← Chapters

ဓားတာအိုဖလှယ်ခြင်း

Vol. 55 Ch. 751

ဓားတာအိုဖလှယ်ခြင်း

Vol. 55 Ch. 751

နေကြာရေတက်မကျင်ဆရာသခင်က မဟာဧကရာဇ်သတ်မှတ်ချက်မှာ အနည်းဆုံး ထိပ်ဆုံး၁၀၀အတွင်း ဝင်ပါတယ်။ သူ့ရဲ့သိုင်းအနုပညာကျွမ်းကျင်မှုက အဆုံးစွန်းနဲ့ နီးကပ်နေပါတယ်၊ မပြည့်ဝသေးတဲ့ ရှဖျင်းဖန်နဲ့ မတူပါဘူး။

ဒီရေတာအိုလက်ဝါးအနုပညာက ရေမဟာတာအိုနဲ့ ချိတ်ဆက်မှုရှိပါတယ်။ ဒီလက်ဝါးကို ရင်ဆိုင်ရတဲ့အခါ ပင်လယ်တစ်ခုကို မျက်နှာချင်းဆိုင်ရသလိုမျိုးပါပဲ။

"ဂရုစိုက်" ပြင်းထန်စွာ ဒဏ်ရာရထားတဲ့ ရှဖျင်းဖန်က ဒီလက်ဝါးရဲ့စွမ်းအားကို မြင်ပြီး လီဖူချန်းကို သတိပေးလိုက်တယ်။

လီဖူချန်းက ပြုံးလိုက်တယ်၊ သူက မရှောင်ပါဘူး၊ နောက်လည်း မဆုတ်ပါဘူး၊ ဘာလှုပ်ရှားမှုကိုမှ မပြုလုပ်ပါဘူး။

ဒိန်း...........

ဧရာမလက်ဝါးအားက လီဖူချန်းထံ ကျရောက်လာတယ်။ ထိုလက်ဝါးအားက အရာတိုင်းကို အစိတ်စိတ်အမွှာမွှာဖြစ်စေနိုင်ပါတယ်။

လက်ဝါးအားတွေက တစ်လှိုင်းပြီးတစ်လှိုင်းလာနေတယ် လှိုင်းတစ်ခုစီက ပိုပိုကြီးလာပြီး ဘယ်တော့မှ မရပ်တော့သလို ခံစားနေရတယ်။

ဒါပေမယ့် နေကြာရေတက်မကျင်ဆရာသခင်ရဲ့အမူအရာက ယုံကြည်ချက်ရှိနေရာမှ လေးနက်တဲ့အသွင်ဖြစ်သွားလေတယ်။

လီဖူချန်းကို လက်ဝါးက သတ်ခဲ့ရင် လက်ဝါးအားက လွင့်ပြယ်သွားမှာ သဘာဝအတိုင်းပါပဲ။ လက်ဝါးအားက ပိုပိုပြီးအားကောင်းလာတယ်ဆိုရင် လီဖူချန်းက ခုခံနိုင်နေသေးတာဖြစ်ပြီး အလွန်မြင့်မားတဲ့ခုခံမှု ရှိပါတယ်။

"မင်းမှာရှိတာ ဒါအကုန်ပဲလား"

ပုံရိပ်တစ်ခုက လက်ဝါးအားကို မပြီး ထွက်လာခဲ့ပါတယ်။

ပင်လယ်နဲ့တူတဲ့လက်ဝါးအားက စမ်းချောင်းနှစ်ခုအဖြစ်သို့ အလိုအလျောက် ကွဲအက်သွားပါတယ်။

အဆုံးစွန်းနဲ့နီးကပ်နေတဲ့ မူလအစွန်းဓားဆန္ဒပါဝင်နေတာကြောင့် လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်က ကြမ်းတမ်းခိုင်ခံ့လွန်းပါတယ်။

သိုင်းအနုပညာနှစ်ခုလုံးက အဆုံးစွန်းနဲ့ နီးကပ်နေတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့မူလအစွန်းဓားအနုပညာက တိတိကျကျ ပိုမြင့်မားပါတယ်။

"အဆုံးမရှိအနန္တ"

နေကြာရေတက်မကျင်ဆရာသခင်ရဲ့မျက်လုံးတွေက ကျုံ့သွားပြီး သူက လီဖူချန်းကို လက်ဝါးနှစ်ဖက်လုံးနဲ့ ထပ်မံတိုက်ခိုက်လိုက်ပြန်ပါတယ်။

ဒိန်း ဂျိန်း........

ဒီတစ်ခါမှာတော့ လက်ဝါးအားက ပိုသန်မာလာပါတယ်၊ ကမ္ဘာကို ဝါးမျိုမယ့် ကပ်ဆိုက်မှုတစ်ခုပမာပါပဲ။

ဒါပေမယ့် အရာအားလုံးက အချည်းနှီးပါပဲ။ ပြင်းထန်တဲ့လက်ဝါးအားက လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်ပေါ် ကျရောက်လာပေမယ့် ဘာမှ မဖြစ်သွားစေပါဘူး။

"သည်လိုသန့်စင်တဲ့ဓားတာအိုအခြေအနေ" ရှဖျင်းဖန်က အံ့အားသင့်သွားလေတယ်။

လီဖူချန်းရဲ့ဓားစွမ်းအင်အကာအကွယ်က အကန့်အသတ်မရှိဖြစ်ပြီး သာမန်ဓားတာအိုအခြေအနေကို ပြန်သွားနေပါတယ်။ လီဖူချန်းနဲ့ နှိုင်းယှဉ်ရင် ရှဖျင်းဖန်ရဲ့သာမန်ဓားတာအိုက သေချာပေါက် အားနည်းပါတယ်။

"ဒီလူက ဓားဧကရာဇ်နဲ့ ဓားအာဏာရှင်နဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်"

ရှဖျင်းဖန်ကို ဖိနှိပ်နိုင်ဖို့က ကြုံတောင့်ကြုံခဲပါ။ ဓားဧကရာဇ်နဲ့ဓားအာဏာရှင်တောင် သူ့ကို မဖိနှိပ်နိုင်ပါဘူး။ လီဖူချန်းရဲ့ဓားတာအိုကို မြင်ပြီးနောက် သူက နိမ့်ကျတယ်၊ သူ့ရဲ့သာမန်ဓားတာအိုက လီဖူချန်းရဲ့ဓားတာအိုကို ဘယ်တော့မှ မကျော်ဖြတ်နိုင်တော့ဘူးကို သူက သိလိုက်ရပါတယ်။ လီဖူချန်းရဲ့ဓားတာအိုမှ မူလအခြေခံအကျဆုံးဓားတာအိုအော်ရာကို ခံစားမိလိုက်ရတယ်။

"ချီအကာအကွယ်သာ အားကိုးပြီး ကောင်းကင်ဖောက်အဖွဲ့ရဲ့တက်မကျင်ဆရာသခင်ရဲ့လက်ဝါးအားကို ခုခံခြင်း"

ရှလုံနဲ့အခြားသူတွေက လုံးဝအံ့အား‌သင့်သွားကြတယ်။

"သူက တက်မကျင်ဆရာသခင်ရဲ့လက်ဝါးအားကို အမှန်တကယ် ခုခံနိုင်ခဲ့တာလား" တက်မကျင်ဆရာသခင်နဲ့အခြားသူတွေက တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာနဲ့ ကြည့်လိုက်ကြလေတယ်။

"မင်းက အတိအကျ ဘယ်သူလဲ" နေကြာရေတက်မကျင်ဆရာသခင်က လေးနက်တဲ့လေသံနဲ့ မေးလိုက်တယ်။

"ငါ ဘယ်သူမှ မဟုတ်ဘူး။ ဒါ့အပြင် ငါ ဘယ်သူလဲကို လူသေတစ်ယောက်က သိစရာမလိုဘူး"

လီဖူချန်းက ညာလက်ညှိုးနဲ့ လက်လယ်ကို မြှောက်လိုက်တယ်။ ဓားဆန္ဒတစ်ခုက သူ့ရဲ့လက်ခလယ်ထိပ်မှာ စုရုံးလာတယ်။

"ငါ ထွက်သွားချင်ရင် တစ်ယောက်မှ ငါ့ကို မရပ်တန့်နိုင်ဘူး။ ငါတို့ နောက်မှ ပြန်တွေ့ကြတာပေါ့"

နေကြာရေတက်မကျင်ဆရာသခင်ရဲ့လက်ထဲမှာ သိပ်သည်းတဲ့ရေအလင်းတွေနဲ့ ပြည့်နေတဲ့ ပုလဲတစ်လုံးရှိတယ်။ ချီကို ပုလဲထဲကို လောင်းချပြီးတာနဲ့ ကြောက်စရာကောင်းတဲ့ရေတာအိုစွမ်းအင်တစ်ခုက ထွက်ပေါ်လာတယ်။ ရေတာအိုစွမ်းအင်က ရေစက်လုံးတစ်ခုအဖြစ် ပြောင်းသွားပြီး နေကြာရေတက်မကျင်ဆရာသခင်၊ ကြာနက်ယဇ်ပလ္လင်ဆရာသခင်နဲ့ အခြားသူတွေကို လွှမ်းခြုံလိုက်ပါတယ်။

ပြီးနောက် ချက်ချင်းပဲ ရေစက်လုံးက ရေစက်တစ်ခုအဖြစ် ကျုံ့သွားပြီး ဟင်းလင်းပြင်ထဲကို ရွှေ့ပြောင်းသွားပါတယ်။

"ကောင်းကင်အဆင့်မြင့်ပစ္စည်း"

ရှလုံက ချက်ချင်း သိလိုက်ပါတယ်၊ ပုလဲက ကောင်းကင်အဆင့်မြင့်ရေတာအိုပစ္စည်းဖြစ်တာကိုပေါ့။

"မင်းတို့ လွတ်မြောက်မှာ ‌သေချာပြီးလား" လီဖူချန်းက သူ့ရဲ့ဓားလက်ညှိုးကို ဟင်းလင်းပြင်ထံ ညွှန်ပြလိုက်တယ်။

ဖောက် ဖောက် ဖောက် ဖောက်..........

ပူ‌ဖောင်းပေါက်ကွဲသလို အသံတွေ မရေမတွက်နိုင်အောင် ထွက်လာပါတယ်။

ပုံရိပ်လေးခုက ကောင်းကင်ပေါ်မှ ကျဆင်းလာပြီး လေထဲမှာပဲ သွေးမြူဖြစ်သွားကြလေတယ်။

လက်ညှိုးတစ်ချက်နဲ့ ကောင်းကင်အဆင့်မြင့်ပုလဲရဲ့ အကာအကွယ်ကို ချိုးဖျက်သွားပြီး လေးယောက်လုံးကို သတ်လိုက်တယ်။ ဒီလိုခွန်အားမျိုးက ရှလုံနဲ့အခြားသူတွေကို အလွန်အံ့အားသင့်သွားစေပါတယ်။

"ပြေးကြစို့"

ကြာနက်ယဇ်ပလ္လင်ဆရာသခင်ခေါ်လာတဲ့ အခြားအဖွဲ့ဝင်တွေက နောက်ဆုံးမှာ တုံ့ပြန်လိုက်ကြတယ်။ သူတို့က အသည်းအသန် ထွက်ပြေးကြလေရဲ့။

ကံဆိုးတာက လီဖူချန်းက သူတို့ကို လွှတ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ လက်သီးတစ်ချက်နဲ့အတူ ဟင်းလင်းပြင်က တုန်ခါသွားပြီး ရန်သူအားလုံးက အမှုန့်ဖြစ်သွားရလေတယ်။

ထိုလေးယောက်မှ သိုလှောင်အိတ်နဲ့ ပုလဲကို သိမ်းပြီးနောက် လီဖူချန်းက ပြောလိုက်တယ်"သည်လူ‌တွေဆီက သိုလှောင်အိတ်ကို ကူပြီး ရှင်းလင်းပေးပါ"

ပြော‌ပြီးနောက် လီဖူချန်းက ငွေလေသင်္ဘောဆီ ပြန်လာပြီး သူ့ရဲ့အလုပ်ကို ပြန်စဖို့ စီစဉ်လိုက်ပါတယ်။

အစောက ဈာန်ဝင်စားမှုက ရှိနေစေဖို့ မျှော်လင့်ထားပါတယ်၊ မဟုတ်ရင် အဲဒါက ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်လာမှာပါ။

တိုက်ပွဲကွင်းပြင်ကို ရှင်းလင်းပြီးနောက် ငွေလေသင်္ဘောက ဆက်လက် ခရီးနှင်နေလေတယ်။ ဒါပေမယ့် စားသောက်ခန်းမကတော့ မကြုံစဖူး တိတ်ဆိတ်နေလေတယ်။

လူတိုင်းက လီဖူချန်းရဲ့အဆင့်အတန်းကို ခန့်မှန်းဖို့ ကြိုးစားနေလေတယ်။ ဒါပေမယ့် သူတို့က မဟာဧကရာဇ်သတ်မှတ်ချက်ရှိ ကျော်ကြားတဲ့ဓားသမားအားလုံးကို မြင်ဖူးပါတယ်၊ လီဖူချန်းက လွဲပြီးပေါ့။

ရှဖျင်းဖန်က ပြောလိုက်တယ်"အကိုလီရဲ့ဓားတာအိုက ငါ့ရဲ့ဘဝမှာ အရင်တုန်းက ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ အရာပဲ။ ငါ့အမြင်အရ ဓားဧကရာဇ်နဲ့ ဓားအာဏာရှင်တို့ရဲ့ ဓားတာအိုကတောင် အကိုလီရဲ့ဓားတာအိုကို မယှဉ်နိုင်ဘူး။ ဒါပေမယ့် သူတို့ရဲ့ဓားတာအိုကိုလည်း ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ ဒါက ငါ့ရဲ့ မှန်းဆချက်ပဲ"

ဓားတာအိုက လူတစ်ယောက်ရဲ့ညဏ်အမြင်နဲ့ မွေးရာပါစွမ်းရည်အပေါ်မှာ လုံးဝမှီခိုတဲ့ ကျောရိုးတာအိုတစ်ခုပါ။

ညဏ်အမြင်နဲ့စွမ်းရည်က ပိုသန်မာလာလေလေ၊ ကျောရိုးတာအိုရဲ့နားလည်မှုက ပို အားကောင်းလာလေလေပါပဲ။

သတ္တု၊ ရေ၊ မီး၊ မြေ၊ လေ၊ မိုးကြိုးနဲ့ အခြားအရာတွေကို သဘာဝတာအိုတွေပါ။

သဘာဝတာအိုတွေက သဘာဝမှာ တည်ရှိပြီး ခွန်အားအားဖြင့် ခြားနားချက် မရှိပါဘူး။

လူတစ်ယောက်ရဲ့တာအိုက လူတစ်ယောက်ရဲ့အလားအလာကို ဆုံးဖြတ်နိုင်ပါတယ်။ သံသယမရှိစွာနဲ့ လီဖူချန်းက တစ်နေ့မှာ သူတော်စင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်၊ သူက သူတော်စင်တွေကြားမှာ အဆင့်မြင့်မားပါလိမ့်မယ်။ အချိန်လုံလုံလောက်လောက်ရှိမယ်ဆိုရင် သူ့အတွက် ဓားတာအိုနဲ့ ကမ္ဘာကို အုပ်ချုပ်ဖို့က မခက်ခဲပါဘူး။

ထိုအချိန်မှာ လီဖူချန်းကတော့ လွင့်ပျယ်သွားတဲ့ ဈာန်ဝင်စားမှုကို ပြန်လည်ဖမ်းဆုတ်နေပါတယ်။

"ကြည့်ရတာ ငါက အစိုးရိမ်လွန်းနေတာပဲ" လီဖူချန်းက ပြုံးလိုက်တယ်။

လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ပင်လယ်မှာ အဆင့်တွေရှိရင် လီဖူချန်းက သေချာပေါက် ထိပ်ဆုံးမှာ ရှိနေမှာပါ။

လီဖူချန်းရဲ့စိတ်ဝိညာဉ်ပင်လယ်က ဈာန်ဝင်စားမှုကို အပြည့်အဝထိန်းသိမ်းထားနိုင်တဲ့ အဆင့်ကို ရောက်ရှိနေပါပြီး။ ဈာန်ဝင်စားမှုက ထွက်ပေါ်လာတာနဲ့ စိတ်ဝိညာဉ်ပင်လယ်က မပျောက်သွားစေပါဘူး။ လီဖူချန်းက အချိန်ပေးပြီး ရှာရင် ပြန်တွေ့လာမှာ အသေချာပါပဲ။

ရက်အနည်းငယ်ကြာပြီးနောက် လီဖူချန်းက အခန်းထဲမှ ထွက်လာပါတယ်။

" မင်္ဂလာပါ အကိုလီ"

"အကိုလီမှာ ဒီလိုခွန်အားမျိုး ရှိတာ အံ့ဩစရာမရှိပါဘူး၊အကိုက တကယ်ကို ဇွဲကောင်းတာပဲ"

အရင်ကဆိုရင် လူတိုင်းက လီဖူချန်းကို သာမန်ကာလျှံကာသာ ဆက်ဆံလေ့ရှိပါတယ်၊ အခုတော့ သူတို့က ပိုပြီး ဖော်ရွေလာနေပါပြီး။

လီဖူချန်းက ပြောလိုက်တယ်" ငါတို့က သင်္ဘောတစ်ခုတည်းမှာ ရှိတယ်ဆိုတာက ငါတို့မှာ ရေစက်ရှိလို့ပါပဲ။ အားလုံးပဲ၊ ပေါ့ပေါ့ပါးပါးသာ နေကြပါ"

"အကိုလီပြောတာ မှန်တယ်"

လီဖူချန်းရဲ့သဘောထားက လူတိုင်းကို လွတ်လပ်ပေါ့ပါးသွားစေတယ်၊ ပျော်စရာစကားဝိုင်းလေးက စတင်လာပြန်တယ်။

လီဖူချန်းက ရှဖျင်းဖန်ရှေ့က စားပွဲမှာ ထိုင်လိုက်တယ်"စိတ်မရှိရင် ငါ ဒီမှာ ထိုင်လို့ရမလား"

"သဘောပါ"

"မင်းရဲ့ဓားတာအိုက မယုံနိုင်စရာပဲ"

လီဖူချန်းက ဓားချည်မျှင်အခြေအနေကို ရောက်ရှိထားပါတယ်၊ ဒါပေမယ့် ဓားချည်မျှင်အခြေအနေအားဖြင့် သူက ရှဖျင်းဖန်ထက် နိမ့်ကျပါတယ်။

"မင်းရဲ့ဓားတာအိုနဲ့ နှိုင်းယှဉ်ရင် ငါ့ရဲ့သာမန်ဓားတာအိုက ပုံမှန်ပါပဲ" ရှဖျင်းဖန်က ခေါင်းခါကာ ပြောလိုက်တယ်။

လီဖူချန်းက ရယ်လိုက်တယ်" ငါက မင်းရဲ့သာမန်ဓားတာအိုအပေါ် စိတ်ဝင်စားမိတယ်။ ဘာလို့ ငါတို့ မဖလှယ်ကြတာလဲ"

"မင်းက ငါနဲ့ ဓားတာအိုကို ဖလှယ်ချင်နေတာလား" ရှဖျင်းဖန်ရဲ့နှလုံးသားက ဒုန်းစိုင်းသွားတော့တယ်။

သူ့ရဲ့သာမန်ဓားတာအိုက ထုတ်ဖော်ခံရမှာကို သူက စိတ်မရှိပါဘူး။ သာမန်ဓားတာအိုရဲ့အရေးကြီးဆုံးအချက်က သာမန်နှလုံးသားရှိဖို့ပါပဲ။ နှလုံးသားမရှိရင် သာမန်ဓားတာအိုက သူ့ရဲ့ဂုဏ်ရည်ကို ဆုံးရှုံးရလိမ့်မယ်။ လီဖူချန်းရဲ့ဓားတာအိုက အသန့်စင်ဆုံးဓားတာအိုပါ။ သူတို့က ဖလှယ်ရင် လီဖူချန်းက သေချာပေါက် ဆုံးရှုံးရမယ့်သူပါ။

လီဖူချန်းက လက်ရှိဓားတာအိုအခြေအနေကို အောင်မြင်ရတဲ့ အကြောင်းရင်းက သောင်းပေါင်းများစွာသောဓားတာအိုအနုပညာတွေကို ကျင့်ကြံခဲ့ခြင်းကြောင့်ပါပဲ။ ဓားအနုပညာအသီးသီးမှာ သူ့ရဲ့ကိုယ်ပိုင်အနှစ်သာရရှိပါတယ်။ အနှစ်သာရကို ဆွဲထုတ်ပြီး ရောနှောပေါင်းစပ်ခြင်းအားဖြင့် လီဖူချန်းက လက်ရှိဓားတာအိုကျွမ်းကျင်မှုကို ရရှိလာခြင်းပါပဲ။

လီဖူချန်းအတွက် ရှဖျင်းဖန်ရဲ့သာမန်ဓားတာအိုက ဓားအနုပညာထောင်ပေါင်းများစွာအောက် မနိမ့်ကျပါဘူး။ ဒါ့ပြင် သာမန်ဓားအနုပညာက သူ့ရဲ့ဓားတာအိုကို ပိုမြင့်မားတဲ့အဆင့်ကို ရောက်ရှိစေနိုင်လိမ့်မယ်လို့ ခံစားချက်တစ်ခု ရှိနေပါတယ်။

***

All Chapters