဘာလုပ်နိုင်မှာမို့လဲ။

သွေးဧကရာဇ်ကတောင် မြို့ထဲမှာ ပြဿနာမရှာရဲပါဘူး။

ဒါပေမယ့် လီဖူချန်းက သွေးဧကရာဇ်ဆိုရင် မန်နေဂျာခေါင်းဆောင်က အခုလို လုပ်ရဲမှာ မဟုတ်ပါဘူး။

လေလံခန်းမမှ ထွက်လာပြီးနောက် လီဖူချန်းက မြို့ထဲမှ ထွက်ခွာသွားပါတယ်။

သူက လေလံခန်းမကို မြေမလှန်ခဲ့ပါဘူး၊ အကြောင်းက သူက ဝူရှီ၊ဝူကျောနဲ့အခြားသူတွေကို မကာကွယ်နိုင်မှာ စိုးလို့ပါ။ ပြီးတော့ သူ့မှာ အကြိုအဆင့်၉မိုင်တစ်သောင်းတည်နေရာရွှေ့ပြောင်းရေးအဆောင် နောက်ထပ် မရှိတော့ပါဘူး။ သူ့မှာ တစ်ခုရှိတယ်ဆိုရင်ပင် သူက မစွန့်စားရဲပါဘူး။

တစ်ခြမ်းပဲ့မြို့မှ ထွက်လာပြီးနောက် လီဖူချန်းက သူ့ကို စောင့်နေဖို့ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူများကို ပြောလိုက်တယ်။

ဝူကျောက မေးလိုက်တယ် "ဆရာ၊ ဘယ်သွားမလို့လဲ"

"သတ်ဖို့"

ပြန်ဖြေပြီးနောက် လီဖူချန်းက မြို့ထဲကို ဝင်သွားလေတယ်။

အခု လေလံပွဲက ပြီးဆုံးသွားပြီး လူတိုင်းက ထွက်သွားပြီးပါပြီး။

လီဖူချန်းက နှာခေါင်းရှုံ့ကာ အထဲကို ဝင်သွားလိုက်လေတယ်။

လေလံခန်းမထဲမှာ လူတိုင်းက ထွက်သွားကြသည်ဖြစ်ပြီး မန်နေဂျာခေါင်းဆောင်အား ကိစ္စရပ်များအား စီစဉ်နေလျက်ရှိပါတယ်။

"မန်နေဂျာခေါင်းဆောင်၊ သူ ပြန်လာတယ်"

"ဘယ်သူလဲ" မန်နေဂျာခေါင်းဆောင်က ခေါင်းမော့လိုက်ပြီး လီဖူချန်းကို မြင်လိုက်ရပါတယ်။

လီဖူချန်းက ထူးမခြားနားစွာ ပြောလိုက်တယ် "ငါက မင်းကို မလုပ်ခင် စဉ်းစားဖို့ ပြောထားပြီးပြီပဲ၊မဟုတ်ရင် ငါက သက်တံလေလံခန်းမကို သွေးမြစ်တစ်စင်းအဖြစ်သွားစေဖို့ နောက်တွန့်နေမှာ မဟုတ်ဘူး။ စိတ်မကောင်းစရာက မင်းတို့က ငါ့စကားကို ဂရုမစိုက်ဘူးပဲ"

"မင်း လုပ်ရဲလား"

မန်နေဂျာခေါင်းဆောင်က အော်ပြီး လက်ကို ဝှေ့ယမ်းကာ လေလံခန်းမရဲ့အစီအရင်အား အသက်သွင်းလိုက်ပါတယ်။ ကြောက်စရာကောင်းတဲ့အစီအရင်စွမ်းအားက လီဖူချန်းကို လွှမ်းခြုံလိုက်ချေတယ်။

ဘုံး........

ကြယ်လက်ရဲ့ချီစွမ်းအားကို လှည့်ပတ်လိုက်တယ်၊ချီဝိညာဉ်တွေ ထွက်လာပြီး လေလံခန်းမက မုန့်မုန့်ညက်ကြွေမွသွားတော့တယ်။ လီဖူချန်းက အကြိုအဆင့်ကိုးအစီအရင်ကို တို့ဟူးပမာ လှီးဖြတ်လိုက်တာပေါ့။

သွေးမြူတစ်ခုက ကောင်းကင်မှာ ဖြစ်ပေါ်လာပြီး မြေပြင်က သွေးမြစ်အလား ဖြစ်သွားလေတယ်။

***

All Chapters