← Chapters

သေမျိုးလက်

Vol. 55 Ch. 745

သေမျိုးလက်

Vol. 55 Ch. 745

ညကောင်းကင်ယံမှာ ကြောက်စရာကောင်းပြီးကြီးမားတဲ့ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။

အဲဒါက လူတစ်ဝက်သားရဲတစ်ဝက်ပါ။ လူတစ်ယောက်ရဲ့ပုံစံရှိပြီး သားရဲတစ်ကောင်ရဲ့ဦးခေါင်းရှိပါတယ်။ လက်သည်းတွေက နတ်ဆိုးသားရဲလက်သည်းတွေဖြစ်ပြီး ခန္ဓာကိုယ်ကို အကြေးခွံတွေနဲ့ ဖုံးအုပ်ထားပါတယ်။ ဦးခေါင်းမှာ ရစ်ခွေနေတဲ့ဦးချိုတစ်ချောင်း ရှိပါတယ်။

"မင်းက သခင်လေးကောင်းကင်ခြေနင်းကို သတ်ခဲ့တဲ့သူလား"

လူသားပုံစံသားရဲက ဖြည်းဖြည်းချင်း လျှောက်လာနေတယ်။ ခန္ဓာကိုယ်အရွယ်အစားကြောင့် ခြေလှမ်းအသီးသီးက မြေပြင်ကိုတောင် တုန်ခါစေလိုက်တယ်။

"ဟုတ်တယ် ငါပဲ။ မင်းမှာ အစွမ်းရှိရင် ငါ့ကို လာသတ်လေ"

လီဖူချန်းက နောက်ဆုတ်ကာ ထွက်ပြေးသွားလိုက်တယ်။

"မင်း မလွတ်မြောက်နိုင်ဘူး" လူသားပုံစံနတ်ဆိုးသားရဲက လိုက်ဖမ်းလေတယ်။

မြို့နေလူထုက အလွန်လေးစားသွားပါတယ်။ လီဖူချန်းက နတ်ဆိုးသားရဲအရှင်ကို မျှားခေါ်သွားလိမ့်မယ်လို့ သူတို့ မထင်ထားပါဘူး။

ငွေလေသင်္ဘောထဲမှာ ဝူကျောက် မေးလိုက်တယ်" ဦးလေးအရိုင်းတောင်ထွတ်၊ ဆရာက နတ်ဆိုးသားရဲအရှင်သခင်ကို ရင်ဆိုင်နိုင်ပါ့မလား"

အရိုင်းတောင်ထွတ်မဟာဧကရာဇ်က ပြောလိုက်တယ်" သူက နတ်ဆိုးသားရဲအရှင်သခင်ကို မရင်ဆိုင်နိုင်ရင်တောင် သူ့အသက်ကို သေချာပေါက် ထိန်းသိမ်းနိုင်မှာပါ"

"ငါတို့လည်း လိုက်သွားကြရအောင်"

အရိုင်းတောင်ထွတ်မဟာဧကရာဇ်က ‌ငွေလေသင်္ဘောကို ထိန်းချုပ်ကာ နောက်မှ လိုက်သွားပါတယ်။

အထွတ်အထိပ်အဆင့်ငွေလေသင်္ဘောရဲ့ခုခံမှုနဲ့ဆိုရင် အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်က တိုက်ခိုက်မှုတစ်ချက်တည်းနဲ့ မချိုးဖျက်နိုင်ပါဘူး။ လီဖူချန်းအန္တရာယ်ရှိတဲ့အချိန်မှာ ကူညီဖို့ အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က စီစဉ်ထားလိုက်ပါတယ်။

မြို့မှ မိုင်ထောင်ပေါင်းများစွာအကွာ၊ လီဖူချန်းနဲ့လူသားပုံစံနတ်ဆိုးသားရဲတို့က ခရီးနှင်နေတုန်းပါပဲ။

"မင်းက ငါ၊ အားဘီလူးအရှင်သခင်လက်မှ လွတ်မြောက်ချင်နေတာလား။ အိမ်မက်သာ မက်လိုက်တော့" အားဘီလူးအရှင်သခင်က ပြောရင်းလီဖူချန်းအား ကုတ်ဆွဲလိုက်တယ်။

ဘုံး........

မြေပြင်က ‌ဧရာမလက်သည်းရာတစ်ခုဖြစ်သွားလေတယ်။ လီဖူချန်းက ရပ်ပြီး ပြန်လှည့်ကာ အားဘီလူးအရှင်သခင်ကို ရင်ဆိုင်လိုက်ပါတယ်။

"ထွက်မပြေးတော့ဘူးပေါ့" အားဘီလူးအရှင်သခင်က လူသတ်ချင်စိတ်အပြည့် ဖြစ်နေတယ်။

သူက ကောင်း‌ကင်ခြေနင်းမဟာမင်းရဲ့သေဆုံးမှုအတွက် တာဝန်ယူရမှာပါ၊ ကောင်းကင်တုန်လှုပ်အရှင်သခင်ကို ဘယ်လိုရင်ဆိုင်ရမလဲကို မသိသေးဘူး။ ကြောက်ရွံ့မှုက အားဘီလူးအရှင်သခင်ကို လီဖူချန်းအပေါ် အလွန်မုန်းတီးသွားစေပါတယ်။ သူက လီဖူချန်းကို မသတ်ရင် ကောင်းကင်တုန်လှုပ်အရှင်သခင်ကို ဘယ်လိုအဖြေပေးရမှာလဲ။

"ထွက်ပြေးရမယ်လား။ ဘာလို့ ငါက ထွက်ပြေးရမှာလဲ" လီဖူချန်းရဲ့မျက်လုံးတွေက အားဘီလူးအရှင်သခင်ပေါ် ကျရောက်လာပါတယ်။

ဒါက နတ်ဆိုးသားရဲအရှင်သခင်နဲ့ ထိပ်တိုက်တွေ့တဲ့ သူ့ရဲ့ပထမဆုံးအကြိမ်ပဲ။ အရင်တစ်ခါ ပင်လယ်မှာတုန်းက သူက ရန်သူကို မြင်တောင်မမြင်လိုက်ရပါဘူး။

အဆင့်နိမ့်အရှင်သခင်အနေနဲ့ အားဘီလူးအရှင်သခင်က အားကောင်းတဲ့ ဥပဒေဿစွမ်းအားတွေပါဝင်တဲ့ နတ်ဆိုးချီ တည်ရှိပါတယ်။ ဥပဒေဿစွမ်းအားက သွေးမျိုးဆက်မှ ဖြစ်တည်လာတာ သိသာပါတယ်။

အားဘီလူးအရှင်သခင်ရဲ့ခန္ဓာကိုယ်ကြီးက  ကောင်းကင်မြေကြီးဥပဒေဿကိုတောင် ဆွဲဖြဲလိုက်နိုင်ပါတယ်။

"ဒါက နတ်ဆိုးသားရဲအရှင်သခင်တစ်ယောက်ရဲ့စွမ်းအားလား"

လီဖူချန်းက အသက်ကို ပြင်းပြင်းရှုထုတ်လိုက်ပြီး သူ့ရဲ့မျက်လုံးတွေမှာ တိုက်ပွဲဝင်စိတ်ဆန္ဒတွေ တောက်ပလာပါတယ်။

နတ်ဆိုးသားရဲအရှင်သခင်က သေချာပေါက် စွမ်းအားကောင်းလွန်ပါတယ်။ နတ်ဆိုးချီတစ်ခုတည်းကတောင် ကောင်းကင်မြေကြီးဥပဒေဿကို ဆွဲဆန့်နိုင်ပါတယ်။ ဒါဆိုလဲ ဘာဖြစ်လဲ။ လီဖူချန်းက ကြယ်လက်ကို ကျင့်ကြံခဲ့ကတည်းက  သူက အစွမ်းကုန်မတိုက်ခိုက်ရသေးပါဘူး။ နတ်ဆိုးသားရဲအရှင်သခင်နဲ့ ဒိီတိုက်ပွဲက ကြယ်လက်ရဲ့ပြိုင်ဘက်ကင်းစွမ်းရည်ကို ဖော်ထုတ်နိုင်မှာပါ။

"မင်းက မထွက်ပြေးမှတော့ သေလိုက်တော့" အားဘီလူးအရှင်သခင်က တစ်ဟုန်ထိုးတိုက်ခိုက်လိုက်ပါတယ်။

ဘုံး ဘုံး ဘုံး ဘုံး.........

အားဘီလူးအရှင်သခင်က စွမ်းအားလမ်းကြောင်း‌ပေါ်မှာ ရှိနေသလို လီဖူချန်းရဲ့ကြယ်လက်ကလည်း စွမ်းအားလမ်းကြောင်းပေါ်မှာ ရှိပါတယ်။ နှစ်ခုတွေ့တဲ့အခါမှာ စိတ်ကူးမယဥ်နိုင်လောက်တဲ့တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လုပ်နိုင်ပါတယ်။ မိုင်တရာအကွာအဝေးအတွင်းမှာ လေနဲ့မိုးကတောင် အနှောင့်အယှက် ဖြစ်သွားပါတယ်။ လေသင်္ဘောက ပင်လယ်ရှိ လှေတစ်ခုပမာ ဖြစ်သွားပြီး တည်ငြိမ်မှု မရှိတော့ပါဘူး။

"ဆရာက စွမ်းအားကောင်းလွန်းတယ်" ဝူကျောနဲ့ဝူရှီတို့ရဲ့မျက်လုံးတွေက တဖိတ်ဖိတ်တောက်ပနေတယ်။

အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်နဲ့တောင် ရင်ဆိုင်ဖို့ ဘယ်လိုစွမ်းအားမျိုးကို လိုအပ်မှာလဲ။

အတိတ်မှာတော့ သူတို့က ကြားပဲ ကြားဖူးတာပါ၊ အခုတော့ ကိုယ်တိုင် မြင်တွေ့နေရပြီး။

"သေစမ်း"

အားဘီလူးအရှင်သခင်က သူ့ရဲ့လက်သည်းကို သုံးပြီး လီဖူချန်းကို ‌မြေပြင်ပေါ် ဆောင့်ချလိုက်ပါတယ်။

ဒါပေမယ့် ချက်ချင်းပဲ လီဖူချန်းက ပြန်ထလာပါတယ်။

အားဘီလူးအရှင်သခင်ရဲ့တိုက်ခိုက်မှုက အမှန်တကယ် ကြောက်စရာကောင်းတယ်၊ ဥပဒေဿစက်ကွင်းကိုတောင် ချိုးဖောက်နိုင်တယ်၊ ဒါပေမယ့် ကြယ်အင်မော်တယ်ခန္ဓာကိုယ်နဲ့ဆိုရင် လီဖူချန်းကို ဒဏ်ရာရစေဖို့က ခက်ခဲနေအုန်းမှာပဲ။

"အမ်"

အားဘီလူးအရှင်သခင်က အံ့အားသင့်သွားပါတယ် ၊လီဖူချန်းက သူ့ရဲ့လက်သည်းတိုက်ခိုက်မှုကို ထိမှန်သွားတာတောင် ဒဏ်ရာမရသွားဘူးလေ။

"သေစမ်း သေစမ်း သေစမ်း"

အားဘီလူးအရှင်သခင်က လီဖူချန်းကို ထပ်ခါထပ်ခါ မြေပြင်ပေါ်ကို ရိုက်ချလိုက်ပါတယ်၊ ဒါပေမယ့် လီဖူချန်းက အကြိမ်တိုင်း ပြန်ထလာနိုင်နေတုန်းပဲ။

ကြယ်အင်မော်တယ်ခန္ဓာကိုယ်က လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ကောင်းကင်ပေါ်ရှိကြယ်များပမာ ခိုင်မာသိပ်သည်းစေပါတယ်။

"မဖြစ်နိုင်ဘူး။ အားဘီလူးနည်းလမ်း"

အားဘီလူးအရှင်သခင်က သူ့ရဲ့မွေးရာပါစွမ်းအားကို အသက်သွင်းလိုက်တယ်၊ သူ့ရဲ့လက်မောင်းကြွက်သားတွေက နှစ်ဆကြီးလာပါတယ်။ ပြီး‌နောက် လက်သည်းက လီဖူချန်းကို ထပ်မံ ရိုက်ချလိုက်ပြန်တယ်။

"အိုး"

လီဖူချန်းက ရုပ်ပိုင်းဆိုင်ရာ မနာကျင်ခဲ့ပေမယ့် အရင်က သူတစ်ခါမှ မခံစားခဲ့ဖူးတဲ့ နာကျင်မှုမျိုးကို ခံစားလိုက်ရတယ်။

"ဒီလို ဆက်ဖြစ်နေလို့ မရဘူး"

လီဖူချန်းက သူ့ရဲ့ညာလက်ဖြင့် တောင်ကလေးတစ်ခုကို ဆွဲပြီး အားဘီလူးအရှင်သခင်ကို ရိုက်ချလိုက်ပါတယ်။

ဘုံး.........

တောင်က အစစအနနဖြစ်သွားတယ်။ အားဘီလူးအရှင်သခင်က သူ့ရဲ့လက်မောင်းကို ဝှေ့ယမ်းပြီး တောင်က အမှုန့်သာ ကျန်ခဲ့တော့တယ်။

"မင်း ဒီနေ့ သေရမယ်လို့ ငါ ပြောခဲ့ပါတယ်။ မဟုတ်ရင် သခင်လေးကောင်းကင်ခြေနင်းက ငြိမ်းချမ်းစွာ အနားယူနိုင်မှာ မဟုတ်ဘူး"

အားဘီလူးအရှင်သခင်က လီဖူချန်းရှေ့ကို တစ်ဟုန်ထိုး ပြေးလာပြီး သူ့ရဲ့လက်သီးနှစ်ချက်က လီဖူချန်းဆီ ကျရောက်လာပါတယ်။

လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက တုံ့ပြန်န်ုပေမယ့် ခန္ဓာကိုယ်က မလုပ်နိုင်ပါဘူး။ သူက လက်နှစ်ဖက်ကို မြှောက်ကာ တိုက်ခိုက်မှုကို ကာကွယ်လိုက်ရပါတယ်။

မြေပြင်က လှိုင်းပမာ ဖြစ်သွားလေတယ်။

လီဖူချန်းရပ်ရှိတဲ့နေရာမှာ တွင်းတစ်ခုဖြစ်သွားတာကို မည်သူမဆို မြင်နိုင်မှာပါ။

အားဘီလူးအရှင်သခင်ကတော့ ထပ်ခါတလဲလဲ ရိုက်နှက်လိုက်ပြန်ပါတယ်။

‌တွင်းနက်ထဲမှာတော့ လီဖူချန်းက သွေးတစ်ပွက် အန်လိုက်ရပါတယ်။

အဆုံးမှာတော့ သူက ဒဏ်ရာရတုန်းပါပဲ။

သူ့ရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်က စဦးအဆင့်မှာသာ ရှိနေပြီး အင်မော်တယ် အမှန်တကယ် မဖြစ်သေးပါဘူး။

သူက လလက်ကို ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် အားဘီလူးအရှင်သခင်က သူ့ကို ရိုက်နှက်ဖို့အခွင့်အရေးတစ်ခုတောင် ရှိမှာ မဟုတ်ပါဘူး။

ကြယ်အင်မော်တယ်ခန္ဓာကိုယ်က ချိုးဖျက်ခံလိုက်ရတာနဲ့ ကြယ်လက်ရဲ့ပုံမှန်မဟုတ်တဲ့ ချီစွမ်းအားကို လီဖူချန်းက ခံစားလိုက်ရပြီး ကြယ်အင်မော်တယ်ခန္ဓာကိုယ်က ပြန်လည်ဖြည့်တင်းလာပါတယ်။

မျက်စိတစ်မှိတ်အတွင်း လီဖူချန်းရဲ့ခန္ဓာကိုယ်က အပြည့်အဝ သက်သာလာပါတယ်။

နှစ်နာရီ.......လေးနာရီ.........

လီဖူချန်းရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်က ထပ်ခါတလဲလဲ ချိုးဖျက်လိုက် ဖြည့်တင်းလိုက် ဖြစ်နေလေတယ်။ ကြယ်လက်ရဲ့ချီစွမ်းအားကလည်း တစ်ဝက်ထိ လျော့ကျသွားပါပြီး။

သာမန်တိုက်ပွဲသာဆိုရင် ရက်အနည်းငယ်ကြာတာတောင် ချီစွမ်းအားတစ်ဝက်က မကုန်နိုင်ပါဘူး။

"လေးနာရီတောင် ရှိသွားပြီး" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က အတော်လေး စိုးရိမ်နေတယ်။ လီဖူချန်းက အခြေအနေမကောင်းတာကို သူ မြင်နေရပါတယ်။

၄၀ရာခိုင်နှုန်း၊ ၃၀ရာခိုင်နှုန်း........

ကြယ်လက်ရဲ့ချီစွမ်းအားက လျင်မြန်စွာ ကုန်ဆုံးနေတယ်။

တိုက်ပွဲအတွင်းမှာ ကြယ်အင်မော်တယ်ခန္ဓာကိုယ်ကို ဖြည့်တင်းဖို့ လိုအပ်တဲ့ ချီစွမ်းအားပမာဏက သာမန်ထက် ရာဆ ပိုလိုအပ်ပါတယ်။

ဒါပေမယ့် လီဖူချန်းက ထွက်ပြေးဖို့ အစီအစဉ် မရှိပါဘူး။ အားဘီလူးအရှင်သခင်က သူ့ထက် လျင်မြန်တာကြောင့် သူ ထွက်ပြေးမယ်ဆိုရင်တောင် မလွတ်မြောက်နိုင်တာကို သူ သိပါတယ်။

နှစ်ဆယ်ရာခိုင်းနှုန်း၊တစ်ဆယ်ရာခိုင်နှုန်း........

ကြယ်လက်ရဲ့ချီစွမ်းအားက ၁၀ရာခိုင်နှုန်းလောက်သာ ကျန်ရှိတဲ့အချိန်မှာ လီဖူချန်းက သူ့ရဲ့ခန္ဓာကိုယ်က ဗလာဖြစ်နေတာကို ခံစားနေရပါတယ်။ သူ့ရဲ့နှလုံးသားထဲမှာ မဖော်ပြနိုင်တဲ့ ဘာမှမရှိ၊ ဟာလာဟင်းလင်း၊ ဗလာဖြစ်နေတဲ့ ခံစားချက်တစ်ခု ရှိလာပါတယ်။

ဒါပေမယ့် ဒီလို အရေးကြီးတဲ့အနေအထားမှာ လီဖူချန်းရဲ့နှလုံးသားက မကြုံစဖူး ငြိမ်းချမ်းနေပါတယ်။

သူ့ရဲ့စိတ်ဝိညာဉ်ပယ်လယ်မှာတော့ အဆုံးမရှိသိုင်းအနုပညာတွေက အလိုအလျောက် လင်းလက်နေတယ်။ သေမျိုးကပ်ဘေးရဲ့မှတ်ဉာဏ်တစ်ပိုင်းက အထူးရှင်းလင်းလာပါတယ်။

နောက်တစ်ခဏမှာတော့ လီဖူချန်းက သေမျိုးကပ်ဘေးကို အလိုအလျောက် လည်ပတ်စေလိုက်ပါတယ်။

သေမျိုးကပ်ဘေးနဲ့ကြယ်လက်မှ ချီစွမ်းအားတွေက အတူတကွ ရောနှောလာပါတယ်။

ချက်ချင်းပါပဲ ဆန်းကြယ်တဲ့အဖြစ်အပျက်တစ်ခုက ပေါ်လာပါတယ်။ ခြားနားတဲ့ချီစွမ်းအားနှစ်ခုလုံးက အတူတကွ ပေါင်းစည်းလာပါတယ်။

"အခုထိ မသေသေးဘူးလား"

လီဖူချန်းက သေမင်းနှုတ်ခမ်းဝမှာ ရောက်ရှိနေခဲ့တာကို အားဘီလူးအရှင်သခင်က မြင်လိုက်ရတယ်လေ။

"ဒါဆိုလည်း သေလိုက်တော့"

အားဘီလူးအရှင်သခင်က လက်နှစ်ဖက်လုံးကို သုံးပြီး လီဖူချန်းကို ဆုတ်ဖြဲလိုက်ပါတယ်။

ဘုံး.......

အနီရောင်အလင်းတစ်ခုက ဖြာထွက်သွားတယ်၊ အနီရောင်လက်သီးတစ်ချက်က ထွက်ပေါ်လာပြီး အားဘီလူးအရှင်သခင်ကို လွင့်ထွက်သွားစေလိုက်ပါတယ်။

"ဘာဖြစ်တာလဲ"

အားဘီလူးအရှင်သခင်က ဘာဖြစ်နေတာကို နားမလည်နိုင်ပါဘူး။

"ငါ သိပြီး။ သေမျိုးကပ်ဘေးက နတ်ဘုရားလက်နဲ့ ဆက်သွယ်တဲ့အရိပ်အယောင်တစ်ခု ရှိသွားပြီး" လီဖူချန်းက ပျော်ရွှင်သွားပါတယ်။

သေမျိုးကပ်ဘေးက သေမျိုးနတ်ဘုရားလက်သီးကိုးချက်ရဲ့အပိုင်းတစ်ခုပါ။

ကပ်ဘေးလက်က နတ်ဘုရားလက်ရဲ့အဆင့်၆ပါ။

သူတို့နှစ်ခုက ဆက်သွယ်တဲ့အရိပ်အယောင်တစ်ခု ရှိလာပါတယ်၊ ဒါပေမယ့် လီဖူချန်းက အခုထိတိုင် သူတို့ကို မချိတ်ဆက်နိုင်ပါဘူး။

သေခါနီးအခြေအနေမှာ သေမျိုးကပ်ဘေးက ကြယ်လက်နဲ့ အလိုအလျောက် ပေါင်းစည်းသွားမယ်လို့ လီဖူချန်းက မမျှော်လင့်ထားပါဘူး။

အနုပညာနှစ်ခုရောနှောချင်းချင်း သူ့ရဲ့ကြယ်လက်က နောက်တစ်ဆင့်ကို မြင့်တက်လာတာကို လီဖူချန်းက ချက်ချင်း ခံစားမိလာတယ်။ လလက်အဆင့်ကို မရောက်ရှိနိုင်တာတောင်မှ စွမ်းအားတိုးလာတာက သံသယမရှိပါဘူး။

ဒါ့ပြင် လီဖူချန်းရဲ့ကြယ်အင်မော်တယ်ခန္ဓာကိုယ်က ပြောင်းလဲမှုအချို့ ရှိလာပုံရတယ်။

ကြီးမားတဲ့စွမ်းအင်ပမာဏတွေက ခန္ဓာကိုယ်ထဲကို  ထိုးဝင်လာပြီး ချီးစွမ်းအား ဖြစ်တည်လာပါတယ်။

၁၀ရာခိုင်နှုန်း၊၁၅ရာခိုင်နှုန်း........

အချိန်တိုအတွင်းမှာ လီဖူချန်းရဲ့ချီစွမ်းအားက ၅ရာခိုင်နှုန်း တိုးလာပါတယ်။

“ကြယ်လက်နဲ့သေမျိုးကပ်ဘေးတို့ ပေါင်းစည်းတာကြောင့် ငါက သေမျိုးလက်လို့ အမည်ပေးလိုက်မယ်" လီဖူချန်းရဲ့မျက်လုံးတွေက ဖြာထွက်သွားပါတော့တယ်။

"စောစောက ဘာဖြစ်သွားတာလဲ" အားဘီလူးအရှင်သခင်က ပြန်သက်သာလာပြီး ဘာဖြစ်‌သွားသလဲကို နားလည်ဖို့ ကြိုးစားလိုက်ပါတယ်။

ဘန်း.........

လီဖူချန်းက သူ့ရဲ့လက်သီးနဲ့ အားဘီလူးအရှင်သခင်ရဲ့လက်သည်းကို ရင်ဆိုင်လိုက်ပါတယ်။ ဒီတစ်ခါမှာတော့ ဘက်ညီပါပြီး။

မဟုတ်ဘူး၊ လီဖူချန်းက ‌အ‌ပေါ်စီး‌မှာပါ။

လီဖူချန်းက ရန်သူရဲ့တိုက်ခိုက်မှုကို ခုခံပြီးတာနဲ့ သူ့ရဲ့လိပ်ပြာသိစိတ်အာရုံက ချက်ချင်း အရေးပါလာပါတယ်။ အနီရောင်လက်သီးများစွာက အားဘီလူးအရှင်သခင်ရဲ့ခံစစ်ကို ဖြတ်သန်းပြီး သူ့ရဲ့ခန္ဓာကိုယ်ပေါ် ကျရောက်လာတယ်။ နတ်ဆိုးချီကာကွယ်မှုကို သေမျိုးလက်က ချက်ချင်း ဖျက်ဆီးလိုက်နိုင်ပါတယ်။ အကြေးခွံတွေကတောင် ‌ဖြည်းဖြည်းချင်း ကွာကျနေပါတယ်။

သေမျိုးလက်မှာ သေမျိုးကပ်ဘေးရဲ့လက္ခဏာတွေ ပါဝင်နေပြီး အရာအားလုံးကို ဖျက်ဆီးလိုက်နိုင်ပါတယ်။

တိတိကျကျ‌ပြောရရင် သေမျိုးလက်က အဖျက်အဆီးလက္ခဏာကို တိုးမြင့်စေနိုင်ပါတယ် ဒါမှမဟုတ် သေမျိုးကပ်ဘေးရဲ့ဒုက္ခစွမ်းအားက အားဘီလူးအရှင်သခင်ကို ဖြေရှင်းနိုင်ပါတယ်။

***

All Chapters