← Chapters

ဝှက်ဖဲတစ်ချပ်

Vol. 17 Ch. 244

ဝှက်ဖဲတစ်ချပ်

Vol. 17 Ch. 244

ပေါက်ကွဲသံများက အဝေးမှ ထွက်ပေါ်လာပြီး ဟီလာ၏ မျက်နှာ တင်းမာသွားသည်။ ဟန်ရှောင်းသည် လက်ရှိအချိန်တွင် ဂျာမီနယ်၏ အာရုံစိုက်မှုကို ခံရကြောင်း သူမသိသည်။

တပ်ဖွဲ့ဝင်တစ်စု လျင်မြန်စွာ ချဉ်းကပ်လာပြီး အမှုဆောင်အရာရှိက ဟီလာကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။ “မင်း လမ်းမှားနေပြီ၊ ရန်သူက ဒီဘက်မှာ”

"ငါ့မှာ မတူတဲ့ တာဝန်တစ်ခုရှိတယ်။"

ဟီလာသည် စစ်သားအုပ်စုကို ဖြတ်ကျော်ကာ ဆန့်ကျင်ဘက်သို့ အမြန်ထွက်သွားစဉ်တွင် သူမ၏ ထုံးစံအတိုင်း ရေခဲကဲ့သို့ အေးစက်‌နေသော အမူအရာကို ပြုမူထားသည်။

သူတို့သည် လမ်းတစ်လျှောက်တွင် ဂျာမီနယ်စစ်ကူ ၁၀ဖွဲ့ကျော်ကို ကျော်ဖြတ်ခဲ့သော်လည်း ဟီလာသည် မရပ်တန့်ဝံ့ပေ။ ကျေးဇူးတင်စရာကောင်းသည်က၊ လူအများစုသည် သူမအား ဇဝေဇဝေါ အကြည့်တစ်ချက်ပေးကာ တားဆီးရန် မည်သူမျှ မကြိုးစားခဲ့ကြပေ။

အရာအားလုံး ဖြစ်ပျက်သွားသည်မှာ မြန်ဆန်လွန်းပြီး ဟီလာ၏ သစ္စာဖောက်မှုမှာ လုံးဝပေါ်မသွားသေးပေ။ သူမမှာ ပြင်းပြတဲ့ဆန္ဒရှိပေမဲ့ ဟန်ရှောင်းက အချိန်မီတုံ့ပြန်ပြီး ကင်မရာအားလုံးကို ဖျက်ဆီးလိုက်ကာ သူတို့ အခွင့်ကောင်းရခဲ့သည့်အတွက် သူမ တိတ်တဆိတ် ပျော်နေပါသေးသည်။

သူမညီမ‌လေးနှင့် ပတ်သက်သည့် အရာများကသာ သူမ၏ ခံစားချက်များကို လှုံ့ဆော်ပေးနိုင်သည်။

ဂျာမီနယ်တပ်ဖွဲ့များသည် ဇီးရိုးရှိသည့် အလွှာသို့ အပြေးအလွှား ရောက်ရှိသွားသောအခါတွင် မည်သည့်အတိုက်အခံ အင်အားစုများကိုမှ မရင်ဆိုင်ခဲ့ရပေ။ သို့သော် မည်သူမျှ ရှာမတွေ့ခဲ့ပါ။ ဟီလာသည် လျှို့ဝှက်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခြင်းမှ ကာကွယ်နိုင်ရန် လမ်းတစ်လျှောက်ရှိ ကင်မရာအားလုံးကို ဖျက်ဆီးပစ်ခဲ့သည်။ ဂျာမီနယ်က အသိဝင်လာသောအခါ၊ အော်ရိုရာပျောက်ကွယ်သွားသည်မှာ အချိန်အတော်ကြာလောက်ပြီ ဖြစ်သည်။

ကြိုတင်ကာကွယ်မှုများ ပြီးသောအခါ ဟီလာက လျှို့ဝှက်လမ်းကြောင်းကိုဖွင့်ပြီး သူ့ညီမကို သယ်ကာ ဝင်သွား၏။ ၎င်းသည် မှောင်မိုက်ပြီး ကျဉ်းမြောင်းသော ဥမင်လိုဏ်ခေါင်းဖြစ်ပြီး ဝပ်ပြီးတော့သာ ရှေ့သို့ ရွေ့လျားနိုင်သည်။

တံခါးကိုပိတ်လိုက်သည်နှင့် အပြင်မှ အသံများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ တိတ်ဆိတ်မှုသည် အစွန်းအဖျားတိုင်းတွင် စိမ့်ဝင်သွားပြီး ဟီလာ၏ ယခင်က တိုးမြင့်ခဲ့သော နှလုံးခုန်သံနှင့်အတူ တင်းမာမှုများလည်း ကျဆင်းလာသည်။

ဟီလာသည် နောက်ဆုံးတွင် အသက်ပြင်းပြင်းရှူပြီး အနားယူနိုင်ခဲ့သည်။

ယခု သူတို့သည် ဥမင်လိုဏ်ခေါင်းထဲတွင် ရှိနေသောကြောင့် လွတ်မြောက်ရန် အစီအစဉ်သည် အောင်မြင်လုနီးပါးဟု ယူဆနိုင်သည်။

သူမရဲ့ အိတ်လေး တွန့်လိမ်လာပြီး ဟီလာက ဇစ်ကိုဖွင့်လိုက်သည်။ အော်ရိုရာရဲ့ ခေါင်းသေးသေးလေး ထွက်လာ၏။

"ငါတို့ လွတ်သွားပြီလား" ပတ်ဝန်းကျင်ကို စူးစမ်းသလိုကြည့်ရင်း အော်ရိုရာက မေးသည်။

“နီးပြီ” ဟီလာက အော်ရိုရာ၏ ခေါင်းကို ချစ်ခင်စွာ တို့ထိလိုက်ရင်း ပြန်ဖြေသည်။

ထို့နောက် အော်ရိုရာသည် အိတ်ထဲသို့ ပြန်ဝင်သွားကာ သူမ၏ မျက်နှာကို အတွင်းဘက်တွင် ဝှက်ထားပြီး သူမ၏ ကြီးမားပြီး ဝိုင်းစက်နေသော မျက်လုံးနှစ်လုံးဖြင့် ကြည့်က။ ရုတ်တရက် "ဦးလေး ဇီးရိုးဘယ်မှာလဲ"

“နောက်ထပ် ငါးမိနစ်လောက် စောင့်မယ်။ သူ ဒီကို မြန်မြန်ရောက်သင့်တယ်” ခေတ္တနားပြီးနောက် ဟီလာက ပြောသည်။

အော်ရိုရာက ခေါင်းညိတ်ပြပြီး “အစ်မ၊ အန်ကယ် ဇီးရိုးက တကယ်ကို သန်မာပုံရတယ် ဟုတ်လား”

"သူအဆင်ပြေပါတယ်။" ဟီလာက ရှင်းရှင်းလင်းလင်း အဖြေမပေးချင်ပေ။

"အစ်မ၊ သူက ဘာလို့ ညီမ‌လေးကို လာကယ်တာလဲ"

"ငါဘယ်လိုသိမှာလဲ" ဟီလာက ပြောလိုက်ရင်း သူမ၏လက်က မသိစိတ်ဖြင့် အိတ်ကပ်အတွင်းရှိ ဓာတ်ပုံဆီသို့ ရောက်သွားသည်။ ဇီးရိုးသည် သူ၏လေ့ကျင့်ရေးစခန်းတွင် ဤဓာတ်ပုံကို တစ်ကြိမ်မြင်ဖူးကြောင်း သူမ သတိရမိသည်။ မဖြစ်နိုင်ဘူး...

ဒါပေမယ့် အဲဒီအချိန်တုန်းက ဇီးရိုးဟာ သူ့ကိုယ်သူ ကာကွယ်ဖို့ အချိန်တောင်မရှိခဲ့ဘူး၊ ဒါကြောင့် ဒီလိုကြီးမားတဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို အကောင်အထည်ဖော်တာအထိ မဆီလျော်တဲ့အရာကို သူဘာလို့ မှတ်မိနေမှာလဲ။ သူ့မှာ အနာဂတ်ကို တကယ်မြင်နိုင်စွမ်း ရှိနေရင်...

ဟီလာခေါင်းယမ်းလိုက်သည်။ သူမသည် သူ၏ စိတ်ရင်းကို မဖော်ထုတ်နိုင်သေးပေ။ သူမခံစားနိုင်သမျှမှာ ဂျာမီနယ်အဖွဲ့အစည်းကို တစ်ကိုယ်တည်း ဖျက်ဆီးနိုင်သည့် ဤလျှို့ဝှက်ဆန်းကြယ်သောလူကို ကြောက်ရွံ့ရိုသေခြင်းပင်ဖြစ်သည်။

ပြန်တွေးကြည့်လျှင် သူသည် တစ်ချိန်က အောက်ခြေတွင် အားနည်းသော ထရိန်နင်ငယ် ဖြစ်ခဲ့ဖူးသော်လည်း ယခု အချိန်တိုတိုအတွင်း ဤကဲ့သို့ အမြင့်သို့ တက်လာခဲ့သည်။ ဒါကို သူမ သက်ပြင်းသာချနိုင်ခဲ့သည်။ ကမ္ဘာကြီးသည် အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သော နည်းလမ်းများဖြင့် လုပ်ဆောင်နေသည်။

"အစ်မ၊ အန်ကယ်ဇီးရိုး..."

“သူ့အကြောင်း ပြောတာ ရပ်လိုက်။” ဟီလာနည်းနည်းတော့ စိတ်ဆိုးလာသည်။ သူ့ညီမကို ကယ်တင်ခဲ့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီဇီးရိုးနဲ့ ရှင်းပြလို့မရနိုင်တဲ့ ရင်းနှီးမှုကို ခံစားခဲ့ရပါတယ်။ သူစခန်းကနေ လွတ်မြောက်ပြီးနောက် တခြားတစ်နေရာမှာ သူနဲ့တွေ့ခဲ့ဖူးသလိုပင်။ သို့သော် ဒါကမဖြစ်နိုင်ပေ။

"ဒါပေမယ့် အစ်မ၊ မင်း သူ့အကြောင်း အရမ်းပြောတတ်ပြီး သူ့အကြောင်း ပုံပြင်တွေပြောပြတိုင်း သူ့ကိုတောင် ချီးကျူးတတ်တယ်။" အော်ရိုရာက မတရားခံရသလို ပြော၏။

အော်ရိုရာ၏ ပါးပြင်များကို ညင်သာစွာ ဖွဖွလေး ဆွဲပြီး ဟီလာက “ပေါက်ကရတွေ”

ထိုအချိန်တွင်၊ ကျဉ်းမြောင်းပြီး အလင်းမဲ့ ဥမင်လှိုဏ်ခေါင်းအတွင်း တတိယမြောက် ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာသည်။

"ငါကြားတာမှန်လား၊ မင်းငါ့ကို ချီးကျူးနေတာလား"

ဟီလာက ချက်ချင်း ပြန်လှည့်လာပြီး သူမ၏ စွမ်းအားများကို ထုတ်လွှတ်တော့မည့် အချိန်တွင် အင်အားပြင်းသော စွမ်းအားတစ်ခုက သူမ၏ လက်များကို ညှစ်ကာ လိုဏ်ခေါင်းနံရံသို့ သူမကို ရက်စက်စွာ တွန်းထုတ်လိုက်သည်။

အနီရောင် မီးလုံးများ၏ အကူအညီဖြင့် နောက်ဆုံးတွင် သူမသည် ထူးဆန်းသော အသံပိုင်ရှင်မှာ မည်သုမှန်း သိသွား၏။ ထိုသူမှာ အပြင်ဘက်တွင် တိုက်ခိုက်နေရဦးမည့် ဟန်ရှောင်းဖြစ်သည်။

"မင်းဘာလို့ ဒီကိုရောက်နေတာလဲ။" ဟီလာအံ့သြသွားသည်။

ဟန်ရှောင်းက ပေါ့ပေါ့ပါးပါး ရယ်မောရင်း သူ့လက်ကို လွှတ်လိုက်သည်။ "ငါက နေရာတိုင်းမှာရှိတယ်။"

ဟီလာက စိတ်လျှော့လိုက်ပြီး စွမ်းအားတွေကို ပြန်ခေါ်လိုက်သည်၊ သူမမျက်နှာကတော့ ထူးဆန်းနေ၏။ ဥမင်လိုဏ်ခေါင်းတံခါးသည် တစ်ကြိမ်သာဖွင့်ပြီး ပိတ်လိုက်သည်ကို သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ဟန်ရှောင်းက ဘယ်လိုဝင်လာတာလဲ။ သူက နံရံတွေ ဖြတ်သွားတာလား။

ဟန်ရှောင်းရယ်ပြီး ဘာမှ မပြောပေ။ လူခွဲဖို့ စတင်၍ အဆိုပြုခဲ့စဉ်က ရိုးရှင်းသော်လည်း ထိရောက်သည့် အစီအစဉ်တစ်ခုမဇာ သူ့စိတ်ထဲတွင် ရှိထားပြီးဖြစ်သည်။ ဟုတ်သည်၊ ဟီလာက သူ့ကို တကယ့်နေရာအမှန်ကို ပြောပြလိမ့်မည်ဟု အရဲစွန့်မည် မဟုတ်ပေ၊ ဒါကြောင့် သူ့မှာ ရွေးချယ်စရာနှစ်ခုကျန်ခဲ့၏။ ပထမတစ်ချက်မှာ ရိုးရိုးခြေရာခံကိရိယာကို အော်ရိုရာ၏အိတ်တွင် ထားခဲ့ပြီး၊ ဒုတိယမှာ တစ်ခါမှ အသုံးမပြုဖူးသည့် ဇာတ်ကောင်ကတ်ဖြစ်သည်။ အနောက်ပိုင်းတိုက်မှ ရရှိခဲ့သော ဒီယွန်ကတ်တွင် အထူးကိုယ်ယောင်ပျောက်စွမ်းရည်ရှိသည်။

သူသည် အလွန်သန်မာသော်လည်း အကြောင်းပြချက်မရှိဘဲ အဝိုင်းခံရန် ဆန္ဒမရှိပေ။ သူ၏ အဓိက ရည်ရွယ်ချက်မှာ ဂျာမီနယ် ဌာနချုပ်မှ ထွက်ခွာရန် ဖြစ်သည်။ ထို့ကြောင့်၊ နံပါတ် ၁ အား ဘယ်သူက သူဌေးဖြစ်သည်ကို သင်ပေးပြီးနောက်၊ ဟန်ရှောင်းက လမ်းဆုံတွင် ကင်မရာအားလုံးကို ဖောက်ခွဲလိုက်သည်။ ဂျာမီနယ်ကို သူသည် ဤနေရာတွင် ရှိနေကြောင်း အထင်မြင်လွဲမှားစေကာ ဒီယွန်၏ ဇာတ်ကောင်ကတ်ကိုဖွင့်ပြီး မူလလမ်းအတိုင်း ပြန်သွားခဲ့သည်။

သူမပြောသောစကားများမှာ မှန်မှန်မှားမှား မည်သို့ပင်ရှိစေကာမူ သူမသည် လမ်းကြောင်းအမှန်ဆီသို့ ဦးတည်သွားနေရမည်ဖြစ်သည်။

ဇာတ်ကောင်ကတ်များ၏ စွမ်းရည်အမည်မှာ 'You Can't See Me' 'မင်းငါ့ကို မမြင်နိုင်ဘူး။' ဖြစ်သည်။ နာမည်ပေးထားသည့်အတိုင်း ဟန်ရှောင်းကို မည်သူမှ သတိမထားမိဘဲ လမ်းတစ်လျှောက်တွင် ဆောင့်ကြွားကြွားဖြင့် လျှောက်သွားတော့သည်။

ထို့နောက် ရန်သူများအားလုံးကို ဟန်ရှောင်းရှိရာ လမ်းဆုံသို့ အရောက်သွားပြီး သူဘယ်မှာ ပျောက်ကွယ်သွားသည်မသိကြ‌တော့ပေ။ ဟန်ရှောင်းသည် ဟီလာနောက်သို့ လိုက်လာရင်း သူမနှင့် အတူတူ လိုဏ်ခေါင်းထဲသို့ ခုန်ဆင်းသွားခဲ့သည်။

ပညာရှင်ကြီးဟန်ကို အံ့အားသင့်စေသည်မှာ ဟီလာသည် သူ့အား မှန်ကန်သော လမ်းညွှန်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ အခန်းနံပါတ်နှင့် ကြမ်းခင်းကြွေပြားတည်နေရာ နှစ်ခုစလုံး မှန်ကန်ပါသည်။ ရိုးရိုးသားသား ပြောရလျှင် သူတို့ လူခွဲခါနီးတွင် ဟီလာ၏ စူးရှသော အကြည့်များက သူ့ကိုရောင်းစားတော့မည်ဟု ထင်မှတ်လုနီးပါး ဖြစ်ခဲ့သော်လည်း၊ ရလဒ်မှာ မမျှော်လင့်ထားပေ။

တကယ်တော့ ဟီလာလည်း ထိုအတွက် ရုန်းကန်ခဲ့ရပေမယ့် နောက်ဆုံးမှာတော့ ဟန်ရှောင်းကို မှန်ကန်တဲ့ အချက်အလက်ကိုပေးဖို့ ဆုံးဖြတ်ခဲ့သည်။

ဟန်ရှောင်းသည် အော်ရိုရာကို ကယ်တင်ခဲ့ပြီး သူမသည် သူ့ကို လိမ်ခဲ့မည်ဆိုပါက သူ့ညီမကို မည်သို့ ရင်ဆိုင်ရမည်ကို မသိနိုင်ပေ။ သူမ၏ အစိတ်အပိုင်းတစ်ခုက သူမအား အခြားနည်းဖြင့် ဆွဲဆောင်နေသော်လည်း နောက်ဆုံးတွင် သူမသည် ထိုအတွေးများကို စွန့်လွှတ်ကာ အမှန်တရားကို ပြောပြခဲ့သည်။

ဟန်ရှောင်း၏ အတိတ်က 'မရဏနတ်သမီး' နှင့် နှိုင်းယှဉ်ပါက ဤ ဟီလာသည် အမှောင်ထုတွင် ပျောက်ကွယ်မသွားဘဲ အော်ရိုရာဖြစ်သော ကြယ်နှင့်လတို့က သူမ၏ နှလုံးသားကို လင်းထိန်နေဆဲဖြစ်သည်။

ဟန်ရှောင်းကို ဟီလာသာ ရောင်းစားလိုက်ပြီး သူက ရုတ်တရက် ပြန်ပေါ်လာလျှင် ဟီလာသည် အလွန်အရှက်ရပြီး သူ့အား ကျင့်ဝတ်အရ ကျေးဇူးဆပ်ရန်ပင် ပေးရမည်ဟု ဟန်ရှောင်းက မူလက ထင်ခဲ့သည်။ သို့သော်လည်း သူမက ထိုသို့ မလုပ်ခဲ့သောကြောင့် ဟန်ရှောင်းသည် သူမကို အမြင်သစ်တစ်ခုဖြင့် မကြည့်ဘဲ‌မနေနိုင်တော့ပေ။ သူပြင်ဆင်ထားသော်လည်း မည်သူမျှ သစ္စာမဖောက်ချင်ကြဘဲ သူ့စိတ်ခံစားချက်သည် ချက်ချင်းပင် ပိုကောင်းလာသည်။

"ကလေးမ၊ မင်းအစ်မက ငါ့အကြောင်း မင်းကို ဘယ်လိုဇာတ်လမ်းတွေ ပြောပြခဲ့လဲ။ နားထောင်ရအောင်။" ဟန်ရှောင်းသည် နောက်ဆုံးတွင် ဤမေးခွန်းကို မေးခွင့်ရသွားသည်။

အော်ရိုရာက ယဉ်ယဉ်ကျေးကျေးဖြင့် ပြန်ပြောတော့မည်ဖြစ်သည်၊ သို့သော် ဟီလာက ရုပ်တည်ကြီးဖြင့် “အချိန်ဖြုန်းမနေနဲ့တော့။ ဒါက လျှို့ဝှက်လမ်းကြောင်းရဲ့၏ ပထမပိုင်းပဲ ရှိသေးတယ်။ စွန့်ပစ်ထားတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းဆီကို သွားရမယ်။ သွားကြရအောင်။"

ဟီလာသည် အော်ရိုရာနှင့်အတူ လမ်းကို ဦးဆောင်ပြီး စိတ်အားထက်သန်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။

ဟန်ရှောင်းသည် ခေါင်းယမ်းကာ နောက်သို့ လိုက်သွားတော့မည့်အချိန်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။ “အာ၊ အဘိုးကြီးကို အော်ရိုရာရဲ့ ဦးနှောက်ဆေးကြောတဲ့ ကုဒ်စကားလုံးက ဘာလဲဆိုတာ မေးဖို့မေ့သွားတယ်။ အင်းလေ။ ဒီကနေ အရင်ထွက်ရအောင်။"

…

အခြားတစ်ဖက်တွင် ထောင်သောင်းချီသော ဂျာမီနယ်တပ်ဖွဲ့ဝင်များသည် ဟန်ရှောင်း ပျောက်ကွယ်သွားသော ဧရိယာတစ်ဝိုက်တွင် ရှာဖွေနေကြသည်။

"ခေါင်းဆောင်ကို သတင်းပို့လိုက်၊ ပစ်မှတ်ကို ရှာမတွေ့ဘူး။"

အမှုဆောင်အရာရှိများသည် တစ်ဦးပြီးတစ်ဦး တူညီသောရလဒ်များသာ ထွက်ပေါ်လာသည်။

ခေါင်းဆောင်သည် ဒေါသတကြီးဖြစ်နေပြီး သူ့လက်များကို တင်းကျပ်စွာ ဆုပ်ထားရာ လက်အိတ်ပင် ပြဲသွားတော့သည်။ “ဒီနေရာမှာ ကင်မရာတွေက သူ့ကို နောက်ဆုံးဖမ်းမိတယ်။ ငါတို့ သူ့ကို ဘယ်လိုလုပ် ရှာမတွေ့နိုင်တာလဲ။

"ဟုတ်တယ်၊ သူ ဒီလမ်းအောက်ဆင်းလာတာ တွေ့လိုက်ရတယ်" နံပတ် ၁ က မြေကြီးပေါ်တွင် တစ်ဖက်သို့ လှဲလျောင်းနေရင်း ပြောလိုက်သည်။ သူ့မျက်နှာတွင် နာကြည်းမှုများ ပြည့်နှက်နေ၏။ သုတေသီများက ခြေလက်တွေ ပြန်တွဲပေးဖို့ ကူညီပေးနေကြသည်။

"သူ့ကိုရှာလိုက်!" ခေါင်းဆောင်က အနီးနားက နံရံကို လက်သီးနှင့်ထိုးရင်း အော်ဟစ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ သံမဏိနှင့် ကွန်ကရစ် အစိတ်အပိုင်းများ ကွဲအက်ကာ စက္ကူဖြင့် ပြုလုပ်ထားသကဲ့သို့ လွင့်ထွက်သွားသည်။ အမှုဆောင်များသည် ထိတ်လန့်ပြီး ဆက်လက်ရှာဖွေရန်မှတပါး ရွေးချယ်စရာမရှိပေ။

ခေါင်းဆောင်သည် မူလက ဟန်ရှောင်းသည် ပိတ်မိနေသည်ဟု ထင်ခဲ့ပြီး အဖွဲ့အစည်းကို ဖြစ်ပေါ်စေခဲ့သော မကျေနပ်ချက်အားလုံးအတွက် ဇီးရိုးကို ရိုက်နှက်ရန် အဆင်သင့်ဖြစ်ရန် သူ့လက်သီးများကိုပင် အသင့်ပြင်ထားခဲ့သည်။ ယခုတော့ သူ့စိတ်ပျက်မှူအတွက် ဖွင့်ထုတ်စရာ ဘာမှမရှိတော့ဘဲ၊ ခေါင်းဆောင်သည် ရှုံးနိမ့်သွားသလို ခံစားရပြီး သူ့ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲသွားသလို ခံစားလာရသည်။

ဇီးရိုးကို ကိုင်တွယ်လိုက်တိုင်း ရှုံးနိမ့်ခြင်းနဲ့ အဆုံးသတ်သွား၏။ ခေါင်းဆောင်က သည်းမခံနိုင်တော့ပေ။ သူသည် မြေပြင်ပေါ်ရှိ စူပါစစ်သည်များ၏ ပြန့်ကျဲနေသော အစိတ်အပိုင်းများကို ငုံ့ကြည့်ကာ သူ့စိတ်ထဲတွင် အလွန်အသုံးမကျသည့်အတွက် ကျိန်ဆဲလိုက်သည်။

သူ့လက်ပ်တော့ကို ထုတ်ယူပြီး နောက်ထပ် ရှာဖွေမှုတစ်ခု ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ထူးထူးခြားခြား တစ်ခုခုကို တွေ့လိုက်ရသည်။ အောက်ထပ်ရှိ ကင်မရာများအားလုံးလည်း ပျက်စီးသွားခဲ့သည်။

"သူ့မှာ ကြံရာပါရှိလို့လား" ခေါင်းဆောင်သည် ကီးဘုတ်ကို နှိပ်လိုက်ပြီး အင်တာဖေ့စ်ကို အမြန်ခေါ်သည်။ မကြာမီ သူသည် သဲလွန်စအသစ်တစ်ခုကို တွေ့ရှိခဲ့သည်။ A-4 ဧရိယာရှိ ကင်မရာမှတ်တမ်းများကို ပြုပြင်မွမ်းမံထားပုံရသည်။ ရုတ်တရက် တစ်ခုခုကို တွေးပြီး အမိန့်ပေးလိုက်သည်။ "A-4 ကို စုံစမ်းစစ်ဆေးဖို့ တစ်ယောက်ယောက်ကို ပို့လိုက်။"

မကြာခင်မှာ သတင်းတွေ ပြန်ရောက်လာသည်။

“လုံခြုံရေးအစီအမံတွေ ပိတ်ထားတယ်၊ အစောင့်တွေ အသတ်ခံရတယ်၊ ကလေးမလေးကို ခေါ်သွားတယ်။”

ထိုအချိန်တွင် အော်ရိုရာပျောက်ဆုံးမှု၊ ပျက်စီးသွားသော ကင်မရာများနှင့် ဇီးရိုးကိုရပ်တန့်ရန် ယခင်တိုက်ပွဲများတွင် ဟီလာမရှိတော့သည့် အချက်အလက်များသည် အဓိပ္ပါယ်ရှိလာတော့သည်။

သူတို့ လှည့်စားခံလိုက်ရသည်။

"ဟီလာ၊ မင်းသစ္စာဖောက်...!" ခေါင်းဆောင်သည် အဖြစ်အပျက်ကို ရုတ်တရက် သဘောပေါက်သွားပြီး ဒေါသတကြီး အံသွားကြိတ်သံသည် သံမဏိတုံးများ အချင်းချင်း ကြိတ်သလိုမျိုး ဖြစ်နေသည်။

“ဟီလာကို အခုပဲ ရှာခိုင်းလိုက်။ ဇီးရိုးနဲ့အတူ လွတ်သွားတယ်!"

အနီးနားရှိ စစ်သားများ လန့်ဖျပ်သွားကြသည်။ အမိန့်က လှိုင်းတစ်ခုလို ဖြတ်သွား၏။ များမကြာမီတွင် ထပ်မံရှာဖွေရန် များပြားလှသော တပ်ဖွဲ့ဝင်များ စုစည်းခဲ့သည်။ သို့သော် ဟီလာသည် အောက်ထပ်ရှိ ကင်မရာအားလုံးကို ဖျက်ဆီးပြီးဖြစ်သည်။ သူတို့ ဘယ်ကို သွားကြမလဲ ဆိုတာ သိဖို့ နည်းလမ်း မရှိပေ။

ထို့နောက် နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် မိန်းမောနေသော ဆိုင်ဘာလော့စ်ကို ခေါင်းဆောင်ထံသို့ ခေါ်ဆောင်လာသည်။ ပါးတစ်ချက်ရိုက်လိုက်ရာ ဆိုင်ဘာလော့စ်သည် ထိတ်လန့်စွာ နိုးလာသည်။ နိုးလာပြီးနောက် ရန်လိုမှုအပြည့်ရှိသော ခေါင်းဆောင်၏မျက်နှာကို မြင်လိုက်ရသဖြင့် ဆိုင်ဘာလော့စ်တောင့်တင်းသွား၏။

"မင်းသိသမျှပြောပြပါ!" ခေါင်းဆောင်က အေးစက်စွာပြောသည်။

ဆိုင်ဘာလော့စ်သည် သူ့ကိုယ်သူ ဘာကိုမှ ထိန်ချန်မထားဝံ့ဘဲ ဓားစာခံဖမ်းဆီးခံရချိန်မှ သတိလစ်သွားသည့်အထိ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြလိုက်သည်။

“သူက အဖွဲ့အစည်းရဲ့ လျှို့ဝှက် အချက်အလက်တွေကို ယူပြီးတော့ အော်ရိုရာကို ပြန်ပေးဆွဲတယ်…” ဆိုင်ဘာလော့စ်က သတိထားရန် ကြိုးစားနေသည်။ “သူ…သူက ဂြိုဟ်သားဖြစ်နိုင်တယ်!”

ဂြိုဟ်သား‽

ထိုစကားကိုကြားသောအခါ ခေါင်းဆောင်သည် သူ့ခန္ဓာကိုယ် လှုပ်ယမ်းသွားသလို ခံစားလိုက်ရသည်။ အကယ်၍ ဇီးရိုးသည် မသေနိုင်သော ဂြိုဟ်သားဖြစ်ခဲ့ပါက ဂျာမီနယ်သည် ရှုံးနိမ့်မှုအချို့ကို ရင်ဆိုင်ရမည်ဖြစ်သည်။

အသက်ပြင်းပြင်းရှူပြီးနောက် ခေါင်းဆောင်က “ဒါက မှန်းဆချက်ပဲလေ။ ငါ သူ့ကို အရင်သတ်ပြီး သူတကယ် ဂြိုဟ်သား ဟုတ်မဟုတ် ကြည့်ရမယ်။

ထို့နောက် ဆိုင်ဘာလော့စ်ကို ခေါ်ဆောင်သွားခဲ့သည်။ ထိုလူသည် အဖွဲ့အစည်းအတွက် များစွာလုပ်ဆောင်ခဲ့သည်ကို တွေ့မြင်ရသောအခါ ခေါင်းဆောင်သည် သူ့အသက်ကို ချမ်းသာပေးရန် ဆုံးဖြတ်ခဲ့သည်။ ဆိုင်ဘာလော့စ်သည် သူ၏သစ္စာစောင့်သိမှုအတွက် မည်သည့်အခါမျှ ငှားရမ်းခြင်း မပြုခဲ့ပေ။

“ရှာဖွေရေးကွန်ရက်ကို ချဲ့ထွင်ပါ။ ဇီးရိုးက ဌာနချုပ်ကနေ ထွက်သွားရင်တောင် သူ့ကို တိုက်ကြီးကနေ ထွက်သွားခွင့်မပေးဘူး” ခေါင်းဆောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

တပ်ဖွဲ့များသည် သူ၏ အစီအစဉ်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ဖြစ်သည်။

All Chapters