တုနှိုင်းမဲ့လူသတ်သမား - ၂
Vol. 17 Ch. 243
အဖွဲ့သည် အောက်ထပ်သို့ဆင်းရန် အကွေ့အကောက်များသော စင်္ကြံလမ်းအတိုင်း လိုက်သွားကြသည်။ ဓာတ်လှေကားထွက်ပေါက်ကို လူများက ပိတ်ဆို့ထားနိုင်သောကြောင့် အရေးပေါ်လှေကားဖြင့် လိုက်သွားကြသည်။
သူတို့လမ်းကြောင်းကို ပိတ်ဆို့ဖို့ ကြိုးစားသည့် ရန်သူများသည် အရပ်မျက်နှာ အသီးသီးမှ ဝင်လာကြသည်။ ဟန်ရှောင်းသည် သူ၏ အနီးကပ်တိုက်ခိုက်ရေး ကျွမ်းကျင်မှုမှစကာ စနိုက်ပါပစ်ခတ်ခြင်း၊ အဆက်မပြတ်ပစ်ချက်များအထိ အရာအားလုံးကို အသုံးပြုခဲ့သည်။ သူ၏ ဝှက်ဖဲဖြစ်သည့် Viper မှလွဲ၍ ကျန်အားလုံးကို အကုန်ထုတ်သုံးလိုက်ပြီး သူသည် စစ်မှန်သော လူသတ်သမားကဲ့သို့ တိုက်ခိုက်ကာ အလောင်းများနောက်တွင် ကျန်ရစ်ခဲ့သည်။
ရန်သူအမျိုးအစား လေးမျိုးရှိသည် - လူသစ်တပ်များ၊ စူပါလူသားများ၊ ဂျာမီနယ်ဒါရိုက်တာများနှင့် ကစားသမားများ။ ဒါရိုက်တာများကသာ သူ့ကို နှောင့်နှေးအောင် လုပ်နိုင်စွမ်းရှိပြီး ကျန်လူများ အထူးသဖြင့် ကစားသမားများမှာ စက္ကန့်ပိုင်းအတွင်း အရှင်းခံလိုက်ရသည်။
ကစားသမားများသည် အော်ဟစ်ရင်း လှိုင်းလုံးများလို ပြေးဝင်လာကြပြီး နောက်စက္ကန့်တွင် အလင်းမှုန်များအဖြစ် ပြိုကွဲသွားကြသည်။ အချိန်အနည်းငယ်ကြာအောင်ဆက်သွားပါက၊ သူသည် ကစားသမားများ၏ အပတ်စဉ် ရှင်ပြန်ထမြောက်ခြင်းကို အကုန်သုံးစွဲပြီး ဖြစ်သွားလိမ့်မည်။
ကစားသမားတွေက သူ့အတွက် ခြိမ်းခြောက်မှု လုံးဝမရှိခဲ့တဲ့အတွက် ဟန်ရှောင်းက သူတို့ကို စကားပြောကြည့်ဖို့ စိတ်မဝင်စားတော့ပေ။ ဤအချိန်တွင် ကစားသမားတွေက ဘက်ပြောင်းဖို့လည်း မဖြစ်နိုင်သေးချေ။
များမကြာမီပင် ကစားသမားများသည် ချီတုံချတုံဖြစ်လာပြီး ယခင်ကဲ့သို့ စိတ်အားထက်သန်မှုဖြင့် အစုလိုက်အပြုံလိုက် ပြေးလွှားခြင်းကို ရပ်တန့်သွားကြသည်။
ကစားသမားများသည် သေခြင်းကို မကြောက်ကြသော်လည်း အကြောင်းပြချက်မရှိဘဲ ၎င်းတို့၏အသက်ကို မစွန့်ပစ်ချင်ကြပေ။ မစ်ရှင်ဆုလာဘ်သည် လိုချင်တပ်မက်နိုင်သော အရာတစ်ခုမျှသာဖြစ်သည်ဟု သူတို့သဘောပေါက်သော်လည်း ယခုထိ အနားသို့ပင် ထိမိအောင် မချဉ်းကပ်နိုင်ခဲ့ကြသေးပေ။ သူတို့၏ လက်ရှိအဆင့်များဖြင့် ဒီမွန်းစတားဇာတ်ကောင်ကို ရပ်တန့်ဖို့ ကြိုးစားခြင်းသည် စိတ်ကူးယဉ်ခြင်း သက်သက်ပင်။
ဆုလာဘ်က အလွန်နီးကပ်နေသော်လည်း ဝေးကွာနေသည့် ဤခံစားချက်မျိုးသည် ဝမ်းချုပ်ခြင်းနှင့်တူပြီး၊ အလျင်စလို ဆက်တိုက်ပြေးဝင်နေခြင်းသည် အတွေ့အကြုံအမှတ်များသာ ပို၍ ဆုံးရှုံးပေလိမ့်မည်။ ဘာအကျိုးမှ မရှိချေ။
တခဏချင်းမှာပဲ ကစားသမားတွေက နောက်ဆုတ်သွားတော့သည်။ လိုအပ်သောမစ်ရှင်အချို့ကို ဘယ်သူက ဂရုစိုက်လို့လဲ။ အလုပ်တွေကို အတင်းအကြပ်လုပ်တာနဲ့ ပတ်သက်ပြီး ဘာက အံ့သြဖို့ကောင်းလို့လဲ။ ငါကသိပ်ဂရုစိုက်တယ်လို့ မင်းထင်လား။
ဒါတင်မကဘဲ တိုက်ခိုက်သောအခါ အင်တာဖေ့စ်က ထို NPC နှင့် ပက်သက်သည့် ဂုဏ်သိက္ခာအမှတ်များ အဆက်မပြတ်ကျဆင်းနေတာကို ပြသနေသည်။ သို့သော် မည်သူမျှ သူ့ကို မသိကြသောကြောင့်၊ ဤအရာကို အမှန်တကယ် စိတ်ထဲမထားကြပေ။
Electrolux သည် သူ၏ အာရုံကြောများကို ငြိမ်သက်စေရန် သူ့တံတွေးကို မျိုချလိုက်သည်။ ဟန်ရှောင်းက သူ့ကို မစ်ရှင်ကို ပေးခဲ့တဲ့လူအဖြစ် သိထားသော်လည်း၊ သူက ဤကဲ့သို့ စွမ်းအားကြီးလွန်းသော လူတစ်ယောက်ဖြစ်လိမ့်မည်ဟု မဆိုထားနှင့် ရန်သူဖြစ်လိမ့်မည်ဟုပင် မထင်ထားခဲ့ပေ။ ဤအချိန်ခဏအတွင်း Electrolux သည် ဂျာမီနယ်ဒါရိုက်တာတစ်ယောက်ပြီးတစ်ယောက်မြင်တွေ့နေရပြီး၊ ၎င်းတို့တွင် 'Fatally Dangerous' ‘သေစေနိုင်သော အန္တရာယ်’ တံဆိပ်များဖြင့် ဖြစ်သည်။ သူတို့က ‘သေစေနိုင်သော အန္တရာယ်’ တံဆိပ်ရှိသည့် ဟန်ရှောင်းဆီသို့ ပြေးဝင်သွားကြပြီး ဂေါ်ဖီထုပ်ကဲ့သို့ ရိုက်နှက်ခံကြရသည်။ Electrolux သည် အလွန်ကြောက်လန့်သွားပြီး ကြည့်ရုံဖြင့် အသည်းပြဿနာကို ခံစားလာရတော့သည်။
ချီးပဲ... ဘာကြောင့် သူတို့မှာ တူညီတဲ့ တံဆိပ် တွေရှိနေတာလဲ။ ဤအရာအားလုံးသည် လိမ်လည်မှုတစ်ခုဖြစ်သည်။
‘သေစေနိုင်သော အန္တရာယ်’ ထက်တောင် ပိုလို့တောင် သေစေနိုင်သေးတယ်၊ မင်းက အသက်တွေ ရိတ်သိမ်းဖို့ ဒီကိုရောက်နေပြီလို့ ဘာလို့ မပြောတာလဲ။
ကစားသမားများ အားလုံးမှာ မမျှတမှုတွေအတွက် ငိုကြွေးမြည်တမ်းရုံသာ တတ်နိုင်တော့သည်။
…
ဌာနချုပ်ရှိ အမှုဆောင်အရာရှိများသည် မည်သို့မျှ အားမနည်းကြသော်လည်း၊ ဟန်ရှောင်းနှင့် တိုက်ခိုက်ရသည်မှာ ရှက်စရာပင်။ သူတို့က အနည်းဆုံး အဆင့် ၅၀ မဟုတ်ရင် သူ့ကို ထိခိုက်စေနိုင်ဖို့ အခွင့်အလမ်း နည်းနည်းလေးတောင် မရှိပေ။
ဟီလာသည် လမ်းတစ်လျှောက်မှာ တစ်ကြိမ်တည်း ကူညီဖို့တောင် မလိုအပ်တာကြောင့် အော်ရိုရာကို ကာကွယ်ဖို့သာ အာရုံစိုက်ထားသည်။ ဟန်ရှောင်းသည် ရိုးရိုးရှင်းရှင်းပင် ရပ်တန့်မနေနိုင်။ သို့သော်လည်း ဟီလာသည် သူမ၏သစ္စာဖောက်မှုအကြောင်းကို ဂျာမီနယ်တပ်ဖွဲ့များက မသိကြောင်း သဘောပေါက်ခဲ့သည်။ အဲဒီအစား၊ တချို့က ဒီရန်သူမွန်းစတားကို တိုက်ခိုက်ဖို့ အော်ဟစ်အကူအညီတောင်းခဲ့ကြသည်။
လမ်းတစ်လျှောက် ကင်မရာများကို ဟန်ရှောင်းမှ ဖောက်ခွဲခဲ့ပြီး၊ ဟန်ရှောင်းနှင့် ဟီလာတို့ ပူးပေါင်းခဲ့ကြောင်း ဂျာမီနယ်ခေါင်းဆောင်မှ မသိခဲ့ပေ။ ဒါက ကြီးမားတဲ့ အားသာချက်တစ်ခုဖြစ်ကြောင်း ဟီလာသဘောပေါက်သွားသည်။
ပြင်းထန်သောတိုက်ပွဲများကြားရှိ ဟန်ရှောင်း၏ရုပ်ပုံကိုကြည့်ရင်း၊ ဤအရာသည် သူ့အစီအစဉ်အားလုံး၏ တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည်ဟု ဟီလာတွေးမိသည်။ သူက ငါ့ကို ရည်ရွယ်ချက်နဲ့ မကူညီခိုင်းတာလား။
ဒိုင်း!
. . . . . . ဟန်ရှောင်းသည် သူ့မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်ပြီး နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူလိုက်သည်။
သူက ဒဏ်ရာလုံးဝ မရသည်တော့ မဟုတ်ပေ။ ဒါရိုက်တာအချို့က သူ့ကို ခြိမ်းခြောက်နိုင်သော ထူးဆန်းသည့် စွမ်းအားများရှိသော်လည်း သူ၏ ခုခံနိုင်မှုနှင့် သွေးအမှတ် နှစ်မျိုးလုံးမှာ အလွန်မြင့်မားသည့်အတွက် ထိခိုက်နိုင်မှုမှာ သိပ်ပြောစရာမရှိပေ။ ပြဿနာမှာ သူ၏ စွမ်းအင်နှင့် သက်လုံတို့မှာ သိသိသာသာ လျော့နည်းသွားခြင်း ဖြစ်သည်။ သို့သော် Viper ကို အသုံးပြုရန် လိုအပ်သည်ဟု သူ မထင်သေးပေ။
အတန်းအစား တိုးတက်ရေးမစ်ရှင်သည် ၂၇ မှတ်အထိရောက်ရှိခဲ့ပြီး ဟန်ရှောင်းသည် ပိုမိုအားကောင်းသော ပြိုင်ဘက်များကို သတ်ဖြတ်ခြင်းဖြင့် သူ့ကို တစ်ကြိမ်လျှင် ၂ မှတ်မှ ၃ မှတ်အထိ ဆုချီးမြှင့်နိုင်သည်ကိုတွေ့ရှိခဲ့သည်။
"နောက်ဆုံး ၂လွှာပဲ ကျန်တော့တယ်" ဟန်ရှောင်းက ပြောသည်။
"သတိထားပါ။ ဒါတွေက ရှေ့ပြေးတွေချည်းပဲ။ အဓိက တပ်ဖွဲ့က မရောက်သေးဘူး။”
ဌာနချုပ်တွင် ခေါင်းဆောင်က လူအင်အားမည်မျှ ခွဲဝေပေးသည်ကို သူမသိသောကြောင့် ဟီလာ၏ မျက်နှာမှာ တင်းမာနေလေသည်။ ဟန်ရှောင်း၏ တိုက်ခိုက်ရေး စွမ်းအားမှာ သူမ၏ မျှော်မှန်းချက်ထက် အဆပေါင်းများစွာ ကျော်လွန်သော်ငြားလည်း သူသည် စစ်တပ်တစ်ခုလုံးကို ရင်ဆိုင်နိုင်မည် မဟုတ်ပေ။
ဟီလာသည် ချောင်းမြောင်းတိုက်ခိုက်ရေး အဖွဲ့ဝင်တစ်ဦးအဖြစ် သတ်မှတ်ခံရဆဲဖြစ်ပြီး သူမ၏ နားကြပ်ကို ချိတ်ဆက်ထားဆဲဖြစ်သည်။ သို့သော်လည်း ရန်သူများ၏ အရေအတွက် အလွန်များသောကြောင့် နားကြပ်ထဲတွင် အသံများ ထပ်နေကာ အသုံးဝင်သည့် မည်သည့်အချက်အလက်ကိုမျှ ပိုင်းခြား၍မရပေ။
ဒီနေရာကနေ လွတ်မြောက်ဖို့ဆိုရင် သူတို့ ဉာဏ်ကောင်းမှရမယ်။
ထိုအခိုက်အတန့်တွင် ဟီလာသည် သူမနှင့်ညီမလွတ်မြောက်ရန် အာမခံချက်ပေးမည့် အစီအစဥ်ကို တွေးထားသော်လည်း ဟန်ရှောင်းအတွက် အန္တရာယ်ကြီးကြီးမားမား ကျရောက်စေမည်ဖြစ်သည်။ နောက်ဆုံးတွင် သူမက နှုတ်ခမ်းများကို တင်းတင်းကြပ်ကြပ် ပူးကပ်စေ့လိုက်ပြီး ဆုံးဖြတ်ကာ ပြောလိုက်သည်။ "ငါ့မှာ အကြံတစ်ခုရှိတယ်။"
ဟန်ရှောင်းက ချက်ချင်းပြန်ဖြေတယ်။ “လူခွဲမယ်၊ ငါက ငါးစာလုပ်မယ်”
ထိုအချိန်တွင် ဟီလာ၏ မျက်လုံးများ ပြူးကျယ်သွားကာ သူမ၏ မျက်နှာသည် တုန်လှုပ်ခြောက်ခြားသွားသည် ။ "မင်းဘယ်လိုသိတာလဲ?"
"ခန့်မှန်းတာပဲ" ဟန်ရှောင်းက ပုံမှန်အတိုင်း ပြောလိုက်သည်။ ဟီလာပေါ်လာသည့်အချိန်မှစ၍ သူသည် ဤမရေရာသော အစီအစဥ်ကို စတင်လုပ်ဆောင်နေပြီး ကင်မရာအားလုံးကို ဖျက်ဆီးရန် အာရုံစိုက်ထားသည်။ ဂျာမီနယ်၏ အမြင်တွင် ဟီလာအား သစ္စာဖောက်ဟု မသတ်မှတ်ရသေးကြောင်း သေချာစေရန်ဖြစ်သည်။
ဟန်ရှောင်းသည် အခြားနေရာမှ အာရုံအားလုံးကို ဆွဲယူထားပြီး ဟီလာသည် သူမ၏ အဆင့်မြင့်ဒါရိုက်တာတစ်ဦးအဖြစ် အလွယ်တကူလွတ်မြောက်ရန် သူမ၏ရာထူးကို အသုံးပြုနိုင်သည်။
သို့သော်၊ ဒါက ဟန်ရှောင်းတစ်ယောက်တည်း အန္တရာယ်အားလုံးကို ရင်ဆိုင်ရမည်ဟု ဆိုလိုသည်။ ဟန်ရှောင်းက ဤအကြံအစည်ကို သူ့ဖာသာသူ အကြံပေးမည်ဟု ဟီလာမတွေးခဲ့ဖူးပေ။
“လူခွဲသွားတာက အကြံကောင်းပဲ။ လျှို့ဝှက်လမ်းကြောင်းက ဘယ်မှာရှိလဲ ပြောပြ၊ သူတို့ကို အာရုံလွှဲပြီးရင် မင်းနောက်ကို လိုက်ခဲ့မယ်"
ဟီလာအံ့သြသွားသည်။
တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့ အကြောင်းပြချက်မရှိပေမယ့် ဟန်ရှောင်းက သူမကို ရွေးချယ်ခွင့်ပေးနေသည်။ သူ့ယုံကြည်မှုက ဘယ်ကလာတယ်ဆိုတာ သူမ နားမလည်နိုင်ပေ။
ငါက လမ်းအမှားကြီး ညွှန်ပေးလိုက်မှာကို မကြောက်ဘူးလား။ သို့သော် ဤမဲညစ်သော အတွေးသည် သူမ၏ စိတ်အတွင်းသို့ စတင်ဝင်ရောက်လာပြီး ပျောက်ကွယ်သွားမည် မဟုတ်ပေ။
သူ့ကို နေရာအလွဲကြီးပေးလိုက်၊ သူ့ကို ဂျာမီနယ်က ချောင်ပိတ်ထားပြီး အချိန်ပိုရပါစေ။
သူမ၏ စိတ်ထဲတွင် ဤအသံသည် မှော်ဆန်မှုများ ပြည့်နှက်နေပြီး သူမကို အဆက်မပြတ် ယိမ်းယိုင်သွားစေသလိုပင်။
အော်ရိုရာအတွက်၊ သူမကို အန္တရာယ်ကင်းအောင် ငါလုပ်မယ် ။
ဟီလာသည် အောက်ကိုငုံ့ကြည့်ပြီး အိတ်ထဲမှ အော်ရိုရာ၏ မျက်နှာကိုထိလိုက်သည်။ သူ့ညီမ၏ သေးငယ်သောခန္ဓာကိုယ်မှ တုန်ယင်မှုအနည်းငယ်ကို ခံစားလိုက်ရသည်။ သူမ နောက်တစ်ခါ ဆုံးဖြတ်လိုက်သည်။
“အခန်း H-418၊ ကြမ်းပြင်ပေါ် ဘယ်ဘက် စတုတ္ထအုတ်က လျှို့ဝှက်လမ်းရဲ့ ဝင်ပေါက်။”
"နားလည်ပြီ။" ဟန်ရှောင်းက အိတ်ကို အော်ရိုရာနဲ့ ညင်သာစွာ ပွတ်သပ်ရင်း သူ့စကားတွေကို သံသယဝင်နေပုံမပေါ်ဘဲ ရယ်မောလိုက်တယ်။ “သွား။”
ဟီလာသည် ဟန်ရှောင်း၏ ပုံရိပ်ကို အမှတ်ရစရာအဖြစ် ထည့်သွင်းရန် ကြိုးစားရင်း စက္ကန့်ပိုင်းမျှပင် မဖြုန်းတီးဝံ့ဘဲ အရှိန်ပြင်းပြင်းဖြင့် လှည့်ထွက်သွားခဲ့သည်။
ဟန်ရှောင်းက တစ်ချက်ပြုံးလိုက်ပြီး အခြားဘက်သို့ လှည့်ထွက်သွားသည်။ သူ့ကိရိယာအိတ်ထဲက ပုံသဏ္ဍာန်မျိုးစုံနဲ့ အရွယ်အစားအမျိုးမျိုးရှိတဲ့ ဗုံးအများအပြားကို ထုတ်ယူပြီး လမ်းတစ်လျှောက် နံရံတွေပေါ်မှာ ချိတ်ဆွဲထားခဲ့ပါတယ်။
သူက အာရုံစူးစိုက်မှုရရန် ကြိုးစားနေသောကြောင့်၊ အကြီးကြီးဖြစ်အောင် လုပ်ရမှာပေါ့။
ဘုန်း!
ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် အပူလှိုင်းများက နေရာအနှံ့ ပျံ့နှံ့သွားသည်။
ဌာနချုပ်တစ်ခုလုံး တုန်ခါသွားသည်။ ပေါက်ကွဲမှုကြောင့် အမှန်တကယ် ထိခိုက်ပျက်စီးမှုမှာ မများပြားသော်လည်း တုန်ခါမှုကို တစ်လျှောက်လုံး ခံစားနိုင်သေးသည်။ လုံခြုံရေးကင်မရာများမပါဘဲ ဗုံးပေါက်ကွဲသည့်နေရာကို လိုက်ကြည့်ရုံဖြင့် ဟန်ရှောင်း ဘယ်နေရာမှာရှိသည်ကို သိနိုင်သည်။
စစ်သည်အမြောက်အမြား လမ်းကြောင်းပြောင်းပြီး သူ့ဆီသို့ ဦးတည်သွားကြသည်။
"မင်းကို ငါကိုယ်တိုင်သတ်တာ စောင့်နေ။”
ခေါင်းဆောင်းသည် ဒေါသတကြီး တုန်ခါနေရင်း ဟန်ရှောင်ဆီသို့ လာနေသည်။
…
ဟန်ရှောင်းက လည်ချောင်းသံဖြင့် သီချင်းညည်းနေသည်၊ သူ့ကို ဂျာမီနယ်တပ်များ ဝိုင်းရံထားသည်ကို သိသော်လည်း သူတို့သည် သူ့ထောင်ချောက်ထဲသို့ တိုးဝင်လာမှန်း သိသောကြောင့်၊ ဟန်ရှောင်းက စိုးရိမ်ပူပန်မှုမရှိဘဲ ဂရုလည်းမစိုက်ပေ။
ထောင့်တစ်ခုကို ကွေ့လိုက်ပြီးနောက် ရှေ့သွားမည့်လမ်းသည် စစ်သားများဖြင့် ပြည့်ကျပ်နေသည် ကို သူမြင်လိုက်ရသည်။ ထိပ်တန်းကိရိယာများပါရှိသော စူပါလူသားအားလုံး။ အနည်းဆုံး အယောက်နှစ်ဆယ်ခန့်ရှိပြီး သူတို့သည် ဟန်ရှောင်း၏လမ်းကို တံတိုင်းတစ်ခုလို ပိတ်ဆို့ထားကြသည်။
ရှေ့ဆုံးမှလူသည် အခြားလူများထက် ပိုကြီးပြီး မျက်နှာမှလွဲ၍ သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် သတ္တုဖြင့်ပြုလုပ်ထားသည်၊ ထိုသူမှာ စမ်းသပ်ခံ နံပါတ် ၁။
"ဇီးရိုး၊ မင်း ငါ့ကို မှတ်မိသေးလား" နံပါတ် ၁ က အံကြိတ်ထားတဲ့ သွားတွေနဲ့ အမုန်းတရားတွေ ပြည့်နှက်နေသော လေသံနှင့် ပြောလိုက်သည်။ "မင်းငါ့ကိုသတ်လိုက်တာ။
"ငါ မင်းကို မှက်တစ်ကောင်လို ချေမှုန်းနိုင်တဲ့ စွမ်းအားတွေ ရဖို့အတွက် ဒီလိုမွန်းစတာ ဖြစ်လာတယ်!
"မင်းငါ့ကိုလုပ်သလိုပဲ မင်းရဲ့ခြေလက်တွေကို ငါချိုးပစ်မယ်!"
နံပါတ် ၁ က ဟိန်းဟောက်ပြီး သူ့ခြေထောက်တွေကို တွန်းထုတ်လိုက်သည်။ သူ့အရိုးစုရှိ ဟိုက်ဒရောလစ် ဖိစက်မှ ပါဝါ ထွက်လာပြီး သူ့အောက်ရှိမြေပြင်မှာ တုန်ခါသွားသည်။ နံပါတ် ၁ သည် အမြောက်ကျည်ကဲ့သို့ ရှေ့သို့ ပစ်လွှတ်လိုက်ပြီး ဟန်ရှောင်း၏ ဦးခေါင်းကို ပုံပျက်ပန်းပျက် ခန္ဓာကိုယ်ကြီးနှင့် တည့်တည့်ဝင်တိုက်လိုက်သည်။
နံပါတ် ၁ ၏ မျက်လုံးများတွင် လူသတ်အကြည့်များသည် စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။ သူ့ပြိုင်ဘက်ကို လက်စားချေဖို့ လုံးဝမစောင့်နိုင်တော့ပေ။
နောက်ဆုံးအခိုက်အတန့်တွင် ဟန်ရှောင်းသည် လှည့်လိုက်ပြီး တစ်ဖက်သို့ ရှောင်လိုက်သည်။ ထို့နောက် သူသည် နံပါတ် ၁ ၏ ပြင်ပအရိုးကိုယ်ထည်ကို လှမ်း၍ဖမ်းကိုင်ကာ မြေကြီးပေါ်မှ ဆွဲမပြီး ပတ်ပတ်လည်တွင် ဝှေ့ယမ်းလိုက်တော့သည်။ ထိုကဲ့သို့ဖြစ်သွားသည်မှာ အလွန်မြန်ဆန်လွန်းလှပြီး ဟန်ရှောင်း၏ လှုပ်ရှားမှုများသည် မှုန်ဝါးလာကာ သံလိုက်စွမ်းအားတစ်ခုက နံပါတ် ၁ ၏ ခုခံရေးကို ထိုးဖောက်ဝင်ရောက်သွား၏။
နံပါတ် 1 သည် သူ၏ညာလက်မောင်းတွင် ခံစားချက်တစ်စုံတစ်ရာ ဆုံးရှုံးသွားပြီး ပြင်ပအရိုးကိုယ်ထည်၏ ညာဘက်အပေါ်ပိုင်း ဂီယာအစိတ်အပိုင်းများ လွင့်ပျံသွားကာ တစ်စစီ ပြုတ်ထွက်သွားသည်။
ဤစူပါလူသားစစ်သည်များ၏ အရိုးစုဝတ်စုံများ၏ ဒီဇိုင်းသည် သူ၏ပေါ့ပါးသော စက်လက်လက်နှင့် အလွန်ဆင်တူသည်။ ဟန်ရှောင်းသည် မကြာသေးမီကပင် ' အာရုံကြောချိတ်ဆက်မှု' ကို သင်ယူခဲ့ပြီး သံလိုက်စက်ကွင်း ယန္တရားပညာရှင် တစ်ဦးအနေဖြင့် ထိုကိရိယာများကို အလိုအလျောက် အလွယ်တကူ တပ်ဆင်ခြင်း သို့မဟုတ် ဖြုတ်ချခြင်းကို ပြုလုပ်နိုင်သည်။
ထို့ကြောင့်၊ စူပါလူသား စစ်သည်များသည် ဟန်ရှောင်းအတွက် ခြိမ်းခြောက်မှု အနည်းဆုံးဖြစ်သည်။ သူသည် သူတို့ကို အဝတ်ဗလာဖြစ်သွားအောင် အလွယ်တကူ ဖြုတ်ချနိုင်၏။
ဟန်ချက်ပျက်သွားသော နံပါတ် ၁ သည် သူ၏ ယခုမရှိတော့သော ညာဘက်လက်ကို စိုက်ကြည့်နေသည်။ ဘာဖြစ်သွားလဲဆိုတာ သူသဘာမပေါက်သေးပေ။
နောက်ဆုံးတော့ သူ့အသိစိတ်ဝင်လာပြီး မကြာခင်မှာပဲ သူ့ဒေါသတွေ ပြန်ပေါ်လာသည်။ နောက်လက်တစ်ဖက်ကို လှုပ်ခါပြီး ပြန်ထရပ်လိုက်တယ်။
“ဒီစွမ်းအားကို ရဖို့အတွက် အရာအားလုံးကို ငါပေးခဲ့ရတယ်။ မင်းငါ့ကို ဘာလို့ အနိုင်ယူနိုင်ရမှာလဲ။
သေလုမျောပါးဝက်တစ်ကောင်လို အော်နေတဲ့ ဒီကောင်လေးကို မြင်လိုက်ရတော့ ဟန်ရှောင်းက သူ့ရဲ့ နောက်လက်တစ်ဖက်ကို ဖြုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်သည်။ သူ့ခြေထောက်တွေလည်း ပါတယ်။ ဖြစ်နိုင်ပါတယ်။
အခြားစူပါလူသားများ ပြေးလာကြပြီး ဟန်ရှောင်းသည် သူတို့ကြားတွင် ကခုန်ကာ ခြေလက်များ နေရာအနှံ့ ပျံသန်းနေသည်ကို မြင်တွေ့ရသည်။
မကြာခင်မှာပဲ ဟန်ရှောင်းသည် စုတ်ပြဲနေသော ခြေလက်များ၊ စက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေကြားတွင် ရပ်နေသည့် တစ်ဦးတည်းသော ကျန်ရစ်သူဖြစ်သည်။ ဒီမြင်ကွင်းက ကြောက်စရာကောင်းလှပြီး၊ မည်သည့် ကြောက်စရာကောင်းတဲ့ ဇာတ်ကားမျိုးတွင်မဆို ပါဝင်နိုင်၏။
နံပါတ် ၁ က ကောင်းကင်ကို မျက်နှာမူနေပြီး၊ အမုန်းတရားများက သူ့မျက်နှာတွင် ရှင်းရှင်းလင်းလင်း ရှိနေဆဲဖြစ်သည်၊ ဘာကြောင့် သူရှုံးသွားတာလဲလို့ မေးခွန်းထုတ်နေတုန်းပင်။
ဟန်ရှောင်းက အရင်ကတည်းက မေးချင်ခဲ့သည်... ဒီကောင်က ဘယ်သူလဲ။
ဟန်ရှောင်းသည် နံပါတ် ၁ ဖြစ်မည်ဟု ဘယ်သောအခါမှ မခန့်မှန်းနိုင်ဘဲ၊ သူ၏ အသွင်အပြင်သည် အလွန်ကွာခြားလွန်းလှသည်။ ထို့အပြင် သူ့အတွက် နံပါတ် ၁ သည် သေဆုံးသွားခဲ့ပြီဖြစ်သည်။
"ငါတို့တွေ့ဖူးလား" ဟန်ရှောင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
“မင်း ငါ့ကို ဘယ်လိုလုပ် မသိနိုင်တာလဲ” နံပါတ် ၁ က ဒေါသကြီးစွာ ထွက်သွား၏။ "ငါက မင်းရဲ့ပြိုင်ဘက်ပဲ!"
ဘယ်ပြိုင်ဘက်လဲ။ ကယောင်ကတမ်းဖြစ်နေတာ ဖြစ်ရမယ်။ ဒီသတ္တုခေါင်းက ဘယ်ကကောင်လဲ။
ဟန်ရှောင်သည် ထိတ်လန့်သွားပြီး နံပါတ် ၁ ၏အော်သံကြောင့် နားရွက်များပင် နာကျင်သွားသည်။ ခြေမဲ့လက်မဲ့ နံပါတ် ၁ ကို မှောက်ခုံ လှန်လိုက်သည်။
ချက်ချင်းဆိုသလို ပိုတိတ်ဆိတ်သွားတယ်။
နံပါတ် ၁ ၏ ပါးစပ်ကို မြေပြင်ပေါ်တွင် ဖိထားပြီး ဗလုံးဗထွေးအသံများသာ ထွက်ပေါ်နေသည်။ သူ ဒေါသထွက်နေသော်လည်း သူ့မျက်လုံးထောင့်မှ ဟန်ရှောင်းကို စိုက်ကြည့်ရုံမှတပါး ဘာမှ မတတ်နိုင်ပေ။
တဖြည်းဖြည်းနှင့် တောက်ပနေသော မျက်လုံးများ မှေးမှိန်သွားပြီး အမှောင်ကျသွားသည်။
မကြာခင်မှာ လုံခြုံရေးကင်မရာတွေကို ပစ်ခတ်သံများ ထပ်ကြားရပြန်၏။