← Chapters

ကောင်းကင်တုန်လှုပ်အရှင်သခင်

Vol. 55 Ch. 746

ကောင်းကင်တုန်လှုပ်အရှင်သခင်

Vol. 55 Ch. 746

"မဖြစ်နိုင်ဘူး" အားဘီလူးအရှင်သခင်က အော်လိုက်တယ်။

အစက သူက လီဖူချန်းကို ဖိနှိပ်နိုင်နေတာလေ။ အခု ဘယ်လိုလုပ်ပြီး သူက အဖိနှိပ်ခံနေရတာလဲ။

"အားဘီလူးအရှင်သခင်၊ ရိုက်နုက်နှက်ခံရတဲ့အရသာကို မြည်းစမ်းကြည့်ပေတော့"

အနီရောင်လက်သီးတွေက ကြယ်တံခွန်နဲ့ တူပါတယ်၊ မဟုတ်ဘူး၊ ကြယ်တံခွန်ထက်တောင် ပိုကြောက်ဖို့ကောင်းနေလေရော။ သူတို့မှာ အဖျက်အဆီးချီတည်ရှိမှုတစ်ခု ပါဝင်နေပြီး သူတို့က အရာအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်စေတာမျိုးနဲ့ တူပါတယ်။

ဘန်း ဘန်း ဘန်း ဘန်း........

အားဘီလူးအရှင်သခင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာများစွာ ဖြစ်လာတယ်။ ဒဏ်ရာတွေက မသေနိုင်ပါဘူး၊ လှုပ်ရှားမှုကိုတော့ ထိခိုက်စေတာပေါ့။

ကြောက်စရာအကောင်းဆုံးအရာက လီဖူချန်းရဲ့ချီစွမ်းအားက တိုက်ပွဲအတွင်း ပြန်ပြည့်လာတာပါပဲ။

အရင်က ၁၅ရာခိုင်နှုန်း၊ အခု နှစ်ဆယ်ရာခိုင်နှုန်း ရှိလာပါတယ်။

လီဖူချန်းက အကြောင်းရင်းကို နားမလည်ပါဘူး။ သူ သိတာက  ကြယ်လက်ရဲ့ချီစွမ်းအားနဲ့ ရောနှောသွားတဲ့ ကပ်ဘေးစွမ်းအားက မဟာတာအိုဥပဒေဿနဲ့ ဆက်စပ်နေတယ်ဆိုရုံမျှသာပါပဲ။

ဘန်း........

ကြီးမားတဲ့ပုံရိပ်တစ်ခုက အနောက်ကို လွင့်ထွက်သွားတယ်။

အားဘီလူးအရှင်သခင်က သနားစရာအနေအထားကို ရောက်နေပါတယ်။ ဒီအနေအထားထိ ရောက်အောင် သူ့ကို မဟာဧကရာဇ်တစ်ယောက်က ရိုက်နှက်နိုင်လိမ့်မယ်လို့ မထင်ထားဘူးလေ။

"ကောင်းကင်နတ်ဆိုးတိုင်ယန်ခန္ဓာကိုယ်"

သွေးမျိုးဆက်စွမ်းအားတစ်ခုကို လျင်မြန်စွာ အသုံးပြုလိုက်လေတယ်၊ အားဘီလူးအရှင်သခင်ရဲ့ခန္ဓာကိုယ်က အဝါရောင်အလင်းလွှာတစ်ခုနဲ့ ဖုံးအုပ်သွားတော့တယ်။

ကလန်း........

လီဖူချန်းရဲ့လက်သီးက အဝါရောင်အလင်းအပေါ် ကျရောက်သွားတယ်၊ အနည်းငယ်သာ တုန်ခါသွားစေလိုက်တယ်။

"အမ်" လီဖူချန်းရဲ့မျက်လုံးတွေက ကျုံ့သွားတယ်။

သူ့ရဲ့လက်သီးဥပဒေဿကို ဖယ်ထုတ်လိုက်တာဆိုတော့ အဝါရောင်အလင်းက ဥပဒေဿတွေကို ဖက်ထုတ်နိုင်ပုံပဲ။

"မင်းပဲ ငါ့ကို ဒါကို အသုံးပြုဖို့ ဖိအားပေးခဲ့တာ"

အားဘီလူးအရှင်သခင်က အဝါရောင်လက်သည်းပုံရိပ်တစ်ခုကို ဖော်ထုတ်ပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်ပေါ်မှာ သွေးဒဏ်ရာတစ်ခုကို ဖြစ်စေလိုက်တယ်။

"ငါက အဆင့်နိမ့်အရှင်သခင်တစ်ယောက်ကို အထင်သေးမိနေတုန်းပဲ" လီဖူချန်းက အသက်ပြင်းပြင်း ရှုလိုက်မိတယ်။

ဒါဆိုရင် အဆင့်နိမ့်နတ်ဆိုးသားရဲအရှငသခင်တစ်ယောက်နဲ့ တစ်နေ့လုံး တိုက်ခိုက်နိုင်လောက်အောင် ဓားဧကရာဇ်က ဘယ်လောက်တောင် စွမ်းအားကောင်းနေပါလိမ့်။

ဒါပေမယ့် အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တွေမှာလည်း သူတို့ရဲ့အားနည်းချက်နဲ့အားသာချက်တွေ ရှိပါတယ်။ တိုင်ယန်သားရဲတစ်ကောင်သာဆိုရင် ဓားဧကရာဇ်ကတောင် ဘက်မဟုတ်ပါဘူး။ ပြီးတော့ အဆင့်နိမ့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်ဖြစ်တဲ့ တိုင်ယန်သားရဲတစ်ကောင်က အဆင့်နိမ့်သူတော်စင်တစ်ယောက်နဲ့ ယှဉ်နိုင်ပါတယ်။

(ဘာသာပြန်သူမှတ်စု - အရှင်သခင်သားရဲအစား တိုင်ယန်သားရဲလို့ ပြောင်းလိုက်ပါတယ်၊ အကြောင်းရင်းကား နတ်ဆိုးသားရဲအရှင်သခင်နဲ့ သူတို့ကို ခွဲခြားရခက်လို့ပါ။ ဥပမာ - မိုးကြိုးသားရဲက တိုင်ယန်သားရဲတစ်ကောင်ပါ)

ရှစ်နာရီ.........ဆယ်နာရီ.........

မိုးကုတ်စက်ဝိုင်းမှာ အလင်းမှိန်လေးတစ်ခုက ထွက်ပြူစနေပါပြီး။ နေထွက်ချိန်ရောက်လာပြီးပေါ့။

ကမ္ဘာမှာရှိတဲ့ အမှောင်ထုဥပဒေဿက ဒီရေအလား လျော့ကျ‌သွားတာကို လီဖူချန်းက ခံစားမိတယ်။ အားဘီလူးအရှင်သခင်ရဲ့ခွန်အားကလည်း သိသိသာသာ လျော့ကျလာပါတယ်။

"မဟုတ်ဘူး၊ မင်း သေရမယ်"

အားဘီလူးအရှင်သခင်က ဒီလိုရလဒ်မျိုးကို လက်မခံနိုင်ပါဘူး၊ သူက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ပါတယ်။

နေထွက်လာပြီးဆိုတော့ သူ့ရဲ့ခွန်အားကလည်း ၁၀ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်။ အဲဒါက သိပ်မများပါဘူး၊ ဒါပေမယ့် သူ့နဲ့လီဖူချန်းကြား ခွန်အားကွာခြားချက်ကလည်း အများကြီးမရှိဘူးလေ၊ ၁ရာခိုင်နှုန်းပတ်လည်လောက်မှာပဲ။ ဒါကြောင့် ၁၀ရာခိုင်နှုန်းက တိုက်ပွဲအဖြေကို သက်ရောက်ဖို့ လုံလောက်ပါတယ်။

သူက လီဖူချန်းကို ဒီတစ်ကြိမ်မသတ်နိုင်ရင် နောက်ထပ်တစ်ကြိမ် လီဖူချန်းကို ရှာတွေ့ဖို့ဆိုတာ မလွယ်ပါဘူး။ သူက ကောင်းကင်တုန်လှုပ်အရှင်သခင်ရောက်လာတဲ့အထိ အချိန်ဆွဲထားရမယ်။

"နေထွက်လာပြီးပဲ" အရိုင်းတောင်အထွတ်အထိပ်မဟာဧကရာဇ်က ပျော်ရွှင်သွားတယ်။

"ကောင်းကင်နတ်ဆိုးအသက်ရှုခြင်း"

သွေးမျိုးဆက်စွမ်းအားကို လောင်ကျွမ်းသွားစေပြီး အားဘီလူးအရှင်သခင်က ပါးစပ်ကို ဟကာ အဝါရောင်မီးတောက်တွေကို လီဖူချန်းဆီ ထွေးထုတ်လိုက်တယ်။

‌အားဘီလူးအရှင်သခင်က သူ့ရဲ့အသက်အတွက် စွန့်စားအားထုတ်နေတာကို လီဖူချန်းက မြင်လိုက်ရတယ်။

ကြည့်ရတာ ကောင်းကင်ခြေနင်းမဟာမင်းရဲ့အဖေ၊ ကောင်းကင်တုန်လှုပ်အရှင်သခင်က ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုဖြစ်ပုံပဲ။ မဟုတ်ရင် အားဘီလူးအရှင်သခင်က ဒီလောက်ထိ ‌စိုးရိမ်တကြီးဖြစ်နေစရာ မလိုပါဘူး။

လီဖူချန်းက အဝါရောင်မီးတောက်တွေကို ဖယ်ရှားဖို့ လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်၊ ဒါပေမယ့် အဝါရောင်မီးတောက်အစက်အနည်းငယ်က သူ့ရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာနေတုန်းပဲ။

ဇစ် ဇစ် ဇစ်.........

ဥပဒေဿစက်ကွင်းက ချက်ချင်း လောင်ကျွမ်းသွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်မှာ ချိုင့်အနည်းငယ် ဖြစ်လာပါတယ်။

ချို့င်ပတ်ပတ်လည်က အသားတွေကို တူးထုတ်ဖို့ လီဖူချန်းက ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

အသက်ကို ရှုသွင်းပြီးတောင်မှ လီဖူချန်းက ကြောက်ရွံနေတုန်းပါပဲ။

‌အားဘီလူးအရှင်သခင်ကသာ ဒါကို အစကတည်းက သုံးခဲ့ရင် လီဖူချန်းက အသက်ရှင်တော့မှာ မဟုတ်ဘူး။

အဝါရောင်မီးတောက်ကို မှုတ်ထုတ်ပြီး‌နောက် အားဘီလူးအရှင်သခင်ရဲ့ချီတည်ရှိမှုက ဖျော့တော့သွားလေတယ်။ သူက ခပ်မာမာ ပြောလိုက်တယ်"လူသား၊ မင်းမှာ အခွင့်အရေးရှိတုန်း ကောင်းကင်တုန်လှုပ်အရှင်သခင်ကို အညံ့ခံပါ၊ မဟုတ်ရင် ကောင်းကင်တုန်လှုပ်အရှင်သခင်က လူသားမျိုးနွယ်တစ်ခုလုံးကို လက်စားချေလိမ့်မယ်"

လီဖူချန်းရဲ့အမူအရာက ပြောင်းသွားတယ်။ ဒါသာ အမှန်ဆိုရင် လူတော်တော်များများက သေကြေပျက်စီးရတော့မှာပဲ။

သူ မြို့တစ်မြို့ကို ကယ်လိုက်ရုံနဲ့ လူတွေကို ဒုက္ခမရောက်စေချင်ဘူး။

တစ်ခဏလောက်တော့ လီဖူချန်းရဲ့စိတ်ပိုင်းဆျုင်ရာတွေက ပြင်းထန်နေတယ်။ ဒါပေမယ့် မကြာခင်မှာပဲ သူက တည်ငြိမ်သွားပြန်တယ်။

အရာရာက ကံစီမံရာအတိုင်းပါပဲ။ သူက သူမြင်သမျှလူတွေကိုပဲ ကယ်နိုင်လိမ့်မယ်။ ကောင်းကင်တုန်လှုပ်ဧကရာဇ်က လက်စားချေမှုအတွက် လူသားမျိုးနွယ်ကို သတ်ဖြတ်မယ်ဆိုရင် သူကလည်း အပြစ်မဲ့တဲ့လူသားတွေအတွက် လက်စားချေဖို့အတွက်  ကောင်းကင်တုန်လှုပ်ဧကရာဇ်ကို ပြန်သတ်ဖြတ်ရမှာပေါ့။

"ငါ သူတို့အတွက် လက်စားပြန်ချေပေးမယ်" လီဖူချန်းက ပြောလိုက်တယ်။

"သွေးအေးရက်စက်တဲ့ကောင်ပဲ။ မင်းကြောင့်နဲ့လူသားတွေ အသတ်ခံရမှာကို မင်း ကြည့်နေနိုင်တာလား။ သူတို့သာ သိသွားရင် မင်းကို မုန်းတီးကြလိမ့်မယ်"

အားဘီလူးအရှင်သခင်က လီဖူချန်းရဲ့နှလုံးသားကို လှုပ်ခတ်စေဖို့ ကြိုးစားနေတုန်းပါပဲ။

"မင်းက သွားဖို့ ဆန္ဒမရှိရင်လည်း နေခဲ့လိုက်တေ့"

လီဖူချန်းက မော်တယ်ချီစွမ်းအားကို အဆုံးစွန်းထိ လှည့်ပတ်လိုက်တယ်။ လက်သီးတစ်ချက်က အားဘီလူးအရှင်သခင်ကို ခြေလှမ်းတော်တော်များများ နောက်ဆုတ်သွားစေတယ်။

"မင်း"

သူသာ ဆက်တိုက်ခိုက်နေရင်း လီဖူချန်းကြောင့် သေဆုံးသွားနိုင်တာကို အားဘီလူးအရှင်သခင်က သိပါတယ်။သူက သွေးမျိုးဆက်စွမ်းအားရဲ့ကြီးမားတဲ့ပမာဏကို တိုးချဲ့လိုက်လေတယ်။

ပေါင်ကြွက်သားတွေ တိုးချဲ့နေစဉ်မှာပဲ အားဘီလူးအရှင်သခင်က ဝပ်ပြီးနောက် လွှားခနဲ ခုန်ထလိုက်တယ်။ သူက မြားတစ်စင်းပမာ အပေါ်တက်သွားပြီး အမှောင်ထဲမှာ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပါတယ်။

အလင်းက အမှောင်ကို တဖြည်းဖြည်း အုပ်စိုးလာနေပါပြီး။

လီဖူချန်းက မြို့ကို ပြန်သွားပြီး လူတိုင်းကို ထွက်ခွာသွားကြဖို့ ပြောလိုက်တယ်။ ကောင်းကင်တုန်လှုပ်အရှင်သခင်က လက်စားချေမလားကို သူက မသေချာဘူးလေ။ ပြီးတော့ မြို့ရဲ့အကာအကွယ်အစီအရင်ကလည်း ပျက်စီးသွားပြီဖြစ်တာကြောင့် နတ်ဆိုးသားရဲတိုက်ခိုက်မှုတွေကို မခုခံနိုင်တော့ဘူး။ ဒီမှာနေတာက သေဖို့စောင့်နေတာနဲ့ အတူတူပါပဲ။

ပြောင်းရွှေ့မှု စတင်လာတယ်၊ လူတိုင်းက သူတို့ရဲ့မိသားစုတွေကို ခေါ်ပြီး အနီးဆုံးမြို့တွေရှိရာကို  အပြေးအလွှားသွားလိုက်ကြတော့တယ်။

လီဖူချန်းက သူတို့ကို ကောင်းကင်မှနေ စောင့်ရှောက်လိုက်ပို့ပေးလိုက်တယ်။

"ငါ အကောင်းဆုံးလုပ်ပေးပြီးပါပြီး" လီဖူချန်းက ကောင်းကင်ကို ကြည့်ရင်း ပြောလိုက်တယ်။

***

ညက တစ်ဖန် ရောက်လာပြန်တယ်။

ကြောက်စရာကောင်းတဲ့ပုံရိပ်တစ်ခုက ကမ္ဘာမှာ ထွက်ပေါ်လာတယ်။

ကောင်းကင်တုန်လှုပ်ဧကရာဇ်က ခန္ဓာကိုယ်တောင့်တင်းခိုင်မာတဲ့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ပါ။ သူ့ရဲ့ဦးခေါင်းမှာ မီတာဝက်ခန့်ရှိတဲ့ဦးချိုနှစ်ချောင်းရှိပါတယ်။

"အရှင်ကောင်းကင်တုန်လှုပ်၊ ကျွန်တော် အကောင်းဆုံးလုပ်ခဲ့ပါတယ်၊ ဒါပေမယ့် အဲလူက စွမ်းအားကောင်းလွန်းတယ်။ ကျွန်တော်က သူ့ကို မသတ်နိုင်ခဲ့ဘူး" အားဘီလူးအရှင်သခင်က တုန်လှုပ်ခြောက်ခြားစွာနဲ့ ပြောလိုက်တယ်။

"အသုံးမကျဘူး"

ကောင်းကင်တုန်လှုပ်အရှင်သခင်က လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အားဘီလူးအရှင်သခင်က လွင့်ထွက်သွားပြီး သွေးပွက်ပွက်အန်လိုက်ရ‌လေတယ်။

"ငါ့သားလေး၊ အဖေ မင်းအတွက် အဲလူကို သေချာပေါက် အပိုင်းပိုင်းဖြစ်အောင် ဖျက်ဆီးပစ်မယ်။ အဲဒါမတိုင်ခင်တော့ အဖေက စိတ်ဝင်စားစရာအချို့ကို ပြုလုပ်ရတာပေါ့"

ပြောနေရင်း ကောင်းကင်တုန်လှုပ်အရှင်သခင်က မြို့တစ်မြို့ဆီ ပျံသန်းသွားလေတယ်။

အချိန်တစ်ခဏအတွင်း သူက မြို့အရှေ့ကို ရောက်ရှိသွားပါတယ်။

မြို့က မိုင်၈၀အကွာအဝေးရှိပြီး လူ‌ဦးရေက ၁၀မီလီယံ ရှိပါတယ်။

"ပျောက်ကွယ်သွားစမ်း"

လက်ဝါးကြီးတစ်ခုက ကျဆင်းလာပြီး မြို့တစ်ခုလုံး ဖုန်မှုန့်ဖြစ်သွားတော့တယ်။

မြို့ထဲရှိတစ်‌ယောက်မှ အသက်မရှင်ပါဘူး။

ပြီး‌နောက် ကောင်းကင်တုန်လှုပ်အရှင်သခင်က နောက်တစ်မြို့ကို ဦးတည်လိုက်တယ်။

တစ်ရက်အတွင်း ကောင်းကင်တုန်လှုပ်အရှင်သခင်က မြို့တစ်ရာနီးပါးကို ဖျက်ဆီးပြီး လူသားဘီလီယံချီကို သုတ်သင်ခဲ့ပါတယ်။

ကောင်းကင်တုန်လှုပ်ဧကရာဇ်က အစုလိုက်အပုံလိုက်သတ်ဖြတ်ခြင်းကို ဆက်လက် လုပ်ဆောင်နေတယ်။ ရက်အနည်းငယ်အတွင်း သူက မြို့ပေါင်း တစ်သိန်းကျော်ကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

သည်ကြီးမားတဲ့သတ်ဖြတ်မှုက လူသား‌သူတော်စင်တစ်ယောက်ကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

ဆံပင်ရှည်ရှည်နဲ့ အလယ်ဆင့်သူတော်စင်တစ်ယောက်ပါ။

သူ‌တော်စင်က ပြောလိုက်တယ် "ကောင်းကင်တုန်လှုပ်အရှင်သခင်၊ ငါ့လူသားမျိုးနွယ်က မင်းတို့ရဲ့နတ်ဆိုးသားရဲမျိုးနွယ်ကို မထိခိုက်စေခဲ့ပါဘူး။ ဘာလို့ မင်းက ငါတို့လူသားမျိုးနွယ်တွေကို သတ်ဖြတ်ပြီး မြို့ကို ဖျက်စီးပစ်နေရတာလဲ*

"ငါ့သားကို မင်းတို့လူသားတွေက သတ်လိုက်တာ။ ငါက လက်စားမချေရင် ငါ ကောင်းကင်တုန်လှုပ်အရှင်သခင်က ဘယ်လိုလုပ်ပြီး သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရပ်တည်နေနိုင်မှာလဲ" ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့အသံက မိုးကြိုးပမာ ကျယ်လောင်နေတယ်။

"ဘာ၊ မင်းရဲ့သား အသက်ခံလိုက်ရတာလား" ဆံရှည်သူတော်စင်က စိတ်ပျက်သွားလေတယ်။

ကောင်းကင်တုန်လှုပ်အရှင်သခင်က အလယ်ဆင့်တိုင်ယန်သားရဲတစ်ကောင်ဖြစ်ပြီး အလယ်ဆင့်နတ်ဆိုးသားရဲအရှင်သခင်ထက် ပိုသန်မာပြီး အဆင့်မြင့်နတ်ဆိုးသားရဲအရှင်သခင်တွေနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။ ဆံရှည်သူတော်စင်တစ်ယောက်တည်းနဲ့ ကောင်းကင်တုန်လှုပ်အရှင်သခင်ကို ရပ်တန်ဖို့ ဖိအားမပေးနိုင်ပါဘူး၊ သူက ဖျောင်းဖျရုံသာ တတ်နိုင်ပါတယ်။

"မင်းက မင်းရဲ့သားကို သတ်သွားတဲ့သူကိုသာ ရှာဖွေသင့်တယ်။ ဘာလို့ မင်းက အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်နေရတာလဲ" ဆံရှည်သူတော်စင်က ပြောလိုက်တယ်။

"ထွက်သွားစမ်း"

ကောင်းကင်တုန်လှုပ်အရှင်သခင်က ဆံရှည်သူတော်စင်နဲ့ အချိန်ဖြုန်းမနေပါဘူး၊ သူက လက်ဝါးတစ်ချက်တည်းနဲ့ ဆံရှည်သူတော်စင်ကို လွင့်ထွက်သွားစေလိုက်ပါတယ်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက ဆက်ဖြစ်နေလေတယ်။ ဆံရှည်သူတော်စင်က အဆင့်မြင့်သူတော်စင်တစ်ယောက်အပါအဝင် အခြားသူတော်စင်တွေကို ဆက်သွယ်လိုက်ရတယ်။

နောက်ဆုံးမှာ‌တော့ တစ်ပတ်ကြာပြီး‌နောက် အဆင့်မြင့်သူတော်စင်တစ်ယောက်က ထွက်လာပြီး ကောင်းကင်တုန်လှုပ်အရှင်သခင်ကို ပြင်းထန်စွာ ဒဏ်ရာရစေလိုက်ပါတယ်။

ထိုအချိန်မှာ လူသား‌တွေရဲ့သေဆုံးသူအရေအတွက်က မတိုင်းတာနိုင်လောက်အောင်ပါပဲ။ သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ရှိတဲ့ လူသားတွေရဲ့အရေအတွက်နဲ့ နှိုင်းယှဉ်ရင် ဒီ အရေအတွက်က ဘာမှမဟုတ်ပေမယ့် ကပ်ဆိုက်မှုတစ်ခုလို့တော့ သတ်မှတ်လို့ရပါတယ်။

ဒေါသကြောင့် လူသားတွေကလည်း နတ်ဆိုးသားရဲတွေကို စတင်သတ်ဖြတ်လာပါတယ်။ နတ်ဆိုးသားရဲအမြောက်အများကို သတ်ဖြတ်ခြင်း။ ညဘက်ဆိုရင် နတ်ဆိုးသားရဲတစ်ကောင်တောင် မထွက်နိုင်တော့တဲ့ နေရာအချို့တောင် ရှိလာပါတယ်။

အဆင့်မြင့်နတ်ဆိုးသားရဲအရှင်သခင်တစ်ကောင်နဲ့ အဆင့်မြင့်သူတော်စင်တစ်ယောက် ထွက်လာမှသာ ဒီပြဿနာက ချုပ်ငြိမ်းသွားတော့တယ်။

လီဖူချန်း သတင်းကို ရရှိချိန်မှာ ရက်အနည်းငယ်ကြာသွားပါပြီး။ မြို့တစ်မြို့ကို ကယ်တင်ခြင်းက မြို့ပေါင်းများစွာပါ ငြိစွန်းသွားရလိမ့်မယ်လို့ သူ မမျှော်လင့်ထားပါဘူး။ သူကယ်ခဲ့တဲ့လူတွေလည်း အသက်ခံရလောက်ပြီးလို့ ယူဆရပါတယ်။

ဝမ်းနည်းရုံကလွဲပြီး သူ့မှာ ရွေးချယ်စရာ အခြားမရှိပါဘူး။

နတ်ဆိုးသားရဲတွေက လူသားတွေကို သတ်ဖြတ်တာကို သူက ဒီတိုင်းကြည့်နေရမှလား၊ မဖြစ်နိုင်ဘူး။

သူ့အနေနဲ့ နတ်ဆိုးသားရဲတွေကို ခွင့်လွှတ်ဖို့ကရော၊ မဖြစ်နိုင်ပါဘူး။

"ကောင်းကင်တုန်လှုပ်အရှင်သခင်"

လီဖူချန်း ဒီနာမည်ကို မှတ်ထားပါတယ်။ တစ်နေ့ကျရင် ကောင်းကင်တုန်လှုပ်အရှင်သခင်ကို သူကိုယ်တိုင် သတ်ဖြတ်ရပါမယ်။

မဟုတ်ဘူး၊ ကောင်းကင်တုန်လှုပ်အရှင်သခင်ကို သတ်ဖြတ်ရုံနဲ့ မလုံလောက်ဘူး။ သူက သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးရဲ့အနေအထားကို ပြောင်းလဲပစ်ချင်ခဲ့ပါတယ်။

ကောင်းကင်တုန်လှုပ်အရှင်သခင်က မောက်မာရဲတယ်၊ သတ်ဖြတ်ရဲတယ်၊ အကြောင်းရင်းက နတ်ဆိုးသားရဲမျိုးနွယ်က လူသားမျိုးနွယ်နဲ့ ဘက်ညီနေလို့ပါပဲ။ နတ်ဆိုးသားရဲမျိုးနွယ်ကသာ ပိုအားနည်းရင် ဒီလိုသတ်ဖြတ်မှုကို လုပ်ပြီးနောက် ကောင်းကင်တုန်လှုပ်အရှင်သခင်က နှိမ်နင်းခံရမှာ အသေအချာပါပဲ။

သူတော်စင်တိုက်ကြီးရဲ့အနေအထားကို ပြောင်းလံပစ်ချင်တယ်ဆိုရင် သူက သူ‌တော်စင်စိတ်ဝိညာဉ်တိုက်ကြီးတစ်ခုလုံးရဲ့တစ်ဦးတည်းသောအသန်မာဆုံးပုဂ္ဂိုလ် ဖြစ်ရပါမယ်။

***

All Chapters