← Chapters

အဆုံးစွန်းတာအိုတောင်

Vol. 55 Ch. 742

အဆုံးစွန်းတာအိုတောင်

Vol. 55 Ch. 742

  လီဖူချန်းက အတော်လေး ကံကောင်းပါတယ်၊ သူက အပြည့်အဝရှိနေတဲ့အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးကို ကောင်းကင်ခွဲဧကရာဇ်ရဲ့သိုလှောင်အိတ်မှာ တွေ့လိုက်ရတယ်လေ။ ကောင်းကင်ခွဲဧကရာဇ်မှာ စုပ်ယူဖို့ အချိန်မရှိခဲ့ဘူးဆိုတာ သိသာလှပါတယ်။

ဒါပေမယ့် စိတ်ဝိညာဉ်ကို မစုပ်ခင် လီဖူချန်းက သူ့ရဲ့အရိုးတည်ဆောက်ပုံကို အရင် အဆင့်မြင့်ရမှာပါ။

အခု သူ့ရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်အကန့်အသတ်က ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်‌၆မှာ ရှိနေတုန်းပါပဲ။ သူက ကံကြမ္မာဆေးပင်ကို သုံးစွဲမယ်ဆိုရင် သူ့ရဲ့အရိုးတည်ဆောက်ပုံနဲ့စွမ်းအင်ဗဟိုချက်မပင်လယ်ကို အကန့်အသတ်အထိ တွန်းပို့နိုင်လာမှာပါ။

နာမည်အတိုင်းပါပဲ၊ ကံကြမ္မာဆေးပင်က တစ်စုံတစ်ယောက်ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်ပါတယ်။

လီဖူချန်းရဲ့ကံကြမ္မာကို ကံကြမ္မာဆေးပင်‌ကပြောင်းလဲဖို့ မလိုပါဘူး။ ရွှေအဆောင်နဲ့ဆိုရင် သူ့ရဲ့ကံကြမ္မာကို ဘယ်သူမှ မပြောင်းလဲနိုင်ပါဘူး။ ဒါပေမယ့် ကံကြမ္မာဆေးပင်က လီဖူချန်းရဲ့ကြီးထွားမှုကို အတိုင်းအတာတစ်ခုအထိ မြန်ဆန်အောင် ဆောင်ရွက်ပေးနိုင်မှာပါ။

ညတစ်ညကုန်ဆုံးပြီးနောက် လီဖူချန်းရဲ့အရိုးတည်ဆောက်ပုံက ကြယ်ရှစ်လုံးထိ တိုးမြင့်လာပါတယ်။ သူ့ရဲ့စွမ်းအင်ဗဟိုချက်မပင်လယ်အကန့်အသတ်က ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ရဲ့အဆင့်‌၆ကို ကျော်လွန်သွားပါတယ်။

အထွတ်အထိတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးကို သုံးပြီး လီဖူချန်းက သူ့ရဲ့ကျင့်ကြံခြင်းကို မူလပင်လယ်နယ်ပယ်ရဲ့အဆင့်၇အလယ်ထိ တွန်းပို့နိုင်ခဲ့ပါတယ်။

"ပြီးပြည့်စုံတဲ့အထွတ်အထိပ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုက အဆင့်နှစ်ဆင့်တိုးဖို့ ငါ့အတွက် မလုံလောက်ဘူးပဲ။ ဒါပေမယ့် အဆင့်တစ်ဆင့်တိုးတာကပဲ ကောင်းလှပါပြီး"

သူ့ရဲ့ဓားတာအိုခွန်အားက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားနဲ့ ပိုနီးကပ်လာနေပါတယ်။

…

"ကြယ်ရှစ်လုံးအရိုးတည်ဆောက်ပုံက တကယ်ကို မယုံနိုင်စရာပဲ။"

အရိုးတည်ဆောက်ပုံကို အဆင့်မြင့်ခြင်းအတွက် မမျှော်လင့်ထားတဲ့အကျိုးတစ်ခု ရှိလာပါတယ်။ လီဖူချန်းက သူ့ရဲ့ကျင့်ကြံခြင်းက ပိုချောမွေ့လာတာကို သိလိုက်ရပါတယ်။

ကောင်းကင်အဆင့်ကျင့်ကြံခြင်းနည်းလမ်းတွေက ကျင့်ကြံသူရဲ့အရိုးတည်ဆောက်ပုံနဲ့ ချိတ်ဆက်နေတယ်လို့ လူတွေပြောတာ အံ့ဩစရာ မရှိပါဘူး။

ကျင့်ကြံခြင်းနည်းလမ်းက လူသားခန္ဓာကိုယ်ဆင့်ကဲဖြစ်စဉ်အတွက် အကြောင်းရင်းဖြစ်မယ်ဆိုရင် အရိုးတည်ဆောက်ပုံက လူသားခန္ဓာကိုယ်အရည်အသွေး ဖြစ်ပါလိမ့်မယ်။ အရည်အသွေးမြင့်မားလေလေ ကျင့်ကြံခြင်းနည်းလမ်းနဲ့ခန္ဓာကိုယ်ကြား ပိုပြီးအချိတ်အဆက်မိလာလေလပါပဲ။

တစ်ခုတည်း‌သောပြဿနာကတော့ လီဖူချန်းရဲ့အရိုးတည်ဆောက်ပုံက မီးအရိုးတည်ဆောက်ပုံပါပဲ။ အဲဒါမှာ မီးတာအို ပါရှိပြီး မူလအစွန်းဓားနည်းလမ်းနဲ့ ဆန့်ကျင်နေတယ်။ မဟုတ်ရင် တိုးတက်မှုက ပိုကြီးလာမှာပါ။ ဖြစ်နိုင်တာက မူလအစွန်းဓားနည်းလမ်းက အဆင့်၄၂ထိ ထိုးဖောက်သွားနိုင်လောက်တယ်။

"မီးတာအိုကို ဖယ်ထုတ်ဖို့ နည်းလမ်းတစ်ခုကို စဉ်းစားရမယ်" လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။

"ကျင့်ကြံခြင်းနည်းလမ်းက အဆင့်တစ်ခုအထိ ရောက်သွားတာနဲ့ အဲဒါက အရိုးတည်ဆောက်ပုံကို အကျိုးသက်ရောက်စေလိမ့်မယ်။ မူလအစွန်းဓားနည်းလမ်းက ငါ့ရဲ့အရိုးတည်ဆောက်ပုံမှာရှိတဲ့ မီးတာအိုကို ဖယ်ထုတ်နိုင်မလားကို ငါ သိချင်မိတယ်"

အရိုးတည်ဆောက်ပုံကို ပြောင်းလဲပြုပြင်ပေးနိုင်တဲ့ မယုံနိုင်စရာကောင်းလှတဲ့ ကျင့်ကြံခြင်းနည်းလမ်းတွေ ရှိပါတယ်။

ထိပ်သီးအဆင့်မီးတာအိုကျင့်ကြံခြင်းနည်းလမ်းတွေက လူတစ်ယောက်ရဲ့အရိုးတည်ဆောက်ပုံကို မီးအရိုးတည်ဆောက်ပုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

ထိပ်သီးအဆင့်မိုးကြိုးတာအိုကျင့်ကြံခြင်းနည်းလမ်းတစ်ခုက ကျင့်ကြံသူရဲ့အရိုးတည်ဆောက်ပုံကို မိုးကြိုးအရိုးတည်ဆောက်ပုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

အလားတူ ထိပ်သီးအဆင့်ဓားတာအိုကျင့်ကြံခြင်းနည်းလမ်းတစ်ခုက လူတစ်ယောက်ရဲ့အရိုးတည်ဆောက်ပုံက်ု ဓားတာအိုအရိုးတည်ဆောက်ပုံအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။

ဒါပေမယ့် မူလအစွန်းဓားနည်းလမ်းရဲ့ဘယ်အဆင့်ရောက်မှ အရိုးတည်ဆောက်ပုံကို ဓားတာအိုအရိုးတည်ဆောက်ပုံအဖြစ် ပြောင်းလဲပေးနိုင်မလဲဆိုတာကိုတော့ မသိနိုင်ပါဘူး။

အဲဒါက ကောင်းကင်အဆင့်အထွတ်အထိပ်ကို ရောက်သွားရင်တော့ နည်းလမ်းမရှိတော့ပါဘူး။

ကောင်းကင်အဆင့်အထွတ်အထိပ်ကျင့်ကြံခြင်းနည်းလမ်းတွေက အဆုံးစွန်းကို ရောက်ရှိနေပြီး အဆုံးစွန်းကျင့်ကြံခြင်းနည်းလမ်းတွေလို့ လူသိများပါတယ်။

သူတော်စင်တစ်ယောက်ကတောင် အဆုံးစွန်းကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ဖန်တီးရာမှာ ခက်ခဲတဲ့အချိန် တစ်ခုရှိပါတယ်။

အဆုံးစွန်းကျင့်ကြံခြင်းနည်းလမ်းတွေကို ဖန်တီးနိုင်တဲ့သူတော်စင်တွေက သူတော်စင်တွေရဲ့ထိပ်ပိုင်းမှာ ရှိနေမှာ သေချာပေါက်ပဲ။

အဝေးမှာ ကုန်းမြေတစ်ခုလုံးကို လွှမ်းခြုံထားနိုင်တဲ့ ဧရာမတောင်ကြီးတစ်ခု ရှိတယ်။ ငွေလေသင်္ဘောက အမြင့်မှာ ပျံသန်းနေတယ် ဒါပေမယ့် ကြည့်လိုက်ချိန်မှာတော့ တောင်ခါးတန်းမှာ ပျံသန်းနေသလိုမျိုးပါပဲ။

အဲဒါက ဧရာမတောင်တစ်ခုဆိုရင် အဲဒါက လီဖူချန်းကို အလွန်အံ့အားသင့်စေသွားမှာပါ။

ဒါပေမယ့် ဒီဧရာမတောင်က ထာဝရတည်မြဲခြင်းနဲ့ စကြာဝဠာတစ်ခုလုံးကို လျှောက်လမ်းနိုင်ခြင်းဆိုတဲ့ တည်ရှိမှုကို ထုတ်လွှတ်နေပါတယ်။ တောင်မဟုတ်၊ အနန္တတန်ခိုးရှင်သူတော်စင်တစ်ယောက်ပမာ ခံစားနေရပါတယ်။

"အဆုံးစွန်းတာအိုတောင်" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က အလိုအလျောက် ပြောမိသွားတယ်။

"အဆုံးစွန်းတာအိုတောင်လား" လီဖူချန်းက သိချင်စိတ် ဖြစ်လာတယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ရှင်းပြလိုက်တယ် "အဆုံးစွန်းတာအိုတောင်ဆိုတာက သူတော်စင်တစ်ယောက် တာအိုကို နားလည်သဘောပေါက်ခဲ့တဲ့ နေရာတစ်ခုပဲ။ တောင်ပေါ်မှာ အထွတ်အထိပ်အဆင့်သူတော်စင်က တာအိုကို အချိန်အကြာကြီး ကျင့်ကြံခဲ့မှသာ ဖြစ်လာနိုင်တယ်။ ကျွန်တော်မှန်းတာ မမှားဘူးဆိုရင် ဒီအဆုံးစွန်းတာအိုတောင်က အင်မော်တယ်ကောင်းကင်ဘုရား တာအိုကို နားလည်ခဲ့တဲ့ နေရာပဲ။ အဲဒီမှာ အင်မော်တယ်ကောင်းကင်ဘုရားရဲ့အင်‌မော်တယ်စိတ်တန်ခိုးစွမ်းအားနဲ့ သူ့ရဲ့မဟာတာအိုတွေ ပါဝင်တယ်။ အင်မော်တယ်ကောင်းကင်ဘုရားက ဒီတောင်ပေါ်မှာ နှစ်ပေါင်းရှစ်ထောင်ကြာ ကျင့်ကြံအားထုတ်ခဲ့တယ်လို့ ပြောကြတယ်"

"အင်မော်တယ်ကောင်းကင်ဘုရား" လီဖူချန်းက တုန်လှုပ်သွားပါတယ်။

ကောင်းကင်ဘုရားလို့ ဆိုချင်ရင် တစ်စုံတစ်ယောက်က ကျိန်စာကောင်းကင်ဘုရားလို အကြွင်းမဲ့သူတော်စင်တစ်ယောက် ဖြစ်ရပါမယ်။

အဆုံးစွန်းတာအိုတောင်က အဆုံးစွန်းကျင့်ကြံခြင်းနည်းလမ်းနဲ့ အဆုံးစွန်းသိုင်းအနုပညာတို့နဲ့ အလားတူပါတယ်။

"ဒီအင်မော်တယ်ကောင်းကင်ဘုရားက အသက်ရှင်နေတုန်းပဲလား" လီဖူချန်းက မေးလိုက်တယ်။

အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ပြောလိုက်တယ် "ဟုတ်တယ်၊ သူက အသက်ရှင်နေတုန်းပဲ။ အင်မော်တယ်ကောင်းကင်ဘုရားက ကျိန်စာကောင်းကင်ဘုရားနဲ့ တူတူပဲ၊ သူတို့နှစ်ယောက်လုံးက ရှေးအကျဆုံးကောင်းကင်ဘုရား‌တွေပဲ။ ရှေးခေတ်ကတည်းက အခုထိ သူတို့က အသက်ရှင်နေတုန်းပဲ။ ဒါပေမယ့် သူတို့က နက်ပြာပလိန်းပေါ်မှာတော့ ကြာရှည်နေလေ့မရှိဘူး"

ပလိန်းတစ်ခုက အထွတ်အထိပ်အဆင့်သူတော်စင်တွေအတွက် သေးငယ်လွန်းပါတယ်။ စကြာဝဠာနဲ့ ကြယ်ကောင်းကင်က အထွတ်အထိပ်သူတော်စင်တွေ ခရီးသွားကြတဲ့ နေရာတွေပါ။

အဆုံးစွနိးတာအိုတောင်က အလွန်နီးကပ်နေပုံပေါ်ပေမယ့် တကယ်တော့ အလွန်ဝေးပါတယ်။ အမှန်တကယ်မနီးကပ်လာခင် နေ့တစ်ဝက်ခန့် သွားလိုက်ရပါတယ်။

"ငွေလေသင်္ဘောပေါ်မှာ ငါ့ကို စောင့်နေပါ၊ ဒီ အဆုံးစွန်းတာအိုတောင်ကို ငါ သွားရောက်ခံစားလိုက်အုံးမယ်" လီဖူချန်းက ငွေလေသင်္ဘောပေါ်မှ ပျံသန်းသွားပြီး အဆုံးစွန်းတာအိုတောင်ဆီ ဦးတည်လိုက်ပါတယ်။

အဆုံးစွန်းတာအိုတောင်ကို မကပ်နိုင်ခင် လီဖူချန်းက ဆင်းသက်လိုက်ရပါတယ်။ အဆုံးစွန်းတာအိုတောင်ရဲ့ပတ်ဝန်းကျင်မှာ အန္တိမမဟာတာအိုရှိပါတယ်။ လီဖူချန်းရဲ့တာအိုက ဒီနေရာမှာ အလုပ်မလုပ်တော့ပါဘူး။

တောင်‌‌ခြေကို ရောက်ပြီး‌နောက် လီဖူချန်းက အခြားသူတွေလိုပဲ တောင်ပေါ်ကို စတက်လိုက်ပါတယ်။

အဆုံးစွန်းတာအိုတောင်ကို တက်နေရင်း တစ်စုံတစ်ယောက်က အန္တိမမဟာတာအိုကို နားလည်နိုင်ပါတယ်။ အဲဒါက လူတစ်ယောက်ရဲ့ညဏ်အမြင်နဲ့ သက်ဆိုင်ပြီး မဟာတာအိုနဲ့သူတို့ရဲ့လိုက်ဖက်ညီမှုက သူတို့ရဲ့နားလည်မှုပမာဏကို မြင်စေနိုင်ပါတယ်။

တောင်ထိပ်ကို တက်နိုင်တဲ့သူ၊ သူတော်စင်အောက် အနည်းငယ်သာ ရှိပါတယ်။

အန္တိမမဟာတာအိုအပြင် အဆုံးစွန်းတာအိုတောင်မှာ  အင်မော်တယ်ကောင်းကင်ဘုရားရဲ့အင်မော်တယ်စိတ်တန်ခိုးစွမ်းအား ပါရှိပါတယ်။ အမြင့်ကို တက်လေလေ စိတ်တန်ခိုးစွမ်းအားရဲ့ဖိအားက ပိုသန်မာလာလေလေပါ။

အန္တိမမဟာတာအိုက တောင်အောက်ခြေမှာတော့ သိပ်မပြင်းထန်ပါဘူး။ လီဖူချန်းက လေပမာ လျင်မြန်စွာ ရွေ့လျားပြီး တက်နေလေတယ်။

"ဒီလူက မြန်လှချည်လား"

အဆုံးစွန်းတာအိုတောင်ကို တက်နေသူ‌တွေ အများကြီးရှိပါတယ်၊ သူတို့အားလုံးက မဟာဧကရာဇ်တွေပါ။ သူတို့အားလုံးက လီဖူချန်းရဲ့အမြန်နှုန်းကို မြင်ပြီး အံ့ဩသွားကြလေတယ်။

တစ်နာရီကြာပြီးနောက် လီဖူချန်းက တောင်ရဲ့ခါးပိုင်းကို ရောက်ရှိလာပါပြီး။

"ဒါက အင်မော်တယ်မဟာတာအိုလား"

တောင်ရဲ့ခါးပိုင်းမှာဆိုရင် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးရဲ့ကောင်းကင်‌မြေကြီးဥပဒေဿက အလွန်ရှားပါးပါတယ်။ ဒီနေရာရှိ အဓိကဥပဒေဿက အင်မော်တယ်ကောင်းကင်ဘုရားရဲ့အင်မော်တယ်မဟာတာအိုပါ။

အင်မော်တယ်မဟာတာအိုက နားလည်နိုင်ဖို့ ခက်ခဲပါတယ်။ မွေးရာပါအင်မော်တယ်အရိုးတည်ဆောက်ပုံရှိတဲ့သူတွေသာ အင်မော်တယ်မဟာတာအိုကို နားလည်နိုင်မှာပါ။

ဒါပေမယ့် အင်မော်တယ်အရိုးတည်ဆောက်ပုံရှိတဲ့အထွတ်အထိပ်အဆင့်သူတော်စင်တစ်ယောက်ကသာ အင်မော်တယ်ကျင့်ကြံခြင်းနည်းလမ်းတစ်ခုကို ပေးမယ်ဆိုရင် ထိုအင်မော်တယ်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံခဲ့တဲ့သူတွေက သူတို့ရဲ့အရိူတည်ဆောက်ပုံကို အင်မော်တယ်အရိုးတည်ဆောက်ပုံအဖြစ် ပြောင်းလဲနိုင်ပြီး အင်မော်တယ်မဟာတာအိုကို နားလည်နိုင်မှာပါ။

စိတ်မကောင်းစရာတစ်ခုက အင်မော်တယ်ကျင့်ကြံခြင်းနည်းလမ်းကို ကျင့်ကြံခြင်းရဲ့အခက်အခဲက အင်မော်တယ်အရိုးတည်ဆောက်ပုံမရှိတဲ့သူတွေအတွက် အတော်လေး မြင့်မားပါတယ်။

ပန်းပွင့်‌တွေ၊မြက်ပင်တွေ၊ကျောက်တုံးတွေနဲ့သစ်သားတွေအားလုံးကို ဘယ်တော့မှ မဖျက်ဆီးနိုင်ဘူးဆိုတဲ့ခံစားချက်တစ်ခုကို လီဖူချန်းက ရနေပါတယ်။ အဲသည်အရာအားလုံးကို အင်မော်တယ်မဟာတာအိုက ပြောင်းလဲစေခြင်းကြောင့်ပါပဲ။ သူတို့ကို ဖျက်ဆီးဖို့ဆိုရင် အင်မော်တယ်မဟာတာအိုကို ဖျက်ဆီးဖို့ လိုမှာပါ။ ဒါက သူတော်စင်တွေတောင် မအောင်မြင်နိုင်တဲ့အရာပါ။

လီဖူချန်းက မရပ်ပါဘူး၊ ဆက်တက်နေလျက်ပါပဲ။

သူ ထိပ်ကို နီးကပ်လာတာနဲ့ လူအရေအတွက်က အလွန်နည်းလာပါတယ်။ သူ တစ်ယောက်ယောက်ကို တွေ့တိုင်း သူတို့က လီဖူချန်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြပါတယ်။ တစ်ချိန်တည်းမှာ သူတို့က ကြောက်ရွံ့တဲ့အမူအရာကို ဖော်ပြနေပါတယ်။ ဒီအထိ တက်နိုင်မှာတော့ လီဖူချန်းရဲ့ခွန်အားက ပြောင်မြောက်ပြီး ရန်စလို့ မရပါဘူး။

"နတ်ဆိုးအာဏာရှင်က တောင်ထိပ်မှာရှိတယ်။ ကိစ္စကြီးတစ်ခုခုတော့ ဖြစ်လာတော့မယ်"

"နတ်ဆိုးအာဏာရှင်က သဘာဝအားဖြင့် ရက်စက်တယ်။ သူက တစ်ယောက်ယောက်က သူ့ကို နှောင့်ယှက်မှာကို ခွင့်ပြုမှာ မဟုတ်ဘူး။ ဒီလူက ဒုက္ခရောက်တော့မှာပဲ"

နတ်ဆိုးအာဏာရှင်က မဟာဧကရာဇ်သတ်မှတ်ချက်မှာ ထိပ်ဆုံး၁၀အတွင်း ဝင်တယ်။ သူက အဆုံးစွန်းတာအိုတောင်ထက်တောင် အန္တရာယ်ပိုများပါတယ်။

လီဖူချန်းက တောင်ထိပ်ကို ရောက်ရှိ‌လာနေချိန်မှာ သူက ဖိအားတစ်ခုကို ခံစားလိုက်ရပါတယ်။ သူက သာမန်မဟာဧကရာဇ်တစ်ယောက်ဆိုရင် သူက ဖိအားကြောင့် ချက်ချင်း အသတ်ခံလိုက်ရမှာပါ။

တောင်ထိပ်မှာ လေမတိုက်ဘူး၊ ကောင်းကင်မြေကြီးဥပဒေဿလည်း မရှိဘူး။ အင်မော်တယ်မဟာတာအိုသာ ရှိပါတယ်။

အင်မော်တယ်မဟာတာအိုက မပြောင်းမလဲ ထာဝရဖြစ်နေတာပါ၊ ဒါကြောင့် လေကတောင် မတည်ရှိနိုင်ပါဘူး။

တောင်ထိပ်မှာ လီဖူချန်းက ရက်စက်ဟန်ရှိတဲ့ပုံရိပ်တစ်ခုကို မြင်လိုက်ရပါတယ်။ ထိုလူက လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်‌နေတယ်။ မျက်လုံးမှိတ်ထားပြီး အင်မော်တယ်မဟာတာအိုကို အားထုတ်နေတာပဲ။

"ငါ မင်းကို အသက်သုံးခါရှုချိန် ပေးမယ်။ ထွက်သွားတော့" ရက်စက်ဟန်ရှိတဲ့ပုံရိပ်က မျက်လုံး‌တွေကိုတောင် မဖွင့်ပါဘူး၊ မခြားနားစွာ ပြောလိုက်လေတယ်။

***

All Chapters