← Chapters

ဘိုးဘေးများကို ဂါဝရပြုခြင်း

Vol. 38 Ch. 520

ဘိုးဘေးများကို ဂါဝရပြုခြင်း

Vol. 38 Ch. 520

“လူသားဧကရာဇ်တွေ ဘာလုပ်နေပြန်တာလဲ.... ဘာလို့ ဒီလောက် ဆူညံနေတာတုန်း” ဖုန်းတုမြို့ထဲတွင် ယမမင်းသည် ဘုရင်ချင်၏ခန်းမရှေ့၌ ရပ်တော်မူ၍ မြို့ထဲသို့ ကြည့်နေ၏။ တစ်ဆောင်ပြီးတစ်ဆောင် ပြိုကျနေသော နန်း‌ဆောင်များကို ကြည့်ရင်း သူ မယုံသင်္ကာ မေးလိုက်မိသည်။ “တပည့်တွေ ဆရာတွေကို ရိုက်နေပြန်တာလား... တော်တော်ရက်စက်နေသလိုပဲ...”

ငှက်ကြီးတစ်ကောင် ပျံသန်းလာပြီး မြေပေါ် ဆင်းသက်လိုက်သည့်အခါ ငှက်ခေါင်းနတ်ဘုရားချိရှို့အသွင် ပြောင်းသွားသည်။ သူက အမွှေးများကို သပ်ရင်း ခေါင်းယမ်းလိုက်၏။ “ယမမင်း ထင်တာ မှားနေပြီ။ တပည့်တွေ ဆရာတွေကို ရိုက်နေတာမဟုတ်ဘူး... ဆရာအားလုံးက ဘိုးဘေးကြီးတွေနဲ့ ပေါင်းပြီး နောက်ဆုံးတပည့်ကို ဝိုင်းရိုက်နေကြတာ... လူသားဧကရာဇ်စု ပြန်ရောက်လာကတည်းက သူ့ဆရာ၊ သူ့ဆရာ့ဆရာနဲ့ ဘိုးဘေးကြီးအားလုံး ဝိုင်းရိုက်တော့ပဲ... ရိုက်ခံရလွန်းလို့ လူရုပ်တောင် မထွက်‌တော့ဘူး... ဒါပေမဲ့ သေချင်ရင်တောင်မှ မသေနိုင်ဘူးဖြစ်နေတယ်”

ယမမင်း အံ့အားသင့်သွားသည်။ “သူတို့စည်းကမ်းတွေ ပြောင်းသွားတာလား”

“ကျွန်‌တော်လည်း မသိဘူး... ကြည့်ရတာတော့ လောကသခင်ခန္ဓာနဲ့ ပတ်သက်နေတဲ့ပုံပဲ။ လူသားဧကရာဇ်စုက ကျောက်စာတစ်ခု ယူလာပြီး လွန်ခဲ့နှစ်လေးသောင်းတုန်းက လောကသခင်ခန္ဓာရဲ့ ဒဏ္ဍာရီဆိုလား ပြောပြတယ်.... ဒုတိယဘိုးဘေးကြီးနဲ့ ကျန်တဲ့သူတွေက ပြုံးပြုံး ပြုံးပြုံးနဲ့ နားထောင်ခဲ့ကြတာပဲ... ဒါပေမဲ့ သူပြောပြီးတာနဲ့ ဝိုင်းရိုက်ကြတယ်”

နတ်ဘုရားချိရှို့ တခဏ ရပ်သွားသည်။ “လူသားဧကရာဇ်စုက ငြိမ်ခံမနေတော့ ပိုလို့တောင် ရိုက်ခံရသေးတယ်... ဆရာနဲ့ ဘိုးဘေးတွေကို လိမ်တယ်... လူသားဧကရာဇ်လေး ရိုက်တာ ခံရအောင် တမင်အကောက်ကြံခဲ့တယ်လို့ ပြောလိုက် ရိုက်လိုက် လုပ်နေကြတာ.... ကျွန်တော်လည်း တစ်ခွန်းစ နှစ်ခွန်းစပဲ ကြားခဲ့ရတယ်.. ဒါပေမဲ့ လူသားဧကရာဇ်စုမှာတော့ ဝက်ခေါင်းလို ဖူးယောင်နေတာပဲ

“ကျန်တဲ့နတ်ဘုရားတွေ၊ မိစ္ဆာနတ်ဆိုးတွေလည်း ဝင်မဆွဲရဲဘူး... ကောင်းကင်တန်ခိုးရှင်ဂိုဏ်းသခင်တွေကတော့ ဘေးကနေ အားပေးအားမြှောက်တောင် လုပ်နေကြသေးတယ်.... တစ်ကမ္ဘာလုံး ပရမ်းပတာ ဖြစ်မှာကိုတောင် မျှော်လင့်နေကြတဲ့အတိုင်းပဲ.. ကျွန်တော် သွားတားလိုက်ရမလား”

ယမမင်း တခဏ တိတ်ဆိတ်သွား၏။ “မလိုဘူး... မင်း သွားတားလိုက်ရင် သူတို့ မင်းကို ဝိုင်းချလိမ့်မယ်”

.......

မဟာမြို့ပျက်၏ညအမှောင်ထုထဲတွင် ရှင်းအန်း မကောင်းဆိုးဝါးမိစ္ဆာများကို ဖြတ်ကျော်၍ ခပ်သွက်သွက် သွားနေသည်။ သူ့ခန္ဓာကိုယ်မှ ကောင်းကင်အလင်းတန်းက အမှောင်ထုကို တွန်းထုတ်ပေးထားသဖြင့် လင်ယွိရှို့ ညွှန်လိုက်သော နေရာဆီသို့ လျင်မြန်စွာ ရောက်သွား၏။

မြေပုံပေါ်ရှိ နေရာသို့ ရောက်သည့်အခါ အလွန်ကြီးမားသော အတားအဆီးနယ်မြေတစ်ခုကို မြင်လိုက်ရသည်။ ထိုနေရာက အခြားကမ္ဘာလောကနှင့် အဆက်ပြတ်နေသကဲ့သို့ ရှိ၏။ ဆိတ်ငြိမ်အေးချမ်း၍ လျှို့ဝှက်ဆန်းကြယ်လှသည်။ တောအုပ်များက အံစာတုံးပုံစံ ကုဗတုံးကြီး၏ မျက်နှာခြောက်ဖက်ကို လွှမ်းခြုံထား၏။ ပိတ်လှောင်ခံထားရသော အထဲတွင်မူ နေသင်္ဘောနှင့် လသင်္ဘောထဲ အဆများစွာကြီးမားသော သင်္ဘောကြီးတစ်စင်း ရှိနေသည်။

ထိုသင်္ဘောကြီးမှာ ရွှင်ပျော်ပျော်ကျေးရွာသို့ သွားရန် ရည်ရွယ်ချက်ဖြင့် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ စက်မှုလက်မှုနတ်ဘုရားမျိုးနွယ်များ တည်‌ဆောက်ထားသော .... ပရမတ္တလှေပင် ဖြစ်ချေ၏။

လှေသင်္ဘောတစ်စင်းလုံး ပျက်စီးပဲ့ရွဲ့နေပုံအရ လှေပေါ်တွင် သွေးချောင်းစီးတိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့လိမ့်မည်။ သင်္ဘော ပျက်စီးသွားပြီး ရွက်မလွှင့်နိုင်တော့ခြင်းမှာ ထိုတိုက်ပွဲကြောင့် ဖြစ်လိမ့်မည်။

ရှင်းအန်းက အန္တရာယ်ကို မြင်နေရ၍ အတန်ငယ် တွန့်ဆုတ်သွားသည်။ သို့သော်လည်း အထဲသို့ ဝင်လိုက်လေသည်။

သူသည် တစ်လောကလုံးတွင် သန်မာအားအကောင်းဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် အန္တရာယ်ကို မြင်ရသော်လည်း အလွယ်တကူ ပြန်ထွက်နိုင်မည်ဟု ယုံကြည်ချက်ရှိ၏။

များစွာမကြာလိုက်ဘဲ တောအုပ်ထဲရှိ ရွာလေးဆီသို့ သူ ရောက်သွားသည်။ အမှန်တကယ်ပင် ကျောက်စိမ်းလည်ဆွဲနှင့် ဆင်သော သင်္ကေတများကို မြင်လိုက်ရ၍ ရှင်းအန်း စိတ်ထဲတွင် တုန်လှုပ်သွားမိသည်။ “လင်မိသားစုရဲ့ မင်းသမီးက ငါ့ကို မလိမ်ဘူးပဲ”

ထိုအခိုက်အတန့်တွင် သူတစ်ယောက်တည်း ရှိနေခြင်းမဟုတ်ကြောင်း တွေ့လိုက်ရသည်။

ခြံတံခါးက ပွင့်နေပြီး တစ်စုံတစ်ယောက်၏ နောက်ကျောအား သူ မြင်လိုက်ရ၏။

‘ဒီလူက ငါ ရှာနေတဲ့လူလား’

ရှင်းအန်း စိတ်လှုပ်ရှားလာသည်။ သူက မှန်ထုတ်ပြီး ထိုလူ့ကို မှန်ထဲမှ ကြည့်ရန် တစ်ဖက်လှည့်လိုက်သည်။ ထိုလူကလည်း လှည့်လာ၍ ပါးရေတွန့်နေသော မျက်နှာကို မြင်လိုက်ရ၏။ သူက ပြုံးပြလေသည်။ “အ ...အ “

ရှင်းအန်း အတန်ငယ် မှင်သက်သွားမိသည်။ ဤလူက အဘိုးအိုတစ်ဦး ဖြစ်၍ သူ ရှာနေသော လူငယ်မဟုတ်ပေ။ အဘိုးအိုက သေတ္တာကြီးတစ်လုံးကို သယ်ထားပြီး အနားတွင် မီးဖိုကြီးတစ်ခု ရှိနေသည်။

“ခင်ဗျားက သိပ်သန်မာတာပဲ” ရှင်းအန်း အဘိုးအိုအား တည်ငြိမ်‌‌အေးဆေးစွာ မျက်နှာမူလိုက်သည်။ “ခင်ဗျားကိုယ်ထဲက အနှိုင်းမဲ့စွမ်းအင်တွေကြောင့် ကျုပ် သားကောင်ကို မြင်လိုက်ရသလို ဝမ်းသာမိတယ်... ခင်ဗျားစွမ်းအင်တွေက တကယ် ကြောက်စရာကောင်းတယ်.... ကျုပ် ဒီနှစ်တွေထဲ ဆုံတွေ့ခဲ့ရတဲ့ ရန်သူတွေကြားမှာ ခင်ဗျားက ကြောက်စရာအကောင်းဆုံးပဲ”

“အ အ” အဘိုးအို၏ မျက်နှာက လိမ္မော်သီးတစ်လုံးသဖွယ် ပါးရေနားရေများ တွန့်ခေါက်ရှုံ့တွနေသည်။ သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဟန်ခြေဟန်နှစ်ကြိမ် ပြသည်။

ရှင်းအန်းမှာ နားမလည်၍ သူ့ဘာသာသူ ‌ပြောနေ၏။ “ကျုပ် ခင်ဗျားအစိတ်အပိုင်းတွေကို သိပ်သိမ်းထားချင်မိတယ်... ခင်ဗျားရဲ့ သန်မာအားအကောင်းဆုံး သိုင်းကွက်ကို ပြစမ်းပါ... ခင်ဗျားအရည်အချင်းကို တွေ့ချင်တယ်”

ဝုန်း

အဘိုးအို၏ဘေးရှိ မီးဖိုကြီးက ဝုန်းခနဲ မီးထတောက်သွားပြီး မီးတောက်မီးလျှံများက ဆယ်မိုင်အထိပင် မြင့်တက်သွား၏။ ဟင်းလင်းပြင် မီးတောင်လောင်နေသည်ကို ရှင်းအန်း တမုဟုတ်ချင်း ခံစားလိုက်ရသော်လည်း ကြောက်စရာအကောင်းဆုံးမှာ ထိုမီးဖိုမဟုတ်ပေ။ အန္တရာယ်က အဘိုးအို၏ခန္ဓာကိုယ်မှ လာနေခြင်းဖြစ်သည်။

အဘိုးအို၏ တန်ထျန်းက ရုတ်တရက် နေအသေးလေးတစ်စင်းကဲ့သို့ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းသော စွမ်းအင်ဖြင့် တဝင်းဝင်း တောက်ပလာသည်။ အဘိုးအို၏အနောက်တွင် ကောင်းကင်တံတားတစ်စင်း အထက်ကောင်းကင်ယံသို့ သွယ်တန်းသွားသည်ကို မြင်လျှင် ရှင်းအန်း စိတ်လှုပ်ရှားလာ၏။ ကောင်းကင်တံတားထက်တွင် ငှက်ခေါင်းလူကိုယ်ရှိသည့် မူလဝိညာဉ်က အင်မတန် ပြင်းထန်သော အပူဓာတ်ကို ထုတ်လွှတ်နေ၏။ မူလဝိညာဉ်က ကောင်းကင်တံတားကို တရှိန်ထိုး ဖြတ်သန်းကာ ကောင်းကင်နတ်ဘုံဆီသို့ တက်လှမ်းဝင်ရောက်သွားသည်။

ဝုန်း

အဘိုးအို၏ မှော်စွမ်းအင်က နောက်တစ်ကြိမ် ပြင်းထန်စွာ ပေါ်ထွက်လာ၍ ခြစ်ခြစ်တောက်ပူပြင်းသော အပူလှိုင်းတို့ကြောင့် ဟင်းလင်းပြင်မှာ လိမ်ဖယ်နေတော့သည်။ သေတ္တာကြီးက ဂျိန်းခနဲ အလိုအလျောက် ပွင့်လာပြီး ငွေစက်လုံးများသည် စီးဆင်းနေသော ရေအလျဉ်ပမာ ပျံထွက်လာ၏။ ငွေစက်လုံးများ အဘိုးအို၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည့်အခါ အဘိုးအို၏သွင်ပြင်မှာ ငွေရောင်ချပ်ဝတ် ဆင်မြန်းထားသော စစ်သူကြီးတစ်ဦးပမာ ခံ့ညားထည်ဝါသွားသည်။ ငွေအလင်းတန်းနှစ်တန်းက တူကြီးနှစ်လက်အသွင် ဖွဲ့တည်၍ ရှင်းအန်းဆီသို့ ရိုက်ချလိုက်သည်။

တူကြီး ထိမှန်သောအခါ ရှင်းအန်းမှာ သံမာအပေါ် ရိုက်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ အဘိုးအိုက အလိုရှိသော ပုံသဏ္ဍာန်အတိုင်း သူ့ကို ထုရိုက်၍ ပုံဖော်တော့မည့်အလား ထင်ရ၏။

“သန်မာချက်ပဲ... ခင်ဗျားရဲ့ တန်ထျန်းက ကျုပ် နတ်ဘုရားအဆင့် အဆင့်မြင့်သိုင်းပညာရှင်တွေဆီက ယူထားတဲ့ တန်ထျန်းတွေထက်တောင် သန်မာသေးတယ်...”

ရှင်းအန်းမှာ အလွန်အမင်း စိတ်လှုပ်ရှားလာတော့သည်။ သူ လက်မြှောက်လိုက်သည့် လှိုင်းဂယက်များ ဝေ့လည်သွား၏။ ပင်လယ်ပြင်ကြီးတစ်စင်းက သူ့အနောက်၌ ဖွဲ့တည်လာပြီး လှိုင်းလုံးပုတ်သံများ မြည်ဟည်းလာသည်။ သူက အဘိုးအို၏ တူသိုင်းကွက်ကို ထိပ်တိုင်ရင်ဆိုင်လိုက်၍ ရွာလေးအပြင်သို့ လွင့်ထွက်သွားသည်။ အဘိုးအိုက သူ့နောက် ပြေးလိုက်လာပြီး တူကြီးနှစ်လက်ကို မြှောက်ကာ ရိုက်ချလိုက်သည်။

လူနှစ်ယောက် ‌‌တောင်တန်းများ၊ တောအုပ်များအကြား၌ မရပ်မနား တိုက်ခိုက်နေသည်။ ရှင်းအန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“သန်မာလိုက်တဲ့ ခန္ဓာကိုယ်၊ အစွမ်းထက်လိုက်တဲ့ တန်ထျန်း။ ခင်‌ဗျားအစိတ်အပိုင်းတွေကို သေချာပေါက် သိမ်းထားရမယ်... ယင်တစ်ခုတည်း၊ ယန်တစ်ခုတည်းနဲ့ အသက်ရှည်ရှည် နေနိုင်မှာမဟုတ်ဘူး... ခင်ဗျားလမ်းစဉ်က ပြင်းထန်အားကောင်းတဲ့ သန့်စင်ယန်လမ်းစဉ်ဆိုပေမယ့် .... ကြာကြာမခံနိုင်ဘူး... ခင်ဗျားရဲ့ ကြီးမားလွန်းတဲ့ ခွန်အားကြောင့် ရုပ်ခန္ဓာမှာ ဒဏ်ဖြစ်လာပြီး အခုလို အသက်အရမ်းကြီးပုံစံ ပေါ်နေတာပဲ

“ရုပ်ခန္ဓာကို နတ်ဘုရားအဆင့်တက်အောင် မလုပ်နိုင်ရင်တော့ တန်ထျန်းမီးဖိုရဲ့ ကောင်းကင်စွမ်းအားကို ခင်ဗျား တောင့်ခံနိုင်မှာမဟုတ်ဘူး... ဒီအတိုင်း ဆက်တိုက်နေရင် ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ထက် သေချာပေါက် ကျော်သွားလိမ့်မယ်... ခင်ဗျား ရှုံးနေပြီ”

ထိုအခိုက်အတန့်တွင် အဘိုးအိုမှာ ဆက်လက်တိုက်ခိုက်ရန် ပင်ပန်းနေပြီဖြစ်သည်။ သူက တူနှစ်လက်ကို ပြန်သိမ်းလိုက်ပြီး ငွေရောင်ချပ်ဝတ်က သူ့ခြေအောက်အောက်သို့ စီးဆင်းသွားကာ ငွေမြင်းတစ်‌ကောင်အသွင် ဖွဲ့တည်လိုက်၏။ အဘိုးအိုက မြင်းကို စီး၍ ထွက်ပြေးသွားသည်။

ရှင်းအန်း ကပျာကယာ လိုက်ဖမ်းသော်လည်း ရုတ်တရက် ... သူ့ခြေထောက်များက ဗလာနယ်ကို နင်းမိသွား၏။ သူတို့ တိုက်ခိုက်ရင်း ပရမတ္တလှေ၏ ဟင်းလင်းပြင်နေရာသို့ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ တစ်နေရာလုံးတွင် ပျက်စီးကြေမွနေသော လှေအစိတ်အပိုင်းများ ပြန့်ကြဲနေချေသည်။

ရှင်းအန်း လှမ်းကြည့်လိုက်သည့်အခါ ငွေမြင်း အရှိန်လျော့သွားသည်ကို မြင်လိုက်ပြီး စောစောက အဘိုးအို၏တန်ထျန်း မည်မျှသန်မာအားကောင်းခဲ့သည်ကို သတိရလိုက်သည်။ တန်ထျန်း၏စွမ်းအားကြောင့် အဘိုးအို၏ခန္ဓာကိုယ်မှာ ဒဏ်ရာရထားပြီးဖြစ်သည့်အတွက် ဆက်လက်တောင့်ခံနိုင်တော့မည်မဟုတ်ပေ။

ရှင်းအန်း နောက်တစ်ကြိမ် လိုက်ဖမ်းလိုက်သည်။

တခဏကြာသော် သူ့နဖူးမှ ချွေးများကျလာ၏။ အဘိုးအို၏ အရိပ်အယောင်ကိုပင် မမြင်ရတော့သည်သာမက ... အန္တရာယ်များသော နေရာတစ်နေရာ၌ ပိတ်မိသွားကြောင်း တွေ့လိုက်ရသည်။ အတားအဆီးအစီအရင်များက နေရာအနှံ့ ပြည့်နှက်နေ၍ သူ စိတ်တိုင်းကျ မသွားနိုင်တော့ပေ။

ရုတ်တရက် အဘိုးအိုက ငွေလှေလေးတစ်စင်းထဲတွင် ထိုင်လျက် ပေါ်လာပြန်သည်။ မည်သည့်နေရာမှ ရလာမှန်းမသိသော ဝါးခမောက်တစ်လုံးကိုပင် စောင်းထားသေး၏။

ရှင်းအန်း စိတ်အားတင်းလိုက်ပြီး မျက်လုံးထောင့်စွန့်များ တွန့်သွားသည်။ သူ ပြေးလိုက်ချင်သော်လည်း ဟင်းလင်းပြင်၌ လွင့်မျောနေသော အတားအဆီးတစ်ခုက သူ့ကို ပိတ်လှောင်ထား၏။

အဘိုးအိုက သူ့ကို သွားဖြဲပြုံးပြသည့်အခါ လျှာမရှိကြောင်း မြင်လိုက်ရ၏။ သူက လည်ပင်းကို ဖြတ်သည့်ပုံစံ လုပ်ပြပြီးနောက် ငွေလှေလေးဖြင့် ထွက်သွားလေသည်။

ရှင်းအန်းမှာ မီးပုံယမ်းကျ ပေါက်ကွဲသွားသော်လည်း အဘိုးအို၏အပြုံးအား မြင်ဖူးနေသလို ခံစားလိုက်ရသည်။

‘ဒီအပြုံးမျိုး ငါ သေချာပေါက် မြင်ခဲ့ဖူးတယ်...’

သူ စိတ်အေးအေးထား၍ ထိုအဘိုးအို၏အပြုံးကို ခဏဘေးချိတ်ရင်း ထွက်လမ်းရှာရာတွင် အာရုံစိုက်လိုက်သည်။ သို့သော် ဖြေရှင်းနိုင်တော့မည့်အချိန်မှာပဲ ချင်မူ့အပြုံးက သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာပြီး အ,နေသော အဘိုးအို၏အပြုံးအပေါ် ထပ်သွား၏။ ရှင်းအန်း စိတ်လွတ်သွားသဖြင့် အတားအဆီး၏ တွန်းထုတ်ခြင်း ခံလိုက်ရသည်။

ချင်မူ့အပြုံးနှင့် အဘိုးအို၏အပြုံးက ချွတ်စွပ်နီးပါး တူနေ၏... မတူသည့်အချက်ဆို၍ ချင်မူ့အပြုံးက ရိုးသားသော်လည်း... အ,အ အဘိုးအို၏ အပြုံးက ကောက်ကျစ်ဉာဏ်များသည့်ပုံစံ ဖြစ်နေခြင်းသာ ရှိသည်။

“ငါ ....” ရှင်းအန်း၏ နတ်ဘုရားသွေးများ လည်ပင်းဝထိ ဆောင့်တက်လာသော်လည်း သူက ပြန်မြိုချလိုက်သည်။ “ဒေါသမထွက်နဲ့ ဒေါသမထွက်နဲ့... သူ့ကြောင့် ငါ့တာအိုနှလုံးသားကို အပျက်စီးခံလို့ မဖြစ်ဘူး.... ငါ .... ဖူး”

သူ့မှာ စိတ်မထိန်းနိုင်တော့ဘဲ နတ်ဘုရားသွေးတစ်လုပ် အန်လိုက်ရသည်။ ရှုံးနိမ့်သွားသည့် ခံစားချက်ကြောင့် သူ ဒေါသတကြီး အော်ဟစ်လိုက်မိ၏။ “နတ်ဆေးသမားတော်ချင်၊ ငါ မင်းကို ဘယ်တော့မှ အလွှတ်မပေးဘူး”

....

ချင်မူက အလင်းရောင်နောက် လိုက်သွားရင်း မဟာမြို့ပျက်အပြင်သို့ ရောက်လာသည်။ သူ ရှေ့ဆက်လျှောက်သွားသည်နှင့်အမျှ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ တောင်ပိုင်းနယ်စပ်များနှင့် နီးကပ်လာ၏။ ထိုနေရာတွင် အကောင်ဗလောင်များစွာ ရှိသလို၊ မြွေလည်း ပေါသည့်အတွက် လူနေနည်းပါးသည်။ ဝေးဝေးရောက်လာလေလေ၊ တိတ်ဆိတ်ခြောက်ကပ်လာ၏။

နောက်ဆုံးတော့ မိုးသောက်ယံရောက်သည့်အခါ လမ်းပြအလင်းရောင်က တောင်ထိပ်တစ်ခုအပေါ်တွင် သိပ်မကြီးသော တံခါးတစ်ချပ်အား ဖွဲ့တည်လိုက်သည်။ ချင်မူ ပတ်ဝန်းကျင်သို့ လှည့်ပတ်ကြည့်လိုက်ရာတွင် တောင်ကတုံးများနှ့င် မြေရိုင်းများကို မြင်လိုက်ရသည်။ ဤနေရာတွင် လူသူကင်းမဲ့သော တောင်တန်းတစ်ခုသာ ရှိချေသည်။

နဂါးချီလင်လည်း ခေါင်းထောင်လာပြီး ပတ်ဝန်းကျင်ကို ကြည့်သည်။ နေထွက်တော့မည်ကို မြင်လျှင် သူ ဝမ်းသာသွား၏။ “ဂိုဏ်းသခင် နေထွက်တော့မယ်၊ မနက်စာ စားဖို့ အချိန်ကျပြီ...”

ချင်မူ တံခါးကို တွန်းဖွင့်လိုက်သည့်အခါ အထဲမှ အလင်းတန်းများ ဖြာထွက်လာသည်။ သူက ထိုအလင်းရောင်ထဲ လမ်းလျှောက်ဝင်သွား၏။

နဂါးချီလင်လည်း ကပျာကယာ လိုက်လာသည်။ သူတို့ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် အလင်းတံခါးသည်လည်း တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားတော့သည်။

တခဏကြာသော် လူသူတိတ်ဆိတ်နေသော အထီးကျန်မြေပြင်ထက်တွင် ချင်မူ ပေါ်လာ၏။ ‌စောစောက တိတ်ဆိတ်ခြောက်ကပ်သည်ဆိုသည်မှာ ဤနေရာနှင့် မယှဉ်နိုင်ပေ။

သူ့အရှေ့တွင် မြူခိုးများ ဝေနေပြီး ပြိုကျပျက်စီးနေသော ခန်းမများ ရှိနေသည်။ ခန်းမများကြား၌ သင်္ချိုင်းမြေပုံများနှင့် ကမ္ဗည်းကျောက်စာတိုင်များ နစ်မြုပ်နေ၏။ ထိုးထိုးထောင်ထောင် တံတိုင်းများ၊ စုတ်စုတ်ပြတ်ပြတ် နံရံများကြောင့် ချင်မူ ရင်ထဲတွင် နင့်သွားမိသည်။

အဝေးတွင် နန်းတော်တစ်ခုက မြူခိုးများအကြား အထီးကျန်စွာ ရပ်နေ၏။

ချင်မူ ဘေးဘီဝဲယာကို ကြည့်ရင်း ရှေ့ဆက်သွားလိုက်သည်။ ဤနေရာမှာ အလွန်ကျယ်ဝန်းသော်လည်း ... မြူခိုးထဲရှိ သင်္ချိုင်းမြေပုံများ၊ ကမ္ဗည်းကျောက်စာတိုင်များမှာ လူသားဧကရာဇ်ခန်းမ၏ တစ်ခုတည်းသော ရှုခင်းသာ ဖြစ်နေသည်။

သူ ပထမဆုံးမြေပုံဆီသို့ သွား၍ ကမ္ဗည်းကျောက်စာတိုင်ကို ဖတ်လိုက်သည်။

ကောင်းကင်နတ်ဘုံ အနောက်စစ်သူကြီးဝေ့မင် ။ ကမ္ဗည်းကျောက်စာတိုင်၏ဘေးတွင် သွေးစွန်းနေသော ဒိုင်းတစ်ခု ရှိ၏။

ချင်မူ ဒုတိယမြေပုံဆီသို့ သွားလိုက်သည်။

ကောင်းကင်နတ်ဘုံ သူရသတ္တိကျားအစောင့်တပ်ဖွဲ့ အမြင့်စံအရာရှိ တင်းယွင်ဟယ်။ ကမ္ဗည်းကျောက်စာတိုင်အောက်၌ ခမောက်တစ်လုံး ရှိနေသည်။

သူ တိတ်ဆိတ်စွာ ဆက်လျှောက်နေသည်။ မနက်စာတောင်းနေသော နဂါးချီလင်ပင် စကားမပြောရဲတော့ပေ။ သူက အမြီးကုပ်၍ သေတ္တာကြီး၏အဖုံးကို ဟကာ ဝင်ပုန်းလိုက်ပြီး အပြင်မထွက်ရဲတော့ပေ။

ချင်မူ ကမ္ဗည်းကျောက်စာတိုင် တစ်တိုင်ပြီးတစ်တိုင် ဖတ်သွားသော်လည်း အတော်များများ၌ စာများပင် ရေးသားမထားပေ။ ကမ္ဗည်းကျောက်စာတိုင် ထူခဲ့သော လူက သူတို့နာမည်များအား မသိခြင်း ဖြစ်လောက်၏။

အမည်ရှိ ကမ္ဗည်းကျောက်စာတိုင်များနှင့် အမည်မဲ့ ကမ္ဗည်းကျောက်စာတိုင်များက မြူခိုးများကြား၌ မတ်မတ် ရပ်တည်နေသော လူသားဧကရာဇ်ခန်းမဆီသို့ ဦးတည်ပေးထားသည်။

မည်မျှကြာသွားလဲ မပြောတတ်သော်လည်း ချင်မူ လူသားဧကရာဇ်ခန်းမဆီသို့ ရောက်လာသည်။ သူ၏မျက်စိရှေ့တွင် ကောက်ရိုးတဲတစ်တဲ ရှိနေ၏။ တဲထဲ၌ ခြောက်ကပ်နေသော အရိုးစုတစ်စုက ဦးခေါင်းစိုက်ကျလျက် ထိုင်နေသည်။ သူ့အနောက်တွင် ပြိုကျပျက်စီးနေသည့် ကမ္ဗည်းကျောက်စာတိုင်တစ်တိုင်အား မြင်တွေ့ရသည်။ အရိုးစုမှာ အရိုးသာ ကျန်တော့သော်လည်း အရပ်မြင့်မြင့်၊ တောင့်တောင့်တင်းတင်း လူတစ်ယောက် ဖြစ်ခဲ့မည်ဟု ချင်မူ မြင်နေရသေးသည်။ သူ၏လက်ဆစ်များက ကြီးမားတုတ်ခိုင်နေသည့်အတွက် ... မုဒြာသိုင်းများ၊ လက်ဝါးသိုင်းများနှင့် လက်သီးသိုင်းများကို အထူးပြုကျွမ်းကျင်ခဲ့လိမ့်မည်။

ကျောက်ပြားပေါ်ရှိ ဖုန်များကို သုတ်လိုက်သည့်အခါ ချင်မူ မှင်သက်သွားမိ၏။

လူသားဧကရာဇ်ချီကန်း

ကျွန်ုပ်၏ဘဝတွင် မည်သည်ကိုမျှ မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် ကမ္ဗည်းကျောက်စာတိုင် ထူမတ်ပြီး ဘိုးဘေးများအား မတွေ့ဝံ့ပါ။ အရိုးများကို မြှုပ်နှံ၍ အနားယူမည့်အစား ဤတဲတွင်သာ သေပါရစေသား။

ချင်မူ သေတ္တာကို ဖွင့်၍ ဖယောင်းတိုင်များ၊ ရွှေစက္ကူ၊ ငွေစက္ကူများနှင့် ပူဇော်ရာပစ္စည်းများ ထုတ်လိုက်သည်။ ထို့နောက် အမွှေးတိုင်ထွန်းကာ လူသားဧကရာဇ်ချီကန်းကို ဂါဝရပြုကာ ပူဇော်လိုက်၏။

ကောက်ရိုးတဲထဲမှ သူ အပြင်ထွက်လာသည့်အခါ နောက်တဲတစ်လုံးကို အနားတွင် မြင်လိုက်ရသည်။ တဲထဲရှိ ကမ္ဗည်းကျောက်စာတိုင်တစ်တိုင်အနား၌ ခြေပြတ်လက်ပြတ်များ ရှိနေ၏။ ကျောက်စာတိုင်တွင်မူ ‘စု’ ဆိုသော စာလုံးကိုသာ ရေးထားပြီး တစ်ဝက်တစ်ဝက် ရေးထွင်းထားသည့်ပုံပေါ်နေသည်။ ဓားကျိုးတစ်လက်က ကျောက်စာတိုင်ထဲ စိုက်ဝင်သွား၍ စာလုံးအား အပြီးအထိ မရေးခဲ့ရဟန်တူသည်။

ချင်မူ ခြေပြတ်လက်ပြတ်များအား ကြည့်လိုက်သည်။ ပြတ်တောက်နေသော နေရာများတွင် ဓားဒဏ်ရာများ ရှိနေပြီး သူ၏မျက်ဝန်းထောင့်စွန်းများ လှုပ်သွား၏။ ထို့နောက် သူ ဂါဝရပြုလိုက်သည်။

“ရွာလူကြီး”

တစ်ခါတုန်းက မိမိကိုယ်ကို အဆုံးစီရင်ရန် ရွာလူကြီး ဤနေရာသို့ လာခဲ့ဖူးကြောင်း ချင်မူ သိထားသည်။ သို့သော် လူသားဧကရာဇ်တံဆိပ်တုံးကို လွှဲပြောင်းမပေးရသေးသည့်အတွက် သူ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ခြေပြတ်လက်ပြတ်များသာ မြှုပ်ထားခဲ့၏။

အမွှေကို လွှဲမပေးရ‌သေးသဖြင့် သူ့မှာ နာမည်ကိုပင် မရေးဝံ့ခဲ့ပေ။

ချင်မူ တတိယကောက်ရိုးတဲဆီသို့ သွားလိုက်သည့်အခါ ငါးပေသာ မြင့်သော အရိုးစုတစ်စုအား မြင်လိုက်ရ၏။ ထိုသူက လူသားဧကရာဇ်ရီရှန်း ဖြစ်သည်။ ကမ္ဗည်းကျောက်စာတိုင်ပေါ်တွင် ရိုးရိုးရှင်းရှင်း စာလုံးများသာ ရေးထား၏။

အထက်ကောင်းကင်ဘုံကို ရှုံးနိမ့်သွားခဲ့သူ လူသားဧကရာဇ်ရီရှန်း။ အကျွန်ုပ်အနေဖြင့် အလောင်းကို မြှုပ်နှံပြီး ဆရာနှင့် မျက်နှာချင်းမဆိုင်ဝံ့ပါ။ နောင်မျိုးဆက်များလည်း အကျွန်ုပ်အား ဂါဝရပြုရန် မလို။

ချင်မူ စတုတ္ထကောက်ရိုးတဲဆီသို့ ဝင်လိုက်သည့်အခါ အရိုးစုနောက်တစ်စု တွေ့လိုက်ရသည်။ အရိုးစုက လက်တွင် ပန်းခြင်းတစ်ခြင်းအား ကိုင်ထား၏။

လူသားဧကရာဇ်လန်ပို၊ အကျွန်ုပ်ဘဝတွင် ဖြစ်မြောက်အောင်မြင်ခဲ့သော အရာဟူ၍မရှိ။ ဆရာ၏သင်ပြမှုများအတိုင်း မလုပ်ဆောင်နိုင်ခဲ့၍ ရှက်မိသည်...

ချင်မူ တစ်တဲဝင် တစ်တဲထွက်၍ ဂါဝရပြုရင်း လူသားဧကရာဇ်ခန်းမ၏ နှစ်နှစ်သောင်းသမိုင်းကြောင်းကို မြင်တွေ့နေရ၏။ ဖုန်းတုထဲတွင် ဆရာဖြစ်သူနှင့် မတည့်ဘဲ ရိုက်ပုတ်ဆဲဆိုနေကြသော လူသားဧကရာဇ်များအား သူ တွေ့ခဲ့ရသော်လည်း ဤနေရာ၊ လူသားဧကရာဇ်ခန်းမ၏ ကောက်ရိုးတဲများထဲတွင် သူတို့၏ဆရာ့အပေါ် လေးစားမှုနှင့် ကျရှုံးခဲ့မှုများအတွက် နောင်တများကို မြင်ရလေသည်။

သူ လူသားဧကရာဇ်ခန်းမ၏ အဆုံးဆီသို့ ရောက်သွားသည့်အခါ နောက်ကျောတစ်ခုကို မြင်လိုက်ရ၏။

All Chapters