← Chapters

မိတ်ဟောင်း‌ဆွေဟောင်း

Vol. 55 Ch. 750

မိတ်ဟောင်း‌ဆွေဟောင်း

Vol. 55 Ch. 750

"သာမန်ဓားဧကရာဇ်၊ ကောင်းကင်ဖောက်အဖွဲ့ကို မျက်နှာသာပေးတဲ့အနေနဲ့ ထွက်သွားပေးပါ"ကြာနက်ယဇ်ပလ္လင်ဆရာသခင်က ပုံမှန်အတိုင်း ပြောလိုက်တယ်။

"အဲဒါ ဖြစ်နိုင်လိမ့်မယ်လို့ မင်း ထင်နေတာလား" ရှဖျင်းဖန်က တည်ငြိမ်တဲ့မျက်လုံးနဲ့ ပြောလိုက်တယ်။

"ဟီးဟီး၊ ငါလည်း သိပ် မထင်ထားပါဘူး။ ဒီလိုဆိုတော့လည်း သာမန်ဓားဧကရာဇ်ရဲ့အရည်အချင်းကို ကြည့်ရတာပေါ့လေ"

"ဟင်းလင်းပြင်ကြာပွင့်နက်"

ကြာနက်ယဇ်ပလ္လင်ဆရာသခင်ရဲ့အောက်မှာ ကြာပွင့်နက်ကြီးတစ်ခုက ဖူးပွင့်လာတယ်။ ပြီးနောက် အဲဒါက လျင်မြန်စွာ ချဲ့ထွင်လာပြီး ရှဖျင်းဖန်ကို ဝန်းရံလိုက်လေတယ်။

"ဒီလို အံ့မခန်းဟင်းလင်းပြင်တာအိုသိုင်းအနုပညာ" ရှလုံရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတော့တယ်။

ကြာပွင့်နက်က ရှလုံကို ဖမ်းစားလိုက်ပုံရတယ်။ အတွင်းမှာ ဟင်းလင်းပြင်ဇုန်လွှာတွေ ရှိပြီး တစ်‌ယောက်ယောက်က ပိတ်မိသွားတာနဲ့ လွတ်မြောက်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။

ကုန်းယွင်က အသက်ကို ပြင်းပြင်း ရှုရှိုက်ကာ ပြောလိုက်တယ် "ကောင်းကင်ဖောက်အဖွဲ့နဲ့ပတ်သက်ပြီး ငါ ကြားဖူးတယ်။ လျှို့ဝှက်ပြီးအားကောင်းတဲ့ သူတော်စင်အဖွဲ့တစ်ခုပဲ။ ရာထူးတွေက ကြယ်အဆင့်အဖွဲ့ဝင်၊ အမွှေးဆရာသခင်၊ ခန်းမဆရာသခင်၊ ယဇ်ပလ္လင်ဆရာသခင်၊ တက်မကျင်ဆရာသခင်ဆိုပြီး အစဉ်လိုက်ရှိတယ်။ အဲဒီအထက်က အဆင့်တွေကိုတော့ ဘယ်သူမှ မသိဘူး။ ကြယ်အဆင့်အဖွဲ့ဝင်တွေကို ထား၊ အမွှေးဆရာသခင်တွေက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အောက်ပိုင်းဧကရာဇ်တွေကို ချက်ချင်း သတ်နိုင်တယ်။ ခန်းမဆရာသခင်တွေက ပိုမြင့်တယ်။ ယဇ်ပလ္လင်ဆရာသခင်တွေက မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့အဆင့်၁၀၀၀အတွင်းရှိ လူတွေနဲ့ ယှဉ်နိုင်တယ်။ တက်မကျင်ဆရာသခင်တွေကတော့ မဟာဧကရာဇ်သတ်မှတ်ချက်ရဲ့ထိပ်ဆုံး၁၀၀တွေနဲ့ ညီမျှတယ်။ အစကတော့ ဒါတွေက မဟုတ်လောက်ဘူးလို့ ငါ ထင်ထားတာ။ အခု ကြည့်ရသလောက်တော့ ကောလဟာလတွေက မှန်တာပဲ။ ကောင်းကင်ဖောက်အဖွဲ့က ဘယ်သူတော်စင်ဂိုဏ်းထက်မဆို သာလွန်ပြီး ငါတို့ဓားသမားအစည်းအရုံးအောက်မကျဘူး"

ကြာပွင့်နက်ကို သူ့ကို ဝန်းရံသည်ကို မြင်ပြီး ရှဖျင်းဖန်က သူ့ဓားကို ထုတ်လိုက်တယ်။ ဓားအိမ်မှ ဓားချွတ်ပြီးတာနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးက ဖြူကောင်တစ်ကောင်အလား အဆုံးမရှိဓားတွေကို ထုတ်လွှတ်နေတယ်။ အက်ကွဲသံတွေ ထွက်‌ပေါ်လာပြီး ကြာပွင့်နက်က ချက်ချင်း ကြေမွသွားတယ်။

ကြာနက်ယဇ်ပလ္လင်ဆရာသခင်က အလန့်တကြား‌ နောက်ဆုတ်လိုက်ရတယ်။ သူ့မျက်နှာအမူအရာက လေးနက်နေပြီး သူ့လက်ကို အရှေ့ကို တွန်းထုတ်လိုက်တယ်။ မရေမတွက်နိုင်တဲ့ကြာပွင့်နက်တွေက ဟင်းလင်းပြင်မှာ ဖူးပွင့်လာပြီး ရှဖျင်းဖန်ကို ဖိနှိပ်လိုက်ချေတယ်။

ရှဖျင်းဖန်ရဲ့အမူအရာက မပြောင်းလဲပါဘူး၊ သူက ဓားတစ်ချက်သာ ထုတ်လိုက်တယ်။

ဒီတစ်ခါမှာတော့ နေမှ ဖြာထွက်လာတဲ့အလား ဓားအလင်းလွှာတွေက ထွက်ပေါ်လာပါတယ်။ ကြာပွင့်နက်အားလုံးက သုတ်သင်ခံရပြီး ကြာနက်ယဇ်ပလ္လင်ဆရာသခင်ပေါ်မှာ ဓားဒဏ်ရာတွေ ဖြစ်တည်သွားတော့တယ်။

"အတူတိုက်ကြစို့၊ ကောင်းကင်ကင်းမြီးကောက်တိုက်ပွဲဝင်နည်းဗျူဟာကို ဖွဲ့စည်းကြ"

ရှဖျင်းဖန်ရဲ့ခွန်အားက ကြာနက်ယဇ်ပလ္လင်ဆရာသခင်စိတ်ကူးထားတာရဲ့အထက်မှာ ရှိနေတယ်လေ။

ကောင်းကင်ကင်းမြီးကောက်တိုက်ပွဲဝင်နည်းဗျူဟာက ကင်းမြီးကောက်ပုံသဏ္ဍာန်နဲ့ တူပါတယ်။ ညှို့ဓာတ်ရှိတဲ့လူနဲ့ အဆိပ်တစ်ရာခန်းမသခင်မက ကင်းမြီးကောက်ရဲ့လက်မတွေဖြစ်ပြီး ကြာနက်ယဇ်ပလ္လင်ဆရာသခင်က ဆူးဖြစ်ပါတယ်။

ဘုံး........

ဒီတစ်ကြိမ်တိုက်ခိုက်မှုက ရှဖျင်းဖန်ကို ‌ခြေတစ်လှမ်း ဆုတ်သွားစေလိုက်တယ်။

ကြာနက်ယဇ်ပလ္လင်ဆရာသခင်ရဲ့ခွန်အားက အများကြီးမနိမ့်ကျပါဘူး။ တိုက်ပွဲဝင်နည်းဗျူဟာနဲ့ဆိုရင် ကြာနက်ယဇ်ပလ္လင်ဆရာသခင်ရဲ့ခွန်အားက အဆများစွာ ပိုသန်မာလာပါတယ်။

"သာမန်ဓားတာအို"

အသက်ကို ရှုသွင်းပြီးနောက် ရှဖျင်းဖန်က ဓားအလင်းတွေကို မထုတ်တော့ပါဘူး။ လှုပ်ရှားမှုတိုင်းနဲ့ ရပ်တည်ချက်တိုင်းက အလွန်သာမန်ဆန်ပါတယ်၊ အလွန်လည်း ထက်ရှလာတယ်။ ဓါးကို ဓါးအိမ်မှ ထုတ်တဲ့အခါ ဟင်းလင်းပြင်ကတောင် ကွဲအက်သွားသလို ခံစားရပါတယ်။ ကောင်းကင်ကင်းမြီးကောက်နည်းဗျူဟာမှာ ဓားဒဏ်ရာတွေ အများကြီးဖြစ်တည်လာပါတယ်။

ဒါပေမယ့် မပျက်စီးသရွေ့ တိုက်ပွဲနည်းဗျူဟာက လျင်မြန်စွာ ပြန်ကောင်းလာပါတယ်။

"သေစမ်း"

ကင်းမြီးကောက်ရဲ့ဆူးက ပြင်းထန်စွာ ထိုးဖောက်လိုက်ပါတယ်။

ဒီဆူးမှာ ဝေဝေဝါးဝါးလမ်းကြောင်းအမျိုးမျိုး တည်ရှိနေတယ်။ ဆူးက အခြားကမ္ဘာက လာသလိုဖြစ်ပြီး တိုက်ခိုက်မှုလမ်းကြောင်းကို မြင်နိုင်ဖို့က ခက်ခဲလွန်းပါတယ်။

ဆူးမှာ ကြာနက်ယဇ်ပလ္လင်ဆရာသခင်ရဲ့ဟင်းလင်းပြင်ဥပဒေဿပါဝင်နေတာ အလွန်သိသာလှပါတယ်။

ကလန်း.......

ရှဖျင်းဖန်က တိုက်ခိုက်မှုကို တားဆီးလိုက်တယ်၊ ဒါပေမယ့် သူက ထိမှန်သွားသေးပြီး သွေးတွေ အန်ထွက်လာရတယ်။

"မကောင်းတောဘူး၊ သာမန်ဓားဧကရာဇ်တောင် မနိုင်တော့ဘူး" လူတိုင်းက အလွန်စိုးရိမ်သွားကြပါတော့တယ်။

သူတို့အားလုံး ဒီနေ့ သေရတော့မှာလား။

ကလန်း ကလန်း ကလန်း ကလန်း .........

ရှဖျင်းဖန်က ကောင်းကင်ကင်းမြီးကောက်ရဲ့လက်မနှစ်ဖက်ကိုတော့ ရင်ဆိုင်နိုင်ပါတယ်၊ ဒါပေမယ့် ဆူးနဲ့ ရင်ဆိုင်တဲ့အခါ ဘာမှ မတတ်နိုင်ပါဘူး။

"သာမန်ဓားတာအို- ကောင်းကင်မြေကြီးစိတ်ခံစားမှု"

ရှဖျင်းဖန်ရဲ့အော်ရာက သာမန်ဆန်မှုက တိုးလာ‌ပါတယ်၊ သူ့ရဲ့ဓားကတော့ ပျောက်သွားချေတယ်။ အဆုံးမရှိချည်မျှင်တွေက သူ့ရဲ့လက်မှ ထွက်လာပြီး ကောင်းကင်ကင်းမြီးကောက်ကို ထိုးဖောက်လိုက်ပါတယ်။

ဒီဓားက အဆုံးစွန်းနဲ့ နီးကပ်‌ပါတယ်။

"ဘာလဲဟ"

ကောင်းကင်ကင်းမြီးကောက်တိုက်ပွဲဝင်နည်းဗျူဟာအတွင်းမှာ တိုက်ပွဲဝင်နည်းဗျူဟာကို အဆုံးမရှိချည်မျှင်‌‌တွေက ထိုးဖောက်သွားတာကို ကြာနက်ယဇ်ပလ္လင်ဆရာသခင်က  ခံစားမိပါတယ်။

ချည်မျှင်တွေက ထက်ရှလွန်းတယ်၊ ကောင်းကင်ကင်းမြီးကောက်တိုက်ပွဲဝင်နည်းဗျူဟာက မခုခံနိုင်တော့ပါဘူး။

ဘန်း.........

ကောင်းကင်ကင်းမြီးကောက်တိုက်ပွဲဝင်နည်းဗျူဟာ ပျက်စီးသွားတဲ့အခါ ကြာနက်ယဇ်ပလ္လင်ဆရာသခင်နဲ့အခြားခေါင်းဆောင်နှစ်ယောက်က လွဲပြီး ကျန်သူတွေက ခြေလက်တွေ ပြတ်တောက်သွားရတော့တယ်။ အချို့က ပိုပြင်းထန်ပါတယ်၊ ‌ခေါင်းတွေ ခါးတွေတောင် ဆုံးရှုံးသွားရတယ်။

ကြာနက်ယဇ်ပလ္လင်ဆရာသခင်နဲ့အခြားနှစ်ယောက်ကလည်း အခြေအနေမကောင်းပါဘူး။ တိုက်ပွဲနည်းဗျူဟာပျက်စီးမှုကြောင့် သူတို့လည်း ဒဏ်ရာတွေ ရပြီး ခွန်အား အကြီးအကျယ် ယုတ်လျော့သွားရပါတယ်။

ရှဖျင်းဖန်လည်း သွေးတွေ အန်ထွက်လိုက်ရပါတယ်။ ကောင်းကင်မြေကြီးစိတ်ခံစားမှုကို သူ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူးလေ။ သူ့ရဲ့ချီတွေက ပြောင်းပြန်စီးဆင်းနေပြီး သူ့ရဲ့အင်္ဂါတွေကို  ထိခိုက်စေပါတယ်။

"ဒါက ဓားချည်မျှင်အခြေအနေတစ်ခုပဲ" ရှလုံရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြန်တယ်။

ဓားသမားတစ်ယောက်က အဆင့်တစ်ခုကို ရောက်ရှိတာနဲ့ သူတို့က ဓားချည်မျှင်အခြေအနေကို အသုံးပြုနိုင်ပါတယ်။ ဓားချီက ချည်မျှင်အဖြစ် ပြောင်းသွားပြီးဆိုရင် အဲဒါက အရာအားလုံးကို ပိုင်းဖြတ်နိုင်ပါတယ်။ ရှဖျင်းဖန်ရဲ့ဓားချည်မျှင်အခြေအနေက အဆုံးစွန်းနဲ့ နီးကပ်နေတာ သိသာလှပါတယ်။ မှတ်တမ်းတွေအရ စစ်မှန်တဲ့ဓားချည်မျှင်က အရာအားလုံးကို ခုတ်ဖြတ်နိုင်တယ်၊ အချိန်နဲ့ဟင်းလင်းပြင်ပါ အပါအဝင်ပေါ့။ ဒါက ထိပ်တန်းအဆင့်တိုက်ခိုက်ရေးနည်းလမ်းတစ်ခုပါ၊ တစ်ယောက်မှ အဆုံးစွန်းအခြေအနေမှာ ရှိတဲ့ ဓားချည်မျှင်ကို မတားဆီးနိုင်ပါဘူး။ တူညီတဲ့ကျင့်ကြံခြင်းနယ်ပယ်မှာရှိတဲ့ ခန္ဓာကိုယ်အပြင်အားသိုင်းပညာရှင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာပါ။

ရှဖျင်းဖန်ရဲ့ပုံမှန်ခွန်အားက မဟာဧကရာဇ်သတ်မှတ်ချက်မှာ အဆင့်၇၀၀မှာ ရှိပေမယ့် သူ့ရဲ့ဓားချီက ချည်မျှင်အဖြစ်ပြောင်းသွားပြီးဆိုတာနဲ့ သူ့ရဲ့ခွန်အားက အနည်းဆုံး ဆယ်ဆပိုသန်မာလာပါတယ်။

"အဆုံးစွန်းမှာရှိတဲ့ ဓားချည်မျှင်အခြေအနေလား။ တကယ်ကို မယုံနိုင်စရာပဲ"

ရှဖျင်းဖန်က ဓားမိုးမဟာဧကရာဇ်ထက် အနည်းငယ်ပိုအားနည်းတာကို လီဖူချန်းက မြင်ရပါတယ်။ ရှဖျင်းဖန်က ဓားချည်မျှင်ကို အပြည့်အဝထိန်းချုပ်နိုင်မယ်ဆိုရင် သူက ဓားမိုးမဟာဧကရာဇ်ရဲ့ အထက်ဖြစ်ပြီး ဓားသေမင်း၊ဝူချန်းကြွယ်ထက်တောင် ပိုသန်မာလောက်ပါတယ်။

သာမန်ဓားဧကရာဇ် ရှဖျင်းဖန်။ သာမန်အတွင်းမှာ သာမန်မဟုတ်တာကို ရှာဖွေခြင်း။

"ဒါပေမယ့် ငါလည်း နည်းနည်း လှုပ်ရှားရအုံးမှာပေါ့"

လီဖူချန်းက ပြောနေရင်း ပြုံးလိုက်တယ်။ သူက ထရပ်ပြီး ငွေလေသင်္ဘောမှ ထွက်လာလိုက်ပါတယ်။

"အသုံးမကျတဲ့အကောင်တွေ။ ကိစ္စသေးသေး‌လေးတစ်ခုတောင် မလုပ်နိုင်ဘူး"

လူတိုင်းက ရှဖျင်းဖန်ရဲ့ခွန်အားကြောင့် ထိတ်လန့်နေစဉ်မှာပဲ အသံတစ်ခုက လူတိုင်းရဲ့နားထဲမှာ ပဲ့တင်သံထပ်သွားလေတယ်။

အဝေးမှ ပုံရိပ်တစ်ခုက ထွက်ပေါ်လာပါတယ်။ ခြေလှမ်းတစ်လှမ်းအတွင်း ပုံရိပ်က ကြာနက်ယဇ်ပလ္လင်ဆရာသခင်နဲ့အခြားနှစ်ယောက်ရဲ့ရှေ့ကို ရောက်ရှိလာပါတယ်။

အပြာရောင်ဝတ်ရုံနဲ့ ရုပ်ရည်ချောမောတဲ့လူငယ်တစ်ယောက်ပါ။

"တက်မကျင်ဆရာသခင်"

ကြာနက်ယဇ်ပလ္လင်ဆရာသခင်နဲ့ အခြားနှစ်ယောက်က လျင်မြန်စွာ ဦးညွှတ်လိုက်ကြတယ်။

"တက်မကျင်ဆရာသခင်လား"လူတိုင်းက စိတ်ပျက်သွားကြတော့တယ်။

ပလ္လင်ဆရာသခင်တစ်ယောက်ကတောင် စွမ်းအားကောင်းလွန်းနေပါပြီး။သူတို့က တက်မကျင်ဆရာသခင်ကို ဘယ်လို တိုက်ခိုက်ရမှာလဲ။

အဆင့်အားဖြင့်ပြောရင် တက်မကျင်ဆရာသခင်က အဆင့်၇ဓားသမားတစ်ယောက်နဲ့ ညီမျှပါတယ်။

ရှဖျင်းဖနမရဲ့အမူအရာက လေးနက်သွားလေတယ်။ သူတို့က နေကြာရေတက်မကျင်ဂိုဏ်းခွဲရဲ့ပိုင်နက်မှာ ရှိပါတယ်။ ဒီလူက နေကြာရေတက်မကျင်ဂိုဏ်းခွဲရဲ့နေကြာရေတက်မကျင်ဆရာသခင်နေကြာရေတက်မကျင်ဆရာသခင်ဆိုတာ သိသာလှပါတယ်။

နေကြာရေတက်မကျင်ဆရာသခင်က လက်ကို နောက်ပစ်ကာ ရပ်နေလေတယ်။ သူက ရှဖျင်းဖန်အား ပြောလိုက်တယ်"မင်းက အဲဓားကွက်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရင် မင်းက ငါ့ကို ရင်ဆိုင်‌နိုင်လောက်မှာပါ။ ဒါပေမယ့် အခု မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး၊ ဒါ့ပြင် မင်းက ဒဏ်ရာရထားတယ်"

"ငါ မကြိုးစားရင် ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ" ရှဖျင်းဖန်က တုံ့ပြန်လိုက်တယ်။

သူ့ရဲ့သာမန်ဓားက သာမန်အတွင်းမှာ သာမန်မဟုတ်တာကို ရှာဖွေပြီး သာမန်သို့ ပြန်သွားခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုအန္တရာယ်များတဲ့အနေအထားတွေက သူ့ကို ချိုးဖျက်နိုင်အောင် အတိအကျ ကူညီပေးနိုင်တယ်။

"ကောင်းကင်မြေကြီးစိတ်ခံစားချက်"

ရှဖျင်းဖန်က သူ့ရဲ့ သတ်ဖြတ်ကွက်ကို ထပ်ထုတ်လိုက်ပြန်တယ်။ အဆုံးမရှိဓားချည်မျှင်တွေက ထွက်ပေါ်လာပြီး နေကြာရေတက်မကျင်ဆရာသခင်ဆီ ထိုးဖောက်သွားပါတယ်။

"မင်းကိုယ်မင်း အထင်ကြီးလွန်းနေတယ်" နေကြာရေတက်မကျင်ဆရာသခင်က သူ့ရဲ့ဘယ်လက်ကို လှည့်ပြီး ရေလွှာတံတိုင်းတစ်ခုကို ထုတ်ဖော်ပြီး ဓားချည်မျှင်ကို တားဆီးလိုက်လေတယ်။

ဓားချည်မျှင်တွေက အလွန် ထက်ရှပါတယ်၊ ဒါပေမယ့် ရေတံတိုင်းက မတိုင်းတာနိုင်လောက်အောင် ပါးလွှာပုံရတယ်။ ဓားချည်မျှင်တွေက ထိုးဖောက်လာတာနဲ့ အရှိန်က ပိုနှေးလာပြီး ပိုအားနည်းလာတယ်။ ပြီးနောက် ဖြည်းညင်းစွာ ပျောက်ကွယ်သွားတော့တယ်။

နေကြာရေတက်မကျင်ဆရာသခင်က သု့ရဲ့ဘယ်လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ရေတံတိုင်းက ရေလှိုင်းတစ်ခုအဖြစ် ပြောင်းသွားလေတယ်။ အဲဒါက ရှဖျင်းဖန်ကို လွင့်ထွက်သွားစေပြီး သွေးတွေအန်ထွက်သွားစေပါတယ်။

နေကြာရေတက်မကျင်ဆရာသခင်က နှာခေါင်းရှုံ့ပြီး ငွေလေသင်္ဘောကို ကြည့်လိုက်တယ်"မိတ်ဆွေ၊ ထွက်လာပါ"

ဟမ်........

ရှလုံနဲ့အခြားသူတွေက စိတ်ရှုပ်‌သွားရတယ်။ ငွေလေသင်္ဘောအထဲမှာ ဘယ်သူ ရှိနေတာလဲ။

တံခါးက ပွင့်သွားပြီး လီဖူချန်းက ထွက်လာတယ်။

သူတို့က လီဖူချန်းကို မြင်လိုက်တဲ့အခါ လူတိုင်းရဲ့အတွေးများက ပိုရှုပ်ထွေးသွားရပါတော့တယ်။

ဘယ်လိုလုပ်ပြီး အဆင့်၄ဓားသမားတစ်ယောက်က နေကြာရေတက်မကျင်ဆရာသခင်ရဲ့ပစ်မှတ် ဖြစ်နေရတာလဲ။

"မင်း ငါ့ကို သိလို့လား" လီဖူချန်းက မေးလိုက်တယ်။

"ပျံသန်းငွေကျွန်းမှာ၊ မင်းက ငါတို့ကောင်းကင်ဖောက်အဖွဲ့ရဲ့အမွှေးဆရာသခင်ရှစ်ယောက်ကို သတ်ခဲ့တယ်။ ငါ မင်းကို မသိဘူးလို့ မင်း ထင်နေတာလား" နေကြာရေတက်မကျင်ဆရာသခင်က သရော်လိုက်တယ်။

"ငါ သိပြီး။ မင်းက ငါ့အတွက် လာတာပဲ"

နေကြာရေတက်မကျင်ဆရာသခင်က ခေါင်းခါလိုက်တယ်"တကယ်တော့ မင်းကို ရှာတွေ့တာက တိုက်ဆိုင်မှုသက်သက်ပဲ။ ငါလာတာက ကျင်းသခင်မအတွက်ပဲ။ မင်းက ကျင်းသခင်မနဲ့အတူ ရှိနေမယ်လို့ ဘယ်သူ ထင်ထားမှာလဲ"

"အဲဒါလည်း ကောင်းတယ်။ ငါ မင်းတို့အားလုံးကို တစ်ခါတည်း ဖမ်းရ‌တာပေါ့"

နေကြာရေတက်မကျင်ဆရာသခင်က ပြောနေရင်း လီဖူချန်းထံ လက်ဝါးရိုက်ချက်တစ်ချက်ကို ပို့လွှတ်လိုက်တယ်။

အဲဒါက ကြီးမားပြီး အကန့်အသတ်မရှိတဲ့ ပင်လယ်တစ်ခုနဲ့ တူပါတယ်။

***

All Chapters