ငါက Black Phantom ပဲ
Vol. 17 Ch. 246
တိမ်မည်းတွေက ကောင်းကင်ကို ဖုံးလွှမ်းနေပြီး လနဲ့ ကြယ်တွေကို မည်သည့်နေရာတွင်မှ မမြင်ရပေ။
မြေပြင်အခြေစိုက်စခန်းသည် တောက်ပစွာလင်းလက်နေပြီး အလင်းတန်းများသည် အနီးပတ်ဝန်းကျင် အမှောင်ထုကို ဖြတ်ကျော်သွားသည်။ အစောင့်များသည် နေရာတိုင်းတွင် တစ်စုံတစ်ရာကို ရှာဖွေနေပြီး သံချပ်ကာယာဉ်များသည် ၎င်းတို့၏ ကျယ်လောင်သော အင်ဂျင်များနှင့်အတူ ညဘက်တွင် ကျယ်လောင်စွာ တောက်လျှောက် ဖြတ်သန်းနေကြသည်။ ရဟတ်ယာဉ်များသည် ၎င်းတို့၏ ရှာဖွေရေးမီးများကို ဖွင့်ကာ ရှာဖွေနေကြပြီး အလင်းစက်ဝိုင်းများက မြေလွတ်နေရာများကို ဖြတ်သန်းသွားစေသည်။
ကြီးမားသောရှာဖွေမှုသည် ဟန်ရှောင်းနှင့် ဟီလာတို့ကို အတော်လေး ခေါင်းကိုက်စေ၏။ ကံကောင်းစွာဖြင့်၊ ဟီလာသည် ဒေသတွင်း မြေပြင်အနေအထားနှင့် ကောင်းစွာကျွမ်းကျင်ပြီး သူတို့သည် လိုက်ရှာနေသည့် စစ်သားအားလုံးကို ရှောင်ရှားနိုင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူတို့သည် အခြေစိုက်စခန်းအစွန်းရှိ သတ္တုအဆောက်အအုံတစ်ခု၏ အရိပ်တွင် ပုန်းအောင်းနေကြရင်း တောင်ဘက်ရှိ ဂျာမီနယ်စစ်တပ်ဖွဲ့စည်းပုံကို အကဲခတ်နေသည်။
တောင်ဘက်ရှိ တပ်များနှင့် တပ်စခန်းများကို တောင်စောင်းဧရိယာဖြင့် ပိုင်းခြားထားသည်။ သူတို့နှစ်ဦး၏ လေ့လာတွေ့ရှိချက်အပေါ် အခြေခံလျှင်၊ တည့်တည့်သွားခြင်းသည် ရှာဖွေရေးပါတီများအတွက် လွယ်ကူသောပစ်မှတ်များ ဖြစ်စေမည်ဖြစ်သည်။ ထိုအချိန်တွင်၊ တောင်ဘက်ပိုင်းသည် ကျယ်လောင်သော အသံများဖြင့် ဆူညံနေပြီး၊ ရှာဖွေရေးမီးရောင်များက မှောင်မိုက်နေသော ရှုခင်းထဲတွင် နေအသေးစားလေး ပေါ်လာသလိုပဲ တောက်ပနေသည်။
“ဒါက မကောင်းဘူး။ သူတို့သည် မြေပြင်ပေါ်ရှိ အမှုထမ်းတွေကို သိသိသာသာ တိုးမြှင့်ထားပြီး သူတို့မသိဘဲ ကျော်ဖြတ်ဖို့ မဖြစ်နိုင်ဘူး။ သူတို့ တွေ့သွားတာနဲ့ ငါတို့ကို ဝိုင်းသတ်ကြလိမ့်မယ်” ဟီလာက လေးလံသော အသံဖြင့် ပြောသည်။
အဖွဲ့အစည်း၏ အင်အားစုများသည် အဆုံးမရှိဟု ထင်ရသည်။ ၎င်းတို့သည် နိုင်ငံ၆နိုင်ငံပေါင်းတပ်နှင့် အကြိမ်တိုင်းတွင် ရှုံးနိမ့်နေသော်လည်း ၎င်းအား ထည့်သွင်းတွက်ချက်ရမည့် အင်အားအဖြစ် ရှိနေဆဲဖြစ်သည်။ အခြားတစ်ဖက်တွင်မူ သူတို့သည် လူနှစ်ဦးသာဖြစ်ပြီး၊ သူတို့အား အတင်းထိုးဖောက်ထွက်ရန် ကြိုးစားခြင်းသည် ဖြစ်နိုင်ပေသည်။ ခိုးကြောင်ခိုးဝှက် ခိုးထွက်ရန် အခြားနည်းလမ်းအချို့ကို စဉ်းစားသင့်သည်။
ဟန်ရှောင်းသည် တပ်ဖွဲ့ဝင်အများအပြားကို တစ်ချက်ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် စကားပြောလိုက်သည်။ “တင့်ကားတွေ၊ အမြောက်တွေ… ဟဲဟဲ။ သူတို့က စစ်တိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ။ ငါတို့ကို ရင်ဆိုင်ဖို့ သူတို့ ပြင်ဆင်ထားတဲ့ လုပ်ရပ်က တော်တော်ကောင်းတာပဲ”
"အဲဒါက မင်းကို ဖြေရှင်းဖို့၊ ငါတို့က အပိုလူတွေ။" ဟီလာက အမူအရာမပြောင်းဘဲ မေးလိုက်သည်။ “မင်းမှာ စစ်ကူမရှိဘူးလား”
ဂျာမီနယ်ဌာနချုပ်ကို ထိုးဖောက်ဝင်ရောက်တဲ့အခါ ဟန်ရှောင်းမှာ အကူအညီတစ်ခုခု ရခဲ့တယ်လို့ သူမခံစားရသည်။ အခြေအနေက ဒီလိုဖြစ်လာတာကြောင့် ဆုတ်ခွါဖို့ တစ်ခုခုတော့ စီစဉ်ထားရလိမ့်မည်။
သို့သော် ဟန်ရှောင်းသည် ချက်ချင်းပင် ခေါင်းယမ်းလိုက်ရာ စိတ်ပျက်သွားသလို ခံစားလိုက်ရသည်။
“အကူအညီ မရှိဘူး…” ဟီလာက မထိန်းနိုင်တော့ဘဲ “ဒါဆို မင်းရဲ့ အစီအစဉ်က ဘာလဲ။ ဂျာမီနယ်တွေက ငါတို့ကို ရှာနေတာ ရပ်မှာမဟုတ်ဘူး။ ငါတို့ ဒီပိတ်ဆို့မှုကနေ တစ်နည်းနည်းနဲ့ ထိုးဖောက်သွားရင်တောင် ငါတို့နောက်မှာ မရေမတွက်နိုင်တဲ့ လိုက်ရှာသူတွေ ရှိနေတုန်းပဲ။”
"ငါကြည့်တာပေါ့။" ဟန်ရှောင်းက ဒါကို သိပ်ဂရုမစိုက်ဘဲ သူ့ပစ္စည်းတွေ ပြင်ဆင်ဖို့ ပြန်လှည့်သွားသည်။
ဟီလာမျက်မှောင်ကြုတ်လိုက်သည်။ အကယ်၍ အကူအညီ မရရှိခဲ့ပါက ဟန်ရှောင်း၏ နောက်သို့ လိုက်ခြင်းသည် ဘယ်လိုအကျိုးရှိမည်နည်း။
ဂျာမီနယ်အလိုရှိသောသူမှာ သူဖြစ်ပြီး သူတို့လူခွဲလိုက်ချှင် သူ့ညီမသည် ပိုလုံခြုံမည်ဖြစ်သည်။ သူ့ကို ဌာနချုပ်က ထွက်သွားအောင် ကူညီပြီးပြီ ဆိုတော့ ကျေးဇူးပြန်ဆပ်ပြီးနေပြီဟု တွေးမိ၏။ ထို့ကြောင့် လမ်းခွဲရန် အကြံပြုခြင်းသည် ယုတ်မာခြင်းတော့ မဟုတ်ပေ။
အော်ရိုရာအတွက် ဟီလာက ဘာမဆို လုပ်ချင်စိတ်ရှိတယ်။
ဒီကနေ အရင်ထွက်ဖို့ ကြိုးစားကြည့်တာပေါ့...
ဟီလာက စိတ်တည်ငြိမ်သွားပြီး ဟန်ရှောင်းလုပ်နေတာတွေကို ဂရုမစိုက်တော့ဘဲ ရှေ့ကတပ်တွေကို စောင့်ကြည့်ဖို့ပဲ အာရုံစိုက်လိုက်သည်။
…
တစ်ချိန်တည်းမှာပင် တောင်ဘက်ရှိ မီးလုံးကြီးများသည် မြေပြင်ပေါ်သို့ ထွန်းလင်းနေကာ မည်သည့်အရာမှ သူတို့၏ ရှာဖွေမှုမှ မလွတ်ကင်းနိုင်ပေ။ မီတာငါးဆယ်တိုင်းတွင် လေးလံသော ခံတပ်များ တပ်ဆင်ထားပြီး သတ္တုကျည်ဆန်လှိုင်းများကို ပစ်လွှတ်ရန်အတွက် အသင့်ရှိနေသည်။
ပိတ်ဆို့ဝန်းရံမှု၏ မတူညီသော မြင်ကွင်းအားလုံးကို ခေါင်းဆောင်က အချိန်နှင့်တပြေးညီ ထိန်းချုပ်နိုင်စေရန် ဌာနချုပ်ရှိ ထိန်းချုပ်ခန်းသို့ ပြန်ပို့ထားသည်။
တောင်ဘက်၌ တပ်စွဲထားသော တပ်ဖွဲ့များထဲတွင် ဂျာမီနယ်မှ ခေါ်ယူပြီး ၎င်းတို့၏ ဂြိုဟ်သားအသင်းအဖြစ် ဖွဲ့စည်းထားသော ကစားသမားများ ပါဝင်သည်။ အမိန့်အတွက် အဆင်သင့်ဖြစ်နေပြီး ၎င်းတို့၏စခန်းတွင် စုစည်းထားကြသည်။ ဇီးရိုးကို ကြားဖြတ်ရန် မစ်ရှင်သည် မကျရှုံးသေးဘဲ ဇီးရိုးကိုဖမ်းရန် ဂျာမီနယ်တပ်ဖွဲ့များ အများအပြား ဖွဲ့စည်းထားသည်ကို တွေ့လိုက်ရသောအခါ ကစားသမားများ အံ့ဩသွားကြသည်။
“ကျွန်တော်တို့ အများကြီး ကူညီနိုင်မှာ မဟုတ်ပါဘူး။ ဒါက အခြေခံအားဖြင့် အခမဲ့မစ်ရှင်တစ်ခုပဲ မဟုတ်ဘူးလား?"
"မင်းမှန်တယ်။ ဒါက ငါတို့ ကြည့်ပဲကြည့်လို့ရတဲ့ ဇာတ်ကြောင်းပဲ” မကြာသေးမီက စုဆောင်းခံခဲ့ရသော Electrolux က ပြောလိုက်သည်။ နိုင်ငံခြားကစားသမားများသည် ရေပင်လယ်ဂြိုလ်တွင် အဆန်းမဟုတ်တော့ဘဲ သူ၏ရောက်ရှိနေခြင်းသည် ထူးဆန်းသည်ဟု မည်သူမျှမထင်ခဲ့ပေ။ သူသည် အမှန်တကယ် ဥရောပသူလျှိုတစ်ဦးဖြစ်သည်ကို မည်သူမျှ မသိခဲ့ကြပေ။
“ဟေး။ ဇီးရိုးရဲ့ဇာစ်မြစ်အကြောင်း မင်းတို့ထဲက တစ်ယောက်ယောက် သိကြလား"
ID အမည် 'White Hunt' ‘အဖြူရောင်မုဆိုး’ ဟု ပါသောကစားသမားက "ကျွန်တော်သိတယ်"
သူပြောသည့်အခိုက်တွင် လူအုပ်ကြီးသည် စိတ်ဝင်စားလာပြီး မေးခွန်းများ ထပ်မံမေးလာကြသည်။
Temple of God ‘နတ်ဘုရားကျောင်းဆောင်’မှထိပ်တန်းကစားသမား အဖြူရောင်မုဆိုးသည် Guild of Gods ‘နတ်ဘုရားများအသင်း’ ထံမှအချက်အလက်များကို ရရှိထားပြီးဖြစ်သောကြောင့် [ဇီးရိုးကို ဟန့်တားပါ။] မစ်ရှင်ကို စတင်ရန် ဂျာမီနယ်သို့ လာရောက်ခဲ့သည်။ ဇီးရိုးသည် ကမ္ဘာပေါ်ရှိ ဂျာမီနယ်၏ လုပ်ဆောင်ချက်များကို ဟန့်တားရန် ဇီးရိုးတစ်ယောက်တည်း ခြယ်လှယ်ခဲ့သည့် လုပ်ငန်းစဉ်ကို ပြောပြသည့်အခါ အခြားကစားသမားများမှာ မအံ့ဩဘဲအောင် မနေနိုင်တော့ပေ။
"အံ့သြစရာကောင်းတဲ့ လူတစ်ယောက်လိုပဲ။"
"သူက အဓိက ဇာတ်ကြောင်းထဲက ဇာတ်ကောင်တစ်ယောက်လို မဟုတ်ဘူးလား? သူကိုယ်တိုင်က မူလဂျာမီနယ် အခြေစိုက်စခန်းမှ လွတ်မြောက်ခဲ့ပြီးတော့၊ အခုလည်း အဖွဲ့အစည်းကို ပြိုလဲခါနီးအောင် လုပ်လိုက်ပြန်ပြီ။ ဤကဲ့သို့သော ကြီးမားသောစစ်ပွဲများကို ကြိုးကိုင်နိုင်ဖို့ဆိုတာ ဤကမ္ဘာမြေပေါ်က ဒဏ္ဍာရီတစ်ဉီးဖြစ်ရမယ်!"
“သူဟာ ရေပင်လယ်ဂြိုလ်ရဲ့ ဇာတ်ဆောင်ဖြစ်နိုင်တယ်… အိုး မဟုတ်ဘူး! သူနဲ့ ကျွန်တော့်ရဲ့ ဂုဏ်သတင်းအမှတ်က -၃၀ တောင်” တစ်ယောက်ယောက်က အလန့်တကြားအော်သည်။
အဖြူရောင်မုဆိုးက ရယ်သည်။ "သူဟာ ပင်မဇာတ်လမ်းဇာတ်ကွက်မှာ ဇာတ်ကောင်တစ်ယောက်ဖြစ်နိုင်ပေမယ့် အနာဂတ်မှာ ကျွန်တော်တို့နဲ့ ဆက်ဆံရမယ့်သူတစ်ယောက် မဖြစ်နိုင်ဘူး၊ ဒါမှမဟုတ်ရင် သူ့ရန်သူဖြစ်ရုံနဲ့ ဂုဏ်သတင်းအမှတ်point တွေ အများကြီးဆုံးရှုံးမှာ မဟုတ်ဘူး။"
လူအုပ်ကြီးက ခေါင်းညိတ်သည်။ အင်အားကြီးမားသော်လည်း အရေးမကြီးသော NPC များကို ဂိမ်းတွင် မကြားဖူးပေ။ အပြန်အလှန် ဆက်ဆံခြင်း မရှိသောကြောင့်၊ သူနှင့် ဂုဏ်သတင်းအမှတ်point များ ရှိခြင်းသည် သူတို့အတွက် များစွာအကျိုးရှိမည် မဟုတ်ပေ။
…
လေ့လာကြည့်ရှုပြီးနောက် ဟီလာက “ဒီလမ်းက အရမ်းအန္တရာယ်များတယ်။ တခြားနေရာကို စမ်းကြည့်ရအောင်။"
သူမနောက်က ဆူညံသံတွေကြားလိုက်ရတယ်။ ဟန်ရှောင်းကို သူမရှင်းပြစဉ်တွင် စက်ပစ္စည်းအချို့ကို ပြင်ဆင်နေပုံရသည်။ “ရှာဖွေရေးအဖွဲ့တွေက ဖြစ်နိုင်ချေရှိသော ထွက်ပြေးရန်လမ်းကြောင်းအားလုံးကို ချုံ့လာကြတယ်။ အချိန်ကြာကြာစောင့်ရလေ၊ အန္တရာယ်များလေလေ၊ နေရာတိုင်းမှာလည်း အတူတူပဲ။
"ဒါဆို မင်းအကြံရှိလား"
"ငါတို့ သူတို့ကို ဖောက်ထွက်မယ်။"
ဟီလာက မျက်မှောင်ကြုတ်ပြီး သူ့ကိုပြန်မကြည့်ဘဲ “ရန်သူတွေ အရမ်းများတယ်။ ရာပေါင်းများစွာကို ရှင်းထုတ်လိုက်ရင်တောင်၊ နောက်ဆုံး သူတို့ရြဲ လူ့လှိုင်းနည်းဗျူဟာထဲ ကျသွားမှာပဲ။ အဲဒီလို တိုးထွက်ရင် သေခြင်းတရားကပဲ ငါတို့ကို စောင့်နေလိမ့်မယ်။ ယိုပေါက်ကို ရှာကြည့်ရအောင်။"
သို့သော်လည်း ဟန်ရှောင်းက သူ့စိတ်ထဲ ဆုံးဖြတ်ထားပြီးပုံရပြီး ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။ "ငါ့ကို လိုက်မျီတာ သေချာအောင်လုပ်ပါ။"
ဟီလာသည် နောက်ဘက်တွင် စက်ယန္တရားတွေ အသက်သွင်းနေသံကြားရပြိး ယုံကြည်မှုက ဘယ်ကလာသလဲလို့ မေးတော့မည်ဖြစ်သည်။ သူမ လှည့်ကြည့်လိုက်ပြိး မြင်လိုက်ရသောအရာကြောင့် အံ့သြသွား၏။ ဟန်ရှောင်း၏ အသွင်အပြင်မှာ လုံးဝ ခြားနားနေသည်။ ယခု သူမသည် ဝတ်စုံ၏ ကွက်လပ်များတစ်လျှောက်တွင် တောက်ပနေသော အပြာနုရောင် မီးတောက်များဖြင့် ဂျက်နက်ရောင် ယန္တရားချပ်ဝတ်တန်ဆာ ဝတ်စုံကို ကြည့်နေသည်။ ဤရင်သပ်ရှုမောဖွယ် မြင်ကွင်းသည် သူမကို ရုတ်ခြည်းသဘောပေါက်လာစေသည်။
ဒီပုံစံ၊ ဒီဝတ်စုံက၊ သံသယဖြစ်စရာ မရှိပေ… အရမ်းနာမည်ကြီးလွန်း၏။ ဂျာမီနယ်တစ်ခုလုံး၊ မဟုတ်ဘူး၊ တစ်ကမ္ဘာလုံးက သူ့ကို သိကြသည်။
"Black Phantom!"
ဟီလာသည် သူမကို တည်ငြိမ်အောင် ထိန်းမထားနိုင်တော့ဘဲ သူမ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အကြည့်များ ရှိနေသည်။
ထိုအချိန်တွင် သူမသည် ဖြစ်ပျက်ခဲ့သည်များကို သဘောပေါက်လိုက်သည်။ ဟန်ရှောင်းတစ်ယောက်တည်း စစ်ကူမလိုပဲ ဂျာမီနယ်ဌာနချုပ်ကို ဘယ်လို စိမ့်ဝင်သွားနိုင်တယ်ဆိုတာ အံ့သြစရာမရှိပေ။ သူက ထိပ်ဆုံးမှာ ရပ်နေသူတစ်ယောက်ပင်။ တစ်ဦးတည်း စစ်တပ်။
ဒီတော့ ဒါက အမှန်တရားပဲ။
Black Phantom အကြောင်း သူမဖတ်ဖူးသော သတင်းကို ပြန်တွေးကြည့်သောအခါတွင်၊ လွန်ခဲ့သော နှစ်အနည်းငယ်က ဟန်ရှောင်း၏ ဘဝမှာ ထွက်ပြေးသွားသော ဝရမ်းပြေးတစ်ယောက်မဟုတ်ပေ။ သူသည် ဂျာမီနယ်အပါအဝင် လူတိုင်း၏ ရှေ့တွင် အမြဲရှိနေခဲ့ပြီး သူ၏ စွမ်းအားများကို ပြသကာ သူ့ကိုယ်သူ ဒဏ္ဍာရီတစ်ယောက်အဖြစ် ခြေလှမ်းတစ်လှမ်းပြီး တစ်လှမ်း လှမ်းလာခဲ့သည်။
ဟီလာသည် ဟန်ရှောင်း၏ အားနည်းဆုံးအချိန်ကို တွေ့မြင်ခဲ့ရပြီး တစ်နေ့တွင် သူသည် သူမထက်သာလွန်ကာ ထိပ်ဆုံးတွင် ရောက်ရှိနေလိမ့်မည်ဟု သူမမထင်ခဲ့ပေ။
“မင်း၊ မင်း…” ဟီလာစကားလုံးများ ပျောက်ရှသွား၏။
ဟန်ရှောင်းသည် ထိတ်လန့်တုန်လှုပ်နေဆဲ ဟီလာ၏ ပခုံးကို ညင်သာစွာ ပုတ်ကာ၊ အင်အားကြီးမားသော သူများ၌သာ သီးသန့်ရှိသည့် ယုံကြည်မှုဖြင့် တောင်ဘက်ရှိ တပ်များဆီသို့ ကြီးမားသော ခြေလှမ်းများလှမ်းကာ ထွက်လာသည်။
ဂရုမစိုက်ဘဲ ရန်သူဆီသို့ လျှောဆင်းလာသောအခါတွင် သူ၏ ခေါင်းဆောင်းထဲတွင် တပ်ဆင်ထားသည့် နည်းဗျူဟာဖန်သားပြင်သည် စစ်မြေပြင်ကို လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာပေးသည်။ သူ ချဉ်းကပ်လာသည်နှင့်အမျှ အားကောင်းသည့် မီးရောင် ဒါဇင်များစွာက သူ့အပေါ် ချက်ချင်း လင်းလက်တောက်ပလာကာ သူ့ရုပ်သွင်ကို ကြည့်ရှုသူများအတွက် အတတ်နိုင်ဆုံး အသေးစိတ် ပုံဖော်ပေးနေသည်။
အားလုံးက ထိုပုံရိပ်ကိုမြင်သောအခါ တုံ့ပြန်ဖို့ အချိန်အတော် ယူလိုက်ရ၏။
"ဘာလို့ Black Phantom က ဒီကို ရောက်နေတာလဲ" ကေဒါစိတ်ရှုပ်သွားသည်။
ဟန်ရှောင်းကို ကျော်ကြည့်လိုက်သောအခါ နောက်ဆုံးမှာတော့ ဟီလာကို တွေ့လိုက်ရတယ်။
တုန်လှုပ်ခြင်း၊ နားလည်သဘောပေါက်ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့သည် ရှိနေသူအားလုံး၏ စိတ်ထဲသို့ ရုတ်ချည်း ဝင်ရောက်လာ၏။
"ဇီးရိုး... က Black Phantom!"
အမှန်တရားသည် နောက်ဆုံးတွင် သူ့ကိုယ်သူ ထုတ်ဖော်လာသောအခါ၊ လူတိုင်း အံ့အားသင့်သွားပြီး စိုက်ကြည့်ရုံမှတပါး ဘာမှမတတ်နိုင်ပေ။
တပ်မှူး ကေဒေါသည် သူ၏ဆင်ခြင်ဉာဏ် ဆုံးရှုံးသွားပြီး သူ၏လူများကို တိုက်ခိုက်ဖို့ အမိန့်ပေးရန် မေ့လျော့နေသည်။
ကွင်းပြင်ရှိ အမှုဆောင်များအားလုံးသည် အေးစက်စက် လေပြင်းက သူတို့၏ ကျောရိုးများကို တိုက်ခတ်ကာ ဦးနှောက်ထဲသို့ ဝင်လာသလို ရုတ်တရက် ခံစားလိုက်ရသည်။ Black Phantom ကို ဆန့်ကျင်သူအားလုံးသည် အလောင်းများအဖြစ် အဆုံးသတ်သွားကြသည်။
ဤအမည်သည် ကြားသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေ၏။
ဟန်ရှောင်းသည် အနည်းငယ် ဝပ်လိုက်ကာ သူ့လက်နှစ်ဖက်ကို နောက်သို့ဆွဲယူလိုက်သည်။ သူ့နောက်ကျောပေါ်ရှိ Boosters ‘စွမ်းအားမြှင့်စက်’မှ တောက်ပသော မီးနီများကို ထုတ်လွှတ်လိုက်နေပြီး ခုန်ထွက်တော့မည့် အနေအထားသို့ ရောက်သွားသည်။ လှည့်နေသည့်တာဘိုင်သံက ပိုပိုပြင်းထန်လာပြီး သူ့ဝတ်စုံတလျှောက်ကို ပြည့်နေတဲ့ အပြာရောင်ဖျော့ဖျော့အလင်းရောင်က သူ့ခန္ဓာကိုယ်တစ်ခုလုံးကို စွမ်းအင်တွေ ပို့ပေးနေသည်။ ဝတ်စုံသည် Strengthened state သို့ ဝင်ရောက်လာသည်နှင့်အမျှ ယန္တရားကြွက်သားများသည် အရွယ်အစားကြီးမားလာ၏။
စွမ်းအားမြှင့်စက်များသည် သူ၏ခါး၊ သူ၏လက်နှင့် ခြေထောက်များနောက်နှင့် ဝတ်စုံရှိကွက်လပ်များကြားတွင် ပေါ်လာသည်။ ဤ စွမ်းအားမြှင့်စက်များသည် မမြင်နိုင်သောစွမ်းအားကို ထုတ်လွှတ်ပြီး ဟန်ရှောင်းနောက်မှ လေကို ကွေးညွှတ်စေသည်။ ခိုလှုံရေးစခန်းတွင် ရှိနေစဉ်က၊ ဟန်ရှောင်းသည် Viper ကို မရေမတွက်နိုင်သော မွမ်းမံမှုများ ပြုလုပ်ခဲ့ပြီး မော်ဂျူးအများအပြားကို ထည့်သွင်းခဲ့သည်။ အရင်ကထက် ပိုအားကောင်းလာပြီ ဖြစ်သည်။
အဲဒါက ယန္တရားပညာရှင်ဖြစ်ခြင်း၏ အားသာချက်ပင်။ အခြားအတန်းအစားများတွင် ပိတ်ဆို့မှုများ စတင်ကြုံတွေ့လာရသော်လည်း၊ သူသည် သူ၏စက်ပစ္စည်းများကို အမြဲတမ်း အဆင့်မြှင့်တင်ပြီး သူ၏ ခွန်အားကို မှန်မှန်မြှင့်တင်နိုင်သည်။
"တိုက်ခိုက်! အခု တိုက်ခိုက်!” နောက်ဆုံးတွင် ကေဒါက တုံ့ပြန်ပြီး သူ့အမိန့်ကို အော်ဟစ်လိုက်သည်။ သူ့လူများ အလန့်တကြားဖြစ်သွားပြီး ဟန်ရှောင်ဆီသို့ စက်သေနတ်များ ချိန်ရွယ်လိုက်တော့သည်။
သို့တိုင် သူတို့မပစ်ခတ်နိုင်ခင်မှာပင် ဟန်ရှောင်းသည် မြေပြင်မှ ပေါက်ကွဲကန်ထွက်သွားပြီး သူရပ်နေသည့် နေရာသည် အမြောက်ကျည်ထိမှန်သွားသည့်အလား အမှုန်အမွှားများ လွင့်ပျံလာချိန်ကာ ကြီးမားကျယ်လောင်သော အသံထွက်ပေါ်လာသည်။
ဟန်ရှောင်းသည် ပျံသန်းသွားပြီး ရန်သူဖွဲ့စည်းရာသို့ ချက်ချင်း ပြေးဝင်သွားသည်။ ဂျာမီနယ်စစ်သားများ တစ်ယောက်ပြီးတစ်ယောက် လေထဲလွင့်ပျံကုန်သည်။
ထိုအချိန်တွင် စစ်မြေပြင်၌ ရုန်းရင်းဆန်ခတ် ဖြစ်သွားတော့သည်။