လျှို့ဝှက်ဗျူဟာ
Vol. 17 Ch. 255
“ငါတို့ ထားခဲ့တဲ့ အစားအစာက မင်းအတွက် ငါးရက်လောက် ခံလိမ့်မယ်။ တတ်နိုင်သမျှ ချွေတာနိုင်အောင် ကြိုးစားပါ။ ဂျာမီနယ်အဖွဲ့အစည်းတပ်ဖွဲ့ဝင်တွေ လာတာကြားရင် ဘာအသံမှ မထွက်နဲ့” ဟန်ရှောင်းက မှာကြားနေသည်။
အော်ရိုရာက ငြိမ်သက်စွာ ခေါင်းညိတ်လိုက်သည်။ ဒူးနှစ်ဖက်ကြားတွင် ခေါင်းလေးငုံထားရင်း ဟန်ရှောင်းနှင့် ဟီလာတို့၏နောက်ကျောကို ကြည့်နေသည်။ "အစ်မ၊ စောင့်နေမယ်နော်"
ဟီလာခဏရပ်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ ရှေ့ကို ဆက်လျှောက်သွားသည်။
ဟန်ရှောင်းသည် ဂူကို ဖုံးအုပ်ပြီး တည်နေရာကို မှတ်သားခဲ့သည်။ ဟီလာကို ကားမောင်းစေပြီး နောက်ဖက်တွင်ထိုင်ကာ ကားလမ်းကြောင်းကို ခြေရာဖျောက်လိုက်သည်။ အော်ရိုရာပုန်းအောင်းနေသည့်နေရာကို လမ်းကြောင်းမှတစ်ဆင့် ဂျာမီနယ်အဖွဲ့အစည်းမှ မလိုက်နိုင်ကြောင်း သေချာအောင် လုပ်လိုက်သည်။
လမ်းမကြီးကိုရောက်ပြီးနောက် ဟန်ရှောင်းသည် ခရီးသည်ထိုင်ခုံထဲသို့ ပြန်ဝင်လာသည်။ ဟီလာက ဟန်ရှောင်းကိုကြည့်ပြီး မေးလိုက်သည်။ "ငါတို့ ဖြတ်ကျော်နိုင်မယ်လို့ မင်းယုံလား"
ဟန်ရှောင်းခေါင်းညိတ်လိုက်သည်။ “ကိုယ်မယုံကြည်တဲ့အရာကို လောင်းကြေးထပ်ဖို့ ငါ့ဘဝကို ဘယ်တော့မှ အသုံးချမှာမဟုတ်ဘူး။”
ဟီလာက ခဏလောက် ငြိမ်နေပြီးမှ သူမက “ငါတိုက်ပွဲမှာ သေသွားရင် ငါ့ညီမကို ကူညီစောင့်ရှောက်ပေးပါဦး။ မင်းရဲ့ ခွန်အားနဲ့ မင်း အသက်ရှင်ဖို့ အခွင့်အလမ်းက ငါ့ထက် အများကြီး ပိုများတယ်။"
“မင်း ဒီလေသံနဲ့ ထပ်ပြောရင် သေခြင်းတရားကို ထောင့်တစ်ကွေ့မှာ တွေ့လိမ့်မယ်ထင်တယ်” ဟန်ရှောင်းက မပြတာ ကြာပြီဖြစ်သော သေမင်းမျက်လုံးများနှင့် ပြောလိုက်သည်။
ဟန်ရှောင်းက သူမကို လှောင်ပြောင်နေသော်လည်း ဟီလာ၏ခံစားချက်ကို သူနားလည်သည်။ ဟီလာအတွက် သူမလျှောက်လှမ်းသမျှ ခြေလှမ်းတိုင်းသည် အန္တရာယ်များ ဖုံးကွယ်နေ၏။ သူမသည် ဟန်ရှောင်းလောက် မသန်မာဘဲ အနာဂတ်မှာ မသေချာလှပေ။ အခက်အခဲအားလုံးကို ဖြတ်ကျော်ရန် ဇွဲလုံ့လရှိ၍ အော်ရိုရာကို နှလုံးသားထဲမှ အကြွင်းမဲ့ ပြုစုစောင့်ရှောက်ရခြင်း၏ တစ်ခုတည်းသော အကြောင်းအရင်းဖြစ်သည်။ သူမသည် အော်ရိုရာအတွက် သူ့အသက်ကိုပင် စတေးလိုစိတ်ရှိခဲ့ပြီး၊ ထို့အတွက်ကြောင့် သူမသည် သူမ၏ ကံကြမ္မာအပေါ် အဆိုးမြင်သောအမြင်ကို စတင်ဖော်ထုတ်လာသည်။
သို့သော် ဟီလာ၏ စကားသည် ဟန်ရှောင်းအပေါ် သူမ၏ အပြည့်အဝယုံကြည်မှုကိုလည်း ပြသခဲ့ပြီး၊ ထိုယုံကြည်မှုသည် ဤဖြစ်ရပ်တွင် ဟန်ရှောင်းပါဝင်မစွက်ဖက်မီက ရှိခဲ့သော မူလရည်ရွယ်ချက်ဖြစ်သည်။
“ငါက နိုင်ငံ၆နိုင်ငံရဲ့ စစ်ကူတွေကို ဆက်သွယ်ခဲ့တယ်။ သူတို့သည် အနီးနားမှာ ရှိနေပြီ၊ မနက်ဖြန်မှာ တွေ့ဆုံရန်နေရာကို ဆုံးဖြတ်ထားသည်။ မနက်ဖြန် ဖောက်ထွက်မှု ကျရှုံးရင် ငါတို့ စစ်ကူရှိနေတုန်းဘဲ၊ ဒါပေမယ့် အားလုံး အဆင်ပြေရင် စစ်ကူတွေနဲ့ မတွေ့ဆုံခင် ဒီကနေ ထွက်သွားဖို့ ဖြစ်နိုင်တယ်။”
"ငါလည်း မျှော်လင့်ပါတယ်။"
ဟီလာက ဟန်ရှောင်းကို ကြည့်လိုက်ပြီး စကားထပ်မပြောတော့ပေ။
…
တစ်နာရီလောက်ကြာတော့ ကားက မထင်ရှားသော တောင်ကုန်းတစ်ခုပေါ်၌ ရပ်သွားသည်။
“စစ်ကူတွေနဲ့ မတွေ့ဆုံခင် ဆယ်နာရီဝန်းကျင်လောက် ရှိသေးတယ်။ အရှေ့ဘက်ခြမ်းကို ဖောက်ထွက်မယ်။ ဒါအစီအစဥ်ပဲ…” ဟန်ရှောင်းက Viper ကိုထုတ်ပြီး ဟီလာရှေ့မှာ တင်လိုက်သည်။ “မနက်ဖြန်တိုက်ပွဲမှာ မင်း ဒီဝတ်စုံကို ဝတ်ရမယ်။ ဒီဆယ်နာရီအတွင်းမှာ မင်းဝတ်စုံပေါ်က ထိန်းချုပ်မှုနဲ့ လက်နက်အားလုံးကို ကျွမ်းကျင်ရမယ်။"
ဟီလာအံ့အားသင့်သွားသည်။ "မင်းကရော?"
“ပိတ်ဆို့မှုကို ဖြတ်ကျော်နိုင်ဖို့ ပရမ်းပတာ ဖန်တီးရမယ်။ ငါသွားပြီးတော့ သူတို့ရဲ့ယာဉ်တွေနဲ့ ခဲယမ်းမီးကျောက်တွေကို ဖောက်ခွဲပစ်မယ်။ သူတို့က ငါ့ရဲ့အသွင်အပြင်ကို ပြောင်းလဲနိုင်စွမ်းအတွက် ပြင်ဆင်ထားပေမယ့် ငါ့မှာ မမြင်နိုင်တဲ့ စွမ်းအားလည်းရှိပါတယ်။” ဟန်ရှောင်းပြောသည့်စကားမှာ ဌာနချုပ်တွင် တစ်ကြိမ်သုံးဖူးသော ဒီယွန်၏ ဇာတ်ကောင်ကတ်ဖြစ်သည်။
ဟီလာသဘောပေါက်သွားတယ်။ "ဒါဆို မင်းနဲ့တူအောင် ငါက ယန္တရားဝတ်စုံကို အသုံးပြုပြီး ရန်သူတွေရဲ့ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ရမယ်၊ ဘာလို့လဲဆိုတော့ မင်းက သူတို့သတ်ချင်တဲ့ ပစ်မှတ်ပဲ"
ဟန်ရှောင်းခေါင်းညိတ်လိုက်သည်။ ဤနည်းဗျူဟာသည် ဂျာမီနယ်အဖွဲ့အစည်း၏ စိတ်ဓာတ်ကို အခွင့်ကောင်းယူခဲ့သည်။ လှည့်ကွက်တစ်ခုမျှသာဖြစ်ပြီး ဉာဏ်ကြီးရှင်မဟုတ်သော်လည်း၊ အစီအစဉ်သည် ထိရောက်မည်ဖြစ်သည်။
သူသည် ယန္တရားဝတ်စုံကို ချိန်ညှိကာ ဟီလာအတွက် ဝင်ခွင့်ဖွင့်ပေးပြီး ဝတ်ဆင်ရန် ကူညီလိုက်သည်။
ယန္တရားဝတ်စုံကို ၀တ်ဆင်ပြီးနောက် ၎င်းသည် အသစ်စက်စက် ခံစားချက်တစ်ခုဖြစ်သည်။ မြင်ကွင်းမှတဆင့် သူမသည် ကမ္ဘာသစ်တံခါးကို ဖြတ်ကျော်ဝင်ရောက်လာသကဲ့သို့ ပြင်ပကမ္ဘာကို ကြည့်ရှုလိုက်သည်။ ဟီလာသည် ချပ်ဝတ်တန်ဆာကို လှည့်ပတ်ရန် ကြိုးစားသော်လည်း မကြာမီတွင် ချပ်ဝတ်တန်ဆာ၏ ထူထပ်သောအလေးချိန်ကို သူမ ခံစားခဲ့ရသည်။ သူမသည် ဟန်ရှောင်းစကားကို နားထောင်ပြီး ဝတ်စုံ၏ ရှုပ်ထွေးနေသော ထိန်းချုပ်မှုများကို လေ့လာရန် ကြိုးစားနေသည်။
“ဘယ်လို ရှုပ်ထွေးတဲ့ ဒီဇိုင်းမျိုးလဲ။ ဒါအကုန် မင်းလုပ်ထားတာလား။" ဟီလာ၏ အသံတွင် အနည်းငယ် အံ့သြသည့်အသံ ပါနေသည် ။
"ဘာလဲ၊ ဒီဝတ်စုံက ကောင်းကင်ကနေ ပြုတ်ကျတယ်လို့ မင်းထင်တာလား။" ဟန်ရှောင်းက ပြန်ဖြေသည်။
ဟန်ရှောင်းသည် ဟီလာနှင့်အတူ Viper ၏ လေ့ကျင့်မှုကို ပြုလုပ်ပေးနေသည်။ သင်ယူရန် ဆယ်နာရီသာ ရှိသေးကြောင်း သူမသိသောကြောင့် သူမ အလွန်အာရုံစိုက်ထား၏။
ဟီလာက ထိန်းချုပ်မှုများကို အမှန်တကယ်ကျွမ်းကျင်ရန် ဟန်ရှောင်းအတွက် မလိုအပ်ပေ။ ဟီလာသည် ရန်သူများရှေ့တွင် သူမကိုယ်သူမ ခဏမျှ ကာကွယ်ရန်သာ လိုအပ်သည်။
အရှေ့အရပ်မှ နေထွက်လာသည်နှင့်အမျှ အမှောင်ထုက မှေးမှိန်သွားသည်။ တိုက်ပွဲအတွက် လေ့ကျင့်ချိန်ကို အနည်းငယ်ပင် မဖြုန်းတီးဘဲ ကုန်ဆုံးသွားသည်။
အဲဒီညက သူတို့နှစ်ယောက်လုံး မအိပ်ခဲ့ရပေ။
မိုးသောက်ချိန်ရောက်ပြီဟု သိသောအခါ ဟန်ရှောင်းက “အချိန်တန်ပြီ။ မင်းဝတ်စုံကို ချွတ်ဖို့ မလိုဘူး။ အစီအစဥ်ကို သတိရပြီး အမှားမလုပ်မိစေနဲ့။"
…
လွင်ပြင်တဝိုက်တွင် ဝိုင်းရံထားမှုသည် ငါးဖမ်းပိုက်ကြီးကဲ့သို့ လမ်းကြောင်းအားလုံးကို ဖုံးလွှမ်းထားသည်။ လုံခြုံရေးများက သေမင်းတမန်ဖြစ်နေပြီး တပ်ဖွဲ့များသည် ဌာနချုပ်မှ အမိန့်ကို စောင့်မျှော်နေပြီး နေရာတိုင်းတွင် ပြန့်ကျဲနေသည်။ ပတ်၀န်းကျင်ကို ဝိုင်းရံထားသောကြောင့် ခုခံရေးမျဉ်းသည် ပိုမိုထူထပ်ကာ ဖြတ်ကျော်ရန် ခက်ခဲစေသည်။ ထို့အပြင် တိုက်ခိုက်မှု မှန်သမျှကို လျင်မြန်စွာ ပံ့ပိုးပေးနိုင်သော ရွေ့လျား ဖြည့်တင်းရေး တပ်ဖွဲ့များလည်း ရှိသည်။
ဝိုင်းရံမှု၏ အရှေ့ဘက်ခြမ်းတွင် ကားအမြောက်အမြားသည် အသင့်အနေအထားတွင် ရှိနေကာ ရှေ့သို့ ဖြည်းညှင်းစွာ ချီတက်လာကာ ကားများအပြင်ဘက်တွင် စစ်သားများက လွင်ပြင်ပေါ်ရှိ လှုပ်ရှားမှုတိုင်းကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးပြီး လိုက်လာကြသည်။
Devin ‘ဒေဗင်’သည် ဤတပ်၏ အမှုဆောင်အရာရှိဖြစ်သည်။ သူသည် အကြီးတန်းအမှုဆောင်အရာရှိမဟုတ်သော်လည်း သူ့တွင် ကြွက်သားများကို သန်မာစေသော ‘အက်စ်ပါ’ပါဝါရှိသည်။ တိုက်ပွဲအတွင်းမှာ သူ့အရိုးတွေက ပေါ်ထွက်ပြီး သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းသွားလိမ့်မည်။ သူ့တစ်ကိုယ်လုံး ကြီးထွားလာပြီး အရိုးစု ချပ်ဝတ်တန်ဆာနှင့် နှစ်မီတာခွဲလောက် မြင့်လာပြီး သူ့ရဲ့ ခွန်အားနှင့် ခံနိုင်ရည်ကို သိသိသာသာ မြှင့်တင်ပေးသည်။
ဤ ‘အက်စ်ပါ’စွမ်းရည်သည် အားကောင်းပြီး ခြိမ်းခြောက်နိုင်သော်လည်း ရန်သူမှာ နာမည်ဆိုးဖြင့်ကျော်ကြားသော Black Phantom ဖြစ်သည်။ ဒေဗင်က သူ့ကို တားဖို့ ယုံကြည်မှု မရှိပေ။
ဒီကောင် ငါ့ဘက်က ဖောက်ဖို့ မကြိုးစားဘူးလို့ ငါမျှော်လင့်တယ်။ ငါသူ့ကို ဘယ်တော့မှ တားနိုင်မှာ မဟုတ်ဘူး၊ ဒေဗင်က သူ့စိတ်ထဲမှာ ဆုတောင်းနေသည်။
သူ့အဖွဲ့ထဲက အမှုဆောင်အရာရှိတွေလည်း ဒီလိုပဲ ခံစားရသည်။ ဂျာမီနယ်အဖွဲ့အစည်းပြိုကွဲသွားသည်နှင့်အမျှ လူအချို့သည် အဖွဲ့အစည်းအပေါ် ၎င်းတို့၏ သစ္စာစောင့်သိမှု တစ်စိတ်တစ်ပိုင်း ဆုံးရှုံးသွားကာ ၎င်းတို့၏ တာဝန်နှင့် လုပ်ထုံးလုပ်နည်းများအတွင်းတွင် လျော့ပါးလာကြသည်။ ဤသည်မှာ စစ်ရှုံးသည့်ဘက်မှ ဆိုးရွားသည့် သံသရာဖြစ်သည်။ ဂျာမီနယ်အဖွဲ့အစည်းကို ဘာသာရေးနှင့် ကယ်တင်ရှင်အဖြစ် ရှုမြင်သူများသာ ၎င်းတို့၏ သစ္စာစောင့်သိမှုကို မဆုံးရှုံးခဲ့ကြဘဲ ဤလူအုပ်စုများသည် နိုင်ငံ၆နိုင်ငံကို ဖြုတ်ချလိုသော ခေတ်ဟောင်းမှ လာသူများဖြစ်သည်။ သူတို့ လိုချင်သည်က သူတို့၏အသက်ကို စတေးပြီး နိုင်ငံ၆နိုင်ငံနှင့် စစ်တိုက်ဖို့သာဖြစ်သည်။ စစ်ပွဲများက ပိုပြီးသေစေနိုင်လေလေ၊ သူတို့ရဲ့ အမုန်းတရားတွေ သက်သာလာလေလေဖြစ်သည်။
ရုတ်တရက် ကင်းထောက်စစ်သားက “အရှေ့တောင်ဘက်ခြမ်းမှာ လှုပ်ရှားမှုရှိတယ်။ ကားတစ်စီးက အရှိန်ပြင်းပြင်းနဲ့ ချဉ်းကပ်နေတယ်!”
တပ်ဖွဲ့တစ်ခုလုံးကို လှမ်းကြည့်လိုက်တော့ သဲနဲ့ဖုန်တွေကြားကနေ မောင်းဝင်လာသော ဂျစ်ကားတစ်စီးကို တွေ့လိုက်ရသည်။ ဒရိုင်ဘာသည် အနက်ရောင် ယန္တရားဝတ်စုံကို ဝတ်ဆင်ထားကြောင်း လျင်မြန်စွာ တွေ့သွားကြ၏။
"သတိထား! ရန်သူ ပေါ်လာပြီ။”
ဘာလို့ ဒီဘက်က ဖြတ်ကျော်ဖို့ ရွေးချယ်ခဲ့တာလဲ"
ဒေဗင်သည် တုန်လှုပ်သွားပြီး သူမည်မျှကံမကောင်းကြောင်း ဆက်တွေးနေမိသည်။ ထွက်ပြေးဖို့တောင် တွေးလိုက်သေး၏။ ဟန်ရှောင်းသည် အမှုဆောင်အရာရှိ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ သူက နောက်ထပ်သားကောင်လည်း မဖြစ်ချင်တော့ပေ။
ရုတ်တရက် တင့်ကားတစ်စီးက ဂျစ်ကားကို ပစ်ခတ်လိုက်သည်။
ဒုန်း!
အသံက မိုးခြိမ်းသံထက် ပိုကျယ်လောင်ပြီး ဂျစ်ကားဘေးတွင် မီးခိုးများ ပေါက်ကွဲသွားတယ်။
ဂျစ်ကားသည် ပြင်းထန်စွာ တဆတ်ဆတ်တုန်ခါကာ ကျည်ဆန်များနှင့် ပေါက်ကွဲမှုများကို ရှောင်တိမ်းနေသည်။
ဂျစ်ကားသည် ရန်သူနှင့် မီတာငါးရာအကွာတွင်ရှိပြီးနောက် နောက်ဆုံးတွင် အမြောက်ကျည်ထိမှန်ကာ ဂျစ်ကား အပိုင်းပိုင်းကွဲထွက်သွားသည်။
တစ်ချိန်တည်းမှာပင် ဟီလာသည် ယန္တရားဝတ်စုံဖြင့် ခုန်တက်ကာ လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်များကို အသက်သွင်းပြီး ပိုမိုမြန်ဆန်သောအရှိန်ဖြင့် ရှေ့သို့ တိုးဝင်လာသည်။ ဟီလာသည် ဝတ်စုံအသစ်တွင် ပို၍ သွက်လက်နေသည်။ သူမသည် ဝင်လာသော ကျည်ဆံအားလုံးကို ရှောင်တိမ်းလိုက်ပြီး ရန်သူ့ကို ချက်ခြင်းပင် စက်သေနတ်ဖြင့် ပစ်ခတ်လိုက်သည်။
တိုက်ပွဲများ၊ ပေါက်ကွဲသံများ၊ အော်ဟစ်သံများ - စစ်မြေပြင်သည် ပရမ်းပတာဖြစ်နေသည်။
တိုက်ပွဲက ပိုပြင်းထန်လာ၏။
အခြေအနေကို ဌာနချုပ်ကို ချက်ချင်းပြန်အစီရင်ခံပြီး တိုက်ပွဲကို ပြခန်းမှာ ရှင်းရှင်းလင်းလင်း ပြသခဲ့ပါတယ်။ သတင်းကို အသည်းအသန် စောင့်မျှော်ပြီးနောက် ခေါင်းဆောင်သည် ခုန်ထလိုက်၏။
"နောက်ဆုံးတော့ သူပေါ်လာပြီ!" ခေါင်းဆောင်က အော်လိုက်သည်။ “အမြန်တုံ့ပြန်ရေးအဖွဲ့ကို စစ်ကူအဖြစ် စေလွှတ်ပါ။ အရှေ့ခြမ်းကို ဗဟိုပြုပြီး ပတ်၀န်းကျင်ကို ပိတ်ဆို့ဖို့ တခြားလူတွေကို ပြောပါ။”
အခြားတပ်များကလည်း အမိန့်ကိုလက်ခံပြီး စတင်လှုပ်ရှားကြသည်။ ခေါင်းဆောင်သည် ပြောင်းလဲနေသော ဖွဲ့စည်းပုံကို အနီးကပ် စိုက်ကြည့်နေသည်။ ဝန်းရံမှုသည် လွတ်မြောက်လမ်းကြောင်းအားလုံးကို ပိတ်နေသော ငှက်လှောင်အိမ်ကဲ့သို့ အရှေ့ဘက်ခြမ်းကို လျင်မြန်စွာ ပိတ်သွားသည်။
အောင်ပွဲက ငါ့အတွက်ပဲ။
လွင်ပြင်၏ အရှေ့ဘက်ခြမ်းတွင် ဟီလာသည် ဝတ်စုံဖြင့် ဆက်လက်တိုက်ခိုက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများစွာကို ဖန်တီးနေသည်။
ဟန်ရှောင်းအဖြစ် ဟန်ဆောင်ရန်အတွက် ဟီလာသည် သူမ၏ ‘အက်စ်ပါ’စွမ်းအားကို အသုံးမပြုဘဲ ဝတ်စုံဖြင့်သာ တိုက်ခိုက်ခဲ့သည်။
သူမသည် ယန္တရားပညာရှင်မဟုတ်ပေ၊ ဟီလာသည် ဝတ်စုံ၏ စွမ်းအားအစစ်ကို မထုတ်ပြနိုင်ပေ။ သူမအသုံးမချနိုင်သော စွမ်းရည်များနှင့် လက်နက်များစွာရှိနေသေးသောကြောင့် အခြေခံတိုက်ပွဲမုဒ်ဖြင့်သာ တိုက်ခိုက်နေရသည်။ သူမ တကယ်ပင် လျင်မြန်စွာ မောပန်းနွမ်းနယ်လာ၏။
သာမာန်စစ်သားများက သူမအား မတားနိုင်သောကြောင့် အမှုဆောင်အရာရှိက တိုက်ပွဲဝင်ရန် အချိန်တန်ပြီဖြစ်သည်။
ခရက်! ခရက်!
ဒေဗင်သည် စတင်ကြီးထွားလာသည်နှင့်အမျှ အရိုးကွဲအက်သံများ ပေါက်ကွဲထွက်လာသည်။ အရိုးများ ကွဲထွက်သွားပြီး သူ့အရိုးစု ချပ်ဝတ်တန်ဆာများ ဖြစ်ပေါ်လာပြီး သူသည် သေးငယ်သော ဘီလူးတစ်ကောင်ကဲ့သို့ အရပ်ရှည်ထွက်လာ၏။ ဒေဗင်သည် 'Black Phantom' ကို လက်သီးဖြင့်ထိုးရင်း ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများကို ဖိနှိပ်လိုက်သည်။ သူတို့၏ လက်သီးများ ထိပ်တိုက်တွေ့ကာ ပေါက်ကွဲစေတတ်သော လှိုင်းလုံးများ ထွက်ပေါ်လာသည်။
အုန်း!
အဲဒီလို စွမ်းအားမျိုး။ ဟီလာသည် အသက်ရှုကြပ်ပြီး မနည်းမတ်တပ်ရပ်နေ၏။ သူမသည် ဝတ်စုံအတွက် လုံလောက်သော ခွန်အား သို့မဟုတ် စက်ယန္တရားရင်းနှီးမှု မရှိပေ။ အခြေခံ တိုက်ခိုက်ရေး ကိန်းဂဏာန်းများသာ ရှိသဖြင့် သူမသည် ဒေဗင်၏ စွမ်းအားကို အသည်းအသန် ထိန်းထားရသည် ။
ဒေဗင်သည် သေရန် ပြင်ဆင်ထားသော်လည်း သူမတ်တပ်ရပ်နေဆဲဖြစ်၍ အံ့အားသင့်ခဲ့ရပြီး 'Black Phantom' သည် သူ၏လက်သီးကြောင့် ထိခိုက်သွားပုံရသည်။
သူဘာလို့ ဒီလောက်အားနည်းနေတာလဲ။ ဒေဗင်က သူ့စိတ်ထဲတွင် မေးခွန်းထုတ်နေသည်။