← Chapters

ကျောက်တုံးကွဲလက်

Vol. 55 Ch. 752

ကျောက်တုံးကွဲလက်

Vol. 55 Ch. 752

တစ်လလုံးလုံး နှစ်ယောက်သား ဓားတာအိုကို ဖလှယ်ခဲ့ကြပါတယ်။

"ငွေလေသင်္ဘောကို ရပ်လိုက်ပါ"

ဒီနေ့မှာတော့ ရှဖျင်းဖန်က အော်လိုက်တယ်။ ငွေလေသင်္ဘောက အပြည့်အဝ မရပ်ခင် သူက အခန်းတံခါးကို ဖွင့်ပြီး ပြေးထွက်သွားလေတယ်။

"ကောင်းကင်မြေကြီးစိတ်ခံစားချက်"

ငွေလေသင်္ဘောမှ ထွက်လာပြီးနောက် ရှဖျင်းဖန်က သူ့ရဲ့ညာလက်ကို ဝှေ့ယမ်းပြီး အကန့်အသတ်မရှိချည်မျှင်တွေကို ဖော်ထုတ်လိုက်တယ်။ လွန်ခဲ့တဲ့တစ်လကနဲ့ နှိုင်းယှဉ်ရင် ကောင်းကင်မြေကြီးစိတ်ခံစားချက်က ပိုပြီး ရင့်တန်လာတယ်၊ ပြီးပြည့်စုံလာတယ်၊ ပိုပြီး ကျွမ်းကျင်လာတယ်။

"ကောင်းကင်မြေကြီးစိတ်ခံစားချက်"

"ကောင်းကင်မြေကြီးစိတ်ခံစားချက်"

ရှဖျင်းဖန်က သူ့ရဲ့ညာလက်ကို ချက်ချင်း ဝှေ့ယမ်းလိုက်တယ်။

ချည်မျှင်တွေ အရေအတွက်တိုးလာတာကို မြင်ရမှာပါ။

အစက အဆုံးမရှိ၊ အခု ၁၀၀မျှင် ရှိနေပါတယ်။

ဒါပေမယ့် ချည်မျှင်ရဲ့ထက်ရှမှုကလည်း တိုးလာပါတယ်။ ရှဖျင်းဖန်နဲ့ နေကြာရေတက်မကျင်ဆရာသခင်သာ နောက်တစ်ကြိမ်တိုက်ခိုက်ရင် ရှဖျင်းဖန်က မနိုင်နိုင်ပေမယ့် ရုပ်ပျက်ဆင်းပျက် ရှုံးလိမ့်မှာ မဟုတ်ဘူး။

"လီဖူချန်းရဲ့မူလအစွန်းဓားတာအိုက တကယ်ကို ကျယ်ပြန့်ပြီး ခမ်းနားကြီးကျယ်တယ်။ အဲဒါက ငါ့ကို အများကြီး အကူအညီ ပေးခဲ့တယ်"

နောက်ဆုံးမှာတော့ ရှဖျင်းဖန်က ဓားချည်မျှင်ထုတ်လုပ်ခြင်းကို ရပ်တန့်လိုက်တယ်။

သူ့ရဲ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုကို အချိန်အတော်ကြာသည်အထိ မထိန်းနိုင်ပါဘူး။

ဓားချည်မျှင်အခြေအနေက ဓားချီဖိသိပ်ခြင်း မဟုတ်ပါဘူး၊ အဲဒါက အဆုံးစွန်းဓားတာအိုအခြေအနေပါ။

လွန်ခဲ့တဲ့တစ်လက သူက ကောင်းကင်မြေကြီးစိတ်ခံစားမှုကို အပြည့်အဝ မထိန်းချုပ်နိုင်ခဲ့ပါဘူး၊ ကောင်းကင်မြေကြီးစိတ်ခံစားမှုကို ဖော်ထုတ်ဖို့ သူက ဓားတာအိုအခြေအနေ၅၀ရာခိုင်နှုန်းနဲ့ ဓားချီဖိနှိပ်မှု၅၀ရာခိုင်နှုန်းကိုသာ အသုံးပြုခဲ့ရတာပါ။ အဲဒါက သူ့ရဲ့ချီကို ပြောင်းပြန်စီးဆင်းစေပြီး သူ့ရဲ့ အင်္ဂါတွေကို ထိခိုက်သွားစေပါတယ်။

အခု လီဖူချန်းနဲ့ ဓားတာအိုဖလှယ်ပြီးနောက် ရှဖျင်းဖန်ရဲ့ဓားချည်မျှင်က နောက်ဆုံးတော့ အဆုံးစွန်းနဲ့ နီးကပ်လာပါတယ်။ သူက အခု ကောင်းကင်မြေကြီးစိတ်ခံစားမှုကို ပုံမှန်အတိုင်း ဖော်ထုတ်နိုင်နေပါပြီး။

ရှဖျင်းဖန်က ငွေလေသင်္ဘောဆီ ပြန်လာပြီး လီဖူချန်းအား ဦးညွှတ်လိုက်ပါတယ် "အကိုလီရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်"

လီဖူချန်းက ခေါင်းခါလိုက်တယ် "ဒါကို လမ်းညွှန်မှုလို့ စဉ်းစားလို့ မရပါဘူး။ ငါရရှိတာက မင်းထက်လည်း မနည်းပါဘူး"

တစ်လတာဖလှယ်ခြင်းက လီဖူချန်းကို ဈာန်ဝင်စားမှုအများအပြား ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက ရှဖျင်းဖန်နဲ့ နှိုင်းယှဉ်ရင် လီဖူချန်းအတွက် မတူပါဘူး။ လီဖူချန်းရဲ့ဓားတာအိုအခြေအနေက မြင့်လွန်းအားကြီးပြီး သူ့ရဲ့ဓားတာအိုအရည်အသွေးကလည်း အားကောင်းလွန်းပါတယ်။ နောက်တစ်ဆင့်ကို တိုးဖို့က မဖြစ်နိုင်ပါဘူး။ သူက ဈာန်ဝင်စားမှုအားလုံးကို အထိုင်ချပြီး သူ့ရဲ့ဓားတာအိုအခြေခံအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ခရီးက ဆက်သွားနေသလို သူတို့နှစ်ယောက်ကလည်း ဓားတာအိုကို ဆက်လက်ဖလှယ်နေခဲ့ပါတယ်။ ရှလုံနဲ့အခြားသူတွေက မပါဝင်နိုင်ဘူး၊ ဒါပေမယ့် နားထောင်ရုံနဲ့ သူတို့အတွက် အကျိုးကျေးဇူးအချို့ ရှိစေပါတယ်။ သင်္ဘောဦးပိုင်းမှာတော့ ကျင်းသခင်မနဲ့အမျိုးသမီးဓားသမားတို့နေတဲ့ လျှို့ဝှက်အခန်းတစ်ခန်း ရှိပါတယ်။

"ဝမ်ချင်း၊ မင်းရဲ့အနာဂတ်အစီအစဉ်က ဘာလဲ" ကျင်းသခင်မက မေးလိုက်တယ်။

အမျိုးသမီးဓားသမားကို လီဝမ်ချင်းလို့ ခေါ်ပါတယ်။

လီဝမ်ချင်းက ခေါင်းခါလိုက်တယ် "မသိဘူး"

အဆိပ်တစ်ရာခန်းမသခင်မက သေသွားပြီး။ လီဝမ်ချင်းက သူမကို ကိုယ်တိုင် သတ်တာမဟုတ်ပေမယ့် လက်စားချေခြင်းက ပြီးသွားပါပြီး။ သူမမှာ အနာဂတ်အတွက် တကယ်ကို အစီအစဉ်မရှိပါဘူး။

ကျင်းသခင်မက ပြောလိုက်တယ် "မင်း ဘာလို့ ငါနဲ့အတူ ရွှေသဲမြို့မှာ မနေတာလဲ။ ရွှေသဲမြို့မှာလည်း ဓားသမားအစည်းအရုံးဂိုဏ်းခွဲတစ်ခု ရှိတယ်"

"ငါ့အကိုက သေသွားပြီးလေ။ ဒါက မကောင်းဘူးမလား" လီဝမ်ချင်းက တုံ့ဆိုင်းနေတယ်။

ကျင်းသခင်မက ပြောလိုက်တယ် "ဘာလို့ မကောင်းရမှာလဲ။ မင်းက ငါ့ကို မရီးလို့ ခေါ်စရာမလိုဘူး၊ ငါ့ကို အမလို့ပဲခေါ်။ အနာဂတ်မှာ ငါတို့က ညီအမတွေပဲ"

နောက်ဆုံးမှာတော့ ကျင်းသခင်မက လီဝမ်ချင်းကို စီစဉ်ပေးနိုင်ခဲ့ပါတယ်။

လဝက်ခန့်ကြာပြီးနောက် သူတို့က ရွှေသဲမြို့ကို ရောက်ရှိလာပါတယ်။

မစ်ရှင်ပြီးသွားပြီးဆိုတော့ သူတို့တစ်ယောက်ချင်းစီက အမှတ်၁၀၀၀၀စီ ရသွားကြပါတယ်။

ဒါဆိုရင်တော့ လီဖူချန်းက အဆင့်၅ဓားသမားဖြစ်ဖို့ အမှတ်၂၀၀၀သာ လို‌‌တော့တာပေါ့။

"အားလုံးပဲ၊ ခရီးတစ်လျှောက် ကာကွယ်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါက ငါ့ရဲ့လေးစားမှုကို ပြသဖို့ လက်ဆောင်သေးသေးလေးတစ်ခုပါ"

ကျင်းသခင်မက သူတို့အသီးသီးကို သိုလှောင်အိတ်တစ်ခုစီ ပေးလိုက်ပါတယ်။

ရှလုံက သိုလှောင်အိတ်ကို ဖွင့်ပြီး အဖြူရောင်ကျောက်တုံးကျိုးအပိုင်းအစတစ်ခု ရှိနေတာကို မြင်လိုက်ရတယ်။ သူက ယူထုတ်တဲ့အခါ စပ်ဖျဉ်းဖျဉ်းဖြစ်သလို ခံစားလိုက်ရတယ်၊ ဒါပေမယ့် မျက်နှာပြင်က အလွန်နူးညံ့နေပါတယ်။

"ကျောက်တုံးလား"

ကျန်သူတွေအားလုံးလည်း အဖြူရောင်ကျောက်တုံးအပိုင်းအစတစ်ခုကို ရရှိထားပါတယ်။

ဒီကျောက်တုံးက အနည်းငယ်ထူးခြားနေတာကို လူတိုင်းက သိလိုက်ရပါတယ်။

ကျောက်တုံးက တစ်မူထူးတဲ့ချီတစ်ခုကို ထုတ်လွှတ်နေတယ်၊ တစ်ချိန်တည်းမှာပဲ၊ သီးသန့်စွမ်းပကားတစ်ခု ရှိတယ်။ မသိစိတ်အရ လူတိုင်းရဲ့လိပ်ပြာသိစိတ်အာရုံက ကျောက်တုံးထဲကို ဝင်သွားချေတယ်။

ဖစ်........

သွေးတွေ ထွက်လာပြီး သူတို့က ဒဏ်ရာချက်ချင်း  ရသွားကြပါတယ်။ သူတို့ရဲ့ဝိညာဉ်ပင်လယ်က ထိုးဖောက်ခံလိုက်ရသလိုမျိုးနဲ့ တူပါတယ်။

"ဒါ ဘာ‌ကျောက်တုံးလဲ။ အဲဒါမှ စိတ်ဆန္ဒက စွမ်းအားကောင်းလွန်းတယ်" ကုန်းယွင်က ထိတ်လန့်သွားပါတယ်။

ကျင်းသခင်မက ရှင်းပြလိုက်တယ် "ဒီကျောက်တုံးတွေကို ငါ့‌ယောင်္ကျားက သမိုင်းဝင်ပျက်စီးနယ်မြေအချို့မှာ တွေ့ခဲ့တာ။ ငါ့ယောင်္ကျားနဲ့ငါက ဒီကျောက်တုံးတွေရဲ့အသုံးကို နှစ်ပေါင်းများစွာ လေ့လာခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ ဒီကျောက်တုံးတွေက အစစ်အမှန်စိတ်ဝိညာဉ်လိပ်ပြာကို သွေးပေးနိုင်တာကို ငါတို့ ရှာတွေ့ခဲ့တယ်။

"အစစ်အမှန်စိတ်လိပ်ပြာကို သွေးပေးနိုင်တာလား" လူတိုင်းရဲ့မျက်လုံးက လင်းလက်သွားကြပါတယ်။

သူတော်စင်ဖြစ်ဖို့ အရေးကြီးဆုံးအချက်က အစစ်အမှန်စိတ်လိပ်ပြာနဲ့ စိတ်ဝိညာဉ်ပါပဲ။ အစစ်အမှန်စိတ်လိပ်ပြာနဲ့ စိတ်ဝိညာဉ်က ပြဿနာတစ်ခုမဟုတ်ဘူးဆိုရင် သူတော်စင်စိတ်ဝိညာဉ်တိုက်ကြီးမှာ သူတော်စင်တွေ များစွာ ရှိလာမှာပါ။ မဟာဧကရာဇ်သတ်မှတ်ချက်ကြားမှာ အကြိုသူတော်စင်အဆင့်ကို ရောက်ရှိ‌နေသူတွေ များစွာ ရှိပါတယ်၊ ဒါပေမယ့် ပြဿနာက အစစ်အမှန်စိတ်လိပ်ပြာနဲ့ စိတ်ဝိညာဉ်ပါ၊ အဲဒါတွေကပဲ သူတို့ကို သူတော်စင်ဖြစ်ခြင်းမှ ရပ်တန့်စေပါတယ်။

ဒါပေမယ့် ဒီကျောက်တုံးက သူတို့ရဲ့အစစ်အမှန်စိတ်လိပ်ပြာကို သူတော်စင်စိတ်လိပ်ပြာအဖြစ် ကူးပြောင်းစေနိုင်လိမ့်မယ်လို့ သူတို့တစ်ယောက်မှ မမျှော်လင့်ထားပါဘူး။ အဲဒါတကယ်မဟုတ်ရင်တောင် သူတို့က ကျေနပ်ပါတယ်။ ပြီးတော့ သူတော်စင်တစ်ယောက်ဖြစ်ဖို့ ဘယ်လိုလုပ်ပြီး လွယ်ကူမှာလဲ။

သူတို့ကြားမှာ ရှဖျင်းဖန်နဲ့လီဖူချန်းတို့ကသာ ကျောက်တုံးကို သိုလှောင်အိတ်မှ မထုတ်ကြတာပါ။

ရှဖျင်းဖန်က ယူထုတ်ချင်ခဲ့တယ်၊ ဒါပေမယ့် သူ့ကျောက်တုံးက အခြားသူတွေထက် အဆများစွာ ပိုကြီးတာကို မြင်ပြီး သူက မထုတ်ချင်တော့ပါဘူး။

လီဖူချန်းလည်း မထုတ်ပါဘူး။ သူ့ရဲ့သိုလှောင်အိတ်မှာ အဖြူရောင်ကျောက်တုံးကွဲတော့ မရှိပါဘူး၊ အဖြူရောင်ကျောက်တုံးကွဲလက်တစ်ခုသာ ရှိပါတယ်။ အခြား‌အဖြူရောင်ကျောက်တုံးတွေက ဖျော့တော့တဲ့စွမ်းပကားကိုသာ ထုတ်လွှတ်ပါတယ်၊ ဒါပေမယ့် ကျောက်တုံးကွဲလက်ကတော့ ကြီးမားတဲ့စွမ်းပကားကို ထုတ်လွှတ်နေပါတယ်။  ဥပဒေဿစိတ်ဆန္ဒရဲ့သိမ်မွေ့တဲ့ အရိပ်အယောင်တစ်ခုကိုပင် လီဖူချန်းက ခံစားမိနေရပါတယ်။

"စိတ်ဆန္ဒရုပ်တုလား" လီဖူချန်းက ခန့်မှန်းလိုက်ပါတယ်။

သူလည်းပဲ ဧကရာဇ်ကောင်းကင်တိုက်ကြီးမှာ စိတ်‌ဆန္ဒရုပ်တုတစ်ခုကို ချန်ထားခဲ့ပါတယ်။ စိတ်ဆန္ဒရုပ်တုက တစ်နေ့ ပျက်စီးသွားမယ်ဆိုရင် အပိုင်းအစတွေက ထိုအပိုင်းအစတွေကို ရရှိတဲ့ အဆင့်နိမ့်သိုင်းအနုပညာရှင်တွေအတွက် ကံကြမ္မာအခွင့်အလမ်းတစ်ခု ဖြစ်လာပါလိမ့်မယ်။

ဒါပေမယ့် လီဖူချန်းရဲ့စိတ်ဆန္ဒရုပ်တုက နိမ့်ကျပါတယ်။

ဒီစိတ်ဆန္ဒအပိုင်းအစတွေကို အထွတ်အထိပ်အဆင့်သူတော်စင်တွေက ချန်ထားခဲ့တာကို လီဖူချန်းက မှန်းဆမိတယ်။ သာမန်သူတော်စင်တွေမှာ ဒီလိုစိတ်ဆန္ဒစွမ်းပကား မရှိပါဘူး။

"ကျေးဇူးအများကြီးတင်ပါတယ်" လီဖူချန်းက ကျင်းသခင်မကို ဆက်သွယ်လိုက်တယ်။

ကျင်းသခင်မက ‌တုံ့ပြန်လိုက်တယ် "ဒီခရီးအောင်မြင်ရတာက သခင်လေးလီကြောင့်ပါ။ သခင်လေးလီက ဒီကျောက်တုံးကွဲလက်ရဲ့အသုံးဝင်ပုံကို ရှာတွေ့နိုင်မယ်ဆိုရင် ကောင်းတာပါပဲ‌လေ"

"ဒါက ငါ့အတွက် အတော်လေး အသုံးဝင်တယ်" လီဖူချန်းက ပြန်ဖြေလိုက်တယ်။

"ဒါဆိုရင် ကောင်းတာပေါ့" ကျင်းသခင်မက ပြုံးလိုက်တယ်။

ချက်ကျလက်ကျပြောရရင် သူမမှာ ရည်ရွယ်ချက်တစ်ခုရှိပါတယ်။

ရှဖျင်းဖန်ပဲဖြစ်ဖြစ် လီဖူချန်းပဲဖြစ်ဖြစ် သူတို့က မိတ်‌ဆွေဖွဲ့သင့်တဲ့သူတွေပါ။

အခုဆိုရင် ရှဖျင်းဖန်က မဟာဧကရာဇ်သတ်မှတ်ချက်မှာ ထိပ်ဆုံး၁၀၀အတွင်း ဝင်နေလောက်ပြီး။ လီဖူချန်းကတော့ အနည်းဆုံး ထိပ်ဆုံး၁၂ယောက်အတွင်း ရှိပါတယ်။ သူမသာ သူတို့နဲ့မိတ်ဆွေဖြစ်သွားရင် သူမမှာ ဘာအခက်အခဲပဲရှိရှိ သူတို့က ကူညီပေးနိုင်မှာပါ။ အန္တရာယ်မရှိရင်တောင် သူတို့နဲ့မိတ်ဆွေဖြစ်ရတာက အကျိုးများပါတယ်လေ။

***

All Chapters