နတ်ဆိုးအာဏာရှင်
Vol. 55 Ch. 743
"ဒီအဆုံးစွန်းတာအိုတောင်က မင်းအပိုင်လား" လီဖူချန်းက မေးလိုက်တယ်။
ရက်စက်ဟန်ရှိတဲ့ပုံရိပ်က မျက်လုံးဖွင့်ကာ လီဖူချန်းကို ကြည့်လိုက်တယ် "ငါ မင်းကို အခွင့်ရေး ပေးပြီးပြီး ဒါပေမယ့် မင်းက ဘယ်လိုတန််ဖိုးထားရမလဲကို မသိဘူးပဲ"
"မင်းမှာ အဲလိုအရည်အချင်းရှိမှသာ ပြော"
မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ အဆင့်ရှစ်ရှိသူအနေနဲ့ နတ်ဆိုးအာဏာရှင်မှာ အခြားသူတွေကို တားမြစ်နိုင်တဲ့ ခွန်အားမျိုး ရှိပါတယ်။ စိတ်မကောင်းစရာက လီဖူချန်းက အဲလိုလူတွေထဲမှာ မပါပါဘူး။
"ဒီလိုလား"
နတ်ဆိုးအာဏာရှင်က ရုတ်တရက် ရှေ့ကို ခြေလှမ်းလှမ်းပြီး လီဖူချန်းဆီ ပြေးဝင်လာပါတယ်။ သူ့ရဲ့ချီစွမ်းပကားက ဧရာမသားရဲတစ်ကောင်၊ရှေးခေတ်နတ်ဆိုးတစ်ကောင်ပမာ ကြောက်စရာကောင်းလှပါတယ်။
"လာပြီးလေ"
လီဖူချန်းရဲ့ခန္ဓာကိုယ်က တုန်ခါသွားတယ်၊ ကြယ်နဲ့တူတဲ့ ချီစိတ်ဝိညာဉ်လိပ်ပြာက ထွက်လာပြီး ရန်သူရဲ့ချီစွမ်းပကားနဲ့ တွေ့ဆုံလိုက်ပါတယ်။
ဒိန်း............
တောင်ထိပ်မှာ ရှိနေပေမယ့် ချီစွမ်းကားနှစ်ခု ထိပ်တိုက်တွေ့သွားတာနဲ့ ဟင်းလင်းပြင်က ဧရာမအသံတစ်ခုနဲ့အတူ ပဲ့တင်ထပ်သွားလေတယ်။
"အမ်" နတ်ဆိုးအာဏာရှင်က အတော်လေး အံ့ဩသွားလေတယ်။
လီဖူချန်းက သူ့ရဲ့ချီစွမ်းပကားကို တကယ်တားဆီးနိုင်တာပဲ။
"သေစမ်း" နတ်ဆိုးအာဏာရှင်က ရှေ့ကို တစ်ကြိမ်တိုးလာပြီး လီဖူချန်းကို လက်သီးတစ်ချက်နဲ့ ထိုးချလိုက်ပါတယ်။
ရိုးစင်းတဲ့လက်သီးချက်တစ်ခုပါပဲ၊ ဒါပေမယ့် နတ်ဆိုးအာဏာရှင်က ဖော်ထုတ်တဲ့အခါ အဲဒါက အလွန်ကြောက်စရာကောင်းသွားပါတယ်။
"မင်းမှာ အဲလို အရည်အချင်းမရှိပါဘူး" လီဖူချန်းက မရှောင်ပါဘူး၊ လက်သီးတစ်ချက်ကိုသာ ပြန်လွှတ်ပေးလိုက်ပါတယ်။
နဆ်ဆိုးအာဏာရှင်ရဲ့လက်သီးက လွှမ်းမိုးနိုင်တဲ့တာအိုလက်သီးတစ်ခုဆိုရင် လီဖူချန်းရဲ့လက်သီးက ခမ်းနားကြီးကြယ်တဲ့ တာအိုလက်သီးတစ်ခုပါ။
ဒိန်း.......
ကြောက်စရာဖိအားတစ်ခုက သူတို့နှစ်ယောက်ကို နောက်ပြန်ဆုတ်စေလိုက်ပါတယ်။
နတ်ဆိုးအာဏာရှင်ရဲ့အမူအရာက ပြောင်းလဲသွားပါတယ်၊ သူ့ရဲ့မျက်လုံးတွေက လီဖူချန်းဆီကို မြဲမြံစွာ ကျရောက်လာနေတယ်။
သူတော်စင်အောက် အနည်းငယ်ကသာ သူ့ရဲ့လက်သီးချက်ကို လက်ခံနိုင်တာပါ၊ သုံးယောက်လောက်ကသာ သူနဲ့ လက်သီးချင်း ယှဉ်နိုင်တာပါပဲ။ လီဖူချန်းက သေချာပေါက် စတုတ္ထမြောက်လူပါ။
"မင်း တော်တယ်။ မဟာဧကရာဇ်သတ်မှတ်ချက်မှာ မင်းက ထိပ်ဆူံး၂၀အတွင်း ဝင်နိုင်ပါတယ်။ ဒါပေမယ့် မင်းက ငါ့ရှေ့မှာ မထွက်ပေါ်လာသင့်ဘူး"
နဆ်ဆိုးအာဏာရှင်ရဲ့ချီစွမ်းပကားက ထိုးတက်လာပြီး သူက လက်သီးတစ်ချက် ဖော်ထုတ်လိုက်တယ်။ ကြီးမားတဲ့လက်သီးပုံရိပ်တစ်ခုက လီဖူချန်းဆီ ပျံသန်းလာပါတယ်။
ဒီနေရာက အဆုံးစွန်းတာအိုတောင်ရဲ့ထိပ်ပါ၊ နှစ်ယောက်လုံးရဲ့တာအိုက အတိုင်းအဆမရှိ ကန့်သတ်ခြင်း ခံထားရတယ်။ ဒီလိုလက်သီးပုံရိပ်ကို ထုတ်ဖို့က အလွန်ခက်ခဲပါတယ်။ နတ်ဆိုးအာဏာရှင်လို အကြွင်းမဲ့ကျွမ်းကျင်သူတွေကသာ ထုတ်လွှတ်နိုင်တာပါ။
ဒီတစ်ခါမှာတော့ လီဖူချန်းက အသက်ရှူနည်းနည်းကျပ်သလို ခံစားလိုက်ရတယ်။
"မယုံနိုင်စရာကောင်းလှတဲ့လက်သီးအနုပညာပဲ"
နဆ်ဆိုးအာဏာရှင်ရဲ့လက်သီးအနုပညာက အဆုံးစွန်းနဲ့ နီးကပ်နေတာကို လီဖူချန်းက မြင်နိုင်ပါတယ်။ သန့်စင်တဲ့လက်သီးအနုပညာအရဆိုရင် လီဖူချန်းက နည်းနည်း နိမ့်ကျပါတယ်။
ကံကောင်းတာက သူ့ရဲ့ချီကျင့်ကြံခြင်းကြောင့်၊ သူ့ရဲ့ခန္ဓာကိုယ်အပြင်အားကြောင့် လီဖူချန်းရဲ့လက်သီးအနုပညာက မသန်မာပါဘူး။
ကြယ်လက်က လက်ကိုအသုံးပြုတဲ့သိုင်းအနုပညာတစ်ခုပါ၊လက်ဝါးအနုပညာဖြစ်နိုင်တယ် ဒါမှမဟုတ် လက်သီးအနုပညာလည်း ဖြစ်နိုင်တယ်၊ အားလုံးက ကြယ်လက်မှာ ပါဝင်ပါတယ်။
လီဖူချန်းရဲ့လက်သီးက တောက်ပလာပြီး သူက သူ့ရဲ့ကိုယ်ပိုင်လက်သီးပုံရိပ်နဲ့ တန်ပြန်တိုက်ခိုက်လိုက်ပါတယ်။
ဘန်း ဘုံး........
နတ်ဆိုးအာဏာရှင်ရဲ့ကောင်းကင်နတ်ဆိုးနတ်ဘုရားလက်သီးက စွမ်းအားကောင်းပေမယ့်လည်း လီဖူချန်းရဲ့ဖိနှိပ်ခြင်းကို ခံလိုက်ရပါတယ်။ ကြောက်စရာချီအားတစ်ခုက လီဖူချန်းရဲ့ပတ်ဝန်းကျင်နားမှာ ပေါက်ကွဲထွက်လာပါတယ်။
ဒါပေမယ့် ချီပေါက်ကွဲမှုက ဥပဒေဿစက်ကွင်းနဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်ရှိတဲ့ လီဖူချန်းအတွက်တော့ မိုးဖွဲလေးပမာပါပဲ။ အယားတောင်မပြေစေလိုက်ပါဘူး။
ဒါပေမယ့် လီဖူချန်းက ရှုံးခါနီးအနေအထားမှာ ရှိနေတုန်းပဲ။
"ကောင်းကင်နတ်ဆိုးနတ်ဘုရားလက်သီး- နတ်ဆိုးအက"
နတ်ဆိုးအာဏာရှင်က လီဖူချန်းဘေးနားကို ရောက်ရှိလာပြီး အကန့်အသတ်မဲ့မိုးလက်သီးတွေက လီဖူချန်းအပေါ် ရွာချလာပါတယ်။
အခြားတစ်ယောက်သာဆိုရင် သူတို့က မသေရင်တောင် မသန်မစွမ်းဖြစ်လောက်ပါပြီး။
နတ်ဆိုးအာဏာရှင်က သူ့ရဲ့တိုက်ခိုက်မှုတွေကို အဆက်မပြတ် တိုးနေပါတယ်။ အဆုံးမှာ ကမ္ဘာကြီးက လက်သီးတွေနဲ့ ပြည့်နှက်နေပြီး လီဖူချန်းက ဖုန်မှုန့်အဖြစ် ပြောင်းသွားသလိုတောင် ခံစားရပါတယ်။
ဖတ်........
လက်သီးတစ်ချက်က ရုတ်တရက် ထွက်လာပြီး နတ်ဆိုးအာဏာရှင်ရဲ့ရင်ဘက်ပေါ် ကျရောက်လာပါတယ်။
နတ်ဆိုးအာဏာရှင်ရဲ့မျက်နှာက ဖြူဖတ်ဖြူရော်ဖြစ်သွားပြီး လွင့်ထွက်သွားလေတော့တယ်။
"နတ်ဆိုးအာဏာရှင်၊ မင်းရဲ့လက်သီးက မဆိုးပါဘူး။ ဒါပေမယ့် မင်းက ငါ့ကို မယှဉ်နိုင်ဘူး"
မြေပြင်ပေါ်ကို ကျရောက်သွားပြီးနောက် နတ်ဆိုးအာဏာရှင်က မျက်မှောင်ကြုတ်လိုက်မိပါတယ်။
သူ့မှာ သူ့ရဲ့ဝှက်ဖဲတွေ ရှိပါသေးတယ်၊ ဒါပေမယ့် သူက လီဖူချန်းကို မရင်ဆိုင်နိုင်လောက်ဘူးလို့ ခံစားချက် ဖြစ်နေပါတယ်။
"မင်းရဲ့ခွန်အားကို ငါ အသိအမှတ်ပြုတယ်။ နောက်တစ်ကြိမ် ငါတို့ပြန်တွေ့တဲ့အခါကျရင် ငါ မင်းကို အနိုင်ယူပြမယ်"
နတ်ဆိုးအာဏာရှင်က လီဖူချန်းရဲ့ခွန်အားကို အသိအမှတ်ပြုလိုက်ပါတယ်။
"မင်းမှာ အဲလိုခွန်အားမျိုး ရှိလာစေဖို့ ငါ မျှော်လင့်ပါတယ်" နတ်ဆိုးအာဏာရှင်က နောက်ထပ်မလှုပ်ရှားလာတော့တာကြောင့် လီဖူချန်းက သူ့ရဲ့ချီစိတ်ဝိညာဉ်လိပ်ပြာကို ပြန်သိမ်းလိုက်ပါတယ်။
နတ်ဆိုးအာဏာရှင်ရဲ့စကားတွေနဲ့ ပတ်သက်ပြီး လီဖူချန်းက ဂရုမစိုက်ပါဘူး။
သူက အခု ကြယ်လက်ပဲရှိသေးတယ်။ သူက လလက်ကို ရောက်ရှိသွားတာနဲ့ လှုပ်ရှားကွက်တစ်ခုတည်းက နတ်ဆိုးအာဏာရှင်ကို အနိုင်ယူဖို့ လုံလောက်ပါတယ်။
အဆုံးစွန်းတာအိုတောင်ရဲ့ထိပ်ပိုင်းက ကြီးမားပါတယ်။ သူတို့ထဲမှ တစ်ယောက်က တောင်ဘက်မှာ
နေပြီး အခြားတစ်ယောက်က မြောက်ဘက်မှာ နေပါတယ်၊ တစ်ယောက်ကိုတစ်ယောက် မနှောင့်ယှက်ကြပါဘူး။
"အင်မော်တယ်ဆိုတာ မပြောင်းလဲခြင်းကို ဆိုလိုတယ်။ မပြောင်းလဲခြင်းက ပြောင်းလဲခြင်းအားလုံးနဲ့ သက်ဆိုင်တယ်"
အင်မော်တယ်မဟာတာအိုက လီဖူချန်းရဲ့ဓားတာအိုနဲ့ခန္ဓာကိုယ်အပြင်အားနဲ့ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် အားလုံးက တစ်နေရာတည်းမှ လာတယ်လို့ ပြောကြတယ်။ ဒါကြောင့် တာအိုအားလုံးက အပြန်အလှန်ဆက်နွယ်နေပါတယ်။ ဓားတာအိုကို ပိုမြင့်မားတဲ့အဆင့်ထိ ကျင့်ကြံနိုင်ရင် အင်မော်တယ်ဖြစ်လာနိုင်ပါတယ်။ ခန္ဓာကိုယ်အပြင်အားတာအိုကို ပိုမြင့်မားတဲ့အဆင့်ထိ ကျင့်ကြံနိုင်ရင်လည်း အင်မော်တယ်ဖြစ်နိုင်ပါတယ်။ ထာဝရရှင်သန်ခြင်းအတွက် ကွဲပြားခြားနားတဲ့ပုံစံတစ်မျိုးပါပဲ၊ ဒါပေမယ့် သူတို့က တူညီတဲ့လမ်းကြောင်းကိုပဲ ဦးတည်ကြပါတယ်။
"ငါ ဒီနေရာမှာ ငါ့ရဲ့မူလအစွန်းဓားနည်းလမ်းကို အဆင့်၄၂အထိ တွန်းပို့နိုင်ရမယ်"
လီဖူချန်းက အသက်ပြင်းပြင်းရှူပြီး ဒီနေရာမှာ ရှိတဲ့အင်မော်တယ်မဟာတာအိုကို နားလည်အောင် ကြိုးစားလိုက်ပါတယ်။
အချိန်တွေ ကုန်းဆုံးသွားသမျှ လီဖူချန်းက သူ့ရဲ့ဓားတာအိုပိုသိပ်သည်းနက်နဲလာတာကို ခံစားမိလာပါတယ်။
သူ့ရဲ့ဓားတာအိုမှာ အစက အပေါက်အချို့ ရှိခဲ့တယ်၊ ဒါပေမယ့် ထိုအပေါက်တွေက အခု ပိုသေးငယ်လာတယ်။
အဆုံးစွန်းတာအိုတောင်အပြင်ဘက်မှာ ငွေလေသင်္ဘောက လေထဲမှာ လွင့်မျောနေတယ်။
ငွေလေသင်္ဘောထဲမှာတော့ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်နဲ့အခြားသူတွေက အလျင်စလို မဖြစ်ပါဘူး၊ သူတို့က လီဖူချန်းကို တိတ်တဆိတ် စောင့်မျှော်နေလျက်ပါပဲ။
တစ်ပတ်၊နှစ်ပတ်...........
မျက်စိတစ်မှတ်အတွင်း တစ်ပတ်က ကုန်ဆုံးသွားပါတယ်။
ဒီနေ့မှာတော့ ရှေးကျတဲ့ဓားပုံရိပ်တစ်ခုက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ထွက်လာပါတယ်။ စူးရှထက်မြက်တဲ့ချီတည်ရှိမှုတစ်ခုက နတ်ဆိုးအာဏာရှင်ကို နိုးထစေလိုက်တယ်။
နတ်ဆိုးအာဏာရှင်ရဲ့မျက်လုံးတွေက လင်းလက်သွားပါတယ်၊ လီဖူချန်းက ဓားတာအိုကိုလည်း လေ့ကျင့်ထားလိမ့်မယ်လို့ မထင်ထားပါဘူး။ ဒါ့ပြင် သူ့ရဲ့ဓားတာအိုက အဆုံးစွန်းအဆင့်နီးပါးထိ ရောက်ရှိနေပုံရပါတယ်၊ မဟုတ်ရင် အဆုံးစွန်းတာအိုတောင်ရဲ့ထိပ်ပိုင်းမှာ ပုံရိပ်တစ်ခုကို ထုတ်ဖော်နိုင်မှာ မဟုတ်ပါဘူး။
"နောက်ဆုံးတော့ အဆင့်၄၂" လီဖူချန်းက သူ့ရဲ့မျက်လုံးကို ဖွင့်လိုက်တယ်၊ ဓားပမာဖြာထွက်မှုတစ်ခုက ထွက်ပေါ်သွားလေတယ်။
ယခု မူလအစွန်းဓားနည်းလမ်းက အဆင့်၄၂ကို ရောက်လာပြီးဆိုတော့ အကန့်အသတ်မရှိတဲ့အပ်တွေက သူ့ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်နေတာကို လီဖူချန်းက ခံစားနေရပါတယ်။ သူတို့က သူ့ရဲ့အသားထဲထိတောင် ချဲ့ဝင်လာပြီး မဖော်ပြနိုင်လောက်အောင် နက်ရှိုင်းသိပ်သည်းလာပါတယ်။ ဖော်ပြချက်တစ်ခုပေးရရင် မူလအစွန်းဓားနည်းလမ်းက သူ့ရဲ့သွေးမျိုးဆက်ဖြစ်လာပြီးလို့ လီဖူချန်းက ပြောနိုင်ပါတယ်။ ဒီသွေးမျိုးဆက်ကို သူ့ရဲ့သားမြေးစဉ်ဆက်အထိ အမွေဆက်ခံနိုင်ပါတယ်။ သူတို့က မူလအစွန်းဓားနည်းလမ်းကို ကျင့်ကြံဖို့ မလိုပါဘူး၊ သူတို့ရဲ့သွေးထဲမှာ မူလအစွန်းဓားနည်းလမ်းရဲ့ဆန်းကြယ်မှုတွေ မွေးကတည်းက ပါလာပါတယ်။
"ဓားတာအိုသွေးမျိုးဆက်ကို တကယ် ထုတ်လုပ်နိုင်ခဲ့တာလား"
လီဖူချန်းက အံ့အားသင့်နေပါတော့တယ်။ ပုံမှန်အားဖြင့် သူတော်စင်တွေကသာ သိုင်းတာအိုသွေးမျိုးဆက်ကို ထုတ်နိုင်တာပါ။ ပြီးတော့ သူတော်စင်တွေမှာသာ အမွေဆက်ခံနိုင်တဲ့ သိပ်သည်းနက်နဲတဲ့ဥပဒေဿစွမ်းအားတွေပါဝင်တဲ့ သွေးမျိုးဆက်တွေ ရှိပါတယ်။ ဒါပေမယ့် နောက်မျိုးဆက်ကျရင် သွေးမျိုးဆက်မှာပါဝင်တဲ့ဥပဒေဿစွမ်းအားက ပျောက်ကွယ်လုနီးပါး ဖြစ်သွားပါလိမ့်မယ်၊ သေးနုပ်တဲ့ပမာဏလောက်သာ ချန်ထားနိုင်ပါတယ်။
ဓားတာအိုအရင်းမြစ်ပါဝင်နေတဲ့မူလအစွန်းဓားနည်းလမ်းကြောင့် လီဖူချန်းက ဓားတာအိုသွေးမျိုးဆက်ကို ထုတ်လုပ်နိုင်ခဲ့တာပါ။
***