← Chapters

နတ်ဆိုးသားရဲအရှင်သခင်နဲ့ တိုက်ခိုက်ခြင်း

Vol. 55 Ch. 744

နတ်ဆိုးသားရဲအရှင်သခင်နဲ့ တိုက်ခိုက်ခြင်း

Vol. 55 Ch. 744

"ငါ့ဓားတာအိုခွန်အားက ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားနဲ့ ယှဉ်နိုင်လုနီးပါး ဖြစ်လာပြီး" လီဖူချန်းက သူ့ရာသူ ပြောလိုက်တယ်။

ဓားအနုပညာအားဖြင့် မူလအစွန်းဓားအနုပညာရဲ့ပထမလှုပ်ရှားမှု၊ဓားပင်လယ်စက်ဝိုင်းက ဓားတာအိုအဆုံးစွန်းနဲ့ နီးကပ်နေပါတယ်။

ကျင့်ကြံခြင်းနည်းလမ်းအားဖြင့် မူလအစွန်းဓားနည်းလမ်းက ဓားတာအိုအဆုံးစွန်းနဲ့ နီးကပ်နေပါတယ်။

ကောင်းကင်အဆင့်မြင့်ဓားကိုပါ ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ လီဖူချန်းရဲ့ခွန်အားက အခု ကြောက်စရာကောင်းတဲ့အဆင့်တစ်ခုကို ရောက်ရှိနေပါပြီး။

"ငါက အဆင့်၄၂ရဲ့စဦးဆင့်မှာ ရှိနေတယ်"

စဦးဆင့်က အဆုံးစွန်းနဲ့ နီးကပ်လာတယ်။

အလယ်ဆင့်က အဆုံးစွန်းနဲ့ ပိုမိုနီးကပ်လာတယ်။

နောက်ပိုင်းဆင့်က အဆုံးစွန်းနဲ့ အလွန်နီးကပ်လာတယ်။

လီဖူချန်းက ‌အင်မော်တယ်မဟာတာအိုကို ဆက်လက်အားမထုတ်တော့ပါဘူး။ အဲဒါက အခုလောလောဆယ် သူ့အတွက် အသုံးမဝင်ပါဘူး။ လီဖူချန်းက အင်မော်တယ်မဟာတာအိုကို နားလည်ဖို့ ဆယ်နှစ် ဒါမှမဟုတ် ရာစုနှစ်တစ်ခုအထိ အသုံးချဖို့ ဆန္ဒမရှိရင် ထပ်မံတိုးတက်ဖို့က မဖြစ်နိုင်ပါဘူး။

လီဖူချန်းက ထရပ်ပြီး တောင်ပေါ်မှ ဆင်းသွားပါတယ်။

တောင်ထိပ်ရဲ့မြောက်ဘက်ခြမ်းမှာ နတ်ဆိုးအာဏာရှင်က အင်မော်တယ်မဟာဆာအိုကို အားထုတ်နေတုန်းပါပဲ။ လီဖူချန်း ထွက်သွားတာကို သိပေမယ့် သူက လိုက်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီတကြိမ်တော့ သူက နောက်တစ်ဆင့်ကို တက်ဖို့ စီစဉ်ထားပါတယ်၊ မဟုတ်ရင် သူက ဓားဧကရာဇ်ကို လက်စားချေနိုင်တော့မှာ မဟုတ်ဘူး။ လီဖူချန်းကတော့ ဓားဧကရာဇ်နဲ့ နှိုင်းယှဉ်ရင် ဦးစားပေးမဟုတ်ပါဘူးလေ။

"ဟမ်။ သူ မသေဘူးလား"

"နတ်ဆိုးအာဏာရှင်က သူ့ကို လွှတ်လိုက်တာလား"

"ဒါ ထူးဆန်းတယ်"

လီဖူချန်းက ဒဏ်ရာအနာတရမရှိဘဲ ဆင်းလာတာကို မြင်ပြီး သူတို့အားလုံးက အံ့ဩသွားပါတယ်။ နတ်ဆိုးအာဏာရှင်က အကျိုးအကြောင်းနားလည်တဲ့သူတစ်ယောက် ဖြစ်နေမယ်လို့ သူတို့က မထင်ထားပါဘူး။

တောင်ခြေကို ရောက်ရှိပြီး‌နောက် လီဖူချန်းရဲ့ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး သူ့ရဲ့ကိုယ်ပိုင်တာအိုက စတင်လည်ပတ်လာပါတယ်။

တောင်ထိပ်က တိုက်ပွဲကို အစစ်အမှန်တိုက်ပွဲလို့ ယူဆမရပါဘူး။ သူတို့ထဲ တစ်ယောက်ကမှ သူတို့ခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းကို အသုံးမပြုခဲ့ပါဘူး။

"ငါ့ရဲ့ခန္ဓာကိုယ်အပြင်အားက နတ်ဆိုးအာဏာရှင်ထက် နိမ့်ကျတယ်၊ ဒါပေမယ့် ငါ့မှာ ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ လိပ်ပြာအသိစိတ်အာရုံရှိတယ်။ ငါတို့သာ တိုက်ခိုက်ရင် ငါ ရှုံးလိမ့်မှာ မဟုတ်ဘူး"

ငွေလေသင်္ဘောက တောင်‌တွေ၊ မြစ်တွေ၊ ရေကန်တွေ၊ မြို့တွေပေါ်မှာ ဖြတ်သန်းသွားလာနေပါတယ်။ ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အားဖြင့် လီဖူချန်းက ဘယ်မြို့မှ မဝင်ပါဘူး။ သူတို့က စား‌သောက်ချင်တယ်ဆိုရင်တော့ သူတို့က ကြုံရာမြို့တစ်မြို့ကို ခဏတဖြုတ် ဝင်ရောက်လိုက်‌ရုံပါပဲ။

မသိလိုက်မသိဘာသာနဲ့ လီဖူချန်း သူ‌တော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိနေတာ နှစ်နှစ်ကြာသွားပါပြီး။

အဆုံးစွန်းတာအိုတောင်ပေါ်ရှိ ဓားတာအိုတိုးတက်မှုအပြင် နှစ်နှစ်အတွင်း လီဖူချန်းရဲ့ခွန်အားက မည်သည့်တိုးတက်မှုမှ မဖြစ်လာပါဘူး။

သည်အဆင့်မျိုးမှာ တိုးတက်ဖို့ဆိုတာ ခက်ခဲလွန်းတယ်လေ။

…

ညက နတ်ဆိုးသားရဲနဲ့နတ်ဆိုးတွေရဲ့ ကမ္ဘာပါ။

"အမ်"

အရှေ့မှ ကြောက်စရာ‌ကောင်းတဲ့နတ်ဆိုးချီလှိုင်းကို မြင်ပြီး လီဖူချန်းက မျက်မှောင်ကြုတ်လိုက်မိတယ်။

အတိတ်မှာတုန်းက  ဒီလိုနတ်ဆိုးချီလှိုင်းမျိုးကို သူက ဘယ်တော့မှ မရင်ဆိုင်ခဲ့ဖူးပါဘူး။

"‌နတ်ဆိုးသားရဲမဟာမင်းတစ်ကောင်များလား"

အရှင်သခင်သားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ နတ်ဆိုးသားရဲမဟာမင်းအချို့ ရှိပါတယ်။

မိုးကြိုးသားရဲကို ဥပမာကြည့်ပါ။ သူက အခု အလယ်ဆင့်နတ်ဆိုးသားရဲမင်းသာ ဖြစ်ပေမယ့် သူ့မှာ နတ်ဆိုးသားရဲမဟာမင်းတစ်ကောင်ရဲ့ ခွန်အားမျိုး ရှိပါတယ်။

သူကသာ နတ်ဆိုးသားရဲအကြိုမင်းဖြစ်လာမယ်ဆိုရင် မိုးကြိုးသားရဲက မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးပိုင်းကသူတွေရဲ့ခွန်အားမျိူး သေချာပေါက်ပိုင်ဆိုင်လာမှာပါ။

ဒါ့ပြင် မိုးကြိုးသားရဲက အဆင့်နိမ့်အရှင်သခင်သားရဲတစ်ကောင်မျှသာပါ၊ အလယ်ဆင့်အရှင်သခင်သားရဲတွေနဲ့ အဆင့်မြင့်အရှင်သခင်သားရဲတွေ ရှိပါသေးတယ်။

အရှင်သခင်သားရဲတွေက သူ‌တော်စင်နဲ့ တိုက်ခိုက်နိုင်ပါတယ်။ သူတော်စင်တွေနဲ့ မရင်ဆိုင်နိုင်တဲ့ နတ်ဆိုးသားရဲအရှင်သခင်တွေက သာမန်အားဖြင့် အရှင်သခင်သားရဲတွေ မဟုတ်ပါဘူး။ သူတို့က ကံကြမ္မာနဲ့ အချိန်ကို မှီခိုပြီး နတ်ဆိုးသားရဲအရှင်သခင်အဖြစ် ပြောင်းလဲလာတာပါ။

ဘာသာပြန်သူမှတ်စု: အရှင်သခင်သားရဲတွေက နတ်ဆိုးသားရဲအရှင်သခင်တွေဖြစ်လာဖို့ ကံဇာတာပါသူတွေပါ၊ ကြယ်ကိုးလုံးအရိုးတည်ဆောက်ပုံရှိသူတွေ၊ သူတော်စင်သွေးမျိုးဆက်ရှိသူတွေလိုမျိုးပေါ့။

မြို့ကို ဖုံးအုပ်ထားတဲ့ အစီအရင်က ဆုပ်ဖြဲခံလိုက်ရတယ်။ မရေမတွက်နိုင်တဲ့နတ်ဆိုးသားရဲတွေက မြို့ကို ဖျက်ဆီးနေတယ်။ ကြီးမားတဲ့နတ်ဆိုးသားရဲတစ်ကောင်က သူ့ရဲ့ပါးစပ်ကို ဖွင့်ပြီး လူမြောက်များစွာကို သူ့ရဲ့အစာအိမ်ထဲကို သွပ်သွင်းလိုက်ပါတယ်။

"ပြေးကြ"

မြို့ထဲမှာ အထွတ်အထိပ်ဆင့်ဧကရာဇ်တွေ၊ မဟာဧကရာဇ်တွေကတောင် လွတ်မြောက်ဖို့ ကြိုးစားနေကြပါတယ်။ အခုတော့ သူတို့က အခြားသူတွေကိုတောင် ဂရုမစိုက်အားတော့ပါဘူး။

"အဖေ၊ အမေ၊ သမီးကြောက်တယ်"

လမ်းပေါ်မှာ မိသားစုသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ဖက်လျက် ရှိနေကြတယ်၊ ကလေးမလေးရဲ့အသံက တုန်ယင်စွာ ထွက်ပေါ်လာတော့တယ်။

"ရှောင်ယင်း၊ သမီး မကြောက်နဲ့။ အဖေနဲ့အမေက သမီးနဲ့ အမြဲရှိနေမှာ"

အမျိုးသားနဲ့အမျိုးသမီးရဲ့တို့မျက်နှာတွေမှာ မျက်ရည်တွေနဲ့ ဖုံးလွှမ်းနေလေတယ်။

"ဟားဟား။ ဒါ ကျေနပ်စရာပဲ။ လူသားတွေက တကယ် အရသာရှိတယ်"

နတ်ဆိုးသားရဲကြီးက စုပ်အားတစ်ခုကို ထုတ်ဖော်လိုက်ပြီး မိသားစု‌သုံးယောက်အပါအဝင် လမ်းပေါ်ရှိ လူသားအားလုံးကို စုပ်သွင်းလိုက်လိုက်ပါတယ်။

"နတ်ဆိုးသားရဲ၊ သေစမ်း"

ဓားချီတွေက ကောင်းကင်မှ မုန်တိုင်းတစ်ခုပမာ ကျဆင်းလာတယ်။ သူတို့က လူသားတွေကို ရှောင်ကွင်းပြီး နတ်ဆိုးသားရဲတွေကိုသာ ပစ်မှတ်ထားနေကြတယ်။

မျက်စိတစ်မှိတ်အတွင်း မရေမတွက်နိုင်တဲ့နတ်ဆိုးသားရဲတွေက ဓားချီကြောင့် ထိုးဖောက်ခံလိုက်ရပါတယ်။

ကောင်းကင်မှာ ပုံရိပ်တစ်ခုက ဓားတစ်လက်ပမာ ရပ်နေတယ်။ ဓားချီတွေက သူ့ရဲ့ခန္ဓာကိုယ်မှ ထွက်လာနေတယ်။

ထိုလူက လီဖူချန်းက လွဲပြီး အခြားမဟုတ်ပါဘူး။

လိပ်ပြာအသိစိတ်အာရုံက သူတော်စင်အဆင့်ကို ရောက်ရှိသွားတာကြောင့် လီဖူချန်းက မူလဓားတွေကို ချို့ယွင်းချက်မရှိ ထိန်းချုပ်လာနိုင်ပါတယ်။ သူက နတ်ဆိုးသားရဲတွေမှ နတ်ဆိုးချီကို ပိတ်လှောင်ပြီးတာနဲ့ သူတို့က လူအုပ်ကြားမှာ ရောနေပစေ၊ သူက သတ်နိုင်ပါတယ်။ သူတို့ရဲ့ချီတည်ရှိမှုကို ပိတ်လှောင်ထားခြင်းမခံရတဲ့လူတွေကိုတော့ မူလဓားချီက မနာကျင်စေနိုင်ပါဘူး။

"လူသား၊ မင်းက ငါ ကောင်းကင်ခြေနင်းမဟာမင်းကို နှောင့်ယှက်ရဲတာပေါ့လေ။ မင်း သေချင်နေတာများလား"

နတ်ဆိုးသားရဲကြီးက ပြေးလာတယ်။

နတ်ဆိုးသားရဲကို ကြည့်ရတာ ဆင်တစ်ကောင်နဲ့ တူပြီး နွားတစ်ကောင်ရဲ့ဦးချိုတွေ ရှိပါတယ်။ ၎င်းရဲ့ခန္ဓာကိုယ်မှ ချီတည်ရှိမှုက မိုးကြိုးသားရဲထက် အဆထောင်ပေါင်းများစွာ ပိုကြောက်စရာကောင်းပါတယ်။

ဒါက အရှင်သခင်သားရဲဖြစ်တာကို လီဖူချန်းက မြင်လိုက်ရတယ်၊ ဒါကြောင့် သူက အဆင့်မြင့်နတ်ဆိုးသားရဲမင်းတစ်ကောင်ဖြစ်နေပါပြီး။

"မင်းကသာ သေချင်နေတာ"

လီဖူချန်းက ရန်သူရဲ့ဦးခေါင်းထံ လက်သီးတစ်ချက်‌ လွှတ်ပေးလိုက်တယ်။

ဘန်း........

ကောင်းကင်ခြေနင်းမဟာမင်းရဲ့ဦးခေါင်းက သွေးပွက်ပွက်အံသွားလေတယ်၊ ၎င်းရဲ့ခန္ဓာကိုယ်ကတော့ နောက်ကို လွင့်ထွက်သွားတယ်။

"သေစမ်း"

လီဖူချန်းက ရပ်မနေပါဘူး၊ သူက လိုက်သွားပြီး နောက်လက်သီးတစ်ချက်ကို ကောင်းကင်ခြေနင်းမဟာမင်းရဲ့ဦးခေါင်းဆီ ပစ်သွင်းလိုက်ပြန်တယ်။

ဆယ်ချက်၊အချက်နှစ်ဆယ်........

ကောင်းကင်ခြေနင်းမဟာမင်းရဲ့ဦးခေါင်းက နစ်မြုပ်သွားတော့တယ်။

သေခြင်းရဲ့အပိုင်းအခြားမှာ ကောင်းကင်ခြေနင်းမဟာမင်းက သူ့ရဲ့နှာမောင်းရှည်ကို မြင့်ပြီး ကျယ်လောင်စွာ နှာမှုတ်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူက ဟိန်းလိုက်တယ် "ငါ့အဖေက ကောင်းကင်တုန်လှုပ်အရှင်သခင်ပဲ၊ မင်း ငါ့ကို သတ်ရင် မင်း သေချာပေါက် သေရမယ်"

ကောင်းကင်တုန်လှုပ်အရှင်သခင်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးပေါ်မှာ ကျော်ကြားတဲ့နတ်ဆိုးသားရဲအရှင်သခင်တစ်ယောက်ပါ။ သာမန်သူတော်စင်တစ်ယောက်က သူ့ကို မဆန့်ကျင်ရဲပါဘူး။

"မင်းအဖေဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး။ မင်းက လူသားမျိုးနွယ်‌တွေကို သတ်ခဲ့မှတော့ မင်း သေရမယ်"

လီဖူချန်းက ကြယ်လက်ရဲ့ချီစွမ်းအားကို လှည့်ပတ်ပြီး လက်သီးတစ်ချက်ကို ကောင်းကင်ခြေနင်းမဟာမင်းထံ ထုတ်ဖော်လိုက်ပါတယ်။

မဟုတ်ဘူး၊ မင်း ငါ့ကို သတ်လို့မရဘူး၊ ငါ့အဖေက ကောင်းကင်တုန်လှုပ်အရှင်သခင်ပဲ၊ မင်း ငါ့ကို သတ်လို့မရဘူး"

ကောင်းကင်ခြေနင်းမဟာမင်းက အလွန်ကြောက်ရွံနေတော့တယ်၊ သူက မသေချင်ဘူးလေ။

"သေ......သေ"

လီဖူချန်းက ကျယ်လောင်စွာ ပြောပြီး ကြယ်တံခွန်နဲ့တူတဲ့လက်သီးတစ်ချက်နဲ့အတူ ကောင်းကင်ခြေနင်းမဟာမင်းကို ပေါက်ကွဲထွက်စေလိုက်ပါတယ်။

"ငါတို့တော့ သွားပြီး၊ ကောင်းကင်ခြေနင်းမဟာမင်းက သေသွားပြီး။ ငါတို့အားလုံးသေရတော့မယ်"

ကောင်းကင်ခြေနင်းမဟာမင်းနောက် လိုက်လာတဲ့ နတ်ဆိုးသားရဲမဟာမင်းတွေအားလုံးက ဆောက်တည်မရဖြစ်နေကြတော့တယ်။

လီဖူချန်းက လီဖူချန်းပါပဲ၊ သူက သူတို့ကို အခွင့်အရေးတစ်ခုတောင် မပေးပါဘူး။ ဧရာမလက်ကြီးတစ်ဖက်က ထွက်ပေါ်လာပြီး နတ်ဆိုးသားရဲမဟာမင်းတွေအကုန်လုံးကို ဆုပ်ကိုင်ချေမွလိုက်တော့တယ်။

တစ်ခဏလေးအတွင်း မြို့ကို ဖျက်ဆီးနေတဲ့ နတ်ဆိုးသားရဲအားလုံးက အသတ်ခံလိုက်ရပါတယ်။

ကျွန်တော်တို့ရဲ့မြို့ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်တို့မှာ သင့်ကို ပြန်လည်ပေးဆပ်စရာ ဘာမှမရှိဘူး၊ နောက်ဘဝကျရင် သင့်ရဲ့ကျွန်ဖြစ်ဖို့သာ ဆန္ဒပြုပါတယ်"

လူတွေအားလုံးက ဒူးထောက်နေလျက် ရှိတယ်။

လီဖူချန်းက ပြန်မပြောပါဘူး၊ ညကောင်းကင်ကိုသာ ကြည့်လိုက်လေတယ်။

"ဘယ်သူ ငါ့သားကောင်းကင်ခြေနင်းကို သတ်လိုက်တာလဲ။ ဘယ်သူလဲ"

ဟင်းလင်းပြင်မှ အသံတစ်ခု ပဲ့တင်ထွက်လာပြီး မြေကြီးကိုတောင် တုန်လှုပ်သွားစေလိုက်တယ်။ မြို့ရှိ အဆောက်အဦးတွေတောင် ပျက်စီးသွားပါတယ်။

"နတ်ဆိုးသားရဲအရှင်သခင်လား"

မြို့ထဲရှိ အထွတ်အထိပ်အဆင့်ဧကရာဇ်တွေ၊ မဟာဧကရာဇ်တွေအားလုံးရဲ့မျက်နှာက မှုန်မှိုင်းသွားတော့တယ်။

ဟက်.........

ဧရာမသားရဲလက်သည်းတစ်ခုက ကျဆင်းလာပြီး မြို့ကို ဖျက်ဆီးလုခါနီးပဲ။

"ငါတို့တော့ ပြီးသွားပြီး"

လူတိုင်းက သားရဲလက်သည်းတိုက်ခိုက်မှုကို ကြည့်လိုက်တယ်၊ ခုခံဖို့ ဆန္ဒတောင် သူတို့မှာ မရှိပါဘူး။

"သူ့ကို သတ်လိုက်တာငါပဲ၊ အဲတော့ ဘာဖြစ်ချင်လဲ"

လက်ဝါးကြီးတစ်ခုက သားရဲလက်သည်းကို တန်ပြန်တိုက်ခိုက်လိုက်ပါတယ်။

ဒိန်း.........

မြေပြင်က ဒီရေအလားဖြစ်သွားပြီး လီဖူချန်းက နောက်ကို လွင့်ထွက်သွားလေတယ်။

သူက နတ်ဆိုးသားရဲအရှင်သခင်နဲ့ တိုက်ခိုက်နိုင်ဖို့ နည်းနည်းလေးတော့ ကင်းမဲ့နေတုန်းပါပဲ။ တိုက်ပွဲခွန်အားအရဆိုရင် သူက နတ်ဆိုးအာဏာရှင်ကို မယှဉ်နိုင်ပါဘူး။

သူ့ရဲ့ခွန်အားက နတ်ဆိုးအာဏာရှင် ဒါမှမဟုတ် ဓားအာဏာရှင်ရဲ့အဆင့်ကို ရောက်နေရင် သူက သာမန်အဆင့်နိမ့်အရှင်သခင်တွေကို ဘက်ပြိုင်နိုင်မှာပါ။

***

All Chapters