← Chapters

သာမန်ဓားဧကရာဇ်၊ ရှဖျင်ဖန်

Vol. 55 Ch. 749

သာမန်ဓားဧကရာဇ်၊ ရှဖျင်ဖန်

Vol. 55 Ch. 749

နဂါးစိမ်းလှံရှည်ဧကရာဇ်ကို မောင်းထုတ်ပြီးနောက် ရှလုံက ကျင်းသခင်မနဲ့ နီးကပ်တဲ့ဆက်ဆံရေးတစ်ခုတော့ ရှိသွားလေတယ်။ ဒါပေမယ့် နီးကပ်တယ်ဆိုတာ သိကျွမ်းရုံအဆင့်လောက်သာ၊  မိတ်ဆွေသူငယ်ချင်းအဖြစ် စဉ်းစားထားတာမျိုးတော့ မဟုတ်ပါဘူး။

လီဖူချန်းက ထိုမြင်ကွင်းကို မြင်ပြီး ခေါင်းခါမိသွားတယ်။

တစ်စုံတစ်ယောက်အနေနဲ့ ကျင်းသခင်မရဲ့နှလုံးသားကို လိုချင်ရင် နှလုံးရည်ရော၊လက်ရုံးရည်ရော ပြည့်စုံရပါမယ်။ ရှလုံကတော့ အနည်းငယ် ကင်းမဲ့နေတုန်းပါပဲ။

ငွေလေသင်္ဘောက ဆက်လက်ပျံသန်းနေတယ်၊ အားလုံးကလည်း သောက်ရင်း စားရင်း စကားပြောနေကြတာပေါ့။

"အကိုရှ၊ မင်းရဲ့နဂါးကျားတိမ်ဓားက တကယ်ကို စွမ်းအားကောင်းတာပဲ"

ကျိုးကျန့်နဲ့အခြားသူတွေက လေးစားမှုအပြည့် ဖြစ်နေတယ်။

ရှလုံက ရယ်လိုက်တယ် "ငါက နဂါးကျားတိမ်ဓားကို လေ့ကျင့်လာတာ ရာစုနှစ်နှစ်ခုတောင် ကျော်ပြီး။ အဲဒါက စွမ်းအားမကောင်းရင် ငါ့ကိုယ်ငါ သက်သေလိုက်တော့မှာပေါ့"

ကုန်းယွင်က ရယ်ကာ ပြောလိုက်တယ် "ကြည့်ရတာ ဒီခရီးမှာ ငါ့ကို မလိုအပ်တော့ပုံပဲ"

ကုန်းယွင်က ရှလုံထက် ပိုအားနည်းပါတယ်၊ ရှလုံက သခင်မကျင်းကို လိုချင်မှတော့ သူက နောက်ဆုတ်ပေးရမှာ သဘာဝပဲလေ။

"ကျေးဇူးအများကြီးတင်ပါတယ်" ရှလုံက ပေါင်မုန့်မီးကင်တစ်ခုကို ကုန်းယွင်ထံ ကမ်းပေးလိုက်ချေတယ်။

"ရှင့်ရဲ့အားထုတ်မှုကို မဖြုန်းတီးစမ်းပါနဲ့။ ကျင်းသခင်မက ရှင့်ကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ရှင် ထင်နေတာလား" တစ်ချိန်လုံးတိတ်ဆိတ်နေတဲ့အမျိုးသမီးဓားသမားက ရှလုံအား ရုတ်တရက် စိုက်ကြည့်ပြီး အထင်သေးစွာ ပြောလိုက်တယ်။

ရှလုံရဲ့မျက်နှာက မည်းမှောင်သွားတော့တယ် "နင်က အဆင့်၄ဓားသမားသာသာပဲ၊ နင့်ရဲ့စကားကို နင်ပြင်"

"ကျင်းသခင်မရဲ့သေသွားတဲ့ယောင်္ကျားက ဘယ်သူလဲကို ရှင် သိလား။ သူက မဟာဧကရာဇ်သတ်မှတ်ချက်အဆင့်၄၅၀၀မှာရှိတဲ့ အေးလေညင်းမဟာဧကရာဇ်ပဲ။ အေးလေညင်းမဟာဧကရာဇ်က လုပ်ကြံခံလိုက်ရတယ်လို့ ပြောကြတယ်။ ရှင်က အေးလေညင်းမဟာဧကရာဇ်နဲ့ ယှဉ်နိုင်လိမ့်မယ်လို့ ထင်နေတာလား"

အမျိုးသမီးဓားသမားက ကျင်းသခင်မနဲ့ ပတ်သက်ပြီး အနည်းငယ်သိထားပုံရတယ်။

ရှလုံက မကျေနပ်သေးပါဘူး၊ သူက ပြောလိုက်တယ် "အဲ့တော့ဘာဖြစ်လဲ။ အများဆုံး ငါ မြို့ကနေ မထွက်ရုံပဲပေါ့"

"‌မြို့ထဲမှာ နေရုံနဲ့ ဘေးကင်းမယ်လို့ ရှင် ထင်နေတာလား။ တစ်‌ယောက်ယောက်ကို သတ်ဖို့အတွက် အသံထွက်စရာမလိုဘူး။ လျှို့ဝှက်အဆိပ်တစ်စက်ကတောင် ရှင့်ကို သတ်နိုင်တယ်" အမျိုးသမီးဓားသမားက ဆက်ပြောလိုက်တယ်။

အဖြေကို ကြားပြီးနောက် ရှလုံရဲ့အမူအရာက ပြောင်းသွားတော့တယ်။

သူတို့ရဲ့ကျင့်ကြံခြင်းနယ်ပယ်မှာ အခြေခံအားဖြင့် အဆိပ်ကို ခုခံနိုင်ပါတယ်၊ ဒါပေမယ့် အဲဒါက သာမန်အဆိပ်တွေကိုသာ ကိုယ်စားပြုတယ်။ အချို့လျှို့ဝှက်အဆိပ်တွေက လူတစ်ယောက်ကို ချက်ချင်း သတ်နိုင်ပါတယ်။

ခန်းမရဲ့လေထုက ကိုးရိုးကားရားဖြစ်ခါနီးချိန်မှာ ကျင်းသခင်မရဲ့အစေခံအမျိုးသမီးက ဝင်လာတယ် "လူတိုင်းပဲ၊ ဒါတွေက သခင်မကျင်းသိမ်းထားတဲ့ ဝိုင်ကောင်းတွေပဲ။ ကဲ အားလုံး အရသာခံကြည့်လိုက်ကြပါ"

"ဝိုင်ကောင်းပဲ၊ သခင်မကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ" ကျိုးကျန့်က ခေါင်းစဉ်ကို လျင်မြန်စွာ ပြောင်းလိုက်တယ်။

ဝိုင်ကို သောက်ပြီးနောက် လူတိုင်းက သူတို့ရဲ့အခန်းကို ပြန်သွားကြလေတယ်။လီဖူချန်း၊ အမျိုးသမီးဓားသမားနဲ့ အခုထိစကားမပြောရသေးတဲ့ အဆင့်၅ဓားသမားသာ ကျန်ရှိတော့တယ်။

လဝက် ကုန်သွားပြီး၊ အခုထိတော့ အေးဆေးနေတုန်းပါပဲ။

သူတို့က ရံဖန်ရံခါ အနှောင်အယှက်တွေနဲ့ ရင်ဆိုင်ရပါတယ်။ ငွေလေသင်္ဘောပေါ်မှာရှိတဲ့ ဘယ်သူမဆို ရန်သူတွေကို အလွယ်တကူ ရှင်းနိုင်ကြပါတယ်။ လွယ်ကူလွန်းတာကြောင့် ဒီကိုယ်ရံတော်မစ်ရှင်က ရိုးရှင်းလွန်းတယ်၊ ပျင်းစရာပဲလို့ လူတိုင်းက ခံစားမိနေကြတယ်။

ဘုံး............

လူတိုင်းက ပျင်းရိနေစဉ်မှာပဲ ကြီးမားတဲ့ပဲ့တင်သံတစ်ခုက ထွက်လာပြီး ငွေလေသင်္ဘောက ရပ်တန့်သွားလိုက်ရတယ်။

လူတိုင်းရဲ့မျက်လုံးက လင်းလက်သွားတယ်၊ တိုက်ပွဲဝင်ရတော့မှာပေါ့။

အခန်းတံခါးတွေ ပွင့်သွားပြီး လူတိုင်းက ထွက်လာကြတော့တယ်။

လီဖူချန်းက အခန်းထဲမှာ ရှိနေတုန်းပဲ။

"ဒီလူရှိနေရင်တော့ အဆင်ပြေမှာပါ"

နဂါးကျားဓားဧကရာဇ်က အသန်မာဆုံးလို့ လူတိုင်းက ထင်ကြတယ်။ လီဖူချန်းရဲ့မျက်လုံးထဲမှာတော့ ခုချိန်ထိ စကားမပြောတဲ့ အဆင့်၅ဓားသမားက အသန်မာဆုံးပဲ။ ဒါ့ပြင် သူက နည်းနည်းလေးသာ ပိုသန်မာတာမဟုတ်ဘူး။ ရှလုံက မီးတောက်ဆိုရင် သူက နေပဲ။ နှိုင်းယှဉ်စရာတောင် မလိုပါဘူး။

အခန်းထဲမှ ထွက်လာပြီး‌နောက် လူတိုင်းရဲ့နှလုံးသားက လှုပ်ရမ်းသွားလေတယ်။ ဒီတစ်ခါရန်သူက ပိုသန်မာပြီး သူတို့က ယုံကြည်ချက်တောင် နည်းနည်း ပျောက်ဆုံးချင်သွားတယ်။

သူတို့က လူတစ်ရာကို ရင်ဆိုင်နေရတယ်။ အရှေ့မှာတော့ ခေါင်းဆောင်သုံးယောက်ရှိပါတယ်။ ဘယ်ဘက်မှာ ရပ်နေတာက ရွှေမြွေနားဆွဲကို ဆင်ထားပြီး ညှို့ဓာတ်ရှိတဲ့ လူတစ်ယောက်။ ညာဘက်မှာ ရပ်နေတာက ခရမ်းရောင်နှုတ်ခမ်း၊ စိမ်းရင့်ရောင်မျက်လုံးတွေရှိတဲ့ အမျိုးသမီးတစ်ယောက်။ သူတို့ရဲ့ချီတည်ရှိမှုက မထင်ပေါ်ဘူး၊ ဒါပေမယ့် အန္တရာယ်များတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေတယ်။

ဒီနှစ်ယောက်နဲ့တင် လူတိုင်းကို အန္တရာယ်များတယ်လို့ ခံစားမိစေဖို့ လုံလောက်ပါတယ်။ အလယ်ကတစ်ယောက်က‌တော့ ရှလုံကို တံတွေးမြိုချစေလိုက်တယ်။

ထိုလူက သာမန်သွင်ပြင်နဲ့ ဖျော့တော့တဲ့ချီစွမ်းပကားသာ ရှိတယ်။ သူ့ရဲ့မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့အလင်းတစ်ခုက ပေါက်ဖွားလာတယ်။ တစ်ယောက်မှ သူ့ကို မျက်လုံးချင်ဆိုင် မကြည့်ရဲကြပါဘူး၊ သူတို့ရဲ့မျက်လုံးတွေကို လမ်းလွှဲလိုက်ရတယ်။

"ဒါက ဆိုးတယ်" ခက်ခဲကြမ်းတမ်းချိန်ရောက်လာပြီးလို့ ကုန်းယွင်က ခံစားမိသွားတယ်။

"ဟဲဟဲ၊ ကျင်းသခင်မ၊ ရှင်နေကောင်းလိမ့်မယ်လို့ ကျွန်မ ထင်တယ်" ခရမ်းရောင်နှုတ်ခမ်းနဲ့အမျိုးသမီးက ကျင်းသခင်မကို ကြည့်ပြီး ထူးဆန်းစွာ ရယ်မောလိုက်တယ်။

"နင်က ဘယ်သူလဲ။ ငါ နင့်ကို မသိဘူး" ကျင်းသခင်မက တည်ငြိမ်စွာ ပြောလိုက်တယ်။

"ရှင် ကျွန်မကို မသိပေမယ့် ကျွန်မ ရှင့်ကို သိပါတယ်။ ရှင့်ရဲ့သေသွားတဲ့‌ယောင်္ကျားက ကျွန်မနဲ့ ရန်ငြိုးအချို့ရှိတယ်"

"ဘာရန်ငြိုးလဲ" ကျင်းသခင်မက နားမလည်ပါဘူး။

"ငါက နင့်ယောင်္ကျားကို အဆိပ်ခတ်လိုက်တဲ့သူပဲ။ ဟားဟား" ခရမ်းရောင်နှုတ်ခမ်းနဲ့အမျိုးသမီးက ကျေနပ်အားရစွာ ရယ်လိုက်တယ်။

"ဘာ။ ရှင့်က သူ့ကို အဆိပ်ခတ်ခဲ့တဲ့သူလား" ကျင်းသခင်မရဲ့လေသံက တုန်လှုပ်မှုအပြည့်ဖြစ်နေတယ်။

"ရှင်က ကျွန်မအကို့ကို သတ်တဲ့သူလား။ ဒါဆို ကျွန်မ ရှင့်ကို သတ်ရလိမ့်မယ်"

ပထမဆုံးလှုပ်ရှားတဲ့သူက ကျင်းသခင်မ မဟုတ်ပါဘူး၊ အမျိုးသမီးဓားသမားပါ။ သူမက ကြက်ခြေခတ်ဓားနှစ်လက်ကို ဆွဲထုတ်ပြီး ဓားသွားမုန်တိုင်းတစ်ခုကို ခရမ်းရောင်နှုတ်ခမ်းနဲ့အမျိုးသမီးထံ ဖော်ထုတ်လိုက်ပါတယ်။

"ဒါဆို နင်က သူ့ညီမပေါ့။ ဒါက အတော်လေး စိတ်ဝင်စားဖို့ ကောင်းနေပြီး"

အမျိုးသမီးဓားသမားရဲ့သတ်ဖြတ်ကွက်ကို ရင်ဆိုင်ရတဲ့အခါ ခရမ်းရောင်နှုတ်ခမ်းနဲ့အမျိုးသမီးက ညင်သာစွာ အသက်ရှုထုတ်လိုက်လေတယ်။ ရုတ်တရက်၊ ခရမ်းရောင်ချီမုန်တိုင်းတစ်ခုက ကြီးထွားလာပြီး ဓားသွားမုန်တိုင်းကို ဖျက်ဆီးလိုက်တယ်။

"ဒီလိုအားကောင်းတဲ့အဆိပ်တာအိုဥပဒေဿ"

အမျိုးသမီးဓားသမားက ထိမှန်ခါနီးမှာ ရှလုံက ရှေ့ကို ထွက်လာပြီး သူ့ရဲ့နဂါးကျားတိမ်လွှာဓားကို သုံးကာ ခရမ်းရောင်ချီမုန်တိုင်းကို ပျောက်ကွယ်သွားစေလိုက်တယ်။

"ဘေးဖယ်" အမျိုးသမီးဓားသမားက အကူအညီကို တန်ဖိုးမထားပါဘူး၊ သူမက သူမရှေ့မှာ ရပ်နေတဲ့ ရှလုံကို အော်လိုက်တယ်။

ရှလုံက ပြန်လှည့်ကာ အေးစက်စွာ ပြောလိုက်တယ် "မင်း မမြင်ဘူးလား။ ရန်သူက မင်းကို တစ်ချက်တည်း သတ်နိုင်တယ်။ မင်းက ဘာလို့ ရှေ့တိုးချင်နေရတာလဲ။  မင်းအကိုလို ဖြစ်ချင်နေတာလား"

"နင်" အမျိုးသမီးဓားသမားရဲ့မက်မွန်သီးသဏ္ဍာန်မျက်လုံးတွေက ကျယ်သွားပြီး မျက်ရည်တွေက စီးကျလာပါတယ်။

"ငါနဲ့တိုက်ခိုက်နေချိန်မှာ နင်တို့က စိတ်ပျံ့လွင့်ရဲနေတာလား။ နင်တို့က ‌သေခြင်းရှင်ခြင်းရဲ့အဓိပ္ပါယ်ကို မသိဘူးပဲ"

ခရမ်းရောင်နှုတ်ခမ်းနဲ့အမျိုးသမီးက လက်သည်းတိုက်ခိုက်မှုတစ်ခုကို ဖော်ထုတ်လိုက်တယ်၊ ခရမ်းရင့်ရောင်လက်သည်းပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။

ကလန်း.........

ရှလုံက လက်သည်းတိုက်ခိုက်မှုကို တားဆီးလိုက်တယ်၊ ဒါပေမယ့် သူက လွင့်ထွက်သွားပြီး သူ့ရဲ့ခန္ဓာကိုယ်မှာ ခရမ်းရောင်အရိပ်အယောင်အချို့ ကျန်ရှိသွားလေတယ်။

အဆိပ်မိသွားတဲ့လက္ခဏာပါ။

"အကိုရှ၊ ငါ မင်းကို ကူညီပေးမယ်။ လှိုင်းဂယက်နိုးထခြင်း"

ကုန်းယွင်ရဲ့ဓားအနုပညာက ရေတာအိုဓားအနုပညာမှန်း သိသာလှပါတယ်။ သူက သူ့ရဲ့ဓားကို ဝှေ့ယမ်းပြီးတာနဲ့ ဟင်းလင်းပြင်က ရေဖြစ်သွားတယ်။ နူးညံ့သိမ်‌မွေ့တဲ့လှိုင်းဂယက်တွေက ခရမ်းနှုတ်ခမ်းအမျိုးသမီးထံ ဖြည်းညင်းစွာ ကျဆင်းလာပါတယ်။

"လှည့်ကွက်သေးသေးလေးတွေပါပဲ"

ခရမ်းနှုတ်ခမ်းအမျိုးသမီးက သူမရဲ့လက်ငါးချောင်းလုံးကို ထုတ်ပြီး ဝဲကတော့လှုပ်ရှားမှုပုံစံတစ်ခုဖြင့် ရှေ့ကို တိုးဝင်သွားလေတယ်။ ခရမ်းချီ‌ဝဲကတော့မုန်တိုင်းတစ်ခုက လှိုင်းဂယက်တွေကို ချက်ချင်း ထိုးဖောက်သွားပြီး ကုန်းယွင်က လွင့်ထွက်သွားရတော့တယ်။

"အတူတိုက်ကြ" ကျိုးကျန့်နဲ့အခြားသူတွေက ခရမ်းနှုတ်ခမ်းအမျိုးသမီးကို အတူတိုက်ခိုက်လိုက်ကြပါတယ်။

ဘန်း ဘန်း ဘန်း.........

ဒါပေမယ့် သူတို့က ခွန်အားမဲ့နေတုန်းပဲ။ ခရမ်းရောင်ချီမုန်တိုင်းကို ရင်ဆိုင်ရတဲ့အခါ သူတို့က မခုခံနိုင်ဘူး၊ အားလုံး လွင့်ထွက်သွားရတယ်၊ သူတို့ရဲ့ခန္ဓာကိုယ်မှာ ခရမ်းရောင်အဆိပ်ဒဏ်ရာများနဲ့ ပြည့်နှက်သွားပါတယ်။

"အားကောင်းလွန်းတယ်" ကုန်းယွင်ရဲ့အသံက ခါးသီးမှုအပြည့်နဲ့ပေါ့။

"သူတို့ကို သွားခွင့်ပေးလိုက်ပါ။ ငါ နင်တို့နဲ့အတူ လိုက်သွားမယ်" ကျင်းသခင်မက အမျိုးသမီးဓားသမားကို ကြည့်ကာ ပြောလိုက်တယ်။

သူ့မှာ ညီမတစ်ယောက်ရှိတယ်လို့ သူမ‌ယောင်္ကျားက တစ်ကြိမ်ထက်မက ပြောခဲ့ဖူးပါတယ်။ ဒီနေ့၊ ဒီ‌လိုအခြေအနေမျိုးမှာ တွေ့ရလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါဘူး။

"မဟုတ်ဘူး၊ အမ သူတို့နဲ့ လိုက်သွားလို့မရဘူး" အမျိုးသမီးဓားသမားက ပြောလိုက်တယ်။

"ဒါဆို ငါတို့ ဘာလုပ်ရမလဲ" ကျင်းသခင်မက မေးလိုက်တယ်။

"ငါက ကေင်းကင်အဖွဲ့ဝင်တွေနဲ့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ မင်းက ငါ့ဓားကို တားနိုင်မလားကို ငါ သိချင်မိတယ်"

အခန်းတံခါးက ပွင့်သွားပြီး ပုံရိပ်တစ်ခုက ထွက်လာပါတယ်။

လူတိုင်းက နောက်လှည့်ကြည့်လိုက်မိတယ်။ အဲဒါက အခုထိ စကားမပြော‌ရသေးတဲ့ အဆင့်၅ဓားသမားပါ။

"ငါတို့က ကောင်းကင်ဖောက်အဖွဲ့ကမှန်း မင်း သိတယ်ပေါ့" ခရမ်းနှုတ်ခမ်းအမျိုးသမီးက အံ့အားသင့်သွားတယ်။

"မင်းက နေကြာရေတက်မကျင်ဂိုဏ်းခွဲရဲ့ အဆိပ်တစ်ရာခန်းမသခင်မလား"

အဆင့်၅ဓားသမားက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်အသွင်အပြင်နဲ့ပါ။ သူမက သာမန်ဆန်ပါတယ် ဒါပေမယ့် ဒီလိုအခြေအနေမျိုးမှာ သာမန်ဆန်တာကပဲ တမူထူးခြားသွားစေတယ်။

"နင်က ငါ့ကို သိပုံပဲ။ ဒါဆိုရင် နင် သေချာပေါက် သေရမယ်"

စောစောက အဆိပ်တစ်ရာခန်းမသခင်မက သူမခွန်အားရဲ့တစ်ဆယ်ရာခိုင်နှုန်းကိုသာ ထုတ်ပြခဲ့တာပါ။ သူမက ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရင် ထိုလူတွေက သေသွားတာ ကြာပါပြီး။

ကြောက်စရာကောင်းတဲ့ခရမ်းရောင်ချီမုန်တိုင်းတစ်ခုက ဖြစ်တည်လာတယ်။ ဆယ်မိုင်အတွင်းမှာ အစိမ်းရောင်ဝတ်ဓားသမားကလွဲပြီး ငွေလေသင်္ဘောအပါအဝင် အားလုံးက ခရမ်းရောင်ချီမုန်တိုင်းရဲ့ဆွဲခြင်းကို ခံလိုက်ရတယ်။ တစ်ယောက်မှ ခုခံနိုင်စွမ်း မရှိပါဘူး။

"မင်းကသာ သေရမယ့်လူပဲ" အစိမ်းရောင်ဝတ်ဓားသမားက သူ့ရဲ့ဓားကိုတောင် မထုတ်ပါဘူး၊ ဓားစွမ်းပကားကိုသာ ထုတ်လိုက်ပါတယ်။ ခရမ်းရောင်ချီမုန်တိုင်းက ချက်ချင်း ပျောက်သွားပြီး ဓားစွမ်းပကားက အဆိပ်တစ်ရာခန်းမသခင်မထံ ပြေးဝင်သွားပါတယ်။

"မကောင်းတော့ဘူး" အဆိပ်တစ်ရာခန်းမသခင်မက တုန်လှုပ်ချောက်ခြားသွားပါတယ်။ ဓားစွမ်းပကားက သူမကို ထိန်းချုပ်ထားပြီး သူမက မလှုပ်ရှားနိုင်တော့ဘူးဆိုတာကို သူမက သိလိုက်ရတယ်လေ။

ဘန်း ဘုံး.........

နောက်ဆုံးအခိုက်အတန့်မှာ အနက်ရောင်ကြာပွင့်တစ်ခုက ထွက်လာပြီး ဓားစွမ်းပကားကို တားဆီးလိုက်ပါတယ်။

"စိတ်ဝင်စားစရာပဲ၊ စိတ်ဝင်စားစရာပဲ။ ဒီလိုနေရာမျိုးမှာ ငါက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၀၀၀အတွင်းက တစ်ယောက်ကို တွေ့ရတာပဲ။ ငါ ထင်တာ မမှားရင် မင်းက အဆင့်၇၀၀မြောက်က သာမန်ဓားဧကရာဇ်၊ ရှဖျင်ဖန်မလား"

"ကြာနက်ယဇ်ပလ္လင်ဆရာသခင်" ရှဖျင်ဖန်က ပြိုင်ဘက်ကို ကြည့်လိုက်တယ်။

ကောင်းကင်ဖောက်အဖွဲ့မှာ ယဇ်ပလ္လင်ဆရာသခင်ဖြစ်လာတဲ့သူတွေအားလုံးက ပြောင်မြောက်ပါတယ်။ ရှဖျင်ဖန်ကတောင် ဂရုစိုက်ရမှာပါ။

"ဘာ။ သူက သာမန်ဓားဧကရာဇ်၊ ရှဖျင်ဖန်လား"

လူတိုင်းက အံ့အားသင့်သွားကြပါတော့တယ်။

ပြီးခဲ့တဲ့ရက်တွေအတွင်း အဆင့်၇၀၀ရှိ သာမန်ဓားဧကရာဇ်က သူတို့နဲ့အတူ စားနေသောက်နေလိမ့်မယ်လို့ သူတို့က မထင်မှတ်ထားပါဘူး။

***

All Chapters