ကျင်းသခင်မ
Vol. 55 Ch. 748
အိုးထဲရှိ ကန်ရေက တဖြည်းဖြည်း တိုးလာနေတယ်။
လီဖူချန်းရဲ့စုဆောင်းနှုန်းကလည်း အရမ်းမြန်နေတယ်။
ရေကို စုဆောင်းတဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ ဓားချီမုန်တိုင်းအတွက်ကတော့ လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်ကို ထိုးဖောက်နိုင်ခြင်း မရှိသေးပါဘူး။
လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်က အရင်ကနဲ့ မတူတော့ပါဘူး။
သူ့ရဲ့မူလအစွန်းဓားနည်းလမ်းက အဆုံးစွန်းနဲ့ နီးကပ်နေတယ်၊ ပြီးတော့ ကောင်းကင်လက်စွပ်ဓားချပ်ဝတ်ရဲ့အကာအကွယ်ထက် ပိုသန်မာပါတယ်။ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၀၀မြောက်ကလူတောင် သူ့ရဲ့ဓားစွမ်းအင်အကာအကွယ်ကို အလွယ်တကူ ထိုးဖောက်နိုင်မှာ မဟုတ်ပါဘူး။
"နှေးလွန်းတယ်"
အကြိမ်တိုင်းမှာ ပန်းကန်လုံးအရွယ်အစားရေစက်လုံးကိုသာ စုဆောင်းနိုင်တာကြောင့် လီဖူချန်းက မကျေနပ်နိုင်ပါဘူး။
ဒီတစ်ခါမှာတော့ ရေကို စုဆောင်းဖို့ သူ့ရဲ့ဓားစွမ်းအင်ကို မသုံးပါဘူး၊ အဲအစား သူက ရေကို စုဆောင်းဖို့ ချီစွမ်းအင်ကို သုံးလိုက်ပါတယ်။
သူ့ရဲ့ချီစွမ်းအင်မှာ ကမ္ဘာဆွဲအားဥပဒေဿပါဝင် နေတဲ့ကြယ်ဥပဒေဿက ပါရှိနေတယ်။ စုပ်အားတစ်ခုက ဇလုံအရွယ်အစားရေစက်လုံးတစ်လုံးကို ဆွဲယူဖို့ လုံလောက်ပါတယ်။
ဒါပေမယ့် အဲဒါက ပိုပြီးကြောက်စရာကောင်းတဲ့ ဓားချီမုန်တိုင်းကို နှိုးဆော်လိုက်ပါတယ်။ လီဖူချန်းအနီးနားမှာ ရှိတဲ့သူတွေက ကမန်းကတန်း နောက်ဆုတ်လိုက်ကြရပါတယ်။
ကလင်း ကလင်း ကလင်း ကလင်း........
မီးပွားတွေက လီဖူချန်းပတ်ပတ်လည်မှာ စင်ထွက်လာနေတယ်။ သောင်းပေါင်းများစွာသောဓားချီတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်ကို ချက်ချင်း ခုတ်ပိုင်းလိုက်ကြပါတယ်။
လီဖူချန်းက ဂရုမစိုက်ပါဘူး၊ ဆက်လက်စုဆောင်နေလေတယ်။
လီဖူချန်းအနောက်မှာရှိတဲ့လူတိုင်းက အံ့အားသင့်သွားကြတော့တယ်။
ဒီလိုစုဆောင်းမှုအရှိန်နဲ့ဆိုရင် လီဖူချန်းက လီတာ၁၀၀၀ကို ပြည့်ဖို့ အချိန်တစ်ခဏသာ လိုပါတယ်။
လီဖူချန်းရဲ့စုဆောင်းမှုအရှိန်က လူတိုင်းမှန်းဆထားတာထက် ပိုမြန်ပါတယ်။ အိုးမှာ ကန်ရေပြည့်ဖို့ ၁၀မိနစ်လောက်သာ အချိန်ယူလိုက်ရပါတယ်။
လီဖူချန်းက မကျေနပ်နိုင်သေးပါဘူး၊ သူက ဆက်လက်စုဆောင်းဖို့ ဒုတိယမြောက်အိုးကို ယူလိုက်ပါတယ်။
ဓားချီကန်ရေက ဓားသမားတွေအတွက် ဓားတာအိုကို နားလည်စေဖို့ အကြီးအကျယ် အသုံးဝင်တာကို သူ မြင်နိုင်ပါတယ်။
ဒုတိယမြောက်အိုးပြည့်တဲ့အခါမှ လီဖူချန်းက ရပ်တန့်လိုက်ပါတယ်။
ရေတစ်အိုးက အချိန်အတိုင်းအတာတစ်ခုအထိ သုံးဖို့ သူ့အတွက် လုံလောက်ပါတယ်။ မလုံလောက်သေးရင်လည်း သူက နောက်ထပ်ပြန်လာစုဆောင်းနိုင်ပါသေးတယ်။ ဒါ့ပြင် သူ့မှာ အိုးနှစ်အိုးသာ ရှိပါတယ်။
အိုးတွေကို သိမ်းပြီးနောက် လီဖူချန်းရဲ့ပုံရိပ်က လင်းလက်သွားပြီး သူက ကောင်းကင်ကို ထွက်ခွာပျံသန်းသွားပါတယ်။ သူ့အနောက်ကလူတွေကတော့ အံ့အားသင့်တဲ့အမူအရာတွေနဲ့ ကျန်နေလေရဲ့။
"ဒီလူက ဓားအာဏာရှင်ထက် ပိုသန်မာလောက်မလား"
"မဖြစ်နိုင်ဘူး။ ဓားအာဏာရှင် ဓားချီရေကန်ကို လာတဲ့အချိန်တုန်းက သူက ဓားတာအိုရဲ့ပြီးပြည့်စုံခြင်းကိုသာ ရောက်ရှိသေးတာ။ သူကသာ နောက်တစ်ကြိမ် ပြန်လာရင် အဲလူလောက် မြန်မယ် ဒါမှမဟုတ် ပိုတောင် မြန်လောက်တယ်"
"ဘာပဲပြောပြော၊ ဒီလူရဲ့ဓားတာအိုခွန်အားက ဓားတာအိုမဟာဧကရာဇ်တွေကြားမှာ ထိပ်ဆုံးငါးယောက်အတွင်း ဝင်တယ်"
ဒီနေ့မှာတော့ လီဖူချန်းက ဓားချီရေကန်မှာ ဒဏ္ဍာရီတစ်ခုကို ချန်ထားနိုင်ခဲ့ပါတယ်။
လီဖူချန်းက ဓားချီကန်ရေလီတာ၁၀၀၀ကို ဓားသမားအစည်းအရုံးဂိုဏ်းခွဲကို ပေးပြီး အမှတ် ၅၀၀ ရရှိခဲ့ပါတယ်။
အခု သူက အမှတ်၈၀၀၀ထောင် ရရှိထားပြီး နောက်ထပ်အမှတ် ၁၂၀၀၀သာ လိုပါတော့တယ်။
ခြံဝင်းအတွင်းမှာ လီဖူချန်းက ဓားချီကန်ရေကို စတင်လေ့လာလိုက်ပါတယ်။
ဓားချီကန်ရေက သူ့အတွက် သိပ်အသုံးမဝင်ဘူး၊ သူ့ကို နောက်တစ်ဆင့်ချိုးဖျက်နိုင်အောင် မကူညီနိုင်ဘူးဆိုတာကို သိလိုက်ရပါတယ်။
လီဖူချန်းရဲ့ဓားတာအိုက အဆုံးစွန်းနဲ့ အလွန်နီးကပ်နေတာကြောင့် ဒါက အကျိုးအကြောင်းဆီလျော်ပါတယ်လေ။ မဟုတ်ရင် ဓားအာဏာရှင်နဲ့ဓားဧကရာဇ်တို့ကို ဓားချီရေကန်ကို ထပ်ခါထပ်ခါ လာနေတော့မှာပေါ့။
လီဖူချန်းက အစည်းအရုံးဂိုဏ်းခွဲကို ပြန်သွားလိုက်တယ်၊ သူက နောက်ထပ်အလယ်ဆင့်မစ်ရှင်တစ်ခုကို ယူမလို့လေ။
ရောက်ပြီးနောက် လီဖူချန်းက ကိုယ်ရံတော်မစ်ရှင်ကို ယူလိုက်ပါတယ်။ မစ်ရှင်အတွက် ဆုက ကြီးမားများပြားပြီး အမှတ်၁၀၀၀၀ ရရှိနိုင်မှာပါ။
ဒီတစ်ခုကို ပြုလုပ်ပြီးရင်တော့ သူက အဆင့်၅ဓားသမားအဆင့်ကို မတက်နိုင်ခင် နောက်ထပ်ရိုးရှင်းတဲ့အလယ်ဆင့်မစ်ရှင်တစ်ခုကိုသာ လုပ်ဖို့ လိုတော့မှာပါ။
ဒါကြောင့် လီဖူချန်းက မစ်ရှင်ဓာရွက်ကို ချက်ချင်း ဆုတ်ဖြဲလိုက်ပါတယ်။
မစ်ရှင်စာရွက်မှာ ဖော်ပြထားတဲ့ ညွှန်ကြားချက်အတိုင်း လီဖူချန်းက ဆောင်းဦးသစ်ရွက်မြို့ရှိ ခြံဝင်းတစ်ခုကို ရောက်ရှိလာပါတယ်။
“ငါက ကျင်းအမျိုးသမီးကို တွေ့ဖို့ ဒီနေရာကို လာတာပါ" လီဖူချန်းက တံခါးမှာရပ်နေတဲ့ အမျိုးသမီးအစေခံကို ပြောလိုက်တယ်။
"အထဲဝင်လာပါ" အစေခံအမျိုးသမီးက လီဖူချန်းကို ဖိတ်ခေါ်လိုက်ပါတယ်။
လီဖူချန်း ဝင်သွားပြီးနောက် ကိုယ်ရံတော်အရေအတွက်တော်တော်များများရှိနေတာကို သူက တွေ့လိုက်ရပါတယ်။ စုစုပေါင်း ခုနှစ်ယောက်ရှိပြီး သူအပါအဝင် ရှစ်ယောက်ပါ။
ခုနှစ်ယောက်ထဲမှာ အဆင့်၅ဓားသမားငါးယောက်နဲ့ အဆင့်လေးဓားသမားလေးယောက် ရှိပါတယ်။
လီဖူချန်း သူတို့ရဲ့အဆင့်ကို သိရတဲ့အကြောင်းရင်းက ကိုယ်ရံတော်မစ်ရှင်အတွင်း ဓားသမားတွေ ဝတ်ဆင်ထားရတဲ့ ဓားသင်္ကေတတွေကြောင့်ပါပဲ။
အဆင့်၃ဓားသမားတစ်ယောက်ရဲ့သင်္ကေတက မီးခိုးရောင်ဓားသုံးလက်ပါ၊ အဆင့်၄ဓားသမားရဲ့သင်္ကေတက ငွေဓားတစ်လက်ပါ။ အဆင့်ငါးဓားသမားရဲ့သင်္ကေတက တစ်ခုနဲ့တစ်ခုကြက်ခြေခတ်နေတဲ့ငွေဓားနှစ်လက်ပါ။
"သခင်မ၊ နောက်တစ်ယောက် ရောက်လာပြီး"
အစေခံအမျိုးသမီးက အခန်းထဲရှိ အမျိုးသမီးငယ်တစ်ယောက်ကို အကြောင်းကြားလိုက်ပါတယ်။
"ဘယ်အဆင့်လဲ" အမျိုးသမီးငယ်က လှည့်လိုက်ပါတယ်။ လှပသိမ်မွေ့တဲ့မျက်နှာတစ်ခုက အစေခံအမျိုးသမီးရဲ့မျက်လုံးထဲမှာ ရောင်ပြန်ဟပ်သွားလေတယ်။
"သခင်မ၊ အဆင့်၄ဓားသမားတစ်ယောက်ပါ" အစေခံအမျိုးသမီးက ခေါင်းကို အမြန် ငုံ့ချလိုက်ရတယ်။ သူမလည်း လှပပါတယ်၊ ဒါပေမယ့် သခင်မရဲ့အလှကို မြင်တိုင်း သူမရဲ့နှလုံးသားက အလိုအလျောက် ဒုန်စိုင်းသွားပါတယ်။ သခင်မက လှပလွန်းတယ်လေ။
"အဆင့်၄ဓားသမားပြန်ပဲလား။ ဘယ်လိုလုပ်ပြီး အစည်းအရုံးဂိုဏ်းခွဲတစ်ခုမှာ အဆင့်၆ဓားသမားတစ်ယောက်မှ မရှိရတာလဲ"
ဓားသမားအစည်းအရုံးမှာ အဆင့်၈ဓားသမားနှစ်ယောက်သာ ရှိပါတယ်။ အဆင့်၈ဓားသမားတစ်ယောက်ဖြစ်ဖို့ဆိုရင် မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၁၀အတွင်း ဝင်ဖို့လိုပါတယ်။ မဟုတ်ရင် အဆင့်၈ဓားသမားစစ်ဆေးပွဲကို ကျော်ဖြတ်နိုင်မှာ မဟုတ်ပါဘူး။
အဆင့်၇ဓားသမားတွေက နှစ်ဆယ်သာ ရှိပါတယ်။
အဆင့်၆ဓားသမားတွေကကျ အနည်းငယ်တော့ များပါတယ်။
"သွားကြတော့စို့။ သုံးရက်လောက်ရှိပြီး။ ဘယ်သူမှ ထပ်မလာလောက်တော့ဘူး" ကျင်းအမျိုးသမီးက အခန်းမှ ထွက်လာပါတယ်။
"အားလုံးပဲ၊ ငါ့ကို ရွှေသဲမြို့ကို လိုက်ပို့တဲ့အတွက် ငါက အားလုံးကို ကျေးဇူးတင်ပါတယ်။ ရွှေသဲမြို့ကို ရောက်တာနဲ့ ငါက လူတိုင်းကို ထိုက်ထိုက်တန်တန်ဆုချီးမြှင့်မှာပါ"
ရွှေသဲမြို့က အလွန်ဝေးပါတယ်။ သူတို့က ခက်သွက်သွက်သွားရင်တောင် အနည်းဆုံး သုံးလလောက် အချိန်ယူရပါမယ်။
"ကျင်းသခင်မက ယဉ်ကျေးလွန်းနေပါပြီး။ ဒါက ငါတို့ရဲ့တာဝန်ပါ"
"ကျင်းသခင်မက ပြိုင်ဘက်ကင်းအောင် လှတယ်လို့ ပြောကြတယ်။ ကြည့်ရတာ ကောလဟာလတွေက အမှားမဟုတ်ဘူးပဲ"
ရှစ်ယောက်ထဲမှာ အမျိုးသမီးဓားသမားတစ်ယောက်သာ ရှိပြီး ကျန်တာအားလုံးက အမျိုးသားတွေပါ။ ကျင်းသခင်မရဲ့အလှကို မြင်ပြီးနောက် လီဖူချန်းကတောင် ချစ်မြတ်နိုးတဲ့အမူအရာ ဖြစ်လိုက်ပါသေးတယ်။
ကျင်းသခင်မက အကြွင်းမဲ့အလှကို ပိုင်ဆိုင်ထားသလို ယောင်္ကျားတွေအပေါ် ဆွဲဆောင်နိုင်စွမ်းလည်း အပြည့်ရှိတာ အမှန်ပါပဲ။
"သူမက ဧကရီအလိုကျကျင့်စဉ်ကို ကျင့်ထားတာများလား"
လီဖူချန်းထင်တာ မမှားဘူးဆိုရင် ကျင်းသခင်မက ဧကရီအလိုကျကျင့်စဉ်ကို ကျင့်ထားတာပဲ ဖြစ်ရမယ်။ ဧကရီအလိုကျကျင့်စဉ်က သူမရဲ့အရှိန်အဝါကို အကြီးအကျယ်တိုးမြင့်သွားစေပါတယ်။ သူမထက် ပိုလှတဲ့သူတွေတောင် သူမလောက် ဆွဲဆောင်အားကောင်းနိုင်မှာ မဟုတ်ပါဘူး။
ဓားသမားအစည်းအရုံးဂိုဏ်းခွဲထဲမှာ ဂိုဏ်းခွဲဆရာသခင်ရန်ပါက ခေါင်းမော့ကာ ပြောလိုက်တယ် "ကျင်းကလန်၊ ငါ အကူအညီ ပြန်ပေးပြီးပြီ"
လွန်ခဲ့တဲ့နှစ်များစွာက ရန်ပါက ရွှေသဲမြို့ရဲ့ကျင်းကလန်အပေါ် အကြွေးတစ်ခု တင်ခဲ့ပါတယ်။ ဒါကြောင့် သူက သူ့ရဲ့အခွင့်အာဏာကို သုံးပြီး သာမန်ထက်ပိုမြင့်မားတဲ့ဆုကို ထုတ်ပြန်လိုက်တာပါ။ ပုံမှန်အခြေအနေမှာဆိုရင် ဓားသမားအစည်းအရုံးက ကိုယ်ရံတော်မစ်ရှင်တွေကို ထုတ်ပြန်တာ ရှားပါတယ်။
လမ်းတစ်လျှောက်မှာ လူတိုင်းက စကားစမြည်ပြောနေကြပါတယ်။
သီးသန့်နေတဲ့ဓားသမားနှစ်ယောက်ကလွဲပြီး လီဖူချန်းက ကျန်ဓားသမားငါးယောက်ရဲ့အမည်တွေကို သိလိုက်ရပါတယ်။
အနည်းငယ်အသက်ကြီးတဲ့အဆင့်၅ဓားသမားကို ရှလုံလို့ ခေါ်ပါတယ်။ အခြားအဆင့်၅ဓားသမားကိုတော့ ကုန်းယွင်လို့ ခေါ်ပါတယ်။
အခြားအဆင့်လေးဓားသမားသုံးယောက်ကိုတော့ စွေ့ရီကျန့်၊ ကျိုးကျန့်၊ ကျောက်ထျန်းဟဲလို့ ခေါ်ပါတယ်။
"ဒီကျင်းသခင်မက တကယ်ကို စွဲမက်စရာပဲ။ ငါ ရှလုံတောင် လှုပ်ရှားချင်မိတယ်" ရှလုံက လူဖြောင့်တစ်ယောက်ဖြစ်ပြီး သူက ပြောနေရင်း မဖုံးကွယ်တော့ပါဘူး။
ကျိုးကျန့်က ပြောလိုက်တယ် "အကိုကြီး ရှ၊ မင်းက ကျင်းသခင်မနဲ့ မပတ်သက်တာ ပိုကောင်းတယ်လို့ ငါ ထင်တယ်။ သူမက ဆွဲမက်ဖွယ်ကောင်းလွန်းပြီး ငါတို့က သူ့ကို အခြားသူတွေ လက်မှ ကာကွယ်နိုင်မှာ မဟုတ်ဘူး"
"အဲဒါ ဟုတ်တယ်၊ ငါ ခန့်မှန်းတာ မမှားရင် သူမက ဧကရီအလိုကျကျင့်စဉ်ကို ကျင့်ကြံထားတာပဲ။ ငါ မသိတာက ဘာလို့ ကျင်းသခင်မက ဧကရီအလိုကျဂိုဏ်းရဲ့အကာအကွယ်ကို မရှာဖွေရတာလဲ"
ကုန်းယွင်က ပြောလိုက်တယ် "မင်းတို့တွေ ဒါကို မသိဘူးလား။ ဧကရီအလိုကျဂိုဏ်းမှာ စည်းမျဉ်းတစ်ခုရှိတယ်။ လက်ထပ်ပြီးတဲ့သူတွေက ဧကရီအလိုကျဂိုဏ်းရဲ့အဖွဲ့ဝင်တစ်ယောက် မဖြစ်နိုင်တော့ဘူး။ ကျင်းသခင်မက လက်ထပ်ပြီးပြီးဆိုတာ သိသာလှပါတယ်လေ"
"ကျင်းသခင်မနဲ့ လက်ထပ်ခွင့်ရလောက်အောင် ဘယ်သူကများ ကံကောင်းသလဲလို့ ငါ သိချင်မိတယ်" ရှလုံရဲ့အသံအရ သူက ထိုအချက်တွေကို လက်မခံနိုင်သေးပုံပေါ်တယ်။
ကျောက်ထျန်းဟဲက ပြောလိုက်တယ် "ကျင်းသခင်မရဲ့ယောင်္ကျားက သေသွားပြီးပြီလို့ ငါ ကြားတယ်။ ရွှေသဲမြို့က ကျင်းသခင်မရဲ့မွေးရပ်မြေဖြစ်ရမယ်"
ဒိန်း.........
သူတို့က စကားပြောနေစဉ် ငွေလေသင်္ဘောက ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားပါတယ်။
တစ်ယောက်ယောက်က သင်္ဘောကို တိုက်ခိုက်နေပါပြီး။
သင်္ဘောအပြင်ဘက်မှာတော့ သင်္ဘောကို ဝန်းရံထားတဲ့ လူတစ်စုရှိနေပါတယ်။
"ကျင်းသခင်မ၊ ငါ မင်းကို လွန်ခဲ့တဲ့နှစ်များစွာက တွေ့ပြီးကတည်းက အခုထိ မမေ့ပျောက်နိုင်သေးဘူး။ မင်း လက်ထပ်ပြီးဆိုလည်း ငါ စိတ်မရှိပါဘူး။ ငါ နဂါးစိမ်းလှံရှည်ဧကရာဇ်ရဲ့ တာအိုလက်တွဲဖော်အဖြစ် လက်ခံလိုက်ပါ" အုပ်စုခေါင်းဆောင်က ရက်စက်တဲ့ အရှိန်အဝါရှိပြီး နဂါးစိမ်းလှံရှည်တစ်ချောင်းကို ဝတ်ဆင်ထားပါတယ်။
"ထွီး၊ ဖားပြုပ်တစ်ကောင်က ငန်းသားစားချင်နေတာပဲ။ အခု ထွက်သွားကြစမ်း" ရှလုံက အော်လိုက်လေတယ်။
"အဆင့်၅ဓားသမားလား" နဂါးစိမ်းလှံရှည်ဧကရာဇ်ရဲ့အမူအရာက ပြောင်းလဲသွားပါတယ်။
သူမကို စောင့်ရှောက်ဖို့ အဆင့်ငါးဓားသမားတွေကို ပို့ပေးဖို့ ကျင်းသခင်မက ဘယ်လိုလုပ်ပြီး ဓားသမားအစည်းအရုံးကို ပြောခဲ့တာပါလဲ။
"မိတ်ဆွေ၊ငါ့ကို မျက်နှာသာပေးပါ။ ငါက ကျင်းသခင်မကို လိုချင်တယ်" နဂါးစိမ်းလှံရှည်ဧကရာဇ်က နက်နဲတဲ့လေသံနဲ့ ပြောလိုက်တယ်။
သူ၊ နဂါးစိမ်းလှံရှည်ဧကရာဇ်က အညတရတစ်ယောက်မဟုတ်ပါဘူး။ အဆင့်ငါးဓားသမားတစ်ယောက်က သူ့ကို စကားလုံးတွေနဲ့ မောင်းထုတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
"မင်းက မထွက်သွားချင်မှတော့ သေလိုက်တော့။ နဂါးကျားတိမ်ဓား"
ရှလုံက သူ့ရဲ့ဓားကြီးနဲ့ ထိုးထည်လိုက်ပါတယ်။ တိမ်ပင်လယ်တစ်ခုနဲ့ တူတဲ့ ဓားချီတစ်ခုက နဂါးစိမ်းလှံရှည်ဧကရာဇ်ထံ ပြေးဝင်သွားပါတယ်။ နဂါးအော်သံ၊ ကျားဟိန်းသံတွေတောင် ထွက်ပေါ်လာပါတယ်။
ဖတ်.........
သွေးတွေ ပန်းထွက်သွားပြီး နဂါးစိမ်းလှံရှည်ဧကရာဇ်က လွင့်ထွက်သွားလေတယ် "ငါ မင်းတို့ကောင်တွေကို မှတ်ထားမယ်။ သွားကြစို့"
ထိုအုပ်စုက ခဏလေးနဲ့ ထွက်ခွာသွားလိုက်ရပါတယ်။
"ကျေးဇူးအများကြီးတင်ပါတယ်၊ နဂါးကျားဓားဧကရာဇ်" ကျင်းသခင်မက ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ရှလုံရဲ့ဂုဏ်ပုဒ်က နဂါးကျားဓားဧကရာဇ်ပါ၊ အဲဒါက တကယ်ကို လွှမ်းမိုးနိုင်လွန်းပါတယ်လေ။
ရှလုံက အားပါးတရ ရယ်လိုက်တယ် "ကျင်းသခင်မ၊ စိုးရိမ်စရာ မလိုပါဘူး။ ငါ၊ ရှလုံ ရှိနေသရွေ့ သခင်မက အမြဲတမ်း ဘေးကင်းနေမှာပါ"
သူက ယုံကြည်ချက်ရှိနေတဲ့ အကြောင်းရင်းကား သူက မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၇၀၀၀ပတ်လည်မှာ ရှိနေလို့လေ။
***