ရက်စက်ကြမ်းတမ်းခြင်း
Vol. 55 Ch. 741
လီဖူချန်းရဲ့ခွန်အားက ခမ်းနားတယ်၊ကြီးကျယ်တယ်၊စွမ်းအားတစ်ခုတည်းက ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဧကရာဇ်များစွာကို ပေါက်ကွဲစေဖို့ လုံလောက်ပါတယ်။
"သူ့ကိုသတ်" မန်နေဂျာခေါင်းဆောင်က လေလံခန်းမရဲ့ကာကွယ်သူတွေကို အသည်းအသန် အော်လိုက်ရတယ်။
အရင်ကာကွယ်သူနှစ်ယောက်အပါအဝင် လေလံခန်းမမှာ ကာကွယ်သူစုစုပေါင်းရှစ်ယောက်ရှိပါတယ်။ ကာကွယ်သူခေါင်းဆောင်ရဲ့ခွန်အားက ကြယ်နီအမွှေးအကြီးအကဲထက် အနည်းငယ်ပိုသန်မာပါတယ်။ သူက လှံတိုတစ်ချောင်းကို ဝှေ့ယမ်းပြီး လီဖူချန်းကို ထိုးနှက်လိုက်ပါတယ်။ အခြားကာကွယ်သူခုနှစ်ယောက်ကလည်း အခြားဦးတည်ဘက်တွေအားလုံးမှ တိုက်ခိုက်လိုက်ပါတယ်။
လီဖူချန်းက ပြုံးလျက်ပါပဲ၊ ကာကွယ်သူရှစ်ယောက်ထံမှ တိုက်ခိုက်မှုကို မမြင်သလိုမျိုး သူက ရှေ့ကို လျှောက်သွားနေလေတယ်။
"သတ်"
ရှစ်ဘက်ရှစ်တန်မှ တိုက်ခိုက်မှုတွေက လီဖူချန်းဆီ ကျရောက်လာပါတယ်။
ဘုံး.....
လီဖူချန်းက သေသူမဟုတ်ပါဘူး၊ ကာကွယ်သူရှစ်ယောက်ကသာ သေဆုံးသွားတာပါ။
သူတို့ရဲ့ခန္ဓာကိုယ်တွေက သွေးမြူအဖြစ် ပေါက်ကွဲထွက်သွားပါတယ်။
လက်ဝှေ့ယမ်းမှုတစ်ချက်နဲ့အတူ မန်နေဂျာဝမ်လည်း ပေါက်ကွဲထွက်သွားလေတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းက မန်နေဂျာခေါင်းဆောင်ကို ဆွဲယူလိုက်ပါတယ်။
"မင်းနောင်တရလား" လီဖူချန်းက မေးလိုက်တယ်။
"မင်း ငါ့ကို သတ်ရင် သက်တံလေလံအစည်းအရုံးနဲ့ကောင်းကလန်က မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး။ မင်းမှာ အခွင့်အရေးရှိတုန်း နောက်ဆုတ်လိုက်ပါ" မန်နေဂျာခေါင်းဆောင်က ခြိမ်းခြောက်လိုက်တယ်။
"ငါ မေးနေတာ မင်း နောင်တရလား" သူက လူသေတစ်ယောက်ကို ကြည့်နေရသလို လီဖူချန်းက မန်နေဂျာခေါင်းဆောင်ကို ကြည့်လိုက်ပါတယ်။
မန်နေဂျာခေါင်းဆောင်ရဲ့ခန္ဓာကိုယ်က တုန်ယင်နေတော့တယ်၊ လီဖူချန်းက ဒီလောက်အားကောင်းနေမှန်း သူ သိရင် သူမှာ အသက်ဆယ်သက်ရှိရင်တောင် သူက လီဖူချန်းရဲ့ပစ္စည်းတွေကို လောဘမတက်ရဲပါဘူး။
"မင်း နောင်တရလည်း အသုံးမဝင်တော့ဘူး။ ငါ ပြောခဲ့ပါတယ် မင်း ငါ့ကို ပြဿနာရှာရင် ဒီနေရာကို သွေးမြစ်အဖြစ် ပြောင်းလိုက်မယ် ဆိုတာကိုလေ"
ဘန်း
မန်နေဂျာခေါင်းဆောင်ရဲ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်သွားပါတယ်။
ယူစရာရှိတာအားလုံးကို ယူပြီးနောက် လီဖူချန်းက မြို့ပြင်ကို ပျံသန်းသွားလိုက်ပါတယ်။
"ဘာဖြစ်နေတာလဲ"
အဝေးကို မရောက်သေးတဲ့ လူတွေအများကြီး ရှိပါတယ်။ သူတို့က တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး ပြန်လှည့်လာချိန်မှာတော့ လေလံခန်းမက ပျက်စီးသွားပါပြီး။
"ဒါ"
လူတိုင်းက တံတွေးမျိုချလိုက်ရပါတယ်၊ မယုံကြည်နိုင်တဲ့အမူအရာတွေနဲ့ အတူပေါ့။
သူတို့ရဲ့စိတ်တွေက အတွေးတွေနဲ့ ပြည့်နေပါတယ်၊ ချမ်းသာမှုကို လောဘတက်တဲ့ တစ်ယောက်ယောက်ကများ လေလံခန်းမကို ဖျက်ဆီးပြီး လုယက်ခဲ့လေသလား။
သူတို့ရဲ့စိတ်ကူးကို သက်သေပြဖို့ ပုံရိပ်တစ်ခုက လေလံခန်းမအပျက်အစီးပုံမှ ထွက်လာပြီး မြို့ပြင်ကို ပျံသန်းသွားလေတယ်။
"စိတ်ဝင်စားစရာပဲ" လူအုပ်ကြားမှ သွေးဧကရာဇ်က ပြုံးပြီး လိုက်သွားပါတယ်။
လေလံခန်းမဖျက်ဆီးခံလိုက်ရတဲ့သတင်းက မြို့အရှင်အိမ်တော်ကို ရောက်ရှိသွားချိန်မှာ လီဖူချန်းက တစ်ခြမ်းပဲ့မြို့တော်မှ ထွက်သွားပြီးပါပြီး။
***
ရွာလေးတစ်ရွာအထဲမှာ စွမ်းအင်လှိုင်းတွေ ဖြာထွက်နေလျက် ရှိပါတယ်။ ဓားချီတွေက ကောင်းကင်တစ်လျှောက် ပျံ့ကြဲနေလေတယ်။
ရွာအလယ်မှာ အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောတစ်စင်းရှိပြီး ကောင်းကင်ခွဲဧကရာဇ်က ငွေလေသင်္ဘောကို တိုက်ခိုက်နေလျက် ရှိပါတယ်။
လီဖူချန်းက လေလံခန်းမမှ တစ်ကြိမ် ထွက်သွားတာနဲ့ ကောင်းကင်ခွဲဧကရာဇ်က လူတွေကို လီဖူချန်းနောက် လိုက်ခိုင်းလိုက်ပါတယ်၊ ရလဒ်ကတော့ လက်ရှိမြင်ကွင်းအတိုင်းပေါ့။
အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောက ကောင်းမွန်တဲ့ခံစစ်စွမ်းရည်ရှိတာ ကံကောင်းပါတယ်။ ပြီးတော့ အဲဒါရဲ့တန်ဖိုးက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀မီလီယံရှိပါတယ်။ ကောင်းကင်ခွဲဧကရာဇ်ကို အသာထား၊ အဆင့်နိမ့်သူတော်စင်တစ်ယောက်ကတောင် အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောကို တစ်ချက်တည်းနဲ့ မချိုးဖောက်နိုင်ပါဘူး။
ဒါပေမယ့် လီဖူချန်းပြန်လာတာ နည်းနည်းနောက်ကျသွားရင်တော့ ငွေလေသင်္ဘောက ဖျက်ဆီးခံလိုက်ရမှာပါ။
ရွာထဲက အခင်းအနေအထားကို မြင်ပြီး လီဖူချန်းက သူ့ရဲ့အမြန်နှုန်းကို အရှိန်တင်လိုက်တော့တယ်။
"ကောင်းကင်ခွဲမဟာဧကရာဇ်၊ မင်းက သေချင်နေတာပဲ"
မကြာမီမှာပဲ လီဖူချန်းက ရောက်ရှိလာပါတယ်။
"မင်းက အထဲမှာ မဟုတ်ဘူးလား။"
ကောင်းကင်ခွဲဧကရာဇ်က အံ့အားသင့်သွားလေတယ်၊ လီဖူချန်းက ငွေလေသင်္ဘောအထဲမှာ ရှိနေမယ်လို့ သူက ယူဆထားတာပါ။
"မင်းသေဖို့အချိန်ရောက်ပြီး။"
ကောင်းကင်ခွဲမဟာဧကရာဇ်က လီဖူချန်းကို ခုတ်ပိုင်းလိုက်ပါတယ်။ ခုတ်ပိုင်းချက်ထွက်ပေါ်လာချင်းချင်း ကြာသံလျှပ်တစ်ခုက ပေါ်လာပါတယ်။
မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၈၀၀ရှိသူအနေနဲ့ ကောင်းကင်ခွဲမဟာဧကရာဇ်ရဲ့ဓားမော့အနုပညာက အဆုံးစွန်းနဲ့ နီးကပ်နေပါတယ်။ သာမန်လူသာဆိုရင် ရှစ်ပိုင်းပိုင်းခံလိုက်ရမှာပါ။
"မင်းက သေချင်နေတာပဲ"
"လီဖူချန်းက လက်သီးတစ်ချက် ပေးလိုက်ပါတယ်။
လက်သီးအားက ကြယ်တံခွန်တစ်ခုပမာ ဖြစ်ပြီး မရပ်တန့်နိုင်ပါဘူး။ အဲဒါက ကြာတံလျှပ်ကို ချိုးဖျက်ပြီး ကောင်းကင်ခွဲမဟာဧကရာဇ်ဆီ ကျရောက်သွားပါတယ်။
မသေသော်လည်း သေအံ့ဆဲဆဲပါပဲ၊ ကောင်းကင်ခွဲမဟာဧကရာဇ်က အော်တောင်မအော်လိုက်နိုင်ပါဘူး။
"ကြောက်စရာကောင်းလှတဲ့ခန္ဓာကိုယ်အပြင်အားကျင့်ကြံသူမဟာဧကရာဇ်"
ရွာအပြင်မှာ သွေးဧကရာဇ်က လေထဲမှာ ရပ်နေလေတယ်။
သူက အစောက တစ်ခုခုကို လုပ်ဖို့ စီစဉ်ထားပါတယ်၊ ဒါပေမယ့် လီဖူချန်းက ကောင်းကင်ခွဲမဟာဧကရာဇ်ကို တစ်ချက်တည်းနဲ့ သတ်တာကို မြင်ပြီးနောက် သူက မတုံ့ဆိုင်းဘဲ မနေနိုင်တော့ပါဘူး။
"သွေးဧကရာဇ်၊ မင်းရော သေချင်နေတာလား။" ကောင်းကင်ခွဲမဟာဧကရာဇ်ကိစ္စကို ရှင်းပြီးနောက် လီဖူချန်းက လှည့်ကာ ပြောလိုက်ပါတယ်။
သွေးဧကရာဇ်ရဲ့မျက်လုံးက သွေးအလင်းတန်းတွေကို ထုတ်ဖော်မိသွားပါတယ် "ဒီလောက်တောင် မောက်မာတာ။ ငါ သွေးဧကရာဇ်ကပဲအမြဲတမ်း မောက်မာတယ်၊ ငါ့ကို မောက်မာရဲတဲ့သူကိုတော့ မတွေ့ဖူးဘူး။ ဒီလိုဆိုလဲ မင်းရဲ့ပြောင်မြောက်တဲ့အကွက်တွေကို ငါ့ကို ပြပါ။ သွေးကောင်းကင်နည်းလမ်း။"
သွေးဧကရာဇ်ဦးခေါင်းရဲ့နောက်မှာ သွေးစက်ဝန်းတစ်ခုက ထွက်ပေါ်လာပါတယ်။ သွေးအလင်းလှိုင်းတစ်ခုက ဟင်းလင်းပြင်မှ ထွက်လာပြီး လီဖူချန်းဆီ ရွာသွန်းလာပါတယ်။
"ဒီလို ဖိနှိပ်စွမ်းအားကြီးတဲ့သိုင်းအနုပညာတစ်ခု"
လီဖူချန်းက အရာအားလုံးကို မြင်နေရပါတယ်။ သွေးအလင်းတစ်ခုဆီမှာ ကြောက်စရာကောင်းတဲ့စွမ်းအားတွေ ပါဝင်ပါတယ်။ အဆုံးမရှိသွေးအလင်းတွေ စုစည်းလာတဲ့အခါ တောင်တစ်တောင်ကို ဖျက်ဆီးဖို့တောင် လုံလောက်ပါတယ်။
သွေးဧကရာဇ်ရဲ့သွေးကောင်းကင်နည်းလမ်းကို ရင်ဆိုင်ရတဲ့အခါ လီဖူချန်းက လက်သီးတစ်ချက်နဲ့သာ တုံ့ပြန်လိုက်ပါတယ်။
သွေးအလင်းကောင်းကင်က ပျက်စီးသွားပြီး သွေးဧကရာဇ်က လွင့်ထွက်သွားပါတယ်။
"ငါ ဒီလက်သီးချက်ကို မှတ်ထားတယ်။" သွေးဧကရာဇ်ရဲ့အသံက ရွာအတွင်းမှာ ပဲ့တင်ထပ်သွားလေတယ်။
လီဖူချန်းက သွေးဧကရာဇ်ကို ဂရုမစိုက်ပါဘူး၊ သူက ငွေလေသင်္ဘောအထဲကို ဝင်သွားပါတယ်။
…
ကောင်းကင်မှာ ငွေရောင်အလင်းတစ်ခုက ဖြာသွားခဲ့လေတယ်။
ရက်များစွာ ကြာပြီးနောက် ငွေလေသင်္ဘောက မိုင်မီလီယံအနည်းငယ်ထိ ပျံသန်းသွားပြီးပါပြီး။
လီဖူချန်းက ပြုံးနေတယ်။
သက်တံလေလံခန်းမကို ဖျက်ဆီးရုံနဲ့ သူက အရိုးဖြူသူတော်စင်သရဖူနဲ့ အဆင့်မြင့်စိတ်ဝနညာဉ်ကျောက်တုံး၁.၅ဘီလီယံကိုလည်း ရရှိခဲ့တယ်လေ။
တစ်ခြမ်းပဲ့မြို့ရဲ့သက်တံလေလံခန်းမပျက်စီးသွားခြင်းက သက်တံကုန်သည်အစည်းအရုံးနဲ့ကောင်းကလန်ကို ဒေါသထွက်သွားစေတာကို လီဖူချန်းက မသိပါဘူး။ သူတို့ကို လီဖူချန်းကို လိုက်ဖမ်းဖို့ စီစဉ်နေကြပါတယ်။ အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁.၅ဘီလီယံက သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ပါဘူး။ သက်တံကုန်သည်အစည်းအရုံးရဲ့လပေါင်းများစွာ ဝင်ငွေနဲ့ ညီမျှပါတယ်။ ပြီးတော့ လေလံပွဲကို နေ့တိုင်း ကျင်းပလို့ ရတာမဟုတ်ပါဘူး၊ သက်တံကုန်သည်အစည်းအရုံးက မြို့အချို့မှာသာ ကျင်းပနိုင်တာပါ။
အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ဘီလီယံက သက်တံကုန်သည်အစည်းအရုံးကို မနာကျင်စေနိုင်ပါဘူး၊ ဒါပေမယ့် သူတို့ ခေါင်းကိုက်ဖို့တော့ လုံလောက်ပါတယ်။
အမှောင်ထဲမှာ ကောင်းကလန်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့အနက်ရောင်အဖွဲ့အစည်းဖြစ်တဲ့ အမှောင်ကလန်နဲ့ ဆက်သွယ်လိုက်တယ်။ သူတို့က လီဖူချန်းကို လိုက်ဖမ်းဖို့အတွက် အသန်မာဆုံးဧကရာဇ်အဆင့်လုပ်ကြံသူကို ဌားဖို့ စီစဉ်လိုက်တယ်။ အရမ်းကြီး မလိုအပ်ဘဲနဲ့ ကောင်းကလန်ရဲ့အထက်အကြီးအကဲတွေက သူတို့ရဲ့သူတော်စင်အကြီးအကဲကို အနှောင့်အယှက်မပေးချင်ပါဘူး။
သူတော်စင်အကြီးအကဲက ဂျူနီယာတစ်ယောက်ကို လိုက်ဖမ်းရမယ့် သူမျိုး မဟုတ်ဘူးလေ။
***