← Chapters

ဓားသမားအစည်းအရုံး

Vol. 55 Ch. 747

ဓားသမားအစည်းအရုံး

Vol. 55 Ch. 747

ကောင်းကင်တုန်လှုပ်အရှင်သခင်ရဲ့အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ပြီးကတည်းက အချိန်အတော်ကြာပါပြီး။ လူသားများနဲ့သားရဲတို့ကလည်း ထိုအဖြစ်အပျက်ကို မေ့သွားကြပါပြီး။

ဆောင်းဦးသစ်ရွက်မြို့တော်........

အရွယ်အစားအားဖြင့် ကီလိုမီတာအနည်းငယ်ခန့်ရှိသည့် ခြံဝင်းတစ်ခုထဲမှာ လီဖူချန်းက မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်တယ်။

"မူလအစွန်းဓားနည်းလမ်းက အခု အဆင့်၄၂ရဲ့အလယ်ဆင့်ကို ရောက်လာပြီး"

အစုံလိုက်အပြုံသတ်ဖြတ်မှုပြီးကတည်းက နှစ်နှစ်ရှိပါပြီး။ ဒီနှစ်နှစ်အတွင်း လီဖူချန်းက နောက်ထပ်တိုးတက်လာပါတယ်၊ မူလအစွန်းဓားနည်းလမ်းက အဆင့်၄၂ရဲ့အလယ်ဆင့်ကို ရောက်ရှိလာပါတယ်။

သေးငယ်တဲ့တိုးတက်မှုတစ်ခုလို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် ဒီသေးငယ်တဲ့‌တိုးတက်မှုကပဲ ကြီးမားတဲ့‌ပြောင်းလဲမှုကို ယူဆောင်ပေးနိုင်တာကို လီဖူချန်းက သိပါတယ်။

ပြီးတော့ အဆုံးစွန်းနဲ့နီးကပ်လာလေလေ တိုးတက်ဖို့ ပိုခက်ခဲလာလေလေပါ။ တစ်နည်းပြောရရင် ခွန်အားတိုးလာမှုက သိသာလာပါတယ်။

ဒီတစ်ခါမှာတော့ လီဖူချန်းရဲ့ဓားတာအိုခွန်အားက သူ့ရဲ့ခန္ဓာကိုယ်အပြင်အားကို လိုက်မီသွားပါတယ်။

လီဖူချန်းက အိမ်ထဲမှ ထွက်လာပြီး ခြံဝင်းရဲ့လေ့ကျင့်ရေးကွင်းဆီကို သွားလိုက်တယ်။

လေ့ကျင့်ရေးကွင်းမှာ ဝူကျောနဲ့ဝူရှီက ဓါးအနုပညာတွေကို လေ့ကျင့်နေတယ်။

နှစ်အနည်းငယ်ကြာပြီးနောက် ဝူကျောက ၁၁နှစ်၊ ဝူရှီက ၁၆နှစ်ရှိလာပါပြီး။ သူတို့နှစ်ယောက်က တိုက်ပွဲစိတ်ဝိညာဉ်နယ်ပယ်ရဲ့တတိယအဆင့်ကို ရောက်ရှိနေပါတယ်။

ကလန်း ကလန်း ကလန်း........

ဓားအနုပညာနှစ်ခုစလုံးက လှပသိမ့်မွေ့လွန်းပါတယ်။ သာမန်ဆန်းကြယ်အဆင့်ဓားအနုပညာတွေကို သူတို့က သုံးတဲ့အခါ သူတို့က မြေကမ္ဘာအဆင့်ဓားအနုပညာတွေနဲ့ နှိုင်းယှဉ်နိုင်ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း လီဖူချန်းက သူတို့ကို ဓားအနုပညာအမျိုးမျိုးထောင်ပေါင်များစွာကို လေ့ကျင့်စေလိုက်တယ်၊ သူတို့မှာ သိပ်သည်းခိုင်မာတဲ့ဓားတာအိုအခြေခံ ရှိလာစေဖို့လေ။

"ဆရာ"

ဝူကျောနဲ့ဝူရှီက နောက်ဆုံးဓားချက်ကို ဖလှယ်ပြီးနောက် ရပ်လိုက်တော့မဲ့ဆဲဆဲမှာ

"ဆက်ကစားကြ။ ဝူကျောက ရန်သူရဲ့အားနည်းချက်ကို ရှာ။ အားနည်းချက်တစ်ခုမှ မရှိရင် သားက ဖန်တီးရမယ်"

"ဝူရှီ၊သမီးရဲ့ဓားက ‌လှပလွန်းတယ်။ ဒီလောက် ဓားအနုပညာများစွာကို လေ့ကျင့်ပြီး‌တာတောင် လှပဖို့ပဲ သင်ယူခဲ့တာလား။လှပလို့ရတယ်၊ ဒါပေမယ့် ပိုပြီးလှပလေလေ ပိုပြီး အန္တရာယ်များလေရှိတဲ့ သဘောတရားကိုပါ တည်ဆောက်ရမယ်"

လီဖူချန်းက သူတို့ကို ဘယ်လိုကျင့်ကြံရမလဲကို မသင်ပေးပါဘူး၊ သူက ဘယ်လိုတိုက်ခိုက်ရမလဲကိုသာ ညွှန်ပြပေးပါတယ်။အဆုံးကတော့ သူတို့ရဲ့ကံပဲလေ။

ညွှန်ပြပြီး‌‌နောက် တိုက်ခိုက်လေ့ကျင့်မှုက ပိုပိုပြီး ပြင်းထန်လာပါတယ်။

လီဖူချန်းက အဆက်မပြတ် ညွှန်ပြပေးနေပါတယ်။

"ဝူကျော၊ သားရဲ့ဓားက ပိုမြန်ရမယ်။ ဘာလို့ သားရဲ့ဓားက မမြန်ရသလဲကို သိလား။ ဘာကြောင့်ဆို သားရဲ့နှလုံးသားက မစစ်မှန်လို့ပဲ။ ဓားတာအိုနဲ့ပတ်သက်ပြီး နှလုံးသားက စစ်မှန်မှသာ ဆန္ဒရှိသလို ပြုလုပ်နိုင်တဲ့ ဓားတာအိုကို ရရှိလာမှာ"

ဝူကျောရဲ့အားနည်းချက်တစ်ခုကို လီဖူချန်းက သိပါတယ်။ ဝူကျောရဲ့ပြိုင်ဘက်ကင်းဓားတာအိုပါရမီက ဝူကျောကို ဓားအနုပညာတွေကို သင်ယူရာမှာ အလွန်လျင်မြန်စေတယ်၊ ဒါကပဲ ဓားအနုပညာတွေက ဘာမှမဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ပေးစွမ်းပါတယ်။ သူ့ရဲ့ဓားတာအိုအခြေခံက ခိုင်မာတယ် ဒါပေမယ့် နက်ရှိုင်းမှု မရှိပါဘူး။

ဒါပေမယ့် လီဖူချန်းရဲ့မျှော်လင့်ချက်တွေက မြင့်လွန်းပါတယ်လေ။ ဝူကျောက အသက်၁၁နှစ်သာ ရှိသေးတာပါ။ အရှေ့ယူနီကွန်တိုက်ကြီးမှာဆိုရင် ဒီအသက်အရွယ်ရောက်မှ ကလေးတွေက သိုင်းတာအိုလမ်းကြောင်းကို စတင်လျှောက်လမ်းလာကြတာ။

ဒီ‌လေ့ကျင့်မှုက နှစ်နာရီကြာမှသာ ပြီးဆုံးသွားပါတယ်။

ဆောင်းဦးသက်ရွက်မြို့က စည်ကားတဲ့မြို့တစ်မြို့ပါ။

ဆောင်းဦးသစ်ရွက်မြို့မှာ သူတို့ နေထိုင်တဲ့အကြောင်းရင်းက လီဖူချန်းရဲ့ခွန်အားက အဆင့်၉အဆင့်နိမ့်အစီအရင်တွေကို လစ်လျူရှူနိုင်တာကြောင့် မဟုတ်ပါဘူးလေ။

အချက်အလက်အားဖြင့် လီဖူချန်းရဲ့ခွန်အားက အဆင့်၉အဆင့်နိမ့်အစီအရင်အောက် နိမ့်ကျနေသေးပါတယ်။

လီဖူချန်းဝင်ရဲတဲ့အကြောင်းအရင်းက ဒီမြို့က ဓားသမားအစည်းအရုံးရဲ့မြို့ဖြစ်တာကြောင့်ပဲ။

ဓားသမားတွေက တည်ထောင်ခဲ့တာကြောင့် ဓားသမားအစည်းအရူံလို့ ခေါ်တွင်ခြင်း ဖြစ်ပါတယ်။ ထိပ်ကနေ ဟိုးအောက်ခြေထိ ဓားသမားတွေနဲ့ ပြည့်နေတာပါ။

ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တို့ကတောင် ဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်တွေပါပဲ။

ဓားသမားအစည်းအရုံးရဲ့အဖွဲ့ဝင်တွေကိုတော့ အဆင့်ကိုးဆင့် ခွဲခြားထားပါတယ်။ အဆင့်၁ဓားသမားတစ်ယောက်မှ အဆင့်၉ဓားသမားတစ်ယောက်အထိ။

အဆင့်၁ဓားသမားတစ်ယောက်ဖြစ်ချင်ရင် ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ကို ရောက်ရမယ်၊ အစည်းအရုံးရဲ့အဆင့်၁ဓားသမားစာမေးပွဲကို ဖြတ်ကျော်နိုင်ရပါမယ်။

အဆင့်၂ဓားသမားတစ်ယောက်ဖြစ်ချင်ရင်တော့ အဆင့်၂စာမေးပွဲအပြင် အစည်းအရုံးအမှတ်တစ်ရာကို လိုပါတယ်။

အဆင့်၃ဓားသမားဖြစ်ချင်ရင်‌တော့ အစည်းရုံးမှတ်၅၀၀ကို လိုပါတယ်။

အဆင့်မြင့်လေ ပိုတိုးသွားလေပါပဲ။

ဓားဧကရာဇ်နဲ့ဓားအာဏာရှင်က အဆင့်၈ဓားသမားတွေ ဖြစ်ကြပြီး ဓားအစည်းအရုံးရဲ့ ဂုဏ်ထူးဆောင်အကြီးအကဲတွေပါပဲ။

ဂုဏ်ထူးဆောင်အကြီးအကဲရဲ့အဆင့်အတန်းက ဂိုဏ်းခွဲဆရာသခင်တွေနဲ့ ညီမျှပါတယ်။

ဓားအစည်းအရုံးရဲ့အဖွဲ့ဝင်ဖြစ်ခြင်းက အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

ပထမကတော့၊ တစ်ယောက်ယောက်ရဲ့လိုက်လံခြင်းကို ခံရတဲ့အခါ အစည်းအရုံးထဲမှာ ပုန်ုးနိုင်ပြီး အစည်းအရုံးရဲ့ကာကွယ်မှုကို ရယူနိုင်ပါတယ်။ အဖွဲ့ဝင်တစ်ယောက်က အစည်းရုံးဂိုဏ်းခွဲမှာ ပုန်းနေတဲ့အခါ မဟာဧကရာဇ်အဆင့်သတ်မှတ်ချက်က ထိပ်ပိုင်းသူတွေကတောင် မဝင်ရဲပါဘူး။ မဟုတ်ရင် သူတို့က ဓားသမားအစည်းအရုံးရဲ့သေတဲ့အထိ အမဲလိုက်ခြင်းကို ခံရမှာပါ။

ဒုတိယကတော့ အစည်းအရုံးမြို့ထဲမှာ ဈေးဝယ်တဲ့အခါ လျော့ဈေးတွေ ရရှိနိုင်ပါတယ်။ အဆင့်မြင့်လေလေ၊ ဈေးလျော့လေလေပါပဲ။

တတိယက အစည်းအရုံးမှတ်တွေကို အရင်းအမြစ်တွေ ဝယ်ဖို့ အသုံးပြုနိုင်ပါတယ်။

စတုတ္ထကတော့ အဖွဲ့ဝင်တစ်ယောက်က အဆင့်၆ဓားသမားတစ်ယောက်ဖြစ်လာတာနဲ့ သူက အစည်းအရုံးထဲမှာ မစ်ရှင်တွေကို ‌ထုတ်ပြန်နိုင်ပါတယ်။

အတိုချုပ်ပြောရရင်တော့ အဆင့်မြင့်လေလေ အကျိုးများလေလေပါပဲ။

လီဖူချန်းက လက်ရှိအဆင့်၄ဓားသမားတစ်ယောက်ပါ။ သူက အဆင့်မြင့်ကို မသွားနိုင်တဲ့ အကြောင်းရင်းက သူ့မှာ အစည်းအရုံးမှတ် လုံလုံလောက်လောက်‌မရှိလို့ပါပဲ။

"အစည်းရုံးမှတ်အချို့ကို ယူဖို့ အချိန်ကျပြီး"

သူက ကျောထောက်နောက်ခံတွေ မလိုဘူးလို့ စဉ်းစားရတဲ့အထိ လီဖူချန်းက ယုံကြည်ချက် မရှိပါဘူး။

သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ ဘယ်သူတော်စင်မဆို သူ့ကို အလွယ်လေး သတ်နိုင်တယ်။ ဓားသမားအစည်းအရုံးက သူ့ကို နောက်ခံပေးရင် တော်တော်များများက ရပ်တန့်သွားရမှာပါပဲ။

ဒါပေမယ့် လိုအပ်ချက်ကတော့ အဆင့်မြင့်ဖို့ပါပဲ။

ဓားအစည်းအရုံးက အဆင့်၁ဓားသမားတစ်ယောက်ကို သိပ်ဂရုမစိုက်ပါဘူး။ အစည်းအရုံးမှာ ပုန်းတဲ့အခါ ဓားသမားအစည်းအရုံးက ကာကွယ်မှုကိုသာ ပေးမှာပါ၊ အခြားဘာအကူအညီမှ ပေးလိမ့်မှာ မဟုတ်ပါဘူး။

အစည်းအရုံးမှတ်တွေကို ရရှိဖို့ နည်းလမ်းနှစ်သွယ်ရှိပါတယ်။ အစည်းရုံးမစ်ရှင်တွေကို ပြီးမြောက်ခြင်း၊ ဒါမှမဟုတ် အစည်းရုံးမှတ်တွေကို အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးနဲ့ လဲလှယ်ခြင်း။

ဒါပေမယ့် လဲလှယ်တဲ့အချိုးက အလွန်မြင့်မားပါတယ်။ အစည်းရုံးမှတ်တစ်မှတ်ကို ရရှိဖို့ အဆင်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၁၀၀၀ကို လိုပါတယ်။ အဆင့်မြင့်စိတ်ဝိညာဥ်‌ကျောက်တုံး၁၀မီလီယံက အစည်းရုံးမှတ်၁၀၀၀၀ကိုသာ ရရှိပါလိမ့်မယ်၊ အဲဒါက အဆင့်၅ဓားသမားတစ်ယောက်အတွက် မလုံလောက်ပါဘူး။

လီဖူချန်းက အဆင့်၄ဓားသမားတစ်ယောက်ဖြစ်လာဖို့ သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး၃မီလီယံကို အသုံးချခဲ့ရပါတယ်။

ဒါပေမယ့် အမှတ်အတွက်နဲ့ သူက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ထပ်မသုံးချင်တော့ပါဘူး။

ဆောင်းဦးသစ်ရွက်မြို့ရဲ့ဓားသမားအစည်းအရုံးဂိုဏ်းခွဲကို ရောက်ရှိပြီးနောက် လီဖူချန်းက မစ်ရှင်ခန်းမကို ဦးတည်လိုက်ပါတယ်။

ယေဘူယျအားဖြင့် မစ်ရှင်ခန်းမရှိ မစ်ရှင်တွေအတွက် အစည်းရုံးအမှတ်နဲ့ ဆုချီးမြင့်ပေးတာပါ။

သီးသန့်မစ်ရှင်တွေလည်း ရှိပြီး ဆုကတော့ အစည်းရုံးမှတ်နဲ့အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတွေကို ရောထားပါတယ်။

မစ်ရှင်ခန်းမကို ရောက်ရှိပြီးနောက် လီဖူချန်းက အဆင့်နိမ့်မစ်ရှင်တွေကို လစ်လျူရှူပြီး အလယ်ဆင့်မစ်ရှင်ရှိရာကို သွားလိုက်ပါတယ်။

အဆင့်၄ဓားသမားတစ်ယောက်အနေနဲ့ သူက အလယ်ဆင့်မစ်ရှင်တွေကို ထမ်းဆောင်နိုင်ပါတယ်။

"နတ်ဆိုးမင်းတွေရဲ့နှလုံး၁၀ခု၊ အမှတ်၃၀၀ဝ"

"ဓားသွားနတ်ဆိုးသားရဲမှ ဓားသွား၊ အမှတ်၂၀၀၀"

"ဓားချီကန်မှ ကန်ရေ၁၀၀၀လီတာ၊ အမှတ်၅၀၀၀"

….............

လီဖူချန်းက သီးသန့်မစ်ရှင်တွေကို မကြည့်ပါဘူး၊ အစည်းရုံးမစ်ရှင်တွေကိုသာ ကြည့်ပါတယ်။

"ဓားချီကန်မစ်ရှင်က အဆင်ပြေတယ်"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ သူက အစည်းရုံးမှတ်များစွာရရှိမဲ့ မစ်ရှင်တွေကို လိုပါတယ်။ အခက်အခဲအနေနဲ့၊ သူက စိုးရိမ်စရာမရှိပါဘူး။ ပြီးတော့ အလယ်ဆင့်မစ်ရှင်တွေက သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပါဘူး။

မစ်ရှင်စာရွက်ကို ဆုတ်ဖြဲပြီးနောက် လီဖူချန်းက အစည်းရုံးဂိုဏ်းခွဲမှ ထွက်လာပါတယ်။

…

ဓားချီရေကန်က သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ အန္တရာယ်အများဆုံးနေရာတွေထဲက တစ်ခုပါ။

ဒဏ္ဍာရီကတော့ ဓားချီရေကန်က အစက သာမန်ရေကန်လို့ ပြောကြတယ်။ နောက်ပိုင်းမှာ ဓားတာအိုသူတော်စင်တစ်ယောက်ရဲ့အလောင်းက ရေကန်ထဲကို ကျသွားပြီး ရေကန်မှ စိတ်တန်ခိုးစွမ်းအားကို ထုတ်ဖော်သွားနိုင်စေပါတယ်။ စိတ်တန်ခိုးစွမ်းအားက မကုန်ခမ်းနိုင်ပါဘူး၊ ဒါကြောင့် ဓားချီရေကန်ရဲ့ဓားချီတွေကလည်း မကုန်ခမ်းနိုင်ပါဘူး။

အဝေးကနေ လီဖူချန်းက ဓားချီရေကန်ကို မြင်နိုင်ပါတယ်။ အရွယ်အစားက သိပ်မကြီးပါဘူး၊ မိုင်အနည်းငယ်လောက်သာ ရှိပါတယ်။

ဓားချီရေကန်ရဲ့ကန်ရေက အေးစက်စက်အလင်းတွေနဲ့ တောက်ပနေတယ်။ ကန်ရေနဲ့တောင် မတူပါဘူး၊ အဆုံးမဲ့ဓားသွားပုံစံတွေနဲ့တောင် ပိုတူပါတယ်။

ဓားချီရေကန်အထက်မှာ ‌အဖြူရောင်မြူတစ်ခု ရှိပါတယ်၊ ဒါပေမယ့် ဂရုတစိုက် ကြည့်ရင်တော့ အဲဒါက တကယ်ကို ဓားချီပါပဲ။

"ဒါက အတော်လေး ထူးခြားတာပဲ" လီဖူချန်းက တွေးလိုက်မိတယ်။

ဓားချီရေကန်ဘေးနားမှာ ကန်ရေကို စုဆောင်းနေတဲ့ ဓားသမားတွေများစွာ ရှိပါတယ်။

ဒါပေမယ့် ကန်မှဓားချီက ပြင်းထန်လွန်းပြီး ဓားသမားတွေက အချိန်နဲ့အမျှ သေဆုံးမှုတွေ ရှိနေပါတယ်။ ဓားသမားအချို့က ကန်ရေကို အောင်မြင်စွာ စုဆောင်းနိုင်တယ်၊ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ကလည်း သွေးများနဲ့ ရွှဲရွှဲစိုနေတယ်။

"ဓားချီရေကန်က အန္တရာယ်များလွန်းတယ်။ ငါ တစ်လလောက် စုဆောင်းတာတောင် ဒီပုလင်းလေးပဲ ရတယ်။ ငါ နောက်ထပ် မတတ်နိုင်တော့ဘူး" ဆံပင်တိုတိုနဲ့ အဆင့်၇ဥပဒေဿပြောင်းလဲခြင်းနယ်ပယ်ဓားသမားတစ်ယောက်က သက်ပြင်းချလိုက်တယ်။

"ဒါက သာမန်ပါပဲ။ ဓားတာအိုမဟာဧကရာဇ်တစ်ယောက်ကတောင် တစ်နေ့မှ တစ်ပုလင်းကိုသာ စုဆောင်းနိုင်တာ" သူ့ရဲ့မိတ်ဆွေက မှတ်ချက်ပေးလိုက်တယ်။

ဆံတိုဓားသမားက ပြောလိုက်တယ် "ဓားအာဏာရှင်က ဒီနေရာကို တစ်ကြိမ်လာသွားတယ်လို့ ငါ ကြားခဲ့ရတယ်။ သူက တစ်နေ့တည်းနဲ့ လီတာ၁၀၀၀ကို စုဆောင်နိုင်ခဲ့တယ်ဆို၊ ဒါက အမှန်လားကို ငါ သိချင်မိတယ်"

လီတာ၁၀၀၀က ရေတစ်အိုးနဲ့ ညီမျှပါတယ်။ ဆံတိုဓားသမားက အဲလောက်ပမာဏကို ရဖို့ ရာစုနှစ်တစ်ခုလောက် စုဆောင်းရမှာပါ။

"သူက ဓားအာဏာရှင်လေ။ ငါတို့က သူ့ကို အခြားသူတွေနဲ့ နှိုင်းယှဥ်လို့ မရဘူး"

"ဒါ အမှန်ပဲ"

သူတို့နှစ်ယောက်စကားပြောနေစဉ် လီဖူချန်းက ဓားချီရေကန်ရဲ့အနားစပ်ကို ရောက်ရှိသွားပါပြီး။

"မိတ်ဆွေ၊ ဂရုစိုက်၊ ဓားချီကြောင့် ဒဏ်ရာမရစေနဲ့"

ထိုနှစ်ယောက်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။

လီဖူချန်းက ပြောလိုက်တယ် "သတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ငါက ငါ့ရဲ့အကန့်အသတ်ကို သိပါတယ်"

ကလင်း ကလင်း ကလင်း ကလင်း ကလင်း.........

လီဖူချန်းက ဓားချီရေကန်ကို ချဥ်းကပ်လာနေစဉ်မှာ အဖြူရောင်ဓားချီတစ်ခုက တိုးထွက်လာပြီး လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်ကို ဖြတ်တောက်လိုက်လေတယ်။

"ကန်ရေကို ရဖို့ ဒီလူတွေ ဒီလောက်ခက်ခက်ခဲခဲကြိုးစားနေရတာ အံ့ဩစရာမရှိဘူးပဲ။ ဓားချီစွမ်းအားက အမှန်တကယ် ကြောက်စရာကောင်းတယ်"

အတွေးတစ်ခုက သူ့ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာပြီး သူက ရေကို စုဆောင်းဖို့ ကိုယ်ကို ကိုင်းလိုက်တယ်။

ဓားချီကန်ရေက အထူးထည့်စရာ လိုပါတယ်။ လီဖူချန်းရဲ့ထည့်စရာက မျက်နှာပြင်ပေါ်မှာ ပုံစံတွေနဲ့ ရှုပ်ထွေးနေတဲ့ အိုးတစ်လုံးပါ။ ဒီပုံစံတွေက အစီအရင်တစ်ခုဆိုတာ သိသာပါတယ်။

ဒါပေမယ့် လီဖူချန်းက ရေကန်ထဲသို့ အိုးကို မမြှုပ်လိုက်ပါဘူး။ အိုးက မရင်ဆိုင်နိုင်ရင် ကွဲသွားနိုင်တယ်လေ။ ဒါကြောင့် သူက သူ့ရဲ့ညာလက်ကို ရေကန်ထဲကို ထိုးသွင်းလိုက်တယ်၊ ပြီးနောက် စုပ်အားကို သုံးပြီး ရေစက်လုံးတစ်ခုကို ဆွဲပြီး အိုးထဲကို ကျဆင်းစေလိုက်ပါတယ်။

"သူက ရေကို စုဆောင်းဖို့ သူ့လက်ကို တိုက်ရိုက် သုံးလိုက်တာလား" ပတ်ဝန်းကျင်ရှိ လူတိုင်းက အံ့ဩသွားကြတော့တယ်။

ပုံမှန်အားဖြင့် ရေခပ်ဖို့ လူတိုင်းက ကောင်းကင်အဆင့်သတ္တုနဲ့ လုပ်ထားတဲ့ ယောက်ချိုတစ်ခုကို အသုံးပြုကြပါတယ်။ ဒါ့ပြင် ခပ်တဲ့အရှိန်က အလွန်မြန်ရပါမယ်၊ မဟုတ်ရင် ယောက်ချိုက ပျက်စီးသွားနိုင်ပါတယ်။ အလွန်ဂရုစိုက်တာတောင်မှ အကြိမ်တော်တော်များများမှာ ယောက်ချိုထဲက ရေတစ်ဝက်ခန့်က ဖိတ်စင်သွားပြီး ရေစက်အနည်းငယ်ကိုသာ ထိန်းထားနိုင်တော့တယ်။ ပိုကြီးတဲ့ယောက်ချိုကို အသုံးပြုဖို့ကလည်း မဖြစ်နိုင်ပါဘူး၊ ရေ‌ကို ပိုမိုစုဆောင်းတဲ့အခါ ဓားချီစွမ်းအားက ပိုခက်ထန်လာခြင်းကြောင့်ပါပဲ။ တစ်ယောက်ယောက်ကသာ ကြီးမားတဲ့ရေပမာဏကို တစ်ကြိမ်တည်းနဲ့ စုဆောင်းမယ်ဆိုရင် ဓားချီက သူ့ကို သွေးမြူတစ်ခုဖြစ်အောင်

ခုတ်ပိုင်းလိုက်မှာပါ။

***

All Chapters