တစ်ကမ္ဘာလုံး တုန်လှုပ်ခြင်း ၂
Vol. 17 Ch. 249
ထွက်ပေါ်လာသည့် ပထမဆုံးစိတ်ကူးမှာ ဒုံးကျည်ဆန့်ကျင်ရေးကိရိယာကို တည်ဆောက်ရန်ဖြစ်ပြီး တိုးချဲ့နိုင်သော အပေါ့စားခံတပ်ဟု ခေါ်သည့် စစ်မှန်သော ခံတပ်အတွက် အခြေခံဒီဇိုင်းပုံစံကို သူသိနေသည်။ ၎င်းသည် ပစ်မှတ်ကိုကာကွယ်ကာ ပေါက်ကွဲခြင်းနှင့် တုန်လှုပ်ခြင်းလှိုင်းများကို ပိတ်ဆို့စေသည့် ရွှေဒိုင်းတစ်ခုအဖြစ် ရုတ်တရက်ဖြစ်ပေါ်လာနိုင်သည်။
ကာကွယ်ရေးစက်ပစ္စည်းများအတွက် ဒီဇိုင်းပုံစံအမျိုးမျိုးရှိခဲ့ပြီး အသုံးအများဆုံးတစ်ခုမှာ စွမ်းအင်ဒိုင်းဖြစ်သည်။ သို့သော်၊ ထိုဒိုင်းများအတွက် လိုအပ်သောအသိပညာမှာ စွမ်းအင်လေ့လာမှုတွင် အတန်းအစား တိုးတက်ထားရန် လိုအပ်ပြီး ဤပေါ့ပါးသောခံတပ်အမျိုးအစားသည် မြင့်မားသောကျွမ်းကျင်မှု မလိုအပ်ပေ။ ဒီဇိုင်းပုံစံဖန်တီးရန်အတွက် ဒီဇိုင်းပုံစံနှင့် အခြေခံနားလည်မှုအချို့သာ လိုအပ်ပြီး ခုခံနိုင်မှုနှင့်း ခံနိုင်ရည်မှာ အသုံးပြုထားသည့် ပစ္စည်းများအပေါ်တွင် မူတည်မည်ဖြစ်သည်။
သို့သော် ဟန်ရှောင်းသည် ထိုအကြံကို အမြန်ပယ်ချလိုက်သည်။ တွင်ခုံစက်မရှိဘဲ ရှုပ်ထွေးသော စက်ယန္တရားများကို ဖန်တီးနိုင်မည်မဟုတ်ပေ။ သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာ ရန်သူ၏ကိရိယာများမှ အစိတ်အပိုင်းအချို့ကို ထုတ်နှုတ်ခြင်းဖြင့် ယာဉ်ကို ပြုပြင်မွမ်းမံခြင်းနှင့် မြှင့်တင်ခြင်းပင်ဖြစ်သည်။ အပေါ့စားခံတပ်တစ်ခုဖန်တီးရန်မှာ အလွန်များလွန်းနေ၏။
ရွေးချယ်မှုကို ဖယ်ရှားပြီးနောက် ဟန်ရှောင်းသည် နောက်ထပ် အကြံတစ်ခု ရခဲ့သည်။
ဒုံးခွင်းဒုံးကာကွယ်ရေး... ငါတို့ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်မှရမယ်။
…
ဟန်ရှောင်းဌာနချုပ်မှ လွတ်မြောက်ပြီးနောက် ဂျာမီနယ်အဖွဲ့မှ နှောင့်နှေးမှုမရှိဘဲ တုံ့ပြန်ခဲ့သည်။ ခေါင်းဆောင်၏ ကွပ်ကဲမှုအောက်တွင်၊ ဂျာမီနယ်အဖွဲ့အစည်း၏ မရေမတွက်နိုင်သော တပ်ဖွဲ့များသည် ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေများကို စတင်၍ ပိုက်စိတ်တိုက် ရှာဖွေကြသည်။ လေတပ်နှင့် မြေပြင်တပ်များကို တစ်ချိန်တည်းတွင် အသုံးချလိုက်သည်။ ဤစစ်ဆင်ရေး၏ အတိုင်းအတာသည် သင့်လျော်သော စစ်မြေပြင်တစ်ခုနှင့် ဆင်တူသည်။
တစ်နာရီအကြာတွင် နိုင်ငံ၆ခြောက်နိုင်ငံက ဂျာမီနယ်အဖွဲ့အစည်း၏ လှုပ်ရှားမှုကို ကောက်ယူနိုင်သွားသည်။ မည်သည့်သတင်းမှမရှိဘဲ၊ ဖြစ်နိုင်ချေရှိသော တိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ထားရပြီး ဂျာမီနယ်အဖွဲ့အစည်း၏ မည်သည့်နည်းဗျူဟာကိုမဆို တားဆီးရန် ၎င်းတို့၏လုံခြုံရေးနှင့် ကာကွယ်ရေးအမိန့်ကို တိုးမြှင့်ထားသည်။ ထို့နောက် ထိုညတွင်ပင် နိုင်ငံ၆နိုင်ငံမှ အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပပြီး လက်ရှိတိုက်ပွဲကို ခွဲခြမ်းစိတ်ဖြာကာ ဂျာမီနယ်အဖွဲ့အစည်း၏ စစ်ရေးလှုပ်ရှားမှုနောက်ကွယ်မှ အကြောင်းရင်းကို နားလည်ရန် ကြိုးစားကြသည်။
နာရီဝက်ခန့် အပြင်းအထန် ဆွေးနွေးပြီးတဲ့ နောက်တွင်၊ သူတို့မှာရှိသော အထောက်အထားများမှ သူတို့၏ စိတ်တွေကို တုန်လှုပ်သွားစေနိုင်သည့် ကောက်ချက်ချမှုကို ရောက်လာ၏။
သူတို့က ဘယ်သူတွေကို လိုက်ရှာနေကြတာလဲ။
နိုင်ငံ၆နိုင်ငံသည် သူတို့၏စစ်တပ်ကို ဂျာမီနယ်အဖွဲ့အစည်း၏ အခြေစိုက်စခန်းရှေ့သို့ တွန်းပို့ခဲ့ပြီးချိန်တွင်ပင်၊ သူတို့က တစ်စုံတစ်ဦးကို လိုက်လံရှာဖွေရန် အရင်းအမြစ်များကို ဖြုန်းတီးပစ်ရန် အချိန်ကျန်နေသေးသည်။ အဲဒီလူက အရမ်းထူးခြားရမယ်။
အခြေအနေမှာ အကောင်းဆုံးမဟုတ်ဘဲ၊ နိုင်ငံ၆နိုင်ငံသည် ဂျာမီနယ်အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကို ရပ်တန့်သင့်သလားဆိုတာ ငြင်းခုန်တုန်းရှိသေးသည်။ ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်လေ့ရှိသော်လည်း ထောင်ချောက်တစ်ခုဖြစ်နေမည်စိုး၍ Raylen၊ သီးစီးရပ်စ်နှင့် Ordina တို့သည် ကြားဝင်စွက်ဖက်ရန် အယူအဆကို ဆန့်ကျင်ကြပြီး၊ ခြောက်နိုင်ငံသည် ကြိုတင်ခန့်မှန်းနိုင်သော တိုက်ပွဲဖြစ်ရန် မူလမဟာဗျူဟာအစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သင့်သည်ဟု အကြံပြုကြသည်။
တပ်မှူးများ ဆွေးနွေးနေချိန်တွင် ကြယ်နဂါးနိုင်ငံ၏ တပ်မှူးသည် ဌာန၁၃ ထံမှ မက်ဆေ့ချ်ကို ရုတ်တရက် လက်ခံရရှိခဲ့သည်။ သူ့မျက်နှာမှာ တုန်လှုပ်ခြောက်ခြားသွားကာ "အားလုံးစောင့်ပေးကြပါ၊ ငါ့တပ်တွေက အရေးကြီးတဲ့ အချက်အလက်တွေ ရထားတယ်။ လိုက်ဖမ်းခံရသူက ကျွန်တော့်ဆက်သွယ်ရေးဌာနကို ဆက်သွယ်တယ်။ ကျေးဇူးပြုပြီး သူ့ရဲ့ မက်ဆေ့ချ်ကို ပင်မချန်နယ်သို့ ပေးပို့ခွင့်ပြုပါ။
လူတိုင်း အံ့သြသွားကြသည်။
မော်နီတာသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်ပြီး ဟန်ရှောင်း၏မျက်နှာသည် ပေါ်လွင်လာသည်။ သူသည် သူ၏မူလအသွင်အပြင်ကို အသုံးပြုကာ ဂျာမီနယ်အဖွဲ့အစည်း၏ အလိုအရှိဆုံးလူများထဲမှ ဇီးရိုးဖြစ်ကြောင်း တပ်မှူးများက လျင်မြန်စွာ သတိပြုမိသွားကြသည်။ နိုင်ငံ၆နိုင်ငံအား သတင်းအချက်အလက်များကို ဆက်လက်ပံ့ပိုးပေးသူသည် သူတို့၏မျက်စိရှေ့တွင် ပေါ်လာသည်။ စားပွဲဝိုင်းရှိ တပ်မှူးများ အံ့သြသွားကြသည်။
"မင်းကို ဂျာမီနယ်အဖွဲ့အစည်းက လိုက်ရှာနေတာလား။"
"မင်းဘာလို့ ဂျာမီနယ်အဖွဲ့အစည်းရဲ့ နယ်မြေထဲမှာ ရောက်နေတာလဲ။"
“ကျွန်တော် ဌာနချုပ်ကို စိမ့်ဝင်ပြီး စနစ်ရဲ့ ပင်မကနေ အဓိကအချက်အလက်ကို ရယူခဲ့တယ်” ဟန်ရှောင်းက ပြန်ဖြေသည်။ “သူတို့ရဲ့တပ်တွေ၊ ဗျူဟာတွေနဲ့ ဒုံးကျည်ဖြန့်ဖြူးမှုဆိုင်ရာ သူတို့ရဲ့ အချက်အလက်အားလုံးဟာ အခု ကျွန်တော့်လက်ထဲမှာ ရှိနေပါပြီ။ ထို့ကြောင့် ဂျာမီနယ်အဖွဲ့အစည်းက ကျွန်တော့ကိုသတ်ရန် သူတို့ရှိသမျှကို အသုံးပြုနေပါသည်။ အခုလည်း မင်းတို့နဲ့ အပေးအယူချင်တယ်"
တပ်မှူးများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ဂျာမီနယ်အဖွဲ့အစည်းတွင် သတင်းအချက်အလက်များကို ခိုးယူရန် ဇီးရိုးကို မည်သူမျှ မပြောခဲ့ကြသော်လည်း သူကိုယ်တိုင်ပြုလုပ်ခဲ့သည်။ ဂျာမီနယ်အဖွဲ့အစည်းအပေါ် ဇီးရိုး၏ အမုန်းတရားက မည်မျှရှိနေသနည်း။ သူက ငါတို့ထက်တောင် သူတို့ကို ဖျက်ဆီးချင်နေတယ်။
"ဆက်ပြောပါ။"
“မင်းတို့ရဲ့တပ်တွေကို လွှတ်လိုက်၊ ရန်သူတပ်တွေကို ဝင်စွက်ဖက်ပြီး ကျွန်တော်ဘေးကင်းဖို့ သေချာအောင် လုပ်ပေးပါ။ ကျွန်တော်ဘေးကင်းပြီးတာနဲ့ သတင်းက မင်းတို့အပိုင်ပဲ။"
ဟန်ရှောင်းသည် နိုင်ငံ၆နိုင်ငံ၏ အကူအညီကို လဲလှယ်ရန်အတွက် သတင်းကို အလဲအလှယ်အဖြစ် အသုံးပြုရန်ပြင်ဆင်ထားသည်။ သတင်းသည် မူလက နိုင်ငံ၆နိုင်ငံသို့ ပေးပို့မည်ဖြစ်ပြီး ယခုအခါ ၎င်းတို့သည် ဤအချက်အလက်များအတွက် တိုက်ပွဲဝင်ရမည်ဖြစ်သည်။
အစတွင်၊ ဟန်ရှောင်း၏အကြံအစည်သည် သတင်းကိုခိုးယူရန်ဖြစ်ပြီး၊ သူ့ကို သိရှိခြင်းမရှိဘဲ ထွက်သွားမည်ဖြစ်သည်။ သို့သော် ကံကြမ္မာရဲ့ကလေး၏ ကြိုတင်သိမြင်မှုသည် ဟန်ရှောင်း၏ အကြံအစည်ကို အနှောင့်အယှက်ဖြစ်စေပြိး ခေါင်းဆောင်အား ချောင်းမြောင်းတိုက်ခိုက်ခွင့်ကို ရစေခဲ့သည်။ ထို့ကြောင့် သူ့အနေဖြင့် အခြေအနေအရ ညှိယူရတော့သည်။
ဟန်ရှောင်းသည် ကံကြမ္မာရဲ့ကလေး၏ ပေါ်ထွက်လာမှုကို မမျှော်လင့်ထားသော်လည်း အရာအားလုံး အစီအစဉ်အတိုင်း အမြဲသွားနေမည်မဟုတ်သောကြောင့် သူစိတ်မပျက်ခဲ့ပေ။ အခြေအနေအသစ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်သရွေ့ မတော်တဆမှုတွေ ဖြစ်မှာကို ကြောက်စရာမလိုပေ။
အရာရှိတစ်ဦးက အေးစက်စွာပြောသည် "မင်းမှာ သတင်းအချက်အလက်တွေ ရှိတယ်ဆိုတာ မင်းအခုချက်ချင်းမပြောဘဲနဲ့ သက်သေပြလို့မရဘူး။ အဲဒီလိုလုပ်ရင် မင်းကိုကာကွယ်ဖို့ ငါတို့စဉ်းစားမယ်။”
"ဒီသတင်းက ဂျာမီနယ်အဖွဲ့အစည်းကို မြေပြင်အထိ ပြာကျသွားစေနိုင်ပြီး၊ ဒါက တိုက်ပွဲအောင်ပွဲအတွက် မရှိမဖြစ်လိုအပ်တယ်" ဟန်ရှောင်းက ပြန်ပြောသည်။ "ငါ့ရဲ့စည်းကမ်းတွေကို မင်းလက်မခံရင် ဒီ သတင်းက ငါ့ခန္ဓာကိုယ်နဲ့အတူ သင်္ဂြိုဟ်သွားလိမ့်မယ်။ မဟုတ်ဘူး… ငါတင်မကဘဲ မင်းတို့ရဲ့ စစ်သည်တွေအားလုံးလည်း သေကြလိမ့်မယ်။ အကယ်၍ ဂျာမီနယ်အဖွဲ့အစည်းက ရှုံးနိမ့်သွားရင်၊ သူတို့က သူတို့ရဲ့ နျူကလီးယားလက်နက်တွေ အားလုံးကို အစပျိုးပြီး လူတိုင်းကို သုတ်သင်ပစ်နိုင်သည်။ အဲဒီအချိန်ကျမှဆိုရင် ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ရလိမ့်မယ် - ကျွန်တော်ကမ်းလှမ်းတာကို ဘာလို့ ရိုးရိုးလေး လက်မခံလိုက်တာလဲလို့။"
ဟန်ရှောင်းသည် ၎င်းတို့၏ အဓိကအကြောင်းကို ထောက်ပြသောအခါ တပ်မှူးများသည် စိုးရိမ်ပူပန်လာကြသည်။ ဂျာမီနယ်အဖွဲ့အစည်းတွင်ရှိသော နျူကလီးယားဗုံးများ၏ အရေအတွက် သို့မဟုတ် တည်နေရာကို ၎င်းတို့ မသိခဲ့ကြပေ။ အကယ်၍ ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များရနိုင်လျှင် ဤအကြီးမားဆုံးခြိမ်းခြောက်မှုကို ဖယ်ရှားရန် အေးဂျင့်များ၊ လက်ရွေးစင်များနှင့် သန်မာသောစစ်သားအားလုံးကို စေလွှတ်နိုင်လိမ့်မည်။
"ငါတို့ မင်းကို ဘယ်လိုယုံနိုင်မှာလဲ"
“ကျွန်တော့်ရဲ့ ကျေးဇူးကို ဖော်ပြဖို့အတွက်၊ ‘သေမင်းလက်’ စနစ်နဲ့ ပတ်သက်တဲ့ ပထမဆုံး စာရွက်စာတမ်းတွေကို ကြယ်နဂါးနိုင်ငံရဲ့ တပ်ဖွဲ့တွေဆီ ပို့ပေးလိုက်ပြီ။ ကြယ်နဂါးနိုင်ငံရဲ့ ဆက်သွယ်ရေးအေဂျင်စီအတွက် ကျွန်တော်အလုပ်လုပ်ခဲ့ဖူးပြီး ကြယ်နဂါးနိုင်ငံက သက်သေခံနိုင်ပါတယ်။”
ကြယ်နဂါးနိုင်ငံသည် အာရုံစူးစိုက်မှု ရှေ့သို့ တွန်းပို့ခံလိုက်ရသည်။ လူတိုင်းက ကူဟွေ့ကို ကြည့်လိုက်တော့ ကူဟွေ့က စိတ်ဆင်းရဲနေပုံရသည်။ စိတ်အနှောင့်အယှက် ဖြစ်နေသည့်အမူအရာဖြင့် ခေါင်းညိတ်ပြသည်၊ အမှန်ဖြစ်သည်ဟု ဆိုလိုသည်။
“ဂျာမီနယ်အဖွဲ့အစည်းမှာ ခိုင်မာတဲ့ လုံခြုံရေးစနစ်ရှိတယ်။ ငါတို့ရဲ့ လက်ရွေးစင် အေးဂျင့်တွေတောင် ဌာနချုပ်ကို မစိမ့်ဝင်နိုင်ဘူး။ မင်းဘယ်လိုကျော်ဖြတ်ခဲ့တာလဲ။" တခြားအရာရှိက မေးသည်။
ဟန်ရှောင်းက သူ့ပါးကို ပုတ်လိုက်သည်နှင့် သူ့အသွင်အပြင် တဖြည်းဖြည်း ပြောင်းလဲသွားသည်။
သူ့မျက်နှာကို ကြည့်ပြီးနောက် နိုင်ငံ၆နိုင်ငံမှ တပ်မှူးများအားလုံး မတ်တပ်ထရပ်လိုက်ကြရာ ကုလားထိုင်များ လှိမ့်ထွက်သွားသည်။ လူတိုင်း မှင်သက်သွား၏။
ဒါက Black Phantom ရဲ့ မျက်နှာ။
“မင်းက…” “Black Phantom‽” ကူဟွေ့မှာ မယုံနိုင်လောက်အောင် ဖြစ်ပြီး ပြုတ်ကျလုနီးပါးဖြစ်သွား၏။
ဟန်ရှောင်းသည် ရုပ်ပုံကို ချိန်ညှိပြီး သူ့ခန္ဓာကိုယ်ဘေးတွင် Viper ကို ပြသလိုက်သည်။ “ဇီးရိုး၊ Black Phantom၊ သူတို့ နှစ်ယောက်စလုံးက ကျွန်တော့်ရဲ့ လက္ခဏာတွေပဲ။ မင်းတို့ ကျွန်တော့်ကို ဟန်ရှောင်းလို့ ခေါ်လို့ရတယ်။"
ကူဟွေ့ အသက်ရှူသံ မြန်လာသည်။ ဌာန၁၃ သည် ဇီးရိုးကို ခြေရာခံရန် လူများစေလွှတ်ရန် ကြိုးစားခဲ့သည်။ ပစ်မှတ်များမှာ အိုးမဲ့အိမ်မဲ့ ရွှေ့ပြောင်းနေထိုင်သူများအားလုံးဖြစ်ပြီး ဇီးရိုးသည် ထိုကဲ့သို့သော လူအုပ်စုများအနီးတွင်သာ ပုန်းအောင်းနေနိုင်သည်ဟု ထင်သောကြောင့်ဖြစ်သည်။ ဖြစ်ချင်တော့ သူတို့က လမ်းကြောင်းမှားကို ရှာဖွေခဲ့ကြသည်။ ဟန်ရှောင်းဟာ ဘယ်တုန်းကမှ ဖုံးကွယ်ဖို့ မကြိုးစားခဲ့ဘဲ Dark Net မှ ဒဏ္ဍာရီဆန်ဆန် လူသတ်သမား ဖြစ်လာသည်။
တပ်မှူးတွေက အမှန်တရားကို မယုံနိုင်ပေ။ Black Phantom သည် နိုင်ငံအများစုတွင် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး ၎င်း၏မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ ရှာမတွေ့နိုင်ပေ။ ယခုလည်း သူသည် ဂျာမီနယ်အဖွဲ့အစည်း၏ အလိုအရှိဆုံး သစ္စာဖောက် ဇီးရိုးအဖြစ် ပေါ်ထွက်လာသည်။
မျက်နှာဖုံးသည် ၎င်း၏အသုံးပြုသူကို ချက်ခြင်းအသွင်အပြင်ကို ပြောင်းလဲခွင့်ပြုခဲ့ပြီး တပ်မှူးများကို အံ့အားသင့်စေခဲ့သည်။ ဟန်ရှောင်းက သူတို့ဘက်မှာ ရှိနေတာကို သူတို့ ဝမ်းသာနေကြ၏။
ဟန်ရှောင်းက သူ့မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ့မျက်နှာက တည်ငြိမ်သွားသည်။ သူသည် တည့်တည့်မတ်တပ်ရပ်ပြီး အစွမ်းထက်လှသည်။ ဟန်ရှောင်းသည် သူ့ကိုယ်သူ ဖုံးကွယ်ရန် မလိုအပ်တော့ပေ။ များမကြာမီ သို့မဟုတ် နောက်ပိုင်းတွင်၊ ဂျာမီနယ်အဖွဲ့အစည်းသည် ဤသတင်းကို ဖြန့်လိုက်မည်ဖြစ်သောကြောင့် ဟန်ရှောင်းသည်လည်း ထိုလျှို့ဝှက်ချက်ကို သူ့ဘာသာသူထုတ်ဖော်နိုင်ပြီး၊ ၎င်းသည် ဒဏ္ဍာရီအမှတ်များရရှိရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
အစည်းအဝေးခန်းက တိတ်ဆိတ်သွားသည်။ ဘယ်သူမှ စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။ ခဏအကြာတွင် တပ်မှူးများသည် အမှန်တရားကို စတင်လက်ခံလာကြသည်။
“ငါတို့ သဘောတူညီချက်ကို လက်ခံပါတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ ငါတို့တပ်တွေ လွှတ်လိုက်မယ်။ သဘာဝဂြိုလ်တု လုံခြုံရေးနှင့် ဒုံးကျည် ဆန့်ကျင်ရေး ကိရိယာကို အသက်သွင်းလိုက်မှာဆိုတော့ ဂျာမီနယ်အဖွဲ့အစည်းရဲ့ ဒုံးကျည်တွေ မြေပြင်ပေါ်ကျဖို့ နည်းလမ်းမရှိတော့ဘူး။ အစောင့်အကြပ်တပ်တွေက အချိန်အနည်းငယ်ကြာနိုင်တယ်။ ငါတို့မှာ ဝေဟင်ခွင့်ပြုချက် မရှိဘူးဆိုတော့ လေတပ်က မင်းကို တိုက်ပွဲက ဝေးရာသို့ တိုက်ရိုက်မပို့ဆောင်နိုင်တော့ဘူး။ ငါတို့ ဆွေးနွေးပြီးရင် ဆုတ်ခွါရမယ့်နေရာကို ပြောပြမယ်။”
ဟန်ရှောင်းပြုံးလိုက်သည်။ “ကောင်းပြီ။”
…
ဆက်သွယ်ရေးစက်ကို ပိတ်ပြီးနောက် ဟန်ရှောင်းက သက်ပြင်းရှည်ကြီး ချလိုက်သည်။ စေ့စပ်ညှိနှိုင်းမှု အောင်မြင်ပြီး နိုင်ငံ၆နိုင်ငံမှ တပ်ဖွဲ့များသည် ဘေးဘက်မှ တိုးဝင်ကာ ဂျာမီနယ်တပ်များကို ဝင်ရောက်စွက်ဖက်မည်ဖြစ်သည်။ ဒါက ဟန်ရှောင်းရနိုင်သည့် အကြီးဆုံး မဟာမိတ်ပင်။
ထိုအချိန်တွင်၊ ဟန်ရှောင်းသည် သူ့မျက်နှာဖုံးကို ဝတ်ဆင်ရန် မလိုအပ်တော့ပေ။ အေးမြသောလေသည် သူ့ပါးပြင်ပေါ်သို့ တိုက်ခတ်လာသည်။ လွတ်လပ်ခြင်းရဲ့ ခံစားချက်ကို မြည်းစမ်းရင်း မျက်လုံးကို မှိတ်ထားလိုက်သည်။
ခြောက်လကျော်ကြာအောင် ၀တ်ထားပြီးနောက် နောက်ဆုံးတွင် သူ၏မျက်နှာဖုံးကို ချွတ်နိုင်ခဲ့သည်။ ဖုံးကွယ်စရာ အကြောင်းမရှိတော့ပေ။
ထိုညမှစ၍ ကမ္ဘာသူ ကမ္ဘာသားများ သိကြလိမ့်မည်။ သူက ဇီးရိုးဖြစ်သည်။ သူက Black Phantom ဖြစ်သည်။
ရေပင်လယ်ဂြိုလ်ပေါ်ရှိ အဖွဲ့အစည်းများသည် ဤအမှန်တရားကို လက်ခံပြီးနောက် ဒဏ္ဍာရီဆန်ဆန် အမှတ်များသည် ရေကဲ့သို့ ပြည့်လျှံသွားမည်ဖြစ်သည်။
ယခုလည်း သူလုပ်ရမည့်အရာမှာ မြေပြင်ရှိ ပိတ်ဆို့မှုကို ထိုးဖောက်ပြီး နိုင်ငံ၆နိုင်ငံ၏ အစောင့်အကြပ်အဖွဲ့နှင့် တွေ့ဆုံရန်ဖြစ်သည်။ ဟန်ရှောင်းအတွက်တော့ ဒီတိုက်ပွဲက ပြီးသွားပြီးဖြစ်သည်။
ဟီလာသည် အိပ်ပျော်နေသော အော်ရိုရာကို ပြန်ကြည့်ရင်း သူမ၏ အေးစက်နေသော အမူအရာမှာ ဖြည်းညှင်းစွာ အရည်ပျော်သွားသည်။
"မင်းက နိုင်ငံ၆နိုင်ငံကို ယုံကြည်အောင် လုပ်နိုင်ပြီဆိုတော့ သူတို့ရဲ့အကူအညီနဲ့ ငါတို့က အခု ဘေးကင်းပြီပေါ့။"
“မင်းရဲ့ သတိကို မလျှော့နဲ့။ ငါတို့မှာ မဟာမိတ်တွေရှိရင်တောင်မှ ငါတို့ကို ရှာတွေ့တဲ့အထိ လုပ်ရမယ်။” ဟန်ရှောင်းသည် ဟီလာ၏ စိတ်အားထက်သန်မှုကို သတ်ပစ်ရန် နှစ်ကြိမ်ပင် မစဉ်းစားခဲ့ပေ။
ကောင်းကင်သည် တဖြည်းဖြည်း တောက်ပလာပြီး ရှည်လျားသော ညသည် ကုန်ဆုံးသွားသည်။
နေထွက်ပြီးရင် တိုက်ပွဲ စလိမ့်မယ်။
…
ထိုညတွင် ဟန်ရှောင်း၏ စစ်မှန်သော အထောက်အထားသည် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းများသို့ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။
အဖွဲ့အစည်းတိုင်းက ထိတ်လန့်တုန်လှုပ်နေကြတယ်။
တစ်ကမ္ဘာလုံး တုန်လှုပ်သွားကြသည်။